သုခကမ္ဘာက ရှီဟောင် - Chapter - 181 ဒုတိယ တိုက်ပွဲမြေပြင်
Chapter – 181 ဒုတိယ တိုက်ပွဲမြေပြင်
ဟင်းလင်းပြင် နတ်ဘုရားနယ်မြေဟာ ကြီးကျယ်တဲ့ ဆူညံသံတွေနဲ့ ပွက်လောရိုက်နေခဲ့တယ်။ နတ်နန်းကျောင်းတော်ကြီးရဲ့ နယ်မြေအတွင်းမှာ နတ်ဆိုးလေးရောက်ရှိသွားခြင်းက သမုဒ္ဒရာအတွင်းမှာ မိုးသက်မုန်တိုင်းကျဆင်းသွားသလိုပါပဲ။ ထိုအရာက လျှင်မြန်စွာပဲ ဆွေးနွေးမှုလမ်းကြောင်းရဲ့ အပူပြင်းဆုံး သတင်းခေါင်းစဉ်ဖြစ်လာတယ်။
ရှီရီဟာ ရှေးဟောင်းမြင့်မြတ်တဲ့ အဖွဲ့အစည်းထဲကို ၀င်ရောက်လာတာနဲ့ ပတ်သက်သော သတင်းတွေဟာ ပျံ့နှံံ့သွားခဲ့ပြီးဖြစ်တယ်။ လူတိုင်းက ဒါကို ပြောဆိုနေကြသလို တစ်ချုိ့ကတော့ ကျိန်ဆဲနေပြီး တစ်ချို့က ရယ်မောနေခဲ့ကြတယ်။ ဒါပေမဲ့ ထိုကိစ္စရဲ့ အတိမ်အနက်ကို နားလည်တဲ့ သူတွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားကြတယ်။
ထိုနတ်ဆိုးလေးဟာ အရမ်းကို ရိုးသားဖြောင့်မတ်သူတစ်ယောက်လို့ထင်ရပေမဲ့လည်း သူ့ရဲ့ လုပ်ရပ်တွေကတော့ လွန်လွန်းအားကြီးသွားခဲ့ပါပြီ။ နတ်နန်းကျောင်းတော်ကြီးကလည်း ထိုကဲ့သို့သော ဖြစ်ရပ်ဆိုးကို ဘယ်လိုလုပ်ပြီး သည်းညည်းခံလိုက်ပါ့မလဲ။ ထိုဟာက တခြားသူတွေအတွက်တော့ မယုံနိုင်လောက်တဲ့ ပျော်ရွှင်မှုကို ဖြစ်စေတယ်။
” နတ်နန်းကျောင်းတော်ကြီးဟာ အခုချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ ငိုကြွေးနေမှာ ငါမြင်ယောင်နေသေးတယ် .. အဲ့ဒီ နတ်ဆိုးလေးရဲ့ အနှောက်အယှက်ပေးတာတွေကြောင့် ဒီနေ့မှာ သူတို့ရဲ့ တောင်ဘက်တံခါးတော့ ပျက်စီးသွားခါနီးနေလောက်ပြီ .. ၀င်ခွင့်အောင်တဲ့ သူတွေကလည်း ၉,၀၀၀နီးပါးလောက် ရှိတယ်တဲ့ ..။”
” အဲ့ကလေးက အမှန်တကယ်ကို သူခိုးဓားပြကောင်လိုပဲဟ .. သူ ဘယ်သွားသွား ဘယ်လာလာ ပြဿ နာချည်းတွေပဲ .. အံ့သြစရာတော့ မဟုတ်ဘူး .. ဟင်းလင်းပြင် နတ်ဘုရား ကမ္ဘာရဲ့ စိတ်ဝိညာဉ်တောင် သူ့ကို လက်မခံနိုင်ဘူး .. သူက မယုံကြည်နိုင်လောက်တဲ့ အမြော်အမြင်တွေ ရှိနေတာပဲ..။”
ထိုကိစ္စဟာ တကယ်ကို ပျော်စရာကောင်းတဲ့အတွက် လူအားလုံးဟာ ရယ်မောလိုက်ကြတယ်။ နတ်နန်းကျောင်းတော်ကြီးက လွဲရင် တခြားသူတွေအကုန်လုံးက အတောမသပ်နိုင်အောင် ရယ်နေခဲ့တယ်။
လူအများစုကတော့ ထို ဘေးအန္တရာယ်တွေအတွက် ၀မ်းမြောက်၀မ်းသာတောင် ဖြစ်နေသေးတယ်။
သို့သော် ဒေါသကြီးပြီး အံတကြိတ်ကြိတ်ဖြစ်နေသူတွေလည်း ရှိနေတယ်။ ပြောရရင် ဟောင် ရဲ့ အရင်တုန်းက ညှဉ်းပန်းနှိပ့်စက်ခံခဲ့ရတဲ့ ကလန်ကြီးလေးခုက လူတွေပါပဲ။ သူတို့တွေရဲ့ မျက်နှာတွေဟာ အားလုံးမည်းမှောင်နေပြီး ဟောင်ကို တတ်နိုင်သမျှ မြန်နိုင်သမျှ အမြန်ဆုံးသတ်ချင်နေကြတာပါ။
သူတို့ဟာ ထိုကိစ္စနဲ့ ပတ်သက်ပြီး ဘာလိုမှ မပျော်နိုင်တာကတော့ သူတို့ဟာ ဟောင်ရဲ့ ပထမဆုံး သားကောင်တွေဖြစ်ခဲ့တာကြောင့်ပါပဲ။ သူတို့ကို တစ်ချိန်တုန်းကလည်း လူတွေအားလုံးဟာ အခုလိုမျိုးပဲ ဝိုင်းရယ်ခဲ့ကြပါတယ်။
နတ်နန်းကျောင်းတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေဟာ မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီး ရှေးခေတ်ဟောင်း တိုင်းပြည်တွေက မိသားစုကြီးတွေဆီကိုပါ ရောက်ရှိသွားတယ်။ ထိုအရာက တိုင်းပြည်အတွင်းမှာ ရှိတဲ့ ကျင့်ကြံသူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေပြီး နတ်ဆိုးဆန်တဲ့ကောင်လေးက အခုလိုပုံစံနဲ့ ထွက်ပေါ်လာခဲ့မယ်လို့ ဘယ်သူမှ မထင်ထားကြပါဘူး။
” နတ်နန်းကျောင်းတော်ကို ငါ တကယ်စာနာပါတယ် .. သူတို့က နတ်ဆ်ိုးလေးနဲ့ ထိပ်တိုက်တွေ့သွားမယ်လို့ ဘယ်သူက ထင်မှာလဲ .. ဟုတယ်လေ .. မင်းတို့ကောင်တွေက ဘယ်လိုထင်လို့လဲ .. ရှေးဟောင်းမြင့်မြတ် ကျောင်းတော်ကရော သူ့ကို အပြစ်ပေးမှာလား ..။”
” သူတို့ဘာလုပ်မလဲဆိုတာတော့ ကျိန်းသေပြောမရသေးဘူး .. တကယ်လို့ ငါသာဆိုရင် သူ့ကို ငါတို့ကျောင်းတော်ကို ၀င်ခွင့်ပေးပြီး ဖြည်းဖြည်းချင်း ဆုံးမယူရလိမ့်မယ် .. ဒီလိုမှ မဟုတ်ရင်လည်း သူတို့က သူ့ကို အရမ်းကို လွယ်လွယ်ကူကူ ခွင့်လွှတ်လိုက်မှာတော့ မဟုတ်ဘူး ..။”
လူအားလုံးက ခေါင်းညိတ်လိုက်ပြီး ဒါက ကျိုးကြောင်းစီလျော်မှု ရှိတယ်လို့ ခံစားလိုက်ရတယ်။ အင်အားကြီးမားတဲ့ ကျင့်ကြံသူအမြောက်အမြားကလည်း ဟောင်ကို စောင့်ကြည့်နေကြတယ်။ တကယ်လို့ နတ်နန်းကျောင်းတော်က အကြီးအကဲတွေသာ ဟောင်ကို နှင်ထုတ်လိုက်မယ်ဆိုရင် သူတို့က သေချာပေါက် သူတို့ဆီကို သိမ်းသွင်းသွားကြဖို့ အခွင့်အရေးရသွားကြမှာ ဖြစ်တယ်။
ဟင်းလင်းပြင် နတ်ဘုရားနယ်မြေဟာ ထိုအကြောင်းကိုသာ မရပ်မနားဆွေးနွေးနေတဲ့ ကျင့်ကြံသူတွေသာ ပြည့်နှက်နေတယ်။
” တစ်ယောက်ယောက်များ နတ်နန်းကျောင်းတော်ကို သွားမကြည့်ချင်ဘူးလား .. ဒီ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးရွားလေးက သိပ့်မကြာခင် အဖမ်းခံရလိမ့်မယ်လို့ ငါ ထင်နေတယ် ..။”
သူတို့ထဲက တစ်ယောက်က နတ်နန်းကျောင်းတော်ကြီးထဲကို ၀င်ရောက်လည်ပတ်ကြသူတွေရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်တယ်။ ဟောင်က အမှန်တကယ်ကို ပါရမီရှင်ဆိုတဲ့ သူတွေကို မျက်နှာပျက်စေခဲ့တဲ့ နတ်ဆိုးလေးတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့တယ်။
ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာထဲက ထွက်ခွာသွားတဲ့ ကျင့်ကြံသူတစ်ချို့တောင် ဟောင်ကို သတ်ချင်နေတယ်လို့ ပြောဆိုသွားခဲ့တယ်။
” သူ နာမည်စကြီးလာတည်းက ငါတို့က သူ့ကို သတ်ချင်နေတာ ..။”
ကျင့်ကြံသူတွေထဲက တစ်ယောက်ဟာ ဟာသပြောနေတာ မဟုတ်ပဲ သူဟာ အမှန်တကယ်ကို သတ်ဖြတ်လိုစိတ် အော်ရာတွေကို ထုတ်လွှတ်လိုက်တယ်။
” နောက်ဆုံးတော့ သူက သူ့ကိုယ်သူ ဖော်ထုတ်လာခဲ့ပြီလေ ..”
ကျင့်ကြံသူတစ်ယောက်က လက်သီးဆုတ်ကာ အံကြိတ်လိုက်တယ်။
ဟောင်ကို တိုက်ခိုက်သတ်ဖြတ်ချင်နေသူတွေဟာ ကလန်ကြီးလေးခုသာမက တခြားအင်အားကြီးသူတွေပါ ပါ၀င်တယ်။ သူတို့တွေရဲ့ စွမ်းအားတွေဟာ ဟောင်ကို ဖယ်ရှားဖို့အတွက် လုံလောက်နေတဲ့အပြင် ပိုတောင် ပိုနေသေးတယ်။
ဟောင်က လူပေါင်းများစွာရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ လှိုင်းလုံးကြီးတစ်လုံးလို ဖြစ်နေခဲ့တယ်။ သူ နတ်နန်းကျောင်းတော်ကြီးရဲ့ စမသပ်နယ်မြေထဲမှာ ပေါ်ထွက်လာတာဟာ ထို ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်သွားစေပါတယ်။
ကျင့်ကြံသူအများအပြားဟာ ထိုနေရာကို သွားရောက်ဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်။
” နတ်ဆိုးလေးက မရိုးသားဘူးဆိုပေမဲ့ သွေးထွက်သံယို အဖြစ်အပျက်တွေအတွက်တော့ တာ၀န်မရှိသေးပါဘူး .. သူ တခြားသူတွေကို လွန်လွန်ကျူ းကျူ းဆက်ဆံလာရင်လည်း တစ်ယောက်ယောက်က သွားတားလိုက်ပေါ့ ..။”
” မှန်တာပေါ့ .. ဒီ လူအိုကြီးက သူ့ကို အရင်ဆုံး သွားကယ်လိုက်မှာ ..။”
” ဟား … ဟား… ”
တစ်ချို့အင်ကြီးတိုင်းပြည်တွေက ကလန်ကြီးတွေဟာ အမှန်တကယ် ထွက်လာကြပါပြီ။ သူတို့တွေဟာ ဟင်းလင်းပြင် နတ်ဘုရားနယ်မြေမှာ ဟောင်ကြောင့် အကြီးအကျယ်ကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုကြီးတွေပါ။ ထို့ကြောင့်လည်း သူတို့ကလန်ထဲက ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသော ကျင့်ကြံသူတွေကို စေလွှတ်လိုက်ကြပါတယ်။ ဟောင်ရဲ့ သတင်းဟာ တစ်နှစ်ကျော်ကြာအောင် ပျောက်ကွယ်နေပေမဲ့ လက်ရှိမှာ ပြန်လည်ထွက်ပေါ်လာပြီ ဖြစ်တာကြောင့် သူတို့ရဲ့ အဖိုးတန် ပစ္စည်းတွေကို ပြန်လည်သိမ်းပိုက်ရယူကြတော့မှာပါ။
အပြင်ကမ္ဘာမှာ ဆူညံနေချိန်မှာပဲ နတ်နန်းကျောင်းတော်ကြီးကလည်း အေးဆေးတည်ငြိမ်စွာ နေနိုင်ကြတာ မဟုတ်ပါဘူး။
အကြီးအကဲ တစ်ချို့ဟာ သေလုမျောပါး စ်ိုးရိမ်ပူပန်နေကြပြီး လူအုပ်ကြီးကို ကြည့်ကာ ခေါင်းမူးလာခဲ့တယ်။ ထိုနေရာမှာ လူပေါင်း ၉,၀၀၀ နီးပါး ရှိနေတယ်။ သူတို့တွေအားလုံးကို တောင်ဘက်တံခါးကနေ ဘယ်လိုလုပ်ပြီး နတ်နန်းကျောင်းတော်ကြီးထဲကို စုဆောင်းသွားရမလဲ။
ထို ကိစ္စနဲ့ ပက်သတ်ပြီး သူတ်ုိ့တွေဟာ တာ၀န်အပြည့်အ၀ယူထားခဲ့ကြတာကြောင့် ကျောင်းတော်ကြီးရဲ့ ထိပ်တန်းအကြီးအကဲတွေက သူတို့ကို ဖြေရှင်းပေးကြဖို့ အမိန့်ထုတ်လိုက်တယ်။ လောလောဆယ်မှာ အကြီးအကဲတွေထဲက တစ်ချို့က အရမ်းကို စိတ်ဓာတ်ကျနေကြပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် တွေးမိနေကြတယ်။
လူ ရှစ်ယောက်ကနေ ကိုးထောင်အထိ တရိပ်ရိပ်တိုးလာတာကို စိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့ အကြီးအကဲတွေအားလုံး ရောက်ရှိနေတယ်။
” လူ အများကြီး ရှိနေတာပဲ ..။”
အကြီးအကဲ ရှောင်ဖိ်န်းဟာ တံတွေးတွေမြိုချလိုက်ပြီး ပြောလိုက်တယ်။ သို့သော် သူ့ရဲ့ စကားမဆုံးခင်မှာပဲ ကြားဖြတ်ပြောဆ်ိုခြင်း ခံလိုက်ရတယ်။
” ဒါက ပုံမှန်ပဲလေ .. ငါတို့ရဲ့ ကလေးတွေက ပါရမီရှင်တွေဟာ ..။”
ကလန်အကြီးအကဲတွေဟာ တစ်ပြိုင်တည်း ပြောလိုက်ကြတယ်။
” အကြီးအကဲတွေ .. သူ့ကို ကျေးဇူးပြုပြီး နားလည်ပေးပါ ..။”
အကြီးအကဲ ကျူ းရန်ဟာ စိတ်ဆင်းရဲသလိုဖြစ်နေတာကြောင့် လူတိုင်းကို ပြေပြေလည်လည် ဖြစ်စေချင်နေခဲ့တယ်။
” ငါတို့ ကလန်သားတွေက နတ်နန်းကျောင်းတော်ကြီးရဲ့ အခက်ခဲဆုံး စမ်းသပ်စစ်ဆေးခြင်းကို အောင်မြင်သွားကြပြီ .. သူတ်ုိ့ဟာ ကျောင်းတော်ထဲက အကောင်းဆုံး ကျင့်စဉ်တွေနဲ့ အဖိုးတန် နည်းစနစ်တွေကို သင်ယူနိုင်ကြလိမ့်မယ်လို့ ငါတော့ ယုံနေတယ်ဟေ့ .. ”
” အမှားအယွင်းဆ်ိုတာလည်း အချိန်တိုင်းရှိနေတာလေ .. ဒါကြောင့် မင်းတို့က အခွင့်ရေးမှန်သမျှ ရလာနိုင်တာမှ မဟုတ်တာ ..။”
ကျင့်ကြံသူတစ်ယောက်ရဲ့ စကားကြောင့် အကြီးအကဲရဲ့ မျက်နှာဟာ မည်းမှောင်သွားတယ်။
” နတ်နန်းကျောင်းတော်က မင်းတို့ရဲ့ စကားတွေကို အလေးထားနေမယ်ထင်လား .. မင်းတို့ကသာ ဒီနေ့ရဲ့ စစ်ဆေးမှုတွေက အရမ်းခက်ခဲတယ်လို့ ကိုယ့်ဘာသာပြောနေကြတာ .. မင်းတို့ကောင်တွေထဲက အတားအဆီးတွေကို အမှန်တကယ် ကျော်ဖြတ်နိုင်တဲ့သူတွေကိုပဲ သူတို့က တပည့်အဖြစ် လက်ခံကြမှာ .. မင်းရဲ့ စကားကို မင်းအာမခံရလိမ့်မယ် .. ဒီသတင်းသာ ထွက်လာရင်တော့ မင်းရဲ့ ဂုဏ်သတင်းက ပျက်စီးသွားရလိမ့်မယ် ..။”
အကြီးအကဲ တချို့ဟာ သူတို့ရဲ့ ပါးစပ်ကို ဖွင့်လိုက်ကြပေမဲ့ ချက်ချင်းပဲ ပြန်ပိတ်လိုက်တယ်။ သူတို့တွေဟာ သူတို့ကို ဘုကန့်လန့် လာပြောနေတဲ့ ကျင့်ကြံသူကို ဖမ်းဆီးပြီး သောက်ခွက်ကို အပျော်တမ်း ရိုက်ချင်စိတ်တွေ ပေါက်သွားပါတယ်။ သို့သော် ထို ကျင့်ကြံသူဟာ ပြဿ နာကောင်တစ်ကောင်ဖြစ်နေပုံ ရတယ်။ သူတ်ို့က ဘာဆက်လုပ်နိုင်ပါ့မလဲ။
” ကျင့်ကြံသူတွေ အချင်းချင်းပဲလေ .. ခင်ဗျားတို့တွေ ဒါကို ကြည့်လိုက်ရင် ကောင်းမယ် .. ဒါပေမဲ့ နည်းနည်းလောက်တော့ ဆွေးနွေးကြည့်ကြရအောင် ..။”
ကျောင်းတော်ကြီးက အကြီးအကဲတွေဟာ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ကလန်အကြီးအကဲတစ်ချို့ကို ဖိတ်ခေါ်လိုက်တယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သူတို့တွေဟာ ကျောင်းသား ၉,၀၀၀ လုံးကို နတ်နန်းကျောင်းတော်ထဲကို တစ်ချိန်တည်း ၀င်ရောက်ခွင့် မပေးနိုင်ကြပါဘူး။
ကျူ းလုအကယ်ဒမီကျောင်းတော်က စစနတ်ဘုရားမဟာလည်း စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်နေတယ်။ အင်အားကြီး တိုင်းပြည်တွေက စေလွှတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ နံရံကြီးတစ်ခုပေါ်မှာ ရှိနေကြတယ်။ သူတို့တွေဟာ နတ်ဆိုးလေးကို အသည်းအသန်ရှာဖွေနေချိန်မှာ အခုလိုမျိုး အဖြစ်အပျက်ပေါ်လာတာက သူတို့ကို ပျော်ရွှင်သွားစေတယ်။
°°°°°
အပြင်ဘက်ဒေသတွေဟာ မငြိမ်မသက်ဖြစ်နေချိန်မှာပဲ ဟောင်က ဒုတိယ တိုက်ပွဲမြေပြင်မှာ ရှိတဲ့ တောအုပ်ကြီးကို ဖြတ်သန်းနေခဲ့တယ်။ သူက လုံး၀ကို အလျှင်မလိုခဲ့ပါဘူး။
” ဒီနေရာကို ၀င်လာတဲ့ လူတော်တော်များများ ရှိနေတာပဲ .. တစ်ချို့ဆို အတော်လေး အားကောင်းတယ် ..။”
ဟောင်က ရေရွတ်လိုက်တယ်။ သူက ကျင့်ကြံသူဆယ်ယောက်ကျော်ကို တွေ့ခဲ့ရတာကြောင့် သူတို့ထဲက တော်တော်များများက အတော်လေး စွမ်းအားကြီးပါတယ်။ သူတို့ဟာ အသက်ကြီးလွန်းနေပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက မီးလျှံတွင်းနက်အများကြီးကို တည်ဆောက်ထားနိုင်ခဲ့ကြတယ်။
ဟောင်က ဒုတိယ တိုက်ပွဲမြေပြင်မှာ ဝှက်ထားတဲ့ ကျောက်ပြားကို ရှာဖွေဖို့အတွက် တောထူထူထဲကို ပြေး၀င်သွားပါတယ်။
ရုတ်တရက်ဆိုသလို သွေးညှီနံ့ တစ်ခုဟာ သူ့ရဲ့ နှာခေါင်းထဲကို တိုး၀င်လာတာကြောင့် ဟောင် ရင်ထိတ်သွားတယ်။ သူ့ရဲ့ ရှေ့က ရေတံခွန် ပတ်၀န်းကျင်တစ်ခုလုံးက သွေးစွန်းနေခဲ့တယ်။ ခေါင်းတစ်ခုလုံး ကွဲကြေကာ သေဆုံးနေတဲ့ အသက် ၁၅ နှစ် ၁၆နှစ် အရွယ်လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေခဲ့ပါတယ်။
ဟောင်က ရပ်တန့်လိုက်ပြီး ရှေ့ဆက်မသွားတော့ပါဘူး။ ရေကို ဆင့်ခေါ်နိုင်စွမ်းရှိတဲ့ မိုးနဂါးလို ကြောက်မက်ဖက်ရာ ကောင်းတဲ့ သားရိုင်းကောင်တစ်ချို့က ရေတံခွန်နောက်မှာ ပုန်းအောင်းနေတယ်လို့ သူခံစားမိနေပါတယ်။
တစ်နာရီခန့်အကြာမှာတော့ ဟောင်က ရွံ့နွံတော နေရာကို ရောက်ရှိလာပြီး ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုရဲ့ ခြေရာလက်ရာတွေကို တွေ့ရှိခဲ့တယ်။ ထိုနေရာမှာလည်း ပြန့်ကျဲနေတဲ့ မိကျောင်းအသေကောင်တွေ ရှိနေတယ်။ သူတို့ဟာ မီတာရှစ်ဆယ်ကျော်လောက် ရှည်လျှားတာကြောင့် မယုံနိုင်လောက်အောင် ထိတ်လန့်စရာကောင်းနေတယ်။
” အသေကောင်တွေကို ကြည့်ရတာ .. တိုက်ပွဲကတော့ ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး .. အဟေ့ .. အဟေ့ ..။”
ဟောင်က ပုခုံးတွန့်လိုက်တယ်။
” အူး … ”
ကျယ်လောင်လွန်းတဲ့ အော်ဟစ်သံတစ်ခုဟာ ရုတ်တရက်ပေါ်လာပြီး မြေပြိုကျသလို ရွံ့နွံတွေ ပေါက်ကွဲထွက်လာတယ်။ ထို အနီးတဝိုက်မှာ ရှိနေတဲ့ ကျောက်တုံးတွေဟာလည်း ကောင်းကင်ထက်ကို ပျံတက်သွားကြတယ်။
“နောက်ထပ်တစ်ကောင် ရှိနေသေးတယ် .!”
ဟောင်က တုန်လှုပ်သွားတယ်။ ထိုနေရာမှာ သားရိုင်းကောင်တစ်ကောင်ထက်မက ရှိနေခဲ့တယ်။ ထိုဟာက ပိုအားကောင်းတဲ့ မီတာ ၁၀၀ကျော် မိကျောင်းကြီး တစ်ကောင်ဖြစ်တယ်။
***