ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1268 မျှော်လင့်ထားသည်ထက် ပိုလွန်နေသောအုတ်မြစ်
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1268 မျှော်လင့်ထားသည်ထက် ပိုလွန်နေသောအုတ်မြစ်
ဖယောင်းတိုင်အလင်းလေလံပွဲ၏ အလှည့်အပြောင်းက လူတိုင်း၏ တွေးထင်ထားမှုထက် သာလွန်နေသည်။ လူတိုင်းက လေလံပွဲစတင်မှာကို တိတ်တဆိတ် စောင့်စားနေချိန် အားကိုးရပုံပေါ်သည့် လူရွယ်တစ်ဦးက ဒုတိယအလွှာ အထူးဧည့်သည်တော်အခန်းထဲတွင် ထိုင်နေလျက် သူ့နောက်ကျော၌ မဟာဓားကို ကိုင်ဆောင်ထားကာ ပြောလိုက်တော့သည်။
” ဘော့စ်ဆီးရီးယပ်စ် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အံ့သြစရာပဲ … ဒါက ပထမဆုံးလေလံပွဲဖြစ်ပေမဲ့ အမှောင်လေလံပွဲနဲ့ ယှဥ်ပြိုင်နေပြီ … ”
” တကယ်ပဲ … ဖယောင်းတိုင်အလင်းလေလံပွဲက အမှောင်လေလံပွဲနဲ့ မယှဥ်နိုင်ဘူးဆိုပေမဲ့ ဒီလေလံပွဲမှာပါဝင်တဲ့ အဓိကအင်အားစုအရေအတွက်အရ စူပါအစည်းအရုံးတွေရဲ့ လေလံပွဲအဆင့်ကို ရောက်နေလောက်ပြီဖြစ်မှာတောင် စိုးရိမ်ရတယ် … ”
လူရွယ်ဘေး၌ ထိုင်နေသော ဆီးရီးယပ်စ်က ခေါင်းညိတ်လိုက်၏။ သူသည်လည်း အလွန်အံ့သြသွားတာဖြစ်သည်။
အမှောင်ပြိုင်ကွင်းထဲ၌ ရှီဖုန်းကို သူရှုံးနိမ့်ပြီးနောက် ဇီးရိုးဝင်းကို စစ်ဆေးခဲ့သည်။ သို့သော် ဇီးရိုးဝင်း၏ အလုံးစုံခွန်အားက ပထမတန်းအစည်းအရုံးတစ်ခုနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိကြောင်း သူသိသော်ငြား အစည်းအရုံးထိုမျှအစွမ်းထက်လိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ချေ။
မြစ်ဖြူမြို့ထဲ သူ ခြေချလိုက်ချိန်၌ အရာအားလုံးက သူ၏ မှန်းဆချက်ထက်သာလွန်နေသည်။
စီးပွားရေးခရိုင်တွင်ဖြစ်စေ မြို့ထဲရှိ ကစားသမားများ၏ စံသတ်မှတ်ချက်ဖြစ်စေ မြစ်ဖြူမြို့သည်တိုင်းပြည်များစွာ၏ မြို့တော်ကြီးများထက် သာလွန်နေပေ၏။
နတ်ဘုရားနယ်မြေထဲတွင် အစည်းအရုံးတစ်ခု၏ စွမ်းရည်သည် ၎င်း၏ ခွန်အားတစ်ခုထဲဖြင့် ဆုံစဖြတ်တာမဟုတ်ပေ။ ၎င်း၏ ပင်မမြို့၏ အဆင့်အတန်းကလည်း အရေးပါသည်။ ရံဖန်ရံခါ၌ မြို့တစ်မြို့၏ အောင်မြင်မှုသည် အစည်းအရုံးတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်ပေး၏။
လက်ရှိတွင် မြစ်ဖြူမြို့၏ ကျော်ဇောမှုက ကြယ်လမြို့အောက်မလျော့ပေ။ အမှောင်မြို့များစွာကို တိုင်းပြည်အသီးသီး၏ မြို့တော်များနားပေါ်ပေါက်လာသည့် ချဲ့ထွင်မှုအသစ်ကြောင့်သာ မဟုတ်လျှင် မြစ်ဖြူမြို့က ကြယ်လမြို့ကို ကျော်လွန်နေလောက်ပြီ ဖြစ်သည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက တိုင်တန်မြို့ဆီသို့ ဝင်ခွင့်နေရာရောင်းချခြင်းကြောင့်သာ မဟုတ်လျှင် ဇီးရိုးဝင်း၏အနေအထား ဒီရောက်နေပြီဆိုတာ သူရှာတွေ့မှာမဟုတ်ပေ။ ထိုစဥ် အခြားခန်း၌ ချောမောခံ့ညားသည့်လူရွယ်က ပထမအလွှာရှိလူအုပ်ကြီးကို စိန်းစိန်းဝါးဝါးကြည့်ပြီး မကျေမနပ် ဖြစ်နေလေ၏။
” မျှော်စင်သခင် ကျုပ်လူတွေက အခြေအနေကို စစ်ဆေးပြီးပါပြီ … ဒီလေလံပွဲကို တက်ရောက်တဲ့သူတွေက များပြီး ကျောက်တောမြို့ရဲ့ ကိုယ်ပိုင်အိမ်နဲ့ အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအား သံချပ်ကာကိရိယာတွေအတွက် ရောက်လာတာပါ … ”
လူငယ်က သတင်းပို့လိုက်၏။
ထိုလူသည် ရိုးရှင်းစွာရပ်နေသော်ငြား သူသည် စကြာဝဠာဗဟိုပမာ ထင်မှတ်ရသည်။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ဖြာထွက်နေလေ၏။ ထိုလူ၏ အဖော်အပေါင်စများကတောင် အဆင့် (၄၂) ကျွမ်းကျင်သူများဖြစ်ပြီး သူနှင့် ဆယ်ကိုက်အတွင်း မကပ်နိုင်ပေ။
ထိုလူငယ်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ပိုက်နက်တစ်ခုကိုဖမ်းဆုပ်မိသည့် နဂါးဖီးနစ် ပွဲကြည့်စင်၏မွန်းစတား သိုင်းနဂါးပဲဖြစ်သည်။
” ဇီးရိုးဝင်းက တကယ် ဒီလိုလေလံပွဲကြီးကို လုပ်နိုင်စွမ်းရှိတာပဲ … မိုးက ဒီအစည်းအရုံးကို အကောင်းမြင်နေတာ အံ့သြစရာမရှိတော့ဘူး … နှမြောစရာက သူတော်စင်မြို့ရဲ့နေရာကို ဝယ်သူတွေအများကြီး စွဲဆောင်နိုင်တာအပြင် ဇီးရိုးဝင်းက ရောင်းဖို့အတွက် သေးသိမ်တဲ့ အိုင်တမ်တွေပဲ ရှိတာလေ … ”
နဂါးကိုးကောင်ဧကရာဇ်သည် စင်မြင့်ပေါ်သို့ လွမ်းဆွေးခြင်းအပြုံး လျှောက်သွားတာကို မြင်ပြီး နှာခေါင်းရှုံ့လိုက်လေ၏။
လေလံပွဲကို သင့်တော်စွာစီစဥ်ထားလျှင် နောင်ကျအဓိကအင်အားစုများစွာကို ပိုဆွဲဆောင်နိုင်မှာပဲ ဖြစ်၏။ ၎င်းက ဇီးရိုးဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာ မြှင့်တင်ပေးနိုင်လိမ့်မည်။ ဆိုရလျှင် ထိုအဓိကအင်အားစုများ၌ ငွေကြေးရှိသည်။ လူတိုင်းက ပြောင်းလဲဖို့တက်နိုင်ကြ၏။
ဇီးရိုးဝင်းသည် သူတော်စင်မြို့၏ နေရာများအတွက်သာမဟုတ်လျှင် အစစ်အမှန် အဓိကအင်အားစုကြီးများကို ဘယ်တော့မှာ ဆွဲဆောင်နိုင်မှာမဟုတ်ပေ။
နဂါးကိုးကောင်ဧကရာဇ်က တိတ်ဆိတ်သွားစဥ် လေလံပွဲက တရားဝင်စတင်တော့၏။
လူအုပ်ကြီး၏ အာရုံစူးစိုက်နေသော အကြည့်အောက်၌ ခမ်းနားသော အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားသော လွမ်းဆွေးခြင်းအပြုံးသည် စင်ရှေ့သို့ ချဥ်းကပ်သွား၏။
” ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ ဖယောင်းတိုင်အလင်းလေလံပွဲကနေ ကြိုဆိုပါတယ် … ဒီလေလံပွဲမှာ နှစ်ပိုင်းရှိတယ် … ပထမတစ်ပိုင်းမှာ ကျွန်မတို့ လေလံအိမ်တော်က ဂရုတစိုက်စုဆောင်းထားခဲ့တဲ့ အိုင်တမ်တွေရောင်းပါမယ် … ဒုတိယတစ်ပိုင်းကတော့ လေလံအိမ်တော်က ဆက်သွယ်ပေးသူအနေနဲ့ ကုန်ပစ္စည်းဖလှယ်တဲ့အပိုင်းပါပဲ …ဒါပေမဲ့ လဲလှယ်ဖို့အတွက် အိုင်တမ်ရဲ့အရည်အသွေးက စိတ်ချရစေဖို့ ကျွန်မတို့က အိုင်တမ်တစ်ခုကို မှော်သလင်းဆယ်ခု ဒါမှမဟုတ် ရွှေပြားသုံးပြားကောက်ခံပါမယ် … ထူးခြားတဲ့ကုန်ကြမ်ူတွေအတွက်တော့ တစ်စုကိုမှော်သလင်းဆယ့်ငါးခု ဒါမှမဟုတ် ရွှေပြားလေးပြားကောက်ခံပါမယ် … ”
လွမ်းဆွေးခြင်းအပြုံးက လေလံပွဲ၏နှုန်းထားကို ရှင်းပြပြီးနောက် ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။
” လခွမ်း ဒါက လိမ်တာပဲ … ပထမတန်းအစည်းအရုံးရဲ့ လေလံပွဲကတောင် အိုင်တမ်တိုင်းအတွက် မှော်သလင်းဆယ်ခုမကောက်ခံရဲဘူး … ”
” အဟုတ်ပဲ … ဘယ်လိုလုပ် ဒီလောက်လောဘကြီးရတာလဲ … ”
ပထမအလွှာခန်းမထဲရှိ ကစားသမားများက အခဲမကြေစွာ ဟော်ဟစ်လိုက်၏။ အဓိကအင်အားစုမှလူများစွာသည် ယခင်က အမှောင်လေလံပွဲသို့ တက်ရောက်ခဲ့ဖူးပြီး ထိုလဲလှယ်သည့်အပိုင်းအကြောင်း သိကြသော်ငြား ဖယောင်းတိုင်အလင်း၏ မြင့်မားသောတန်ကြေးက အဓိပ္ပါယ်မရှိပေ။
အမှောင်လေလံပွဲသည် မြင့်မားသည့်တန်ကြေးကောက်ခံရဲခြင်းမှာ နတ်ဘုရားနယ်မြေထဲ၌ ၎င်းက အကောင်းဆုံးလေလံပွဲဖြစ်သောကြောင့် ဖြစ်၏။ ထူးကဲသည့်ပုဂ္ဂိုလ်များကိုသာ ဖိတ်ကြားတာဖြစ်သည်။
” ဟား ဟား ဟား … ဇီးရိုးဝင်းက စိတ်ဝင်စားစရာပဲ … ”
လွမ်းဆွေးခြင်းအပြုံး၏ ရှင်းပြချက်ကို ကြားသောအခါ နဂါးကိုးကောင်ဧကရာဇ်က ရယ်မောမိသွားသည်။
” ဒါပေမဲ့ ဒါက အဓိကအင်အားစုတွေဆီက ငွေကြေးတချို့ရဖို့ အခွင့်အရေးကောင်းတစ်ခုပဲ … ပြောရရင် ဒီနေရာက စူပါအင်အားစုအချို့က သူတော်စင်မြို့ရဲ့ နေရာအတွက် လေလံဆွဲဖို့ ရောက်လာကြတာပင် … စွန့်စားသူအဖွဲ့ပဲဖြစ်ဖြစ် တစ်ကိုယ်တော်ကစားသမားတွေပဲဖြစ်ဖြစ် အစည်းအရုံးတွေပဲဖြစ်ဖြစ် ဘယ်သူကမှ တန်ဖိုးမြင့်တဲ့အိုင်တမ်တွေကိုလဲလှယ်ဖို့ ဒီရွှေရောင်အခွင့်အရေးကို လက်လွတ်ခံမှာမဟုတ်ဘူး … ”
ဒီလို ရှက်ဖွယ်ကောင်းတဲ့ အကျင့်စရိုက်က အဓိကအင်အားစုတွေရဲ့ အမျက်ဒေါသကိုပဲ ရသွားလိမ့်မယ်။ ပြောရန်မလို ဖယောင်းတိုင်အလင်းလေလံပွဲက ထက်ကျင်းပလို့ ရတော့မှာမဟုတ်ဘူး။ နဂါးဖီးနစ်ပွဲကြည့်စင်ထဲမှာ ဖီးနစ်မိုးရဲ့ ဂုဏ်သက္ခာကတောင် ဇီးရိုးဝင်းကို ထောက်ပံ့ပေးမိတဲ့အတွက် ထိပါးလိမ့်မယ်။
” ဘလက်ဖလိမ်းက ဘာတွေနေတာလဲ … ”
ယွမ်ထျယ်ရှင်းက လွမ်းဆွေးခြင်းအပြုံးကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်၏။
” သူ့ ဂုဏ်သက္ခာကို ထိခိုက်အောင်လို့ ပိုက်ဆံတွေအများကြီး သုံးချင်နေတာလား … ”
ပထမဆုံးလေလံပွဲက အရေးကြီးဆုံးဖြစ်သည်။
ထိုကဲ့သို့ ယုတ္တိမရှိသည့်တန်ကြေးတောင်းဆိုခြင်းက အဓိကအင်အားစုများစွာ၏ အမျက်ဒေါသကိုသာ ဖြစ်စေလိမ့်မည်။ မည်သည့်အင်အားစုကမှ နောင်တွင် လေလံအိမ်ကို လာရောက်တော့မှာ မဟုတ်ပေ။
ယွမ်ထျယ်ရှင်းဘေးတွင်ထိုင်နေသော ခရမ်းကျောက်စိမ်းကလည်း ဇဝေဇဝါဖြစ်သွား၏။ ဘလက်ဖလိမ်းအပေါ် သူမ နားလည်သဘောပေါက်ထားမှုအရ ထိုကဲ့သို့ တုံးအသည့်အမှားမျိုး လုပ်မှာမဟုတ်ပေ။
ထိုစဥ် လွမ်းဆွေးခြင်းအပြုံးက တက်ရောက်သူများ၏ တုံ့ပြန်မှုကိုမြင်သောအခါ သူမက ထင်ထားပြီးသားဖြစ်သည့်ပမာ အမူအရာမျိုးပြလိုက်သည်။
အစက သူမသည် မှော်သလင်းတစ်ခု ဒါမှမဟုတ် ငွေပြားသုံးဆယ်ကောက်ခံရန် စီစဥ်ထားတာ ဖြစ်သည်။ ဤနည်းဖြင့် သူတို့က အိုင်တမ်များ၏အရည်အသွေးကို အနည်းနှင့်အများ အာမခံနိုင်ပြီး ဤကဲ့သို့အပျက်သဘောဆောင်သော တုံ့ပြန်မှုကို ရှောင်နိုင်မှာပဲ ဖြစ်၏။ ဆိုရလျှင် ဖယောင်းတိုင်အလင်းလေလံပွဲသည် အမှောင်လေလံပွဲနှင့်ယှဥ်လျှင် သေးငယ်ပေ၏။ ကစားသမားများက လဲလှယ်ရန်အတွက် အရည်အသွေးမြင့်မားသော အိုင်တမ်များ မထုတ်ပေးနိုင်လောက်ပေ။ ဖယောင်းတိုင်အလင်းလေလံပွဲသည် သူတော်စင်မြို့၏ နေရာများကြောင့်သာ စူပါအင်အားစုများနှင့် ပထမတန်းအစည်းအရုံးများစွာကို သွေးဆောင်နိုင်ခဲ့တာ ဖြစ်သည်။
ထိုသို့တိုင် ရှီဖုန်းသည် တန်ကြေးကို တိုးမြှင့်ရန် ခေါင်းမာနေသေး၏။ ယင်းက ပွဲကို တက်ရောက်သူများအား အရူးပမာဆက်ဆံနေတာ သိသာနေသည်။
သို့သော် ယခုကိစ္စများက ဤအခြေအနေထိ ရောက်လာပြီဖြစ်သောကြောင့် လွမ်းဆွေးခြင်းအပြုံးသည် စောတကတက်မှုများကိုသာတောင့်ခံပြီး လေလံပွဲစတင်ရုံရှိသည်။
” အခု ကျွန်မတို့ လေလံပွဲစတင်ပါတော့မယ် … ပထမဆုံးပစ္စည်းကတော့ မှော်ဝေလငါးအရေခွံပါ … ”
လွမ်းဆွေးခြင်းအပြုံးက ပြောပြီးနောက် ဆင့်မြင့်ထက်၌ တစ်ဝက်ဖောက်ထွင်းမြင်ရသည့် ဖန်သားပြင်တစ်ခုကို လက်ဟန်ပြသလိုက်သည်။
ဖန်သားပြင်ပေါ်၌ မှော်ဝေလငါးအရေခွံပုံပေါ်လာပြီး ၎င်း၏ အရည်အချင်းပြဇယားကိုလည်း ပြသထား၏။ ရုတ်တရက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
” ဘာ … ”
လူတိုင်းသည် အိုင်တမ်၏မှတ်စုကို ဖတ်ရှု့ပြီးနောက် မှင်တက်သွားလေ၏။
အမျိုးမျိုးသော အဓိကအင်အားစုများ အထူးသဖြင့် ရေကြောင်းတပ်ဖွဲ့ကို စတင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခါစ စူပါအင်အားစုများဖြစ်သည်။ အကြောင်းမှာ သူတို့သည် အဆင့်မြင့်သင်္ဘောများ ရယူရန်အတွက် သင်္ဘောများအရေးပါပုံကို နားလည်သဘောပေါက်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံထားသောကြောင့် ဖြစ်၏။ ထိုအဓိကအင်အားစုများသည် ပင်လယ်မွန်းစတားများနှင့် တိုက်ခိုက်ရာ၌ အဆင်ပြေစေရန် သူတို့၏ အဆင့်မြင့်သင်္ဘောများကို အဆင့်မြင့်တင်ချင်၏။
ထိုအဖွဲ့အစည်းများသည် မြင့်မားသည့်တန်ကြေးဖြင့် ကြေးနီအဆင့်ခွန်အားမြှင့်တင်ခြင်းအိုင်တမ်များကို ဝယ်ယူခဲ့သည်။ သို့သော် ထိုခွန်အားမြှင့်တင်ခြင်းအိုင်တမ်များက အင်မတန်ရှားပါးပြီး အဆင့်မြင့်သင်္ဘောတစ်စင်းလောက်တောင် မရပေ။ သူတို့က ထိုအိုင်တမ်မျိုးရမည်ဆိုလျှင်တောင် ရောင်းချကြမှာ မဟုတ်ပေ။ သူတို့ကိုယ်ပိုင်သင်္ဘောကို ခွန်အားမြှင့်တင်နိုင်ခဲ့လျှင် သူတို့စွမ်းအားက အတိုင်းအတာတစ်ခုထိ မြင့်တက်သွားပေမည်။
ထိုသို့တိုင် ဖယောင်းတိုင်အလင်းကုန်းသွယ်ရေးလုပ်ငန်းက မဟူရာရွှေအဆင့် ခွန်အားမြှင့်တင်ခြင်း ကိရိယာကို အမှန်တကယ်လေလံခေါ်နေလေ၏။