ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1263 ပင်လယ်ပြင်၌ နာမည်ကျော်ကြားလာခြင်း
သန္တာကျောက်တန်းများ၊ ပုလဲများကျန်သည့် အဖိုးတန်ကုန်ကြမ်းများအတွက် နာမည်ကျော်ကြားသည့် သန္တာကျောက်တန်းပင်လယ်သည် အဆင့် (၄၀) မှ အဆင့် (၅၅) အရင်းအမြစ် မြင့်မားသောမြေပုံတစ်ချပ်ဖြစ်၏။
သန္တာကျောက်တန်းကျွန်းနှင့် မလှမ်းမကမ်း၌ စပိဘုတ်တစ်ဒါဇင်ခန့်က အဆင့် (၅၃) ပင်လယ်မွန်းစတားတစ်ကောင်ကို ဝန်းရံထားလေ၏။ သာမန်မွန်းစတားများနှင့်မတူဘဲ ယင်းက ဘော့စ်တစ်ကောင်ဖြစ်ပြီး မျိုးနွယ်စုအကြီးအကဲအဆင့် ပင်လယ်မွန်းတစ်ကောင် ဖြစ်သည်။ ယင်းက သန္တာကျောက်တန်းပင်လယ်၏ အရှင်သခင်များထဲမှတစ်ဦးလည်း ဖြစ်သည်။ ယခုအချိန်တွင် ထိုအရှင်သခင်က HP အနည်းငယ်သာကျန်တော့၏။
” သူ့ HP က (၂၀) ရာခိုင်နှုန်းရောက်နေပြီ … အဆင့်မြင့်စပိဘုတ်တွေ နောက်ဆုတ် … ကြေးနီစပိဘုတ်ကို အမာခံတိုက်ခိုင်းလိုက် … ”
စီနီယာသည် အဖွဲ့လိုက်စကားပြောခန်းကနေ အမိန့်ပေးလိုက်၏။
လွတ်လပ်ခြင်းမဟာမိတ်သည် အဆင့်တက်ခြင်းမြေပုံများကို ခွဲဝေပေးပြီးနောက် အဋ္ဌမမြောက်ရေတပ်သင်္ဘောအစု အဖွဲ့ဝင်များသည် သန္တာကျောက်တန်းပင်လယ်ဆီ ခရီးနင်ကြပြီး အဆင့်တက်ရန်အတွက် ပဲ့တင်သံကျောက်ကမ်းပါးဆီသို့သွားကြ၏။ သူတို့ပြုလုပ်ရန် ပထမဆုံးအရာက မြေပုံ၏ ကွင်ပြင်ဘော့၀်များကို သတ်ဖြတ်ရန်ဖြစ်သည်။
ထိုမြေပုံများဆီ သွားလာစဥ်၌ သူတို့သင်္ဘောများ၏ ဘေးကင်းမှုကို အာမခံနိုင်သည့် ပထမဆုံးအကြောင်းအရင်းမှာ သူတို့၏ အဖွဲ့ဝင်များသည် မြို့များသို့ အလွယ်တကူ သွားနိုင်ပြီး အဆင့်တက်ခဲ့သောကြောင့် ဖြစ်သည်။
ဒုတိယအကြောင်းအရင်းက ထိုဘော့စ်များကျလာသည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ရယူရန်အတွက် ဖြစ်သည်။
မြေပုံတိုင်းက ကွင်းပြင်ဘော့စ်အရေအတွက်ကို ကန့်သတ်ထား၏။ ဘော့စ်များအသတ်ခံရပြီးသည်နှင့် သူတို့သည် ပြန်လည်ပေါက်ဖွားရန် နှစ်ရက်ကနေ သုံးရက်အချိန်ယူရပေလိမ့်မည်။ ကစားသမားတိုင်းက ထိုဘော့စ်များကို သတ်လိုက်ချိန်တိုင်းတွင် သူတို့က ထိပ်တန်းအဆင့်လက်နက်နှင့် ချပ်ဝတ်တန်ဆာများက သူတို့ ပြန်လည်ပေါက်ဖွားလာချိန်၌ ကျလာတာနည်းသွားမည်။ ထို့ကြောင့် ဧရိယာ၏ အဓိကအင်အားစုများသည် ကွင်းပြင်ဘော့စ်တစ်ကောင်ကို ရှာတွေ့သည့်အချိန်၌ ၎င်းကို ချက်ချင်းသတ်ဖြတ်ကြ၏။ ထိုအကြောင်းအရင်းကြောင့် အဆင့်တက်မြေပုံ၌ အငြင်းပွားမှုက တွေ့နေကြဖြစ်နေ၏။
တစ်ကိုယ်တော်ကစားသမားများ ဖြတ်သန်းသွားစဥ် သူတို့က အဋ္ဌမမြောက်ရေတပ်သင်္ဘောကို ထိတ်လန့်မှုအားကျမှုတို့ဖြင့် ကြည့်နေလေ၏။
” လွတ်လပ်ခြင်းမဟာမိတ်ရဲ့ အဋ္ဌမမြောက်ရေတပ်သင်္ဘောအစုက သိပ်ကိုသန်မာလွန်တာပဲ … သူတို့တွေက ရောက်တာမကြာသေးတဲ့ လက်တံကိုးခုကင်းမွန်ကို တကယ်ကြီးစိန်ခေါ်နေတယ် … လွတ်လပ်ခြင်းမဟာမိတ်ရဲ့ ဒုတိယမြောက်ရေတပ်သင်္ဘောကတောင် ဒီဘော့စ်ကို တစ်ခါမှစိန်မခေါ်ရဲဘူး … ”
“မကြားဖူးလား … လွတ်လပ်ခြင်းမဟာမိတ်ရဲ့ အဆင့်သတ်မှတ်ချက်မှာ ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့တယ်လေ … လက်ရှိ အဋ္ဌမမြောက်ရေတပ်သင်္ဘောက ဒုတိယအသန်မာဆုံးလေ … ဒုတိယမြောက် ရေတပ်သင်္ဘောက အဆင့်တစ်ဆယ်ဖြစ်သွားတာ … ”
” ဒီတစ်ခေါက် ငါတို့တကယ်ကံကောင်းတယ် … သူတို့က လက်တံကိုးခုကင်းမွန်ကို သတ်ခဲ့မယ်ဆိုရင် သန္တာကျောက်တန်းကျွန်းကို သွားဖို့ ပိုလွယ်ကူသွားလိမ့်မယ် … ”
ဖြတ်သန်းသွားလာသည့် ကစားသမားများက တိုက်ပွဲကိုကြည့်နေစဥ် ပြောဆိုနေကြ၏။
လက်တံကိုးခုကင်းမွန်သည် သန္တာကျောက်တန်းပင်လယ်၏ အရှင်သခင်များထဲမှတစ်ဦး ဖြစ်ရုံသာမက သန္တာကျောက်တန်းကျွန်း၏ ဂိတ်စောင့်လဲဖြစ်သည်။ သန္တာကျောက်တန်းကျွန်းက ၎င်း၏ ရှေးအပျက်အစီးများကြောင့် တန်ဖိုးရှိသည့်တည်နေရာတစ်ခု ဖြစ်သည်။ ထိုရှေးအပျက်အစီးများတွင် ရတနာများစွာနှင့် ထိပ်တန်းအလွှာရတနာများစွာကို ရယူနိုင်၏။ သို့သော်ငြား ကစားသမားများသည် လက်တံကိုးခုကင်းမွန်ကို ဖြတ်ကျော်ပြီးမှ သန္တာကျောက်တန်းကျွန်းကို ရောက်တာဖြစ်သည်။
အချိန်တချို့ကြာပြီးနောက် လက်တံကိုးခုကင်းမွန်က ကျုံ့သွားပြီး သူ၏ ခန္ဓာကိုယ်က မြေပြင်နှင့်ရိုက်မိသွားတော့သည်။ ပြီးနောက် အိုင်တမ်များစွာက ၎င်း၏ အလောင်းနား၌ ကျလာတော့၏။
ပစ္စည်းများကိုမြင်သောအခါ ကြည့်နေသူများက သရေယိုကုန်၏။ လက်တံကိုးခုကင်းမွန်သည် ပထမဆုံးအကြိမ်အသတ်ခံရတာဖြစ်သောကြောင့် အိုင်တမ်များစွာကျ၏။ အနည်းဆုံးတော့ စုစုပေါင်းအိုင်တမ်ငါးဆယ်ရှိပေသည်။ ထို့အပြင် အိုင်တမ်တိုင်းက ထိပ်တန်းအဆင့်ဖြစ်သည်။ လေလံတင်ခဲ့မည်ဆိုလျှင် အိုင်တမ်များက ငွေကြေးများစွာဖြင့် အလွယ်တကူ ရောင်းထွက်နိုင်လောက်၏။ အဋ္ဌမမြောက်ရေတပ်သင်္ဘောသည် ထိုအိုင်တမ်များအတွက် သင့်တော်သည့်တန်ကြေးလည်း ပေးဆပ်ထားရသည်။ သူတို့သည် အဆင့်မြင့်စပိဘုတ်သုံးစင်းနှင့် သာမန်စပိဘုတ်ဆယ့်တစ်စင်းကိုဆုံးရှုံးခဲ့သည်။ ရေတပ်သင်္ဘော၏ ကြေးနီစပိဘုတ်များကလည်း ထိခိုက်မှုပမာဏ တော်တော်များများ ရရှိလိုက်၏။ ပြန်ပြင်စရိတ်ကုန်အုံးပေမည်။
သင်္ဘောများပြန်ပြင်စရိတ်က လက်နက်များပြန်ပြင်ခြင်းထက်ဈေးပိုများသည်။ ခံနိုင်ရည်တစ်ဝက်ဖြင့် သာမန်စပိဘုတ်တစ်စင်းဆိုလျှင်တောင် ပြန်ပြင်ရန် ရွှေပြားနှစ်ပြားသုံးပြားဝန်းကျင်ကျသင့်၏။ အဆင့်မြင့်စပိဘုတ်သည် ရွှေပြားဆယ်ပြားမှ ပြားနှစ်ဆယ်အထိ ကျသင့်နိုင်သည်။ ပြောရင်မလိုပေ ကြေးနီစပိဘုတ်က ပိုတောင်ဈေးကြီးပေ၏။ ထို့အပြင် အဆင့်မြင့်သင်္ဘောကလည်း ပိုဆိုးသေးသည်။
” တစ်ယောက်ယောက်က ပစ္စည်းတွေစုဆောင်းလိုက် … အားလုံးပဲ အနားယူထားအုံး … မကြာခင်မှာ သန္တာကျောက်တန်းကျွန်းကို ကမ်းကပ်မယ် … ”
ရွက်တစ်ရာက အမိန့်ပေးလိုက်သည်။ ပြီးနောက် ဦးလေးလီဆီမှ ဆက်သွယ်တာကို သတိပြုမိလိုက်၏။ စိတ်လှုပ်ရှားသည့်အမူအရာဖြင့် ဖုန်းကိုလက်ခံကာမေးလိုက်တော့၏။
” ဦးလေးလီ ပြဿနာဖြေရှင်းပြီးသွားပြီလား … ”
သူမက စိုးရိမ်ပူပန်နေသောကြောင့် ဦးလေးလီ၏ ပါတီကိုပို့လိုက်ပြီးသည်နှင့် ရှီဖုန်းက အသက်ရှင်ရန် မျှော်လင့်ချက်မရှိတော့ပေ။ ဦးလေးလီသည် သူ၏ အောင်မြင်မှုကို သတင်းပို့ရန်အတွက် သူ့ကို ဆက်သွယ်တာပဲဖြစ်ရမည်။
” မဖြေရှင်းရသေးဘူး … လုပ်ကြံသတ်ဖြတ်တာ ကျရှုံးသွားတယ် … ”
ဦးလေးလီက ပြောပြီး ခေါင်းခါလိုက်၏။
” ကျရှုံးတယ်လား … ”
ရွက်တစ်ရာက မှင်တက်သွားလေ၏။ သူမက အလျင်အမြန်ပင်တုံ့ပြန်ပြီး မေးလိုက်တော့သည်။
” သူက အဲ့လောက်သန်မာတယ်လား … ”
ဦးလေးလီသည် မြင့်မြတ်သောဘုရားကျောင်း၏ နံပါတ်တစ်ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်ရေးသမား ဖြစ်သည်။
ကွယ်ပျောက်ခြင်းတိမ်နှင့် ဖျက်လတ်ခြင်းမိုးကြိုးနတ်ဘုရားက ပိုင်နက်နယ်ပယ် ကျွမ်းကျင်သူများတောင် သင်ယူရန် ရုန်းကန်ရသည့် အဆင့်မြင့်နည်းစနစ်များ ဖြစ်သည်။ ဖျတ်လတ်ခြင်းမိုးကြိုးနတ်ဘုရားသည် အနီးကပ်တိုက်ပွဲဝင်ရာ၌ လူတစ်ယောက်ကို ပြိုင်ဘက်ကင်းစေကာ တိုက်ကွက်ဖလှယ်မှုတိုင်းတွင် ကစားသမားကို အသာစီးရစေသည်။
“အဲလိုမဟုတ်ဘူး … ငါတို့တိုက်ခိုက်တဲ့အချိန် သူ့ရဲ့အဖော်အပေါင်းတွေက သူ့ကို လာကာကွယ်ကြတယ် … ”
ဦးလေးလီသည် မီးလျှံကကြိုးအကြောင်း တွေစမိသောအခါ သူ ထိုအမျိုးသမီးကို မခေါ်နိုင်သည့်အတွက် စိတ်ပျက်သွားလေ၏။
“ဦးလေးလီ နောက်ထပ်လုပ်ကြံသတ်ဖြတ်ဖို့အတွက် လိုအပ်တာ ဘာပဲဖြစ်ဖြစ်ပြောပါ … ဦးလေးကို ကူညီပေးဖို့အတွက် အခြားလုပ်ကြံသတ်ဖြတ်ရေးကျွမ်းကျင်သူတွေကို ငှားပေးနိုင်တယ် … ”
ရှီဖုန်း၏ အသင်းဖော်များအကြောင်း ကြားပြီးနောက် ရွက်တစ်ရာသည် ဖြစ်ပျက်ခဲ့ပုံကို အကြမ်းမျဥ်းခန့်မှန်းလိုက်မိ၏။
ပုံမှန်ဆို လုပ်ကြံသတ်ဖြတ်ခြင်းကြိုးပန်းမှုများကို ဂရုတစိုက်ပြင်ဆင်ထား၏။ မထင်ထားသည့်အချက်က အောင်မြင်နိုင်ခြေကို သိသိသာသာ လျော့သွားစေသည်။
ကံဆိုးသည်မှာ ယခုက ပထမဆုံးကြိုးပန်းမှု ကျရှုံးသောကြောင့် ရှီဖုန်းက သတိထားမည်ဖြစ်ပြီး ဓားသမားကိုသတ်ရန်က ပိုတောင်ခက်ခဲသွားလိမ့်မည်။
” ငါ အစည်းအရုံးခေါင်းဆောင်နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပြီ … ဒီတာဝန်ကို ခဏလောက် လက်လျှော့ဖို့သဘောတူထားတယ် … ”
ဦးလေးလီက ပြောလိုက်၏။
” လက်လျှော့မှာလား … ဘာကြောင့်လဲ … ”
ရွက်တစ်ရာက မေးလိုက်သည်။
” ပစ်မှတ်နဲ့ သူအဖော်တွေက အစွမ်းထက်လွန်းတယ် … သူတို့ကို စူပါအင်အားစုတစ်ခုက ပံ့ပိုးပေးထားတာလို့ ယုံကြည်တယ် … ဘယ်အင်အားစုက တိတ်တဆိတ်လှုပ်ရှားနေမှန်း မသိပေမဲ့ ငါတို့ မြင့်မြတ်သောဘုရားကျောင်းကလည်း အခြားကိစ္စတွေ လုပ်စရာရှိသေးတယ် … နောက်ထပ် အင်အားစုတစ်စုနဲ့တိုက်ခိုက်ဖို့ စွမ်းအင်လုံလုံလောက်လောက်မရှိဘူး … ”
ဦးလေးလီက လေးနက်တည်ကြည်စွာပြောလိုက်၏။
” ငါတို့အစည်းအရုံးခေါင်းဆောင်က သူတို့ကို လျစ်လျူရှုထားဖို့ ယာယီဆုံးဖြတ်လိုက်တယ် … လွတ်လပ်ခြင်းမဟာမိတ်ကို ထိန်းချုပ်ပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်မယ် … ”
” အစည်းအရုံးခေါင်းဆောင်က အဲ့လိုပြောတယ်လား … ”
ရွက်တစ်ရာသည် တွေဝေနေသော်ငြား အစည်းအရုံးခေါင်းဆောင်ပြောတာကို နာခံရပေမည်။
” ကျွန်မ နားလည်ပါပြီ … နောက်ထပ်ပြိုင်ပွဲကြ ပထမရေတပ်သင်္ဘောနေရာကို ရအောင်ယူရမယ် … ”
” အား ဟုတ်ပြီ … ပြီးတော့ ပစ်မှတ်က ပင်လယ်များ၏အိမ်ကိုလည်း စစ်ကြေညာသွားသေးတယ် … ဒီကိစ္စမှာ မင်းဝင်မစွပ်ဖတ်နဲ့ … သူတို့ဘာသာဖြေရှင်းကြပါစေ … ”
ဦးလေးလီက သူမကို သတိပေးပြီးနောက် ဖုန်းချသွား၏။
” သူက ပင်လယ်များ၏အိမ်ကို စစ်ကြေညာခဲ့တာလား … ဘာကြောင့်လဲ သူစိတ်လွတ်သွားပြီလား … ”
ရွက်တစ်ရာက ပင့်သက်ရှိုက်မိသွားပြီး သူမ နားကြားမှားသလားဟု တွေးမိနေ၏။
ပင်လယ်များ၏အိမ်သည် လွတ်လပ်ခြင်းမဟာမိတ်တစ်ခုလုံးထက်တောင် ပိုသန်မာပြီး အဓိကကော်ပိုရေးရှင်းတစ်ခု၏ ထောက်ပံ့မှုလည်း ရှိနေသည်။ ဘဏ္ဍာရေးခွန်အားနှင့် လူ့စွမ်းအား နှစ်မျိုးလုံးကြွယ်ဝ၏။ ထို့အပြင် ၎င်းက စူပါပထမတန်းအစည်းအရုံးများလောက် အစွမ်းမထက်သော်ငြား ပင်လယ်၏အဆုံးရှိ အခြေအနေကြောင့် ၎င်းသည် ဝါရင့်ပထမတန်းအစည်းအရုံးများထက် ပိုသန်မာသည်။
ထိုသို့တိုင် ရှီဖုန်းက အစည်းအရုံးကို ပွင့်ပွင့်လင်စလင်းစစ်ကြေညာခဲ့သည်။
ရှီဖုန်းက ရဲရင့်သည်လော သို့မဟုတ် အရူးများလားဆိုတာ သူမ သေချာမသိပေ။
ချက်ချင်းပင် ရွက်တစ်ရာက ထိုကိစ္စကို စစ်ဆေးခိုင်းလိုက်တော့၏။ သူမက လက်တံကိုးခုကင်းမွန်နှင့် ရင်ဆိုင်တိုက်ခိုက်သည့်တိုက်ပွဲကို အာရုံစိုက်နေခဲ့ရ၏။ ထိုကြောင့် တိုက်ပွဲအပြင်ဘက်ရှိ အကြောင်းအရာများကို မသိပေ။
” အဲဒီလူက ဘယ်သူလဲ … ”
ရွက်တစ်ရာသည် သူမ၏ လက်အောက်ငယ်သားများ စုဆောင်းလာသည့် အချက်အလက်များကို ရသောအခါ အံ့သြသွားလေ၏။
ရှီဖုန်းက တကယ်ရဲတင်းလွန်းတာပဲ။ သူက ပင်လယ်များ၏အိမ်ကို တိုက်ခိုက်ဖို့ရည်ရွယ်ထားတာကို။
ထိုစဥ် ပင်လယ်များ၏အိမ် ပင်မဌာနချုပ်ထဲ၌ မုန်တိုင်းဝင်နေလေ၏။
” ကောင်းရော … ကစားသမားတစ်ယောက်က ပင်လယ်များ၏အိမ်ကို စစ်ကြေညာခဲ့တယ် … အခု ငါတို့ ပင်လယ်၏အဆုံးမှာ ဟာတိုက်စရာတစ်ခု ဖြစ်နေပြီ … ပြောလိုက် ငါတို့မှာ ရှိသမျှအကုန်သုံးပြီး လေမုန်တိုင်းမြို့ကိုသွားရမယ် … ငါသူ့ကို ဖြေရှင်းချင်တယ် … သွေးသောက်တပ်မဟာကိုပို့ပြီး သူ့ကို မျက်စိထောင့်ထောက်ကြည့်ခိုင်းထားလိုက် … သူမြို့အပြင်ကို ခြေချပြီဆိုတာနဲ့ သူ့ကိုသတ် … ပင်လယ်၏အဆုံးက လူတိုင်းကို သိစေချင်တယ် … ပင်များ၏အိမ်ကို ရန်စတဲ့သူတွေ ဘယ်တော့မှလွတ်လမ်းမရှိဘူး … ”
ပင်လယ်များ၏အိမ် အစည်းအရုံးခေါင်းဆောင် အာဏာရှင်မြွေနဂါးသည် တရားဝင်ဖိုရမ်ပေါ်ရှိ စစ်ကြေညာသော ဗွီဒီယိုကိုကြည့်ပြီး ဒေါသတကြီးရယ်လိုက်၏။
” သူက ပင်လယ်နတ်ဘုရား၏ ကောင်းချီးကို ရောင်းချင်တယ်ဆိုတော့ ငါတို့ သူ့ကို အခွင့်အရေးပေးရမှာပေါ့ … အခုကစပြီး ငါတို့ရဲ့ဆိုင်တိုင်းမှာ ပင်လယ်နတ်ဘုရား၏ ကောင်းချီးတွေ ရောင်းလိုက် … တစ်ပုလင်းကို ရွှေပြားတစ်ပြားနဲ့ရောင်း … သူက လက်တလောမှာ ပမာဏအများကြီးဝယ်ထားတာမဟုတ်ဘူးလား … သူ ပိုက်ဆံဘယ်လောက်များများ အရှုံးခံမလဲဆိုတာ ငါမြင်ချင်တယ် … “