ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1292 ထိတ်လန့်နေသောပြိုင်ကွင်း
ယှဥ်ပြိုင်ပွဲစတင်သည်နှင့် ပြိုင်ကွင်းအထက်ရှိ ဖန်သားပြင်က တိုက်ပွဲကိုထုတ်လွှင့်ကာလူတိုင်း၏ အာရုံစိုက်မှုကိုရသွားတော့၏။
” ဟား ဟား ဟား … ခင်ဗျားကတော့ တကယ်ကံဆိုးတာပဲ … ခင်ဗျားရဲ့ကောင်လေးက ကျားဖြူဒိုဂျိုရဲ့ ပါရမီရှင်နဲ့ ရင်ဆိုင်ရတော့မယ် … ဒီနှစ် ရှောင်လုက လက်သီးခွန်အား (၆၀၄) ကီလိုဂရမ်တောင် ရထားတာလေ … သူက နိုင်ငံပြိုင်ပွဲရဲ့ ထိပ်နေရာကိုတောင်ရောက်နိုင်ပြီ … ”
ဆံပင်များဖြူနေသော အဘိုးအိုတစ်ဦးက ရှောင်ယွီကို ကြည့်ပြီး ရယ်မောလိုက်၏။ ထိုအဘိုးအို၏ မှတ်ချက်ကိုကြားသောအခါ ရှောင်ယွီ၏ အမူအရာက ပိုသုန်မှုန်သွားလေ၏။
ကျင်းဟိုင်မြို့၏ နံပါတ်တစ်ကျွမ်းကျင်သူ ခန်းမသခင်ချန်ဝူတောင် လက်သီးခွန်အား (၄၅၃) ကီလိုဂရမ်သာ ရှိသည်။
ခုနှစ်စင်ကြယ်ဒိုဂျိုက ပထမပွဲစဥ်ထဲက ထုတ်ပယ်ခံရတော့မည်။ ထိုသို့တွေးမိတာက ရှောင်ယွီတစ်ဦးထဲမဟုတ်ပေ။ ပြိုင်ကွင်းထဲရှိ လူတိုင်းက အတွေးတူညီကြပေ၏။ ဖုကျင်းဟုန်ကတောင် ထိုသို့ တွေးနေပေသည်။ လုကျင်းရှန်က တိုက်ခိုက်ရေးလောက၌ အလွန်နာမည်ကျော်ကြား၏။ ထိပ်တန်းအမျိုးအစား နိုင်ငံအဆင့် တိုက်ခိုက်ရေးကျွမ်းကျင်ကစားသမားများက ထိုပါရမီရှင်ကိုတောင် မော့ကြည့်ရသည်။
အစည်းအရုံးခေါင်းဆောင် တကယ်အဆင်ပြေပါမလား။ ဖုကျင်းဟုန်သည် အဝေးရှိ အထူးဧည့်သည့်တော်ခုံတန်းကနေ ကြည့်နေသောရှီဖုန်းကို စိုးရိမ်ပူပန်စွာ တစ်ချက်ကြည့်လိုက်၏။
သူသည် လွန်ခဲ့သောလေးရက်မှ ရေစိမ်းဘီလာကို ရောက်လာခဲ့တာဖြစ်သည်။ ထိုသို့တိုင် ဤကဲ့သို့ ယှဥ်ပြိုင်ပွဲကြီး၌ မြို့အသီးသီးမှ ကျွမ်းကျင်သူများကို ရင်ဆိုင်ရတော့မည်။ သူက အထူးလေ့ကျင့်ရေးသုံးရက် ဖြတ်ကျော်ခဲ့ရပြီး အက်စ်အဆင့် အာဟာရဖြည့်ရည်များစွာ သုံးစွဲခဲ့ရာ သူ၏ ရုပ်ခန္ဓာက သိသိသာသာ တိုးတက်လာသည့်တိုင် အနိုင်ရရန် ယုံကြည်ချက်မရှိပေ။ ဆိုရလျှင် သူသည် ထိုမတိုင်ခင်က ယာယီတိုက်ခိုက်ရေးသမားတစ်ဦးသာ ဖြစ်ခဲ့၏။
ကံဆိုးသည်မှာ ဤယှဥ်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ရန် သူအရည်အချင်း မပြည့်မီကြောင်း ရှီဖုန်းကို ပြောခဲ့သော်ငြား ရှီဖုန်းက စိတ်အေးအေးထားပြီး ပုံမှန်အတိုင်း တိုက်ခိုက်ရန် ဆိုခဲ့၏။
” ကောင်လေး မင်းစင်ပေါ်ကနေ မင်းဘာသာမင်းဆင်းသွားမလား … ဒါမှမဟုတ် မင်းကို ပစ်ချရမလား …”
လုကျင်းရှန်က ပြောပြီး ဖုကျင်းဟုန်ကို လောင်ပြုံးဖြင့်ကြည့်လိုက်တော့၏။
” ငါပြောလိုက်မယ် ငါ့ရဲ့ခွန်အားက လက်တလောကမှ ထပ်တိုးလာတာ … ငါမထိန်းချုပ်နိုင်ရင် ငါ့ကို အပြစ်မတင်နဲ့ … ”
” လာလေ … ”
ဖုကျင်းဟုန်က ပြောပြီး အံကြိတ်လိုက်လေ၏။ တိုက်ခိုက်ရန် သူရွေးချယ်ခဲ့သည်။ ဆိုရလျှင် ရှီဖုန်းက သူဆီ၌ အက်စ်အဆင့် အာဟာရဖြည့်ရည်ငါးပုလင်း ရင်းနှီးမြှုပ်နှံခဲ့သည်။ သူအရှုံးပေးခဲ့လျှင် အစည်းအရုံးခေါင်းဆောင်၏ ကြင်နာမှုကို မသိတက်ရာရောက်လိမ့်မည်။
” အိုး မင်းဘယ်လောက်သတ္တိရှိလဲ … ”
လုကျင်းရှန်က လောင်ပြောင်သည့်အနေဖြင့် လက်ခုပ်တီးလိုက်၏။ သို့သော်ငြား တစ်စက္ကန့်အကြာ၌ သူက ဖုကျင်းဟုန်ဆီသို့ တစ်ဟုန်ထိုးဝင်သွားလိုက်သည်။ သူလှုပ်ရှားသွားစဥ် သူက ဝက်ဝံညိုကြီးတစ်ကောင်နှင့် တူနေပြီး ပြိုင်ဘက်ကို ကြောက်လန့်စေနိုင်၏။
လုကျင်းရှန်က ဖုကျင်းဟုန်ရှေ့သို့ ရောက်သွားစဥ် တစ်ဖက်သူ၏မျက်နှာကို ထိုးဟန်ပြင်ကာ သူ၏ လက်သီးက အင်မတန်မြန်ဆန်လွန်းပြီး ပုံရိပ်ယောင်များတောင် ချန်ရစ်ခဲ့၏။
” မဆိုးဘူးပဲ … သူက လက်သီးကို ဒီအဆင့်ထိရောက်အောင် လေ့ကျင့်ထားခဲ့တာ … နိုင်ငံအဆင့် တိုက်ခိုက်ရေးသမားအချို့တောင် သူနဲ့မယှဥ်နိုင်တာ အံ့သြစရာမရှိဘူး … ”
အထူးဧည့်သည်တော်ခုံတန်းကနေ ကျန်းထျန်းယွမ်က တိုက်ခိုက်ရေးသမားကို ချီးကျူးလိုက်၏။
လုကျင်းရှန်ရှေ့တက်သွားပြီး လက်သီးထိုးလိုက်သည့်ဖြစ်စဥ်တစ်ခုလုံးက ရေစီးဆင်းသည့်ပမာ ချောမွေ့နေသည်။ မြန်ဆန်တိကျပြီး အညာအတာကင်းမဲ့၏။ သူ၏ ခွန်အားကို နှောက်နှေးစေမည် မည်သည့်အပိုလှုပ်ရှားမှုမှ ရှိမနေပေ။
လုကျင်းရှန်က သူ၏ အလေးချိန်တစ်ခုလုံးကိုသုံးပြီး လက်သီးထိုးလိုက်လေ၏။ ထိုအကွက်၌ ထူးခြားမှုမရှိသော်ငြား အင်မတန်အန္တရာယ်များသည်။ သင့်တော်စွာမဖြေရှင်းခဲ့လျှင် ထိုလက်သီးက ဖုကျင်းဟုန်ကို အဆုံးသတ်သွားနိုင်လောက်သည်။
ဖုန် …
စင်မြင့်ပေါ်၌ ပေါက်ကွဲသံတစ်သံပေါ်ထွက်လာ၏။ သို့သော်ငြား လုကျင်းရှန်လက်သီးက ၎င်း၏ သွားလိုရာကိုမရောက်ပေ။ ထိုအစား ဖုကျင်းဟုန်၏ မျက်နှာနှင့် သုံးလက်မအကွာတွင် ဟန့်တားခံလိုက်ရ၏။
ပရိသတ်က အံ့သြသွားတော့သည်။
” သူလွဲချော်သွားတာလား … ”
” လုကျင်းရှန်က ဆော့ကစားရတာ တကယ်ကြိုက်တာပဲ … သူ့ပြိုင်ဘက်ကိုခြောက်ဖို့ တမင်တကာ ကြိုးစားနေတယ် … ”
” အဟုတ်ပဲ ပြောရရင် သူတို့ကြားကကွာဟချက်က ကြီးမားလွန်းတယ်လေ … တစ်ချက်ထဲနဲ့ ပြိုင်ပွဲကိုအဆုံးသတ်လိုက်ရင် စိတ်လှုပ်ရှားဖို့မကောင်းဘူး … လုကျင်းရှန်က သူ့ပြိုင်ဘက်ရဲ့ ဂုဏ်သက္ခာကို သက်ညှာပေးဖို့ ကြိုးစားနေတာပဲဖြစ်ရမယ် … ”
” ဖုကျင်းဟုန်က တကယ်ကံမကောင်းတာပဲ … သူက ရှုံးနိမ့်ရုံတင်မကဘူး လုကျင်းရှန်က သူ့ကို ခြောက်လိုက်သေးတယ် … သတိမလစ်သွားလောက်ဘူးမလား … လုကျင်းရှန်က သူ့ကိုမတော်တဆထိမိသွားရင် အဲ့ကောင်လေးကို သတ်မိလောက်တယ် … ”
လုကျင်းရှန်နှင့် ရင်းနှီးသည့် အဖွဲ့ဝင်ပရိသတ်အချို့က ပြောနေစဥ် ပျော်ရွှင်နေ၏။ သူတို့က ဖုကျင်းဟုန်ကို သနားမိကြသည်။
ထိုစဥ် အထူးဧည့်သည်တော်ခုံတန်း၌ ရှောင်ယွီကို ပွဲစဥ်ကိုမကြည့်နိုင်တော့ပေ။ ထိုအစား ပြုံးနေသော ဆံပင်ဖြူဖြင့်အကြီးအကဲကို မုန်းတီးစွာ ကြည့်နေ၏။ တိမ်ဖြူဒိုဂျိုက ခုနှစ်စင်ကြယ်ဒိုဂျိုကိုသုံးပြီး အနိုင်ရအောင်လုပ်နေတာ သိသာ၏။ ဤယှဥ်ပြိုင်ပွဲပြီးနောက် ခုနှစ်စင်ကြယ်ဒိုဂျိုကို မည်သူကဝင်ချင်တော့မည်နည်း။
သို့သော် ရုတ်တရက် ဆံပင်ဖြူဖြင့်အကြီးအကဲက ဇဝေဇဝါဖြစ်သွားသည်။ ထိုကောင်လေးက ကြမ်းတမ်းပြီး ကြွက်သားများပြည့်ပြီး ဦးနှောက်မရှိဟု ယူဆခဲ့၏။ ထိုသို့တိုင် ဤကောင်လေးက သူဒိုဂျို၏ ဂုဏ်သတင်းကို တိုးမြင့်ပေးခဲ့သည်။
လုကျင်းရှန်ကမူ လူတိုင်းထင်ထားသကဲ့သို့ ပျော်ရွှင်နေပုံမပေါ်ပေ။ ထိုအစား ဖုကျင်းဟုန်ကို လေးနက်တည်ကြည်သော အမူအရာဖြင့် ကြည့်လိုက်၏။ သူက လူတိုင်းထင်သကဲ့သို့ ကြင်ကြင်နာနာဆက်ဆံနေတာမဟုတ်။ ဆော့ကစားနေတာလည်း မဟုတ်ပေ။ သူသည် အစထဲက နောက်လာမည့်ပြိုင်ဘက်များကို တုန်လှုပ်သွားစေရန်အတွက် လက်သီးတစ်ချက်ဖြင့် ဖုကျင်းဟုန်ကို အဆုံးသတ်ရန်စီစဥ်ခဲ့သည်။ ဆိုရလျှင် ယင်းက သူတို့၏ စံသတ်မှတ်ချက် ယှဥ်ပြိုင်ပွဲမဟုတ်။ သူက တဆက်ထဲပွဲစဥ်များစွာကို တိုက်ခိုက်ရပေမည်။ ရလဒ်အနေဖြင့် သူဒဏ်ရာတောင်ရလာနိုင်၏။ အားကစားပြိုင်ပွဲများက အံ့မခမ်း ဆေးအထောက်အကူများ ရှိပြီး သူ၏ ဒဏ်ရာလေးများကို အလွန်လျင်မြန်စွာကုသပေးနိုင်သော်ငြား ဆေးဝါးနှင့် စက်ပစ္စည်းများသည် လူတစ်ယောက်၏ စိတ်အခြေအနေကို ကောင်းအောင်မပြုပြင်ပေးနိုင်ပေ။ ထို့ကြောင့် သူက တတ်နိုင်သမျှ မြန်မြန်တိုက်ခိုက်ရန် ရည်ရွယ်ထား၏။
သို့သော် ဖုကျင်းဟုန်က သူ၏ လက်သီးကို ရှောင်နိုင်လိမ့်မည်ဟု သူမထင်ထားချေ။
” ဟေ့ကောင် မင်းကံကောင်းသွားတာပဲ … ဒါပေမဲ့ မင်းရဲ့ကံက အခု ဒီမှာအဆုံးသတ်ပြီ … ”
လုကျင်းရှန်က အော်ပြောလိုက်သည်။ ချက်ချင်းပင် သူက ကြမ်းတမ်းသောမျှရိုက်ချက် အလျင်မြန်ဆုံးနှင့် အကြမ်းတမ်းဆုံးနည်းစနစ်ကို ထုတ်ဖော်လိုက်၏။ သူ၏ ပြိုင်ဘက်ကို ကြမ်းတမ်းသောဖိအား အရှိန်တို့ဖြင့် လွှမ်းမိုးရန်စီစဥ်ထားသည်။
လက်သီးနံရံက ဖုကျင်းဟုန်ကို တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်တော့သည်။
” လုကျင်းရှန်ရဲ့ အမှတ်အသား ကြမ်းတမ်းခြင်းမြားရိုက်ချက် … ဒီကလေးကတော့ ကံဆိုးမိုးမှောင်ကျပြီးပဲ … သူဒဏ်ရာကနေ ပြန်ကောင်းဖို့ ဆေးရုံမှာလချီ အချိန်ကြာတော့မှာ … ”
ပရိသတ်တစ်ယောက်သည် လုကျင်းရှန်၏ ရက်စက်သောတိုက်ကွက်တစ်ကွက်ကို မြင်တွေ့သောအခါ ဖုကျင်းဟုန်ကို ဂရုဏာသက်မိသွားသည်။
လူတိုင်းက လုကျင်းရှန်သည် သူ့ပြိုင်ဘက်ကို လွင့်ထွက်သွားအောင် လုပ်နိုင်မည်ဟုတွေးစဥ် ဖုကျင်းဟုန်က တုံ့ပြန်ပြီး ဝင်လာသည့် လက်သီးတိုင်းကို ပိတ်ဆို့လိုက်၏။
” မဖြစ်နိုင်တာ … ”
” သူက တကယ်ပိတ်ဆို့နိုင်တယ်လား … ”
” သူက လူတောင်ဟုတ်သေးရဲ့လား … ”
အထူးဧည့်သည်တော်ခုံတန်းရှိ ပရိသတ်က ထိတ်လန့်သွား၏။ အထူးသဖြင့် တိမ်ဖြူဒိုဂျိုအကြီးအကဲအတွက် ဖြစ်သည်။
လုကျင်းရှန်၏ လက်သီးများက မြန်ဆန်ပြီး သန်မာသည်။ ထိုနည်းစနစ်က နိုင်ငံတိုက်ခိုက်ရေးသမားများကိုတောင် လွှမ်းမိုးနိုင်လေ၏။ ထိုသို့တိုင် လုကျင်းရှန်က ဖုကျင်းဟုန်ကို ထိအောင်တောင် မလုပ်နိုင်ပေ။
သေသပ်လိုက်တဲ့ စွမ်းရည်ပဲ။ ကျန်းထျန်းယွမ်က ဖုကျင်းဟုန်၏ လှုပ်ရှားမှုများကို ကြည့်နေစဥ် သူ၏မျက်လုံး တောက်သွားတော့၏။
ပွဲကြည့်ပရိသတ်များက ဖုကျင်းဟုန်၏ ခုခံမှုများကို အာရုံစိုက်နေကြ၏။ သို့သော်ငြား ကျန်းထျန်းယွမ်ကမူ လုကျင်းရှန်၏ ကြမ်းတမ်းခြင်းမြားရိုက်ချက်များကို အေးအေးလုလုကာနိုင်ဖို့က မည်မျှခက်ခဲကြောင်း အပြည့်အဝသတိပြုမိသည်။ ရှေးဦးစွာ ဖုကျင်းဟုန်သည် လုကျင်းရှန်၏ တိုက်ခိုက်မှုလားရာကို တိတိကျကျမှန်းဆနိုင်ရန် လိုအပ်သည်။ ပြီးနောက် သူက မှန်ကန်သည့်ရှုထောင့်ကနေ တိုက်ကွက်များကို ပိတ်ဆို့ရန်လိုအပ်၏။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် တိုက်ခိုက်မှုကိုတိတိကျကျသတိပြုထားမိပြီး တိုက်ပွဲဝင်အတွေ့အကြုံကြွယ်ဝရန် လိုအပ်သည်။
ကျန်းထျန်းယွမ်က အသက်နှစ်ဆယ်သာ ရှိသေးသည့် လူငယ်လေးက ထိုမျှများပြားသည့် တိုက်ပွဲဝင်အတွေ့အကြုံ ပိုင်ဆိုင်နေသည်ဆိုတာကို အလွန်ခက်ခဲနေ၏။
” ဘာလဲ သူက ယာယီတိုက်ခိုက်ရေးသမားပဲလို့ ငါထင်ခဲ့တာလေ … ”
ရှောင်ယွီက ဖုကျင်းဟုန် ကျော့ရှင်းစွာ လှုပ်ရှားသွားတာကိုကြည့်ပြီး မယုံနိုင်သည့်အမူအရာဖြစ်နေကာ ပါးစပ်အဟောင်းသားဖြစ်နေ၏။ ပြီးနောက် သူက ရှီဖုန်းကိုကြည့်လိုက်သည်။ ထိုလူအပေါ် သူ၏ မကျေမချမ်းဖြစ်မှုများအားလုံး ပျောက်ကွယ်သွား၏။ သူက အံ့သြပျော်ရွှင်နေတော့သည်။ ရှီဖုန်းက ထိုကဲ့သို့ ရွက်ပုန်းသီးကျွမ်းကျင်သူတစ်ယောက်ကို ရှာတွေ့နိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိချေ။ တစ်ချိန်ထဲတွင် ရှီဖုန်းအပေါ် သူ၏ လေးစားမှုကတိုးလာလေ၏။
တိုက်ပွဲက နောက်ထပ်စက္ကန့်တစ်ဒါဇင်ခန့် ကြာပြီးနောက် လုကျင်းရှန်က တဖြည်းဖြည်း အားနည်းသွားတော့သည်။ ကြမ်းတမ်းခြင်းမြားထိုးနှက်ချက်က ပြိုင်ဘက်ကို လွှမ်းမိုးနေစဥ် ထိုအကွက်က သူ၏ သက်လုံအားကိုကုန်ခမ်းစေ၏။
” မင်းမှာ သိုဝှက်ထားတဲ့ခွန်အားတချို့ ရှိနေပုံပဲ … ဟေ့ကောင် မင်းငါ့ကို အရူးလုပ်ခံလုနီးပါးပဲ … ”
တိုက်ပွဲကိုမြင်သောအခါ လုကျင်းရှန်က ကြမ်းတမ်းခြင်းမြားထိုးနှက်ချက်ကို အသုံးမပြုတော့ဘဲ ဖုကျင်းဟုန်ဆီကနေ အဝေးသို့သွားလိုက်၏။ သူက စကားအချို့ဖြင့် သက်လုံအားပြန်ကောင်းရန် အချိန်ဆွဲချင်သည်။
” ရှောင်တိမ်းတာတစ်ခုပဲ မင်းလုပ်တက်တယ်ဆိုရင် မင်းငါ့ကို ဘယ်တော့မှအနိုင်ယူနိုင်မှာ မဟုတ်ဘူး … ”
သို့သော် လုကျင်းရှန် ပြောတာမပြီးသေးခင် ဖုကျင်းဟုန်က ရှေ့တိုးလာ၏။ သူက လုကျင်းရှန်ကို အနားယူရန် အချိန်ပေးဖို့ မရည်ရွယ်ထားပေ။ ထိုအရာကိုမြင်သောအခါ လုကျင်းရှန်က သူ့ပြိုင်ဘက်၏ ရူးမိုက်မှုကို ပြက်ရယ်ပြုလိုက်သည်။ သူ့ဟန်ချက်ကို ထိန်းလျက် ခြေကန်ချက်ကို ထုတ်သုံးလိုက်တော့၏။ လုကျင်းရှန်၏ ခြေထောက်က ဖုကျင်းဟုန်ကို ထိတော့မည့်အချိန်၌ ခုနှစ်စင်ကြယ်ဒိုဂျိုကို ကိုယ်စားပြုသည့် တိုက်ခိုက်ရေးသမားလေးက တန်ပြန်တိုက်ခိုက်မှုကို မှန်းဆထားသည့်ပမာ ဟန့်တားလိုက်၏။ ရလဒ်အနေဖြင့် လုကျင်းရှန်၏ ခြေထောက်သည် ဖုကျင်းဟုန်၏ အဝတ်အစားကိုသာ ဖြတ်တိုက်မိသွား၏။ လုကျင်းရှန်၏ဟန်ချက်ကပျက်သွားပြီး သူတိုက်ခိုက်မှုက လွဲချော်သွားကာ ခုခံမှု၌ အားနည်းချက်များပေါ်လာစေသည်။ ထိုအခွင့်အရေးကို သုံးကာ ဖုကျင်းဟုန်က လုကျင်းရှန်၏ လွတ်နေသောဝမ်းဗိုက်ကို ကန်လိုက်တော့၏။
ဖူး …
လုကျင်းရှန်က နေရာမှာတင်သွေးအန်ကာ စင်မြင့်ပေါ်က ပြုတ်ကျသွားပြီး မြေပြင်နှင့် ရိုက်မိသွား၏။ လုကျင်းရှန်က ထရပ်ရန် ကြိးစားသော်ငြား အနည်းငယ်လှုပ်နေပြီးနောက် သတိလစ်သွားကာ မြေကြီးပေါ် လဲသွားတော့၏။
ယင်းက ချစ်ကြည်ရေးပြိုင်ပွဲဖြစ်ပြီး ပါဝင်ယှဥ်ပြိုင်သူတိုင်းက စံသတ်မှတ်ထားသည့် ယှဥ်ပြိုင်ပွဲထက် တစ်ဒါဇင်ကျော်ဝင်ပါဖူးသောကြောင့် ဒိုင်လူကြီးသည် ပြိုင်ပွဲဝင် ဆက်မပြိုင်နိုင်တော့တာကို ဆုံးဖြတ်ပြီးသည်နှင့် သူတို့က ပြိုင်ပွဲ၏ရလဒ်ကို ချက်ချင်းကြေညာတော့သည်။
” အနိုင်ရသူ ခုနှစ်စင်ဒိုဂျို၏ ဖုကျင်းဟုန်… “