ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1340 အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်၏ လုပ်နိုင်စွမ်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1340 အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်၏ လုပ်နိုင်စွမ်း
Chapter – 1340 အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်၏ လုပ်နိုင်စွမ်း
အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက် ထွက်ပေါ်လာသည်နှင့် အနက်ရောင်မှော်အစီအရင်နှစ်ခု မှော်မျှော်စင်အထက်၌ ဖွဲ့တည်လာပြီး သူတို့သည် ပတ်ဝန်းကျင်ရှိ ဝိညာဥ်ဓာတ်စွမ်းအားများကို စုပ်ယူတော့၏။ ပြင်းထန်သည့်ဝိညာဥ်ဓာတ်စွမ်းအား အတက်အကျသည် အာရုံစိုက်မှုကို ချက်ချင်းရသွားတော့သည်။
” အဲဒါဘာလဲ … ”
” ပြင်းထန်လိုက်တဲ့ ခံစားချက်ပဲ … ဇီးရိုးဝင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ … ”
မြို့ထဲရှိ ကစားသမားများသည် မှော်မျှော်စင်ကနေ သူတို့ခံစားရသည့်ဖိအားကြောင့် ထိတ်လန့်ကုန်၏။ အထူးသဖြင့် ဒြပ်စင်ဝိညာဥ်ဓာတ်စွမ်းအားများပေါ် ပိုသိလွယ်ရှလွယ်ရှိသည့် မှော်အမျိုးအစားကစားသမားများအတွက် မှန်ကန်ပေသည်။ လက်ရှိတွင် မျှော်စင်အထက်ရှိ မှော်အစီအရင်သည် တွင်းနက်ကြီးပမာ ဝိညာဥ်ဓာတ်စွမ်းအားပမာဏများစွာကို ဝါးမျိုနေလေ၏။
” ဒါက မှော်မျှော်စင်ရဲ့ နောက်ထပ်တိုက်ခိုက်မှုလား … ”
စွန့်ပစ်ခံလှိုင်းသည် ယင်းကိုမြင်ရချိန်၌ မအံ့သြသွားပေ။ တုံ့ပြန်သည်အနေဖြင့် သူက အချက်ပြလိုက်၏။ ချက်ချင်းပင် မိစ္ဆာသားရဲတပ်ဖွဲ့သည် ရှေ့သို့တိုးလာပြီးနောက် စတင်ဖြန့်ကြပ်တော့၏။
သူသည် မှော်မျှော်စင်၏ တိုက်ခိုက်မှုနှင့် အသားကျရင်းနှီးနေတာ အတော်ကြာပြီဖြစ်သည်။ ဆိုရလျှင် ထိုခုခံခြင်း တည်ဆောက်မှုများသည် သူ့ယခင်စစ်ပွဲ၌ ရှုံးနိမ့်ရသည့် အကြောင်းအရင်းပဲ ဖြစ်သည်။ သို့သော်ငြား သူသည် ယခုအခေါက်၌ မိစ္ဆာသားရဲတပ်ဖွဲ့ကို အပြည့်အဝထိန်းချုပ်ထားပြီ ဖြစ်သည်။ မှော်မျှော်စင်၏ AOE သည်ကျယ်ဝန်းသော်ငြား မွန်းစတားများဖြန့်ကြပ်ထားစဥ် မှော်မျှော်စင်က ခြိမ်းခြောက်နိုင်မှာ မဟုတ်ပေ။ မြို့ရိုးပေါ်က ကစားသမားများက ကြည့်နေစဥ် သူတို့က ခေါင်းခါပြီး သက်ပြင်းချနိုင်၏။
” ဒီမွန်းစတားတွေရဲ့ တုံ့ပြန်တဲ့အရှိန်က မြန်လွန်းတယ် … မှော်မျှော်စင်ရဲ့ တိုက်ခိုက်မှုက အားကောင်းပေမဲ့ သူတို့တွေက မွန်းစတားတွေ ဖြန့်ကြပ်နေပုံနဲ့ဆို အာနိသင်ရှိမှာ မဟုတ်ဘူး … ”
ကစားသမားများက သူတို့၏ အတွေးများကို ဆွေးနွေးနေစဥ် အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်နှစ်စင်းသည် သူတို့အချိန်မှတ်ပြီးသွားပြီ ဖြစ်သည်။
ခဏအကြာတွင် အမြောက်သည် အနက်ရောင်မီးလုံးနှစ်လုံးကို မီးညှိပြီးနောက် မျက်တောင်တခက်အတွင် မိစ္ဆာသားရဲများ၏အလယ်သို့ ရောက်သွား၏။ ရောင်ခြည်တန်းတိုင်းက မြေပြင်ကိုထိသွားသည်နှင့် အနက်ရောင်အလင်းတိုင်နှစ်ခုက ကောင်းကင်ထိအောင်မြောက်တက်လျက် တိမ်များကို ခွင်းသွားတော့သည်။ ထိုဖြစ်စဥ်သည် မှော်မျှော်စင်၏ ယခင်တိုက်ခိုက်မှုနှင့် မတူပေ။ အနက်ရောင်အလင်းတိုင်က တက်သွားသည်နှင့် သူတို့က ပြန့်ကားသွားတော့၏။
ကိုက်တစ်ရာ၊ ကိုက်နှစ်ရာ၊ ကိုက်သုံးရာ။
အလင်းတိုင်များက ၎င်းဆက်လက်ပြန့်ကားသွားစဥ် မိစ္ဆာသားရဲများကို ပိုမိုဝါးမျိုနေလေ၏။ ကိုက်ငါးရာအထိဖြန့်ကြပ်ပြီးနောက် အလင်းတိုင်က ရပ်သွားတော့သည်။ မျိုးနွယ်စုအကြီးအကဲအဆင့်အောက်ရှိ မွန်းစတားများက ချက်ချင်းပင်ပြာဖြစ်ကုန်၏။ မျိုးနွယ်စုအကြီးအကဲအဆင့် မိစ္ဆာသားရဲများသည် အလင်းတိုင်နှင့် ထိမိသွားချိန် အသက်ရှင်ခဲ့သော်ငြား ထိခိုက်မှုက သုတို့အသက်ကို နုတ်သွားသေး၏။ အရှင်အဆင့် မိစ္ဆာသားရဲနှင့် အရှင်အထက်များသာလျှင် အသက်ရှင်ကျန်ရစ်သည်။
” အဲ့ဒီ တိုက်ခိုက်မှုက ဘာတွေလဲ … သူတို့တွေက မျိုးနွယ်စုအကြီးအကဲတွေကိုတောင် တစ်ကွက်ထဲနဲ့ သတ်ခဲ့တာ … ရူးလောက်စရာပဲဟေ့ … ”
” ဒါက ဇီးရိုးဝင်းရဲ့ အုတ်မြစ်လား … ”
လူတိုင်းက သူတိုရှေ့ရှိ စစ်ပွဲကိုစိုက်ကြည့်နေစဥ် ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။ အနက်ရောင်အလင်းတိုင်များ၏ အဖျက်စွမ်းအားကြောင့် ထိတ်လန့်ကုန်ပြီး မိစ္ဆာသားရဲတပ်ဖွဲ့တောင် ရှေ့မတက်နိုင်တော့ပေ။
” ဇီးရိုးဝင်းက ဘာလုပ်လိုက်တာလဲ … AOE က ဘယ်လိုလုပ်ဒီလောက်ကြီးမားလာရတာလဲ … ”
စွန့်ပစ်ခံလှိုင်းသည် မိန်ဖျော့သွားသော အနက်ရောင်အလင်းတိုင်များကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိသည်။
ယင်းက ပြန့်ကားသွားပြီဖြစ်သော်ငြား တိုက်ကွက်နှစ်ကွက်သည် မိစ္ဆာသားရဲတစ်သောင်းခွဲကျော်ကို သတ်ဖြတ်ခဲ့၏။ သူတို့ထဲတွင် မျိုးနွယ်စုအကြီးအကဲနှစ်ထောင်ကျော်က သေဆုံးခဲ့ပြီး အရှင်များက သူတို့ HP တစ်ဝက်အောက်သာ ကျန်တော့၏။ အဆင့်မြင့်မိစ္ဆာသားရဲများသည် HP မဆုံးရှုံးသော်ငြား သူတို့သည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သူတို့၏ တိုက်ပွဲဝင်စွမ်းအား လျော့ကျကုန်၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို မကြားဖူးပေ။
ထိုတိုက်ခိုက်မှုက သူ၏ မိစ္ဆာသားရဲတပ်ဖွဲ့ကို ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခု ဖြစ်စေသည်။ သူသာ ထိုတိုက်ကွက်များ မြေပြင်ပေါ်ပိုကျရောက်ခွင့်ပေးလိုက်လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။
စွန့်ပစ်ခံလှိုင်းတစ်ယောက်ထဲ ထိတ်လန့်နေတာမဟုတ်ပေ။ ၎င်းကို မျက်မြင်တွေ့ခဲ့သော အဓိကအင်အားစုတိုင်းက အံ့သြသင့်နေ၏။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသောစစ်လက်နက်ဖြင့် နောင်ကျ ကျောက်တောမြို့ကို မည်သူက တိုက်ခိုက်ရဲတော့မည်နည်း။
ကံကောင်းသည်မှာ မြို့၏ လက်ရှိရန်သူက မွန်းစတားတပ်ဖွဲ့ဖြစ်သည်။ ကျောက်တော်မြို့ကို သိမ်းပိုက်ရန်အတွက် ကစားသမားပမာဏများစွာက လုံလောက်မှာမဟုတ်ပေ။
” ဒါအလုပ်မဖြစ်ဘူး … ဒီတိုင်းဆက်သွားနေရင် ဆုံးရှုံးမှုကို ထိန်းထားနိုင်မှာမဟုတ်ဘူး … ”
စွန့်ပစ်ခံလှိုင်းသည် အထင်သေးသည်သဘောထားမရှိတော့ပေ။ ချက်ချင်းပင် သူ၏ အိတ်ထဲကနေ မီးခိုရောင်သလင်းလုံးကို ထုတ်ပြီးနောက် ဂါထာကို စတင်ရွတ်ဆိုတော့၏။
” သွား … မှော်အစီအရင်တွေကို သွားဖျက်ဆီး … ”
ခဏအကြာတွင် အဆင့် (၇၀) ဒဏ္ဍာရီအဆင့်မိစ္ဆာမြေနဂါး၏ ကြေးသွေးရောင်မျက်လုံးများက စတင်တောက်ပလာ၏။ ခြေလှမ်းကျဲကြီးများဖြင့် သူတို့သည် ကျောက်တောမြို့ဆီ လျင်မြန်စွာချဥ်းကပ်လာတော့သည်။
မိစ္ဆာသားရဲတပ်ဖွဲ့က အလွယ်တကူဖန်တီး၍ ရသော်ငြား မျိုးနွယ်စုအကြီးအကဲနှင့်အထက် မိစ္ဆာသားရဲများက ဖန်တီးရခက်ခဲသည်။ သူတို့၏ ဖန်တီးမှုက ကံပေါ်မူတည်နေရုံသာမက လုံလောက်သည့်အဆင့်နှင့် အဆင့်အတန်းရရှိနိုင်ရန်အတွက် မွန်းစတားများစွာ စတေးရန်လိုအပ်သည်။ ထို့အပြင် သူက အဆင့်မြင့်မိစ္ဆာသားရဲများကို သတ်ဖြတ်ခြင်းဖြင့်သာ ဒဏ္ဍာရီအဆင့်မိစ္ဆာသားရဲများကို ဖန်တီးနိုင်ရန် အခွင့်အရေးတစ်ခုရရှိတာ ဖြစ်သည်။ သာမန်မိစ္ဆာသားရဲတစ်ကောင်ကို ဒဏ္ဍာရီအဆင့်အထိ ပျိုးထောင်ဖို့က မဖြစ်နိုင်ပေ။
သူသည် သာမန်တိုက်ပွဲ၌ အဆင့်မြင့်သားရဲများကို ရှုံးနိမ့်ရတာစိတ်ထဲမထားပေ။ သို့သော် ဇီးရိုးဝင်းက သူတို့ကိုသတ်ဖြတ်လိုက်မည်ဆိုလျှင်မူ မတူတောပေ။
မိစ္ဆာမြေနဂါးများလှုပ်ရှားစဥ် ကျောက်တောမြို့၏ ကစားသမားများသည် သူတို့ပေါ် သေခြင်းတရား ကျရောက်လာသလို ခံစားလိုက်ရ၏။
ဂိမ်း၏ဤအဆင့်၌ ဒဏ္ဍာရီမွန်းစတားတစ်ကောင်သည် အစည်းအရုံးမြို့လေးတစ်မြို့ကို ဖျက်ဆီးဖို့လုံလောက်တာထက်ပိုနေပြီဖြစ်ရာ ငါးကောင်ဆို ပြောနေရန်မလိုတော့ပေ။ ဇီးရိုးဝင်းသည် ယခင်က ဒဏ္ဍာရီမွန်းစတားများကို ရင်ဆိုင်ရာ၌ မြို့ကိုကာကွယ်ခဲ့သော်ငြား သူတို့သည် ထိုတိုက်ပွဲအတွင်း သုံးကောင်သာရင်ဆိုင်ခဲ့ရတာ ဖြစ်သည်။ သူတို့အားလုံးက အဆင့် (၆၅) သာရှိသေး၏။ ထိုသို့တိုင် ဒဏ္ဍာရီမွန်းစတားသုံးကောင်သည် အစည်းအရုံးကို ဖျက်ဆီးခဲ့သည်။ ကျောက်တောမြို့ကို ဆုံးရှုံးရန်နီးကပ်လာပြီ ဖြစ်သည်။
[မိစ္ဆာမြေနဂါး၊ အမှောင်သတ္တဝါ၊ ဒဏ္ဍာရီ]
အဆင့် (၇၀)
HP (သန်း ၂၁၀/သန်း ၂၁၀)
လက်ရှိမိစ္ဆာမြေနဂါးများသည် ယခင်စစ်ပွဲအတွင်းကဲ့သို့ ဖိနှိပ်မခံရတော့ပေ။ သူတို့၏ စွမ်းရည်က ကြောက်မက်ဖွယ်ကောင်းလှအောင် မြင့်နေရုံသာမက ဉာဏ်ရည်လည်းမြင့်မားပြီး အသေးစား လောက်လေးဂွလေးများ၏ တိုက်ခိုက်မှုကို အလွယ်တကူရှောင်တိန်းနိုင်၏။ ထို့အပြင် မိစ္ဆာမြေနဂါးများသည် သူတို့က ဘာမှမဟုတ်သည့်ပမာ ပေါက်ကွဲခြင်းမြားများကို ခါချနိုင်၏။ သူတို့၏ တိုက်ပွဲဝင်ပြန်ကောင်းနှုန်းတစ်ခုထဲကပင် အသန်မာဆုံးမွန်းစတားကို စိတ်နှလုံးခြောက်ခြားရန် လုံလောက်နေပြီ ဖြစ်သည်။
ကျောက်တောမြို့သည် ဆက်တိုက်တိုက်ခိုက်နေသော်ငြား ထိုတိုက်ကွက်များသည် အရှင်အဆင့်အောက် မိစ္ဆာသားရဲများကိုသာ ရှင်းထုတ်နိုင်၏။ မဟာအရှင်နှင့်အထက် မိစ္ဆာသားရဲများအတွက် မှော်မျှော်စင်နှင့် ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်းအမြောက်က ပူပန်စရာနည်းပါးသည်။
အလယ်အဆင့် ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်းအမြောက်ကလည်း ပြန်လည်အသုံးပြုနိုင်ရန် သုံးမိနစ်စောင့်စားရတာပဲ ဖြစ်သည်။
ထိုသုံးမိနစ်သည် ကစားသမားတိုက်ခိုက်သည့်စစ်ပွဲ၌ မကြာသော်ငြား မဟာအရှင်များနှင့် မဟာအရှင်အထက်အတွင် ဤတိုက်ပွဲကို အဆုံးသတ်ရန် အချိန်လုံလောက်တာထက်ပိုသည်။ အဆုံးတွင်မူ အလယ်အဆင့် ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်းအမြောက်၏ ပြန်လည်သုံးစွဲနိုင်သည့်ကြာချိန် မရောက်သေးခင် မဟာအရှင်နှစ်ရာကျော် ခမ်းနားသောအရှင်လေးဆယ်ကျော်နှင့် မိစ္ဆာမြေနဂါးငါးကောင်က ကျောက်တောမြို့မြို့ရိုးရှေ့၌ ရပ်နေပြီ ဖြစ်သည်။
ကျောက်တောမြို့သည် အလယ်အဆင့်မြို့အဖြစ် အဆင့်မြင့်တက်ပြီး မြင့်မားသောမြို့ရိုးများဖြင့် ကာကွယ်ပေးခြင်းခံထားရသော်ငြား ထိုမြို့ရိုးများသည် မိစ္ဆာမြေနဂါးများ၏ တစ်ဝက်လောက်မမြင့်ပေ။ ဒဏ္ဍာရီမွန်းစတားများရှေ့၌ ကျောက်တောမြို့၏ မြို့ရိုးများက အလွယ်တကူဖြတ်ကျော်နိုင်သော တန်းများဖြစ်နေလေ၏။
” ဇီးရိုးဝင်းက တကယ်အပြီးသတ်ပြီနဲ့ တူပါရဲ့ … ဒီမှာ အစွမ်းထက်တဲ့မွန်းစတားတွေအများကြီးရှိတယ် … ရူးလောက်စရာပဲဟေ့ … ”
” အယောက်ငါးရာလက်ရွေးစင်အဖွဲ့တစ်ဖွဲ့ကတောင် အဆင့် (၆၅) မဟာအရှင်တစ်ယောက်ကို မတားနိုင်တာ … အယောက်နှစ်ရာကျော် မဟာအရှင်တွေအတူတကွပူးပေါင်းတိုက်ခိုက်ရင် ဇီးရိုးဝင်းအဖွဲ့ဝင်လေးသောင်းက သွေးပူအောင်တောင် လုပ်နိုင်မှာမဟုတ်ဘူး … ”
ပွဲကြည့်ပရိတ်သတ်များသည် ဇီးရိုးဝင်းက ထိုမျှများပြားသည့် စစ်လက်နက်များ ထုတ်ပြလာတာကိုကြည့်နေစဥ် သူတို့က မျှော်လင့်ချက်အချို့ ဆုပ်ကိုင်ခဲ့မိကြသည်။ သို့သော်ငြား ဇီးရိုးဝင်း၏ မြို့ရိုးရှေ့၌ ရပ်နေကြသော မိစ္ဆာသားရဲများကိုမြင်ပြီး ဇီးရိုးဝင်း၏ ကြိုးပမ်းအားထုတ်မှုများက အချည်းနှီးဖြစ်ကြောင်း သူတို့သဘောပေါက်သွားသည်။
” ဟား ဟား ဟား … သွားတော့ ငါရဲ့အစေခံတွေ … ကြီးမြတ်တဲ့ မိစ္ဆာနတ်ဘုရားအတွက် မြို့ထဲကသက်ရှိအားလုံးကို စတေးလော့ … ”
စွန့်ပစ်ခံလှိုင်းက အမိန့်ပေးပြီး ရယ်မောလိုက်သည်။
သူသည် အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအားကြိမ်နှုန်းအမြောက်အကြောင်း စိတ်ပူနေခဲ့တာဖြစ်၏။ သို့သော် မြို့ရိုးရှေ့၌ မွန်းစတားရပ်နေပြီဖြစ်ရာ စစ်ပွဲကပြီးသွားပြီ ဖြစ်သည်။
” ဝေါင်း … ”
ဟိန်းသံများက လေထဲပြည့်နေပြီး မဟာအရှင်အဆင့် မိစ္ဆာသားရဲများက ကျောက်တောမြို့၏မြို့ရိုးဆီ ခုန်အုပ်လိုက်တော့၏။
” ငါ ဒါအတွက်စောင့်နေတာ … မင်းတို့တွေက စမ်းသပ်ခံတွေဖြစ်လာပြီ … ”
မှော်မျှော်စင်ထိပ်၌ ရှိနေစဥ် ရှီဖုန်းသည် ဖော်လန့်အာ့ခ်ကနေရထားသော ခုခံခြင်းအမြောက်ကို သမန်ကာရှန်ကာယူထုတ်လိုက်၏။ သူက အစီအရင်ထဲ မှော်သလင်းငါးထောင်ကိုထည့်ပြီး အမြင့်ဆုံးထိမြှင့်တင်လိုက်သည်။
ချက်ချင်းပင် အရံအတားကဲ့သို့သလင်းက ပြန့်ကားလာပြီး ကျောက်တောမြို့ကို လွှမ်းခြုံလိုက်၏။
ဖုန် … ဖုန် … ဖုန် …
ရုတ်တရက် ထိုမိစ္ဆာသားရဲများသည် မြို့ရိုးနှင့် ဆယ်ကိုက်အကွာတွင် မမြင်ရသည့် သံမဏိနံရံကြီးနှင့် တိုက်မိသွားပြီး ရှေ့ဆက်မတိုးနိုင်ဖြစ်နေ၏။
” အဲဒါဘာလဲ … ”
” မှော်အရံအတားလား … ”
ခက်ခဲကြမ်းတမ်းသောတိုက်ပွဲအတွက် ပြင်ဆင်ထားကြသော ဇီးရိုးဝင်း၏အဖွဲ့ဝင်များသည် မိစ္ဆာသားရဲတပ်ဖွဲ့ ရပ်တန့်သွားတာကို မြင်သည့်အချိန်၌ ဇဝေဇဝါဖြစ်သွား၏။
မိစ္ဆာမြေနဂါးငါးကောင်ကတောင် ဇီးရိုးဝင်းဆီ မြို့နားတစ်လက်မမှ ရှေ့တိုးမလာနိုင်ခဲ့ပေ။
အတွဲ – ၆၇ အပိုင်း (၁၃၄၀) ပြီး၏။