ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1273 အားကျဖွယ်ဇီးရိုးဝင်း
ကျောက်တောမြို့၏ ကိုယ်ပိုင်အိမ်များ ပေါ်လာသည်နှင့် ပထမအလွှာခန်းမထဲရှိ ကစားသမားများက စိတ်လှုပ်ရှားလာကြသည်။
သူတော်စင်မြို့နေရာများအပြင် ထိုကစားသမားများသည် ကျောက်တောမြို့၏ကိုယ်ပိုင်အိမ်များကို မြင်တွေ့ရန်အတွက် ဖယောင်းတိုင်အလင်းလေလံပွဲသို့ ရောက်လာကြတာဖြစ်သည်။
အမျိုးမျိုးသော အဓိကအင်အားစုများသည် ကိုယ်ပိုင်အိမ်များကို လျစ်လျူရှု့လောက်သော်ငြား တစ်ကိုယ်တော်ကစားသမားများအဖို့ ထိုအိမ်များက အင်မတန်အရေးပါသည်။
” ငါသာ အိမ်တစ်လုံးရနိုင်မယ်ဆိုရင် ကျောက်တောမြို့ရဲ့ တိုက်ပွဲပြိုင်ကွင်းကို အလွယ်တကူသွားနိုင်ပြီး အဲ့ဒီကျွမ်းကျင်သူတွေထက်သာမှာ သေချာတယ် … ”
” ကျောက်တောမြို့ထဲက အိမ်တွေကို လေ့ကျင့်ရေးမြေပြင်အနေနဲ့ အသုံးပြုတာက အကြံဆိုးမဟုတ်ဘူးပဲ … ”
တစ်ကိုယ်တော်ကျွမ်းကျင်သူများနှင့် စွန့်စားသူအဖွဲ့များသည် ကိုယ်ပိုင်အိမ်များ၏ အညွှန်းကို မြင်တွေ့သည့်အချိန်၌ စိတ်လှုပ်ရှားမှုကြောင့် သူတို့၏မျက်လုံးများ တောက်ပလာသည်။
ကျောက်တောမြို့သည် နောက်ဆုံးအခေါက်စစ်ပွဲပြီးချိန်မှစပြီး ပြောင်းလဲမှုကြီးကြီးမားမား ဖြစ်ပေါ်ခဲ့၏။ မြို့၏ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုက ပိုမြင့်မားလာရုံသာမက မြို့ကိုလာရောက်လည်ပတ်သည့် နယ်လှည့် NPC ကုန်သည်များ၏ အရေအတွက်က တိုးလာတော့သည်။ ပိုအရေးကြီးသည်က ကျွမ်းကျင်ကစားသမားများစွာက မြို့ကိုစွဲဆောင်ခံရတာပဲ ဖြစ်သည်။
နေ့စဥ်နေ့တိုင်း ကျောက်တောမြို့သည် ကျွမ်းကျင်သူများကြားထဲလက်ရည်ယှဥ်ရန် ပွဲပေါင်းအများကြီးကို ကြီးမှူးကျင်းပပေးခဲ့သည်။ မည်သူမဆိုအခမဲ့ကြည့်နိုင်၏။ တိုက်ပွဲပြိုင်ကွင်း၏ပွဲစဥ်အတွင်းလည်း ဝင်ပါနိုင်ကာ ကောလာဟလထွက်ပေါ်နေသော တိုက်ပွဲဝင်နည်းစနစ်များကို သင်ယူခွင့်နှင့် အဆောက်အဦအတွင်း နေခွင့်၊ အကျိုးခံစားခွင့်များ ရရှိရန်အတွက် တိုက်ခိုက်ဖို့အခွင့်အရေးရှိသည်။ သို့သော်ငြား ကျောက်တောမြို့ကို သွားလာရသည်က အဆင်မပြေပေ။ မြို့၌ အများပြည်သူသုံးရန်အတွက် ပို့ဆောင်ရေးအစီအရင်များ မရှိသောကြောင့် ဖြစ်သည်။ သူတို့က ကိုယ်အိမ်အိမ်တစ်လုံး ဝယ်နိုင်ခဲ့မည်ဆိုလျှင် ကျောက်တောမြို့ကို သွားလာရသည်က အတော်လေး ပိုလွယ်ကူသွားစေလိမ့်မည်။
” အခု အားလုံးပဲကိုယ်ပိုင်အိမ်တွေကို မြင်တွေ့ပြီးပါပြီ … ကြမ်းခင်းဈေးကတော့ တစ်ယူနစ်ကို ရွှေပြားသုံးရာပါ … တစ်ကြိမ်တိုးသွားတာက ရွှေပြားဆယ်ပြားအောက် မလျော့ရပါဘူး … စလိုက်ရအောင် … ”
လွမ်းဆွေးခြင်းအပြုံး ပြောပြီးသည်နှင့် ပထမအလွှာရှိ ကစားသမားများက တစ်ယောက်ပြီး တစ်ယောက် လေလံအပြိုင်ပေးကြတော့သည်။
” ရွှေပြားသုံးရာတစ်ဆယ် … ”
” ရွှေပြားသုံးရာနှစ်ဆယ် … ”
” ရွှေပြားငါးရာ … ”
ဈေးမြင့်တက်လာမှုက တဖြေးဖြေးချင်းနှေးသွားလေ၏။ ရွှေပြားငါးရာဖြင့် NPC မြို့တစ်မြို့၌ အတော်ကောင်းမွန်သည့်အိမ်တစ်လုံး ဝယ်ယူနိုင်သည်။ သို့သော် ထိုတန်ကြေးက ၎င်း၏ အကန့်အသတ်ကို မရောက်သေးဆိုတာ သိသာ၏။ တန်ကြေးသည် ခြောက်ရာတစ်ဆယ်လို့ရောက်ပြီးမှ ရပ်တန့်သွားတော့၏။
ပထမဆုံးအိမ် ရောင်းထွက်သွားတာကိုမြင်ပြီး အမျိုးမျိုးသောအဓိကအင်အားစုများက အားကျလာတော့သည်။ ကစားသမားတိုင်း မြို့တစ်မြို့၌အိမ်တစ်လုံး တည်ဆောက်ခြင်းက အလွန်ဈေးချိုသည် ဈေးအပေါဆုံးဆို ရွှေပြားနှစ်ဆယ်သာ ကျသင့်သည်။ အိမ်ကိုဖြည့်တာက ရွှေပြားတစ်ရာကျသင့်မည်။
သို့သော်ငြား အိမ်တစ်အိမ်ကတန်ကြေးပိုကြီးလေ နေရာပိုကျယ်လေဖြစ်၏။ ပြောရန်မလို သူတို့မြေသုံးစွဲမှုကိုများစေရန်အတွက် ဇီးရိုးဝင်းက ရွှေတစ်ရာတန်အစား ရွှေနှစ်ဆယ်တန်အိမ်များကိုသာပိုဆောက်လိမ့်မည်။
ယခု ထိုရွှေနှစ်ဆယ်တန်အိမ်များထဲကအိမ်တစ်လုံးက ရွှေပြားခြောက်ရာကျော်ဖြင့် ရောင်းထွက်သွား၏။
ဖယောင်းတိုင်အလင်းလေလံပွဲသည် စုစုပေါင်းအိမ်အလုံးငါးဆယ်ရောင်းချခဲ့သည်။ သို့သော် လက်ရှိတစ်ကိုယ်တော်ကစားသမားများနှင့် စွန့်စားသူအဖွဲ့အရေအတွက်ကိုမရှင်နိုင်ချေ။
နောက်ထက်အိမ်များက ပထမဆုံးအိမ်ထက် ပိုမြင့်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ အိမ်အလုံးငါးဆယ်တွင် ဈေးအကြီးဆုံးက ရွှေပြာခုနှစ်ရာ့လေးဆယ်ဖြစ်၏။ ပျှမ်းမျှအားဖြင့် အိမ်များကို ရွှေပြားခြောက်ရာ့ငါးဆယ်ဖြင့် ရောင်းချနိုင်ခဲ့သည်။ အိမ်အလုံးငါးဆယ်ကို လေလံတင်ခြင်းဖြင့် ဇီးရိုးဝင်းက ရွှေပြားသုံးသောင်းနှစ်ထောင့်ငါးရာ ရလာခဲ့သည်။
ယင်းက စူပါအင်အားစုများအတွက် အပိုငွေသာဖြစ်သော်ငြား ပထမတန်းအ၀ည်းအရုံးများအဖို့ ယင်းက များပြားလှသည့် ငွေကြေးဖြစ်သည်။ သူတို့၏ လက်ရွေးစင်အဖွဲ့ဝင်များကို သာမန်စီးတော်ယာဥ်များ ဆင်ပေးနိုင်ရန် လိုအပ်၏။
” အစည်းအရုံးခေါင်းဆောင် ဒါက ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲ … ဘာကြောင့် ကျွန်မတို့တွေ ယူနစ်တွေပိုမရောင်းတာလဲ … ”
လွမ်းဆွေစခြင်စအပြုံးသည် ကစားသမားများ၏ စိတ်ပျက်မှုကိုမြင်တွေ့ပြီးနောက် ရှီဖုန်းကို ဆက်သွယ်ကာအကြံပြုလိုက်တော့၏။ သူတို့ကမ်းလှမ်းသည့် အိမ်အရေအတွက်က လိုအပ်ချက်ကို ပြည့်မီစေရန် မလုံလောက်တာ သိသာ၏။
” မရဘူး မူလအစီအစဥ်အတိုင်းပဲ သွားမယ် … ကျောက်တောမြို့ရဲ့အိမ်တွေက အကျိုးခံစားခွင့်အကြောင်း သူတို့ကို အရင်သိစေချင်တယ် … နောင်မှ အိမ်တွေကိုပိုမြင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချမယ် … ”
ရှီဖုန်းက အဆိုပြုချက်ကို ချက်ချင်းငြင်းဆန်လိုက်သည်။
ကျောက်တောမြို့က အိမ်များပိုမိုဆန့်သော်ငြား မြို့အတွက် အခြားသောအစီအရင်များ ရှိပေ၏။ ကျောက်တောမြို့၏ ရွေ့ပြောင်းမှုအစီအစဥ်ကလည်း ရှိနေသေးတာဖြစ်သည်။ ထိုအစီအစဥ်သာ ဖူးပွင့်လာခဲ့လျှင် သူတို့သည် ကစားသမားများပိုမိုတိုက်ခိုက်လာရပြီး အိမ်များကလည်း ပိုမြင့်သည့်ဈေးနှုန်းဖြင့် ရောင်းထွက်လိမ့်မည်။ သူက ထိုယူနစ်ငါးဆယ်ကို အားလုံးအားမိတ်ဆက်ပေးပြီး ကျောက်တောမြို့၏ အိမ်တစ်လုံးပိုင်ဆိုင်ရခြင်း၏ အကျိုးအမြတ်ကို မြင်စေချင်သည်။
ကိုယ်ပိုင်အိမ်များအတွက် လေလံတင်မှု အဆုံးသတ်သွားသည့်အချိန်၌ ဒုတိယအလွှာအခန်းထဲရှိ အမျိုးမျိုးသောစူပါအင်အားစုများက စင်မြင့်ပေါ်ကို အာရုံစိုက်လာကြသည်။ နောက်ထပ်လေလံအိုင်တမ်က သူတို့ဖယောင်းတိုင်အလင်းလေလံပွဲကို လာရောက်ရသည့်အကြောင်းအရင်းဖြစ်သည်။
တိုက်တန်၏ သူတော်စင်မြို့သို့ ဝင်ခွင့်နေရာများဖြစ်သည်။ သာမန်အစည်းအရုံးများအဖို့ ထိုနေရာများက အသုံးမဝင်ပေ။ သို့သော်ငြား သူတို့ကဲ့သို့စူပါအင်အားစုများအတွက်မူ အတူတော့ပေ။ ထိုနေရာများက သူတို့၏ ကျော်ကြားသောဘဝပုံစံကစားသမားအချို့ကို စစ်မှန်သောပညာရှင်များဖြစ်လာအောင် ကူညီပေးနိုင်၏။ ဘဝပုံစံပညာရှင်ကစားသမားတစ်ဦးသည် သူတို့၏ ကုန်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းပေးနိုင်သော အင်အားရှိသည်။ သူတို့၏ ကုန်သွယ်ရေးလုပ်ငန်းက အကျိုးအမြတ်ရရှိလာလိမ့်မည်။ ယင်းက အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုးစေမှာပဲဖြစ်သည်။
” ဒီတော့ အဲဒါက တိုက်တန်ရဲ့ သူတော်စင်မြို့လား … ”
မုတ်ဆိတ်ဖြူဖြင့် လူအိုကြီးက ရေရွတ်ပြောလျက် တိုက်တန်မြို့၏ မိတ်ဆက်ကိုဖတ်ကြားပြီး မျက်လုံးများတောက်ပလာလေ၏။
” ဆီးရီးယပ်စ် မင်းငါတို့သဘောတူညီချက်အရ သူတော်စင်မြို့ဝင်ခွင့်တစ်နေရာကို ရအောင်ယူပေရမယ် … ”
စင်မြင့်အထက် ဖန်သားပြင်သည် သူတော်စင်မြို့ဝင်ခွင့်အကြောင်း မရှင်းပြခဲ့ချေ။ ထိုအစား သူတော်စင်မြို့အကြောင်းအချက်အလက်များကို ပြသနေလေ၏။
အသေစိတ်ပါသည်က တိုက်တန်၏ ဘဝပုံစံကစားသမားအဖွဲ့အစည်းပဲ ဖြစ်သည်။ ထုတ်ပြထားသည့်အချက်အလက်အရ အဆောက်အဦ၏ အလုပ်ရုံများပါရှိပြီး ထိုနေရာက ကစားသမားများ ငှားရမ်းနေထိုင်နိုင်ကာ အခြေခံတရားထိုင်အခန်းများထက် ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှု ပိုကောင်းသည်။ ထို့အပြင် မျောလွင့်ကျွန်းက သုသေသနအခန်းများပါဝင်ပြီး ကစားသမားများသည် အမျိုးမျိုးသောကုန်ကြမ်းများကို လေ့လာရန် ထိုအခန်းများကို အသုံးပြုနိုင်၏။ ပညာရှင်အဆင့် ထုတ်လုပ်ခြင်းဗွီဒီယိုများစွာလည်း ရှိသည်။ မဟာပညာရှင်အဆင့် ထုတ်လုပ်ခြင်းဗွီဒီယိုများတောင် ရနိုင်သည်။ သို့သော်ငြား ကစားသမားသည် ၎င်းတို့ကိုရရှိရန် အဆင့်မြင့်သုသေသနအခန်းထဲဝင်ရန် လိုအပ်သည်။
ထိုသုသေသနအခန်းထဲကို ဝင်ခြင်းက ကုန်ကျစရိတ်အလွန်များသည် အခြေခံသုသေသနအခန်းတစ်ခန်းက တစ်ရက်လျှင်ရွှေပြားနှစ်ရာ ကျသင့်သည်။ အလယ်အဆင့်ဆို တစ်ရက်လျှင် ရွှေပြားငါးရာကျသင့်၏။ အဆင့်မြင့်ဗားရှင်းဆို တစ်ရက်ကို ရွှေပြားထောင့်နှစ်ရာကျသင့်သည်။ အမျိုးမျိုးသော စူပါအင်အားစုများသည် ထိုတန်ကြေးများကိုမြင်သောအခါ ပင့်သက်ရှိုက်မိသွား၏။
ထို့အပြင် အလဟ်အဆင့်နှင့် အဆင့်မြင့်နှစ်မျိုးလုံးက ငှားရမ်းရန်အတွက် တိုက်တန်မြို့၌ ဂုဏ်သတင်စအမှတ်လိုအပ်၏။
” မာစတာမီး စိတ်ချထားလိုက်ပါ … တိုက်ပွဲဝင်ဝံပုလွေတွေက အမြဲစကားတည်တယ် … ဆရာအတွက် နေရာတစ်နေရာ သေချာပေါက်ယူပေးပါမယ် … ”
ဆီးရီးယပ်စ်က တလေးတစားပြန်ပြောလိုက်သည်။
တစ်ချိန်ထဲတွင် ကျန်သည်အင်အားစုများ၏ တိုက်ခိုက်လိုစိတ်ကလည်း မြင့်တက်လာ၏။ သူတို့အတွက် နေရာတစ်နေရာရအောင်ယူမည်ဟု ကျိန်ဆိုလိုက်ကြသည်။
” အခု တိုက်တန်မြို့ဝင်ခွင့်ကို အားလုံးတွေ့ပြီးပါပြီ … ကြမ်းခင်းဈေးက ရွှေပြားငါးရာပါ … ထပ်တိုးဈေးက ရွှေပြားတစ်ရာအောက်မလျော့ရပါဘူး … ပိုက်ဆံမလုံလောက်ရင် မြို့ရဲ့ မြေနေရာတွေကိုလည်း အာမခံပစ္စည်းအနေနဲ့ ပေးလို့ရပါတယ် … ဒါပေမဲ့ ဈေးကွက်တန်ဖိုးအတိုင်း မြေနေရာကို အကဲဖြတ်မှာပါ … စလိုက်ကြရအောင် … ”
လွမ်ဆွေးခြင်းအပြုံးသည် နောက်တစ်လှည့်၏ စည်းမျဥ်းများကို ကြေညာပြီးနောက် ခန်းမရှိလေထုက ရေဆူမှတ်အထိရောက်သွားသည်။
” ရွှေပြားငါးရာ … ”
” ရွှေပြားခြောက်ရာ … ”
“ရွှေပြားရှစ်ရာ … ”
မျက်တောင်တခက်အတွင်း တန်ကြေးက ရွှေပြားသုံးထောင်အထိ ရောက်သွားသည်က ကစားသမားအားလုံးကို ထိတ်လန့်သွားစေ၏။ ပထမတန်းအစည်းအရုံးများသည် အစောထဲက သူတော်စင်မြို့ဝင်ခွင့်များကို လက်လျှော့ထားပြီးသား ဖြစ်၏။ သူတို့သည် ထိုငွေကြေးဖြင့် သာမန် NPC မြို့တစ်မြို့၌ မြေနေရာကောင်းတစ်ကွက်ကို ဝယ်ယူနိုင်လောက်သည်။ ယှဥ်ပြိုင်ပွဲအတွင်း ကျန်ရှိသည့်ကစားသမားများက ဒုတိယအလွှာရှိ စူပါအင်အားစုများသာဖြစ်သည်။
သူတော်စင်မြို့ဝင်ခွင့်များက မိုးကြိုးဖြတ်သန်းခွင့်များနှင့် တူညီပေ၏။ ၎င်းတို့ကို လိုအပ်နေသူအဖို့ သူတို့က ငွေပေါင်းများစွာ ကုန်ကျပေလိမ့်မည်။ မလိုအပ်သူအဖို့ ယင်းတို့က တန်ဖိုးမရှိပေ။ စူပါအင်အားစုများ၌ ပညာရှင်အဆင့်နှင့် နီးစပ်နေပြီဖြစ်သော ဘဝပုံစံကစားသမားများစွာရှိသည်။ ကံဆိုးသည်မှာ ထိုဘဝပုံစံကစားသမားများက နတ်ဘုရားနယ်မြေ၏ ကုန်ကြမ်းများနှင့် လုံလောက်အောင်အကျွမ်းဝင်မှုမရှိသေး ထုတ်လုပ်ရေးနည်းစနစ်များနှင့်လည်း မကျွမ်းသေးရာ နောက်ဆုံးစည်းကို မဖြတ်ကျော်နိုင်ပေ။
သူတို့သည် သူတော်စင်မြို့ဝင်ခွင့်များရရှိသရွေ့ ထိုစူပါအင်အားစုများသည် ပညာရှင်အဆင့် ဘဝပုံစံကစားသမားများကို ပျိုးထောင်ပြီး သူတို့၏ ကုန်သွယ်ရေးလုပ်ငန်းအသီးသီးကိုမြင့်တင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ဤရင်းနှီးမြှုပ်နှံမှုထက် အကျိုးအမြတ်ပိုရအောင်လုပ်နိုင်လိမ့်မည်။
” ရွှေပြားငါးထောင် … ”
ဆီးရီးယပ်စ်က ချက်ချင်းပင် ရွှေပြားနှစ်ထောင်တိုးပေးလိုက်၏။
” လူထူးလူဆန်းပဲ … သူက ဒီနေရာကိူရဖို့ စည်းပျက်ကမ်းပျက်ဖြစ်နေတဲ့ပုံပဲ … ”
ကျန်သည့်စူပါအင်အားစုများက ခေါင်းခါလိုက်ပြီး ထိုတန်ကြေးကိုကြားသောအခါ လက်လျှော့လိုက်သည်။ သူတို့တက်နိုင်သော်ငြား သူတို့အစောပိုင်းမှန်းဆထားသည်ထားသည်ထက် ကျော်လွန်နေ၏။ သူတို့ကြွယ်ဝချမ်းသာသော်ငြား သူတို့ပိုက်ဆံက သစ်ပင်ပေါ်ကနေ သီးလာတာမဟုတ်ပေ။ ထို့အပြင် အမျိုးမျိုးစူပါအင်အားစုများက မိုးကြိုးကျွန်းပေါ်ရှိပြိုင်ပွဲအတွက် ပြင်ဆင်နေကြ၏။ ဖြုန်းတီးရန်ပိုက်ဆံထိုမျှမရှိပေ။ ထို့ကြောင့် သူတို့က ဆီးရီးယပ်စ်ကို ပထမနေရာရယူခွင့် ပေးလိုက်တော့သည်။
မည်သည့်နည်းနှင့်မဆို ဆယ်နေရာရှိထား၏။ သူတို့စူပါအင်အားစုခုနှစ်စု၌ ညီညီမျှမျှခွဲဝေလျှင်တောင် အနည်းဆုံးတော့ တစ်ယောက်တစ်နေရာဆီ ရလိမ့်မည်။ လောနေစရာမလိုပေ။ သူတို့က တိုက်ပွဲဝင်ဝံပုလွေများ ငွေကြေးကုန်ဆုံးသွားတာကိုသာကြည့်ပြီး ယှဥ်ပြိုင်ပွဲကနေ သူတို့ထွက်သွားတာကနေ စောင့်နေမှာဖြစ်၏။
ပြီးနောက် ဒုတိယတစ်ခုကို ဈေးစခေါ်ပြန်၏။
” ရွှေပြားငါးထောင် … ”
ဆီးရီးယပ်စ်က ထပ်အော်လိုက်ပြန်သည်။