ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1323 လွှမ်းမိုးထားခြင်း
Chapter – 1323 လွှမ်းမိုးထားခြင်း
ဘလက်ကီ၊ ရေနှင်းဆီ နှင့် ဇီးရိုးဝင်း၏ ကျန်သည့်ပင်မတပ်ဖွဲ့များက တအံ့တသြဖြင့် မျက်တောင်ခတ်မိကုန်၏။
” အစည်းအရုံးခေါင်းဆောင် သွားတိုက်ခိုက်တော့ မလို့လား … ”
စင်ဘေးနား ရပ်နေသော ငြိမ်းချမ်းခြင်းလိပ်က သူမဆီသို့ ရှီဖုန်းလျှောက်လာတာကိုမြင်ပြီး တအံ့တသြဖြစ်သွားကာ မမေးပဲ မနေနိုင်တော့ချေ။
ရှီဖုန်းက သူ၏ အနက်ရောင်ခေါင်းစွပ်ကို မဝတ်ထားပေ။ သူ့၏ သွင်ပြင်ကို အားလုံးမြင်တွေ့နိုင်ရန် ပြထားပြီးသား ဖြစ်၏။ သို့သော် ID စစ်ဆေးသည့် စကေးဖြင့်တောင် ကစားသမားများသည် သူ့၏ အမည်ကိုသာ မြင်တွေ့ရ၏။
” အင်း သူတို့ရဲ့ ခွန်အားအစစ်မှန်ကို ငါကိုယ်တိုင်မြင်တွေ့ချင်လို့ … ”
ရှီဖုန်းက ခေါင်းညိတ်လိုက်သည်။
ဘလက်ကီသည် ပြိုင်ဘက်များ၏ တိုက်ပွဲဝင်ဗွီဒီယိုအချို့ကို သူ့အားပို့ပေးခဲ့သော်ငြား ပျံသန်းခြင်းအရိပ်နှင့် ကျန်သည့်သူများက ခွန်အားအစစ်အမှန်ကို ထုတ်ပြအောင် ဖိအားမပေးနိုင်ခဲ့ပေ။ သူတို့က မည်သည့်ထူးကဲမှုကိုမှ အသုံးမပြုခဲ့ပေ။ ထို့ကြောင့် ဇီးရိုးဝင်း၏ ယခင်က ကျွမ်းကျင်သူများနှင့် သူတို့ကို ဆက်စပ်မိဖို့က မလွယ်ကူချေ။
” အစည်းအရုံးခေါင်းဆောင် ဂရုစိုက်ဖို့လိုတယ်နော် .. ကျွန်မသူ့ကို တိုက်ခိုက်တဲ့အချိန်တုန်းက ကျွန်မရဲ့ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်ဘူးလို့ ခံစားမိတာ … ကျွန်မရဲ့ တိုက်ခိုက်မှုတွေအားလုံးက ဝါဂွမ်းကိုထိုးမိနေသလိုပဲ … ကျွန်မကိုအဆုံးသတ်ဖို့ သူသုံးသွားတဲ့နည်းစနစ်က အင်မတန်ဆန်းကြယ်လွန်းတယ် … အရင်အလှည့်တွေတုန်းက သုံးသွားတဲ့ဗွီဒီယိုတွေကို ကြည့်တဲ့အချိန် သူအရင်အလှည့်တွေတုန်းက သုံးသွားတဲ့နည့်စနစ်နဲ့ တူတူပဲ … သူလှုပ်ရှားတာကိုဘဲ မြင်လိုက်ရတာ … ပုံရိပ်ယောင်လည်းမကျန် ဘာမှမရှိဘူး … ဒါပေမဲ့ သူကို ကျွန်မ အနီးကပ်တိုက်ခိုက်တဲ့အချိန်ကြမှ ကျွန်မနား သူတစ်ချိန်လုံးရှိနေသလို ခံစားမိတာ … ”
တစ္ဆေခြေလှမ်းလား။
ငြိမ်းချမ်းခြင်းလိပ်၏ အတွေ့အကြုံကိုကြားပြီးနောက် ရှီဖုန်း၏ စိတ်ထဲဝင်လာသည့်တစ်ခုတည်းသော တိုက်ပွဲဝင်နည်းစနစ်က တစ္ဆေခြေလှမ်းပဲဖြစ်သည်။ လေဟာနယ်ခြေလှမ်းကဲ့သို့ပင် တစ္ဆေခြေလှမ်းက အဆင့်မြင့်ခြေလှမ်းတစ်ခု ဖြစ်သည်။ ထိုနည်းစနစ်သည် ပြိုင်ဘက်အဖို့ အသုံးပြုသူ၏ တိုက်ခိုက်မှုလားရာကို မှန်းဆရခက်ခဲသွားစေသည်။ အတိက်တုန်းက နတ်ဘုရားနယ်မြေထဲတွင် လူအနည်းစုသာလျှင်လထိုနည်းစနစ်ကို အသုံးပြုကြ၏။ သို့သော် ရှီဖုန်း မှတ်မိနိုင်သည့်ကစားသမားများထဲ မည်သူကမှ စင်မြင့်ပေါ်ရှိလူနှင့် ဆင်တူခြင်း မရှိပေ။
” ရှီဖုန်းလား … ကြည့်ရတာဇီးရိုးဝင်းက နောက်ဆုံးတော့ ငါတို့ကိုအလေးထားတဲ့ပုံပဲ … ”
အထူးဧည့်သည်တော်ခုံတန်းတွင် ထိုင်နေသော မိစ္ဆာမီးက ရှီဖုန်းကို ကြည့်နေစဥ် ပြုံးလိုက်လေ၏။
သူသိထားပုံအရ ဘလက်ဖလိမ်းပြီးလျှင် နောက်ထပ်အသန်မာဆုံးကျွမ်းကျင်သူများက မီးလျှံကကြိုး၊ ဂျမ်းတဲလ်စနိုး၊ ရီဖုန်းနှင့် ခရမ်းတိမ်တို့ဖြစ်သည်။
” သူကသန်မှာလား … ”
နောက်ကျောတွင် သွေးနီရောင်ဓားကို ကိုင်ဆောင်ထားသော ခြိမ်းခြောက်နိုင်စွမ်းရှိပုံပေါ်သည့်လူက တူတစ်လက်ကို ကိုင်ထားလျက် သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။
” အန်ဝေဗားရင်း မိစ္ဆာရဲ့ တုံ့ပြန်မှုအရ သူက သန်မှာတာဘဲ ဖြစ်ရမယ် … အခုက ကျားရဲ့တိုက်ခိုက်မှုအလှည့်ဖြစ်နေသေးတာ နှမြောစရာပဲ … အဲ့ဒီကစားသမားက နည်းနည်းလေးစောင့်နိုင်မယ်ဆိုရင် ငါ့အလှည့်ရောက်လာမှာ … ”
ကျက်သရေရှိပြီး ကြော့ရှင်းသောအမျိုးသမီးက သူမလက်ထဲရှိအနက်ရောင်ဓားမြှောင်ကို ဆော့ကစားရင်း ပြောလိုက်တော့သည်။ ထိုအမျိုးသမီးသည် အမှောင်ထုအစုံချပ်ဝတ်တန်ဆာ၏ အလင်းဖြစ်သည့် လုပ်ကြံသတ်ဖြတ်သူများအတွက် အဆင့် (၄၅) မဟူရာရွှေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူမက သတ်ပြင်းချပြီး ပြောလိုက်တော့၏။
” ဘေးကနေကြည့်ရတာ တကယ်ပြင်းစရာပဲ … ”
” ပန်းလေးပြောတာ မှန်တယ် … ငါတို့တွေ ဒီလိုအကြာကြီးတိုက်ခိုက်ဖို့ သဘောမတူသင့်ဘူး … အခုတော့ကျားက တိုက်ပွဲအားလုံးကို တိုက်ခိုက်လိုရသွားပြီ … ”
ကျန်သည်အဖွဲ့ဝင်များကလည်း ထောက်ခံကြောင်းခေါင်းညိတ်၏။
သူတို့သည် ရှေးစစ်သည်တော် ကြီးမြတ်သောကျား မည်မျှသန်မာကြောင်း သတိပြုမိပြီ ဖြစ်သည်။ သူက အဆင့် (၄၄) ရောက်နေပြီ ဖြစ်သည်။ အင်ပါယာ၏ အဆင့်သက်မှတ်ချက် ထိပ်တန်းဆယ်ယောက်အတွင်း သူက အလွယ်တကူ အဆင့်ဝင်နိုင်ပေ၏။ သူသည် အဆင့် (၄၅) မဟူရာရွှေချပ်ဝတ်တန်ဆာကို မဝတ်ဆင်ထားသည့်တိုင် သူ၌ ကြီးထွားခြင်းပုံစံအမျိုးအစား ချပ်ဝတ်တန်ဆာအပိုင်းအစနှစ်ခုရှိပြီး ၎င်းတို့ကို မဟူရာရွှေအဆင့်သို့ အဆင့်မြင့်တင်ပြီးသား ဖြစ်၏။ ၎င်းတို့သည် သာမန်မဟူရာရွှေချပ်ဝတ်တန်ဆာထက် ပိုသန်မာ၏။ ၎င်းတို့၏ စွမ်းရည်များကလည်း ရှေးစစ်သည်တော်များအတွက် သင့်တော်ပေ၏။
လက်တလော၌ ကြီးမြတ်ကျားသည် သူ၏ ကြီးထွားခြင်းပုံစံလက်နက် အူနေသောတိုမန်ဟော့စ်ကို အံ့ဖွယ်အဆင့်ရောက်အောင် မြင့်ထားပြီးသားဖြစ်ကာ သူ့၏ တိုက်ပွဲဝင်စွမ်းအားက အဆင့်သစ်တစ်ခုအထိ မြင့်တင်ပြီးဖြစ်၏။ သူတို့အသင်းခေါင်းဆောင်ကတောင် ကြီးမြက်သောကျား၏ စံသတ်မှတ်ချက်ဖြင့်ဆို သူသည် နတ်ဘုရားနယ်မြေ၏ ကျွမ်းကျင်သူစာရင်းရှိ ထိပ်တန်းကျွမ်းကျင်သူနှစ်ရာကို စိန်ခေါ်နိုင်နေပြီဟုဆိုသည်။
ထို့အပြင် ရှီဖုန်းက တစ္ဆေခြေလှမ်းကို အသုံးမပြုသည့် အခြေအနေဖြစ်၏။ သို့သော် ကြယ်လတိုင်းပြည်တွင်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။
နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်း၌ အဆင့် (၅၁) ရထားသော ဘလက်ဖလိမ်းမှအပ တိုင်းပြည်တွင် ထိပ်တန်းနှစ်ရာအတွင်းဝင်သည့် ကစားသမားတစ်ဦးမှမရှိပေ။ နောက်ဆုံးအဆင့်မြှင့်တင်မှု၌ အဆင့် (၂၁၅) သို့မြင့်တက်လာသော မီးလျှံကကြိုးသာရှိလျှင် သူတို့အာရုံစိုက်ရန် ထိုက်တန်ပေလိမ့်မည်။
” ကျားက ရီဖုန်းကို အနိုင်ယူနိုင်သရွေ့ ငါတို့တွေ မီးလျှံကကြိုး ဒါမှမဟုတ် ဂျမ်းတဲလ်စနိုးကို အနိုင်ယူဖို့ပဲလိုတယ် … ပြီးရင် ဘလက်ဖလိမ်းက တောင့်ခံနိုင်ပါ့မလားဆိုတာ ငါသံသယဝင်မိတယ် … မနက်ဖြန်ကျ မင်းရဲ့စိန်ခေါ်မှုကို လက်ခံဖို့ သူဖိအားပေးခံရမှာလေ မိစ္ဆာ … ”
အန်ဝေဗားရင်းဟန်ကပြောပြီး ရှီဖုန်းက ရေနှင်းဆီနှင့် ဇီးရိုးဝင်း၏ ကျန်သည့်ပင်မအဖွဲ့ဝင်များကို ကြည့်လိုက်၏။
” မိစ္ဆာ မင်းမှာရှိတာ အကုန်ထုက်သုံးခဲ့ … ခေါင်းဆောင်က မင်းကိုမျက်နှာသာပေးထားတာ … အဲ့ဒီ တိုက်ခိုက်ရေးပွဲမှာ ငါတို့ရဲ့ ပွဲဦးထွက်တိုက်ခိုက်မှုမှာ ငါတို့စွန့်စားသူအဖွဲ့ကို မင်းက ကိုယ်စားပြုနေတာ … ရှုံးလို့မရဘူး … ”
” အစ်ကိုကြီးအန်ဝေဗားရင်း ခင်ဗျား ကျုပ်ရဲ့ စွမ်းရည်ကို သတိပြုမိပြီလို့ ထင်နေတာ … မနက်ဖြန်တိုက်ပွဲကို ပျော်ပျော်ရွှင်ရွှင် ကြည့်လိုက် … ”
မိစ္ဆာမီးကပြောပြီး ပြုံးလိုက်တော့၏။
သူသည် ဘလက်ဖလိမ်း၏ ဓားဘုရင်ဟူသောဘွဲ့အမည်ကို အာရုံမစိုက်ပေ။ သူ၏ တစ်ခုတည်းသောပန်းတိုင်က နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်း၌ ထိပ်တန်းဆယ်ယောက်အတွင်း ဝင်နိုင်ရန်ဖြစ်သည်။
ထိုစဥ် ပွဲကြည့်ပရိသတ်ခုံတန်း၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။
” လခွမ်း အဲ့တာက ဇီးရိုးဝင်းရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲ ရှီဖုန်းမဟုတ်ဘူးလား … ”
” ဒီလောက် ပွဲစဥ်တွေအများကြီးရှုံးပြီးတော့ ဇီးရိုးဝင်းကနောက်ဆုံးတော့အလေးထားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံပဲ … အဲ့ဒီ ရှေးစစ်သည်တော်ရဲ့အနိုင်ရတဲ့ စံချိန်တော့အဆုံးသတ်တော့မယ် … ”
” ဒါမသေချာသေးဘူး … အရင် ဇီးရိုးဝင်းကျွမ်းကျင်သူတွေက အလွယ်တကူ ရှုံးနိမ့်သွားတာ … ရီဖုန်းရဲ့ လုပ်ဆောင်ချက်က အထင်ကြီးဖို့ကောင်းတယ်လို့ ကောလာဟလတွေ ရှိပေမဲ့ သူက ရှေးစစ်သည်တော်ကို အနိုင်ယူနိုင်မယ်လို့ မဆိုလိုဘူးလေ … ”
” အမှန်ပဲ … ဇီးရိုးဝင်းရဲ့ ဘယ်ကျွမ်းကျင်သူကမှ ရှေးစစ်သည်တော်ရဲ့ HP ကို (၅၀) ရာခိုင်နှုန်းအောက်ရောက်အောင် မလျော့နိုင်ဘူး … ဒါက အနည်းကပ်တိုက်ပွဲလည်း ဟုက်တယ် … သူတို့တွေက ဘာစကေး၊ ဂါထာ၊ ကိရိယာမှ သုံးလို့မရဘူး … ဒါကရှေးစစ်သည်တော်ရဲ့ တိုက်ပွဲဝင်စံသတ်မှတ်ချက် ဘယ်လောက်မြင့်လဲဆိုတာပြနေတာပဲ … သူက ရီဖုန်းကို ရင်ဆိုင်ဖို့တက်သွားမယ်ဆိုရင်တောင် အနိုင်ရနိုင်ချေ (၆၀) ရာခိုင်နှုန်းထက်ပိုတယ်ဆိုတာ လောင်းချင်သေးတယ် … ဘာမှမရှိတော့ရင် ဘလက်ဖလိမ်းနဲ့ မီးလျှံကကြိုးတို့အပြင် ကျန်တဲ့သူတွေ တိုက်ခိုက်နိုင်မယ်လို့ မထင်ဘူး … ”
” ငါလည်း အမှန်ပဲလို့ထင်တယ် … ရှီဖုန်းက အလွန်အစွမ်းထက်တယ်ဆိုတဲ့ ကောလာဟလတွေ ရှိတယ်ဆိုပေမဲ့ သူရဲ့တိုက်ပွဲဝင်စံချိန်က ဟောင်းနေပြီးပြီ … အခုနတ်ဘုရားနယ်မြေထဲ အားလုံးဆော့ကစားလာတာကြာပြီဆိုတော့ သူတို့ရဲ့တိုက်ပွဲဝင်စံသတ်ချက်ကလည်း သိသိသာသာမြင့်တက်လာမှာပဲ … ရီဖုန်း အလွယ်တကူ နိုင်လိမ့်မယ်လို့ငါမထင်ဘူး … ”
ပရိသတ်သည် စတင်တော့မည့်တိုက်ပွဲအကြောင်းကို အပူတပြင်း ဆွေးနွေးနေကြသည်။ အမျိုးမျိုးသောအစည်းအရုံးအဖွဲ့ဝင်များက တိုက်ခိုက်မှုကိုကြည့်ရန် စိတ်အားထက်သန်နေကြသည်။ သူတို့က ဇီးရိုးဝင်း သူတို့ကိုသူတို့ အရှက်ခွဲမှာကိုမြင်ရန် မျှော်လင့်နေကြသည်။
ထိုစဥ် စင်မြင့်ပေါ်၌ ကြီးမြတ်သောကျားသည် ရှီဖုန်းကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်သည်။ သူကလမေးလိုက်တော့၏။
” ဘာလဲ မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်ချင်တာလား … ”
” အဟုတ်ပဲ … ”
ရှီဖုန်းက တည်ငြိမ်စွာဖြေပြီး ခေါင်းညိတ်လိုက်၏။
” အရင်ကတိုက်ပွဲတွေက ငါသွေးနွေးရုံပဲ ရှိသေးတယ် … သူတို့ကပြင်းဖို့ကောင်းလွန်းတယ် … မင်းငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်တယ် … ”
ကြီးမြတ်သောကျားက ရယ်မောပြီး ပွဲကြည့်ပရိသတ်ခုံတန်းတွင် ထိုင်နေသော ပျံသန်းခြင်းအရိပ်နှင့် ကျန်သည့်သူများကို ကြည့်လိုက်၏။
သူသည် မိစ္ဆာမီးဆီကနေ ရှီဖုန်းအကြောင်းသတင်းအချို့ ရထားပြီးသားဖြစ်၏။ ကောလာဟလများအရ နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်း၌ အဆင့် (၂၁၅) ရထားသည့် မီးလျှံကကြိုးသာလျှင် သင့်တော်သည့် ပြိုင်ဘက်တစ်ဦးအဖြစ် သူသတ်မှက်နိုင်သည်။
ပျံသန်းခြင်းအရိပ်နှင့် သူ့၏ အဖော်အပေါင်းများက ကြီးမြတ်သောကျား၏ မှတ်ချက်ကိုကြားသောအခါ သူတို့ အံကြိတ်လိုက်ကြသည်။ သို့သော်ငြား သူတို့တက်နိုင်တာ ဘာမှမရှိပေ။ အခြေခံစွမ်းရည်အရာ၌ သူတို့တစ်ပန်းသာသော်ငြား သူတို့အားလုံး ရှုံးနိမ့်ခဲ့ကြသည်။ ယင်းက ကြီးမြတ်သောကျား၏ တိုက်ပွဲဝင်နည်းစနစ်သည် သူတို့ထက် သာလွန်ကြောင်းသက်သေပြနေတာပဲဖြစ်သည်။
” ယှဥ်ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို မင်းဘယ်လိုထားချင်လဲ … ”
ရှီဖုန်းသည် ကြီးမြတ်သောကျား၏ ရန်စမှုကြောင့် စိတ်အနှောက်အယှက်မဖြစ်ပဲ တည်ငြိမ်စွာမေးလိုက်၏။
” အရင်ကနဲ့ အတူတူပဲ … ဂါတာတွေ စကေးတွေ ကိရိယာတွေသုံးခွင့်မရှိဘူး … ငါတို့ရဲ့ နည်းစနစ်တွေပဲ သုံးပြီး ယှဥ်ပြိုင်မယ် … ”
ကြီးမြတ်သောကျားသည် နှစ်ယောက်ယှဥ်ပြိုင်မှုကို စည်းမျဥ်းကိုပြင်ဆင်ပြီး ရှီဖုန်းကို ယှဥ်ပြိုင်ရန် တောင်းဆိုချက်ပို့လိုက်တော့သည်။
” အနီးကပ်တိုက်ပွဲတွေအတွက် အသုံးမဝင်ဘူးဆိုရင် မင်းနဲ့ရင်ဆိုင်ဖို့ ငါ့ HP ရဲ့ (၇၀) ရာခိုင်နှုန်းပဲသုံးမယ် … ခင်ဗျားကျုပ်ကို (၃၀) ရာခိုင်နှုန်းထိရောက်အောင် ဆွဲချနိုင်မယ်ဆိုရင် အနိုင်ရမယ် … ”
ကြီးမြတ်သောကျား၏ ပြောကြားချက်ကိုကြားသောအခါ ပွဲကြည့်ပရိသတ်က ပင်သက်ရှိုက်မိသွားသည်။ သူတို့က ကြီးမြတ်သောကျား ထိုမျှ ရဲတင်းလိမ့်မည်ဟုမထင်ထားပေ။
သို့သော် ကြီးမြက်သောကျားက မောက်မာထောင်လွှားနိုင်စွမ်းရှိသည်။ ဇီးရိုးဝင်း၏ မည်သည့်ကျွမ်းကျင်သူကမှ သူ၏ HP ကို (၅၀) ရာခိုင်နှုန်းအောက်ရောက်အောင် လျော့ကျအောင်မလုပ်နိုင်ပေ။
” အဆင်ပြေသားပဲ … တိုက်ခိုက်လိုက်ရအောင် … ”
ရှီဖုန်းက မသိလိုက်မသိဘာသာပြောလိုက်သည်။
နှစ်ဖက်လုံးက ယှဥ်ပြိုင်ရန် တူညီချက်ပြုလိုက်သည်နှင့် စင်မြင့်ထက်ရှိအချိန်မှတ်မှုက စတင်တော့သည်။
၅၊ ၄၊ ၃၊ ၂၊ ၁ စတင်
” ခင်ဗျား ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ကြသေးတာပေါ့ … ”
နှစ်ယောက်ယှဥ်ပြိုင်ပွဲစတင်သည်နှင့် ကြီးမြတ်သောကျားသည် သူ့၏ နောက်ကျောမှ ပုဆိန်နှစ်လက်ကိုထုတ်လိုက်ပြီး ရှီဖုန်းဆီသို့ သားကောင်ကို ခုန်အုပ်သည့်ပမာ တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်တော့သည်။ ရှီဖုန်းသည် ရှေးစစ်သည်တော်၏ ရေခဲတမျှ သတ်ဖြတ်လိုစိတ် သူ့ဆီ ကျရောက်လာတာကိုခံစားမိသည်။ ရှေးစစ်သည်တော်သည် ဂိမ်းထဲတွင်သာ တိုက်ခိုက်သည့်ကစားသမားများကဲ့သို့ မဟုတ်တာကို ရှင်းနေ၏။ ကြီးမြတ်သောဓားသည် ရှီဖုန်းနှင့် ဆယ်ကိုက်အကွာသို့ရောက်သည်အချိန်၌ သူ၏ ခြေသိုင်းကပြောင်းလဲသွားတော့သည်။
သူက တစ္ဆေခြေလှမ်းသုံးနေတာကို။ ရှီဖုန်းသည် ကြီးမြတ်သောကျား၏ ခန္ဓာကိုယ်သည် တစ်ထပ်ထဲ တူညီနေသောကိုယ်ခွဲနှစ်ခုအဖြစ် ရုတ်တရက်ခွဲသွားတာကို မြင်လိုက်ရပြီး လှုပ်ရှားမှုက မတူညီသည့် အရပ်မျက်နှာဆီရွေ့သွားတာကို မြင်လိုက်ချိန်၌ တွေးလိုက်မိ၏။ ကိုယ်ခွဲနှစ်ခုကနေ လေးခုအဖြစ် ခွဲသွား၏။ ကြီးမြတ်သောကျားသည် ကိုယ်ခွဲများကိုဖန်တီးရန် သို့မဟုတ် ပုံရိပ်ယောင်များဖန်တီးရန် စကေးတစ်ခုအသုံးပြုနေသလိုပင်။ စကေးများ၊ ဂါတာများ အသုံးမပြုနိုင်သောကစားသမားများအဖို့ ယင်းက အင်မတန်အရေးနိမ့်စေ၏။
” ကျားက အလေးထားလွန်းနေတာပဲ … သူက အစထဲက တစ္ဆေခြေလှမ်းသုံးနေပြီ … ရီဖုန်းက သူ့ရဲ့စကေးတစ်ခုပြဖို့ အခွင့်အရေးတစ်ခုမှ ရှိမှာမဟုတ်ဘူး … ”
အန်ဝေဗားရင်းဟန်ကပြောပြီး ခေါင်းခါလိုက်တော့၏။
ပရိသတ်၏အမြင်အရ ကြီးမြတ်သောကျားက ရှီဖုန်းဆီ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုခင် ကွေ့ပတ်သွားပြီး ရန်သူဘက်ဆီသို့ ပတ်သွားနေသည်ဟု ထင်ရသည်။
ရှီဖုန်းနှင့် ကြီးမြတ်သောကျားတိုက်ခိုက်ကြသည့်အချိန်၌ စင်မြင့်ပေါ်၌ အပြာရောင်အလင်းဖျက်ခနဲပေါ်လာသည်။
ကြီးမြတ်သောကျားက လှည့်ပြီးတိုက်ခိုက်တော့မည်အချိန်၌ သူ၏ အမြင်အာရုံက မှောင်မည်းသွားတော့သည်။ ပြီးနောက် သူ၏ ရင်ဘက်ကနေ သွေးရောင်ပန်းတစ်ပွင့်ဖူးပွင့်လာတာကို သတိပြုမိလိုက်၏။ ဖြစ်ပျက်သွားတာ သဘောမပေါက်သေးခင် သူက ရှီဖုန်းနောက်ရှိ မြေပြင်ပေါ် လဲကျသွားပြီဖြစ်သည်။
” ဘာတွေဖြစ်ကုန်တာလဲ … ”
လူတိုင်းသည် ကြီးမြတ်သောကျား၏ အလောင်းကိုမြင်လိုက်ရပြီး ဘာဖြစ်ပျက်သွားလဲ မသိသောကြောင့် ဇဝေဇဝါဖြစ်ကုန်၏။
ပြီးနောက် အနိုင်ရသူ၏ အမည်က စင်မြင့် အနိုင်ရသူ၏ အမည်က စင်မြင့်ထက်၌ ပေါ်လာ၏။
ရီဖုန်း
အပိုင်း (၁၃၂၃) ပြီး၏။