ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1246 မွန်မြတ်သောမြေအသေးစား
” ဒီမှာဘာကြောင့် လူတွေများနေတာလဲ … ”
ရှီဖုန်းသည် ပတ်ဝန်းကျင်ကိုကြည့်မိပြီး အံ့သြသွားမိ၏။
” သူတို့ ဒီမှာတိုက်ခိုက်ဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား … ”
အမျိုးမျိုးသော ရေတပ်များဆီမှ ရန်လိုသည့်အကြည့်များကို သူ မအံ့သြသွားပေ။ ထူးဆန်းနေသည်က ခန်းမထဲ၌ ကစားသမားများစွာ စုဝေးနေသည့်အချက်ပဲ ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အနည်းဆုံးလူနှစ်ထောင်ခန့်ရှိပြီး ခန်းမတစ်ဝက်နီးပါး နေရာယူထား၏။
သူတို့က လက်ရှိတွင် NPC မြို့တစ်မြို့တွင် ရှိနေတာဖြစ်သည်။ ဤနေရာ၌ ကစားသမားတစ်ယောက်ကို သတ်ဖြတ်ခဲ့မည်ဆိုလျှင် သူတို့က NPC အစောင့်များထံမှလွတ်မြောက်ရန် ယုံကြည်ချက် မရှိသရွေ့ ထိခိုက်နစ်နာပေလိမ့်မည်။ အဖမ်းခံရသည့်အဖွဲ့ဝင်များက အမျိုးမျိုးသောရေတပ်သင်္ဘောများကို သေချာပေါက်ထိခိုက်စေလိမ့်မည်။
” မဟုတ်ဘူး … သူတို့တွေက သူတို့လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်နေရုံပဲ … ”
ဖြတ်သန်းခြင်းဧကရာဇ်ပြောပြီး ခေါင်းခါလိုက်၏။ ပြီးနောက် ရှင်းပြလိုက်သည်။
” ကျုပ်တို့တွေ လျှို့ဝှက်မြေကနေ ထွက်လာတဲ့အချိန်တိုင်း လျှို့ဝှက်မြေမှာ ကျုပ်တို့လုပ်ဆောင်ချက်နဲ့ ရထားတဲ့ပေါ် မူတည်ပြီး လွတ်လပ်ခြင်းမဟာမိတ်က အရင်းအမြစ်ခွဲဝေမှုကို ပြန်စီစစ်တယ် … ”
” အရင်းအမြစ်တွေ ခွဲဝေမှုက ကျုပ်တို့အဆင့်သတ်မှတ်ချက်တွေ ပြောင်းလဲတဲ့အချိန်လောက်တော့ မများဘူး … လျှို့ဝှက်မြေက အဆင့်သတ်မှတ်ချက်အရ မတူညီတဲ့အဆင့်အလိုက် အရင်းအမြစ်တွေ ရကြတယ် … ဥပမာအနေနဲ့ အရင်တုန်းက တတိယရေတပ်သင်္ဘောအစုက လော်ကီရဲ့ အနက်ရောင်ယဇ်ပလ္လင်ကိုပဲ ရခဲ့တာ … တတိယမြောက်သင်္ဘောက ဒီတစ်ခေါက်ထိပ်ရောက်ပြီဆိုတော့ ဆိုင်းလန့်သစ်ဆိုင်နဲ့ လေမုန်တိုင်းခိုလှုံရာတို့မှာ အဆင့်တက်ခွင့်ရလိမ့်မယ် … ”
” အခုအချိန်မှာ ရေတပ်သင်္ဘောရဲ့ အဖွဲ့ဝင်အများကြီးကို တွေ့ရမှာပဲ … ဘာလို့လဲဆိုတော့ ပါတီခေါင်းဆောင်တွေက ဒီတစ်ခေါက်သူတို့တွေ ဘယ်မြေပုံကိုသွားလို့ရမလဲဆိုတာ စိတ်ဝင်စားနေတာကြောင့်ပဲ … ”
ဖြတ်သန်းခြင်းဧကရာဇ်က ပြောပြီး သူ၏ မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာတော့သည်။ အမွေအနှစ်ရယူခြင်းက ဖြတ်သန်းခြင်းဧကရာဇ်သည် ရှီဖုန်း၏ အကူအညီရစေရန် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်၏။ အဓိက စိတ်ဓာတ်တက်ကြွဖွယ်က သူ၏ ရေတပ်သင်္ဘောအတွက် ပိုကောင်းသည့် အဆင့်တက်ခြင်းအရင်းအမြစ် ရလာခဲ့တာပဲဖြစ်သည်။ နတ်ဘုရားနယ်မြေထဲ၌ ဧရိယာတစ်ခု၏ အရင်းအမြစ်များအကန့်အသတ်ရှိကြောင်း သိထားကြသည်။
ယင်းက ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းတိုင်းတွင် ဖြစ်သည်။ လွတ်လပ်ခြင်းမဟာမိတ်ကဲ့သို့ အစည်းအရုံးဖြစ်စေ အဖွဲ့အစည်းဖြစ်စေ အဖွဲ့ဝင်အရေအတွက်များပြားမှုကြောင့် သူတို့သည် ဧရိယာတစ်ခုထဲ၌ သူတို့အဖွဲ့ဝင်များအားလုံး အဆင့်တက်ခွင့်မရှိပေ။ မဟုတ်လျှင် အဖွဲ့ဝင်တိုင်းရရှိသည့် အရင်းအမြစ်ပမာဏသေးငယ်နေပေလိမ့်မည်။ ထိုကြောင့် လွတ်လပ်ခြင်းမဟာမိတ်၏ ရေတပ်သင်္ဘောအသီးသီးက မတူညီသည့် အဆင့်တက်သည့်နေရာများ လိုအပ်သည်။
အရင်းအမြစ် မြင့်မားသော မြေပုံများ၌ ကွင်းပြင်ဘော့စ်များပြားရုံသာမက အဆင့်မြင့်ရှားပါးသည့် တာဝန်များစွာလည်းရှိသည်။ ရတနာသေတ္တာများအတွက်လည်း မှန်ကန်ပေ၏။ တတိယမြောက် ရေတပ်သင်္ဘောသည် ထိုကဲ့သို့ အရင်းအမြစ် မြင့်မားသော မြေပုံတစ်ချပ် ရယူနိုင်ခဲ့မည်ဆိုလျှင် ပထမရေတပ်သင်္ဘော၏နေရာအတွက် သူတို့ရုန်းကန်ရတာ လွယ်ကူသွားလိမ့်မည်။
ဖြတ်သန်းခြင်းဧကရာဇ်၏ အကြောင်းပြချက်ကို ကြားသောအခါ ရှီဖုန်းက သဘောပေါက်သွား၏။ နောက်ဆုံးတွင် ထိုလူများ သူ့ကို ရန်လိုစွာ ကြည့်နေရသည့်အကြောင်းအရင်းကို သူနားလည်သွားပြီ ဖြစ်သည်။
ထိုကစားသမားများ၏ ရန်လိုမှုသည် အဆင့်နိမ့်လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ဆုံးရှုံးခြင်းကြောင့်ထက် ပို၏။ သူတို့၏ အဆင့်တက်သည့် နေရာများပေါ် အဓိကအာနိသင်က သူတို့ဒေါသထွက်ရခြင်း၏ အကြောင်းအရင်းဖြစ်သည်။
” လွတ်လပ်ခြင်းမဟာမိတ်က လေမုန်တိုင်းခိုလှုံရာကို ထိန်းချုပ်ထားတာလား … ”
ရှီဖုန်းက ကိစ္စတစ်ခုကို တွေးမိသောအခါ မေးလိုက်မိ၏။
အတိတ်တုန်းက ဒုတိယတန်းအစည်းအရုံးတစ်ခု၏ အစည်းအရုံးခေါင်းဆောင်အနေဖြင့် သူက ထိပ်သီးကျွမ်းကျင်သူများထက် သာလွန်သည့် အချက်အလက်များကို ရထားသည်။ သူ၏ ဗဟုသုတက ကြယ်လတိုင်းပြည်ထဲတွင်သာ ကန့်သတ်ခံထားရသော်ငြား သူသည် ဂိမ်းထဲရှိတိုင်းပြည်အမျိုးမျိုးနှင့် အင်ပါယာနဲ့သက်ဆိုင်သော နာမည်ကျော်ကြားသည့်တည်နေရာများစွာနှင့် အဖြစ်အပျက်များစွာကို ရင်းနှီးသည်။
ပင်လယ်၏အဆုံးရှိ ဘဝပုံစံကစားသမားများ၏ မြေပေါ်၌ ထိုလူများအတွက် မယှဥ်နိုင်ပေ။ သို့သော်ငြား သူတို့က ဖြည်းဖြည်းချင်းလိုက်မှီလာ၏။ ရေကြောင်းပို့ဆောင်ရေး၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ပင်လယ်၏အဆုံး၌ အသေးစားမွန်မြတ်သောမြေများ တစ်ဒါဇင်ခန့်ရှိလာသည်က ပိုကြီးမားသည့် သက်ရောက်မှုတစ်ခု ဖြစ်စေသည်။
လေမုန်တိုင်းခိုလှုံရာသည် ထိုမွန်မြတ်သောမြေများထဲမှ တစ်ခုဖြစ်၏။
အတိတ်တုန်းက လွတ်လပ်ခြင်းမဟာမိတ်သည် လေမုန်တိုင်းခိုလှုံရာကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထိုအစား ပင်လယ်များ၏အိမ်က ထိန်းချုပ်သွားတာပဲ ဖြစ်သည်။
” အင်း … လေမုန်တိုင်းခိုလှုံရာက လွတ်လပ်ခြင်းမဟာမိတ် လက်တလောသိမ်းပိုက်ထားတဲ့ အရင်းအမြစ် မြင့်မားတဲ့ မြေပုံအသစ်တစ်ချပ်ပဲ … အရင်တုန်းက ပထမရေတပ်သင်္ဘောအဖွဲ့ဝင်တွေပဲ အဲ့မှာ အဆင့်တက်ခွင့်ရတာ … အဲ့ဒီ မြေဧရိယာတစ်ဝိုက်မှာ ရှားပါးတဲ့တာဝန်တွေရှိပြီး တာဝန်တွေကနေ ကြေးနီစပိဘုတ်တစ်စင်းတောင် ရနိုင်တယ်လို့ကြားထားတယ် … ဒါ့အပြင် မြေပုံက ကွင်းပြင်ဘော့စ် လော်ကီရဲ့ သုတ္တာန်ရဲ့ သုံးဆလောက်ကြီးမားတယ်တဲ့ … လက်ရှိ လွတ်လပ်ခြင်းမဟာမိတ်မှာရှိတဲ့ လက်ရှိအကောင်းဆုံးမြေပုံပဲ … ထိပ်တန်းအလွှာလက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေကို အဲ့မှာရဖို့လည်း ပိုလွယ်တယ် … ”
ဖြတ်သန်းခြင်းဧကရာဇ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်လေ၏။
” ဒီတော့ ဒီလိုကိုး … ”
ရှီဖုန်းက ရယ်မောလိုက်မိ၏။
“ညီအစ်ကိုဧကရာဇ်ရဲ့ ရေတပ်သင်္ဘောက အဲဒီမှာ စီးနင်းတိုက်ခိုက်ခွင့်ရခဲ့မယ်ဆိုရင် ကျုပ်အကူအညီသေးသေးလေးတောင်းချင်လို့ပါ … လျော်ကြေးအနေနဲ့ ရွှေပြားတစ်သောင်းပေးဖို့ ဆန္ဒရှိပါတယ် … ”
” ရွှေပြားတစ်သောင်းလား … ”
ဖြတ်သန်းခြင်းဧကရာဇ်သည် ထိုစကားကိုကြားသောအခါ ထခုန်လုနီးပါးဖြစ်သွား၏။
” ညီအစ်ကိုရီဖုန်း မင်းနောက်နေတာမလား … ”
သူက လွတ်လပ်ခြင်းမဟာမိတ်၏ တပ်မှူးတစ်ယောက်ဖြစ်ပြီး သူ့၌ လက်အောက်ငယ်သားတစ်သောင်း ရှိသည်။ သူက ကျောက်စိမ်းပြာမြို့၏ အကျိုးအမြတ် (၂၀) ရာခိုင်နှုန်း ရထားတာဖြစ်၏။ ထိုသို့တိုင် တစ်ခဏအတွင်း ရွှေပြားတစ်သောင်း စုဆောင်းနိုင်မှာ မဟုတ်ပေ။ သူ့ရေတပ်သင်္ဘောအဖွဲ့ဝင်များ၏ ပြန်ပြင်သည့်စရိတ်ကပင် များပြားလှသည်။ သူက ကျန်သည့်ရေကြောင်းအင်အားစုများနှင့် ရုန်းကန်နေရသည့် ကာလအတွင်း ဆုံးရှုံးမှုကို ခံစားနေရသော အဖွဲ့ဝင်များကို လျော်ကြေးပေးရန်လည်း လိုအပ်သည်။ တစ်ချိန်ထဲတွင် ပင်လယ်နဂါး၏ လျှို့ဝှက်မြေကို စူးစမ်းရှာဖွေကာ ဘော့စ်များကို စီးနင်းတိုက်ခိုက်ရန်အတွက် ရှားပါးသောကိရိယာများ ဝယ်ယူဖို့ရာ ကျန်သည့်တိုင်းပြည်များနှင့် အင်ပါယာများကို သွားရောက်ရန်လိုအပ်သည်။
လက်ရှိတွင် သူ့၌ လက်ထဲတွင် ရွှေပြားတစ်သောင်းမပြည့်ပေ။ ရှီဖုန်းကသာ သူ့ကို ရွှေပြားတစ်သောင်း ပေးခဲ့လျှင် သူက အဆင့်မြင့်စပ်ဘုတ်အချို့ဝယ်ယူရန် လုံလောက်သွားပြီး တတိယမြောက် ရေတပ်သင်္ဘော၏ ခွန်အားကို လျင်မြန်စွာ ဖြည့်တင်းနိုင်မည်။
” ဟုတ်တယ် ရွှေပြားတစ်သောင်း … ဒါပေမဲ့ ဒီကိစ္စက ပေးချေပြီးမှပဲပေါ့ … အရင်ဆုံး စရံအနေနဲ့ ရွှေပြားငါးရာပဲ ပေးထားမယ် … ”
ရှီဖုန်းက ပြောပြီး ခေါင်းညိတ်လိုက်၏။
” ပြဿနာမရှိဘူး ဖြစ်နိုင်မယ်ဆိုရင် အားလုံးပေးမယ် … ”
ဖြတ်သန်းခြင်းဧကရာဇ်က တွေဝေမနေဘဲ သဘောတူလိုက်ကာ ရှီဖုန်း စိတ်ပြောင်းသွားမှာကို စိုးရိမ်နေ၏။ ယခုအချိန်တွင် သူ၏ မျက်လုံးက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာတော့သည်။
” ကျုပ်ရဲ့ တောင်းဆိုချက်က သိပ်ကိုရိုးရှင်းတယ် … လေမုန်တိုင်းခိုလှုံရာက ခင်ဗျားရဲ့ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီဆိုရင် လေမုန်တိုင်းမြို့ရဲ့ လေမုန်တိုင်းတံဆိပ်ကို လိုချင်တာ … ”
ရှီဖုန်းကပြောပြီး ရယ်မောလိုက်၏။
ပင်လယ်၏အဆုံးရှိ NPC မြို့များက ကုန်းပေါ်ရှိမြို့များနှင့် မတူညီပေ။ သူတို့က မိုးကြိုးကျွန်းနှင့် အတော်လေးဆင်တူပေ၏။ ကစားသမားတစ်ယောက်၏အဆင့်က မြို့ထဲတွင်ပိုမြင့်မားလေ သူတို့ပိုင်ဆိုင်သည့်အာဏာက ပိုများလေဖြစ်၏။ ဆယ်ယောက်သာဝင်နိုင်သည့် မိုးကြိုးတံဆိပ်နှင့် မတူဘဲ လေမုန်တိုင်းတံဆိပ်၏ ရနိုင်သည့်အရေအတွက်က ကန့်သတ်မထားပေ။ အမှန်တကယ် အကန့်အသတ်က ကျသည့်နှုန်းအလွန်နိမ့်တာပဲ ဖြစ်သည်။
ကစားသမားတစ်ဦးသည် လေမုန်တိုင်းတံဆိပ်တစ်ခုရသရွေ့ သူတို့သည် လေမုန်တိုင်းမြို့၌ အာဏာရှိလာပြီး သာမန်ကစားသမားများမပြုလုပ်နိုင်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်နိုင်စွမ်း ရှိလာမည်။ သူတို့၏ အာဏာကိုတိုးမြင့်ရန်အတွက် ဂုဏ်သတင်းမှတ်များ စုဆောင်းရန်မလိုအပ်ချေ။
” လေမုန်တိုင်းတံဆိပ်လား … ”
ဖြတ်သန်းခြင်းဧကရာဇ်က စဥ်းစားလိုက်၏။ သူသည် ယခင်က လေမုန်တိုင်းခိုလှုံရာထဲ၌ တစ်ခါမှအဆင့်မတက်ဖူးသော်ငြား လေမုန်တိုင်းခိုလှုံရာကို ထိန်းချုပ်ပိုင်ခွင့်ရခဲ့လျှင် လွတ်လပ်ခြင်းမဟာမိတ်အဖွဲ့ဝင်များသည် သူ့အား မြို့တံဆိပ်အားလုံး လွဲပေးရမည်ဖြစ်ကာ ဧရိယာ၏မြို့ကို စီမံခန့်ခွဲခွင့်ပေးရမည်။ ထိုတံဆိပ်များထဲမှတစ်ခုကို ပေးလိုက်ခြင်းက မည်သည့်နည်းနှင့်မဆို သူ၏ စစ်ဆင်ရေးကို မထိခိုက်စေပေ။ အလွန်ဆုံးမှာ ပျောက်ဆုံးသွားသည့်အရာအတွက် လျော်ကြေးပေးရန် သူရထားသည့်တံဆိပ်များကို အသုံးပြုရန်သာ လိုအပ်သည်။
” ဟုတ်ပြီလေ ဒါက ပြဿနာကြီးမဟုတ်ဘူး … တတ်နိုင်သမျှ မြန်မြန်ရအောင် လုပ်ပေးမယ် … ”
ပြီးနောက် ရှီဖုန်းသည် ဖြတ်သန်းခြင်းဧကရာဇ်နှင့် စာချုပ်အသစ်ချုပ်ဆိုပြီးနောက် ရွှေပြားငါးရာ ပေးလိုက်၏။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရှီဖုန်းနှင့် ဖြတ်သန်းခြင်းဧကရာဇ်က လျှို့ဝှက်မြေချဲ့ထွင်မှုနှင့် မြေပုံခွဲဝေခြင်းကြေညာမှု ပြီးစီးမှာကို စောင့်နေစဥ် ထောင့်ဘက်ကနေ ခေါင်းစွပ်ဖြင့် ကစားသမားခြောက်ယောက်က ရှီဖုန်းကို စိုက်ကြည့်နေ၏။
” စကော်ပီယန် သူက ရွက်တစ်ရာပြောတဲ့သူလား … ”
လူရွယ်သည် မုတ်ဆိတ်ဖြူများရှိလျက် သူ၏ဘေး၌ နှင်းဖြူရောင်ဓားမြှောင်ကို ချိတ်ထားလေရာ ရှင်းလင်းနေသောထောင့်ဘက်ကိုကြည်ပြီး မေးလိုက်လေ၏။
” ဟုတ်တယ် … သူက ကျုပ်တို့တပ်မှူး သေစေချင်နေတဲ့သူပဲ … ဒီမှာ သူနဲ့သက်ဆိုင်တဲ့ ကျုပ်တို့စုဆောင်တဲ့ နောက်ဆုံးပေါ်အချက်အလက် … ”
လျှို့ဝှက်ခြင်းထဲတွင်ရှိနေသော စကော်ပီယန်က တလေးတစားပြန်ပြောလိုက်၏။
မြင့်မြတ်သောဘုရားကျောင်းထဲရှိ အသန်မာဆုံးကစားသမားအကြောင်းပြောသည့်အချိန်တွင် သူတို့က ဦးလေးလီအကြောင်း မပြောပေ။ သို့သော် လုပ်ကြံသတ်ဖြတ်မှုအကြောင်းသို့ ရောက်သည့်အခါ ဦးလေးလီက အစွမ်းအထက်ဆုံးဖြစ်၏။ မြင့်မြတ်သောဘုရားကျောင်း၏ အစည်းအရုံးခေါင်းဆောင်တောင် ဦးလေးလီက သူ့ကို လုပ်ကြံသတ်ဖြတ်ချင်သည်ဆိုလျှင် သူ့အသက်ဆုံးရှုံးရန် (၅၀) ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိသည်ဟု ကြေညာခဲ့သည်။
(၅၀) ရာခိုင်နှုန်း အောင်မြင်နှုန်းက အလွန်မြင့်မားသည်ဟု မဆိုသာသော်ငြား ယင်းက မြင့်မြတ်သောဘုရားကျောင်း၏ အစည်းအရုံးခေါင်းဆောင်ကို ရင်ဆိုင်ရတာပဲ ဖြစ်သည်။ ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် လူအနည်းစုကသာလျဇင် ထိုကဲ့သို့မြင့်မားသည့် အောင်မြင်နှုန်းကို ကြွားလုံးထုတ်နိုင်၏။
” စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ … ”
ဦးလေးလီက မုတ်ဆိတ်သက်လျက် ရှီဖုန်း၏ တိုက်ပွဲဝင်ဗွီဒီယိုကိုကြည့်လိုက်သည်။
” အခုချိန် သူ့ကို တိုက်ခိုက်တာက ဖြုန်းတီးရာရောက်လွန်းတယ် … ထားလိုက်တော့ စကော်ပီယန် … သွားပြီး အသင့်ပြင် … ”
” နားလည်ပါပြီ … ”
စကော်ပီယန်က အမြန်ခေါင်းညိတ်ပြီးနောက် ထွက်သွားလေ၏။