ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1249 အမည်မဲ့ဈေးဆိုင်
ပို့ဆောင်ရေးအခန်းထဲမှ ရွှေရောင်အလင်းဖြာထွက်လာသည်နှင့် ရှီဖုန်းသည် ကျောက်စိမ်းပြာမြို့ကနေ ပျောက်ကွယ်သွားပြီး လေမုန်တိုင်းမြို့ထဲသို့ ရောက်လာ၏။
လေမုန်တိုင်းမြို့သည် လေမုန်တိုင်းခိုလှုံရာအတွင်း တစ်ခုတည်းသောဘေးကင်းသည့်နေရာဖြစ်သည်။ ၎င်းကို မြို့ဟုခေါ်ပြီး ကစားသမားလူဦးရေငါးသိန်းကျော်ရှိသည်။ ကြယ်လတိုင်းပြည်၏ NPC မြို့များအောက်မနိမ့်ကျပေ။ ထို့အပြင် ဤနေရာ၌ စောင့်ကြပ်နေသော မြို့စောင့်တပ်သားများက အဆင့် (၁၂၀) နှင့်အထက် ဖြစ်ကြသည်။ မြို့၏ လုံခြုံရေးက ပင်လယ်၏အဆုံးရှိ အဓိကမြို့ကြီးဆယ့်နှစ်မြို့ထဲတွင် ဒုတိယအဆင့် ဖြစ်သည်။
အဆင့်တက်ဖို့အတွက် ဒီနေရာကိုလာတဲ့သူ မများသေးဘူး။ ရှီဖုန်းသည် ပို့ဆောင်ရေးခန်းမထဲမှ ထွက်သွားပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ ပြီးနောက် NPC များထက် ကစားသမားများနည်းတာကို မြင်လိုက်ရသည်။ သို့သော် စဥ်းစားပြီးနောက် ဤအခြေအနေက သင့်တော်ကြောင်း သိလိုက်ရ၏။ ဆိုရလျှင် လေမုန်တိုင်းခိုလှုံရာသည် အဆင့်(၄၀) မှ အဆင့် (၆၅) မြေပုံတစ်ချပ်ဖြစ်၏။ ဂိမ်း၏ ဤအဆင့်၌ ကစားသမားအနည်းစုသာလျှင် အဆင့် (၄၀) ကိုကျော်နိုင်စွမ်းရှိတာဖြစ်သည်။ ပင်လယ်၏အစွန်းရှိ ကစားသမားများက ကုန်းတွင်းပိုင်း ကစားသမားများထင် အဆင့်တက်တာ ပိုမြန်ဆန်သော်ငြား အဆင့် (၄၀) ကိုကျော်လွန်ပြီး ရောက်ရှိနိုင်သည့် ကစားသမားများများစားစားရှိမှာမဟုတ်ပေ။
ယင်းကို မဆိုထားနှင့် လေမုန်တိုင်းခိုလှုံရာသည် ကျန်သည့်အဆင့်တူမြေပုံများနှင့်ယှဥ်လျှင် အန္တရာယ်ပိုများ၏။ ရလဒ်အနေဖြင့် ဤနေရာသို့ လာရောက်လည်ပတ်ရန် ဆန္ဒရှိသည့်ကစားသမားက နည်းသွားတော့သည်။
အမှန်တကယ်တွင် လေမုန်တိုင်းမြို့သည် အန္တရာယ်များသည့်အနေအထားကြောင့် အဆင့်မြင့် NPC အစောင့်များကို ပိုင်ဆိုင်ထား၏။ ကစားသမားများသည် သူတို့မြို့၏ ကာကွယ်မှုကနေထွက်လာချိန် ပင်လယ်မွန်းစတားများကို စောင့်ကြည့်နေရရုံသာမက သူတို့သည် ရှောင်ဟွာကျင်း၏ ချုံခိုတိုက်ခိုက်မှုကိုလည်း စိုးရိမ်ရသည်။
လေမုန်တိုင်းခိုလှုံရာသည် ရှောင်ဟွာကျင်းဟု လူသိများသည် တိုင်းတစ်ပါးမျိုးနွယ်၏ မွေးရပ်မြေဖြစ်သည်။ ဤနေရာ၌ အဆင့်တက်ခြင်းက ဆင်တူသည့်မြေပုံများထဲတွင် စိန်ခေါ်ခြင်း၏ နှစ်ဆဖြစ်သည်။ ပင်လယ်၏အဆုံးမှ လက်ရွေးစင်ကစားသမားများက အသင်းတစ်ခုဖွဲ့လိုက်လျှင်တောင် သူတို့က ဤနေရာ၌ အသက်ရှင်ရန် ခက်ခဲလောက်သည်။ အသင်းတစ်သင်းက အနည်းဆုံးတော့ ကျွမ်းကျင်သူခေါင်းဆောင်ရန်လိုအပ်၏။
ထိုအကြောင်းအရင်းကြောင့် စကာအင်းသည် ပင်လယ်မွန်းစတားများကဲ့သို့ တုံးအနေမှာမဟုတ်ပေ။ သူတို့က ကစားသမားများ၏ သင်္ဘောပေါ်တွင်ခုန်တက်ပြီး အနီးကပ်တိုက်ခိုက်နိုင်စွမ်းရှိသည်။ တစ်ချိန်ထဲတွင် သူတို့က သင်္ဘောများကိုတိုက်ခိုက်ရန် ပင်လယ်မွန်းစတားများကို အမိန့်ပေးပြီး ကစားသမားများကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခိုင်းမှာပဲ ဖြစ်သည်။ ရလဒ်အနေဖြင့် လေမုန်တိုင်းခိုလှုံရာထဲ၌ အဆင့်တက်ရန် လာရှာကြသည့်ကစားသမားများက အရည်အသွေး မြင့်မားသောသင်္ဘောများနှင့် မြင့်မားသောတိုက်ပွဲဝင်စံသတ်မှတ်ချက် လိုအပ်၏။ ယင်းက ပင်လယ်၏အဆုံးတွင်နေထိုင်သည့် စမ်းသပ်မှုတစ်ခုပင်ဖြစ်သည်။
လက်ရှိတွင် အနည်းစုသာ လေမုန်တိုင်းမြို့၌ နေနိုင်သော်ငြား လေမုန်တိုင်းခိုလှုံရာ၌ စီနင်းတိုက်ခိုက်သည့် ကစားသမားများက ပျမ်းမျှအားဖြင့် ပိုသန်မာလာကြသည်။ မြို့နားတစ်ဝိုက်ရှိ ကစားသမားများအားလုံးက အဆင့် (၄၁) တွင်ရှိကြသည်။ အများစုက အဆင့် (၄၂) သို့ရောက်နေကြပြီ ဖြစ်သည်။ ကြယ်လတိုင်းပြည်ထဲတွင် အဆင့် (၄၂) အထက်တွင်ရှိကြ၏။
လေမုန်တိုင်းမြို့၏ ကစားသမားများဝတ်ဆင်သည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာအတွက်မူ အဆင့်အနိမ့်ဆုံးကတောင် အဆင့် (၄၀) လျှို့ဝှက်ငွေချပ်ဝတ်တန်ဆာဖြစ်သည်။
” ယိုယွင်းခြင်းဂူကို စီးနင်းတိုက်ခိုက်ဖို့ အသင်းတစ်သင်းဖွဲ့လိုပါတယ် … အဆင့်မြင့် စပိဘုတ်တစ်စင်းရှိတယ် … လျှောက်ထားတဲ့သူက အဆင့် (၄၂) နှင့်အထက်ရှိပြီး အဆင့် (၄၀) ရွှေစင်အပိုင်းအစလေးခု အနည်းဆုံးရှိရမယ် … ”
” စဟွာကင်းအသိုက်ကို တစ်ညတာ ခရီးထွက်ပါမယ် … အဆင့် (၄၁) နှင့်အထက် ကျွမ်းကျင်သူတွေကို စုဆောင်းနေပါတယ် … အဆင့် (၄၀) ရွှေစင်အပိုင်းအစခြောက်ခုရှိရမယ် … အဆင့် (၄၀) မဟူရာရွှေလက်နက်ရှိတဲ့သူတွေကို ဦးစားပေးမယ် … ကျလာတဲ့ပစ္စည်းတွေအတွက် အထဲမှာလေလံပွဲလေးကျင်းပမယ် … ”
ရှီဖုန်းသည် ပင်မလမ်းမပေါ်နင်းလိုက်သည်နှင့် အသင်းဝင်များစွာကို ခေါ်ယူနေသည့်မြင်ကွင်းဖြင့် စီးကြိုခံလိုက်ရသည်။ သူတို့၏ အနိမ့်ဆုံးလိုအပ်ချက်က အံ့သြစရာကောင်းလှပေ၏။
သို့သော် ရှီဖုန်း သူသွားလိုသည့်နေရာက မြို့၏ ပင်မဝင်ပေါက် စီးပွားရေးခရိုင်ထဲတွင်ဖြစ်သောကြောင့် သူတို့ကို အာရုံအနည်းငယ်သာစိုက်မိသည်။
စီးပွားရေးခရိုင်သည် လေမုန်တိုင်းမြို့၏ လူအစည်ကားဆုံးနေရာဖြစ်သည်။ ကစားသမားများက ဈေးဆိုင်များတယ်ခင်းပြီး ပစ္စည်းများရောင်းချနေလေ၏။
” ရွှေစင်အဆင့်လေးကို တန်ဖိုးနည်းနည်းနဲ့ရောင်းနေပါတယ် … စိတ်ဝင်စားတဲ့ဝယ်သူတွေ မြန်မြန်လာလိုက်ပါ … ”
” စဟွာကင်းရဲ့ ဂျာနယ်တွေရောင်းနေပါတယ် … တစ်ရွက်ကို စာရွက်ဆယ်နှစ်ပြား … တာဝန်ပြီးမြောက်ချင်လား … ဒီအခွင့်အရေးကို လွဲချော်မခံနဲ့ … ”
” ငွေရောင်မျက်ရည်ကို ငွေပြားသုံးပြားနဲ့ ဝယ်နေပါတယ် … အစက်တစ်ရာပဲ ဝယ်မှာပါ … ”
ကြယ်လတိုင်းပြည်နှင့်မတူဘဲ ပင်လယ်၏အဆုံးရှိ မြို့၌နေထိုင်သည့် ကစားသမားများသည် လေလံအိမ်တော်၌ သူတို့၏ အိုင်တမ်များကို မရောင်းချပေ။ ထိုအစား သူတို့၏ စီးပွာရေးခရိုင်အသီးသီး၌ ဈေးဆိုင်များတယ်ခင်းထားသည်။ ထိုအတွက် အဓိကအကြောင်းအရင်းနှစ်ရပ်ရှိပေသည်။ ပထမတစ်ခုက လေလံအိမ်တော်သည် အဓိကမြို့ကြီးဆယ့်နှစ်မြို့ထဲတွင်သာ ရှိသောကြောင့်ဖြစ်သည်။ ကျွန်းတစ်ခုနှင့်တစ်ခုကြား အကွာအဝေးကျယ်ဝန်းမှုကြောင့် ပို့ဆောင်ခကများပြားသည်။ ဥပမာအနေဖြင့် ရှီဖုန်းအဖို့ ကျောက်စိမ်းပြာမြို့မှ လေမုန်တိုင်းမြို့သို့သွားရန် ငွေပြားငါးဆယ့်နှစ်ပြားကျသင့်ခဲ့သည်။
ပုံမှန်ဆိုကစားသမားများသည် လေမုန်တိုင်းမြို့ထက် ခရိုင်မြို့ကိုသာ ရွေ့ပြောင်းသွားပြီး ကျန်ရှိသည့်နေရာကို ဖြတ်ကျော်ရန် သူတို့၏ စပိဘုတ်များကိုသုံး၏။ ထိုလမ်းကြောင်းက အချိန်ကုန်သော်ငြား ခရိုင်မြို့သို့သွားရာ၌ ဈေးပိုချို၏။
ဒုတိယအချက်က ပင်လယ်၏အဆုံးရှိ လေလံအိမ်တော်ဈေးက ကုန်းတွင်းပိုင်းထက် ပိုမြင့်သောကြောင့်ဖြစ်သည်။ အိုင်တမ်၏ စုစုပေါင်းတန်ဖိုး၏ (၂၀) ရာခိုင်နှုန်းကိုယူသည်။ ယင်းက များပြားသည့်ပမာဏဖြစ်၏။ သို့သော် ထိုကဲ့သို့ ချဲ့ကားသည့်ဝန်ဆောင်ခအဖြစ် အပြန်အလှန်အနေဖြင့် ရရှိသည့်ဝန်ဆောင်မှုက ထိုက်တန်သည်ဟုဆိုရပေမည်။ ပင်လယ်၏အဆုံးရှိ လေလံအိမ်တော်တစ်ခုကို အသုံးပြုချိန်၌ ကစားသမားတစ်ဦး၏ အိုင်တမ်ကို အဓိကမြို့ကြီးဆယ်နှစ်မြို့၌ ပြသထားမှာပဲဖြစ်သည်။ အိုင်တမ် ရောင်းမထွက်မှာကို စိုးရိမ်ပူပန်စရာမလိုပေ။ သို့သော် အဆင့်နိမ့်အိုင်တမ်များအနေဖြင့် ကစားသမားများက သူတို့ကိုယ်ပိုင် ဆိုင်ခန်းများကိုသာ အားကိုး၏။ မဟုတ်လျှင် သူတို့က အချိန်တချို့ကြာ ထိုအိုင်တမ်များကို စုဆောင်းထားပြီးနောက် လေလံအိမ်တော်၌ အစုလိုက်အပြုံလိုက်ရောင်းချ၏။
မြန်မြန်ဆန်ဆန်ပင် ရှီဖုန်းသည် စီးပွားရေးခရိုင်ထဲရှိ NPC ကုန်စုံဆိုင်ရှေ့သို့ ရောက်လာလေ၏။
” ချစ်လှစွာသော ဧည်သည်တော် ဘာများရှာနေလဲဆိုတာ သိခွင့်ရမလား … ကျွန်တော်တို့ဆိုင်က တက်နိုင်တဲ့နှုန်းထားနဲ့ ပစ္စည်းကောင်းတွေအများကြီးရှိပါတယ် … ”
ခပ်ဖိုက်ဖိုက်မုတ်ဆိတ်တိုတိုဖြင့် လူရွယ်တစ်ယောက်ဖြစ်သည့်ဆိုင်ရှင်က ရှီဖုန်းကို နှုတ်ဆက်ကာ ပြောလိုက်၏။
” ခင်ဗျားရဲ့ ဆိုင်ကို ငှားချင်လို့ … ”
ရှီဖုန်းသည် လေမုန်တိုင်းတံဆိပ်ကို ဝတ်ဆင်ထားစဥ် ကြေညာလိုက်၏။
သူသည် စီးပွားရေးခရိုင်ကို စုံစမ်းထားပြီဖြစ်ကာ ဤကုန်စုံဆိုင်၏ တည်နေရာကို အတော်လေး နှစ်သက်၏။ ယင်းကို ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းအတွက် လျှို့ဝှက်ဈေးဆိုင်အဖြစ်အသုံးပြုခြင်းက အကြံကောင်းဖြစ်သည်။ ဆိုင်ကိုဝယ်ချင်သော်ငြား ယခုအချိန်၌ ငွေပိုငွေလျှံ သိပ်မရှိပေ။ ထို့ကြောင့် ယခု ဆိုင်ကိုငှားရမ်းဖို့သာ စီစဥ်လိုက်သည်။
ကြယ်လတိုင်းပြည်နှင့်မတူဘဲ ကစားသမားများသည် ပင်လယ်၏အဆုံးရှိဈေးဆိုင်များကို ဝယ်ယူရန်အတွက် မြို့ခန်းမနှင့် ညှိနှိုင်းရန်မလိုအပ်ချေ။ ကစားသမားများသည် ဆိုင်ပိုင်ရှင်နှင့် တန်ကြေးတစ်ခုညှိနှိုင်းရန်သာ လိုအပ်သည်။ ကစားသမားများက ကြိုတင်တောင်းဆိုသည့်အနေဖြင့် မြို့အတွင်းလုံလောက်သည့်အာဏာ ပိုင်ဆိုင်ထားရမည်။ ဈေးဆိုင်တစ်ဆိုင်သည် အာဏာအဆင့်အတန်းတစ်ခုရှိမှသာ ငှားရမ်းနိုင်တာဖြစ်၏။ သို့သော်ငြား ဆိုင်တစ်ဆိုင်ငှားရမ်းခြင်းက ဝယ်ယူခြင်းထက်ပိုပြီး ဈေးချို၏။ တွေးတောရန်အတွက် စွန့်စားမှုနှစ်ရပ်ရှိသည်။ ပထမဆုံးစွန့်စားမှုက ဈေးဆိုင်များကို အမြင့်ဆုံးဈေးပေးသူဆီ ငှားရမ်း၏။ ဈေးဆိုင်၏ ငှားရမ်းသည့်ကာလပြီးသွားသည်နှင့် ကစားသမားများသည် ဈေးဆိုင်ထက်လိုချင်သည်ဆိုလျှင် လေလံဈေးခေါ်ရသည်။ နောက်ထပ်စွန့်စားမှုတစ်ရပ်က ကစားသမားတစ်ဦးသည် ငှားရမ်းနေစဥ်ကာလအတွင်း ဈေးဆိုင်ကို ဝယ်သွားခဲ့ပါက ငှားထားသည့်သူသည် ငှားရမ်းခြင်းကာလ ကုန်ဆုံးသွားသည်နှင့် သူတို့ပိုင်ဆိုင်ခွင့်ကနေ မောင်းထုတ်ခံရလိမ့်မည်။
ထို့ကြောင့် ငှားရမ်းခြင်းက ယာယီဖြေရှင်းနည်းတစ်ရပ်သာ ဖြစ်၏။ ရေရှည်အကျိုးအမြတ်အတွက် ဆိုင်တစ်ဆိုင်ဝယ်ယူတာက ပိုကောင်းသည်။
” ချစ်လှစွာသောဧည့်သည်တော် မင်းက အမြင်ကောင်းရှိတာပဲ … ကျုပ်တို့ဆိုင်က နှစ်တစ်ရာကျော်တည်ရှိလာခဲ့တာ … မြို့ထဲမှာ အကောင်းဆုံးတည်နေရာလည်း ရှိတယ် … မင်းက တန်ဖိုးကြီးဧည့်သည်တစ်ယောက်ဆိုတော့ (၁၀) ရာခိုင်နှုန်းလျော့ဈေးပေးနိုင်တယ် … ဒီဈေးဆိုင်ကို တစ်လကို ရွှေပြားကိုးရာနဲ့ ငှားနိုင်တယ် … ”
ဆိုင်ရှင်ကပြောပြီး လက်နှစ်ဖက်ကိုပွတ်လိုက်ကာ မျက်လုံးထဲ၌ အပျော်များပြည့်လာ၏။
” ကောင်းပြီလေ … တစ်လငှားမယ် … ”
ရှီဖုန်းသည် ထိုတန်ကြေးကိုကြားသောအခါ အနည်းငယ်အံ့သြသွား၏။ သို့သော် နောင်၌ မွန်မြတ်သောမြေအသေးစား ဖြစ်လာမည်ဆိုသောကြောင့် ယင်းက ကျိုးကြောင်းသင့်သည်။ ဆိုင်ဝယ်ရန်တန်ကြေးက ငှားရမ်းခထက် ဆယ်ဆပိုမြင့်မှာ သေချာသည်။ ပြီးနောက် ရှီဖုန်းသည် ရွှေပြားကိုးရာကိုပေးချေပြီး ကုန်စုံဆိုင်ကို ရယူလိုက်၏။
ရှီဖုန်းက ဆိုင်ကို ပြင်ဆင်မွန်းမံရန် ရည်ရွယ်ချက်မရှိ။ ၎င်း၏ ဝန်ထမ်းကို အစားထိုးဖို့ဆန္ဒမရှိပေ။ သူက ဆိုင်၏ ဝင်ပေါက်၌ ဆိုင်းဘုတ်တစ်ခုသာ ချိတ်ဆွဲထား၏။
ကျွန်တော်တို့ဆိုင် ရုမ်းအပိုင်းအစတစ်စုကို ငွေပြားငါးပြားနဲ့ ဝယ်ယူနေပါတယ် တစ်ရက်ကို ဝယ်ယူတဲ့ပမာဏ ကန့်သတ်ထားပါတယ်
ယင်းက သေးငယ်ပြီး သစ်သားဆိုင်းဘုတ်လေးဖြစ်သော်ငြား ၎င်းကို ဖြတ်သန်းသွားလာသူများ မြင်သောအခါ မှင်သက်သွား၏။
” လခွမ်း ငါ ထင်ယောင်ထင်မှား ဖြစ်တာများလား … NPC တစ်ယောက်က ရုမ်းအပိုင်းအစတစ်စုကို ငွေပြားငါးပြားနဲ့ တကယ်ကြီး ဝယ်နေတာလား … ”
” ပင်လယ်များ၏အိမ်က ဒီဆိုင်ကို ဖွင့်ထားတာလား … ”
” ဟား ဟား ဟား … အံ့သြစရာပဲ … ငါ့အပိုင်းအစတွေကိုရောင်းဖို့ ပင်လယ်များ၏အိမ်ကိုသွားဖို့ မြို့ကိုပြန်ရမယ်လို့ ထင်နေတာ … တန်ကြေးက ဒီမှာနည်းနည်းနိမ့်ပေမဲ့ ငါရောင်းလိုက်မယ်ဆိုရင် ပို့ဆောင်ခချွေတာနိုင်မယ် … ”
ကစားသမားများစွာသည် နှစ်ထပ်ကုန်စုံဆိုင်ကိုကြည့်ပြီး ကြည်နူးပျော်ရွှင်သွား၏။ ပင်လယ်၏ အဆုံး၌ ပင်လယ်များ၏အိမ်၏ ဈေးဆိုင်းများကသာလျှင် ရုမ်းအပိုင်းအစများကို တန်ကြေးမြင့်မြင့်ဖြင့် အများအပြားဝယ်ယူတာဖြစ်သည်။ ယင်းကို မည်သူမှ မပြုလုပ်ရဲချေ။ NPC များအတွက်မူ သူတို့က တစ်စုကို ငွေပြားလေးဆယ်ဖြင့်သာ ရုမ်းအပိုင်းအစများကို ဝယ်ယူ၏။ ရုမ်းအပိုင်းအစများကို NPC များဆီ ရောင်းချမည်ထက် ကစားသမားများသည် ၎င်းတို့ကိုစုထားပြီး ရုမ်းသလင်းများအဖြစ်ပေါင်းစီးရန် NPC အဂ္ဂိရတ်ပညာရှင်တစ်ဦးကို ရှာကြတာက ပိုအကျိုးရှိ၏။ ပေါင်းစီးရန်အောင်မြင်နိုင်နှုန်းက (၁၀) ရာခိုင်နှုန်းသာ ဖြစ်သော်ငြား ပေါင်းစီးထားသော ရုမ်းသလင်းတစ်ခုကို ငွေပြားဆယ်ပြားဖြင့် ရောင်းချနိုင်၏။
ကံကောင်းမည်ဆိုလျှင် ရုမ်းအပိုင်းအစငါးခုတိုင်း၌ ရုမ်းသလင်းတစ်ခု ရနိုင်မည်။ ယင်းက တစ်စုကို ငွေပြားနှစ်ပြားဖြင့် အပိုင်းအစကို ရောင်းချခြင်းနှင့်ညီမျှသည်။ ကံဆိုးသည်မှာ NPC အဂ္ဂိရတ်ပညာရှင်၏ မျက်နှာသာပေးမှုကို မြင့်တင်ရန်က အတော်လေးခက်ခဲသည်။ ရုမ်းသလင်းပေါင်းစီးခြင်းကလည်း အချိန်နှင့်ငွေ ကုန်ဆုံးစေ၏။ ရလဒ်အနေဖြင့် သာမန်ကစားသမားများက ထိုရွေးချယ်မှုကို ရွေးတာရှား၏။
ထို့ကြောင့် ယခု NPC ဈေးဆိုင်သည် တစ်စုကို ငွေပြားငါးပြားဖြင့် ရုမ်းအပိုင်းအစများကို ဝယ်ယူချင်နေသောအခါ သူတို့အဘယ်ကြောင့် စိတ်မလှုပ်ရှားပဲ နေမည်နည်း။
ယင်းက သူတို့အတွက် စီးပွားရှာရန် မဟာအခွင့်အရေးတစ်ခုဖြစ်သည်။
ချက်ချင်းပင် ကစားသမားများက ကုန်စုံဆိုင်ထဲသို့ တစ်ဟုန်ထိုးဝင်သွားလိုက်ပြီး ဆိုင်ကိုစီမံနေသော NPC ဝန်ထမ်းများဆီ တန်းတန်းမတ်မတ်သွားကာ သူတို့ကုန်သွယ်ရေးဘလင့်ခ်ကို ဖွင့်လစ်လိုက်၏။ အစက ထိုကစားသမားများသည် ကုန်သွယ်ရေးဘလင့်ခ်၌ တစ်စုသာထားခဲ့သည်။ ဝယ်ယူသည့်တန်ကြေးက တစ်စုကိုငွေပြားငါးပြားဖြစ်ကြောင်း အတည်ပြုပြီးနောက် သူတို့ရလာသည့် ရုမ်းအပိုင်းအစများ ပြတင်းပေါက်ပေါ်တက်ပြီး လဲလှယ်ကြောင်း နှိပ်လိုက်၏။
ဖြစ်စဥ်တစ်ခုလုံးက ရေစီးဆင်းသည့်ပမာ ချောမွေ့နေသည်။ ထိုကစားသမားများ၏ အရောင်းအဝယ်လုပ်မှုက ပိုမြန်ဆန်လာပြီး ဘော့စ်မွန်းစတားများကို ရှောင်တိမ်းခြင်းထက် ပိုတိကျ၏။
မျက်တောင်တခက်အတွင်း ကုန်စုံဆိုင်သည် ရုမ်းအပိုင်းအစနှစ်ရာကျော်ကို ဝယ်ယူပြီးသွားပြီ ဖြစ်သည်။ ရှီဖုန်းသည် ရွှေပြားဆယ်ပြားဝန်းကျင်ဖြင့် ကျလာသည့် ဈေးဆိုင်တန်း၌ ရွှေပြားတစ်ထောင် သိုလှောင်ပြီးသား ဖြစ်သွား၏။
” သေစမ်း … ငါရဲ့ သိုလှောင်အိမ်ထဲမှာ ရုမ်းအပိုင်းအစတစ်တန်ရှိသေးတယ် … စောင့်နေစမ်း … ”
လူအုပ်ကြီးက ဈေးဆိုင်ထဲ ကမန်းကတမ်းဝင်စဥ် နောက်ထပ်လူအုပ်ကြီးက ပင်မလမ်းကြောင်းရှိ မြစ်ဘဏ်ဆီသို့ တစ်ဟုန်ထိုးသွားလိုက်သည်။ ကစားသမားအချို့ကဆို သူတို့ ကိုယ်ပိုင်ဆိုင်ခန်းများကိုတောင် ချန်ထားရစ်ပြီး သွားလိုက်၏။ ထိုစဥ် ရုမ်းအပိုင်းအစများအတွက် လိုချင်နေသည့် အမည်မဲ့ဆိုင်၏ တောင်းဆိုချက်သတင်းက ပင်လယ်၏အဆုံး၌ လျင်မြန်စွာ ပြန့်သွားတော့သည်။