သုခကမ္ဘာက ရှီဟောင် - Chapter - 185 သူခိုးလက်က သူဝှက် လု
Chapter – 185 သူခိုးလက်က သူဝှက် လု
တိတ်ဆိတ်ငြိမ်သက်နေတဲ့ သစ်တောကြီးဟာ နောက်တစ်ကြိမ် မငြိမ်မသက်ဖြစ်လာခဲ့တယ်။ ထိုအချိန်မှာတော့ သားရဲဘုရင်ကြီးကြောင့် ဖြစ်လာတာဖြစ်တယ်။ သူ့ရဲ့ ခြေသည်းတွေဟာ မြေကြီးထဲစိုက်၀င်သွားတာနဲ့ မြေပြင်တစ်ခုလုံးက တုန်ခါသွားပြီး ကောင်းကင်ကို လွှင့်ပျံသွားတယ်။
” ချီးတဲ့မှပဲ .. ငါ ဒီလို ဖြစ်မယ်ဆိုတာသာ ကြိုသိရင် ငါ့ကို သတ်မယ်ဆိုရင်တောင် ဒုတိယအဆင့် တိုက်ပွဲ နယ်မြေထဲကို ၀င်လာမှာ မဟုတ်ဘူး .. ဒီ စမ်းသပ်စစ်ဆေးခြင်းက ငါတုိ့အတွက် ပြင်ဆင်ထားတာတောင် တကယ်ကြီးဟုတ်ရဲ့လား ..။”
ဒုတိယအဆင့်နယ်မြေထဲ ရောက်ရှိနေတဲ့ ပါရမီရှင်တွေအားလုံးဟာ သူ့တို့ရဲ့ ဦးရေပြားတွေ ထုံထိုင်းသွားသလို ခံစားရတယ်။ သူတို့ဟာ အကူအညီမဲ့စွာ တုန်လှုပ်သွားကြပြီး ပူန်းအောင်းလိုက်ကြတယ်။ ထိုတိုက်ပွဲနယ်မြေဟာ ငရဲသတ်ကွင်းတစ်ခုလို ဖြစ်လာမှာကို သိလိုက်ပါတယ်။
ဟောင်က လုံလောက်အောင် ဝေးကွာတဲ့နေရာအထိ ပြေးသွားခဲ့ပြီး ရေကန်ကြီးတစ်ကန်ထဲကို ခုန်ချလိုက်တယ်။ ထိုအခါမှာ သူ့ရဲ့ အော်ရာတွေဟာ ပျောက်ကွယ်သွားပြီး ရေကန်အောက်ပိုင်းကို ရေစီးနဲ့ မျောပါသွားခဲ့တယ်။
ပြီးတော့ ဟောင်က မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ရဲ့ နက်ရှိုင်းတဲ့ ကျင့်ကြံခြင်းထဲကို အာရုံနစ်လိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့စွမ်းအားအသစ်တွေဟာ နောက်တစ်ဆင့်ကို ချိုးဖြတ်ဖို့အတွက် ပြင်ဆင်နေပါတယ်။
ပြောရရင် ဟောင်က လွန်ခဲ့တဲ့ နှစ်တွေထဲက နောက်တစ်ဆင့်ကို တက်ရောက်လာနိုင်ပေမဲ့ အခြေခံခိုင်မာမှုရှိစေဖို့အတွက် အမတေစွမ်းအားတွေကို များများစုဆောင်းထားချင်ခဲ့တယ်။
အနက်ရောင် နတ်ဆိုး ကြာပန်းဟာ ဟောင် အမှန်တကယ်လိုအပ်နေတဲ့ အရာတစ်ခုဖြစ်ပြီး သူ့ရဲ့ အစွမ်းသတ္တိကလည်း အရမ်းကို ထက်မြက်တယ်။ ထိုအရာက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အနက်ရောင်မီးတောက်တွေအဖြစ် လောင်ကျွမ်းသွားတယ်။ ထိုဟာ ဟောင်ရဲ့ အရိုး၊အသားနဲ့ ကြွက်သားတွေကို သာမက ဆဲလ်တစ်ခုချင်းကိုပါ သန့်စင်ပေးခဲ့တယ်။
နောက်ဆုံးမှာ ဟောင်ရဲ့ မျက်လုံးနှစ်လုံးစလုံးက ပြန်ပွင့်လာခဲ့တယ်။ သူ့ရဲ့ မျက်လုံးထဲကနေ အနက်ရောင်အလင်းတန်းတွေဟာ တိုးထွက်လာတယ်။ ဟောင်က ရေထဲကနေ ခုန်ထွက်လိုက်ပြီး မီတာတော်တော်များများ အကွာအဝေးထိ ရောက်သွားတယ်။ သူ့ရဲ့ ခြေထောက်အောက်ကနေ မီးလျှံတွေဟာ ဗလုံစီကာ ထွက်ပေါ်လာတယ်။
ထိုအချိန်မှာတော့ ဟောင်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ခြောက်ခုမြောက် မီးလျှံတွင်းနက် ကောင်းကင်သွေးကြောကို ဖွင့်လှစ်နိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းအားတွေဟာ တခြားအဆင့်တစ်ခုထိ ထပ်ပြီး မြှင့်တက်လာခဲ့တယ်။
ထို မီးလျှံတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လောင်မြိုက်နေချိန်မှာပဲ အနှစ်သာရစွမ်းအားတွေကလည်း တရိပ်ရိပ်တိုးတက်လာတယ်။ ထိုအရာက သူ့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေပုံရပြီး ထွက်ပေါ်လာတဲ့ စွမ်းအားသင်္ကေတတွေဟာ ကောင်းကင်နဲ့ မြေကြီးကိုပါ ပြိုကွဲစေနိုင်စွမ်းရှိနေတယ်။
ဟောင်က တစ်ညလုံး မလှုပ်မယှက်ထိုင်နေခဲ့ပြီး စွမ်းအားသင်္ကေတွေရဲ့ ထူးခြားဆန်းကြယ်မှုကို ထိုးထွင်းသိမြင်လာတာနဲ့ အမျှ စွမ်းအားအသစ်တစ်ခုက်ို နားလည်လာခဲ့တယ်။ နောက်တစ်နေ့ မနက်စောစောမှာပဲ ဟောင်ရဲ့ မျက်လုံးတွေဟာ ပွင့်လာခဲ့တယ်။
” ရွှစ် …။”
ဟောင်ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံနေတဲ့ တောက်ပတဲ့ မီးလျှံတွေဟာ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့တယ်။
” ဟူး … !”
ဟောင်က ရေထဲက ထွက်ခွာသွားတာနဲ့ ထိုနေရာမှာ ရေဂလိုဏ်ကြီးတစ်ခုဖြစ်ကျန်ခဲ့တယ်။ သူဟာ ကြီးမားလှတဲ့ ရေကန်ကြီးဆီက အဝေးကို ရောက်ရှိသွားပါတယ်။
မနက်ခင်းနေရောင်ခြည်တွေဟာ တောက်ပစွာ ထွန်းလင်းလာခဲ့ပြီး နွေးနွေးထွေးထွေးဖြစ်လာတယ်။ ဟောင်က အားအင်တွေ ပြည့်နှက်နေပြီး စိတ်ကြည်လင်လန်းဆန်းနေတယ်။ သူ့ရဲ့ ဆဌမမြောက် ကောင်းကင်သွေးကြောကို ဖွင့်လိုက်နိုင်တဲ့အခါမှာ သူ့ဆီမှာ မကုန်နိုင်လောက်တဲ့ ခွန်အားတွေရရှိသွားသလို အရမ်းကို အစွမ်းထက်လာတယ်။
ဟောင်က ကျောက်ခေတ်ကျေးရွာကနေ ထွက်ခွာလာပြီးနောက် နတ်နန်းကျောင်းတော်ကြီးဆီကို မရောက်လာခင် တစ်နှစ်နီးပါးအတွင်းမှာပဲ တောအုပ်ပေါင်း တစ်သန်းကျော်ကိုဖြတ်သန်းသွားခဲ့ရတယ်။ ထို့အပြင် သူဟာ လက်ရှိမှာ အသက် ကိုးနှစ်ခွဲသာ ရှိနေသေးပေမဲ့ ထိုအဆင့်ကို ရောက်ရှိနေပါပြီ။ ဒါဟာ အမှန်တကယ်ကို အံ့သြစရာကောင်းနေခဲ့တယ်။
ဟောင်က ရေစီးအတိုင်းမျောလိုက်သွားပေမဲ့ ဝေးဝေးလံလံကြီးကို ရောက်ရှိသွားတာမဟုတ်တာကြောင့် ပြန်လှည့်လာခဲ့တယ်။ ပြောရရင် သူဟာ ရေကန်ကြီးထဲ ခုန်ချလိုက်ပေမဲ့ ရေစီးနဲ့ တရကြမ်းမျောပါမသွားအောင် စွမ်းအားအကာအရံတွေက လွှမ်းခြုံသွားခဲ့တာကြောင့်ပါပဲ။
” သောက်လခွမ်း .. တောအုပ်တစ်ခုတစ်လုံး အရမ်းကို ကြောက်စရာကောင်းသွားပါလား .. ဘာတွေများ ကြီးကြီးကျယ်ကျယ် ဖြစ်သွားတာလဲ..။”
ဟောင်ရဲ့ ရှေ့က တောအုပ်ကြီးဟာ ကပ်ဆိုးကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အလား ထောင်းလမောင်းကျေနေခဲ့တယ်။ သက်တမ်းရင့်သစ်ပင်ကြီးတွေဟာ လဲပြိုကျနေသလို နွမ်းခြောက်နေတဲ့ ကျိုးကျေနေတဲ့ သစ်ရွက်သစ်ခက်တွေကလည်း နေရာတိုင်းမှာ ပြန့်ကျဲနေတယ်။ ကြည့်ရတာ သားရိုင်းကောင်တွေ အုံနဲ့ကျင်းနဲ့ သတ်ပုတ်ပွဲကြီးဆင်နွဲခဲ့သလိုပါပဲ။ တောင်ကမ်းပါးတစ်ချို့ရဲ့ မြေစာတွေ ပြိုကျနေတာကိုတောင် တွေ့မြင်လိုက်ရတယ်။
ကံကောင်းတာတစ်ခုကတော့ တကယ့်ဖြစ်ရပ်မှန်ဟာ ဟောင် ထင်ထားသလို ဆိုးရွားလွန်းတဲ့ အခြေအနေထိ မရောက်ခဲ့ပါဘူး။ အနက်ရောင် ကျားကြီးက ရူးသွပ်သွားမတတ်ဖြစ်သွားပေမဲ့ သူ့ရဲ့ မူလအကြောင်းအရင်းကိုတော့ မမေ့သွားတာပါ။ သူဟာ ခေတ္တခဏလောက်ပဲ သစ်တောထဲမှာ ပွဲကြမ်းနေခဲ့ပြီး သူ့ရဲ့ နေရာကို ပြန်သွားပါတယ်။ ထို့ကြောင့်လည်း တောင်တန်းဒေသဟာ အနည်းငယ်ပဲ ပျက်စီးသွားခဲ့တယ်။
” အချိန်အများကြီး မရှိတော့ဘူး .. အခု ငါ နတ်နန်းကျောက်တုံးတွေက်ို လိုက်စုရတော့မဲ့ အချိန်ပဲ ..။”
ဟောင်က တီးတိုးရေရွတ်လိုက်ပြီး တောင်တန်းတွေကို ဝေ့ကြည့်လိုက်တယ်။
ဟောင်က ဒုတိယအဆင့် တိုက်ပွဲနယ်မြေထဲမှာ အရိပ်တစ်ခုလိုပဲ တိတ်တဆိတ် လှုပ်ရှားနေခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဟောင်က ကျင့်ကြံသူတစ်ချို့ရဲ့ အလောင်းတွေကို မြင်လိုက်ရတယ်။ သူ့တို့ရဲ့ ခန္ဓာကိုယ်ပေါ်က နတ်နန်းကျောက်တုံးတွေဟာ ပျောက်ဆုံးနေခဲ့ပါပြီ။ သူတို့တွေဟာ နတ်နန်းကျောက်တုံးတွေအသတ်ခံလိုက်ရတာ ထင်ရှားနေတယ်။ ထိုအရာက ဒုတိယအဆင့် တိုက်ပွဲနယ်မြေဟာ ဘယ်လောက်ရက်စက်ပြီး ကြောက်စရာကောင်းနေသလဲဆိုတာကို သိသာစေတယ်။
ဟောင်က ရှေ့ဆက်သွားလိုက်ချိန်မှာပဲ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ချို့ကို ထပ်မံမြင်တွေ့လိုက်ရတယ်။ သူတို့တွေဟာ အကြီးအကျယ်ကို စိတ်ဓာတ်ကျဆင်းနေပုံလည်းရတယ်။ သူတို့ရဲ့ နတ်နန်းကျောက်တုံးတွေဟာ လုယက်ခံလိုက်ရတာကြောင့် သူတို့ဆီမှာ အခွံချည်းသာ ကျန်တော့တယ်။
” ရှောင်ထန်းက အရမ်းကို မုန်းစရာကောင်းတယ် .. သူ ဘယ်ကနေ ပေါ်လာတာလဲ .. ငါတို့တွေ စုပေါင်းပြီး တိုက်ခိုက်တာတောင် သူ့ကို ရှုံးရတယ် ..။”
” အဲ့ဒါကို မေ့ထားလိုက်စမ်းပါ .. ငါတို့ရဲ့ အသက်တွေ မသေသွားတာပဲ ကံကောင်းနေပြီလေ .. ငါတို့တွေ နတ်နန်းကျောက်တုံးတွေကို ထပ်ရဖို့ အားနည်းတဲ့သူတွေက်ို မြန်မြန်ရှာရမယ် .. ဒီလိုမှမဟုတ်ရင် စမ်းသပ်စစ်ဆေးခြင်းကို ဖြတ်ကျော်ဖို့အတွက် အနည်းဆုံးလိုအပ်ချက်ကိုတောင် လုပ်နိုင်မှာ မဟုတ်ဘူး ..။”
ဟောင်ဟာ သူနဲ့ တွေ့တဲ့ လူငယ်တချို့ကို မိတ်ဆွေဖွဲ့လိုက်တယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ အင်အားကြီးမားလှပေမဲ့လည်း သူတို့ရဲ့ အ၀တ်အစားတွေက စုတ်ပြဲပြီး ညစ်ပတ်နေတယ်။ ပြောရရင် သူတို့တွေဟာ ကြမ်းတမ်းပြင်းထန်တဲ့ ရှုံးပွဲတွေကို ကြုံတွေ့လိုက်ရပြီးနောက်မှာ သွေးကွက်တွေပါ စွန်းထင်းနေခဲ့တယ်။
” တကယ်ကို အားကောင်းတဲ့ ကျင့်ကြံသူတွေ ရှိနေတယ် ထင်တယ် .. အဲ့ဒီလူတွေက အားနည်းနေတဲ့ ကျင့်ကြံမှုအဆင့်မှာ ရှိနေမှာ မဟုတ်ဘူး .. ဒါပေမဲ့ သူတို့တွေ ပူးပေါင်းထားတာတောင် အဲ့ဒီလူကို မနိုင်သေးဘူးပေါ့ ..။”
ဟောင်က တိတ်တဆိတ်ပဲ တွေးထားလိုက်တယ်။
ရှောင်ထန်း..။
သူက ရှောင်ကလန်ရဲ့ ပါရမီရှင် လူငယ်တစ်ယောက်ဖြစ်ပြီး အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းတဲ့ ကျင့်ကြံမှု ရှ်ိနေပါတယ်။ ပြီးတော့ သူဟာ သစ်တောကြီးထဲမှာ ရှ်ိတဲ့ လူတွေဆီကနေ လိုက်လံလုယက်နေခဲ့တယ်။ သူဟာ တစ်ညလုံးလိုက်လံပြီး လုယက်တိုက်ခိုက်ပြီးတဲ့ နောက်မှာ နတ်နန်းကျောက်တုံး ၁၆ ကျောက်တုံးကို စုဆောင်းထားနိုင်ခဲ့ပါတယ်။
ရှောင်ထန်က တွေးလိုက်တယ်။
” ဘာဖြစ်လို့ သူက နည်းနည်းလေးမှ ပြန်ပြီး မတုန့်ပြန်တာလဲ…။”
သူက မျက်ခုံးတွေကို ကွေးညွတ်မတတ် ကြုတ်လိုက်ပြန်တယ်။
” မြူ ခိုးတွေရဲ့ အကာအကွယ်ကို ယူပြီး သူ ပျောက်သွားတာပဲ .. ငါ့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကိုလည်း ရှောင်လိုက်နိုင်တယ် .. နောက်ပြီးတော့ နတ်နန်းကျောက်တုံးတွေကိုလည်း လုသွားတာ .. အာ .. ငါ မင်းကို ရအောင်လိုက်ရှာမယ် ..။”
အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးသွားပြီး နောက်ထပ် လေးနာရီကြာသွားခဲ့တယ်။ နတ်နန်းကျောက်တုံးကို ရယူလိုမှုတွေကြောင့် သတ်ဖြတ်မှုတွေက အချိန်မရွေးဖြစ်ပေါ်လာနိုင်ပြီး သစ်တောကြီးထဲမှာ တိုက်ပွဲခေါ်သံတွေ တာဆူလာခဲ့တယ်။
သစ်သားကလန်ရဲ့ လူငယ်လေးကလည်း အရမ်းကို အစွမ်းထက်တယ်။ သူဟာ အတော်လေးကို နောက်ကျနေပေမဲ့လည်း ခုနှစ်ပွဲဆက်တိုက်ကို အနိုင်ရရှိထားကြတယ်။
ရှုံးနိမ့်မှုတွေကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သူတစ်ချို့လည်း ရှိနေတယ်။ သူတို့ရဲ့ အသက်တွေ မဆုံးရှုံးသွားတာကပဲ ပျော်ရွှင်စရာကောင်းတဲ့အဖြစ် ဖြစ်နေတယ်။ သို့သော် သူတို့တွေဟာ ညင်ညင်သာသာစကားပြောနေကြပေမဲ့ မယုံနိုင်လောက်အောင် စိတ်ပျက်နေကြတယ်။
သိပ့်မကြာခင်မှာပဲ တောင်တန်းတစ်ခုလုံးက အလင်းရောင်တွေ ပေါက်ကွဲထွက်လာတယ်။ ကောင်းကင်မြေပြင်အောက်က ကျောက်တုံးတွေလည်း လွှင့်ပျံသွားကြတယ်။ သက်တမ်းရင့် သစ်ပင်အိုကြီးတွေဟာ ခုတ်လှဲခံလိုက်ရသလို အပိုင်းပိုင်းပြတ်ထွက်သွားကြတယ်။ လေထုတစ်ခုလုံးဟာလည်း အရမ်းကို ကြောက်စရာကောင်းနေတယ်။
ထို့နောက်မှာ ထိုနေရာဟာ အေးဆေးငြိမ်သက်သွားခဲ့တယ်။ လူငယ်လေးတစ်ယောက်ဟာ ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေကို ရရှိထားခဲ့ဟန်နဲ့ ပြေးထွက်လာတယ်။ ထို့နောက်မှာ ငွေရောင်၀တ်စုံ၀တ် လူငယ်လေးတစ်ယောက်ဟာလည်း ထွက်လာပြန်တယ်။ သူဟာ အသက်ကို ကြိုးစားလုရှူ နေရပြီး အဖိုးတန်ဆေးလုံးတွေကို ထုတ်သောက်လိုက်တယ်။ ထိုအချိန်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အလင်းရောင်တွေပေါ်ထွက်လာပြီး ခွန်အားပြန်ပြည့်သွားတယ်။
သစ်သားကလန်ရဲ့ လူငယ်လေးဟာ ရှောင်ထန်ရဲ့ လက်အောက်မှာ ရှုံးနိပ့်သွားတယ်။ သူဟာ အရမ်းကို ကြောက်စရာကောင်းနေတယ်။ သူက ဒုတိယအဆင့် တိုက်ပွဲနယ်မြေမှာတော့ နံပါတ်တစ် ပါရမီရှင်တစ်ယောက်ဖြစ်နေတယ်။ သူဟာ လူပေါင်း ၉၀,၀၀၀ ကြားမှာ တကယ့်ကို နဂါးတစ်ကောင်ဖြစ်နေတယ်။
ရှုံးနိပ့်သွားကြတဲ့ သူတစ်ချို့ကလည်း သက်ပြင်းချလိုက်ပြီး အရမ်းကို အံ့အားသင့်နေတယ်။ သူတို့တွေဟာ အပြင်းအထန် ဒဏ်ရာရရှိထားကြတယ်။ ထို့ကြောင့်လည်း သူတို့အနေနဲ့ ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေ ကုန်ဆုံးနေတယ်။
ငွေရောင်၀တ်စုံကို ၀တ်ဆင်ထားတဲ့ လူငယ်လေး ရှောင်ထန်ဟာ သစ်တောတွေကြားမှာ ပေါ်လိုက် ပျောက်လိုက် လျှို့ဝှက်စွာ လှုပ်ရှားနေတယ်။
သူဟာ အရမ်းကို ကြီးမြတ်တဲ့ ပါရမီရှင်တစ်ယောက်လို တခြားသူတွေအားလုံးကို အထင်အမြင်သေးနေတယ်။ သို့သော် သူဟာ သူ့ရဲ့ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကနေ လွတ်မြောက်သွားတဲ့ လူငယ်တစ်ယောက်ကိုတော့ စိတ်ထဲကနေ စိုးရိမ်စိတ်တွေ ပြည့်နေတယ်။
သစ်တောကြီးထဲမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကလည်း ဖြစ်ပျက်လာတယ်။ ရှောင်ထန်ဟာ ပါရမီရှင်ဖြစ်တာကြောင့် မြင့်မားတဲ့ကျင့်ကြံမှုအဆင့် ရှိပေမဲ့ ရုတ်တရက်ဖြစ်လာတဲ့ အကြောင်းတွေကြောင့် တွေဝေသွားတယ်။ သူဟာ နတ်နန်းကျောက်တုံးတွေကို လုယက်ယူထားတာကြောင့် အတုံးနှစ်ဆယ်ခန့် ရှိနေတယ်။ သို့သော် လက်ရှိမှာတော့ သူ့ဆီကနေ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားတယ်။
ငွေရောင်၀တ်စုံ၀တ်ထားတဲ့ လူငယ်လေး ရှောင်ထန်ဟာ သူ့ရဲ့ နဖူးကြောတွေကို ကုတ်ထားလိုက်တယ်။ သူဟာ တဝ်ခုခု မူမမှန်တာတွေ ဖြစ်တော့မယ်လို့ ခံစားလိုက်ရပြန်တယ်။
ရုတ်တရက် သူ့ခေါင်းပေါ်ကနေ ထူးခြားတဲ့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာတယ်။ ရှောင်ထန်ဟာ သတိထားနေတဲ့သူပီပီ ကောင်းကင်လေဟာပြင်ထဲကို ထိုးချလိုက်တယ်။ သိပ့်သည်းလှစွမ်းအားအော်ရာနှဝ်ခုဟာ ထိပ်တိုက်တွေ့ဆုံသွားကြသလို ပေါက်ကွဲထွက်သွားတယ်။
ငွေရောင် အမှုန်အဝါးတစ်ချို့သာ ကျဆင်းလာခဲ့တယ်။ သို့သော် ရန်သူမရှိပါဘူး။
လက်ရှိအချိန်မှာ ရှောင်ထန်ရဲ့ ခေါင်းပေါ်က ဆံပင်တွေ ထောင်ထကုန်တယ်။ သူဟာ မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရပြီး အခြေအနေတွေက်ို ထိန်းချုပ်ဖို့ ပြင်ဆင်လိုက်တယ်။ သို့သော် နောက်ကျသွားခဲ့ပါတယ်။
” ရွဲ ရွဲ ..။”
အရိပ်တစ်ခုဟာ အဖြူ ရောင် အရိုးတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး ရှောင်ထန်ကို ထုချလာခဲ့တယ်။ ရှောင်ထန်ဟာ သူ့ရဲ့ ခေါင်းနောက်ပိုင်းတစ်ခုလုံး အက်ကွဲသွားမတတ် ခံစားလိုက်ရတယ်။
” အား ..။”
ရှောင်ထန်ဟာ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ စွမ်းအားသင်္ကေတတွေဟာ ကောင်းကင်တစ်ခွင် ပြည့်နှက်သွားတာကြောင့် ချက်ချင်းပဲ ခေါင်းမူးသွားတယ်။ သူဟာ ရှိသမျှ စွမ်းအားတွေကို ထုတ်ပြီး နောက်လှည့်ကြည့်လိုက်ပေမဲ့ ပတ်၀န်းကျင်က တိတ်ဆိတ်နေတယ်။
ရှောင်ထန် လှည့်ကြည့်လိုက်ချိန်မှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။ သူမြင်လိုက်ရတဲ့ အရာက လေဟာပြင်ထဲမှာ တွဲလွဲဖြစ်တည်နေတဲ့ အရိုးဖြူ တစ်ချောင်းပါ။ ထို အရိုးဖြူ ဟာ နောက်ထပ်တစ်ကြိမ် သူ့ရဲ့ ခေါင်းကို ထပ်မံရိုက်နှက်လာခဲ့တယ်။
” ဒေါင် ..။”
အဖြူ ရောင်အရိုးရဲ့ ထပ်ပြီးထုရိုက်ခံလိုက်ရပြန်တာကြောင့် ရှောင်ထန်မျက်လုံးတွေဟာ ကြယ်တွေ လတွေ မြင်သွားခဲ့ပါတယ်။
***