ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1267 ကြောက်မက်ဖွယ်ကောင်းသော လွှမ်းမိုးမှု
” ပင်လယ်များ၏အိမ်က အတော်လေးရဲတင်းတာပဲ … ”
ရှီဖုန်းက ရေရွတ်ပြောလိုက်ကာ မီးလျှံကကြိုး သူ့အား ပေးသည့်အချက်အလက်ကို ဖတ်မိချိန်၌ မနစ်မြို့စွာ ပြုံးလိုက်လေ၏။
” သူတို့တွေ ဒေဝါလီခံရမှာကို မကြောက်ဖူးလား … ”
ပင်လယ်နတ်ဘုရားကောင်းချီးကို တစ်ပုလင်းရွှေပြားတစ်ပြားဖြင့် ရောင်းချခြင်းက ရူးမိုက်သည့်လုပ်ရပ်သာ ဖြစ်သည်။ ရန်သူကိုထိခိုက်အောင်လုပ်ခြင်းထက် ကိုယ့်ကိုကို ထိခိုက်အောင်လုပ်ခြင်းနှင့် တူပေ၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် နှစ်ဖက်လုံးအကျိုးရှိမှာမဟုတ်ပေ။
ပင်လယ်များ၏အိမ်သည် ၎င်း၏ ဆုံးရှုံးကို ပြန်ဖြည့်တင်းနိုင်အောင် ကြိုးစားနေစဥ် ယှဥ်ပြိုင်မှုရှုံးနိမ့်သွားပါက အားစိုက်ထုတ်မှုများ အချည်းနှီးဖြစ်သွားလိမ့်မည်။
အမျိုးမျိုးသောအင်ပါယာများရှိ ဈေးဆိုင်ထဲ၌ ဆေးရည်များကို ရောင်းချနိုင်သော ပင်လယ်များ၏အိမ်နှင့်မတူဘဲ ရှီဖုန်းက အရေးနိမ့်နေသည်။ သူသည် ပင်လယ်နတ်ဘုရားကောင်းချီးကို လေလံအိမ်တော်၌ ရွှေပြားတစ်ပြားငွေပြားနှစ်ပြားဖြင့်သာ ရောင်းချနိုင်၏။ ထိုသို့ဆိုလျှင် သူက နေ့စဥ်နေ့တိုင်း ပင်လယ်နတ်ဘုရားကောင်းချီးအနည်းငယ်သာ ရောင်းချနိုင်မှာဖြစ်သည်။ သူပိုက်ဆံမရှာနိုင်သလောက်ဖြစ်လိမ့်မည်။
“အစည်းအရုံးခေါင်းဆောင် ကျွန်မတို့တွေ ပင်လယ်နတ်ဘုရားကောင်းချီးကို ဆက်ရောင်းနေအုံးမှာလား … ”
မီးလျှံကကြိုးက မေးလိုက်တော့၏။
” ဒါပေါ့ ရောင်းမှာပေါ့ … ပင်လယ်များ၏အိမ်က ခါးသက်တဲ့အဆုံးသတ်အထိ တိုက်ခိုက်ချင်နေတယ်ဆိုမှတော့ သူတို့ ဒါကို ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲဆိုတာ မြင်ချင်တယ် … ”
ရှီဖုန်းကပြောပြီး စိတ်ထဲမထားဘဲ ပြုံးလိုက်လေ၏။
” အစည်းအရုံးကနေ ယုံကြည်ရတဲ့ လုပ်ကြံသူတစ်ဖွဲ့ကို ဒီကိုပို့လိုက် … ပြီးရင် အင်ပါယာအသီးသီးမှာ ပင်လယ်နတ်ဘုရားကောင်းချီးတွေကို ရောင်းခိုင်းလိုက် … ငါတို့တွေက တစ်ပုလင်းကို ငွေပြားခြောက်ဆယ်နဲ့ပဲ ရောင်းမယ် … အင်ပါယာတစ်ခုကို တစ်ရက်မှာ ပုလင်းသုံးထောင်ပဲ ရောင်းမယ် … သုံးယောက်တစ်စုဆီ စုခိုင်းပြီး လူလှဲပြီး အလုပ်လုပ်ခိုင်း … တခြားသူတွေကိုလည်း လူခွဲပြီး အပိုင်းအစတွေဝယ်ဖို့အတွက် ပင်လယ်၏အဆုံးဆီက မြို့တွေဆီသွားခိုင်းလိုက် … ပင်လယ်များ၏အိမ်က တစ်စုကိုငွေပြားလေးပြားနဲ့ ဝယ်နေတယ်ဆိုတော့ … ငါတို့တွေက အပိုင်းအစတွေကို တစ်စုကို ငွေပြားငါးပြားနဲ့ဝယ်မယ် … ပင်လယ်များ၏အိမ်ထက် ငါတို့ရဲ့တန်ကြေးကို ငွေပြားတစ်ပြားပိုမြင့်အောင်ထားလိုက် … ”
ကျန်သည့်ကစားသမားများအဖို့ ပင်လယ်နတ်ဘုရားကောင်းချီးကို တစ်ပုလင်းငွေပြားခြောက်ဆယ်ဖြင့် ရောင်းချခြင်းသည် ဆုံးရှုံးမှုဖြစ်စေ၏။ ကံကောင်းသည်မှာ ရှီဖုန်းအတွက်မူ မဖြစ်ပေ။ သူက ရုမ်းအပိုင်းအစများကို တစ်စုလျှင် ငွေပြားငါးပြားဖြင့်ဝယ်ယူခဲ့လျှင် သူက ကုန်ကျစရိတ်ငွေပြားဆယ့်နှစ်ပြားသာရှိပြီး ပင်လယ်နတ်ဘုရားကောင်းချီးတစ်ပုလင်းအတွက် ကြေးပြားငါးဆယ်သာ ကုန်ကျသည်။ တစ်ပုလင်းကို ငွေပြားခြောက်ဆယ်ဖြင့်ရောင်းချခြင်းဖြင့် သူက အကျိုးအမြတ်သိပ်မရပေ။ ထိုသို့တိုင် မြတ်နေသေးဆဲဖြစ်၏။
ပင်လယ်များ၏အိမ်သည် မှားယွင်းသည့်ကစားသမားနှင့် တိုက်ခိုက်မိသည့်အတွက် သူတို့ကိုသူတို့ အပြစ်တင်ရုံသာတက်နိုင်ပေသည်။
” နားလည်ပါပြီ … ”
မီးလျှံကကြိုးက ပြုံးလိုက်၏။
ပင်လယ်များ၏အိမ်က သူတို့ကို သင့်တော်စွာ စိန်ခေါ်ရန် ရွေးချယ်ခဲ့လျှင် နှစ်ဖက်လုံးအကျိုးရှိပေလိမ့်မည်။ သို့သော် ယခု ပင်လယ်များ၏အိမ်က သူတို့ခြေထောက် သူတို့ပစ်ချလိုက်တာပဲ ဖြစ်သည်။
ပြီးနောက် မီးလျှံကကြိုးသည် အစည်းအရုံး၏ လက်ရွေးစင်လုပ်ကြံသတ်ဖြတ်ရေးကစားသမားများကို ဆက်သွယ်ပြီးနောက် လေမုန်တိုင်းမြို့သို့ အမြန်လာခိုင်းလိုက်သည်။ ပြီးနောက် ရှီဖုန်းက ပင်လယ်နတ်ဘုရားကောင်းချီးပုလင်းလေးထောင်ကို မြစ်ဖြူမြို့ဆီ သယ်သွား၏။ သူက ၎င်းတို့ကို အစည်းအရုံးသိုလှောင်ရုံထဲတွင်ထားပြီး အစည်းအရုံး၏ပင်မအဖွဲ့ဝင်များကို ဆေးရည်အတွက် ၎င်းတို့၏ အစည်းအရုံးထောက်ပံ့ရေးအမှတ်များဖြင့် လဲလှယ်ခွင့်ပေးထား၏။ တစ်ချိန်ထဲတွင် သူက နဂါးသွေးကိုရှာဖွေရန် ရည်ရွယ်ထားလေသည်။
နဂါးသွေးကို နဂါးဆေးပင်ဟူ၍လည်း သိကြသည်။ ယင်းက အင်မတန်ရှားပါး၏။ ပင်လယ်၏အဆုံးကို ပိုက်စိပ်တိုက်ရှာလျှင်တောင် တွေ့မှာမဟုတ်ပေ။ ပုံမှန်ဆို ဆေးပင်များထုတ်လုပ်နိုင်သည့် တိုင်းပြည်ကြီးများနှင့် အင်ပါယာများတွင်သာ ဖူးပွင့်နိုင်သည့် ရတနာတစ်ပါးဖြစ်သည်။ ဆေးပင်ကိုရရန်အတွက် ကစားသမားတစ်ယောက်က ကံကောင်းရန်လိုအပ်သည်။
ရှီဖုန်းတောင် ဆေးပင်ကိုရချိန်၌ ခက်ခဲလှ၏။ ထို့ကြောင့် သူသည် ၎င်းကိုတန်ကြေးမြင့်မြင့်ဖြင့်ဝယ်နိုင်ရန် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို အားကိုးရပေမည်။ မဟုတ်လျှင် ကွင်းဆက်တာဝန်၏ နောက်တစ်ပိုင်းဆီသို့ သူဆက်သွားနိုင်တော့မှာ မဟုတ်ပေ။
မြစ်ဖြူမြို့၏ ပို့ဆောင်ရေးခန်းမတွင်ဖြစ်သည်။
ရှီဖုန်းသည် ပြန်ရောက်ခြင်းစာလိပ်ကို အသုံးပြုပြီးသည်နှင့် မြို့ထဲ၌ ကစားသမားများစွာကို တွေ့လိုက်ရသည်။ အနည်းဆုံးတော့ ယခင်ထက် ကစားသမားဦးရေနှစ်ဆရှိသည်။
သူတို့ထဲ၌ ကျန်သည့်တိုင်းပြည်များ အင်ပါယာများရှိ အစည်းအရုံးကြီးများ၏ အဖွဲ့ဝင်များရှိသည်။ သူတို့က ပို့ဆောင်ရေးခန်းမထဲ၌ ပထမတန်းအစည်းအရုံးဆယ့်လေးခု၏ အဖွဲ့ဝင်များကို တွေ့ခဲ့ရ၏။ တိုက်ပွဲဝင်ဝံပုလွေအဖွဲ့လည်း ရှိနေပေသည်။
ရှီဖုန်းက သူ သားရဲအင်ပါယာ၏ မြို့တော်ဆီသို့ နေရာရွေ့ပြောင်းမိလားဟု တွေးမိသွားသည်။
ဘာတွေဖြစ်ကုန်တာလဲ။ ရှီဖုန်းက အံ့သြသွားပြီးနောက် ပို့ဆောင်ရေးခန်းမကို လေ့လာလိုက်တော့သည်။
ရှီဖုန်းသည့် အဖြစ်အပျက်ကို မထုတ်ဖော်နိုင်ခင် ဖယောင်းတိုင်အလင်းလေလံပွဲအကြောင်း ကစားသမားများဆွေးနွေးတာကို ကြားလိုက်ရ၏။
“ဒီတစ်ခေါက် ဖယောင်းတိုင်အလင်းလေလံပွဲကို ကစားသမားတွေ တော်တော်များများ သွားမှာသေချာတယ် … ”
” နောက်နေတာမဟုတ်ဘူး … လေလံပွဲက တိုက်တန်၏ သူတော်စင်မြို့ဝင်ခွင့်နေရာတွေကို ပေးရုံတင်မကဘူး ကြေးနီစီးတော်ယာဥ်နဲ့ ကိုယ်ပိုင်အိမ်တွေလည်း ရောင်းချအုံးမှာ … သူတော်စင်မြို့ရဲ့နေရာ လူကြိုက်များမှုက ပြောဖို့တောင်မလိုဘူး … ပြီးတော့ ကစားသမားတိုင်းက ကိုယ်ပိုင်အိမ်တစ်လုံး လိုချင်နေတာလေ … သူတို့တွေက ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုမြင့်မားတဲ့ ပတ်ဝန်းကျင်မှာ လေ့ကျင့်နိုင်ရုံတင်မကဘူး ရှားပါးတဲ့အိုင်တမ်တွေရောင်းချတဲ့ NPC ဆိုင်တွေကလည်း အမြတ်ထုတ်လို့ရအုံးမယ် … ကျောက်တောမြို့နဲ့ အနီးအနားအဆင့်တက်မြေပုံကို ခရီးသွားရတာကလည်း အဆင်ပြေတယ် … ”
” အဟုတ်ပဲ … အစည်းအရုံးကြီးတွေအပြင် ကျော်ကြားတဲ့စွန့်စားသူအဖွဲ့ တော်တော်များများက လေလံပွဲကိုပါကြတယ် … သူတို့အားလုံးက ကျောက်တောမြို့ရဲ့ ကိုယ်ပိုင်အိမ်တစ်လုံးရဖို့ ဒီနေရာကိုရောက်လာတာလို့ကြားတယ် … ”
” အိမ်တွေအတွက် ကြမ်းခင်းဈေးက ရွှေပြားသုံးရာဖြစ်နေတာက နှမြောစရာပဲ … ဈေးသက်သာတယ်ဆိုရင် ငါ့အတွက်တောင် တစ်လုံးဝယ်အုံးမှာ … ”
” ဒါက ဈေးချိုတယ်လို့ သတ်မှတ်လို့ရနေပါပြီကွာ … ကျောက်တောမြို့က ကြယ်လတိုင်းပြည်နဲ့ အိမ်နီးချင်းတိုင်းပြည်တွေထဲမှာ ကစားသမားပိုင်တဲ့ နံပါတ်တစ် မြို့တစ်မြို့ပဲလေ … ”
ပို့ဆောင်ရေးခန်းမထဲရှိ ကစားသမားတိုင်းက ဖယောင်းတိုင်အလင်းလေလံပွဲနှင့် ကျောက်တောမြို့အကြောင်း ဆွေးနွေးနေကြသည်။ သူတို့က ကျောက်တောမြို့အကြောင်းပြောနေစဥ် သူတို့က လိုချင်တက်မတ်သည့် အမူအရာများရှိနေသည်။
ကျောက်တောမြို့က ဒီလောက်နာမည်ကြီးနေတာလား။ ရှီဖုန်းက အနည်းငယ် အံ့အားသင့်သွားလေသည်။
ကျောက်တောမြို့က တန်ဖိုးရှိသည့်နေရာဆိုတာ သူအသိအမှတ်ပြုသော်ငြား ကျန်သည့်တိုင်းပြည်များနှင့် အင်ပါယာများမှကစားသမားများစွာကို စွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားပေ။ ဆိုရလျှင် ကျောက်တောမြို့၏ တည်နေရာက တဖြေးဖြေးချင်းအကျိုးအမြတ်လျော့နည်းသွားမှာပဲ ဖြစ်သည်။ ကစားသမားအများစုက အဆင့် (၅၀) ကျော်သွားခဲ့လျှင် မြို့က ၎င်း၏ ယှဥ်ပြိုင်နိုင်မှု ဆုံးရှုံးသွားလိမ့်မည်။
ထိုအချိန်ရောက်လျှင် မြို့တွင်ရှိလာမည့် တစ်ခုတည်းသော အားသာချက်က မြို့၏ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုနှင့် NPC ဈေးဆိုင်၏ ရှားပါးသောအိုင်တမ်များသာ ဖြစ်သည်။
မြစ်ဖြူမြို့ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းတွင် ဖြစ်သည်။
ကစားသမားများက ခုနှစ်ထပ်တိုက်အဆောက်အဦ၏ ဝင်ပေါက်၌ပြည့်ကြပ်နေလေသည်။ မူလက ရွှေပြားဆယ်ပြားနှင့် အထက်ရှိသည့် ကစားသမားများသာလျှင် ဆိုင်ထဲဝင်နိုင်၏။ သို့သော် ပါဝင်လိုသူများ၏ မြင့်မားသောအရေအတွက်ကြောင့် ကုန်သွယ်ရေးလုပ်ငန်းသည် လိုအပ်ချက်ကို ရွှေပြားတစ်ရာမြင့်တင်လိုက်သည်။
ထိုသို့တိုင် လူတစ်သောင်းဝင်ဆန့်နိုင်သည့် လေလံပွဲခန်းမသည် ပြည့်ကြပ်နေ၏။ အထူးဧည့်သည်တော်အခန်းများကတောင် မလုံလောက်ပေ။ အစက အထူးဧည့်သည်တော်အခန်းများကို အသုံးပြုရန် ရွှေပြားတစ်ထောင်ကျော်သယ်လာသူများသာ အရည်အချင်းပြည့်မီ၏။ ယခုဆို ရွှေပြားတစ်သောင်းရှိသူများ သို့မဟုတ် စူပါအင်အားစုများမှ လူများသာ အခန်းကိုအသုံးပြုနိုင်၏။ ပထမတန်းအစည်းအရုံးအများစုက ရွှေပြားတစ်သောင်းမရှိပေ။ ထိုသို့တိုင် အထူးဧည့်သည်တော်သုံးဆယ် နေရာယူခံလိုက်ရ၏။
ဖယောင်းတိုင်အလင်းလေလံပွဲသည် လူတိုင်းထင်ထားသည်ထက် ပိုနာမည်ကျော်ကြားသည်။
လေလံပွဲကျင်းပသူ လွမ်းဆွေခြင်းအပြုံးကမူ အံ့သြဆွံ့အနေလေ၏။ သူမသည် မီကာမတ်တာလေလံပွဲတစ်ခုသာ ဖြစ်လိမ့်မည်ဟု တွေးခဲ့သော်ငြား ကစားသမားတစ်ယောက်ဦးစီးသည့်ဈေးဆိုင်က ကျင်းပသည့် မီကညမတ်တာလေလံပွဲတစ်ခုက စူပါအင်အားစုများစွာနှင့် နာမည်ကြီးစွန့်စားသူအဖွဲ့များစွာကို စွဲဆောင်နိုင်လိမ့်မည်ဆိုတာ ယုံကြည်ရခက်ခဲလေသည်။
လွမ်းဆွေးခြင်းအပြုံး တစ်ယောက်ထဲ အံ့သြနေတာမဟုတ်ပေ။ လေလံပွဲကိုလာရောက်ကြသည့် အင်အားစုအသီးသီးကတောင် ယှဥိပြိုင်သူများစွာကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွား၏။
ပုံမှန်ဆို စူပါအင်အားစုများ၏ လေလံပွဲများသာလျှင် အာရုံစိုက်မှုများစွာရတာဖြစ်သည်။ ထိုသို့တိုင် တည်ထောင်ခါစအစည်းအရုံးက တူညီသည့်ရလဒ်ရရှိသေး၏။ ထို့အပြင် ဤအင်အားစုများသည် သူတို့ကိုယ်ပိုင်စွမ်းအားဖြင့် ရောက်လာကြတာပဲ ဖြစ်သည်။ မည်သူကိုမှ ဖိတ်ထားတာမရှိပေ။
ထိုစဥ် ဒုတိယအလွှာ၏ အထူးဧည့်သည်တော်အခန်းထဲတွင်ဖြစ်၏။
” အစည်းအရုံးခေါင်းဆောင် ကျွန်မစစ်ဆေးပြီးပြီ … စူပါအစည်းအရုံးခုနှစ်ခုနဲ့ စူပါပထမတန်းအစည်းအရုံးတွေ တက်ရောက်ကြတယ် … အိမ်နီးချင်းတိုင်းပြည်တွေနဲ့ အင်ပါယာတွေက ပထမတန်းအစည်းအရုံးတိုင်း ဒီကိုရောက်နေတာ … ”
ခရမ်းမျက်ဝန်းက ဂလက်စီပါ့စ်ကို သတင်းပို့လိုက်၏။
” ဇီးရိုးဝင်းနဲ့ တကယ်မယှဥ်နိုင်ဘူးပဲ … ”
ဂလက်စီပါ့စ်သည် ပထမအလွှာခန်းမရှိ ကစားသမားပင်လယ်ကြီးကိုကြည့်ပြီး ခါးသက်စွာပြုံးလိုက်၏။
ဂလက်စီပါ့စ်သည် ကြယ်တာရာမဟာမိတ်ကို ပထမတန်းအစည်းအရုံးတစ်ခုဖြစ်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ သို့သော် ကြယ်တာရာမဟာမိတ်သည် ယခုအချိန်၌ လေလံပွဲတစ်ခုကျင်းပခဲ့လျှင် သူတို့က ပထမတန်းအစည်းအရုံးငါးခု သို့မဟုတ် ခြောက်ခုတက်ရောက်လျှင်တောင် ကံကောင်းပြီဟု ဆိုနိုင်မှာပဲ ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဇီးရိုးဝင်းသည် နတ်ဘုရားနယ်မြေထွက်ပေါ်ပြီး မကြာမီ၌ စတင်ပြီးဝင်ရောက်လာတာဖြစ်သည်။ ထိုသို့တိုင် သူ၏ နှစ်ပေါင်းများစွာ အားစိုက်ထုတ်မှုကို ကျော်တက်သွား၏။
ဂလက်စီပါ့စ်က ယှဥ်ပြိုင်ကြည့်လျှင် မုန်းတီးစရာကောင်းမှန်း ဝန်ခံရပေမည်။
” ဒီအကြောင်းကို တစ်ကိုယ်တော်မြှုပ်နှံရာ ရှာတွေ့သွားရင် ဘယ်လိုတုံ့ပြန်မလဲ … ”
ဂလက်စီပါ့စ်က ရေရွက်ပြောလိုက်သည်။
မကြာသေးခင်က ကောင်းကင်ဘုံမြှုပ်နှံရာသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနှင့် တစ်ချိန်ထဲလေလံပွဲကျင်းပမည့်အကြောင်း ကြေညာခဲ့၏။ သို့သော်ငြား ကောင်းကင်ဘုံမြှုပ်နှံရာက ဟာတိုက်စရာဖြစ်လာခဲ့သည်။