ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1288 အလွှာသုံးနတ်ဆိုးများကို လွှမ်းမိုးခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1288 အလွှာသုံးနတ်ဆိုးများကို လွှမ်းမိုးခြင်း
ရှီဖုန်း၏ အမိန့်ကိုကြားပြီးနောက် အန်နာနှင့် ကိုက် နှစ်ယောက်လုံးသည် ဆေးဥယျာဥ်ကို စောင့်ကြပ်နေသော နတ်ဆိုးများကို ကြည့်လိုက်လေ၏။
[မုဆိုးနတ်ဆိုး၊ အမှောင်သတ္တဝါ၊ နတ်ဆိုး]
အဆင့် (၇၀)
HP (၃၅ သန်း/၃၅ သန်း)
မွန်းစတားများနှင့်ယှဥ်လျှင်နတ်ဆိုးများက HP နည်းသည်။ အပြန်အလှန်အနေဖြင့် သူတို့၏ ဉာဏ်ရည်ကပိုမြင့်မားသည်။ ထို့အပြင် သူတို့က စကေးများစွာလည်းရှိသည်။ ရွေးချယ်ရမည်ဆိုလျှင် ကစားသမားများသည် အလွှာတူနတ်ဆိုးများနှင့် တိုက်ခိုက်မည့်အစား တုံးအသည့်နတ်ဆိုးများဖြင့် တိုက်ခိုက်ဖို့သာ ရွေးလိုက်မှာပဲဖြစ်သည်။
အန်နာနှင့် ကိုက်တို့က ဆေးဥယျာဥ်ထဲခြေချလိုက်သည်နှင့် သူတို့က နတ်ဆိုးမုဆိုးများ၏ အာရုံစိုက်မှုကို ရသွားတော့၏။
” ကျူးကျော်သူတွေ အရှင်ရေမွန်ရဲ့ ပိုင်နက်ထဲကို ရာရာစစကျူးကျော်ရဲတယ်ပေါ့ … မင်းတို့အသက်နဲ့ ပေးဆပ်ရမယ် … ”
နတ်ဆိုးမုဆိုးနှစ်ကောင်သည် အော်ဟစ်ပြောပြီးနောက် သူတို့နောက်ကျောမှ မဟာဓားကို ဆွဲထုတ်လိုက်လေ၏။ သူတို့နှစ်ယောက်လုံးက ဆင့်ခေါ်ထားသော အန်နာဆီသို့ တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။
နတ်ဆိုးမုဆိုးများသည် ငွေလကြွက်ဘုရင်ထက် ပိုမြန်ဆန်ရုံသာမက သူတို့တိုက်ပွဲဝင်စံသတ်မှတ်ချက်ကလည်း ပိုမြင့်မားသည်။ ထို့အပြင် သူတို့သည် မတူညီသည့်အရပ်မျက်နှာနှစ်ခုကနေ နတ်ဆိုးများမည်သို့ ပူးပေါင်းဖြေရှင်းရမည်ဆိုတာ သိနေ၏။ သူတို့၏ လှုပ်ရှားမှုအရှိန်ကလည်း ချက်ချင်းတိုးလာတော့သည်။
နတ်ဆိုးမုဆိုးများက ကိုက်သုံးဆယ်အကွာသို့ ရောက်သည့်အချိန်၌ အန်နာသည် မြေပြင်ပေါ်၌ သူမ၏တောင်ဝှေးစောက်ချလိုက်ပြီး ကောင်းကင်ကို လက်ညှိုးထိုးလိုက်၏။ ထိုသို့ပြုလုပ်ပြီးနောက် ဂါထာ၏နောက်ဆုံးအပိုင်းကို ရွတ်ဆိုပြီးသွားတော့သည်။
ရုတ်တရက်အလွန်ကြီးမားသည့် ရွှေရောင်မှော်အစီအရင်က သူမရှေ့၌ ပေါ်လာလေ၏။ ငွေရောင်မှော်အစီအရင်ကလည်း အန်နာနား၌ ပေါ်လာပြီး ဆင့်ခေါ်သူကို ဝန်းရံလိုက်တော့သည်။
နတ်ဆိုးမုဆိုးနှစ်ကောင်သည် ဆယ်ငါးကိုက်အကွာသို့ရောက်သည့်အချိန်၌ ရွှေရောင်မှော်အစီအရင်ကြီးထဲ၌ ရွှေရောင်မှော်ဘီလူးကြီးက ထွက်လာသည်။ ရွှေဘီလူးသည် ဂိတ်စောင့်အဖြစ်ထမ်းဆောင်ပြီး နတ်ဆိုးမုဆိုး၏လမ်းကြောင်း၌ ရပ်နေသည်။ ထိုအကွက်က အန်နာသင်ယူထားသည့် အလွှာနှစ်ကျိန်စာ ဆင့်ခေါ်ခြင်းတေးသွားဖြစ်သည်။ ယင်းက သူမကိုပံ့ပိုးပေးရန် အလွှာသုံးရွှေဘီလူးတစ်ကောင်ကို ဆင့်ခေါ်နိုင်တာပဲဖြစ်သည်။ အလွှာနှစ် ကျောက်တုံးအစောင့်အကြပ်ဆယ်ကောင်ကလည်း အန်နာနားရှိ ငွေရောင်မှော်အစီအရင်ထဲမှ ပေါ်ထွက်လာသည်။ မျက်တောင်တခက်အတွင်း အန်နာသည် မွန်းစတားတပ်ဖွဲ့တစ်ဖွဲ့ကို ဆင့်ခေါ်လိုက်လေ၏။
[ရွှေဘီလူး၊ ဓာတ်ကြီးလေးပါးသတ္တဝါ၊ မဟာအရှင်]
အဆင့် (၇၂)
HP (၇၇ သန်း/၇၇ သန်း)
[ကျောက်တုံးအစောင့်အရှောက်၊ ဓာတ်ကြီးလေးပါးသတ္တဝါ၊ အရှင်]
အဆင့် (၇၂)
HP (၃၁ သန်း/၃၁ သန်း)
နတ်ဆိုးမုဆိုးနှစ်ကောင်သည် ဆင့်ခေါ်ခံသတ္တဝါများကို ဝိုင်းပြီး အန်နာကို တိုက်ရိုက်တိုက်ခိုက်ရန် ကြိုးစားကြသော်ငြား ဆင့်ခေါ်ခံက ထိုအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူမတောင်ဝှေး၏ အလင်းလှိုင်းဖြင့် သူမသည် မုဆိုးနတ်ဆိုးများကို ဓာတ်ကြီးလေးပါး ကျည်ဆန်များစွာဖြင့် ပစ်ခွင်းတော့သည်။
ထန် … ထန် … ထန် …
နတ်ဆိုးမုဆိုးနှစ်ကောင်သည် သူတို့ဓားများဖြင့် ကျည်ဆံကိုပိတ်ဆို့ရန် မြန်မြန်လေးတုံ့ပြန်လိုက်ရသည်။
သို့သော်ငြား ရွှေဘီလူးသည် နတ်ဆိုးမုဆိုးနှစ်ကောင်နောက်၌ ပေါ်လာပြီး ၎င်း၏ လက်သီးက ခေါင်းပေါ်သို့ ကျရောက်သွား၏။
ဖုန် …
(-၄၁၅၇၉၇)
(-၄၂၀၁၈၇)
သက်ရောင်အားသည် မြေကြီးပေါ်၌ အပေါက်ကြီးတစ်ပေါက်ဖြစ်သွားစေ၏။ ယခုအချိန်၌ အန်နာသည် နောက်ထပ်ရုမ်းတစ်စုံကို ရေးဆွဲပြီးသွားသည်။ ထိုရုမ်းများကို လွတ်လိုက်လေ၏။ ချက်ချင်းပင် ထိုရုမ်းများသည် နတ်ဆိုးမုဆိုးနား၌ ဝန်းရံနေသော ကျောက်တုံးအစောင့်အရှောက်ဆယ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့၏။ ထိုရုမ်းများက ကျောက်တုံးအစောင့်အရှောက်များနှင့် ပေါင်းစည်းသွားသည့်အချိန်၌ ရွှေရောင်မှော်အစီအရင်သည် နတ်ဆိုးမုဆိုးနှစ်ကောင်နား၌ ပေါ်လာတော့သည်။
နတ်ဆိုးမုဆိုးများက အရံအတားကို တိုက်ခိုက်သော်ငြား ၎င်းက အကောင်းပကတိကျန်ရှိနေသေးပြီး ကျောက်တုံးအစောင့်အရှောက်များက ထိခိုက်မှုကို ညီတူမျှတူ ခွဲယူလိုက်၏။
ထို့အပြင် မှော်အစီအရင်က ကျောက်တုံးအစောင့်အရှောက်ကို သူတို့၏ အခြေခံစွမ်းရည် (၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး နတ်ဆိုးမုဆိုးများ၏ အခြေခံစွမ်းရည်ကို (၁၅) ရာခိုင်နှုန်းလျှော့ချပေး၏။ ဤနည်းဖြင့် ၎င်းသည် နတ်ဆိုးမုဆိုးများအတွက် ကျောက်တုံးအစောင့်အရှောက်များကိုသတ်ဖြတ်ပြီး မှော်အရံအတားကနေလွတ်မြောက်ဖို့ ပိုတောင်ခက်ခဲလာတော့သည်။
သန်မာလိုက်တာ။ ရှီဖုန်းက အတော်အထင်ကြီးသွားတော့သည်။
အံ့ဖွယ်ကိုယ်ပိုင်သက်တော်စောင့်တစ်ဦး၌ အလွန်ထူးကဲသည့် အလားအလာရှိမှန်း သူသိပြီးသား ဖြစ်သော်ငြား အန်နာကို အလွှာသုံးနတ်ဆိုးနှစ်ကောင်အား သူဘာသာသူ ဖိနှိပ်နိုင်သည့် အနေအထားထိ ကြီးပြင်းလာလိမ့်မည်ဟု သူတစ်ခါမှ မထင်မိချေ။
အလွှာတူကစားသမားတစ်ဦးက အန်နာကို တိုက်ခိုက်ခဲ့လျှင် သူမက သူတို့ကိုသေသည်အထိ လွှမ်းမိုးထားနိုင်ပေလိမ့်မည်။ အန်နာ၌ အံ့ဖွယ်အဆင့်အမွေအနှစ်စွမ်းရည်အိန်ဂျယ်ဆင့်ခေါ်ခြင်းလည်း ရှိထား၏။ တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်သည်ဖြစ်စေ အုပ်စုဖွဲ့တိုက်ခိုက်သည်ဖြစ်စေ အန်နာ၌ အားနည်းချက်မရှိပေ။
ရုတ်တရက် ဓားသခင်ကိုက်က မှော်အစီအရင်ထဲတစ်ဟုန်ထိုးဝင်ရောက်လာပြီး သူ၏ အပိုင်းအစ ဒဏ္ဍာရီလာဓားကို နတ်ဆိုးမုဆိုးများထဲမှတစ်ကောင်ကို လွဲခုတ်လိုက်တော့၏။ ပစ်မှတ်ထားခံရသော နတ်ဆိုးမုဆိုးက လျင်မြန်စွာတုံ့ပြန်ပြီး ၎င်း၏ မဟာဓားကိုလွဲခုတ်လျက် တိုက်ကွက်ကို အလွယ်ခုခံလိုက်တော့သည်။
သို့သော်ငြား နတ်ဆိုးမုဆိုးက တိုက်ကွက်ကိုပိတ်ဆို့လိုက်စဥ် ခြေလှမ်းတစ်ဝက်ခန့်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။ ချက်ချင်းပင် များစွာသောအရပ်မျက်နှာများကနေ နတ်ဆိုးမုဆိုးများကို လေဓားသွားတစ်ဒါဇင်ကျော်က တိုက်ခိုက်တော့၏။
(-၄၄၆၇၁)
(-၄၄၅၉၈)
(-၄၅၁၀၂)
မျက်တောင်တခက်အတွင်း နတ်ဆိုးမုဆိုးသည် HP ငါးသိန်းကျော်ဆုံးရှုံးသွား၏။ ကိုက်က ခွန်အားနှင့်အရှိန် နှစ်မျိုးလုံး၌သာလွန်နေတာ သိသာသည်။
သူ့ကိုယ်ပိုင်သက်တော်စောင့်များ၏ လုပ်ဆောင်ချက်ကို ခဏတာကြည့်ပြီးနောက် ရှီဖုန်းက တိုက်ပွဲထဲဝင်ပါလာလိမ့်မည်။
ကိုက်နှင့်အန်နာနှစ်ယောက်လုံးသည် အလွှာသုံးနတ်ဆိုးများကို လွှမ်းမိုးထားနိုင်သော်ငြား နတ်ဆိုးက ငွေလကြွက်ဘုရင်နှင့် မတူပေ။ နှစ်ယောက်လုံး၌ တိုက်ပွဲဝင်ပြန်တက်နှုန်းရှိပြီး သူတို့က ငါးစက္ကန့်လျှင် HP သုံးသိန်းခွဲတက်လာတာဖြစ်သည်။ သူတို့ကိုသတ်ရန် အချိန်အတော်ယူရပေလိမ့်မည်။
ရှီဖုန်း၊ နတ်ဆိုးမီးတောက်ကျားနှင့် အလွှာနှစ်နတ်ဆိုးတို့ တိုက်ပွဲထဲဝင်ပါလာပြီးနောက် သူတို့၏ အလုံးစုံထိခိုက်မှုက မိုးထိအောင်မြင့်တက်သွားသည်။
သူ၏ အသင်းဖော်များက HP လျော့ကျလာစဥ် ရှီဖုန်းသည် ရေ၏ရောင်ဝါနှင့် အသက်ဖူးပွင့်ခြင်းကို ရွတ်ဆိုပေးလိုက်၏။
နာရီဝက်မပြည့်ခင်၌ အဆင့် (၇၀) အလွှာသုံးနတ်ဆိုးနှစ်ကောင်လုံး လဲကျသွားသည်။ သူတို့ သေသွားသည်နှင့် ရှီဖုန်၏ EXP ဘားက အဆင့် (၅၀) ၏ (၈၂) ရာခိုင်နှုန်းသို့ မြင့်တက်သွားသည်။
လုံလောက်သွားပြီပဲ။ မဟာအရှင်တွေပဲ EXP ပေးတာ။ သူ၏ EXP ဘားကိုကြည့်ပြီး ရှီဖုန်းက အမှောင်ချောက်ကမ်းပါး၏ စည်းမျဥ်းအချို့ကို အကြမ်းဖျင်းနားလည်သွား၏။ ပြီးနောက် နတ်ဆိုးမုဆိုး ကျလာသည့် ပစ္စည်းများကိုကြည့်လိုက်သည်။
နတ်ဘုရားကာကွယ်စောင့်ရှောက်မှုကြောင့် နတ်ဆိုးမုဆိုးများသည် အကျော်ဇေယျခုနှစ်ပါး အက်ကွဲစကိုးခုနှင့် အဆင့် (၆၀) ရွှေစင်ချပ်ဝတ်တန်ဆာအပိုင်းအစ နှစ်ခုကျလာသည်။ အိတ်လေးနှစ်လုံးလည်း ကျလာလေ၏။ အိတ်နှစ်လုံးကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် အထဲ၌ မျိုးစေ့များပါဝင်တာ တွေ့လိုက်ရ၏။ အိတ်နှစ်လုံး၌ စုစုပေါင်းမျိုးစေ့ နှစ်ဆယ့်ခုနှစ်စေ့ပါဝင်သည်။
ဒီနေရာက မွန်းစတားတွေက မျိုးစေ့ကျတယ်လား။ ရှီဖုန်းက အတော်လေးဇဝေဇဝါဖြစ်သွားတော့၏။
မွန်းစတားတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် မျိုးစေ့များရတာ ပထမဆုံးအချိန် ဖြစ်သည်။ ပုံမှန်ဆို NPC ကုန်သည်တွေဆီကနေ မျိုးစေ့များဝယ်ယူခြင်း သို့မဟုတ် ရတနာသေတ္တာကို ဖွင့်လှစ်ခြင်းမှသာ ရနိုင်သည်။
ရှီဖုန်းသည် မျိုးစေ့များ၏ စွမ်းရည်ပြဇယားကို သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
သန္ဓေပြောင်းသက်တန်မျိုးစေ့
ရှင်သန်နှုန်း (၂၀) ရာခိုင်နှုန်းတိုးမြင့်ပေးသည်။ ရင့်မဲ့သည့် အချိန်အတောအတွင်း သက်တံသစ်သီး ထုတ်လုပ်သည့်ပမာဏသည် (၃၀) ရာခိုင်နှုန်းတိုးမြင့်စေ၏။ သန္ဓေပြောင်းသက်တံသစ်သီးတစ်လုံးသီးရန် အခွင့်အရေးတစ်ခုရှိသည်။
ဘာ ဒါတွေက သန္ဓေပြောင်းသစ်ပင်မျိုးစေ့တွေလား။ ရှီဖုန်းက မှင်တက်သွားလေ၏။
နတ်ဘုရားနယ်မြေထဲရှိ သီးပင်များက ဆေးပင်များနှင့် မတူညီပေ။ သူတို့က ရိတ်သိမ်းပြီးသည်နှင့် မပျောက်ကွယ်သွားချေ။ ထိုအစား သစ်ပင်သည် လူတစ်ယောက်က သင့်တော်စွာ စိုက်ပျိုးထားသရွေ့ အသီးများ ဆက်လက်သီးနေအုံးမှာပဲ ဖြစ်သည်။ သစ်သီးရင့်မဲ့သည့်အချိန်က ဆေးပင်ထက် အနည်းငယ်ကြာရုံသာ ဖြစ်သည်။
သာမန်သီးပင်တစ်ပင်၏ မျိုးစေ့ကို NPC ကုန်သည်များဆီကနေ ဈေးပေါပေါဖြင့် ဝယ်ယူနိုင်သည်။
သို့သော်ငြား ရှားပါးသောသစ်ပင်များ၏ မျိုးစေ့များကမူ ဈေးပိုကြီး၏။ သက်တံသစ်ပင်၏ မျိုးစေ့ဆို ပြောနေရန် မလိုတော့ချေ။ အတိတ်တုန်းက ထိုကဲ့သို့မျိုးစေ့ကို ရွှေပြားလေးရာဖြင့် အလွယ်တကူ ရောင်းချနိုင်သည်။ ကံဆိုးသည်မှာ သက်တံသစ်ပင်က ရှင်သန်နိုင်သည့်နှုန်းက အလွန်နိမ့်ပြီး အကြမ်းဖျင်း (၂၀) ရာခိုင်နှုန်းသာ ရှိသည်။ ထို့ကြောင့် လူတစ်ယောက်က သစ်ပင်ကိုယ်တိုင် စိုက်ချင်လျှင် ရွှေပြားနှစ်ထောင်ဝန်းကျင် ကျသင့်မှာဖြစ်သည်။ ကံဆိုးလျှင် မျိုးစေ့က သူတို့ကို ရွှေပြားလေးထောင်ကုန်ကျစေလိမ့်မည်။
သက်တံသစ်ပင်မျို့စေ့က အလွန်ဈေးကြီးသည် အကြောင်းမှာ သက်တံသစ်သီးများက သက်တံဝိုင်ချက်လုပ်ပေးနိုင်သောကြောင့် ဖြစ်သည်။ ဝိုင်က အရသာရှိရုံသာမက ၎င်း၏ အာနိသင်သည် နှစ်တစ်ရာဘယ်ရီဝိုင်နှင့် ယှဥ်နိုင်ပေ၏။ ထို့အပြင် သက်တံဝိုင်၏ အာနိသင်က ပိုကြာရှည်ခံသည်။
သန္ဓေပြောင်းသက်တံမျိုးစေ့ကမူ သာမန်သက်တံသစ်ပင်မျိုးစေ့ထက် အဆပေါင်းများစွာ ဈေးပိုကြီးသည်။ ဆိုရလျှင် မျိုးစေ့များက ရှင်သန်နိုင်သည့်နှုန်းမြင့်မား၏။ ထိုသစ်ပင်များသည် ပုံမှန်ထက် အသီးများပိုသီးနိုင်၏။ ပိုအရေးကြီးသည်က သန္ဓေပြောင်းသက်တံသစ်သီး သီးလာနိုင်သည့် အခွင့်အရေးရှိတာပဲ ဖြစ်သည်။
ရှီဖုန်းက ပစ္စည်းများကို စုဆောင်းပြီးနောက် သူ၏ ကိုယ်ပိုင်သက်တော်စောင့်ကို မဆင့်ခေါ်တော့ဘဲ အန်နာနှင့် ကိုက်တို့ကို မူလနေရာဆီသို့ ပြန်သွားခိုင်းလိုက်၏။
သို့သော် များစွာသော ကြိုးပမ်းမှုများပြီးနောက် စနစ်က သူသည် NPC များကို ပြန်မပို့နိုင်ကြောင်း အသိပေးလာလေ၏။
လုံလောက်သွားပြီ ငါသူတို့ကို ပြန်မပို့နိုင်ဘူး။ တာဝန်ပြီးမြောက်မှဘဲ သူတို့ကို ပြန်ပို့ရမဲ့ပုံပဲ။ ရှီဖုန်းက သက်ပြင်းချလိုက်မိသည်။ သို့သော်ငြား ဆေးဥယျာဥ်ထဲ၌ ပြည့်နေသော ဝိညာဥ်ပန်းပွင့်များနှင့် ရှားပါးသောဆေးပင်များကို ကြည့်မိချိန်၌ သူ့စိတ်အခြေအနေက ချက်ချင်းမြင့်တက်လာသည်။ လရောင်သစ်သီးများစွာက ရိတ်သိမ်းခံရန်တောင် စောင့်စားနေလေ၏။
အသူရာအဆင့် အဆင့်မြှင့်တင်ခြင်းတာဝန်က အံ့သြဖွယ်ကောင်းကြောင်း သူဝန်ခံရပေမည်။
ရှီဖုန်းသည် ရှားပါးသောဆေးပင်များနှင့် လရောင်သစ်သီးများကို စုဆောင်းနေစဥ် ဝိညာဥ်ပန်းပွင့် ဖူးပွင့်လာမည့်အချိန်ကို စောင့်နေသည်။
ဝိညာဥ်ပန်းပွင့်သည် ဖူးပွင့်ရန်အတွက် သုံးရက်ကနေလေးရက် အချိန်လိုအပ်၏။ သို့သော်ငြား ရေမွန်၏မှော်အစီအရင်ကြောင့် ခြောက်နာရီဝန်းကျင်သာ လိုအပ်သည်။
အချိန်က လျင်မြန်စွာကုန်ဆုံးသွားသည်။ ရှီဖုန်းသည် ဝိညာဥ်ပန်းပွင့်များစုဆောင်းပြီးသည့်အချိန်၌ သူ၏ အိတ်သိုလှောင်မှုက ပြည့်ခါနီးပြီဖြစ်သည်။
ဂိမ်းထဲကနေ ထွက်ရတော့မဲ့အချိန်ရောက်ပြီပဲ။ ရှီဖုန်းက အပြင်လောကနာရီကို ကြည့်လိုက်သည်။ ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်း၏ ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲ စခါနီးပြီဖြစ်သည်။ ခုနှစ်စင်ကြယ်၏ ခေါင်းဆောင်နည်းပြအနေဖြင့် သူက ပွဲစဥ်တွင် ပျက်ကွက်၍မရပေ။
သူသည် ဂိမ်းထဲကနေထွက်ရန် ဆုံးဖြတ်လိုက်ပြီး ဆေးဥယျာဥ်ထဲကနေ ပျောက်ကွယ်သွား၏။
သက်တံသစ်သီး အပိုင်း (၁၀၀၅) တွင် ဖော်ပြထားသည့် ခုနှစ်ရောင်ခြယ်သစ်သီးပဲဖြစ်သည်။