ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1242 ဗျူဟာကျသောစကေး
” မင်း … “
အိုင်ဒန်တီကယ်ဆမ်းမားက ရှီဖုန်းကို စိုက်ကြည့်နေစဥ် သူ၏ မျက်နှာထက်၌ အံ့သြသည့်အမူအရာရှိနေလေ၏။ ရှီဖုန်း၏ စိတ်ထဲ ဘာတွေတွေးနေမှန်း သူ မထုတ်ဖော်နိုင်ပေ။ ရှီဖုန်းက လုံးဝအရေးနိမ့်နေပြီဟု သူရှင်းရှင်းလင်းလင်း သိနေ၏။ ပုံမှန်ဆို ဓားသမားတစ်ယောက်သည် တက်နိုင်သမျှအချိန်ဆွဲရန် ကြိုးစားသင့်၏။ ထိုသို့တိုင် သူတို့ဘက်ခြမ်းက မလှုပ်ရှားရသေးခင်တောင် ရှီဖုန်းက လှုပ်ရှားပြီးဖြစ်နေ၏။
” စိတ်ဝင်စားဖို့ကောင်းတဲ့ သူပဲ … သူက ဒီလိုအခြေအနေမျိုးမှာတောင် အရင်တိုက်ခိုက်ရဲတယ်ပေါ့ … “
ခပ်ဝေးဝေးကနေ ကြည့်နေသော စကော်ပီယန်သည် ထိုအခြေအနေကြောင့် အနည်းငယ် အံ့သြသွားလေ၏။
ယခုအခေါက်တွင် အိုင်ဒန်တီကယ်ဆမ်းမားဘက်တွင် ရှိနေသည့်သူက ယခင်နှင့် အပြည့်အဝခြားနားသည်။ ကစားသမားလေးရာထဲ၌ တစ်ဝက်ကျော်က ကျန်သည့် ရေတပ်သင်္ဘောအစုမှ ကျွမ်းကျင်သူများဖြစ်ပြီး သူတို့ထဲတွင် အားအနည်းဆုံးကတောင် စမ်းသပ်ခြင်းမျှော်စင်၏ ပဥ္စမအလွှာကို ရောက်နိုင်ပေ၏။ စကော်ပီယန်ကိုယ်တိုင်က သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် ရွေးချယ်စရာမရှိဘဲ ထွက်ပြေးရမှာပဲ ဖြစ်သည်။
သူအမှန်တကယ်ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်တောင် မြေမျက်နှာအားသာချက်ကိုယူပြီး သူ၏ ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ဖြေရှင်းရန် တိုက်ပွဲ၏ လားရာကို ပြောင်းလဲဖို့ရွေးချယ်မှာပဲ ဖြစ်သည်။ ထိုသို့တိုင် ရှီဖုန်းက ကျယ်ဝန်းသည့် စစ်မျက်နှာစာ၌ တိုက်ခိုက်ရန်ရွေးချယ်လိုက်သည်။
တိုက်ပွဲတစ်ခုက ဤကဲ့သို့ ကျယ်ဝန်းသောဧရိယာအတွင်း ဖြစ်ပွားခဲ့မည်ဆိုလျှင် နှစ်ဖက်လုံး၏ အရေအတွက်က တစ်ပန်းသာပေလိမ့်မည်။ ဆိုရလျှင် စစ်မြေပြင်ထဲရှိ ကစားသမားတိုင်း တိုက်ခိုက်ကြမည်ဆိုပါက အဖွဲ့အတွက် သူတို့၏ခွန်အား အပြည့်အဝကို ထုတ်ဖော်နိုင်လိမ့်မည်။ ထိုစဥ် ဖြတ်သန်းခြင်းဧကရာဇ်က ငိုချင်လာတော့သည်။ ရှီဖုန်းက လှုပ်ရှားလိုက်ပြီဖြစ်ရာ ငြိမ်းချမ်းနေသည့်အခြေအနေကို ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
” တိုက်ကြ … သူတို့ကိုသတ်ကြ … “
အိုင်ဒန်တီကယ်ဆမ်းမားက အော်လိုက်ပြီး ရှီဖုန်းကို လက်ညိုးထိုးလိုက်၏။ ချက်ချင်း ကစားသမားလေးရားတပ်ဖွဲ့က ရှီဖုန်းနှင့် ဖြတ်သန်းခြင်းဧကရာဇ်တို့အဖွဲ့ဆီ ဦးတည်သွားသည်။ အစောင့်အရှောက်သူရဲကောင်းနှင့် ဒိုင်းစစ်သည်တော်က ရှေ့တန်းတွင်ရှိနေပြီး အနီးကပ်ကစားသမားများနှင့် အကွာအဝေးကစားသမားများက နောက်မှလိုက်ပါလာ၏။
ကုသသူများကလည်း အမှန်တရားဒိုင်း သို့မဟုတ် ကာကွယ်ခြင်းများကို အစောင့်အရှောက်သူရဲကောင်းများနှင့် ဒိုင်းစစ်သည်တော်များဆီ ရွတ်ဆိုပေး၏။ ထိုဘတ်စ်များဖြင့် ထို MT များပိုင်ဆိုင်ထားသည့် HP များပါ ပေါင်းလိုက်သောအခါ သူတို့က (-၄၀၀၀၀) ထိခိုက်မှုကို အလွယ်တကူခံနိုင်ရည်ရှိသည်။ သူတို့၏ မူလ ထိခိုက်မှုလျော့ချခြင်းနှင့် သူတို့က ကျွမ်းကျင်သူများဖြစ်သည့်အချက်ပါ ထည့်ပေါင်းလိုက်သောအခါ သူတို့က အစွမ်းထက်သည့် ဓာတ်ကြီးလေးပါးအသုံးပြုသူများထံမှ မီးလုံးများစွာဖြင့် တိုက်ခိုက်ခံရလျှင်တောင် သူတို့ချက်ချင်းအသတ်ခံရမှာ မဟုတ်ဟု အာမခံချက်ရှိသည်။
” အစွမ်းထက်လိုက်တဲ့ ခုခံမှုပဲ … “
ဖြတ်သန်းခြင်းဧကရာဇ်သည် ချဥ်းကပ်လာသော MT များကိုကြည့်နေစဥ် ဦးရေပြားများကြိမ်းစပ်လာတော့၏။
အကွာအဝေးကစားသမားများသည် ဤကဲ့သို့ သံမဏိနံရံပမာ အခင်းအကျင်းကို ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့ပေ၏။
တတိယရေတပ်သင်္ဘော၏ အသန်မာဆုံး GPS အမျိုးသစားဖြစ်သည့် ဘလူးဂျွိုင်းကတောင် အကွာအဝေးကစားသမားများစွာနှင့် ပူးပေါင်းရမည်ဆိုလျှင် သူမက အစောင့်အရှောက်သူရဲကောင်း၏ HP ကို (၅၀) ရာခိုင်နှုန်းအောက် မလျော့ချနိုင်ခင် အစောင့်အရှောက်သူရဲကောင်းက HP အပြည့်ပြန်ရသွားပေလိမ့်မည်။
ယခုအချိန်တွင် သူတို့က တောအုပ်ထဲသို့တောင် မထွက်ပြေးနိုင်ပေ။
အိုင်ဒန်တီကယ်ဆမ်းမားတို့အဖွဲ့က အနီးကပ်လာသည်နှင့် ရန်သူအကွာအဝေးကျယ်ကစားသမားများက တိုက်ခိုက်ရေးအကျယ်အဝန်းထဲ ဝင်တော့မည့်အချိန်တွင် ဖြတ်သန်းခြင်းဧကရာ
ဇ်သည် အလွှာနှစ်မှော်စာလိပ်ကိုထုတ်ယူပြီး စတင်ရွတ်ဆိုလိုက်၏။
ရုတ်တရက်တွင် ရန်သူ MT များဆီသို့ ရွှေမြားများချိန်ရွယ်သွား၏။
” အသုံးမဝင်တဲ့ ရုန်းကန်မှုပဲ … “
အိုင်ဒန်တီကယ်ဆမ်းမားက လောင်ပြောင်လိုက်၏။ လက်ရှိတိုက်ပွဲသည် သူ၏ ရွက်လှေလေးနှင့်ကွာခြားပြီး ဤနေရာရှိကစားသမားတိုင်းက ကျဥ်းမြောင်းသည့် စစ်မြေပြင်တွင် ဟန့်တားခံရမည့်အစား သူ၏ တိုက်ပွဲဝင်စွမ်းအားကို အပြည့်အဝထုတ်ဖော်နိုင်၏။
နောက်တစ်စက္ကန့်၌ အမျိုးမျိုးသော MT များအားလုံးသည် သူတို့၏ အသက်ကယ်စကေးများကို တစ်ခုပြီးတစ်ခုအသက်သွင်းကာ လက်ခံရရှိသည့်ထိခိုက်မှုကို တစ်ဝက်လျော့လိုက်၏။ ရွှေလှံများဖြင့် ထိမှန်ခံရလျှင်တောင် သူတို့က အလွန်ဆုံးမှာ HP တစ်သောင်းဝန်းကျင်သာ ဆုံးရှုံး၏။ ထို့အပြင် ဤ MT များသည် လှံတိုက်ခိုက်မှုအများစုကိုလည်း ရှောင်တိန်းနိုင်ခဲ့၏။ သူတို့ တစ်ယောက်ချင်းဆီက အလွန်ဆုံးမှာ လှံတစ်စင်း၊ နှစ်စင်းသာ လက်ခံရရှိသည်။ နောက်တွင်ရပ်နေသည့် ကုသသူလေးဆယ်ကျော်က MT များကို HP အပြည့် ပြန်ယူဆောင်ပေးနိုင်ရန် ကုသမှု တစ်ခုနှစ်ခုသာ ရွတ်ဆိုရန်လိုအပ်သည်။
ဖြတ်သန်းခြင်းဧကရာဇ်၏ အလွှာနှစ်မှော်စာလိပ်က မည်သည့်နည်းနှင့်မဆို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။ ပြီးနောက် အိုင်ဒန်တီကယ်ဆမ်းမားတို့အဖွဲ့သည် ဖြတ်သန်းခြင်းဧကရာဇ်တို့အဖွဲ့နား ဆက်တိုးကပ်လာဆဲ ဖြစ်သည်။
စစ်မြေပြင်၏ အခြားတစ်နေရာ၌ ပင်လယ်၏အိမ်မှ ကျွမ်းကျင်သူသုံးဆယ်ကျော်သည် တိုက်ပွဲစတင်သည်နှင့် ရှီဖုန်းနား ချက်ချင်းဝိုင်းလာကြ၏။
” မင်းက သိပ်သန်မာတာပဲ … ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ ငါတို့ ဂရုမစိုက်ဘဲ မနေတော့ဘူး … “
မဒ်ဘိစ်ကိုပြောပြီး ရှီဖုန်းကို စိုက်ကြည့်လိုက်၏။
ယခင်က ပင်လယ်အိမ်ကျွမ်းကျင်သူများသည် သူ၏ ခွန်အားအစစ်အမှန်ကိုမသိဘဲ ရှီဖုန်းကို တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်သည်။ သူ၏ စကေးနှင့်ပတ်သက်ပြီး သဲလွန်စလည်းမရှိကြပေ။ ရလဒ်အနေဖြင့် သူက သူတို့ကို အငိုက်ဖမ်းနိုင်ပြီး တဖြည်းဖြည်းချင်း သူတို့ကို အမြစ်ပျက်သုတ်သင်ခဲ့၏။ သို့သော်ငြား ယခုအခေါက်တွင် သူတို့ အပြည့်အဝပြင်ဆင်ထားသည်။
နောက်တစ်စက္ကန့်တွင် အဆင့် (၄၃) ဆင့်ခေါ်သူသုံးယောက်က အလွှာနှစ်ဆင့်ခေါ်ခြင်းစာလိပ်နှစ်လိပ် တစ်ခုဆီထုတ်ယူလိုက်ပြီး စာလိပ်များကို အသက်သွင်းလိုက်၏။ အလွှာနှစ်ဆင့်ခေါ်ခံသတ္တဝါများသည် အရှင်အဆင့်မွန်းစတားများနှင့် ညီမျှသည်။ အရှိန်အရာတွင်ဖြစ်စေ ခွန်အားအရာတွင်ဖြစ်စေ ထိုသတ္တဝါများက လက်ရှိအလွှာတစ် လုပ်ကြံသတ်ဖြတ်သူများနှင့် ရှေးစစ်သည်တော်များထက် ပိုသန်မာပေ၏။ ထို့အပြင် အလွှာနှစ်ဆင့်ခေါ်ခံသတ္တဝါများက အဆင့် (၅၀) အထက်တွင်ရှိကြပြီး လက်ရှိကစားသမားများထက် သူတို့၏ အခြေခံအရည်အချင်းများကို သာလွန်စေသည်။
တစ်ချိန်ထဲတွင် ဆင့်ခေါ်ခံသုံးဦးက သူတို့၏ အလွှာနှစ်စာလိပ်များကို အသုံးပြုလိုက်ပြီး နောက်တန်းတွင်ရပ်နေသည့် ဓာတ်ကြီးလေးပါးအသုံးပြုသူငါးယောက်က အလွှာနှစ်စာလိပ်ကိုထုတ်ကာ AOE တိုက်ခိုက်ရေးဂါထာကိုအသက်သွင်းလိုက်ပြီး နေရာအနှံတိုက်ခိုက်မှု တစ်ဒါဇင်ခန့်ဖြစ်စေ၏။
ဓာတ်ကြီးလေးပါးအသုံးပြုသူများသည် ရှီဖုန်းကို ဆက်တိုက်တိုက်ခိုက်ရန် တိုက်ကွက်များကို ထိန်းချုပ်လိုက်တော့၏။
သူတို့သည် တစ်ယောက်ချင်းတိုက်ခိုက်မှု၌ ရှီဖုန်းကို မယှဥ်နိုင်မှန်း သူတို့သိထားသည်။ သို့သော် ရှီဖုန်းက ပိုအစွမ်းထက်နေလျှင်တောင် ဘက်ပေါင်းစုံမှများစွာသော တိုက်ခိုက်မှုများကိုရင်ဆိုင်ခဲ့လျှင် သူ မည်မျှရှောင်တိန်းနိုင်တော့မည်နည်း။
ဓားသမားသည် တိုက်ခိုက်မှုလှိုင်း၌ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထိသွားလျှင်တောင် ကုသသူမပါပဲ သူသေသည်အထိ အပစ်ခံရပေလိမ့်မည်။
ထိုစဥ် မဒ်ဘိစ်နှင့် ကျန်သည့်လုပ်ကြံသတ်ဖြတ်ရေးကျွမ်းကျင်သူများကလည်း လျှို့ဝှက်ခြင်းသို့ ဝင်ရောက်ကာ ရှီဖုန်းနား ချဥ်းကပ်လာ၏။
” ရွက် အဲဒီလူတော့ ဒီတစ်ခေါက်သေမှာ ကြိမ်းသေနေပြီ … “
ခေါင်းစွပ်ဖြင့်အမျိုးသမီးကပြောပြီး စကော်ပီယန်ဆီကနေ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်နေသည်။
” စကော်ပီယန်နဲ့ တခြားသူတွေတောင် သူ့ကို အချိန်မီကယ်တင်နိုင်မှာ မဟုတ်ဘူး … “
ဘက်ပေါင်းစုံကနေ လာနေသည့် အလွှာနှစ်ဂါထာနှင့် အရှင်အဆင့်မွန်းစတားသုံးကောင်ကို ရင်ဆိုင်ရလျှင် လက်ရှိကစားသမားများသည် ပြိုင်ဘက်ကင်းခြင်းကို မပိုင်ဆိုင်ထားလျှင် အသက်ရှင်ရန် နည်းလမ်းမရှိပေ။
” အိုင်ဒန်တီကယ်ဆမ်းမားက တကယ်အညှာအတာမဲ့တာပဲ … “
ရွက်တစ်ရာသည် ထိုအခြေအနေကြောင့် မျက်မှောင်ကြုတ်မိသွား၏။ အိုင်ဒန်တီကယ်ဆမ်းမားနှင့် ကျန်သည့်သူများသည် ရှီဖုန်းကိုသတ်ရန်အတွက် ထိုမျှများပြားသည့် မှော်စာလိပ်များဖြုန်းတီးရန် ဆန္ဒရှိလိမ့်မည်ဟု သူမ တစ်ခါမှမတွေးခဲ့မိချေ။
” ငါတို့တွေ ရွေးချယ်စရာမရှိပေမဲ့ စကော်ပီယန်ကို အလွှာနှစ်ခုခံခြင်းမှော်စာလိပ် အသုံးပြုခိုင်းရတော့မှာပဲ … “
စကော်ပီယန်က အမိန့်ရသည်နှင့် သူ၏ အိတ်ထဲမှ အလွှာနှစ်ခုခံခြင်းမှော်စာလိပ်ကို ထုတ်ယူတော့မည့်အချိန်၌ ကောင်းကင်ထဲ၌ ငွေရောင်မှော်အစီအရင်တစ်ခု ရုတ်တရက်ပေါ်လာပြီး အားလုံးကိုလွှမ်းခြုံသွား၏။
” အလွှာတစ်အကြွင်းမဲ့အချိန်က ကြောက်ဖို့ကောင်းလိုက်တာ … သူ့ရဲ့ သက်ရောက်တဲ့အကျယ်အဝန်းက ဒီလောက်အများကြီးတိုးလာတယ် … “
ရှီဖုန်းက ပြုံးပြီး ကောင်းကင်ထဲရှိမှော်အစီအရင်ကို မော့ကြည့်လိုက်၏။ ထိုမှော်အစီအရင်က ရှီဖုန်းသည် အလွှာတစ်အကြွင်းမဲ့အချိန်ကို အသက်သွင်းသည့် ရလဒ်ဖြစ်၏။
အဆင့်တက်ရန်အတွက် EXP တစ်သန်းကို စတေးထားတာဖြစ်သည်။
မတ်စ်ပ်နှင့် ကျန်သည့်သူများ၏ လုပ်ဆောင်ချက်က သူမှန်းဆထားသည်ထက် ကျော်လွန်နေသည်။ ပြန့်ပြူးပြီး ကျယ်ဝန်းသောမြေမျက်နှာသွင်ပြင်၌ ထိုမျှများပြားသည့် အလွှာနှစ်မှော်စာလိပ်များနှင့် ကျွမ်းကျင်ကစားသမားများ၏ တိုက်ကွက်များကို သူတောင်ဖြေရှင်းနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ သူ၏ ဗျူဟာစကေး အကြွင်းမဲ့အချိန်ကိုသာ ထုတ်သုံးလိုက်ရ၏။
ယခင်က အလွှာသုည အဆင့် (၇) ၌ အကြွင်းမဲ့အချိန်သည် ရန်သူများအားလုံးစကေးမသုံးအောင် စကေး၊ ဂါထာ၊ ကိရိယာများကို ကိုက်တစ်ရာပတ်လည်အတွင်း (၁၄) စက္ကန့်တာ အသုံးနိုင်အောင် ဟန့်တားထားလေ၏။
အလွှာတစ်အဆင့်တစ်သို့ရောက်ပြီးနောက် သူ၏ သက်ရောက်သည့်အာနိသင်က ကိုက်နှစ်ရာပတ်လည် ပြန့်ကားသွားသည်။ ယခုမူ ဗျူဟာစကေးသည် စစ်မြေပြင်တစ်ခုလုံးကို ကာပေးနိုင်ရုံသာမက ၎င်းသုံးစွဲနိုင်သည့်ကြာချိန်ကလည်း သုံးဆယ်စက္ကန့်တိုးလာ၏။ တစ်ခုတည်းသောအားနည်းချက်က စကေး၏အဆင့်မြင့်တင်မှုအရ ပြန်လည်အသုံးပြုရန်စောင့်စားရသည့်အချိန်တွင် နှစ်မိနစ်သုံးဆယ်စက္ကန့်မှ သုံးမိနစ်သို့ တိုးသွားတာပဲဖြစ်သည်။
ထိုအခြေအနေက ကျောက်နက်မျိုးနွယ်စုအကြီးအကဲကိုသတ်ဖြတ်ပြီး အမွေအနှစ်စမ်းသပ်မှုကို အောင်မြင်ခဲ့ရာမှ ရှီဖုန်းရရှိသည့် EXP များကို ကုန်သွားစေ၏။
အကြွင်းမဲ့အချိန်ကြောင့် ရှီဖုန်းဆီဝင်ရောက်လာသည့် အလွှာနှစ်ဂါထာများက ဘာမှမရှိတော့သည်အထိ ပျောက်ကွယ်သွားသည်။ ဂါထာများမရွတ်ဆိုခဲ့သလိုပင်။
အလွှာနှစ်ဆင့်ခေါ်ခံသတ္တဝါများကို ထိန်စထားသည့်မှော်အစီအရင်များကလည်း ပြိုကွဲသွားတော့သည်။
လက်ရှိတွင် ဖြတ်သန်းခြင်းဧကရာဇ်တို့အဖွဲ့ကို တိုက်ခိုက်နေသော အိုင်ဒန်တီကယ်ဆမ်းမားနှင့် ကျန်သည့်သူများက သူတို့စကေးများ၊ ဂါထာများ၊ ကိရိယာများအသုံးမပြုနိုင်တော့တာကို သိလိုက်ရ၏။
” မကောင်းတော့ဘူး … ဒါက AOE တိတ်ဆိတ်ခြင်းစကေးပဲ … “
” အားလုံးပဲ ဒီဂါထာရဲ့ အကျယ်အဝန်းထဲကနေ မြန်မြန်ဆုတ်ကြ … “
တိတ်ဆိတ်ခြင်းထဲကနေ အတင်းအားတမထွက်လိုက်သည့် မဒ်ဘိစ်က ကျယ်လောင်စွာ အော်လိုက်သည်။
နတ်ဘုရားနယ်မြေထဲတွင် သာမန်ကစားသမားများနှင့် ကျွမ်းကျင်ကစားသမားနှစ်မျိုးလုံးသည် တိုက်ပွဲဝင်ရာ၌ စကေးများ၊ ဂါထာများကို အားကိုးရ၏။ သူတို့ကို စကေးများ၊ ဂါထာများအသုံးပြုရန် ရုတ်တရက်ဟန့်တာလိုက်ခြင်းက ကျားတစ်ကောင်၏ အစွယ်နှင့်လက်သည်းကို လုယူလိုက်ခြင်းနှင့်တူပြီး သူတို့၏ တိုက်ပွဲဝင်စွမ်းအား တစ်ဝက်ကျသွားလိမ့်မည်။
သို့သော်ငြား မဒ်ဘိစ်၏ စကားများက လူတိုင်း၏နားထဲရောက်သွားစဥ် ရှီဖုန်းက အိုင်ဒန်တီကယ်ဆမ်းမားနောက်၌ ပေါ်လာပြီး တစ်ဖက်လူကိုသတ်ရန် ခုတ်ပိုင်းခြင်းကိုချက်ချင်း အသုံးပြုလိုက်၏။ အချိန်တွင် ရှီဖုန်းက အချိန်၏ရောင်ဝါကို မီး၏ရောင်ဝါအဖြစ်ပြောင်းလိုက်ပြီး မီးမုန်တိုင်းကို မဒ်ဘိစ်ပေါ်၌ သုံးလိုက်၏။
မြေပြင်ကနေ ပူလောင်သည့်မီးတောက်များက နေရာတွင်ပင် ကျွမ်းကျင်သူသုံးဆယ်ကျော်ကို သတ်ဖြတ်လိုက်၏။ လျင်မြန်စွာတုံ့ပြန်သည့်သူများသာလျှင် အချိန်မီရှောင်တိန်းနိုင်တာဖြစ်သည်။
ပြီးနောက် ရှီဖုန်းကလှည့်လာပြီး ဖြတ်သန်းခြင်းဧကရာဇ်တို့ကို တိုက်ခိုက်နေသော ကစားသမားများအပေါ် လျှပ်စီးအစွန်းကိုသုံးလိုက်သည်။ သူတို့၏ စကေးများကိုအသုံးပြုနိုင်ခြင်းမရှိသည့် ကစားသမားသည် ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများကို ပစ်မှတ်ထားနေရာမှ မရေမတွက်နိုင်သည့် လျှပ်စီးများဒဏ်ခံရ၏။
မျက်တောင်တခက်အတွင်း ကစားသမားတစ်ရာကျော်ပြိုလဲသွားပြီး လက်နက်များ၊ ချပ်ဝတ်တန်ဆာများက သူတို့နား ပြန့်ကျဲနေလေ၏။
ရှီဖုန်းသည် ချက်ချင်းပင် အိုင်ဒန်တီကယ်ဆမ်းမားတို့အဖွဲ့၏ အခြေအနေကို ပြောင်းပြန် လှန်လိုက်သည်။ စကေးများအသုံးပြုခြင်းကို ဟန့်တားခံထားရသည့် ကစားသမားများနှင့် ရင်ဆိုင်ရာတွင် ဖြတ်သန်းခြင်းဧကရာဇ်နှင့် တတိယရေတပ်သင်္ဘောစုအဖွဲ့ဝင်များက အားသာနေပေ၏။ ထိုစဥ် ရှီဖုန်းက ကစားသမားများကို သတ်ဖြတ်ရာ၌ ပိုတောင်လွယ်ကူလာသည်။ တိုက်ကွက်တိုင်းဖြင့် ကစားသမားတစ်ယောက်ချင်းဆီကို သတ်ဖြတ်နိုင်၏။ အိုင်ဒန်တီကယ်ဆမ်းမားတို့အဖွဲ့သည် အကြွင်းမဲ့အချိန်၏ သက်ရောက်မှုခံရသည့် ဧရိယာအတွင်းမှ လွတ်မြောက်သွားသည့်အချိန်၌ အသက်ရှင်ကျန်ရစ်သည့်ကစားသမား သုံးဆယ်မပြည့်တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဖြတ်သန်းခြင်းဧကရာဇ်ဘက်၌ တစ်ယောက်မှမသေချေ။
” ဒါက သူ့ရဲ့ လျှို့ဝှက်ကတ်လား … “
စကော်ပီယန် ထုတ်ပေးသည့် တိုက်ရိုက်ထုတ်လွင့်မှုကို မြင်တွေ့သောအခါ ရွက်တစ်ရာက သုန်မှုန်သွားတော့၏။