ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1350 စွမ်းအားအပြည့် တိုက်ခိုက်မှု
Chapter – 1350 စွမ်းအားအပြည့် တိုက်ခိုက်မှု
မိစ္ဆာနတ်ဆိုးပေါ်လာသည်နှင့် ဧရိယာ၏အနေအထားက ပြောင်းလဲသွားတော့သည်။
သိပ်သည်းသောမိစ္ဆာစွမ်းအင်များ ပေါ်ထွက်လာပြီး အရိပ်များက မိစ္ဆာနတ်ဆိုးများတစ်ဝိုက်၌ စုဝေးလာ၏။ သို့သော်ငြား ပိုမိုကြောက်မက်ဖွယ်ကောင်းသည်က မိစ္ဆာနတ်ဆိုး၏ အရိပ်အဝါပဲ ဖြစ်သည်။ မီးတောက်သွေးကဲ့သို့ ကျွမ်းကျင်သူတစ်ဦးကတောင် တုန်ရီသွားမိပြီး သူ၏လှုပ်ရှားမှုများနှေးကွေးကုန်သည်။
ဒီတော့ ဒါက ခမ်းနားသောအရှင်အဆင့် မိစ္ဆာနတ်ဆိုးတစ်ကောင်လား။ မီးတောက်သွေးသည် လေထဲတွင်ပျံဝဲနေသော မိစ္ဆာနတ်ဆိုးကိုကြည့်ပြီး ထိတ်လည်းထိတ်လန့် ကြောက်လည်းကြောက်မိ၏။
သူ၏ ကြောက်လန့်မှုသည် နတ်ဆိုး၏အရှိန်အဝါကြောင့် မဟုတ်ပေ။ ထိုအစား လူသားနှင့်ဆင်တူသည့် သူ့ရှေ့ရှိ မိစ္ဆာနတ်ဆိုးကြောင့် ဖြစ်၏။ ၎င်း၏ အကြည့်နှင့် ရှုံ့ချမှုက မိစ္ဆာနတ်ဆိုး၏ အရေခွံကို ခြုံထားသော ကစားသမားတစ်ဦးနှင့် ဆင်တူသည်။
မီးတောက်သွေးသည် မဟာအရှင်နှင့် ခမ်းနားသောအရှင်အဆင့် မိစ္ဆာနတ်ဆိုးကြား ကွာဟချက် ထိုမျှကြီးမားလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိပေ။
မိစ္ဆာနတ်ဆိုးတစ်ကောင်ကို မဟာအရှင်အဆင့်သို့ အဆင့်မြှင့်တင်ရန် စွန့်ပစ်ခံလှိုင်းသည် ကစားသမားများစွာ၏ ဝိညာဥ်ကို ဝါးမျိုရ၏။ နတ်ဆိုးသည် ဆင့်ကဲပြောင်းလဲရန်အတွက် အလားအလာ လုံလုံလောက်လောက်ရှိရမည်။ မဟုတ်လျှင် စုပ်ယူထားသောဝိညာဥ်များသည် ၎င်း၏ အဆင့်ကိုသာ မြင့်တက်စေမည်ဖြစ်ရာ ၎င်း၏ အလွှာကိုမဟုတ်ပေ။ မိစ္ဆာနတ်ဆိုးတစ်ကောင်အဆင့်တက်သွားတိုင်း နောက်တစ်ဆင့်ကို ရောက်ရန် ဝိညာဥ်ကို အဆပေါင်းများစွာ ပိုလိုအပ်၏။
ခမ်းနားသောအရှင်အဆင့် မိစ္ဆာနတ်ဆိုးတစ်ကောင်ထုတ်လုပ်ရန် မည်မျှခက်ခဲကြောင်း မှန်းဆနိုင်သည်။ ထိုသို့တိုင် သားရဲဧကရာဇ်သည် ဤကဲ့သို့သတ္တဝါကိုသုံးပြီး ဦးဆောင်ရန်ရည်ရွယ်ခဲ့၏။
သူတို့သည် ကျောက်တောမြို့ကို ဝန်ရံတိုက်ခိုက်ရာ၌ ခမ်းနားသောအရှင်၏ အကူအညီသာ ရှိခဲ့မယ်ဆိုလျှင် တိုက်ပွဲက သူတို့အနိုင်ရပြီး အဆုံးသတ်သွားပေလိမ့်မည်။
” ဘလက်ဖလိမ်း မင်းကိုအခွင့်အရေးတစ်ခု ပေးခဲ့တာပဲ … မင်းက ငြင်းတယ်ဆိုမှတော့ နတ်ဆိုးတစ်ကောင်က မင်းရဲ့ဝိညာဥ်ကိုဝါးမျိုတာ ဘာခံစားချက်လည်းဆိုတာ မင်းကိုပြမယ် …. ”
သားရဲဧကရာဇ်က ရှီဖုန်းကိုကြည့်ပြီး လောင်ပြုံးပြုံးလိုက်၏။
” မင်းလိုကျွမ်းကျင်သူတစ်ယောက်ကို မိစ္ဆာနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ရင် အလားအလာတွေ အများကြီးရှိမယ်ဆိုတာ သေချာတယ် … ”
ထိပ်သီးကျွမ်းကျင်သူများ၏ အလောင်းများသည် မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းကစားသမားများအတွက် အလွန်အဖိုးတန်၏။ ထိုကဲ့သို့အလောင်းများသည် ကြီးပြင်းရန်အလားအလာမြင့်မားပြီး မိစ္ဆာနတ်ဆိုးများဖြစ်လာနိုင်သော အခွင့်အရေးများပိုရှိ၏။ ဖန်တီးထားသော မိစ္ဆာနတ်ဆိုးသည် အလွှာမြင့်သတ္တဝါတစ်ကောင်ဖြစ်လာရန် ပိုကောင်းသည့် အခွင့်အရေးတစ်ခုရှိသည်။
သားရဲဧကရာဇ်က ပြောပြီးသည်နှင့် သူ့အထက်ရှိ မိစ္ဆာနတ်ဆိုးက ပျောက်ကွယ်သွားကာ လျှပ်ပြက်သည့်အရှိန်ဖြင့် ရှီဖုန်းဆီသို့ တစ်ဟုန်ထိုးဝင်သွားလေ၏။
မျက်တောင်တခက်အတွင်း မိစ္ဆာနတ်ဆိုးသည် ၎င်း၏ ပစ်မှတ်ရှေ့ကိုရောက်သွားပြီး မီးခိုးရောင်မြူများဖြင့် ရစ်ပတ်ထားသော လက်သည်းဖြင့် ရှီဖုန်း၏ခေါင်းကို ပိုင်းဖြတ်လိုက်၏။
သို့သော် ဝှေ့ယမ်းမှုအလယ်တွင် မိစ္ဆာနတ်ဆိုးသည် ၎င်း၏ တိုက်ခိုက်မှုလားရာကို ပြန်ပြောင်းလဲကာ မီးခိုးရောင်မြူကနေ ကွဲထွက်လာသော ငွေရောင်လေးကိုင်းတစ်ခုကို ဖန်တီးလျက် ရှီဖုန်း၏ လည်ပင်းဆီသို့ ဦးတည်လိုက်တော့သည်။ ထိုစဥ် မီးခိုးရောင်မြူက ၎င်း၏ အသွင်သဏ္ဍာန်ကို ထိန်းထားလျက် ရှီဖုန်း၏ခေါင်းဆီသို့ ဆက်လက်ဦးတည်နေ၏။
အမြန်ပြောင်းလဲမှုလား။
ရှီဖုန်းသည် အံ့သြသွားမိသည်။ မိစ္ဆာနတ်ဆိုးသည် ထိုကဲ့သို့သာလွန်သော နည်းစနစ်တစ်ခုကို ဖမ်းဆုပ်ထားမိလိမ့်မည်ဟု သူမထင်ထားပေ။ ထို့အပြင် ပြောင်းလဲမှုက ချောမွေ့ပြီး ရုတ်တရက်ဆန်လွန်းလေရာ သူ့ကဲ့သို့ လေဟာနယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကတောင် သတိပေးလက္ခဏာရပ်များကို ရှာမတွေ့ခဲ့ပေ။ မိစ္ဆာနတ်ဆိုး၏ ဆဲလ်များသည် သူ၏ လည်ပင်းကိုခုတ်ရန် သူ၏ခေါင်းဆီသို့ တိုက်ကွက်မှ ပြောင်းလဲလိုက်သည့်ပမာ ထင်မှတ်ရသည်။
ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေ၌ မြူလွှာလက်သည်းကို တန်ပြန်တိုက်ခိုက်ရန် သူသုံးထားသော ရှီဖုန်း၏ ဓားသွားများထဲမှတစ်ခုသည် လားရာပြောင်းလဲသွား၏။ အသူရာဓားသွားသည် ဆင်းသက်လာသော မီးခိုးရောင်မြူလက်သည်းများကို ဆက်လက်ပိတ်ဆို့ကာ သတ်ဖြတ်ခြင်းရောင်ခြည်သည် မိစ္ဆာနတ်ဆိုး၏ လက်သည်းအစစ်များကို ပိတ်ဆို့လိုက်၏။
ဖုန် … ဖုန် …
ဓားသွားနှင့်လက်သည်း ဆုံတွေ့သွားသည်နှင့် ပွတ်တိုက်မှုက တလက်လက်တောက်ပနေသော မီးပွင့်များပေါ်လာစေ၏။ ရှီဖုန်း၏ ခြေထောက်အောက်ရှိမြေပြင်က အနည်းငယ်နိမ့်ဆင်းသွားသည်။ သက်ရောက်အားက ရှီဖုန်းကို လွင့်ထွက်သွားစေ၏။ သူက ကိုက်နှစ်ဆယ်ကျော်အကွာ၌ ပြုတ်ကျသွားတော့သည်။ သူသည် HP တစ်သောင်းကျော် ချက်ချင်းဆုံးရှုံးသွားလေ၏။
ဒါက ခမ်းနားသောအရှင်အဆင့် မိစ္ဆာနတ်ဆိုးတစ်ကောင်ရဲ့ စွမ်းအားလား။ ရှီဖုန်းသည် မြေပြင်ပေါ်ကျသွားချိန်၌ သူ၏ လက်နှစ်ဖက်က ထုံကျင်သွားလေ၏။ ဓားသွားက တုန်ရီနေကာ မြည်သံသဲ့သဲ့ ပေါ်ထွက်နေလေ၏။ လုံလောက်သွားပြီပဲ။ သူ့ရဲ့ခွန်အားနဲ့အရှိန်က သာမန်ခမ်းနားသောအရှင်ထက် သာလွန်နေတာပဲ။
သူ၏ လျင်မြန်စွာတုံ့ပြန်မှုနှင့် သတ်ဖြတ်ခြင်းရောင်ခြည်ကြောင့်သာမဟုတ်လျှင် သူ့အသက် သေနေလောက်ပြီ ဖြစ်သည်။ ထိုသို့တိုင် သူသည် တန်ပြန်တိုက်ခိုက်မှုကနေ သတ်ဖြတ်ခြင်းရောင်ခြည်ကို ဆွဲထုတ်လိုက်သောကြောင့် ထိခိုက်မှုအပြည့်အဝ မဖော်ဆောင်နိုင်ခဲ့ဘဲ သူ၏ စုစုပေါင်း HP ၏ ခြောက်ပုံတစ်ပုံဆုံးရှုံးသွားတော့၏။ ဤနှုန်းဖြင့် သူသည် နတ်ဆိုး၏ တိုက်ကွက်တိုင်းကို ပိတ်ဆို့ပင်လျှင် သူက ခြောက်ကွက်သာခံနိုင်ရည်ရှိလိမ့်မည်။
သူသည် အလွှာနှစ်ဓားသခင်အမျိုးအစား မဟာသူတော်စင်အမျိုးအစားဆယ်ခုထဲမှ တစ်ခုကိုတစ်ခုနှင့် အံ့မခမ်းချပ်ဝတ်တန်ဆာသာ ရှိသည်။ အဆင့်တူအလွှာနှစ် MT တစ်ဦးက ထိုနောက်ဆုံးတိုက်ကွက်ကို ခံရမည်ဆိုလျှင် သူတို့သည် အနည်းဆုံး HP နှစ်သောင်းကျော် ဆုံးရှုံးလောက်၏။
” သူ မသေသွားဘူးလား … ”
သားရဲဧကရာဇ်သည် ရှီဖုန်းက သူ၏ HP အများစုဖြင့် ထရပ်လာတာကို မြင်သောအခါ ယာယီ ကြက်သေသေသွားလေ၏။ ခမ်းနားသောအရှင်အဆင့် မိစ္ဆာနတ်ဆိုး မည်မျှအစွမ်းထက်ကြောင်း သူသိ၏။ နတ်ဘုရားနယ်မြေထဲတွင် လက်ရှိအသန်မာဆုံး MT ကတောင် အချိန်မီအသက်ကယ်စကေးကို အသက်မသွင်းခဲ့လျှင် ချက်ချင်းသေသွားမှာပဲ ဖြစ်သည်။
ခမ်းနားသောအရှင်အဆင့်ကိုရောက်သည့်နှင့် မိစ္ဆာနတ်ဆိုးများ၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်သည် ပမာဏများစွာ ပြောင်းလဲသွားခဲ့၏။ ကစားသမားများသည် ထိုကဲ့သို့ခမ်းနားသောအရှင်၏ ကူးပြောင်းသောအရှိန်ကိုရင်ဆိုင်ရန် မျှော်လင့်ချက်မရှိပေ။ ခမ်းနားသော၏ ကြောက်မက်ဖွယ်ကောင်းသောအဖျက်စွမ်းအားကို ထည့်တွက်ပြီးနောက် ထိုကဲ့သို့သောသတ္တဝါကို တစ်ကိုယ်ထဲယှဥ်တိုက်ခိုက်ရန် ကြိုးပန်းသည်ကစားသမားများက ချက်ချင်းသေပေလိမ့်မည်။
သူက အဲ့ဒီအကွက်ကိုတောင် ပိတ်ဆို့လိုက်တယ်လား။ ဘလက်ဖလိမ်းရဲ့ခွန်အားက သိသိသာသာ ထပ်တိုးတက်လာပြန်ပြီပဲ။ မီးတောက်သွေးသည် ရှီဖုန်းအသက်ရှင်နေသေးတာကိုမြင်သည့်အချိန်၌ အံ့သြသွားလေ၏။ အဆင့်တူမဟာအရှင်အဆင့် မိစ္ဆာနတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ရပင်လျှင် MT တစ်ဦးသည် အသက်ရှင်ရန်အတွက် အသက်ကယ်စကေးတစ်ခုကိုသုံးရန် ဖိအားပေးခံရမည်ဖြစ်ကာ အဆင့် (၇၀) ခမ်းနားသောကို ရင်ဆိုင်ရာတွင်မူ ပြောရန် မလိုအပ်တော့ချေ။
NPC အစောင့်များနှင့် အမျိုးမျိုးသောမှော်အစီအရင်ကြောင့်သာမဟုတ်လျှင် ဇီးရိုးဝင်းသည် အဝိုင်းခံထားရစဥ်၌ အလွယ်တကူအမြစ်ပျက်သုတ်သင်ခံရလောက်၏။ ထိုသို့တိုင် မည်သည့်အထောက်အပံ့မှ မပါသည့်တိုင် ရှီဖုန်းသည် ခမ်းနားသောအရှင်၏တိုက်ကွက်ကို ပိတ်ဆို့ခဲ့၏။ ယင်းက မယုံနိုင်စရာကောင်းလှပေ၏။
” မင်းက အတော်အထင်ကြီးဖို့ကောင်းတာပဲ … ဒါပေမဲ့ မင်းတိုက်ကွက်ဘယ်လောက်များများ ပိတ်ဆို့နိုင်မယ်လို့ထင်လဲ … ”
ရှီဖုန်းသည် သားရဲဧကရာဇ်ကို အံ့သြသွားစေသော်ငြား အခြေအနေကမပြောင်းလဲပေ။ ထိုသို့ပြောပြီးနောက် မိစ္ဆာနတ်ဆိုးသည် ရှေ့သို့တက်လိုက်လေ၏။ ယခုအခေါက်တွင် ၎င်း၏ လက်သည်းနား၌ မီးခိုးရောင်မြူများက အနက်ရောင် မဟာဓားသွားအဖြစ် ပြောင်းလဲသွား၏။ ရှီဖုန်းဆီသို့ လက်နက်ကိုလွဲရမ်းကာ မီးခိုးရောင်အလင်းတန်းငါးခုကို ဓားသမား၏မျက်ကွယ်ထောင့်ဆီ ပို့ဆောင်လိုက်တော့သည်။
မီးခိုးရောင်အလင်းတန်းငါးခုသည် ရှီဖုန်းကို ဝါးမျိုတော့မည့်အချိန်၌ သူ၏ တစ်ကိုယ်လုံးကို ရွှေရောင်နဂါးကြေးခွံများနှင့် နတ်ရုမ်းများက စတင်လွှမ်းခြုံလိုက်တော့၏။ သူ၏ အရှိန်အဝါကလည်း ပြောင်းလဲသွားကာ သမိုင်းဦးမတိုင်မီခေတ်က သားရဲတစ်ကောင်နှင့် ဆင်တူသွား၏။ သတ်ဖြတ်ခြင်းရောင်ခြည်မှ စီးထွက်လာသောအပြာရောင်စွမ်းအင်စီးကြောင်းသည် ရှီဖုန်း၏ လက်ဖဝါးထဲဝင်သွားလေ၏။ အပြာရောင်လျှပ်စီးများက သူ၏ ခန္ဓာကိုယ်ပေါ်၌ လွန့်လူးနေကြသည်။ ရုတ်တရက် ရှီဖုန်းသည် သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေလေ၏။
ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့
အလွှာနှစ် ဓားသွားခွဲထွက်ခြင်း
ယင်းသည် ရှီဖုန်းက အလွှာနှစ်အဆင့်မြင့်တင်မှုပြီးမြောက်ပြီးနောက် နှစ်ဆရှေးစစ်သည်တော်ကို အသုံးပြုတာပဲ ဖြစ်သည်။ အမှောင်ထုဘုရင်ကို ရင်ဆိုင်ရသည့်တိုင် ရှီဖုန်းက ကောင်းကင်နဂါး၏ စွမ်းအားကိုသာ အသုံးပြုခဲ့၏။
သို့သော် ခမ်းနားသောအရှင်အဆင့် မိစ္ဆာနတ်ဆိုးကို ရင်ဆိုင်ရာ၌ ရှီဖုန်းသည် အသေးငယ်ဆုံးလေးသော အမှားကတောင် သူ့အသက်ကိုအဆုံးသတ်သွားစေနိုင်သောကြောင့် သတိလက်လွတ်မနေရဲချေ။ ပြီးနောက် ရှီဖုန်းသည် မိစ္ဆာနတ်ဆိုးဆီသို့ သတ်ဖြတ်ခြင်းရောင်ခြည်ကို လွဲရမ်းလိုက်တော့၏။
အရိပ်ဓားသွား
ချက်ချင်းပင် အပြာရောင်အလင်းတစ်ခုနှင့် အနက်ရောင်အလင်းကိုးခုသည် မိစ္ဆာနတ်ဆိုးကို ပိုင်းဖြတ်သွားတော့သည်။ ရှီဖုန်း၏ မြင့်မြတ်သောဓားနှင့် မိစ္ဆာနတ်ဆိုး၏ မဟာဓားထိမိသွားချိန်၌ သူတို့ရပ်နေသော မြေပြင်သည် သက်ရောက်အားကြောင့် အက်ကွဲသွား၏။ ကိုက်သုံးဆယ်အကွာ၌ ရပ်နေသော မီးတောက်သွေးကတောင် မရပ်နိုင်လုနီးပါး ဖြစ်သွားသည်။
မီးခိုးရောင်အလင်းတန်းငါးခုက တန်ပြန်လာပြီး မြေပြင်ပေါ်၌ မြောင်းရာများစွာ ဖြစ်သွားစေ၏။
မိစ္ဆာနတ်ဆိုး၏ တိုက်ခိုက်မှုကို တုံ့ပြန်ပြီးနောက် ရှီဖုန်း၏ တိုက်ကွက်ဆယ်ကွက်လုံး ကျရောက်လာသည်။ အလင်းစီးကြောင်းများသည် မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိမှန်ကာ ၎င်း၏ ဒဏ်ရာကနေ အစိမ်းရောင်သွေးများ ပန်းထွက်လာစေပြီး ထိုသတ္တဝါကို ဆယ်နှစ်ကိုက်ကျော်နောက်ဆုတ်အောင် ဖိအားပေးလိုက်နိုင်၏။ တစ်ချိန်ထဲတွင် မိစ္ဆာနတ်ဆိုး၏ HP က ထိုးကျသွားတော့သည်။
(-၁၆၁၂၆၇)
(-၃၂၃၄၉၇)
(-၁၆၀၉၁၆)
သတ်ဖြတ်ခြင်းရောင်ခြည်သည် အမှောင်သတ္တဝါများကို ရင်ဆိုင်ရာ၌ ထိခိုက်မှုနှစ်ဆဖြစ်သောကြောင့် မိစ္ဆာနတ်ဆိုး၏ HP သည် မျက်တောင်တခက်အတွင်း နှစ်သန်းကျော်ကျသွားလေ၏။
အပိုင်း (၁၃၅၀) ပြီး၏။