ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1259 ပထမဆုံးရိုက်ချက်
“အနီးကပ်သမားတွေ သူ့ကိုအာရုံလွှဲထား … အကွာအဝေးကျယ်ကစားသမားတွေ တိုက်ခိုက်ဖို့အသင့်ပြင် … ”
ပင်လယ်များ၏အိမ် ကျွမ်းကျင်သူအဖွဲ့ကို အမိန့်ပေးနေသော ဝတ်ရုံနက်ရိန်းဂျားက မလှုပ်မရှက်ရှိနေသော ရှီဖုန်းကိုကြည့်ပြီး အမိန့်ပေးလိုက်၏။
” NPC အစောင့်တွေကို ဖိနှိပ်ဖို့အတွက် မှော်အစီအရင်ကိုသုံးကြ … ထွက်ပြေးဖို့အခွင့်အရေးမပေးနဲ့ … ”
ရိန်းဂျားကအမိန့်ပေးပြီးနောက် ချက်ချင်းဆိုသလိုပင် စီးပွားရေးခရိုင်ထဲ၌ ရွှေရောင်မှော်အစီအရင်တစ်ခု ပေါ်လာ၏။ အစီအရင်ကို မှော်အမျိုးအစားသုံးဆယ့်ခြောက်ယောက်က ထိန်းထားပြီး ၎င်းက ချက်ချင်းပင် တိုက်ပွဲဆီသို့လာနေသည့် NPC အစောင့်ဆယ်ယောက်ခန့်ကို လွှမ်းခြုံလိုက်သည်။
သံမဏိနံရံပမာ ရွှေရောင်အရံအတားသည် NPC အစောင့်များ ၎င်းကို တိုက်ခိုက်သောအခါ အနည်းငယ်သာ တုန်လှုပ်သွား၏။ အရံအတားက အက်ကွဲမည့်လက္ခာဏာမပြပေ။
ထိုအရာကိုမြင်သောအခါ ကြည့်နေသည့်ကစားသမားများက သုန်မှုန်သည့်အမူအရာပေါ်လာလေ၏။ မှော်အစီအရင်၏ လုပ်ဆောင်ချက်ကြောင့် သူတို့ ထိတ်လန့်နေကြစဥ် ပင်လယ်များ၏အိမ်၏ လုပ်ဆောင်စွမ်းကို ပိုတောင်ကြောက်မိလာသည်။
လေမုန်တိုင်းမြို့၏ NPC အစောင့်များက အဆင့် (၁၂၀) ဖြစ်၏။ သူတို့ကဲ့သို့ကစားသမားများအဖို့ ထို NPC များက ပြိုင်ဘက်ကင်းသည်။ တစ်ချက်ထဲဖြင့် ထို NPC များအဖို့ သူ့ကိုအပြီးသတ်ရန် လိုအပ်သည်။ ထို NPC များကလည်း သူတို့ကဲ့သို့ တစ်ကိုယ်တော်ကစားသမားများ ကာကွယ်ပေးထားသည်။
ထိုအကြောင်းအရင်းကြောင့် သူတို့က လေမုန်တိုင်းမြို့ထဲ၌ အေးအေးလူလူနေထိုင်ရဲတာပဲ ဖြစ်သည်။ ထိုသို့တိုင် မှော်အစီအရင်တစ်ခုက ပြိုင်ဘက်ကင်းသည့် NPC များကို ချုပ်နှောင်ထားသည်။ ပင်လယ်များ၏အိမ်ရှိ ကစားသမားများက တစ်ကိုယ်တော်ကစားသမားများကို မည်မျှ အလွယ်တကူ ဖြေရှင်းနိုင်ကြောင်း သူတို့ ရုတ်တရက်သဘောပေါက်သွားလေ၏။
” ဒါက ပင်လယ်များ၏အိမ်ရဲ့ ခွန်အားအစစ်အမှန်လား … သူတို့က NPC တွေရဲ့ လှုပ်ရှားမှုကို ဖိနှိပ်နိုင်တဲ့ မှော်အစီအရင်တစ်ခုကို တကယ်ထုတ်နိုင်တာပဲ … ”
” အစွမ်းထက်လိုက်တဲ့ မှော်အစီအရင်တစ်ခုပဲ … အဲ့ဒီလူက အချိန်ဆွဲမယ်ဆိုရင်တောင် အစောင့်တွေအဖို့ သူ့ကိုကယ်ဖို့ လုံလောက်မှာမဟုတ်ဘူး … ”
ချုပ်နှောင်ခံထားရသော NPC အစောင့်များကိုမြင်ပြီး လူတိုင်းက ပင်လယ်များ၏အိမ်ကို ပိုတောင်ကြောက်ရွံ့လာကြသည်။
ပင်လယ်များ၏အိမ်နှင့် ရန်သူမဖြစ်ခဲ့သည့်အတွက် စိတ်ထဲတွင်မူ အောင်ပွဲခံနေကြသည်။ မဟုတ်လျှင် နောက်ဆက်တွဲက မမှန်းဆှန်းဆနိုင်ရာဖြစ်ပေလိမ့်မည်။
စစ်မြေပြင်၏ အလယ်ကို တိတ်တဆိတ်ချဥ်းကပ်သွားနေသော စကော်ပီယန်က ထိတ်လန့်သွား၏။
ပင်လယ်များ၏အိမ်က ထိုကဲ့သို့အစွမ်းထက်သည့်အုတ်မြစ် ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားပေ။ သို့သော် မှော်အစီအရင်ကလည်း စကော်ပီယန်ကို အပျော်လွန်စေ၏။ NPC အစောင့်များမရှိဘဲ ရှီဖုန်းကိုသတ်ပြီး လုံလုံခြုံခြုံထွက်သွားဖို့က ပိုတောင်လွယ်ကူသွားသည်။
ယခုအချိန် စစ်မြေပြင်အလယ်၌ အဆင့် (၄၃) ဒိုင်းစစ်သည်တော်သုံးဦးက သုံးဖက်သုံးနှံကနေ ရှီဖုန်းဆီသို့ တစ်ဟုန်ထိုးဝင်ရောက် တိုက်ခိုက်တော့သည်။
စကော်ပီယန်က ဒိုင်းစစ်သည်တော်သုံးယောက်ကို ကြည့်နေစဥ် ရှီဖုန်းသည် တိုက်ခိုက်မှုကို ရှောင်လျှင်ရှောင် မဟုတ်လျှင် တန်ပြန်တိုက်ခိုက်မည်ဟု ယူဆသော်ငြား ဆန့်ကျင်ဘက်အနေဖြင့် ရှီဖုန်းက မလှုပ်ရှားခဲ့ပေ။ သို့သော် ဒိုင်းစစ်သည်တော်များက ရှစ်ကိုက်အကွာသို့ရောက်သည့်အချိန်၌ ရှီဖုန်းနား၌ ကြယ်အလင်းက ရုတ်တရက်တောက်ပလာသည်။
ဖန် … ဖန် … ဖန် …
အက်ကွဲသည့်အသံသုံးသံ ကြားလိုက်ရ၏။ ချက်ချင်းပင် အဆင့် (၄၃) ဒိုင်းစစ်သည်တော်သုံးယောက်က နောက်သို့လွင့်ထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်က မြေကြီးနှင့်ရိုက်မိသွား၏။ သူတို့၏ HP များက ပကတိမျက်လုံးဖြင့်မြင်နိုင်သည့်နှုန်းဖြင့် ကျသွားကာ တစ်ဝက်ရောက်ပြီးမှ ရပ်တန့်သွား၏။
” သူဘာလုပ်လိုက်တာလာလဲ … ”
မလှမ်းမကမ်းကနေ တိုက်ပွဲကိုလေ့လာနေသော ကစားသမားများက မှင်သက်သွားလေ၏။
မည်သူကမှ အစောတုန်းက ဖြစ်ပျက်သွားတာကို နားမလည်လိုက်ကြချေ။
ခဏအကြာတွင် ရှီဖုန်း၏ ခန္ဓာကိုယ်မှ အပြာရောင်အလင်းများစွာက ဖြာထွက်လာပြီးနောက် ဒိုင်းစစ်သည်တော်သုံးယောက်ကိုတိုက်ခိုက်ကာ သူတို့ကို ထပ်မံလွင့်ထွက်သွားစေပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရစေ၏။
” သူခွန်အားဘယ်လောက် ပိုင်ဆိုင်ထားတာလဲ … ”
တိုက်ခိုက်ရန်အတွက် အခွင့်အရေးကိုစောင့်နေသော စကော်ပီယန်က အံသြမိသွားသည်။
ကျန်သည့်သူများက အစောတုန်းက ဖြစ်ပျက်သွားတာကို မမြင်နိုင်လောက်ပေ။ သို့သော် သူ့ကမူ ထိပ်သီးကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ရှီဖုန် လုပ်လိုက်တာကို သဘောပေါက်၏။ ဒိုင်းစစ်သည်တော်သုံးယောက်က ရှီဖုန်းနားကပ်ခါနီးချိန် တစ်ဖက်လူက သူ၏ ဓားနှစ်လက်ကိုလွဲရမ်းလိုက်သည်။ မည်သည့်ရှေးစစ်သည်တော်စကေးမှ မထုတ်ဖော်ဘဲ ရှီဖုန်းသည် ဒိုင်းစစ်သည်တော်တိုင်းကို တစ်ချက်ထဲဖြင့် လွင့်ထွက်သွားအောင်လုပ်ခဲ့၏။
သာမန်ကစားသမားများက ယင်းကို နားလည်ရန််မလိုအပ်သော်ငြား တိုက်ပွဲများစွာကိုတွေ့ကြုံဖူးသည့် စကော်ပီယန်က သဘောပေါက်၏။
ရှီဖုန်း၏ ခွန်အားသည် အဆင့် (၄၅) မဟာအရှင်တစ်ပါး၏ ခွန်အားနှင့် ယှဥ်နိုင်နေပြီဖြစ်သည်။
ထိုလူ၏ ယခင်တိုက်ပွဲများကို ကြည့်ပြီးနောက် ရှီဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အရည်အချင်းပိုင်ဆိုင်ကြောင်း သူသိပြီးသားဖြစ်သော်ငြား ထိုမျှမြင့်မားလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိချေ။
” သူက ဘယ်သူများလဲ … ”
ရှီဖုန်းကိုကြည့်နေစဥ် စကော်ပီယန်၏ မျက်လုံးထဲ၌ အကြောက်တရားပေါ်လာလေ၏။ ဓားသမားကို သူကိုယ်တိုင်သတ်နိုင်စွမ်းရှိသည်ဟု မယုံကြည်တော့ချေ။
ရှီဖုန်းသည် အဆင့် (၄၅) မဟာအရှင်တစ်ပါး၏ခွန်အားကိုပိုင်ဆိုင်သော ကစားသမားတစ်ဦးသာဆိုလျှင် ဓားသမားကို သူထိုမျှကြောက်မှာမဟုတ်ပေ။ သို့သော် သူက ထိပ်သီးကျွမ်းကျင်သူတစ်ဦး၏ စံသတ်မှတ်ချက်လည်း ရှိနေ၏။ အချက်အလက်များပေါင်းစီးထားမှုကို ကျော်လွှားနိုင်ဖို့က အသေးအမွှားမဟုတ်ပေ။
ဒီလိုမြင့်မားတဲ့ခွန်အား
ပင်လယ်များ၏အိမ်အဖွဲ့ကို ဦးဆောင်နေသော ဝတ်ရုံနက်ရိန်းဂျားကလည်း အံ့သြသွားလေ၏။ ဒိုင်းစစ်သည်တော်တစ်ယောက်ကို လွင့်ထွက်သွားအောင်လုပ်နိုင်စွမ်းရှိသည့်သူနှင့် ကြုံတွေ့ရတာပထမဆုံးအကြိမ်ဖြစ်သည်။
ပထမဆုံးတိုက်ခိုက်ပြီးနောက် ရှီဖုန်းသည် တန်ပြန်တိုက်ခိုက်ဖို့ကို အလျင်မလိုခဲ့ပေ။ ထိုအစား သူ၏ လက်ရှိခွန်အားကို တိတ်တဆိတ်အကဲဖြတ်လိုက်၏။
ဆိုရလျှင် သူသည် ညလျှောက်လှမ်းသူ၏ ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမည်မျှတိုးတက်လာကြောင်း မသိပေ။ အစစ်အမှန်တိုက်ပွဲကသာလျှင် သူ၏ လက်ရှိအရည်အချင်းများကို နားလည်သဘောပေါက်စေတာဖြစ်သည်။
သာမန်တိုက်ကွက်က ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် အဆင့် (၄၃) ဒိုင်စစ်သည်တော်ကို လွင့်ထွက်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ငါ့ရဲ့ခွန်အားက အဆင့် (၄၅) မဟာအရှင်နဲ့ တူလောက်တယ်။ အဆင့် (၅၀) မွန်းစတားလောက်ဆိုရင် ငါအဆင့်မြင့်အရှင်ဖြစ်လောက်တယ်။ ထင်တဲ့အတိုင်းပဲ ညလျှောက်လှမ်းသူရဲ့ဝတ်ရုံက တကယ်ကြောက်ဖို့ကောင်းတာကို။
ရှီဖုန်းက အံ့သြသွားလေ၏။ သူ၏ ခွန်အား ထိုမျှတိုးတက်သွားလိမ့်မည်ဟု မထင်ထားပေ။
ညလျှောက်လှမ်းသူ၏ ဝတ်ရုံကိုမဝတ်ဆင်ခင် သူ၏ ခွန်အားသည် အဆင့် (၅၀) အရှင်နှင့် ယှဥ်နိုင်ရုံမျှသာရှိသည်။ အရှင်နှင့် အဆင့်မြင့်အရှင်ကြား တစ်ဆင့်သာကွာခြားသော်ငြား အဆင့် (၅၀) သည် မွန်းစတားများအတွက် အဓိကအချိုးအကွေးကြီးတစ်ခုဖြစ်သည်။ အဆင့် (၅၀) အရှင်သည် အဆင့် (၄၉) အရှင်တစ်ပါးထက် သိသိသာသာပိုသန်မာ၏။ ပုံမှန်ဆို အဆင့် (၅၀) အလွှာနှစ်ရှေးစစ်သည်တော်များက အဆင့် (၅၀) မဟူရာရွှေချပ်ဝတ်တန်ဆာအစုံအပြည့်ကို ဝတ်ဆင်ပြီးမှသာလျှင် အဆင့် (၅၀) အရှင်၏ခွန်အားနှင့် ယှဥ်နိုင်တာပဲဖြစ်၏။ တူညီသောရလဒ်ကို လုပ်ဆောင်နိုင်ရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ကောင်းကင်နဂါးဝင်သက်ငွေ့နှင့် သူပိုင်ဆိုင်ထားသော အံ့ဖွယ်လက်နက်များ၊ ချပ်ဝတ်တန်ဆာများစွာကြောင့်ပဲ ဖြစ်သည်။
ထို့ကြောင့် သူသည် ရှေးစစ်သည်တော်စကေးအသုံးမပြုဘဲ အဆင့်(၅၀) အဆင့်မြင့်အရှင်၏ခွန်အားကို ပိုင်ဆိုင်နေတာ အမှန်တကယ်မယုံနိုင်စရာ ကောင်းလှပေ၏။
အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်က တကယ်အံ့သြဖို့ကောင်းတာပဲ။ နှစ်ခုဝတ်ဆင်ရုံနဲ့ ငါဒီလောက်ကြီး သန်မာလာတယ်။ ဒဏ္ဍာရီအိုင်တမ်ရှိတဲ့သူတွေနဲ့ အပိုင်းအစဒဏ္ဍာရီလာအပိုင်းအစအများကြီးရှိတဲ့သူတွေ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းမလဲဆိုတာ တကယ်သိချင်စရာပဲ။ ရှီဖုန်းက သက်ပြင်းချလာပြီးနောက် ထိုအတွေးက စိတ်ထဲ၌ပေါ်လာတော့သည်။
သူ့ခွန်အား ဒီလောက်မြင့်နေတယ်ဆိုတော့ သူ ရှေးစစ်သည်တော်စကေး အသက်သွင်းထားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ငါဘာကြောင့် လက္ခာဏာတစ်ရပ်မှ မတွေ့ရတာလဲ။
ဝတ်ရုံနက်ရိန်းဂျားက ရှီဖုန်းကိုစိုက်ကြည့်ပြီး စိတ်ရှုပ်ထွေးသွားလေ၏။ သို့သော်ငြား သူ့စိတ်ထဲကအတွေးကို ဖယ်ရှားလိုက်သည်။
ထားလိုက်တော့။ သူမှာ အဓိပ္ပါယ်မရှိတဲ့ မြင့်မားလှတဲ့ခွန်အားရှိနေရင်တောင် အဆုံးမှာတော့ သူက ကစားသမားတစ်ယောက်ထဲပဲလေ။ ငါတို့ရဲ့ တိုက်ခိုက်မှုတွေကို အကြိမ်ပေါင်းများစွာ ခုခံနိုင်မှာမဟုတ်ဘူး။
” ဒုတိယ MT အဖွဲ့ တက်ကြ … ပထမအဖွဲ့က သူ့ကို အာရုံလွဲထားတုန်း မင်းတို့ ပူးပေါင်းတိုက်ခိုက်ကြ … မင်းတို့ရဲ့ အသက်ကယ်စကေးတွေနဲ့ ရှေးစစ်သည်တော်စကေးတွေအားလုံးကို အသက်သွင်းထား … ကုသသူတွေ မင်းတို့အားလုံးအာရုံစိုက်ထားကြ … ရိန်းဂျားကစားသမားတွေ စတိုက်ခိုက်ကြတော့ … သူဘယ်လောက်ကြာကြာခံမလဲဆိုတာ မြင်ချင်တယ် … ”
ချက်ချင်းပင် အစောင့်အရှောက်သူရဲကောင်းသုံးဦးသည် ရှေ့သို့ တက်သွားလိုက်၏။ ဒိုင်းစစ်သည်တော်သုံးဦးနှင့်လက်တွဲပြီး MT ခြောက်ယောက်က သူတို့၏ ရှေးစစ်သည်တော်စကေးများ၊ အသက်ကယ်စကေးများ ထုတ်ဖော်လျက် အရပ်မျက်နှာအနှံကနေ ပူးပေါင်းတိုက်ခိုက်တော့၏။
တစ်ဆက်ထဲ မလှမ်းမကမ်းကနေရပ်နေသော အကွာအဝေးကျယ်ကစားသမားတစ်ဒါဇင်ကျော်ကလည်း တိုက်ခိုက်ကြ၏။ ကောင်းကင်ထဲ၌ ဂါထာများ၊ မြားများပြည့်သွားတော့သည်။
အခု ငါအစောပိုင်းခန့်မှန်းချက်ပြီးသွားပြီ။ အခု ဒီတိုက်ပွဲကို ဆက်ရမဲ့အချိန်ပဲ။
ရှီဖုန်းသည် HP ငါးသောင်းကျော်ရှိသည့် MT ခြောက်ယောက်ကို တစ်ချက်ကြည့်လိုက်၏။ သူက ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် သူ၏ ခွန်အားက (၁၅၀) ရာခိုင်နှုန်း၊ HP (၅၀၀) ရာခိုင်နှုန်း၊ ခုခံမှု (၃၀၀) ရာခိုင်နှုန်းတိုးသွား၏။
ပြီးနောက် ရှေးတစ်လှမ်းတိုးကာ ကိုယ်ပျောက်သွားတော့သည်။
” သူဘယ်ရောက်သွားတာလဲ … ”
ဝတ်ရုံနက်ရိန်းဂျားက လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် သူအားစိုက်ထုတ်သော်ငြား ရှီဖုန်း၏ အရိပ်အယောင်ကို သူရှာမတွေ့ခဲ့ပေ။
ကျန်သည့်ကစားသမားများကလည်း ကြောင်အသည့်အမူအရာရှိနေ၏။ သူတို့သည် ခြေရာလက်ရာမကျန်ဘဲ အရှင်လက်လက်အသက်ရှုနေသည့်လူသားတစ်ယောက် မည်ကဲ့သို့ပျောက်သွားလဲဆိုတာ သိချင်နေကြသည်။
လူအုပ်ကြီးက ရှီဖုန်းကိုရှာနေကြစဥ် MT ခြောက်ယောက်က ရုတ်တရက်လဲပြိုကာ သူတို့ခန္ဓာကိုယ်ကနေ သွေးများထွက်လာ၏။
” ဘယ်လို … ”
ဝတ်ရုံနက်ရိန်းဂျားက ရှီဖုန်း ပေါ်လာပြီး MT များပြိုလဲသွားတာကိုမြင်သည့်အချိန်၌ ပင့်သက်ရှိုက်မိသွားသည်။ သူ့စိတ်က ဘာဖြစ်သွားမှန်းမတွေးနိုင်တော့ပေ။
သူဘာလုပ်လိုက်တာလဲ။