ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1296 ရွက်ပုန်းသီးကျွမ်းကျင်သူများစွာနှင့် ယှဥ်ပြိုင်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1296 ရွက်ပုန်းသီးကျွမ်းကျင်သူများစွာနှင့် ယှဥ်ပြိုင်ခြင်း
အမျိုးမျိုးသော ဒိုဂျိုများနှင့် လေ့ကျင့်ရေးစင်တာ၏ အထက်အရာရှိများသည် ပွဲကြည့်ပရိသတ်ခုံတန်းရှိ ပရိသတ်များထက်ပိုတောင် ဆွံ့အနေကြသည်။ ပွဲစဥ်၏ အနိုင်ရသူကို ပြူးကျယ်စွာစိုက်ကြည့်နေ၏။
သို့သော်ငြား ရှဲ့ချီဝမ်ထက် မည်သူမှပိုမအံ့သြပေ။
ဘာ ဘာတွေဖြစ်ကုန်တာလဲ။ သူက ဘယ်လိုလုပ်သန်မာရတာလဲ။
သူသည် လျောင်ဟွာကျဲ၏ခွန်အားနှင့် အင်မတန်ရင်းနှီးသည်။ လျောင်ဟွာကျဲက ကုချန်ထက် အနည်းငယ်အားနည်းသော်ငြား ထိုကောင်လေးသည် ပင်မခွဲ၏ အဆင့်မြင့်တပည့်များကြားထဲ၌ ထိပ်သို့ရောက်နိုင်သေးသည်။ ထိုအကြောင်းအရင်းကြောင့် ပင်မခွဲသည်။ ဤချစ်ကြည်ရေးယှဥ်ပြိုင်ပွဲအတွက် လျောင်ဟွာကျဲကို စေလွှတ်ရန်သဘောတူထားတာပဲ ဖြစ်သည်။ ရှဲ့ချီဝမ်က လျောင်ဟွာကျဲကို ထိုမျှအလွယ်တကူအနိုင်မယူနိုင်ပေ။ ထိုသို့တိုင် ရို့ကျစ်ဖင်းက အသက်တစ်ရှိုက်စာအတွင်း ပွဲစဥ်ကိုအဆုံးသတ်သွားလေ၏။
ရီယွိချင်းက ရို့ကျစ်ဖင်းကို စင်အောက်ကနေ ကြက်သေသေနေသောအမူအရာဖြင့် စိုက်ကြည့်နေ၏။
” မဖြစ်နိုင်တာ … သူဘယ်လိုလုပ် ဒီလောက်သန်မာလာရတာလဲ … ”
ရီယွိချင်းက ရို့ကျစ်ဖင်း သူမကို ပြောခဲ့သည့်စကားကို ပြန်တွေးလိုက်၏။
” သူရဲ့ခွန်အားကို တစ်ချိန်လုံးဖုံးကွယ်ထားတာလား … ”
ထို့အပြင် ယနေ့ထူးထူးဆန်းဆန်းပြုမူတာ ရို့ကျစ်ဖင်းတစ်ယောက်ထဲမဟုတ်ပေ။ ကျန်သည့်ခုနှစ်ကြယ်ကိုယ်စာပြုသူနှစ်ယောက်ဖြစ်သော ဖုကျင်းဟုန်နှင့် ယွီချောင်ချောင်တို့ကလည်း လျောင်ဟွာကျဲက ညစောင့်ဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် အင်မတန်တည်ငြိမ်နေခဲ့၏။ သူတို့နှစ်ယောက်လုံးက ရို့ကျစ်ဖင်းအနိုင်ရမည်ဆိုတာ သိနေသည်။
သို့သော်ငြား ယင်းက ရီယွိချင်းကို ဇဝေဇဝါဖြစ်သွားစေ၏။
ရို့ကျစ်ဖင်းသည် ထိုကဲ့သို့သောခွန်အားမျိုးကို အစောထဲကထုတ်ပြခဲ့လျှင် ကျားဖြူဒိုဂျိုက သူ့ကို လေ့ကျင့်ရာ၌ ပိုအာရုံစိုက်ပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် ရှဲ့ချီဝမ်တောင် သူ့ကိုဖြေရှင်းရန် ခက်ခဲသွားမှာပဲဖြစ်၏။
ဒါအတွက် ခုနှစ်စင်ဒိုဂျိုက တာဝန်ရှိတာများလား။ ရီယွိချင်းက ဖြစ်နိုင်ချေကို တွေးလိုက်၏။ သူမကျယ်လောင်စွာပြောမိစဥ် သူမအသံကတုန်လှုပ်နေလေ၏။ သူမကိုသူမ မယုံနိုင်ပေ။
စင်မြင့်ပေါ်ရှိဒိုင်လူကြီးက ရို့ကျစ်ဖင်းအနိုင်ရကြောင်း ကြေညာချိန်၌ ကွင်းထဲတွင် စိတ်လှုပ်ရှားသံများ ပြည့်သွားတော့သည်။
” သိပ်သန်မာတာပဲ … ဒါက ခုနှစ်စင်ဒိုဂျိုရဲ့ ခွန်အားအစစ်အမှန်လား … ”
” အဲဒီလူက မွန်းစတားတစ်ကောင်လား … ဘာဖြစ်သွားလဲဆိုတာ ငါမမြင်ရဘူး … ”
ဤပွဲစဥ်ပြီးနောက် ခုနှစ်စင်ကြယ်ဒိုဂျိုအပေါ် ပရိသတ်၏ လေးစားမှုက မြင့်မားသည့်အဆင့်သို့ရောက်သွားသည်။
သို့သော်ငြား အထူးဧည့်သည်တော်ခုံတန်းကနေ ကြည့်နေစဥ် ကျန်းထျန်းယွမ်က တည်ကြည်သည့်အမူအရာရှိနေလေ၏။
” ခန်းမသခင် လျောင်ဟွာကျဲက သတိမထားမိတာပဲဖြစ်ရမယ် … ဒါပေမဲ့ ကုချန်နဲ့ ရီယွိချင်းက ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ပေးမှာပါ … ”
ရှဲ့ချီဝမ်က အမြန်ရှင်းပြလိုက်၏။ သူ၏ ရှင်းပြချက်ကို အတော်အဓမ္မဆန်နေသော်ငြား လျောင်ဟွာကျဲဂရုမစိုက်မိတာ အမှန်ပဲဖြစ်သည်။
အဆင့်တူကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်ချိန်၌ တိုက်ရိုက်ခွန်အားအပြည့်တိုက်ခိုက်ခြင်းက ရူးမိုက်သည့်လုပ်ရပ်ဖြစ်သည်။ ပြိုင်ဘက်က အားနည်းချက်ရခဲ့လျှင် သူတို့က တစ်ချက်ထဲဖြင့် အနိုင်ရမှုကို ရရှိလိမ့်မည်။ လျောင်ဟွာကျဲ၏ ဆိုးဆိုးဝါးဝါးရှုံးနိမ့်မှုက နားလည်နိုင်ဖွယ်ရှိ၏။
” မျှော်လင့်ရတာပဲ … ဒီပွဲပြီးတဲ့နောက် ရို့ကျစ်ဖင်းက ခုနှစ်စင်ဒိုဂျိုကို ရုတ်တရက်ကြီး ဘာကြောင့် ကိုယ်စားပြုရတာလဲဆိုတာ သင့်တော်တဲ့ဖြေရှင်းချက်လည်း လိုချင်တယ် … ”
ကျန်းထျန်းယွမ်က လေးနက်စွာပြောပြီး ရှဲ့ချီဝမ်ကိုကြည့်လိုက်၏။
လျောင်ဟွာကျဲ ဂရုမစိုက်သည်က မှန်သော်ငြား တိုက်ခိုက်ရေးသမားတိုင်းသည် ထိုကဲ့သို့ထိုးနှက်ချက်ကိုဖြေရှင်းရန် အခွင့်အရေးရှာနိုင်တာမဟုတ်ပေ။ ယင်းက ကျွမ်းကျင်မှုအဆင့်တစ်ရပ်ရှိသည်။ ရို့ကျစ်ဖင်းက ထိုအဆင့်သို့ရောက်နေပြီဆိုတာ သိသာ၏။
” ပြီးတော့ ခုနှစ်စင်ကြယ်ဒိုဂျိုအကြောင်းသိဖို့ အဲဒီမှာရှိသမျှအားလုံး သင်ယူစေချင်တယ် … တစ်ခုမှမလွဲချော်စေနဲ့ … ”
ကျန်းထျန်းယွမ်က အဝေးတွင်ထိုင်နေသောရှီဖုန်းကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ချေ။ သူသည် ထိုမျက်ဝန်းများကို ဆုံတွေ့ချိန်၌ ခုနှစ်စင်ကြယ်ဒိုဂျိုထက် အခြားတစ်ခုပိုနေကြောင်း ခံစားမိနေ၏။
” နားလည်ပါပြီ … ကျွန်တော်ကြည့်လိုက်ပါမယ် … ”
ရှဲ့ချီဝမ်က ခေါင်းညိတ်လိုက်ပြီး ကျန်းထျန်းယွမ်က သူ့ကိုပေးသောဖိအားကြောင့် ကျောစိမ့်လာတော့၏။
ကျန်းထျန်းယွမ်သည် ကျားဖြူဒိုဂျို၌ ဒဏ္ဍာရီတစ်ပါးဖြစ်သည်။ ခန်းမသခင်တောင် သူ့ကို တလေးတစားဆက်ဆံရ၏။ ကျန်းထျန်းယွမ်၏ဒေါသသည် သူ့ကဲ့သို့ ပါရမီရှင်လေးတစ်ယောက်က ခံနိုင်ရည်ရှိသည့်အရာမျိုးမဟုတ်ပေ။
ထိုစဥ် အထူးဧည့်သည်တော်ခုံတန်း၏ ဘယ်ဘက်ခြမ်း၌ ရှောင်ယွီနှင့် ရှောင်ယန်တို့က ပျော်ရွှင်ကြည်နူးသွားကြသည်။
” ခေါင်းဆောင်နည်းပြရှီ ခင်ဗျားက တကယ်အံ့သြဖို့ကောင်းတာပဲ … ကျားဖြူဒိုဂျိုကနေ ဒီလိုပါရမီရှင်တစ်ယောက်ကိုခေါ်နိုင်ခဲ့တယ် … အခုကျားဖြူဒိုဂျိုရဲ့ လက်ရွေးစင်တွေကတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့ပြီဆိုတော့ လူအုပ်ကြီးက ခုနှစ်စင်ကြယ်ဒိုဂျိုရဲ့ ဝင်ပေါက်ကို မနက်ဖြန်ကျ ဖျက်ဝင်လာမှာ စိုးရိမ်ရတယ် … ”
ရှောင်ယွီသည် ခုနှစ်စင်ကြယ်ဒိုဂျိုကို အပြေးအလွှား စာရင်းလာသွင်းကြမည့် လူပင်လယ်ကြီးအကြောင်း တွေးမိသောအခါ သူ့ရင်ထဲ၌ ဖော်ပြ၍မရသော ပျော်ရွှင်မှုတို့ ဖူးပွင့်လာလေ၏။
ခုနှစ်စင်ကြယ်ဒိုဂျိုက အောင်အောင်မြင်မြင်ဖွံ့ဖြိုးတိုးတက်နိုင်သရွေ့ ခုနှစ်စင်ကြယ်လုပ်ငန်းစုကို ကြီးထွားအောင်ကူညီပေးနိုင်လိမ့်မည်။ ကုမ္ပဏီက ကျင်းဟိုင်မြို့ကနေ ခွဲထွက်ပြီးပိုကြီးသည့်အဆင့်သို့ ရောက်သွားနိုင်လိမ့်မည်။
” ကျုပ်ကံကောင်းသွားရုံပါပဲ … ”
ရှီဖုန်းကပြောပြီး ရယ်မောလိုက်၏။ ရို့ကျစ်ဖင်း၏ လုပ်ဆောင်ချက်က အတော်လေးအထင်ကြီးဖွယ်ကောင်းသည်။ လေ့ပေါင်နှင့် မီးလျှံကကြိုးတောင် သူ့ကိုချီးကျူးတာ အံ့သြစရာမရှိပေ။ ရို့ကျစ်ဖင်းသည် နတ်ဘုရားနယ်မြေထဲ၌ အချိန်တခဏတာ ဆော့ကစားခဲ့သော်ငြား သူအရှိန်က အလွန်လျင်မြန်စွာ တိုစတက်လာလေ၏။ သူတိုက်ခိုက်သည့် မွန်းစတားအားလုံးနီးပါးက တစ်တင့်ပိုမြင့်ကြသည်။ ထို့အပြင် သူ၏အုတ်မြစ်ကလည်းခိုင်၏။ ရလဒ်အနေဖြင့် လေဟာနယ်ခြေလှမ်းကို လေ့ကျင့်ပြီးနောက် သူသည် သိသိသာသာအသွင်ပြောင်းလဲမှု ဖြစ်ပေါ်သွား၏။ အက်စ်အဆင့်အာဟာရဖြည့်ရည်ငါးပုလင်းကို အသုံးပြုကာ လက်ရှိအဆင့်သို့တက်လာခဲ့သည့် အရိပ်ဓားနှင့်မတူဘဲ ရို့ကျစ်ဖင်းက တစ်ပုလင်းသာလို၏။ ငြိမ်းချမ်းခြင်းလိပ်ကမူ လေးပုလင်းသုံးခဲ့ရ၏။
ရို့ကျစ်ဖင်းသည် အရိပ်ဓားနှင့် ငြိမ်းချမ်းခြင်းလိပ်တို့ထက် ပိုတော်သည်။ တိုက်ပွဲဝင်အတွေ့အကြုံအရာတွင် ရို့ကျစ်ဖင်းနှင့် မယှဥ်နိုင်ချေ။ ဆိုရလျှင် ရို့ကျစ်ဖင်းက နတ်ဘုရားနယ်မြေထဲရှိ ထိပ်သီးကျွမ်းကျင်သူများနှင့် တစ်ခါမှ ရင်ဆိုင်တိုက်ခိုက်ဖူးခြင်းမရှိပေ။
ပြီးနောက် အချိန်က လျင်မြန်စွာကုန်ဆုံးသွား၏။ ပွဲစဥ်တစ်ပွဲပြီးတစ်ပွဲ ပင်မစင်မြင့်ပေါ်သို့ ပြီးဆုံးသွားသည်။
နောက်ထပ်ပွဲစဥ်များကလည်း ပြင်းထန်လွန်းပြီး ပရိသတ်များကကြည့်နေစဥ် သွေးများဆူပွတ်လာ၏။ ပထမဆုံးပွဲစဥ်နှင့်မတူ နောက်ထပ်ပွဲစဥ်ရလဒ်များက အံ့သြဖွယ်ရာမကောင်းပေ။ မထင်မှတ်ထားသည့် တစ်ခုတည်းသောရလဒ်က ကွက်တာဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။ ပြိုင်ပွဲဝင်ရှစ်ယောက်ထဲ၌ တစ်ယောက်က မိစ္ဆာမီးဟု အမည်ပြောင်ကိုသုံးထားသည်။ တစ်ကိုယ်တော်ပြိုင်ပွဲဝင်ဖြစ်သည်။ မည်သည့်သင်တန်းကျောင်းလေ့ကျင့်ရေးစင်တာထဲမှ မဝင်ထားသော်ငြား မိစ္ဆာမီးက ကြောက်မက်ဖွယ်ကောင်းလှအောင် အစွမ်းထက်၏။
အထူးဆန်ဆုံးအရာက မိစ္ဆာမီးကို ယခင်က မမြင်ဖူးမကြားဖူးတာပဲ ဖြစ်သည်။ ရလဒ်အနေဖြင့် ဒိုဂျိုများနှင့် လေ့ကျင့်ရေးစင်တာများစွာက ပြိုင်ပွဲဝင်ကို ဖိတ်ကြားချက်များ တိတ်တဆိတ် ပေးပို့ပြီးနောက် အချို့ကဆို သူ့ကို ငွေကြေးများစွာ ကမ်းလှမ်းခဲ့၏။ ထိုသို့တိုင် မိစ္ဆာမီးက ကမ်းလှမ်းမှုတိုင်းကို ငြင်းပယ်ခဲ့၏။ ထိုအစား သူက ကမ်းလှမ်းလာသူများကို ဇဝေဇဝါဖြစ်စေသည့် အခြေအနေတစ်ရပ်ကို ပြခဲ့၏။ သူက နတ်ဘုရားနယ်မြေထဲ၌ သူ့ကိုအနိုင်ယူနိုင်သည့် ကိုယ်စားပြုသူတစ်ယောက်ရှိသည့် အဖွဲ့အစည်းသို့သာဝင်မည်ဟု ပြောခဲ့သည်။
ကွာတာဖိုင်နယ်အတွင်း မိစ္ဆာမီးက ကုချန်နှင့် ရင်ဆိုင်ခဲ့ရသည်။
အမည်မသိမိစ္ဆာမီးက ကျားဖြူဒိုဂျို၏ ပါရမီရှင်များထဲမှတစ်ယောက်ဖြစ်သည့် ရှဲ့ချီဝမ်၏ ဆက်ခံသူဖြစ်သော ကုချန်ကို ဆယ်ကွက်အတွင်း အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားပေ။ နောက်ဆုံးတိုက်ခိုက်ကွက်ဖလှယ်နေစဥ် မိစ္ဆာမီးက သတိအားလုံးကို စွန့်ခွာလျက် ကုချန်၏ရင်ဘက်ကို ရက်စက်စွာထိုးနှက်ကာ သူ့ပြိုင်ဘက်ကို တောရိုင်းတရစ္ဆာန်တစ်ကောင်ပမာ ချက်ချင်း ဝင်ရောက်တိုက်ခိုက်တော့၏။ ရလဒ်အနေဖြင့် မိစ္ဆာမီးက လက်ကျိုးသွားခဲ့သည်။
မိစ္ဆာနည်း၏ တိုက်ပွဲဝင်နည်းလမ်းက ပွဲကြည့်ပရိသတ်များကို တုန်ရီသွားစေ၏။
အဆင့်မြင့်ဆေးကုသခြင်းရနိုင်သောကြောင့်သာမဟုတ်လျှင် မိစ္ဆာမီး၏ တိုက်ခိုက်ရေးအသက်မွေးဝမ်းကြောင်းသည် ထိုနောက်ဆုံစအကွက်ဖြင့် အဆုံးသတ်သွားလိမ့်မည်။
” အဲဒီလူက သူ့ကိုသူသတ်သေဖို့ ကြိုးစားနေတာလား … သူက ကြမ်းလိုက်တာ … ”
ရှောင်ယန်သည် မိစ္ဆာမီးတိုက်ခိုက်မှုကို ပြန်တွေးမိချိန်၌ မျက်မှောင်ကြုတ်သွားသည်။ မိစ္ဆာမီးက ကုချန်ကိုအဆုံးသတ်ရန် သူ့လက်တစ်ဖက်ကို တမင်တကာစတေးခဲ့တာ သိသာ၏။ သာမန်သိုင်းပညာရှင်က ထိုမျှ ကြိုးစားပန်းစွာ တိုက်ခိုက်မှာမဟုတ်ပေ။ အထူးသဖြင့် ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲတွင်ဖြစ်သည်။
သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားတာလား။ ရှီဖုန်းက ထိုသို့မမြင်ပေ။
တိုက်ခိုက်မှုက အပတ်တကုတ်တိုက်ခိုက်နေသည်ဟု ထင်ရသော်ငြား လက်တွေ့တွင် သူက ဉာဏ်အရှိဆုံးဆုံးဖြတ်ချက် ချမှတ်ခဲ့တာပဲဖြစ်သည်။ ပွဲစဥ်၏ရလဒ်က ရှင်းလင်းမှာမဟုတ်ပေ။ ဆိုရလျှင် ကုချန်က ရုပ်ခန္ဓာအရတစ်ပန်းသာနေသည်။ မိစ္ဆာမီးသည် တိုက်ပွဲဝင်အတွေ့အကြုံ ပိုကြွယ်ဝခြင်းကြောင့်သာ သူ့ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့တာပဲ ဖြစ်၏။
မိစ္ဆာမီးတိုက်ခိုက်သွားပုံအရ ထိုလူငယ်သည် သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို အတွေ့အကြုံရှိကြောင်း သူပြောနိုင်ပေ၏။ မဟုတ်လျှင် ထိုလူငယ်က ပြင်းထန်သည့်တိုက်ပွဲ၌ သူ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်မှာ မဟုတ်ပေ။
လူတိုင်းက မိစ္ဆာမီး၏ပြိုင်ပွဲကို ဆွေးနွေးနေကြစဥ် ရှဲ့ချီဝမ်က သုန်မှုန်သည့်အမူအရာဖြစ်နေလေ၏။ ဘာတွေဖြစ်နေမှန်း သူနားမလည်နိုင်ဖြစ်နေသည်။
ယင်းက အဆင့်သုံး မြို့ခြောက်မြို့ကြားရှိ ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲသာ ဖြစ်သည်။ ထိုသို့တိုင် အမည်မသိကျွမ်းကျင်သူတစ်ယောက်ပြီးတစ်ယောက်ပေါ်လာသည်။ ယခု ကုချန်တောင် ရှုံးနိမ့်သွား၏။ ဤက မြို့အဆင့်ယှဥ်ပြိုင်ပွဲ မည်ကဲ့သို့ဖြစ်မည်နည်း။ ယင်းက နိုင်ငံတစ်ခုယှဥ်ပြိုင်ပွဲအဖြစ် သတ်မှတ်နေနိုင်ပြီဖြစ်သည်။
တတိယမြောက်ပွဲစဥ်အတွင်း အရိပ်ဓားက တိမ်ဖြူဒိုဂျိုမှပြိုင်ဘက်ကို အနိုင်ယူခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်သွားသည်။
ပရိသတ်များက ပျော်ရွှင်နေကြစဥ် ကွာတာဖိုင်နယ်ပွဲစဥ် စတင်ပြီဖြစ်သည်။
ယွီချောင်ချောင်နှင့် ရီယွိချင်း