ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1328 တိုင်းပြည်ထဲ အုံ့အုံ့ကြပ်ကြပ်ဖြစ်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1328 တိုင်းပြည်ထဲ အုံ့အုံ့ကြပ်ကြပ်ဖြစ်ခြင်း
Chapter – 1328 တိုင်းပြည်ထဲ အုံ့အုံ့ကြပ်ကြပ်ဖြစ်ခြင်း
ရှီဖုန်းက ကြေငြာပြီး မကြာမီ၌ ကြယ်လတိုင်းပြည်၏ ဖိုရမ်ပေါ်၌ ပွတ်လောရိုက်ကုန်၏။
” ဘာ ဇီးရိုးဝင်းက ကိုယ်ပိုင်အိမ်တွေ ထပ်ရောင်းပြန်ပြီလား … ”
” ငါ ရွှေပြားတစ်ထောင်နဲ့ ကမ်းလှမ်းတုန်းကတောင် ဘယ်သူကမှ သူတို့အိမ်တွေကိုရောင်းဖို့ ဆန္ဒမရှိဘူး။ ယခု ဇီးရိုးဝင်းက အိမ်တွေထပ်ရောင်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ငါအိမ်တစ်လုံး အရဝယ်ရမယ် … ”
” ကျောက်တောမြို့က ပိုတောင်နာမည်ကြီးလာသလိုပဲ … ကိုယ်ပိုင်အိမ်နဲ့ စွန့်စားသူအဖွဲ့တွေက ဝယ်ယူပြီးတဲ့အချိန်ကစပြီး တိုးတက်လာတယ်လို့ ငါကြားထားတယ် … အဲ့ဒီအဖွဲ့တွေက ကျောက်တောမြို့ထဲမှာ ရှားပါးတဲ့ကိရိယာတွေကို ရောင်းချခဲ့တယ်ဆိုပဲ … ”
” အံ့သြစရာပဲ … ငါတို့စွန့်စားသူအဖွဲ့က ယခင်လေလံပွဲတုန်းက မတက်ရောက်ခဲ့ဘူး … ဒီတစ်ခေါက် ငါတို့ကိုယ်ပိုင်အိမ် ရတော့မယ် … ”
” ကစားသမားတွေက ကျောက်တောမြို့ရဲ့အိမ်အတွက် တိုက်ခိုက်တော့မှာ … ဇီးရိုးဝင်းက ကိုယ်ပိုင်အိမ်အဆင့်မြင့်တင်မှုစနစ်ကို အသက်သွင်းလိုက်မယ်လို့ ငါမထင်ထားဘူး … ဇီးရိုးဝင်း ဒါကို ဘယ်လိုလုပ်လိုက်လဲဆိုတာ သိချင်မိတယ် … ”
” ငါကြည့်ပြီးပြီ … လက်ရှိ ကျောက်တောမြို့ရဲ့ ကိုယ်ပိုင်အိမ်တွေက ကြယ်တစ်ပွင့်ပဲရှိတာ … တစ်ဆင့်မြှင့်ပြီးသွားရင် ကစားသမားနောက်ထပ်ဆယ်ယောက်နေလို့ရမယ် … အဲဒီ ကစားသမားဆယ်ယောက်က တခြားနေရာကို အိမ်ကနေ နေရာရွေ့ပြောင်းလို့ရတယ် … ကြာချိန်ကတော့ တစ်ရက်ပေါ့ … အိမ်ပိုင်ရှင်က ကြာချိန်မလိုဘဲ ရွေ့ပြောင်းနိုင်တယ် … ”
” ဒါ မဖြစ်နိုင်တော့ဘူး … ပိုက်ဆံသွားချေးဖို့ လိုနေပြီ … ”
အစက လူတိုင်းသည် ဇီးရိုးဝင်းက ကျောက်တောမြို့၏ အိမ်များ ပိုမိုရောင်းချရန် ဆုံးဖြတ်ထားကြောင်း ကြားသောအခါ သူတို့အပျော်လွန်သွားသည်။ သို့သော်ငြား ကိုယ်ပိုင်အိမ်စနစ်မြင့်တင်မှုအကြောင်း ပိုရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားပြီးနောက် စွန့်စားသူအဖွဲ့များစွာက အိမ်များကို ရွှေတွင်းများပမာ ကြည့်လာတော့သည်။
အဆင့်မြင့်တင်မှုစနစ် အသက်သွင်းပြီးနောက် ထိုကိုယ်ပိုင်အိမ်များသည် အမျိုးမျိုးသော စွန့်စားသူအဖွဲ့များအတွက် သေချာပြုလုပ်ပေးထားသလို ဖြစ်သွားတော့၏။ ယခု ထိုကိုယ်ပိုင်အိမ်များထဲမှ တစ်လုံးကို ပိုင်ဆိုင်ခြင်းဖြင့် စွန့်စားသူအဖွဲ့တစ်ခုသည် ကျောက်တောမြို့တစ်ခုလုံးကို အချိန်အနည်းငယ်အတွင်း အသွားအပြန်လုပ်နိုင်ကာ မြို့၏ အမျိုးမျိုးသော အကျိုးအမြတ်များကို ခံစားခွင့်ရရှိလိမ့်မည်။
ကျောက်တောမြို့သည် အနီရောင်သံမဏိမြို့ထက် နည်းနည်းလေးတောင် နိမ့်ကျခြင်းမရှိပေ။ အနီရောင်သံမဏိမြို့သည် ကောင်းကင်ဘုံမြှုပ်နှံရာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့် နေရာဖြစ်သည်။
ကောင်းကင်ဘုံမြှုပ်နှံရာသည် အဲလ်ဖာနိုက်မြို့သို့ ဝင်ခွင့်ရချိန်မှစပြီး အဲလ်ဖာနိုက်မြို့၏ ပို့ဆောင်ရေးမှော်အစီအရင်ကို အနီရောင်သံမဏိမြို့နှင့် သိပ်မဝေးသည့် အရင်းအမြစ်မြင့်မားသောမြေပုံတွင် တည်ဆောက်ခဲ့သည်။
ယခုအစည်းအရုံးသည် အဲလ်ဖာနိုက်မြို့သို့ ဝင်ခွင့်ရသွားပြီဖြစ်ရာ ကစားသမားများအဖို့ မြို့ဆီသို့သွားရန် ပိုလွယ်ကူသွားတော့သည်။ ကစားသမားများသည် သူတို့ကိုယ်တိုင် ဝင်ခွင့်ရရန်အတွက် သင့်တော်သည့်တာဝန်အချို့ကို ပြီးမြောက်ရန်သာ လိုအပ်သည်။ နောက်ပိုင်း၌ သူတို့သည် အနီရောင်သံမဏိမြို့နှင့် အဲလ်ဖာနိုက်မြို့ကြား အလွယ်တကူသွားလာနိုင်လာ၏။ ကစားသမားများသည် အရင်းအမြစ်မြင့်ပြီး အရည်အသွေးမြင့်မားသော မြေပုံများဆီသို့ မြန်မြန်ဆန်ဆန်ရောက်နိုင်၏။
တစ်ခုတည်းသောအားနည်းချက်က အနီရောင်သံမဏိမြို့ထဲတွင် ကောင်းကင်ဘုံမြှုပ်နှံရာ၏ အဖွဲ့ဝင်များ သို့မဟုတ် ကိုယ်ပိုင်အိမ်ပိုင်ထားသူမဟုတ်လျှင် သူတို့သည် အဲလ်ဖာနိုက်မြို့ကနေ အနီရောင်သံမဏိမြို့ကို ပို့ဆောင်ရေးအစီအရင်ဖြင့်သွားနိုင်၏။ ကျန်သည့်နည်းလမ်းမရှိပေ။
ထိုသို့တိုင် အနီရောင်သံမဏိမြို့က ဖြည်းဖြည်းမှန်မှန်တိုးတက်နေ၏။ နယ်လှည့်ကုန်သည်များကလည်း မြို့ကို စတင်လာရောက်လည်ပတ်နေပြီဖြစ်သည်။
ကောင်းကင်ဘုံမြှုပ်နှံရာ၏ ကိုယ်ပိုင်အိမ်များသည် ကျောက်တောမြို့ထက် ပိုပြီးဈေးပေါ၏။ ယင်းက တစ်ကိုယ်တော်ကျွမ်းကျင်သူများနှင့် စွန့်စားသူအဖွဲ့များကို ရင်းနှီးမြှုပ်နှံရန် သွေးဆောင်နေတော့သည်။
သူတို့က အနီရောင်သံမဏိမြို့၌ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်လိုက်သရွေ့ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုက ကောင်းကင်ဘုံမြှုပ်နှံရာနှင့် ယှဥ်နိုင်လိမ့်မည်။
ထို့အပြင် ကောင်းကင်ဘုံမြှုပ်နှံရာသည် နောင်ကျကျန်သည့်မြို့များတွင် အဲလ်ဖာနိုက်မြို့နှင့် ဆက်သွယ်သည့် ပို့ဆောင်ရေးအစီအရင်များတည်ဆောက်မည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ အဲလ်ဖာနိုက်မြို့ကို စမှတ်အနေဖြင့် အသုံးပြုပြီး ကစားသမားများသည် ကောင်းကင်ဘုံမြှုပ်နှံရာ၏ မည်သည့်အစည်းအရုံးမြို့ကိုမဆို လွတ်လွတ်လပ်လပ်ရွေ့ပြောင်းသွားနိုင်၏။
ယင်းက အလွန်အဆင်ပြေသည်။
ကစားသမားများစွာသည် အနီရောင်သံမဏိမြို့၌ အိမ်တစ်လုံးဝယ်ရန်တွေးနေကြပြီ ဖြစ်သည်။
သို့သော်ငြား ဇီးရိုးဝင်း၏ ကြေငြာချက်ထုတ်အပြီးနောက် ကြယ်လတိုင်းပြည်ထဲရှိ အမျိုးမျိုးသောစွန့်စားသူများက စိတ်ပြောင်းသွားကြသည်။ ဆိုရလျှင် ကျောက်တောမြို့က ယခုဆို အနီရောင်သံမဏိမြို့ထက် ပိုသန်မာလာပြီဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအတွက် ကြယ်လတိုင်ပြည်နှင့် အိမ်နီးချင်းတိုင်းပြည်များအတွက် အင်ပါယာများထဲရှိ စွန့်စားသူအဖွဲ့များကတောင် သွေးဆောင်ခံလိုက်ရပြီး သူတို့က ပိုက်ဆံစုနေကြတော့၏။
ကမ္ဘာပျက်ကပ်အင်ပါယာ၏ မြို့တော်ရှိ သီးခြားဘားလေးထဲ၌ ကစားသမားနှစ်ဦး ရှိနေ၏။ တစ်ယောက်က အမျိုးသားဖြစ်ပြီး နောက်တစ်ယောက်က အမျိုးသမီးဖြစ်သည်။ အမျိုးသားက ကြည့်ကောင်းသည့်သွင်ပြင်ရှိသည်။ သူက ငယ်ရွယ်ပြီးကောင်းစွာဝတ်ဆင်ထားသော်ငြား ဘဝအတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသည့်အကြည့် ရှိနေလေသည်။ သူက သွင်ပြင်ထက် ပိုအသက်ကြီးတာ သိသာ၏။ အမျိုးသမီးကမူ ရိုးရိုးရှင်းရှင်းဆိုရလျှင် သူမက အကြွင်းမဲ့ အလှပဂေးတစ်ဦး ဖြစ်၏။ သူမ၌ သေးကျဥ်းသောခါးဆီသို့ သွယ်ဆင်းနေသော ရှည်လျားသောဆံပင်များရှိပြီး သူမ၏ အပြုအမူတိုင်းက အမျိုးသားရော အမျိုးသမီးကိုပါ အလွဟ်တကူဖမ်းစားနိုင်သည်။
ထိုကစားသမားများရှေ့၌ ခရမ်းနီရောင် ဝိုင်ခွက်နှစ်ခွက် ရှိနေ၏။ မထိရသေးသော်ငြား ခရမ်းနီရောင်အရည်နားရှိ ဝိညာဥ်ဓာတ်စွမ်းအားများက စုဝေးနေသည်။ အရည်က အနီရောင်ဖျော့ဖျော့အလင်းတစ်ခုဖြာထွက်နေပြီး စွဲဆောင်နိုင်သော သွင်ပြင်ရှိသည်။ ၎င်း၏ မွှေးရနံက လူတိုင်းကို သထွေးမျိုချစေပြီး ၎င်းကိုသောက်သုံးရန် သွေးဆောင်နေတော့သည်။
ရှီဖုန်းသာ ရှိနေခဲ့ပါက ထိုဝိုင်ကိုမြင်ပြီး ထိတ်လန့်သွားပေလိမ့်မည်။ ဖန်ခွက်နှစ်ခုအတွင်းရှိဝိုင်က ကမ္ဘာပျက်ကပ်အင်ပါယာ၏ မဟာဝိုင်ငါးပါးထဲမှ တစ်ပါးဖြစ်သည့် သန့်စင်ခြင်းမျက်ရည်ပဲ ဖြစ်သည်။ ထိုအဖျော်ယှက်မကကို ရနိုင်သည့်မည်သူမဆို သန့်စင်ခြင်းဘုံအရံအတားဆီသို့ သွားရန်သော့တစ်ချောင်းရမည်ဖြစ်ကာ ၎င်းကို ရှင်းလင်းနိုင်လိမ့်မည်။ သန့်စင်ခြင်းမျက်ရည်သည် ဝိညာဥ်ရည်လောက် အာနိသင်မရှိသော်ငြား သိပ်မကွာပေ။
အတိတ်တုန်းက ကစားသမားများသည် ဝိုင်ကို စုဆောင်းရာ၌ တစ်ပုလင်းအတွက် ရွှေပြားတစ်ထောင်ပေးရန်တောင် ဆန္ဒရှိခဲ့၏။
သို့သော်ငြား ရှီဖုန်းသည် ဘားရှိအမျိုးသမီးကိုမြင်လျှင် ပိုအံ့သြသွားပေလိမ့်မည်။ သူမက သန်ခေါင်းယံညလက်ဖက်ရည်ပါတီ၏ ဒုခေါင်းဆောင် အန့်လက်စကာပဲ ဖြစ်သည်။
” နှလုံးသားမဲ့တစ္ဆေကြီး ကျွန်မကို ဘာကြောင့် ရုတ်တရက်လာရှာရတာလဲ … ”
အန့်လက်စကာသည် သူမ၏ မျက်နှာချင်းဆိုင်ရှိ အသက်သုံးဆယ်အရွယ် လူရွယ်ကိုကြည့်ပြီး မေးလိုက်၏။ အပြုံးဖျော့ဖျော့ဖြင့် သူမက ဆက်ပြောလိုက်တော့သည်။
” ဒါမှမဟုတ် ရှင့်ရဲ့တပည့် ရှုံးသွားကြောင်း ပြောဖို့ရောက်လာတာလား … ”
” မိန်းကလေး ငါ့ကို ဘာကြောင့် တစ္ဆေအိုကြီးလို့ ခေါ်နေတာလဲ … ငါက အဲ့လောက်အသက်ကြီးပြီလား … ”
နှလုံးသားမဲ့ဓားသည် စိတ်လေသွားတော့၏။
” ဟုတ်လား … ကျွန်မ မှန်တယ်မဟုတ်ဘူးလား … ဇီးရိုးဝင်းက ရှင်ယူဆသလို မရိုးရှင်းဘူး … ”
အန့်လက်စကာသည် နှလုံးသားမဲ့ဓား ငြီးတွားပြောဆိုမှုကို ဂရုမစိုက်ပေ။
” ရှင့်ရဲ့တပည့် မိစ္ဆာမီးက ကျွန်မတို့ သဘောတူညီချက်အရ ရှုံးနိမ့်သွားပြီဆိုတော့ ဘလက်ဖလိမ်းကို ကျွန်မတို့ရဲ့ စစ်ဆက်ရေးထဲ ဖိတ်ကြားခွင့်ရှိပြီမဟုတ်လား … ”
” ဒါထည့်မတွက်ဘူး … ရီဖုန်းက မိစ္ဆာမီးကို အနိုင်ယူလိုက်တာ … ဘလက်ဖလိမ်း မဟုတ်ဘူး … ”
နှလုံသားမဲ့ဓားက ပြောပြီး ခေါင်းခါလိုက်တော့၏။
” တစ္ဆေအိုကြီး ရှင့်ရဲ့တပည့်က ကြယ်လတိုင်းပြည်က အများအသိအမှတ်ပြုထားတဲ့ နံပါတ်တစ်ကျွမ်းကျင်သူ ဘလက်ဖလိမ်းကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား … ”
အန့်လက်စကာကပြောပြီး ရယ်မောလိုက်တော့၏။
” ဒါမှမဟုတ် ဒီတစ်ခေါက် ရှုံးနိမ့်မှုက မလုံလောက်သေးဘူးလို့ ထင်နေတာလား … ”
နှလုံးသားမဲ့ဓားသည် အန့်လက်စကာ၏ မှတ်ချက်ကိုကြားသောအခါ ဖြူလျော့သွားတော့သည်။ တိုက်ပွဲဗွီဒီယိုကို သူကိုယ်တိုင်တွေ့ခဲ့ပြီ ဖြစ်သည်။ တိုက်ခိုက်ရေးသမား၏ ခွန်အားကြား ကွာဟချက်က မယုံနိုင်စရာကောင်းလှအောင် ကြီးမားလွန်းပေ၏။ ဘလက်ဖလိမ်းက ရီဖုန်းလောက်မသန်မာလျှင်တောင် သူတို့က သိပ်ကွာဟချက်ရှိမှာ မဟုတ်ပေ။
” ထားလိုက်တော့ … ငါလက်လျော့လိုက်ပြီ … မင်းနဲ့ ဆက်မငြင်းတော့ဘူး … မင်းတောင်းဆိုတာ သဘောတူတယ် … ”
နှလုံးသားမဲ့ဓားသည် အန့်လက်စကာ၏ တောင်းဆိုချက်ကို ကူကယ်ရာမဲ့စွာ လက်ခံလိုက်သည်။
” ဒါပေမဲ့ ငါတစ်ယောက်ပဲ ပါမှာမဟုတ်ဘူး … ကျန်တဲ့သူတွေရဲ့ ခွင့်ပြုချက်ကို ရအောင်ယူအုံး … သူတို့ သဘောတူပါ့မလားလို့ သံသယဝင်မိတယ် … ”
” ရှင် စိတ်ပူဖို့မလိုပါဘူး … ရှင်သဘောတူသရွေ့ ကျန်တဲ့သူတွေကို အလွယ်တကူ ဖျောင်းဖျနိုင်ပြီးသား … ”
အန့်လက်စကာပြောပြီး ပြုံးလိုက်၏။ ပြီးနောက် သူမသည် ဘားထဲကမေ မထွက်သွားခင် သန့်စင်ခြင်းမျက်ရည်ကို အပြောင်ရှင်းသွား၏။
ကြယ်လမြို့၏ ကောင်းကင်ဘုံမြှုပ်နှံရာ အစည်းအရုံးဂေဟာထဲ၌ ပွတ်လောရိုက်နေ၏။
” သေသင့်တဲ့ ဇီးရိုးဝင်း … ငါ့ရဲ့ စီးပွားကို ဖျက်ရဲတယ်ပေါ့ … ”
တစ်ကိုယ်တော်မြှုပ်နှံရာသည် အနီရောင်သံမဏိမြို့ကနေ ပေးပို့လာသည့် နောက်ဆုံးစာရင်းဇယားကိုဖတ်ပြီး ကျိန်ဆဲလိုက်တော့သည်။
သူသည် အနီရောင်သံမဏိမြို့၌ ကိုယ်ပိုင်အိမ်များ ရောင်းချခြင်းဖြင့် စီးပွားဖြစ်နေတာပဲ ဖြစ်သည်။ သူသည် အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးရန် ပိုက်ဆံများသုံးနိုင်၏။ သို့သော်ယခု ဇီးရိုးဝင်းက သူ့အစီအစဥ်ကို ဖျက်ဆီးလိုက်သည်။ အစက သူ့၌ စိတ်ဝင်စားသည့်ဝယ်သူ လေးရာကျော်ရှိသည်။ ယခု တစ်ဝက်အောက်သာ ကျန်တော့၏။
” အစည်းအရုံးခေါင်းဆောင် ဈေးလျော့သင့်လား … ”
မိုးသောက်မြူက အကြံပေးလိုက်၏။
လက်ရှိတွင် သူတို့က မြို့၏အိမ်များကို ရွှေပြားသုံးရာနှင့် လေးရာကြား ရောင်းချနေတာဖြစ်သည်။ နှစ်ရာနှင့် သုံးရာ ဈေးလျော့လိုက်မည်ဆိုလျှင် ဝယ်သူများ ပိုသွေးဆောင်နိုင်လိမ့်မည်။ ဆိုရလျှင် ကျောက်တောမြို့၏ ကိုယ်ပိုင်အိမ်များက ရွှေပြားတစ်ထောင်အထိ တက်နေပြီဖြစ်သည်။
” မလိုဘူး … ဇီးရိုးဝင်းကို နည်းနည်းလောက်အသက်ရှင်ခွင့် ပေးထားလိုက်အုံးမယ် … ဒါပေမဲ့ ငါစိတ်ပြောင်းသွားပြီ … စွန့်ပစ်ခံလှိုင်းကို ချက်ချင်းအကြောင်းကြား ကြယ်လတိုင်းပြည်ကို တကယ်ကြီးအမှန်တကယ် ပိုင်ဆိုင်တယ်ဆိုတဲ့ ဇီးရိုးဝင်းကို သင်ခန်းစာ ပေးကြတာပေါ့”
အပိုင်း (၁၃၂၈) ပြီး၏။