ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1308 အမှောင်မှော်ဆရာကို စိန်ခေါ်ခြင်း
Chapter – 1308 အမှောင်မှော်ဆရာကို စိန်ခေါ်ခြင်း
ငါထင်ထားတာထက် ပိုလွယ်လွယ် ပြန်ကောင်းလာတာပဲ။ ရှီဖုန်းသည် နတ်ဘုရားနယ်မြေထဲ ပြန်ဝင်လိုက်ချိန်၌ သူ၏ အခြေအနေပြဇယားကို စစ်ဆေးကြည့်လိုက်ရာ သူအားနည်းနေသော အခြေအနေမရှိတော့မှန်း သိလိုက်ရသည်။ သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်လာလေ၏။
အမှောင်ချောက်ကမ်းပါး၌ အချိန်စီးဆင်းမှုတိုးလာခြင်းက သူလျင်မြန်စွာပြန်ကောင်းလာရခြင်းအတွက် အကြောင်းအရင်းတစ်ရပ်ဖြစ်သော်ငြား သုသေသနဧရိယာ၏ ဝိညာဥ်ဓာတ်စွမ်းအား သိပ်သည်းမှုမြင့်မားခြင်းက ကူညီပေးခဲ့၏။ ရလဒ်အနေဖြင့် သူ၏ အားနည်းနေသောအချိန်က သိသိသာသာ တိုတောင်းသွားသည်။
ပြီးနောက် ရှီဖုန်းသည် သူ၏ အိတ်ထဲကနေ ပင်လယ်နတ်ဘုရား၏ကောင်းချီး နှစ်ပုလင်းကိုထုတ်ကာ သုံးစွဲလိုက်ပြီး သူ၏ ခုခံမှု အထူးသဖြင့် မှော်ခုခံမှုကို အမှတ်ငါးဆယ် တိုးမြင့်လိုက်၏။ ပြီးနောက် အရှိန်စာလိပ်ကိုသုံးကာ အရှိန်မြင့်တင်လိုက်၏။ ပြီးနောက် ဓားရေးကျွမ်းကျင်သူဘွဲ့အမည်ကို အခြေခံအာဏာရှင်ဘွဲ့အမည်အဖြစ်ပြောင်းကာ သူ၏ သက်လုံအားကို သုံးဆယ်မှတ်၊ ခံနိုင်ရည်ကို (၂၀) ရာခိုင်နှုန်းနှင့် အခြေခံစွမ်းရည်အားလုံး ငါးရာခိုင်နှုန်းတိုးလိုက်၏။
ပြုပြင်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ရှီဖုန်းသည် သူ၏ အခြေခံစွမ်းရည်များနှင့် လှုပ်ရှားမှုအရှိန်ကို သူ၏ အကန့်အသတ်ထိ တွန်းတင်လိုက်သည်။
သူ၏ အော့ဖ်ဖလိုင်း ဟင်းလင်းပြင်တွင်အနားယူနေစဥ် သူက အကျော်ဇေယျခုနှစ်ပါး ရင်းမြစ်ကျောက်တုံးကို မည်သို့ခိုးယူရမည်ဖြစ်ကြောင်း တွေးလိုက်၏။ သူ့စိတ်ထဲ၌ လှုံဆော်မှုမျိုးစုံကို တွေးနေကာ မထင်မှတ်ထားတာဖြစ်လာမှာ စိုးရိမ်နေမိသည်။
အလွှာငါးမဟာမှော်ဆရာသည် အင်မတန်အန္တရာယ်များသည့် ပြိုင်ဘက်ဖြစ်၏။ အသေးငယ်ဆုံးသော အမှားကတောင် သူ့ကို သေသွားစေနိုင်သည်။
ရှီဖုန်းက သူသေရမှာကို စိတ်မရှိပေ။ သူ၏ သေဆုံးခြင်းက ဝိညာဥ်ကမ္ဘာလုံးကို ဆုံးရှုံးစေလိမ့်မည် သူယခုအချိန်၌ ဝိညာဥ်ကမ္ဘာလုံးဆုံးရှုံးသွားခဲ့လျှင် ရတနာခုနှစ်ပါးထဲမှ နောက်တစ်ပါးကို ရှာတွေ့ရန် အချိန်မည်မျှကြာမည်မှန်း မည်သူမှမသိရပေ။ ယခုအချိန်၌ ဝိညာဥ်ကမ္ဘာလုံးကို သူ မဆုံးရှုံးနိုင်ပေ။
စနစ်က ငါ့ကိုမရှုပ်ဖို့ မျှော်လင့်ရတာပဲ။ ရှီဖုန်းသည် သုသေသနအခန်းတခါးကိုဖွင့်ပြီးနောက် အထဲသို့ ခိုးဝင်လိုက်လေ၏။
ရေမွန်သည် အခန်းထဲ၌ သူ၏ အဂ္ဂိရတ်ပစ္စည်းဖြင့် အာရုံနစ်နေဆဲဖြစ်သည်။ သူက စိတ်ထဲမှသွေဖည်အားလုံးကို ပိတ်ဆို့ထား၏။ သူ၏ သုသေသနကိုသာ အာရုံစိုက်နေသည်။ ထိုစဥ် သူက သူနှင့်သိပ်မဝေးသည့် ကြေးသွေးရောင်မှော်အစီအရင်လေး၏အလယ်ရှိ သုသေသနစားပွဲအထက်၌ အကျော်ဇေယျခုနှစ်ပါးရင်းမြစ်ကျောက်တုံးကို ထားလိုက်၏။ ထိုမှော်အစီအရင်လေးက အကျော်ဇေယျခုနှစ်ပါးရင်းမြစ်ကျောက်တုံးကို စွမ်းအားအရင်းအမ့စ်အဖြစ် အသုံးပြုကာ ရေမွန်က သူ၏ပစ္စည်းကို ဖန်တီးရန်လိုအပ်သည့် ဝိညာဥ်ဓာတ်စွမ်းအားကို ထောက်ပံ့ပေးနေ၏။
ရှီဖုန်းက အကျော်ဇေယျခုနှစ်ပါးရင်းမြစ်ကျောက်တုံးကို လုယူရန်မလောပေ။ ထိုအစား သူသည် အခန်းကို တိတ်တဆိတ်လေ့လာနေပြီးနောက် အိုင်တမ်နားရှိ အခန်းတစ်ဝိုက်ကို ကြည့်နေလေ၏။
နတ်ဘုရားနယ်မြေကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူက သူ မသိသည့်ပတ်ဝန်းကျင်ကို သွားရသည့်အချိန်၌ လိုက်ရောညီထွေဖြစ်ရန် လိုအပ်သည်။ ဤနည်းဖြင့် သူက တိုက်ပွဲဝင်အလားအလာကို အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်မည်။ ထိုအချိန်ကြရှီဖုန်းသည် လိုက်ရောညီထွေဖြစ်ရန် ပတ်ဝန်းကျင်ကို လေ့လာတာမဟုတ်ဘဲ သုသေသနအခန်း၏ ရတနာများကို တည်နေရာမှတ်နေ၏။
သူသည် လနတ်ဘုရား၏ သုသေသနအခန်းကိုသာ ရောက်ရှိပြီး သေချာ ထိန်းသိမ်းထားသည့်အခန်းဖြစ်ကာ စိန်ခေါ်မှုများစွာကို တွေ့ကြုံပြီးမှ ရောက်တာဖြစ်၏။ သူက အကျော်ဇေယျခုနှစ်ပါး ရင်းမြစ်ကျောက်တုံးကိုသာ ခိုးယူခဲ့ပြီး ကျန်သည့်ပစ္စည်းများကို လျစ်လျူရှုထားလျှင် နှမြောစရာကောင်းပေလိမ့်မည်။
သုသေသနအခန်းထဲရှိ အိုင်တမ်တိုင်းက မက်မောစရာကောင်းလှပေ၏။
သုသေသနစားပွဲပေါ်ရှိ အဂ္ဂိရတ်ကိရိယာများက မဟူရာရွှေအဆင့်ဖြစ်သည်။ နတ်ဘုရားနယ်မြေထဲ၌ ဆယ်စုနှစ်တစ်စုကြာ ဆော့ကစားပြီးသည့်တိုင် ထိုကဲ့သို့ကိရိယာများက မယုံနိုင်စရာကောင်းလှအောင် တန်ဖိုးကြီးနေ၏။ အဂ္ဂိရတ်ဆရာတိုင်းက ထိုကဲ့သို့ ရတနာကို လိုချင်တောင်းတကြ၏။ ရှီဖုန်းသည် သုသေသနအခန်းရှိ စားပွဲများထဲမှတစ်ခု၌ ပြီးပြည့်စုံသည့်အစုံတစ်ခုကိုတောင် ရှာတွေ့သွားသည်။
အဂ္ဂိရတ်ကိရိယာများအပြင် သုသေသနအခန်းထဲ၌ နတ်ဘုရားစွမ်းရည် ဖြာထွက်နေသည့်အိုင်တမ်အချို့ ရှိသည်။ လနတ်ဘုရားသည် ထိုအိုင်တမ်များကို မကြာခဏအသုံးပြုထားတာ ဖြစ်ရမည်။ ထိုအပြင် ထိုအိုင်တမ်တိုင်း၌ လေလံပွဲ၌ ရွှေပြားတစ်သိန်းကျော်ဖြင့် အလွယ်တကူရောင်းချနိုင်သည်။ စမ်းသပ်ခြင်းစားပွဲပေါ်၌ တကွဲတပြား ဖြစ်နေသော ဒီဇိုင်းများလည်းရှိ၏။
ထိုဒီဇိုင်းများသည် အလွန်တန်ဖိုးကြီးသော ကုန်ကြမ်းများဖြင့် ဖန်တီးထားတာပဲ ဖြစ်သည်။ သိုးအရေခွံစာလိပ်အပြင် ဒီဇိုင်းများကို နဂါးအရေခွံပေါ်၌ ဆွဲထားတာဖြစ်၏။ နတ်ဘုရားများသာလျှင် နဂါးအရေခွံကို သားရေချပ်အဖြစ် အသုံးပြုရဲသည်။ ကံကောင်းသည်မှာ နဂါးအရေခွံသားရေချပ်က နှစ်ပေါင်းတစ်သောင်းကျော် သိုလှောင်နိုင်စွမ်းရှိ၏။
သူက သုသေသနအခန်းကို ဂရုတစိုက်လေ့လာမိရာ ရင်ထဲ၌ ထိတ်လန့်မှုတို့ ပေါ်ပေါက်လာ၏။
သုသေသနအခန်းသည် ရတနာသိုက်တစ်ခုပဲ ဖြစ်၏။ ဖော်လန့်အာ့ခ်နှင့် ယှဥ်ပြိုင်နိုင်သည့် အမှောင်မှော်ဆရာ ရေမွန်သာ ရှိမနေခဲ့လျှင်
ရေမွန်သည် သူပြုလုပ်နေသည့်အိုင်တမ်ကို နောက်ဆုံးတော့ ပြီးစီးသွား၏။ အလယ်တွင် ခုနှစ်ရောင်ခြယ်တောက်ပမှု ဖြာထွက်နေသည့် ရတနာတစ်မျိုးဖြင့် ရွှေလက်စွပ်တစ်ကွင်းဖြစ်ကာ သူရှေ့ရှိ လေထဲ မျောလွင့်နေ၏။ ကျောက်မျက်ကလည်း ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ဖြာထွက်နေသည်။ သုသေသနအခန်း၏ မှော်အစီအရင်အပြင်ဘက်တွင် ရပ်နေသောရှီဖုန်းတောင် သူ့ပေါ်ကျရောက်လာသည့် သိသာသည့်အလေးချိန်ကို ခံစားမိသည်။
အဲဒါဘာလဲ။ ရှီဖုန်းသည် ရွှေလက်စွပ်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေ၏။
နတ်ဘုရားနယ်မြေထဲတွင် နတ်ဘုရားများအသုံးပြုသည့် အိုင်တမ်အချို့မှအပ အလွန်နည်းပါးသော အိုင်တမ်များသည် ထိုကဲ့သို့ဖိအားမျိုး ဖြာထွက်တက်၏။ ထိုအိုင်တမ်များက ဂန္တဝင်လက်ရာများ ဖြစ်သည်။ ရွှေလက်စွပ်၏ ဖိအားက နတ်ဘုရားစွမ်းဆောင်ရည်ကိုတောင် ယှဥ်နိုင်၏။
လက်စွပ် ပြုလုပ်ပြီးနောက် ရေမွန်၏လက်က လှုပ်ရှားနေတာ ရပ်တန့်လိုက်၏။ သူ၏ ဂါထာတစ်ခုကို စတင်ရွတ်ဆိုတော့သည်။
ရွှေလက်စွပ်အထက်၌ လေးဆမှော်အစီအရင်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင် ဝိညာဥ်ဓာတ်စွမ်းအားများကို စုပ်ယူလျက် လက်စွပ်ထဲသို့ ဖိအားပေးသွင်းခံရတော့၏။ ဝေလငါးကြီးတစ်ကောင်က အသက်ရှုသွင်းလိုက်သည့်ပမာ ရွှေလက်စွပ်သည် သိပ်သည်းသော ဝိညာဥ်ဓာတ်စွမ်းအားများကို စုပ်ယူလိုက်သည်။ များပြားသည့်ပမာဏကိုစုပ်ယူထားသော်ငြား လက်စွပ်က အရှိန်လျော့မည့်လက္ခာဏာမပြပေ။
အခွင့်အရေးတစ်ခု
ရွှေလက်စွပ်က ဝိညာဥ်ဓာတ်စွမ်းအားများကို စုပ်ယူနေတာကိုကြည့်ပြီး ရှီဖုန်းက လှုပ်ရှားရန်အချိန်မှန်း သိလိုက်၏။ သူက ဤအခွင့်အရေးကို လွဲချော်သွားခဲ့လျှင် နောက်ထပ်ရတော့မှာမဟုတ်ပေ။ ချက်ချင်းပင် ရှီဖုန်းက ပုံရိပ်ယောင်သတ်ဖြတ်ခြင်းကိုအသက်သွင်းလျက်သူ၏ ကိုယ်ခွဲကမူ သုသေသနအခန်း၏ ဝင်ပေါက်နား၌ နေနေကာ တံခါးကိုဖွင့်ထားလိုက်၏။ ပြီးနောက် သူက ရေမွန်ဆီသို့ တစ်ဟုန်ထိုးသွားလိုက်သည်။
[ရေမွန်၊ အမှောင်နတ်ဆရာဘုရင်၊ လူသား၊ မဟာမှော်ဆရာ]
အဆင့် (၇၂)
HP ?????????
ရေမွန်သည် အဆင့် (၇၂) သာရှိသော်ငြား သူသည် အလွှာငါး NPC တစ်ဦးဖြစ်၏။ မှော်အစီအရင်ထဲရှိ အတက်အကျများကို ချက်ချင်းနီးပါးရှာတွေ့သွားကာ ရှီဖုန်း သူဆီ ပြေးဝင်လာသည့်အချိန်တွင် ရှာတွေ့တာဖြစ်သည်။
ရေမွန်က ကျူးကျော်သူတစ်ယောက်ရှိနေမှန်း သဘောပေါက်လိုက်သည့်အချိန် သူ၏အကြည့်က အေးစက်သွားလေ၏။
” သေပေတော့ … ”
တွေဝေမနေဘဲ ရေမွန်က သူ၏ ရင့်ရော်နေသောလက်ကို ဝှေ့ရမ်းကာ ရှီဖုန်းကို တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
အရောင်မတူညီသည့် မှော်အစီအရင်ငါးခုက လက်ချောင်းထိပ်၌ ဖွဲ့တည်လာပြီး ထပ်သွားလေ၏။ ရေမွန်၏ လက်ဖဝါးနားက ဝိညာဥ်ဓာတ်စွမ်းအားပမာဏက ရှီဖုန်းကို ကြောက်လန့်မှုကြောင့် တုန်ရီသွားစေ၏။
ဒါက ရူးတာပဲ။ သူက ဓာတ်ကြီးလေးပါးချေမုန်းခြင်းကိုသုံးနေတာမလား။ ဟုတ်တယ်မလား။
ရှီဖုန်းသည် ငါးသွယ်မှော်အစီအရင်ကို မြင်တွေ့လိုက်ချိန်၌ ဂါထာကိုမှတ်မိသွား၏။
ဓာတ်ကြီးလေးပါးချေမုန်းခြင်းသည် အလွှာငါးအသေးစားဖျက်ဆီးခြင်းဂါထာဖြစ်၏။ တိုက်ခိုက်မှု၏ အကျယ်အဝန်းက အကြီးမားသော်ငြား အလွှာငါးဧရိယာကြီးမားသည့် ဖျက်ဆီးခြင်းဂါထာထက် ပိုတောင်ကြောက်မက်ဖွယ်ကောင်းသည်။ ထိမိသွားလျှင် အဆင့်တူအလွှာတူ MT တစ်ဦးတောင် သူတို့ HP တစ်ဝက်ချက်ချင်းဆုံးရှုံးသွားလိမ့်မည်။ သို့သော် ဂါထာ၌ဟာကွက်တစ်ခု ရှိ၏။ ၎င်း၏ ရုမ်းများက အလွန်အကျွင်ရှုပ်ထွေးတာပဲဖြစ်သည်။ ဂါထာရွတ်ဆိုချိန်ကလည်း အလွန်ကြာ၏။ အလွှာငါးမဟာမှော်ဆရာများက ကစားသမားချင်းတိုက်ခိုက်သည့်ပွဲ၌ ထိုဂါထာကို သုံးလေ့မရှိပေ။
သို့သော်ငြား ရေမွန်သည် ဂါထာရွတ်ဆိုမှုနှင့် ရုမ်းရေးဆွဲမှုနှစ်ခုလုံးကို တစ်ပြိုင်နက်ထဲပြုလုပ်နိုင်၏။
ရှီဖုန်းနားတစ်ဝိုက် လေဟာနယ်က စတင်ယိုင်နဲလာတော့သည်။ သူ့နားတစ်ဝိုက်အရာအားလုံးက မှောင်လာ၏။ မျက်တောင်တခက်အတွင်း ကိုက်ငါးဆယ်အတွင်းရှိ အရာအားလုံးက ဖုန်ဖြစ်ကုန်သည်။
သို့သော်ငြား ရေမွန်သည် ကျူးကျော်သူကိုဖြေရှင်းပြီး ရွှေလက်စွပ်အထက်ရှိ မှော်အစီအရင်ကို အာရုံစိုက်မိသည့်အချိန် သူ့ရှေ့၌ ပုံရိပ်တစ်ခု ပေါ်လာ၏။
ကပ်သီးလေးပဲ။ ရှီဖုန်းသည် သူ၏ ယခင်နေရာကို တစ်ချက်ကြည့်ပြီး ရင်ထဲကြောက်လန့်မှုတို့ ပေါ်လာလေ၏။
ကံကောင်းသည်မှာ သူသည် ရုတ်ခြည်းထိုးနှက်ချက်ကိုသုံးပြီး သူ၏ ပစ်မှတ်ဆီ နေရာရွေ့ပြောင်းလိုက်၏။ မဟုတ်ပါက သူ၏ လှုပ်ရှားမှုအရှိန်ဖြင့် ဂါထာကို ရှောင်တိမ်းနိုင်မှာ မဟုတ်ပေ။
” ယုတ်မာကောက်ကျစ်တဲ့သေမျိုး သေပေတော့ … ”
ရှီဖုန်း အသက်ရှင်လျက်ရှိသေးမှန်း သဘောပေါက်သွားသောအခါ ရေမွန်က စိတ်တိုသွားပြီး သူ၏ ပိုင်နက်ကိုအသက်သွင်းလိုက်၏။
နတ်ဘုရားနယ်မြေထဲတွင် ပိုင်နက်မရှိသည့်သူများက ခြေဗလာဖြင့်ပုရွက်ဆိတ်များဖြင့်မပိုကြောင်း ဆိုရိုးစကားတစ်ခွန်းရှိသည်။
လူတစ်ယောက်သည် ပိုင်နက်တစ်ခုကို အသက်သွင်းနိုင်သရွေ့ သူတို့၏ရန်သူကို ဖိနှိပ်နိုင်လိမ့်မည်။ အားနည်းသူကိုဆန့်ကျင်ရာ၌ ယင်းက တစ်ဖက်သက်သတ်ဖြတ်မှုသာ ဖြစ်နေလိမ့်မည်။
သို့သော်ငြား ရှီဖုန်းသည် ရေမွန်၏ ပိုင်နက်အတွက် ပြင်ဆင်ပြီးသားဖြစ်၏။ ရေမွန်ရှေ့၌ သူပေါ်လာသည်နှင့် အကြွင်းမဲ့အချိန်ကို အသက်သွင်းကာ ဧရိယာတစ်ဝိုက်ရှိ ဝိညာဥ်ဓာတ်စွမ်းအားကို ခဲပစ်လိုက်သည်။ အမှောင်နတ်ဆရာဘုရင်တောင် ဝိညာဥ်ဓာတ်စွမ်းအားကို မသုံးနိုင်ပေ။
ရေမွန်၏ ပြန့်ကားလာသောပိုင်နက်က ချက်ချင်းချေမွခံလိုက်ရသည်။ ရှီဖုန်းသည် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်၏။ အကြွင်းမဲ့အချိန်သည် ဆယ်စက္ကန့်ထက် ပိုတိတ်ဆိတ်စေနိုင်မှာမဟုတ်မှန်း သူသိနိုင်၏။ NPC ကို ခဏတပြုတ်ဟန့်တားနိုင်မည်ဆိုလျှင် သူအဆင်ပြေ၏။ တွေဝေမနေဘဲ ရှီဖုန်းက အမှောင်ထုစွမ်းအားနှင့် လေလျှောက်လှမ်းခြင်းကို အသက်သွင်းကာ အကျော်ဇေယျခုနှစ်ပါး ရင်းမြစ်ကျောက်တုံးဆီသို့ တစ်ဟုန်ထိုးသွားလိုက်၏။
” သေသင့်တဲ့ပုရွက်ဆိတ် … ”
သူ့ကို ရှီဖုန်းဖြတ်ကျော်သွားတာကိုမြင်သောအခါ ရေမွန်၏ မျက်လုံးထဲ၌ အမျက်မီးတောက်များ တောက်လောင်လာကာ သူက ကျန်တစ်ဖက်ဖြင့် ရှီဖုန်းဆီသို့ အနက်ရောင်သတ္တုတောင်ဝှေးကို လွှဲယမ်းလိုက်တော့သည်။
ရေမွန်သည် သူ၏ ဂါထာကို အသုံးမပြုနိုင်သော်ငြား ရေမွန်၏ ရုပ်ခန္ဓာ၊ ခွန်အား၊ အရှိန်တို့က ဓားသမားထက်အဆပေါင်းများစွာ သာလွန်သည်။ တိုက်ပွဲဝင်နည်းစနစ် အသုံးမပြုပင်လျှင် သူက ရှီဖုန်းကို ချက်ချင်းသတ်ဖြတ်နိုင်၏။
ဖန် …
တောင်ဝှေးက ရှီဖုန်းဆီ ကျရောက်သွားသည့်အချိန်၌ သတ္တုထိခက်သည့်အသံကို ကြားလိုက်ရသည်။ သို့သော် တောင်ဝှေးက ရှီဖုန်းရှေ့ သုံးကိုက်အကွာ၌ ရပ်တန့်သွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။
ခုခံခြင်းဓားသွား
ရေမွန်သည် ထိုအကွက်ကို ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့နေလေ၏။ သူက မှော်အမျိုးအစားဝင် တစ်ဦး ဖြစ်သည်။ သူ၏ဂါထာမရှိဘဲ ခုခံခြင်းဓားသွား၏ အရေအတွက်ကို လျင်မြန်စွာ မဖျောက်ဖျက်နိုင်ပေ။ ပိတ်ဆို့နိုင်သော အရေအတွက်ကို ဖျောက်ဖျက်ရန်အတွက် ရှီဖုန်းကို ထပ်ခါတလဲလဲ ရိုက်နှက်ရုံသာ ရှိသည်။
ဤနည်းဖြင့် ရှီဖုန်းသည် သုသေသနစားပွဲအထက် အကျော်ဇေယျခုနှစ်ပါး ရင်းမြစ်ကျောက်တုံးဆီသို့ရောက်ရန် အချိန်လုံလုံလောက်လောက် ရသွားပေလိမ့်မည်။ လျှပ်ပြက်သည့်ပမာ မြန်ဆန်လှသောတုံ့ပြန်မှုဖြင့် ရှီဖုန်းသည် ဝိညာဥ်ကျောက်တုံးကိုယူကာ အိတ်သိုလှောင်မှုထဲ ထည့်လိုက်၏။ ပြီးနောက် လှည့်ထွက်သွားကာ နောက်ထပ်သုသေသနစားပွဲဆီ ပြေးလိုက်၏။
” မျိုးမစစ် မျိုးမစစ်ကောင် ငါ့ဟာကိုခိုးရဲတယ်ပေါ့ … မင်းက ငါနဲ့ကြာကြာရင်ဆိုင်နိုင်မယ်လို့ ထင်နေလား … ”
ရုတ်တရက် ရေမွန်၏ ဆံပင်ဖြူများက အနက်ရောင်ဖြစ်သွားသည်။ သူ၏ ရင့်ရော်မှုတို့က ချောမွေ့လာကာ ငယ်ရွယ်နုပျိုလာပုံပေါ်၏။ သူ၏ အရှိန်အဝါကလည်း ပိုအစွမ်းထက်လာသည်။
” အမှောင်မှော်ဆရာဘုရင်ရဲ့ အမျက်ဒေါသကို ခံစားလော့ … ”
အပိုင်း (၁၃၀၈) ပြီး၏။