သုခကမ္ဘာက ရှီဟောင် - Chapter - 182 ခိုးဆိုးလုနှိုက်
Chapter – 182 ခိုးဆိုးလုနှိုက်
မိကျောင်းကြီးရဲ့ ခန္ဓာကိုယ်ဟာ ငွေရောင်အကြေးခွံတွေ ဖုံးလွှမ်းနေပြီး အေးစက်တဲ့အော်ရာတွေဖြာထွက်နေတယ်။ သူဟာ ရွံ့နွံတောထဲကနေ ဟောင်ဆီကို ဦးတည်၀င်ရောက်လာပါပြီ။
” ရှစ် ..။”
မိကျောင်းကြီးဟာ သူ့ရဲ့ ညှီနံ့တွေ လှိုင်နေတဲ့ ပါးစပ်ကြီးကို ဟပြီး ဟောင်ကို တိုက်ခိုက်လိုက်တယ်။ သူ့ရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ သွားတွေဟာ ရှေးဟောင်းသစ်ပင်ကြီးတွေကို ချက်ချင်းပဲ ပြိုလဲသွားစေခဲ့တယ်။
” ဟူးလား ..။”
ရှေးဟောင်းမိကျောင်းကြီးဟာ သူ့ပါးစပ်နဲ့ ဟပ်ပြီး တိုက်ခိုက်မှုက လွဲချော်သွားတာကြောင့် သူ့ရဲ့ ၁၀မီတာရှည်တဲ့ ခြေသည်းနဲ့ ချက်ချင်းကုတ်ဆွဲလိုက်ပြန်တယ်။ စွမ်းအားသင်္ကေတတွေဟာ သူတို့ ပတ်၀န်းကျင်တစ်ခုလုံး တလက်လက် တောက်ပနေခဲ့တယ်။
ဟောင်ကလည်း လေထဲကို ခုန်ပျံတက်ရောက်လိုက်ပြီး မိကျောင်းကြီးရဲ့ ခြေသည်းတွေကို ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။ သူတို့နှစ်ယောက်စလုံးဟာ လောကကို ထိတ်လန့်သွားစေနိုင်တဲ့ အရှင်သခင်အဆင့် ခွန်အားတွေကို ပိုင်ဆိုင်ထားတာကြောင့် နှစ်ယောက်စလုံး နောက်ပြန်ဆုတ်သွားခဲ့တယ်။
ရှေးခေတ်ဟောင်း မိကျောင်းက တုန်လှုပ်သွားတယ်။ ထို လူသားလေးဟာ အရမ်းကို သေးငယ်လှပေမဲ့လည်း သူ့ရဲ့ မီတာ ၁၀၀ ရှည်လျားတဲ့ ခန္ဓာကိုယ်ကို တွန်းလှန်နိုင်တဲ့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတွေကို တနည်းနည်းနဲ့ ပိုင်ဆိုင်ထားပါတယ်။ လူသားတစ်ယောက်အနေနဲ့ ထိုအဆင့်ကို ရောက်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ကျင့်ကြံမှုတွေ ရှိရမှာပါ။
ဟောင်က သူ့ရဲ့ လက်ချောင်းဆယ်ချောင်းလုံးကို ဆန့်ထုတ်လိုက်ချိန်မှာ ရွှေရောင်လျှပ်စီးအလင်းတန်းဆယ်ခုဟာ မိကျောင်းကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို ပေါက်ကွဲသွားစေတယ်။ ထို အစက်အပြောက်တွေဟာ အမည်းရောင်ပြောင်းသွားပြီး မိကျောင်းကြီးရဲ့ အကြေးခွံတွေကို ပြုတ်ထွက်သွားစေတယ်။ သူ့ရဲ့ သွေးတွေဟာ အသားအပိုင်းအစတွေကနေ ထွက်ကျလာခဲ့တယ်။
ရှေးခေတ်ဟောင်း မိကျောင်းကြီးဟာ ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်။ ဟောင်ကတော့ မားမားမတ်မတ် မတ်တပ်ရပ်နေခဲ့တယိ။ တစ်ချိန်တည်းပဲ တခြားသော မိကျောင်းကြီးတစ်ကောင်ဟာ ထပ်မံပေါ်ထွက်လာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က အမှတ်အသားတွေဟာ ချက်ချင်းတောက်ပလာပြီး ဟောင်က်ို တိုက်ခိုက်လာတယ်။
ဟောင်က မျက်မှောင်ကြုတ်လိုက်တယ်။ သူဟာ ထိုကဲ့သို့သော အဓိပ္ပါယ်ကင်းမဲ့တဲ့ တိုက်ပွဲကို မတိုက်ချင်တာကြောင့် လှည့်ပြီး ထွက်ပြေးသွားတယ်။ သို့သော် သားရိုင်းကောင်ကြီး နှစ်ကောင်က သူ့က်ို အလွှတ်မပေးပဲ သက်တမ်းရင့် သစ်ပင်ကြီးတွေကြားကနေ တ်ိုးဝှေ့ပြီး ဟောင်ရဲ့ နောက်ကို တရကြမ်းလိုက်ဖမ်းလာတယ်။
” အူး … ”
” ဝေါင်း ..။”
ကျားကြီးတစ်ကောင်ရဲ့ ရုတ်တရက်ဟိန်းဟောက်သံဟာ တောင်တန်းတစ်ခုလုံးကို တုန်ခါလျှက် ထွက်ပေါ်လာတယ်။ ဟောင်က သူ့ရဲ့ ဆံပင်တွေ ထောင်ထသွားတဲ့အထိ ထိတ်လန့်တုန်လှုပ်သွားစေတယ်။ သူက သိပ်မကြာခင်တုန်းက တောင်ကုန်းတစ်ခုရဲ့ ထိပ်ကို ခြေတစ်ချက်တည်းနဲ့ ဆောင့်ပြီး နှင်းချေလိုက်နိုင်တဲ့ အနက်ရောင် ကျားကြီးကို ပြန်စဉ်းစားမိလိုက်တယ်။
ဟောင်က ရပ်ဖို့ နည်းနည်းလေးမှ စိတ်မကူးပဲ အရမ်းမြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ထွက်ပြေးသွားခဲ့တယ်။
သို့သော် ထို ဒဏ်ရာရနေတဲ့ မိကျောင်းသားရိုင်းကောင်ကြီးရဲ့ မျက်စိကနေတော့ မလွှတ်မြောက်သေးပါဘူး။ သူက ဟောင်ကို ဆက်ပြီးတော့ လိုက်လံဖမ်းဆီးနေခဲ့တယ်။ တခြား မိကျောင်းသားရဲကောင်ကြီးတစ်ကောင်ကတော့ အနက်ရောင် ကျားကြီးရဲ့ ဟိန်းဟောက်သံကို ကြားလိုက်ချိန်မှာ ချက်ချင်းပဲ ရွံ့နွံတောထဲ တိုး၀င်သွားတယ်။
သစ်တောကြီးတစ်ခုလုံးက ယိမ်းထိုးနေပြီး သစ်ပင်တစ်ပင်ဟာ ပြိုလဲသွားတယ်။ ကျောက်တုံးကြီးတစ်တုံးဟာ လေထဲမှာ လွှင့်ပျံလာပြီး သားရိုင်းကောင်တွေ အများကြီးပေါ်ထွက်လာခဲ့တယ်။ ထို သားရဲပေါင်းတစ်ရာကျော်ထဲက တစ်ကောင်တစ်လေတောင်ကို ဟောင်ကို လိုက်လံဖမ်းဆီးရုံနဲ့ ဒုတိယတိုက်ပွဲနယ်မြေတစ်ခုလုံး ပြောင်းပြန်လှန်သွားနိုင်တယ်။
” ဖောင်း …။”
တောက်ပလွန်းတဲ့ အရာတစ်ခုဟာ ရုတ်ချဉ်း ဘေးဘက်ကနေ ထွက်ပေါ်လာတယ်။ ထိုအရာက အင်အားကြီးမားလှတဲ့ စစ်ဝိညာဉ်လို သူ့ရဲ့ အော်ရာတွေဟာ ဟောင်ကို မယုံကြည်နိုင်လောက်အောင် ဖိအားပေးနိုင်ကြောင့် သူက လက်တွေကို ဆန့်ထုတ်ပြီး တန်ပြန်တိုက်ခိုက်လိုက်တယ်။
” ဟူးလား …။”
ဟောင်ရဲ့ လက်ဝေ့ရမ်းကာကွယ်လိုက်မှုကြောင့် ငွေရောင်ကြိတ်ဆုံကြီးက ပေါ်ထွက်လာပြီး အလင်းတန်းတွေ တိုးထွက်လာတယ်။ ထိုအခါ တောင်တန်းဒေသတစ်ခုလုံး တုန်လှုပ်သွားပြီး ရှေးခေတ်ဟောင်း သစ်ပင်တွေဟာ ပြိုလဲသွားခဲ့ကြတယ်။ ထောင်ပေါင်းများစွာသော ကျောက်တုံးတွေဟာလည်း အပိုင်းအစလေးတွေအဖြစ် ပြောင်းလဲသွားတယ်။
ထိုကဲ့သို့ ကြောက်စရာကောင်းတဲ့ မြင်ကွင်းဟာ ဟောင်ကိုတောင် ထိတ်လန့်တုန်လှုပ်သွားစေတယ်။ ထိုနေရာကနေ သားရိုင်းကောင်တွေရဲ့ လက်မှ လွှတ်ထွက်သွားနိုင်သူတွေဟာ အမှန်ပင် ထူးခြားပါလိမ့်မယ်။ ထို လူသားကိုလည်း သေချာပေါက် ကြောက်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ခံရမှာပါ။
ဟောင်က နည်းနည်းလေးတောင် ခေါင်းငဲ့မကြည့်ပဲ ဖနှောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးနေခဲ့တယ်။ သူ့ရဲ့ ငွေရောင် စွမ်းအားသင်္ကေတတွေကို အသုံးပြုပြီးနောက်မှာတော့ သူက သစ်တောစွန်း တစ်ဖက်ကို ခုန်ချသွားတယ်။
သူ့နောက်က သားရိုင်းကောင်တွေဟာ ကြောင်အမ်းအမ်းဖြစ်သွားကြတယ်။ လေတိုက်သလို ပြေးထွက်သွားတဲ့ ဟောင်ကြောင့်လည်း ထိတ်လန့်တုန်လှုပ်သွားကြတယ်။
ဟောင်က မရပ်တန့်ခဲ့ပါဘူး။ သူ့ရဲ့ ခြေထောက်အောက်မှာ စွမ်းအားသင်္ကေတတွေ တောက်ပနေပြီး ငွေရောင်အော်ရာတွေဟာ မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ မျက်စိတမှိတ် အချိန်လေးအတွင်းမှာပဲ ဟောင်က ထွက်ပြေးဖို့ နောက်ထပ် လမ်းကြောင်းတစ်ခုပေါ် ကျရောက်သွားတယ်။
ဟူး …
တောင်တန်းတွေရဲ့ နက်ရှိုင်းသော အတွင်းပိုင်းထဲက ကောင်းကင်ကို တုန်ခါစေနိုင်တဲ့ အသံတွေ ပေါ်ထွက်လာတယ်။ အရမ်းကို ကြီးမားတဲ့ အနက်ရောင် ကျားကြီးဟာ အမြန်ဆန်ဆုံး နှုန်းနဲ့ ပြေးလွှားလာခဲ့ပြီး ခြေတစ်လှမ်းချလိုက်တိုင်း မြေပြင်ဟာ ကွဲအက်လို့ သွားခဲ့တယ်။ သူ့ရဲ့ လမ်းကြောင်းမှာ ကာဆီးနေတဲ့ တောင်ကုန်းငယ်နှစ်ခုရှိနေပေမဲ့လည်း သူ့ရဲ့ ခြေသည်းတွေအောက်မှာ အမှုန်ု့ဖြစ်သွားတယ်။
ရှေးခေတ်ဟောင်း မိကျောင်းကြီးဟာ တုန်ခါသွားတယ်။ သူဟာ ကြီးမားလှတဲ့ သားရိုင်းကောင်ကြီး ဆယ်ကောင်ကို အလစ်အငိုက်ဖမ်းတိုက်ခိုက်နိုင်ဖို့ ပြင်ဆင်နေရာမှ ငြိမ်သက်သွားခဲ့တယ်။
အနက်ရောင်ကျားကြီးက ပေါ်ထွက်လာခဲ့ပါပြီ။ သူဟာ အရာရာကို အပေါ်ကနေ စီးမိုးကြည့်သလို ခေါင်းကို အနည်းငယ်ငုံ့ကြည့်လိုက်တယ်။ ထို့နောက် သူက အသက်ကို ပြင်းပြင်းရှူ သွင်းလိုက်ချိန်မှာ အနက်ရောင်စွမ်းအားတွေ ဖြစ်ပေါ်လာပြီး သားရိုင်းကောင် ဆယ်ကောင်လုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ သူဟာ ချက်ချင်းပဲ ပြန်မလှည့်သွားခင်မှာ မိကျောင်းကြီးကို ရွံရှာတဲ့ အကြည့်တွေနဲ့ ကြည့်သွားတယ်။
သားရိုင်းကောင်ဆယ်ကောင်ကျော်ဟာ မြေပြင်ပေါ်မှာ အသားအပိုင်းအစတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ သူတို့ရဲ့ သွေးတွေဟာ မြစ်ငယ်တစ်ခုအလား အဆက်မပြတ် ယိုစီးနေခဲ့တယ်။ ရှေးခေတ်ဟောင်း မိကျေင်းလည်း အနက်ရောင် ကျားကြီးရဲ့ ရက်ရောမှုကို လက်ခံပြီး အဝေးကြီးကို ထွက်ပြေးသွားတယ်။
နောက်ဆုံးမှာတော့ ဟောင်က ကျောက်ပြားတစ်ချပ်ဟာ ရေငွေ့ပျံသလို အလင်းရောင်ကြားက မြူ ဆိုင်းလေထုထဲမှာ တွေ့လိုက်ရတယ်။ ထိုအရာက ဟောင် ရောက်ရှိသွားတာနဲ့ တပြိုင်နက် အလင်းရောင် တစ်ချက်လက်သွားပြီး သူ့ရဲ့ လက်အတွင်းကို အနက်ရောင် ကျောက်တုံးတစ်တုံး ကျရောက်လာခဲ့တယ်။
ကျောက်ပြားပေါ်မှာ စာနှစ်ကြောင်း ရှိနေတယ်။
” နတ်နန်းကျောက်တုံး နှစ်တုံး ရရှိသူဟာ ကျောင်းတော် ၀င်ခွင့် ရရှိပြီး ဆယ်တုံးနဲ့အထက် ရရှိသူများက ဂရုတစိုက် ပညာသင်ပေးခြင်း ခံရမည် ..။”
” ငါ့မှာ တစ်ခု ရှိနေပြီ .. ဒါက ငါ့ကို ရွေးချယ်လိုက်တာ ဖြစ်မယ် ..။” ဟောင်က ပြောလိုက်တယ်။
ထိုအရာက ဘာကိုဆိုလိုသလဲဆိုတာကို ဟောင် သဘောပေါက်သွားတယ်။ နတ်နန်းကျောက်တုံးဟာ ထိုနေရာမှာရှိနေပြီး ကျောက်ပြားကြီးကို ရှာဖွေနေကြတဲ့ ကျင့်ကြံသူတွေအတွက်ဖြစ်တယ်။ ထိုအချိန်မှာ ဟောင်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အတွက် ဆန်းစစ်မှုတွေ ပြုလုပ်ပါတော့တယ်။
သို့သော် ကျောက်ပြားကြီးဟာ သာမန်မဟုတ်ပါဘူး။ ထိုအရာက ရောင်စုံအလင်းတန်းတွေ ဖြာထွက်လာပြီး မြေအောက်မှာ သူ့ကိုယ်သူ ဖုံးကွယ်လိုက်ပြီး အဝေးကြီးကို ပျံသန်းသွားတယ်။
” ဒီ ကျောက်ပြားက ကျင့်ကြံသူတွေကို အေးအေးဆေးဆေး မနေခိုင်းချင်ပုံပဲ .. တောထဲတောင်ထဲမှာ တိုက်ခိုက်ပြီး တစ်ယောက်ကို တစ်ယောက် လိုက်ရှာဖို့ လုပ်သွားတာ .. သောက်လခွမ်း ..။”
ဟောင်ရဲ့ နှလုံးသားထဲကပါ တုန်လှုပ်သွားတယ်။ ပါရမီရှင်တပည့်တစ်ယောက်ဖြစ်လာဖို့ဟာ အရမ်းကို ခက်ခဲပါတယ်။ ဒုတိယ တိုက်ပွဲနယ်မြေမှာ စည်းမျဉ်းစည်းကမ်းတွေ မရှိပါဘူး။ ထို့ကြောင့် နတ်နန်းကျောက်တုံးတွေကို လုယက်ခိုးယူရတာဟာ အရမ်းကို အန္တရာယ်များပါလိမ့်မယ်။ ထိုနေရာမှာ လူသားတွေရဲ့ အသက်ရှင်သန်ရေးဟာ တကယ်ကို ရှုပ်ထွေးလှတယ်။
အံ့သြစရာတော့လည်း မဟုတ်ပါဘူး။ ဟောင်က နတ်နန်းကျောက်တုံးတွေကို တကယ်လိုချင်နေတယ်။
” ဒုတိယတိုက်ပွဲနယ်မြေမှာ ပါရမီရှင်တွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ငါ မသိနိုင်ဘူး ..။”
ဟောင်က စိတ်လှုပ်ရှားမှု ကင်းမဲ့သွားတယ်။ သူဟာ တောအုပ်ကို ဖြတ်ပြီး တခြားသူတွေရဲ့ ခြေရာလက်ရာတွေကို စတင်ရှာဖွေလိုက်တယ်။
သူဟာ တောအုပ်ပေါင်း တစ်သန်းကျော်ကို ဖြတ်သန်းပြီးမှ ရောက်ရှိလာသူဖြစ်ပါတယ်။ ထို့ကြောင့် ဒုတိယတိုက်ပွဲနယ်မြေထဲက တခြားသူတွေထက် ကောင်းမွန်လွန်းတဲ့ အတွေ့အကြုံတွေ ရှိနေတယ်။ သူသာ အမျော်အမြင် ကြီးကြီးနဲ့ သတိထားရင် ကြောက်စရာကောင်းသူတစ်ယောက်ဖြစ်လာမှာပါ။
“ တစ် … နှစ်…”
ဟောင်က ဂရုတစိုက် ရေတွက်လိုက်တယ်။ လေးနာရီကြာပြီးတဲ့နောက်မှာတော့ သူဟာလူခြောက်ဆယ်ခုနစ်ယောက်ကို တွေ့ခဲ့ရတယ်။ သူ့ရဲ့ ခန့်မှန်းချက်တွေအရ ထိုတောင်တန်းအတွင်းမှာ အနည်းဆုံးပါရမီရှင်တစ်ရာလောက် ရှိနေပါတယ်။
” ငါ့ကို ခုနတုန်းက အလစ်တိုက်သွားတဲ့ ခွေးမအမြှီးအောက်က ကောင်ဟာ အတော်လေးတော့ သန်မာသားပဲ .. သူ ပုန်းနေတဲ့ နေရာကို ငါ ရှာလို့မတွေ့ဘူး ..။”
ဟောင်က သူ့ကိုသူ သတိပေးလိုက်တယ်။
ထို့နောက် သူဟာ ထိုအရာများကို ဂရုမစိုက်တော့သကဲ့သို့တောင်တန်းရဲ့ နက်ရှိုင်းသော အတွင်းပိုင်းကို ဦးတည်သွားလိုက်တယ်။ ကြီးမားသောအနက်ရောင်ကျားကြီးကို တွေ့ပြီးတဲ့နောက်မှတော့ တောင်တွေအတွင်းမှာ ဝှက်ထားတဲ့ တခြားအဖိုးတန်တဲ့ အရာတွေရှိနိုင်တယ်လို့ သူ ခံစားမိနေတယ်။
အစွမ်းထက်တဲ့ သားရဲတွေရဲ့ အနားမှာ ဝိညာဉ်သားရဲ တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးလောက် ရှိနေတတ်တယ်။ ထိုဟာက ကြီးမားပြီး ကျယ်ပြန့်လွန်းတဲ့ တောအုပ်ပေါင်း တစ်သန်းကျော်ကို ဖြတ်သန်းရာမှ ရရှိလာတဲ့ ဟောင်ရဲ့ အတွေအကြုံကြောင့်ပါပဲ။
သူ့ရဲ့ ခရီးလမ်းကြောင်းတစ်လျှောက် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရတယ်။ ပြောရရင် ရေခဲတွေက်ို ဆင့်ခေါ်နိင်စွမ်းရှိတဲ့ နဂါးတစ်ကောင်ရဲ့ ကာကွယ်မှုအောက်က ဝိညာဉ်ဆေးပင်ကို သွားခိုးခဲ့တဲ့အတွက် သူနဲ့ ချင်ဖန်းတို့ဟာ နှစ်ရက်နဲ့ နှစ်ည တိုင်တိုင် ခွေးပြေး ၀က်ပြေး ပြေးခဲ့ရတယ်။ ထို့နောက်မှာတော့ သူတို့ဟာ ထိုကဲ့သို့သော လုပ်ရပ်မျိးကို ယောင်လို့တောင် မလုပ်မိအောင် မှတ်သွားကြတယ်။
လက်ရှိမှာတော့ နတ်နန်းကျောင်းတော်ကြီးရဲ့ စမ်းသပ်စစ်ဆးခြင်း နယ်မြေထဲကို ရောက်ရှိနေတာပါ။ အနက်ရောင် ကျားကြီး ရှိနေတာကလည်း ကိစ္စကြီးတစ်ခုလို့ ဟောင်က မထင်ထားပါဘူး။ ပြီးတော့ စစ်ဆေးခြင်းနယ်မြေတစ်ခုလုံးကို ကြီးမြတ်သော အရှိန်အဝါတစ်ခုက ဖိနှိပ်ထားတယ်လို့ ခံစားနေရတယ်။
တောင်တန်းတွေရဲ့ နက်နဲသော အတွင်းမှာ အခိုးအငွေ့တွေ ရှ်ိနေတယ်။ ရှေးဟောင်း သက်တမ်းရင့် သစ်ပင်တွေနဲ့ အပြိုင်းအရိုင်းပေါက်ရောက်နေတဲ့ သစ်တောကြီးတွေအပြင် ကြီးမားလွန်းတဲ့ ကျောက်တုံးတွေကြောင့် စိတ်ရှုပ်ထွေးမှုတွေ ဖြစ်လာစေတယ်။
ဟောင်ဟာ မြက်ပင်တွေ မရှိတဲ့ ကုန်းမြေမြင့်အထိ ချဉ်းကပ်လာတယ်။ ထိုနေရာက အနက်ရောင်အခိုးအငွေ့တွေနဲ့ ပြည့်နှက်နေတာကြောင့် ပျော့ပြောင်းလွန်းတဲ့ အော်ရာတွေကို ကြည့်ပြီး အံ့သြသွားတယ်။ ထိုဟာကို ကြည့်လိုက်ရုံနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတစ်ကောင်ရဲ့ အသိုက်အမြုံဆိုတာကို ချက်ချင်းပဲ သိနိုင်ပါတယ်။
ဟောင်က သတိရှိရှိနဲ့ ချဉ်းကပ်လာခဲ့ပါတယ်။ ဒီလိုမှမဟုတ်ရင် သူဟာ ဒီနေရာမှာပဲ အသက်ပေးဆပ်ရပါလိမ့်မယ်။ သူက တဖြည်းဖြည်းပဲ အတွင်းပိုင်းထဲကို စမ်းတဝါးဝါး ၀င်ရောက်သွားတယ်။ သူက သူ့ရဲ့ အသက်ကိုတော့ အလာဟသ ဆုံးရှုံးမခံနိုင်ပါဘူး။
မြေကြီးက ခြောက်သွေ့နေသလ်ို ကြမ်းလည်းကြမ်းတမ်းနေတယ်။ သူ ဖြတ်ပြီး လျှောက်လှမ်းလာတဲ့ ကျောက်တုံးတွေကလည်း ရှင်းရှင်လင်းလင်း ရှိမနေပါဘူး။
နောက်ဆုံးမှာတော့ သူဟာ ကြီးမားပြီး နက်မှောင်နေတဲ့ ဂူတစ်ဂူ ရှေ့က်ို ရောက်လာခဲ့တယ်။ ဂူ အတွင်းပိုင်းကနေ နတ်ဆိုးအော်ရာတွေဟာ ထွက်ပေါ်နေတယ်။ ထိုဟာက အနက်ရောင်ကျားကြီးရဲ့ တကယ့် အသိုက်အမြုံဆိုတာ သေချာသွားခဲ့တယ်။
” အဖိုးတန် ဆေးဝါးတွေ တကယ် ရှိနေလောက်တယ် …။”
ဟောင်လေးက အရမ်းက်ိုအံ့သြသွားတယ်။လိုဏ်ဂူဝင်ပေါက်အနီးမှာ အနက်ရောင်အလင်းရောင်အစက်အပြောက်တွေ ထွက်ပေါ်နေတဲ့ မျက်စိ ပဒါသဖြစ်စေသော အပင်တစ်ပင်ရှိနေတယ်။
ထိုနယ်မြေတစ်ခုလုံးမှာမှ အနက်ရောင်ကျားကြီးရဲ့ ဂူအနားမှာ ရှင်သန်ကြီးထွားလာတဲ့ တစ်ခုတည်းသော ဆေးပင်ဖြစ်နေခဲ့တယ်။ ပြောရရင် ထိုဆေးပင်ကို ကြည့်လိုက်တာနဲ့ မျက်လုံးက်ို အေးသွားစေတယ်။ ဆေးပင်က အရမ်းလည်း မရှည်ပါဘူး။
” အနက်ရောင် နတ်ဆိုး ကြာပန်း …။
***