ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1311 အပိုင်းအစဒဏ္ဍာရီလာအဆင့်သို့ အဆင့်မြှင့်တင်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1311 အပိုင်းအစဒဏ္ဍာရီလာအဆင့်သို့ အဆင့်မြှင့်တင်ခြင်း
Chapter – 1311 အပိုင်းအစဒဏ္ဍာရီလာအဆင့်သို့ အဆင့်မြှင့်တင်ခြင်း
ဘာ ဒါက လနတ်ဘုရာရဲ့ လျှို့ဝှက်မှတ်တမ်းလား။ ရှီဖုန်းသည် သူလက်ထဲရှိ ရှေးစာအုပ်ကို ထပ်ခါတလဲလဲစိုက်ကြည့်ပြီး အတော်ကြာသည့်အထိ စိတ်မတည်ငြိမ်နိုင်ဖြစ်နေ၏။ အသက်ရှုနှုန်းကတောင် မြန်နေလေ၏။
ယင်းက နတ်ဘုရားနယ်မြေထဲ၌ မဟာအဂ္ဂိရတ်ကျမ်းစာငါးမျိုးဖြစ်သည်။
မဟာအဂ္ဂရိတ်ကျမ်းစာငါးမျိုးသည် အဂ္ဂိရတ်ပညာရှင်များအတွက် မွန်မြတ်သောကျွမ်းစာသဖွယ်ဖြစ်ပြီး လိုချင်သူများပြားလှသည်။
အတိတ်တုန်းက အဂ္ဂိရတ်သမားတိုင်းသည် ထိုကျမ်းစာများကို လက်ဝယ်ပိုင်ဆိုင်ထားသူများက အဂ္ဂိရတ်လောက၌ နာမည်ကျော်ကြားသူများဖြစ်လာခဲ့သည်။ မဟာအဂ္ဂိရတ်ကျမ်းစားများထဲမှ တစ်ခုသည် လနတ်ဘုရား၏လျှို့ဝှက်မှတ်တမ်းပဲ ဖြစ်သည်။ ဒဏ္ဍာရီအဆိုအရ လနတ်ဘုရားသည် ၎င်းကို တည်းဖြတ်ထားခဲ့တာပဲဖြစ်သည်။ သို့သော် တိုင်းပြည်များနှင့် အင်ပါယာတိုင်းက စစ်ပွဲများ ဖြစ်ပွားခဲ့၏။ အကြောင်းမှာ လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းကြောင့်ဖြစ်ပြီး ၎င်းသည် အပိုင်းပိုင်း ခွဲခံလိုက်ရပြီး နတ်ဘုရားနယ်မြေထဲ တစ်ကွဲတစ်ပြားစီဖြစ်သွား၏။ နောက်ဆုံးတွင် အချိန်ကုန်လွန်မှုကြောင့် လနတ်ဘုရား၏မှတ်တမ်းက လုံးဝပျောက်ကွယ်သွားခဲ့၏။
ရှီဖုန်းသည် လနတ်ဘုရား၏မှတ်တမ်းကိုရပြီး ၎င်းကို လရောင်ခြံဝန်းထဲ၌ ၎င်းကို ရအောင် ယူနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။ ပြီးနောက် လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်း၏ အချိန်ပြဇယားကို စစ်ဆေးရန် စိတ်လှုပ်ရှားစွာ ဖွင့်လိုက်တော့၏။
လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်း အပိုင်း (၁)
လနတ်ဘုရား၏ အတွေ့အကြုံများနှင့် အဂ္ဂိရတ်ပညာရပ်နည်းစနစ်များအကြောင်း အသေးစိတ် ပါရှိသည်။ အပိုင်းသုံးခုရှိ၏။ အပိုင်းသုံးခုလုံးစုဆောင်းပြီးသည့်အချိန်၌ လနတ်ဘုရား၏ အမွေအနှစ်ကို ရယူနိုင်လိမ့်မည်။
တကယ်ကြီးသုံးပိုင်းကွဲသွားတာလား။ ရှီဖုန်း၏ အစောပိုင်းက စိတ်ဆန္ဒပြင်းပြမှုသည် ချက်ချင်းငြိမ်ကျသွား၏။ သို့သော်ငြား စဥ်းစားပြီးနောက် အခြေအနေကလက်ခံနိုင်ကြောင်း တွေစလိုက်မိသည်။ လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းသည် ယခင်က ရှေးဟောင်းတိုင်းပြည်များနှင့်ကြားယှဥ်ပြိုင်မှုဖြစ်လာခဲ့၏။ တစ်ဖက်တွင်မူ လရောင်ခြံဝန်းထဲ ခြေချနိုင်သည့်သူက နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သည်။ ဤနေရာရှိ လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းသည် နတ်ဘုရားနယ်မြေ၏ ကုန်းမြေပေါ်ရှိ ရှေးဟောင်းစားပွဲများနှင့် သက်ဆိုင်မှု မရှိပေ။ ထိုအတွက်တစ်ခုတည်းသော ရှင်းပြချက်က ဤနေရာရှိ ကော်ပီတစ်ခုဖြစ်ပြီး ယင်းက လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းတစ်ခု မဟုတ်ပေ။ မည်သိူ့ပင်ဆိုစေကာမူ ရှီဖုန်းက ထိုရလဒ်ကို အလွန်စိတ်ကျေနပ်နေပြီဖြစ်သည်။
လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းအပိုင်းသုံးခုထဲမှ ပထမဆုံးအပိုင်းသည် နတ်ဘုရားနယ်မြေ၏ အမျိုးမျိုးသောကုန်ကြမ်းများနှင့် သက်ဆိုင်သောအချက်အလက်ပါဝင်၏။ ယင်းက အဂ္ဂိရတ်ပညာရပ် စွယ်စုံကျမ်းတစ်ခုပဲဖြစ်သည်။
ဤစာအုပ်ဖြင့် ကစားသမားများသည် အဂ္ဂိရတ်ကုန်ကြမ်းများ၏ အမျိုးမျိုးသော ဂုဏ်သတ္တိများကို နားလည်သဘောပေါက်ပြီး သူတို့က ဖော်ဆပ်နည်းတစ်ခု ဖန်တီးသည့်အချိန်၌ ခိုင်မာသောအုတ်မြစ်တစ်ခု တည်ဆောက်နိုင်လိမ့်မည်။
တိုက်တန်၏ သုသေသနအခန်းများသည် ပညာရှင်နှင့် မဟာပညာရှင်အဆင့်သို့ရောက်အောင် မြှင့်တင်ပေးနိုင်ရသည့် အဓိကအကြောင်းအရင်းမှာ အခန်းထဲ၌ ပါဝင်သော သတင်းအချက်အလက်များ၏ ပေါကြွယ်၀မှုကြောင့် ဖြစ်သည်။ လနတ်ဘုရား၏ သုသေသနအချက်သည် တိုက်တန်မြို့၏ အဂ္ဂိရတ်အချက်အလက်နှင့်ယှဥ်လျှင် နိမ့်ကျခြင်းမရှိပေ။ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းသည် အဂ္ဂိရတ်ပညာရှင်များ ပျိုးထောင်ရာ၌ ပိုလွယ်ကူလာလိမ့်မည်။
ပြီးနောက် ရှီဖုန်းသည် လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းကို သိမ်းဆည်းပြီးနောက် သူရထားသည့် နောက်ထပ်အိုင်တမ်များကို စစ်ဆေးလိုက်၏။
ရှီဖုန်းသည် သုသေသနအခန်းထဲတွင် သူ၏ အာရုံစိုက်မှုအလုံးစုံကို ရေမွန်ပေါ်တွင်သာ ထားရှိသော်ငြား သူမလှုပ်ရှားရသေးခင် နတ်ဘုရားစွမ်းရည်ဖြာထွက်သည့် အိုင်တမ်များစွာကိုယူရန် ပြင်ဆင်ထားပြီးသား ဖြစ်၏။
ပြောင်မြောက်လိုက်တာ။ တကယ်နတ်ဘုရားသလင်းအတိအကျ ခြောက်ခုရှိနေတယ်။ ရှီဖုန်းသည် သူအိတ်ထဲရှိ နတ်ဘုရားစွမ်စရည်ဖြာထွက်နေသော အိုင်တမ်ခြောက်ခုကိုကြည့်ပြီး စိတ်လှုပ်ရှားသွား၏။
လက်ရှိတွင် ဝိညာဥ်ကမ္ဘာလုံးသည် ပိုင်မွန်ချထားခဲ့သည့် ပထမဆုံးချိပ်ပိတ်မှုကိုဖယ်ရှားရန်အတွက် နတ်ဘုရားသလင်းခြောက်ခု လိုအပ်နေ၏။
သူရှာမတွေ့သည့် နတ်ဘုရားသလင်းများစွာရှိနေပြီး သုသေသနအခန်းထဲ၌ များစွာ ကျန်ရစ်ခဲ့သည်ဆိုသော်ငြား ရှီဖုန်းသည် နတ်ဘုရားသလင်းအဖြစ်အသုံးပြုနိုင်သည့် အလားအလာမြင့်မားသောအိုင်တမ်ရှစ်ခုကိုသာ တွေ့ခဲ့သည်။ သူက အခန်းထဲ၌ ပစ္စည်းများယူခဲ့စဥ် အိုင်တမ်များထဲမှ ခုနှစ်ခုကိုသာ ယူနိုင်ခဲ့၏။ သူနောက်ဆုံးတစ်ခုကို သွားယူမည်ဆိုလျှင် ရေမွန်က သူ့ကိုသတ်လိုက်ရန် အခွင့်အရေး (၉၀) ရာခိုင်နှုန်းကျော်ရှိသည်။
ကံကောင်းသည်မှာ သူ၏အမြင်က သိပ်မဆိုးဝါးပေ။ သူကောက်လာသည့်ခုနှစ်ခုထဲ၌ အလုံးစုံသိမြင်မျက်လုံး၏ အကဲဖြတ်မှုပြီးနောက် ခြောက်က နတ်ဘုရားသလင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
ယင်းက ဝိညာဥ်ကမ္ဘာလုံးပေါ်ရှိ ပထမဆုံးချိပ်ပိတ်မှုကိုဖယ်ရှားရန် မှန်ကန်သည့်အရေအတွက်ပဲ ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် သူသည် ထိုစဥ်က အသူရာအဆင့်အဆင့်မြှင့်တင်ခြင်းတာဝန်ကို စိန်ခေါ်ရန် ရွေးချယ်ခဲ့တာလည်း ဖြစ်သည်။
သူက ပထမဆုံးချိပ်ပိတ်မှုကို ဖယ်ရှားနိုင်သရွေ့ ဝိညာဥ်ကမ္ဘာလုံးက သူ၏ အိုင်တမ် ဖြစ်သွားပေလိမ့်မည်။ သူသေလျှင်တောင် ဝိညာဥ်ကမ္ဘာလုံးက ပိုင်မွန်၏လက်ထဲပြန်ရောက်မှာကို စိုးရိမ်ပူပန်နေစရာမလိုပေ။ ယခုအခေါက်တွင် သူ၏ အဆင့်မြင့်တင်မှုတာဝန် ကျရှုံးခဲ့လျှင်တောင် အချည်းနှီးခရီးထွက်ရာ မရောက်တော့ပေ။
ထိုအချက်ကိုတွေးမိပြီး ရှီဖုန်းသည် ဝိညာဥ်ကမ္ဘာလုံးကိုထုတ်ကာ နတ်ဘုရားသလင်းများတစ်ခုပြီးတစ်ခု စုပ်ယူစေ၏။
သလင်းတစ်ခု၊ သလင်းနှစ်ခု၊ သလင်းသုံးခု
နတ်ဘုရားသလင်းစုပ်ယူလိုက်တိုင်း ဝိညာဥ်ကမ္ဘာလုံးကဖြာထွက်နေသော နတ်ဆိုးစွမ်းအားသည် အနည်းငယ် အားလျော့သွား၏။ တစ်ချိန်ထဲတွင် ၎င်းက ထုတ်ဖော်သည့်ဖိအားကလည်း အားကောင်းလာသည်။ ဝိညာဥ်ကမ္ဘာလုံးသည် နောက်ဆုံးနတ်ဘုရားသလင်းကိုစုပ်ယူစဥ်၌ ၎င်းသည် ရှီဖုန်း၏ ဆုပ်ကိုင်ထားမှုကနေ ရုတ်တရက်လွတ်အောင်ရုန်းကာ လေထဲပျံတက်သွား၏။ ပြီးနောက် ကောင်းကင်ထဲ၌ ကိုက်တစ်ထောင်ခန့် ဖြန့်ကြပ်နိုင်သော ခုနှစ်ဆမှော်အစီအရင်ကို ဖွဲ့တည်လိုက်၏။ မှော်အစီအရင်ရေးဆွဲရန် ဝိညာဥ်စွမ်းရည်ပမာဏက ရေမွန်က သုသေသနအခန်းထဲ၌သုံးသည့် ဝိညာဥ်ဓာတ်စွမ်းအားပမာဏထက် အဆပေါင်းများစွာ ပိုများသည်။ ထိုစဥ် ဝိညာဥ်ကမ္ဘာလုံးက ဖြာထွက်သောဖိအားက နတ်ဘုရားစွမ်းရည်ထဲ အသွင်ပြောင်းလာ၏။ နဂါးတစ်ကောင် နိုးထလာသည့်ပမာ ဝိညာဥ်ကမ္ဘာလုံးသည် အဝေးရှိ နတ်ဆိုးသားရဲများနှင့် နတ်ဆိုးများကို အလိုလိုတုန်ရီသွားစေကာ သူတို့၏ ခန္ဓာကိုယ်များသည် မြေကြီးပေါ်ပြိုလဲကုန်ပြီး ကြောက်လန့်မှုကြောင့် မလှုပ်နိုင်မယှက်နိုင်ဖြစ်ကုန်၏။
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်ဓာတ်စွမ်းလေဝဲသည် ဝိညာဥ်ကမ္ဘာလုံးနားတစ်ဝိုက် ဖွဲ့တည်လာ၏။ အနက်ရောင်နတ်ဆိုးစွမ်းအားဖြင့် ဝိညာဥ်ကမ္ဘာလုံးမှ စိတ်စွမ်းအားတစ်ခုဆင်းသက်လာပြီး ထိုစိတ်စွမ်းအားကိုဖိနှိပ်ရန် ကြိုးစားနေ၏။
” ဘယ်သူလဲ ငါ့ရဲ့ချိပ်ပိတ်မှုကို ဘယ်သူဖျက်ဆီးရဲတာလဲ … ”
လေထဲ၌ ပုံရိပ်ယောင်တစ်ခုက ရုတ်တရက်ပေါ်လာ၏။ ရှီဖုန်းသည် ထိုပုံရိပ်၏သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြား ပုံရိပ်က သတ္တဝါများအားလုံးကို အထင်တသေး ကြည့်ပြီး ၎င်း၏ ဖြာထွက်နေသောအရှိန်အဝါက ရှီဖုန်းကို ခေါင်းအလိုလို ငုံ့မိစေတော့သည်။ ထိုပုံရိပ်၏အသုံးထဲတွင်ပါဝင်သော ဒေါသက ရှီဖုန်း၏ ဝိညာဥ်ကိုတောင် တုန်လှုပ်စေ၏။ ကံကောင်းသည်မှာ ဝိညာဥ်ကမ္ဘာလုံးသည် နတ်ဆိုးစွမ်းအား၏ ဖိနှိပ်မှုကိုကျော်ဖြတ်စဥ် ထိုပုံယောင်ကလည်း ပျောက်ကွယ်သွားစေ၏။
ချိပ်ပိတ်မှုဖယ်ရှားလိုက်ရာ ဝိညာဥ်ကမ္ဘာလုံး၏သွင်ပြင်က သိသိသာသာပြောင်းလဲသွား၏။ ယခုဆို ကမ္ဘာလုံး၏ မျက်နှာပြင်ပေါ်၌ ရွှေရောင်နတ်ရုမ်းဖျော့ဖျော့မြင်နေရ၏။ ၎င်း၏ အရွယ်အစားကလည်း ကျုံ့သွားသည်။ ယခင်က လူကြီးတစ်ယောက်၏ လက်သီးဆုပ်အရွယ်အစားခန့်ရှိခဲ့သည်။ ယခုမူ ထိုအရွယ်အစား၏ တစ်ဝက်သာရှိတော့၏။ ဝိညာဥ်ကမ္ဘာလုံးသည် ရှီဖုန်း၏ လက်ဖဝါးထဲ ပြန်ရောက်လာသည့်အချိန်၌ သူက စောင့်ကြည့်ခံရသကဲ့သို့ ခံစားချက်မျိုးမရှိတော့ပေ။
ဝိညာဥ်ကမ္ဘာလုံး၊ အပိုင်းအစဒဏ္ဍာရီလာအဆင့်အိုင်တမ်
မူလက ထင်ယောင်ထင်မှားရတနာ၏ အပိုင်းအစတစ်ခုသာဖြစ်ခဲ့သည်။ သို့သော် နတ်ဆိုးနတ်ဘုရားပိုင်မွန်၏ သန့်စင်မှုကြောင့် အပိုင်းအစ၏ အစစ်အမှန်စွမ်းအင်သည် ချိပ်ပိတ်ခံထားရ၏။ လက်ရှိတွင် ၎င်းစွမ်းအားတစ်စိတ်တစ်ပိုင်းကို ပြန်ပြင်ခဲ့ပြီဖြစ်သည်။
ထပ်တိုးတိုက်ခိုက်ရေးစကေးတစ်
ဝိညာဥ်ရည် : ကစားသမားများ လိုလိုလားလားထောက်ပံ့ပေးသော ဝိညာဥ်မှ ဝိညာဥ်ရည်ကို ဖန်တီးပေး၏။ အသုံးပြုရန်စောင့်စားရသည့်ကြာချိန်မရှိပေ။ ဝိညာဥ်ရည်တစ်စက်ထုတ်လုပ်ရန် ကစားသမားအယောက်ငါးဆယ်၏ ဝိညာဥ်ကိုစုပ်ယူရမည်။
ထပ်တိုးတိုက်ခိုက်ရေးစကေးနှစ်
ဝိညာဥ်များ၏သလင်း : မွန်းစတားများ၏ ဝိညာဥ်တစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီး ဝိညာဥ်များ၏ သလင်းတစ်ခု ဖန်တီးနိုင်၏။ အသုံးရန်စောင့်စားရချိန်မရှိ။ မဟာအရှင်နှင့်အဆင့်အထက် ဝိညာဥ်သုံးဆယ်ကို စုပ်ယူချိန်၌ ဝိညာဥ်များ၏သလင်းတစ်ခုကို ထုတ်လုပ်နိုင်မည်။ မွန်းစတား၏ အဆင့်က ကိုင်ဆောင်သူထက် အဆင့်ငါးဆင့် မြင့်ရပေမည်။
ထပ်တိုးတိုက်ခိုက်ရေးစကေးသုံး
နတ်ဘုရားစွမ်းအားစုပ်ယူခြင်း : ဝိညာဥ်ကမ္ဘာလုံးပြန်ပြင်ရန်အတွက် နတ်ဘုရားစွမ်းအားကို စုပ်ယူ၏။ စုစုပေါင်းချိတ်သုံးခုရှိသည်။ ဒုတိယမြောက်ချိတ်ကို ဖယ်ရှားရန်အတွက် နတ်ဘုရားသလင်းဆယ်ခု လိုအပ်သည်။ ဤစုပ်ယူထားသော အရေအတွက် သုည။
နတ်ဆိုးနတ်ဘုရားပိုင်မွန်သည် ဝိညာဥ်ကမ္ဘာလုံးကို ချိပ်ပိတ်ထားသော်ငြား ရွှေရောင်အမာရွတ်ကြောင့် နိုးထလာ၏။ ချိပ်ပိတ်မှုကို နတ်ဘုရားစွမ်းရည် စုပ်ယူခြင်းဖြင့်သာ ဖယ်ရှားနိုင်၏။
ဖျက်ဆီးမရနိုင်။
ပိုင်ရှင် : ရှီဖုန်း။
ထိုအိုင်တမ်ကို ကိုင်ဆောင်သူတိုင်းသည် နတ်ဆိုးစွမ်းအားနှင့် နတ်ဘုရားစွမ်းအား တန်ပြန်မှုကိုရရှိမည်။
အံ့သြစရာပဲ ဒီစွမ်းရည်တွေက တကယ်အံ့သြစရာပဲ။ ရှီဖုန်းသည် ဝိညာဥ်ကမ္ဘာလုံး၏ မိတ်ဆက်ကြောင့် အံ့အားသင့်သွားလေ၏။
ဝိညာဥ်ကမ္ဘာလုံးသည် အံ့ဖွယ်အဆင့်တွင် ရှိသေးစဥ်က အံ့သြဖွယ်ကောင်းနေပြီးသားဖြစ်၏။ ယခု ၎င်းကိုပြန်ပြင်ပြီး ဒဏ္ဍာရီအဆင့်ရောက်လာသောအခါ ၎င်း၏ စွမ်းရည်များက ပိုတောင်အစွမ်းထက်လာလေ၏။ ဝိညာဥ်ရေစက်ထုတ်လုပ်ရန်လိုအပ်သည့် အရေအတွက်က တစ်ဝက်ဖြစ်သွားရုံသာမက ယခုဆို ဝိညာဥ်များ၏ သလင်းပါ ထုတ်လုပ်နိုင်နေပြီဖြစ်သည်။ ဝိညာဥ်များ၏သလင်းသည် ဝိညာဥ်ရည်ထက် ထုတ်လုပ်ရပိုခက်ခဲသော်ငြား ဝိညာဥ်များ၏သလင်းသည် နတ်ဘုရားနယ်မြေထဲတွင် ကံကောင်းမှသာရနိုင်သည့် အိုင်တမ်ဖြစ်၏။ ဝိညာဥ်များ၏သလင်းက ဝိညာဥ်ရည်ကဲ့သို့ ကစားသမားတစ်ဦး၏ အာရုံစူးစိုက်မှုကို မြင့်တင်ပေးနိုင်ရုံသာမက ဝိညာဥ်ဓာတ်စွမ်းအားကိုလည်း စုဝေးပေးကာ ကစားသမားများကို စိတ်စွမ်းအား အထွတ်အထိပ်အခြေအနေ၌ ရှိနေစေပြီး ၎င်း၏ အာရုံစူးစိုက်မှုကို မြင့်တင်ပေး၏။ ထို့အပြင် ဝိညာဥ်များ၏သလင်းသည် သုံးစွဲနိုင်သည့်ကြာချိန်၌ ငါးနာရီဖြစ်ပြီး ပြန်လည်အသုံးပြုရန် စောင့်စားရချိန်က ဆယ်နာရီဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် ဝိညာဥ်များ၏သလင်းသည် တိုက်ပွဲဝင်ကစားသမားများအတွက် အမျိုးမျိုးသော ထောက်ပံ့ရေးအမျိုးအစားများကြားထဲ ထိပ်တန်းဆယ်ခုအတွင်းရှိသည်။ ပုံမှန်ဆိုသလင်းသည် ရှေးဟောင်းအပျက်အစီးများတွင်သာ ရှာတွေ့နိုင်၏။
ယခု ဝိညာဥ်ကမ္ဘာလုံးက ထိုကဲ့သို့စွမ်းရည်တစ်ခုရရှိထားရာ ရှီဖုန်းသည် မဟာအရှင်တစ်သုတ်ကို ချက်ချင်းသတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာ၏။ ထို့အပြင် ယခု သူသေသွားလျှင်တောင် ဝိညာဥ်ကမ္ဘာလုံးက သူ၏အိတ်ထဲက ကျမှာမဟုတ်ပေ။ သူက အကြောက်အလန့်မရှိ လှုပ်ရှားနိုင်ပြီ ဖြစ်သည်။
တစ်ချိန်ထဲတွင် နတ်ဆိုးနတ်ဘုရား၏ စောင့်ကြည့်မှုမရှိဘဲ အမှောင်ကစားသမားများက သူ့လက်ထဲတွင် ဝိညာဥ်ကမ္ဘာလုံးရှိကြောင်း ရှာတွေ့ရန် ခက်ခဲသွားလိမ့်မည်။
သို့သော်ငြား သူက ချိပ်ပိတ်မှုကိုဖယ်ရှားပြီးနောက် အမှောင်ကစားသမားများကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့မှန်း သူမသိပေ။
မူလ၌ ရှီဖုန်းပေါ်၌ ပိုင်မွန်ထားရှိသည့် ဆုကြေးကလူများစွာကို မက်မောစေခဲ့၏။ ယခု ဆုကြေးကပိုတောင် ပြင်းထန်လာ၏။
စနစ် : နတ်ဆိုးဘုရားပိုင်မွန်က ဝိညာဥ်ကမ္ဘာလုံးကို ပြန်ယူရန်အမိန့်တစ်ခု ထုတ်လိုက်ပါပြီ။ ဝိညာဥ်ကမ္ဘာလုံးကိုင်ဆောင်သူကို သတ်ဖြတ်နိုင်ပြီး ဝိညာဥ်ကမ္ဘာလုံးကို ရယူနိုင်သရွေ့ နတ်ဆိုးနတ်ဘုရားပိုင်မွန်က သူ့ကို မြို့စားအဆင့်အထိမြင့်တင်ပေးပြီး ကြွယ်ဝတဲ့ဆုလာဘ်များစွာ ပေးမှာပါ။ တာဝန်ကို လက်ခံလိုသူတိုင်းက မှော်သလင်းနှစ်ထောင်ပေးရမှာမယ်။ တာဝန်ကိုလက်ခံဖို့ ဆန္ဒရှိပါသလား။ ဒီတာဝန်က ရေရှည်တာဝန်ဖြစ်ပြီး အချိန်မရွေးလက်ခံနိုင်ပါတယ်။ တာဝန်အတွက် အချိန်အကန့်အသတ်မရှိပါဘူး။
ပြန်လည်ရယူခြင်းအမိန့် ထုတ်လိုက်သည်နှင့် သွေးဆောင်ခံလိုက်ရသော မရေမတွက်နိုင်သည့် အမှောင်ကစားသမားများက ချက်ချင်းလှုပ်ရှားတော့၏။
ဘာရွန်အဆင့်သို့ အဆင့်မြင့်တင်ရန်က ခက်ခဲနေပြီးသားဖြစ်၏။ ယခု နတ်ဆိုးနတ်ဘုရားပိုင်မွန်သည် ဗစ်ကောင့်အဆင့်သို့ တိုက် ရိုက်မြင့်တင်ခံရမည်ဖြစ်ကာ ယင်းက ဘာရွန်ထက် တစ်ဆင့်မြင့်၏။ သူတို့မည်ကဲ့သို့ မမက်မောဘဲနေမည်နည်း။
အခြားတစ်နေရာ၌ ရှီဖုန်းက ထိုကိစ္စကို လျစ်လျူရှုထားသည်။ သူက သစ်ပင်တစ်ပင်အောက်၌ တည်ငြိမ်စွာထိုင်ပြီး သူ အမှောင်နတ်ဆရာရေမွန်ထံမှ ခိုးလာသည့် ရွှေလက်စွပ်ကို အမြတ်တနိုးဂရုစိုက်စွာ ကြည့်နေလေ၏။
အပိုင်း (၁၃၁၁) ပြီး၏။