ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1342 အံ့ဖွယ်နဂါး၏စွမ်းအား
Chapter – 1342 အံ့ဖွယ်နဂါး၏စွမ်းအား
အံ့ဖွယ်နဂါးသုံးကောင်ပေါ်လာသည်နှင့် စစ်မြေပြင်ထဲ တိတ်ဆိတ်မှုက ကြီးစိုးသွားတော့သည်။
အံ့ဖွယ်နဂါး၏ အရှိန်အဝါကို ကြုံတွေ့သည့်သူတိုင်း ကျောက်တောမြို့၏ ကစားသမားများနှင့် မှော်အရံအတားကို တိုက်ခိုက်နေသော မိစ္ဆာသားရဲများအပါအဝင် လူတိုင်းက ဘုရင်တစ်ပါးကို ကြည့်နေရသည့်ပမာ ထိုသတ္တဝါများကို မော့ကြည့်လာ၏။
” မဖြစ်နိုင်တာ .. ဒါက သေချာပေါက်အစစ်အဖြစ်နိုင်ဘူး … ”
” ရွှေနဂါးသုံးကောင်လား … ဇီးရိုးဝင်းက ဘယ်လောက်များတဲ့စွမ်းအားတွေ ဖုံးကွယ်ထားတာလဲ … ”
” ဇီးရိုးဝင်းက သန်မာလွန်းတယ် … အရင်စစ်ပွဲတုန်းက ဆင့်ခေါ်ထားတဲ့နဂါးတွေက ကံကောင်းမှုကြောင့် မဟုတ်ဘူးနဲ့တူတယ် … ”
” ဇီးရိုးဝင်းက ကြယ်လတိုင်းပြည်၏ နံပါတ်တစ်အစည်းအရုံး အချည်းနှီးဖြစ်နေတာ မဟုတ်ဘူးပဲ … ကြယ်လတိုင်းပြည်ထဲမှာ ဘယ်အစည်းအရုံးကများ ဇီးရိးဝင်းရဲ့အုတ်မြစ်နဲ့ ယှဥ်နိုင်မှာလဲ … ”
” သေစမ်း … ငါကျောက်တောမြို့ကနေ ဘာကြောင့်များ ဒီလောက်မြန်မြန်ထွက်လာမိတာပါလဲ … ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ တိုက်ပွဲတွေကိုကြည့်ဖို့ အခွင့်အရေးကို ပစ်ထုတ်လိုက်မိတာပဲ … ”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ကစားသမားများသည် စစ်မြေပြင်၏ ပတ်ဝန်းကျင်ကို ကိုယ်တိုင်မတွေ့ကြုံရသော်ငြား သူတို့သည် ကျောက်တောမြို့ပေါ်၌ ပျံဝဲနေသော အံ့ဖွယ်နဂါးသုံးကောင်ကို မြင်တွေ့ရတာ ထိတ်လန့်နေသေး၏။ လက်ရှိကစားသမားများအဖို့ အလွှာလေးဒဏ္ဍာရီမွန်းစတားများက ပြိုင်ဘက်ကင်းသည်။ ကျောက်တောမြို့ကို ဇီးရိုးဝင်း၏ကာကွယ်နိုင်ချေအတွက် အကောင်းမြင်သည်သူ များများစားစားမရှိခဲ့ပေ။ သို့သော်ငြား ယခု ဇီးရိုးဝင်းက သူဘာသာသူ ဒဏ္ဍာရီမွန်းစတား သုံးကောင်ကိုဆင့်ခေါ်ခဲ့ပြီး ယင်းကတိုက်ခိုက်ရန်အတွက် အခွင့်အရေးတစ်ခု ရှိသေးသည်။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ”
တစ်ကိုယ်တော်မြှုပ်နှံရာသည် အံ့ဖွယ်နဂါးသုံးကောင်ကို မြင်တွေ့သည့်အချိန်၌ ယာယီမှင်သက်သွားတော့သည်။ သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေ၏။ သူသည်လည်း ယခင်စစ်ပွဲ၌ ရှိနေခဲ့တာပဲ ဖြစ်သည်။ ထိုတိုက်ပွဲအတောအတွင်း ဇီးရိုးဝင်းသည် အခွင့်ကြုံပြီး အံ့ဖွယ်နဂါးကိုဆင့်ခေါ်ရန် စာလိပ်တစ်လိပ် ရခဲ့ကာ အစည်းအရုံးက ဆင့်ခေါ်နိုင်ခဲ့တာဟု ယူဆခဲ့သည်။ ကြိုတင်သတိထားသည့်အနေဖြင့် သူနှင့် စွန့်ပစ်ခံလှိုင်းသည် ဇီးရိုးဝင်းက နောက်ထပ်အံ့ဖွယ်တစ်ကောင်ကို ဆင့်ခေါ်နိုင်ချေအတွက် ပြင်ဆင်ထားခဲ့၏။ ထိုသို့တိုင် ဇီးရိုးဝင်းက သုံးကောင်ဆင့်ခေါ်လိုက်သည်။
မည်သူမှမတုံ့ပြန်နိုင်သေးခင် အံ့ဖွယ်နဂါးသုံးကောင်သည် တောင်ပံများကို တဖျက်ဖျက်ခက်ကာ လေပြင်းတစ်ခုဖန်တီးတော့၏။ ပြီးနောက် သူတို့ ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းအဖြစ်အသွင်ပြောင်းလဲသွားကာ ကျောက်တောမြို့၏ မြို့ရိုးအထက်၌ ပြန်ပေါ်လာပြန်၏။
ဧရာမမေးရိုးကြီးများကို ဖြန့်ကားလျက် အံ့ဖွယ်နဂါးတစ်ကောင်ဆီက ရွှေရောင်မှော်အစီအရင်တစ်ခု ဖန်တီးနေသည်။
အံ့ဖွယ်နဂါး၏ ဝင်သက်ငွေ့
ချက်ချင်းပင် ရွှေရောင်လေဆင်နှာမောင်း သုံးခုက မိစ္ဆာသားရဲတပ်ဖွဲ့ကို ဖြတ်တိုက်သွား၏။ ထိုလေဆင်နှာမောင်းသုံးခုသည် မိစ္ဆာမြေနဂါးသုံးကောင်နှင့် ကြုံတွေ့ရချိန် သူတို့က သတ္တဝါများကို ကိုက်ရာချီအကွာ လွင့်ထွက်သွားစေ၏။ အရှင်အဆင့်အောက် မိစ္ဆာသားရဲများအားလုံး ချက်ချင်းသေသွားသည်။
” အံ့သြစရာပဲဟေ့ … ဒီအကွက်က အနည်းဆုံးတော့ မိစ္ဆာသားရဲတစ်ထောင်ကို သတ်လိုက်တာပဲ ဖြစ်ရမယ် … ”
အံ့ဖွယ်နဂါးတစ်ကောင်ကို ထိန်းချုပ်နေသော ဘလက်ကီသည် ရွှေရောင်လေဆင်နှာမောင်းက ချန်ထားရစ်ခဲ့သည့် ဖျက်ဆီးမှုကိုမြင်တွေ့သည့်အချိန်၌ အံ့သြသွားသည်။ လေဆင်နှာမောင်းများက စစ်မြေပြင်ထဲ ဖြတ်တိုက်သွားစဥ် သေခြင်းတရားသာ လိုက်ပါလာ၏။ ထိုဖြစ်စဥ်က ကိုက်ငါးရာအတွက် ဖြန့်ကြပ်သွားတော့သည်။
ညို့ငင်ခြင်းဆမ်းမားသည် နောက်ဆုံးအခေါက်ဝန်းရံတိုက်ခိုက်မှုအတွင်း အံ့ဖွယ်နဂါးကို ထိန်းချုပ်ခဲ့တာကိုကြည့်ပြီးနောက် သူသည် ဒဏ္ဍာရီမွန်းစတားအစွမ်းထက်တာကို နားလည်ခဲ့ပြီ ဖြစ်သည်။ သို့သော် တစ်ကောင်ကို သူကိုယ်တိုင်ထိန်းချုပ်ပြီးမှ အံ့ဖွယ်နဂါးမည်မျှအစွမ်းထက်ကြောင်း သဘောပေါက်သွားတာ ဖြစ်သည်။
အဆင့် (၆၅) မဟာအရှင်ငါးကောင် သူ့ဆီ တစ်ဟုန်ထိုးဝင်ရောက်လာချိန် ဘလက်ကီက သူတို့ကို အမြီးဖြင့် ရိုက်ခိုင်းလိုက်၏။
ဖန် …
မဟာအရှင်ငါးကောင်သည် ကိုက်သုံးဆယ်ကျော်အကွာအထိ လွင့်ထွက်သွားပြီးနောက် သူတို့၏ ခေါင်းအထက်၌ (-၁၀၀၀၀၀၀) ထိခိုက်မှုပေါ်လာ၏။
ဘလက်ကီ၏ အံ့ဖွယ်နဂါးသည် လက်သည်းများကိုထုတ်လျက် လက်ရွေးစင်မိစ္ဆာသားရဲတစ်ဒါဇင်ခန့်ကို ဖုန်ဖြစ်သွားစေသည်။
အံ့ဖွယ်နဂါး၏စွမ်းအားက မွှေနှောက်ဖျက်ဆီးသွားတော့သည်။ ညို့ငင်ခြင်းဆမ်းမားနှင့် ခရမ်းတိမ်တို့က ကျန်သည့် အံ့ဖွယ်နဂါးနှစ်ကောင်ကို ထိန်းချုပ်နေကြသည်။ မိစ္ဆာမြေနဂါးနှစ်ကောင်ရှေ့သို့ ရောက်သည့်အချိန်၌ အံ့ဖွယ်နဂါးသည် သူတို့၏ လက်သည်းကြီးများကို လွဲရမ်းလိုက်၏။ လျင်မြန်စွာ တုံ့ပြန်ပြီး မိစ္ဆာမြေနဂါးနှစ်ကောင်က ထပ်မံတူညီစွာ တုံ့ပြန်၏။
ဖုန် …
လက်သည်းများ တိုက်မိသွားသည်နှင့် သက်ရောက်မှုသည် မိစ္ဆာမြေနဂါးများကို တွန်းပို့လိုက်၏။ မိစ္ဆာမြေနဂါးနှစ်ကောင်အတွက် သူတို့သည်နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ အံ့ဖွယ်နဂါးက ခွန်အားအရာတွင် မိစ္ဆာနဂါးထက်သာတာ သိသာနေ၏။
ချက်ချင်းပင် ညို့ငင်ခြင်းဆမ်းမားနှင့် ခရမ်းတိမ်တို့က သူတို့ရန်သူအသီးသီး၏ ဝမ်းဗိုက်များကို အမြီးဖြင့် လွဲရိုက်လိုက်တော့သည်။
ထိုတိုက်ခိုက်မှုသည် မိစ္ဆာမြေနဂါးများကို ကိုက်လေးဆယ်ကျော်အကွာအထိ ပစ်ထုတ်လိုက်သည်။
ဘလက်ကီ၊ ညို့ငင်ခြင်းဆမ်းမားနှင့် ခရမ်းတိမ်တို့သည် သူတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်အတိုင်း အံ့ဖွယ်နဂါးကို မထိန်းချုပ်နိုင်သော်ငြား သူတို့၏ တိုက်ပွဲနည်းစနစ်နှင့် အတွေ့အကြုံက မိစ္ဆာနဂါးများထက် သာနေပြီးသားဖြစ်သည်။ တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်ရာ၌ သူတို့သည် သူတို့၏ ရန်သူများကို အလွယ်တကူဖိနှိပ်ထားနိုင်၏။
အံ့ဖွယ်နဂါး၏ လွှမ်းမိုးနိုင်သောစွမ်းအား ပြသမှုသည် ကျောက်တောမြို့၏ ကစားသမားများကို သွေးဆာလောင်မှု ဖြစ်သွားစေ၏။
ဒဏ္ဍာရီမွန်းစတားများ၏ လုပ်ရပ်တိုင်းက ပတ်ဝန်းကျင်မြေမျက်နှာသွင်ပြင်ကို ဖျက်ဆီးနိုင်သည်။ အရှင်အဆင့်အောက် မွန်းစတားများသည် အံ့ဖွယ်နဂါးများနားတောင် မချဥ်းကပ်နိုင်ပေ။ အံ့ဖွယ်နဂါး၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်သည် မမြင့်မားသော်ငြား ကစားသမားတိုက်ခိုက်သည့်ပွဲထက်တော့ ပိုကြီးမားပေ။ သူတို့ကို ကာကွယ်ပေးထားသည့် ခုခံခြင်းမှော်အစီအရင်ကြောင့်သာမဟုတ်လျှင် ရိုက်ခက်လာသော လှိုင်းများက မြို့ကိုဖျက်ဆီးရန် လုံလောက်တာထက်ပိုနေသည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
အံ့ဖွယ်နဂါးသုံးကောင်ကို ဆင့်ခေါ်ခြင်းဖြင့် ဇီးရိုးဝင်းသည် တိုက်ပွဲအခြေအနေကို ပြောင်းလဲပစ်ခဲ့သည်။
” ဒါက ငါတို့အစည်းအရုံးရဲ့စွမ်းအားလား … အံ့သြဖို့ကောင်းလိုက်တာ … ”
” ဘော့စ်ဘလက်ကီရေ နိုင်ပွဲက ကျွန်တော်တို့ဟာပဲ … ”
ဇီးရိုးဝင်း၏ အဖွဲ့ဝင်တိုင်းက ပျော်ရွှင်ကြည်နူးသွားကြသည်။ သူတို့၏ အစည်းအရုံးအစွမ်းထက်ပုံကို သူတို့တစ်ခါမှသဘောမပေါက်ခဲ့ချေ။ ယင်းကိုမြင်ပြီးနောက် အစည်းအရုံးကနေ နုတ်ထွက်ရန်ရွေးချယ်ခဲ့ကြသော ကစားသမားများက ဖြူလျော့ကုန်သည်။
” ဒီအခွင့်အရေးကိုသုံးပြီး မဟာအရှင်နဲ့အထက် မွန်းစတားတွေကိုသတ်ကြ … ဘယ်သူကိုမှ မလွတ်စေနဲ့ … ”
ရှီဖုန်းက အမိန့်ပေးလိုက်၏။
အံ့ဖွယ်နဂါးများက အလွန်အစွမ်းထက်သော်ငြား သူတို့ကို ဆင့်ခေါ်ရန်အတွက် မှော်အစီအရင်စာလိပ် (၈၈) ခုကုန်ကျသည်။ အံ့ဖွယ်နဂါး၏ တပ်ဆင်ခြင်း မှော်အစီအရင်စာလိပ်ကို ဖန်တီးရန်လိုအပ်သော ကုန်ကြမ်းများကလည်း အင်မတန်တန်ဖိုးကြီးသည်။ မှောိစာလိပ်ကိုထုတ်လုပ်ရန် ရွှေပြားဆယ်ပြားကျော်ကျသင့်သည်။
သို့သော် ထုတ်လုပ်သည့်ကုန်ကျစရိတ်က ဒုတိယအချက်သာ ဖြစ်သည်။ အံ့ဖွယ်နဂါးသက်ဆင်းခြင်း၏ မှော်အစီအရင် စာလိပ်ထုတ်လုပ်ရန်အတွက် ဝိညာဥ်ဓာတ်စွမ်းအားအဆီအနှစ်ဟုခေါ်သော အထူးပါဝင်ပစ္စည်းတစ်မျိုး လိုအပ်သည်။ ယင်းသည် အယောက်ငါးဆယ်နှင့်အထက် အဖွဲ့လိုက်မြေအောက်စခန်းမှသာ ကျလေ့ရှိသည်။ အစည်းအရုံးကြီးတိုင်းအတွက် တန်ဖိုးရှိသော အိုင်တမ်တစ်ခုဖြစ်ပြီး အံ့ဖွယ်သားရဲသက်ဆင်းခြင်း၏ မှော်အစီအရင်စာလိပ်ဖန်တီးရန် ဝိညာဥ်ဓာတ်စွမ်းအား အဆီအနှစ် (၈၈) ခုလိုအပ်၏။
ယခု ဇီးရိုးဝင်း၌ အဖွဲ့ဝင်များစွာရှိနေပြီဆိုသည့်တိုင် အသုံးစုံအတွက် ဝိညာဥ်ဓာတ်စွမ်းအားအဆီအနှစ် လုံလောက်ရုံသာ စုနိုင်ခဲ့၏။
ဇီးရိုးဝင်းသည် ဤစစ်ပွဲ၌ အရာအားလုံး ရင်းနှီးမြှုပ်နှံခဲ့၏။ ထို့ကြောင့် သူတို့သည် မိစ္ဆာသားရဲများ၏ သေဆုံးခြင်းကနေသာ သူတို့၏ ဆုံးရှုံးမှုကို ပြန်လည်ကုစားနိုင်မည်ဖြစ်ပြီး ယင်းက အရေးကြီးပေ၏။
ကံဆိုးသည်မှာ မိစ္ဆာသားရဲများသည် လက်နက်နှင့်ချပ်ဝတ်တန်ဆာမကျပေ။ သူတို့က EXP နှင့် ကုန်ကြမ်းအချို့ ထောက်ပံ့ပေးနိုင်ရုံသာ ရှိသည်။ တန်ဖိုးအရှိဆုံးက မိစ္ဆာစွမ်းအင်သလင်းဖြစ်ပြီး မျိုးနွယ်စုအကြီးအကဲအဆင့်နှင့်အထက် မွန်းစတားများဆီမှသာ ကျသည်။ အံ့ဖွယ်သားရဲသက်ဆင်းခြင်း မှော်အစီအရင်စာလိပ် သုံးစုံ၏ ကုန်ကျစရိတ်နှင့်ယှဥ်လျှင် ထိုအိုင်တမ်များက ဘာမှမတန်သလောက်ပင်။
သို့သော် အားပေးနှစ်သိမ့်ရသည်။ ဝိညာဥ်ကမ္ဘာလုံးဖြစ်ပြီး မဟာအရှင်နှင့်အထက် ဝိညာဥ်များကို စုပ်ယူနိုင်၏။ သူသည် သူ့အစည်းအရုံးအဖွဲ့က သတ်ဖြတ်ခဲ့သည့် မဟာအရှင်များဆီမှ ဝိညာဥ်များကို စုပ်ယူနိုင်၏။ ထိုမျှများပြားသော မဟာအရှင်အဆင့် မွန်းစတားများ တစ်နေရာထဲတွင် စုဝေးနေသည်က ရှာပါးသောအခွင့်အရေးတစ်ခုဖြစ်သည်။
” အံ့ဖွယ်နဂါးသုံးကောင်လား … ”
သူ၏ မိစ္ဆာနဂါးများကိုသတ်ဖြတ်နေသော အံ့ဖွယ်နဂါးများကိုကြည့်ပြီး စွန့်ပစ်ခံလှိုင်းက ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။ မဟာအရှင်အဆင့် မိစ္ဆာသားရဲတစ်ကောင်ရရန် သူသည် များစွာကြိုးပမ်းအားထုတ်ခဲ့ရ၏။ ထိုသို့တိုင် ဇီးရိုးဝင်း၏အဖွဲ့ဝင်များသည် EXP များအတွက် သူတို့ကို ရိတ်သိမ်းနေလေ၏။
” ကောင်းတယ် … သိပ်ကောင်းတယ် … မင်းဘယ်လောက်သတ်နိုင်မလဲဆိုတာ ကြည့်ချင်တယ် … မင်းရဲ့ မှော်အရံအတား ပြိုကျသွားတာနဲ့ ကျောက်တောမြို့က ကံဆိုးမိုးမှောင်ကျမှာပဲ … ”
စွန့်ပစ်ခံလှိုင်းက တင်ထားလိုက်၏။
ထိုမျှများပြားသည့် မိစ္ဆာသားရဲများကို အများရှေ့ထုတ်ဖော်ခဲ့ပြီဖြစ်သော်ကြောင့် အစည်းအရုံးကြီးများစွာသည် သတ္တဝါများနှင့်ရင်ဆိုင်ရာတွင် တုံ့ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ သူသည် ယခုအခေါက်၌ ကျောက်တောမြို့ကို မဖျက်ဆီးနိုင်ခဲ့လျှင် နောက်ထပ်တပ်ဖွဲ့တစ်ဖွဲ့ကို ပျိုးထောင်ဖို့က အလွန်ခက်ခဲပေလိမ့်မည်။
ဇီးရိုးဝင်း၏စွမ်းအားက သူမှန်းဆထားမှုထက် ကျော်လွန်နေသည့်တိုင် မြို့၏ အားနည်းချက်က သိသာ၏။ သူသာ မြို့၏ ခုခံခြင်းမှော်အရံအတားကို ဖြိုခွဲနိုင်သရွေ့ မိစ္ဆာသားရဲတပ်ဖွဲ့က မြို့ကို မုန်တိုင်းထန်စေလိမ့်မည်။
စွန့်ပစ်ခံလှိုင်းသည် မြို့၏ ခုခံခြင်းမှော်အရံအတားကို တိုက်ခိုက်ရန် သူ၏မွန်းစတားများကို အမိန့်ပေးလိုက်သည်။ သူက မိစ္ဆာမြေနဂါးငါးကောင်ကို ထိုအံ့ဖွယ်နဂါးများကို လျစ်လျူရှုထားရန်တောင် အမိန့်ပေးပြီး မှော်အရံအတား၏စွမ်းအင်အတွက် နဂါးများ၏ HP ကိုလဲလှယ်ဖို့ ရည်ရွယ်လိုက်၏။
ပြီးနောက် မှော်အရံအတား၏စွမ်းအင်က ခမ်းခြောက်လာတော့သည်။ တစ်ချိန်ထဲတွင် ရှီဖုန်းက ထိုစွမ်းအင်ကို ဖြည့်တင်းနေ၏။ သူသည် အစီအရင်ထဲ မှော်သလင်းများကို ထည့်နေသည့်နှုန်းဖြင့် အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်ကို ထပ်မံအသုံးရဲတော့ချေ။
ထိုကဲ့သို့ ပြင်းထန်သည့်စိန်ခေါ်မှုသည် ပွဲကြည့်ပရိတ်သတ်တိုင်းကို ကြက်သေသေသွားစေ၏။
မိစ္ဆာသားရဲများက ကျောက်တောမြို့၏ အရံအတားကို တိုက်ခိုက်ပြီး သူတို့ရန်သူများ၏ တိုက်ခိုက်မှုကို လျစ်လျူရှုထားစဥ် ရန်သူများက အရာအားလုံးပစ်ထုတ်ပြီး မိစ္ဆာသားရဲများကို တိုက်ခိုက်နေ၏။ ဇီးရိုးဝင်း၏ ကြမ်းတမ်းသောတိုက်ခိုက်မှုအောက်၌ မွန်းစတားတပ်ဖွဲ့သည် မွန်းစတားများ ဆက်လက်ဆုံးရှုံးနေ၏။ အစောပိုင်းငါးသိန်းသည် လေးသိန်း။ ပြီးနောက် နှစ်သိန်းဖြစ်သွားသည်။ မိစ္ဆာမြေနဂါးငါးကောင်ထဲမှ နှစ်ကောင်တောင်သေသွား၏။
မိစ္ဆာသားရဲတပ်ဖွဲ့၌ မွန်းစတားတစ်သိန်းအောက်သာ ကျန်တော့သည့်အချိန်တွင် ကျောက်တောမြို့၏ မှော်အရံအတားသည် ကျန်ရှိသေညမိစ္ဆာမြေနဂါးသုံးကောင်၏ မိစ္ဆာစွမ်းအင်ဟိန်းသံအောက်၌ တစ်စစီဖြစ်သွားတော့၏။
အပိုင်း (၁၃၄၂) ပြီး၏။