သုခကမ္ဘာက ရှီဟောင် - Chapter - 187 ငါ့ကံ ပါပဲလေ
Chapter – 187 ငါ့ကံ ပါပဲလေ
” အာ .. တစ်ခုခုပဲဟ .. အဲ့ဒီကောင်လေးက ပထမအဆင့် နယ်မြေမှာ ဖြစ်တာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ .. သူက ဒီ နယ်မြေထဲမှာ ရှိနေတာမလား ..။”
မကြာခင်မှာပဲ ထိုအကြောင်းကို သဘောပေါက်လာတဲ့သူ တစ်ချို့ရှိနေတယ်။
” မဟုတ်သေးဘူးလေ .. သူက ဒုတိယ တိုက်ပွဲကွင်းထဲက လူပဲ .. သူလည်း တခြားလူတွေဆီက ကြားလာခဲ့တာ .. ပထမအဆင့် တိုက်ပွဲနယ်ထဲက အရမ်းကို အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်ကြီး ဖြစ်သွားပြီးချိန်မှာပဲ နတ်နန်းကျောင်းတော်က လူတွေ နယ်မြေ ရှစ်ခုစလုံးကို မြန်မြန်ဆန်ဆန်ပဲ သွားစစ်ဆေးကြတယ် .. ဒါကြောင့် နယ်မြေတခုချင်းဆီက လူတိုင်းက ဒီအကြောင်းတွေကို သိနေကြပြီ ..။”
” အာ့လိုပဲ ဖြစ်ရမယ် ..!”
မဟာမိတ်အဖွဲ့ရဲ့ လူငယ်လေးတွေဆီက စကားတွေက်ို ရပ်တန့်နားထောင်နေတဲ့ ဟောင်က စိတ်ပူလာခဲ့တယ်။ သူက သက်ပြင်းက်ိုလေးလေးပင်ပင် ချလိုက်ပြီး သူ့ရဲ့ လက်လေးနှစ်ဖက်ကို အဆစ်တွေချိုးချလိုက်တယ်။
ဟောင်က ထိုအရာကို လွန်ခဲ့တဲ့ အချိန်တွေထဲက မျှော်လင့်ထားခဲ့ဖူးပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့တယ်။ အခုသတင်းကို ကြားပြီးနောက်မှာတော့ အခြေအနေတွေဟာ သူထင်ထားတာထက် ပိုပြီး ဆိုးရွားနေတာကို သဘောပေါက်လိုက်တယ်။ နတ်နန်းကျောင်းတော်ကြီးက လူတွေအားလုံးကလည်း လက်ရှိမှာ သူ့အကြောင်းကို သိနေကြပါပြီ။
နယ်မြေရှစ်ခုရဲ့ အပြင်မှာ အကြီးအကဲ ရှောင်ဖိန်း၊ ကျောင်းရန်နဲ့ တခြားအကြီးအကဲတွေဟာ အင်အားကြီးကလန်တွေက အကြီးအကဲတွေနဲ့ အကြိတ်အနှယ်ဆွေးနွေးနေကြတယ်။ နောက်ဆုံးမှာ နတ်နန်းကျောင်းတော်က ၀င်ခွင့်အောင်မြင်သူ ၃၀၀၀ကျော်အထိ သဘောတူပေးလိုက်ရတယ်။ ထိုအရာက သူတို့ကို မျက်ရည်ကျလုမတတ် ဖြစ်သွားစေတယ်။
အောင်မြင်သူပေါင်း ၈,၉၀၀ကျော်ထဲက အရမ်းကို များပြားလှတဲ့ ၃၀၀၀ကျော်အထိ ခွင့်ပြုလိုက်ရပေမဲ့ အားလုံးကို ကျောင်းတော်ထဲအ၀င်ခံရတာထက်စာရင် နည်းနည်းတော့ ဖြေသိပ့်လို့ရတယ်။ နောက်ဆုံးမှာတော့ လူ ၃၀၀၀ ကျန်ရှိတဲ့အထိ စမ်းသပ်စစ်ဆေးခြင်းတွေကို အရင်ကထက် စီစစ်ပြီး ရွေးချယ်ဖို့ဖြစ်တယ်။
” ရှစ်ခုမြောက် ပထမအဆင့်အတွက် ပြန်လည်ရွေးချယ်ဖို့ လိုအပ်တယ် .. ဒုတိယအဆင့် နယ်မြေထဲကို ၀င်ရောက်သွားတဲ့ ပါရမီရှင်တွေအတွက်တော့ ဒါက အကျုံးမ၀င်တော့ဘူး ..။”
ကျောင်းတော်၀င်ခွင့် ၃၀၀၀ ကို ဘယ်လို ရွေးချယ်ကြမှာလဲ။ ဖြစ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဟာ ပြန်လည် စီစစ်ရွေးချယ်ပါပဲ။
ဟောင်က အရမ်းကို စိတ်ရှုပ်ထွေးသွားတယ်။ သူဟာ နောက်ကျကျန်ရစ်နေတဲ့ လူငယ်တစ်ချို့ကို မြင်တွေ့ခဲ့ရပြီး ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကြားသိရကာ အရမ်းကို စိတ်ပျက်သွားခဲ့တယ်။
” အား .. ဒီပြဿ နာက ဖြေရှင်းဖို့ အဲ့လောက်လွယ်သွားတာလား .. ဒါပေမဲ့ ငါ နတ်နန်းကျောက်တုံး အတုံးနှစ်ဆယ်ကို ကြိုးကြိုးစားစား စုဆောင်းထားရတာ .. ငါ လုပ်ထားတာတွေက အလာဟသဖြစ်သွားပြီပေါ့ .. ငါတော့ သူတို့တွေက်ို မသုံးနိုင်တော့ဘူးထင်တယ် ..ဒါက တော်တော်ကြေကွဲစရာကောင်းတာပဲ ..။”
တကယ်လို့ ငွေရောင်၀တ် လူငယ်လေး ရှောင်ထန်သာ ဟောင် ပြောတာကို ကြားရရင် သွေးအန်တဲ့အထိ ဒေါသထွက်သွားနိုင်တယ်။ ထိုအရာတွေဟာ သူရရှိဖို့အတွက် အရမ်းကို ကြိုးစားအားထုတ်ထားရပြီး အချိန်တွေလည်း ကုန်ခဲ့ရတယ်။ သူဟာ သေခြင်းရှင်ခြင်း တိုက်ပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ ဟောင်က သူ့ကို ထိပ်ထုပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက်ို ဖြတ်ခုတ်သွားတာလေ။
ရှစ်ခုမြောက် ပထမအဆင့် နယ်မြေရဲ့ ထွက်ပေါက်ကို ပိတ်ချလိုက်ပြီး ဒုတိယအဆင့် တိုက်ပွဲနယ်မြေထဲကို လူအားလုံးပေါင်းစည်းစေလိုက်တယ်။
ဟောင်က နတ်နန်းကျောက်တုံးတွေ ပြည့်နှက်နေတဲ့ သူ့ရဲ့အိတ်ကြီးကို သယ်ပြီး တတိယမြောက်နယ်မြေကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။
ဟောင်ဟာ သံသယဖြစ်စရာမလိုပဲ နတ်နန်းကျောင်းတော်ကြီးက စီရင်ထားတဲ့ အတားအဆီးတွေကို ချိုးဖြတ်ပြီး တတိယအဆင့်နယ်မြေထဲမှာ ပေါ်ထွက်လာတယ်။
ထို့နောက်မှာ သူက သူခိုးတစ်ယောက်လို ဘယ်ပြန်ညာပြန်ကြည့်လိုက်ပြီး ထွက်ပေါက်ရှိရာကို ချက်ချင်းပဲ ပြေးသွားခဲ့တယ်။ သူဟာ ပါရမီရှင်တစ်ယောက် ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ပါဘူး။ သူဟာ စမ်းသပ်စစ်ဆေးခြင်းကို အောင်မြင်လာတဲ့ သာမန်ကျောင်းတော်သားလေးပဲ ဖြစ်ချင်ခဲ့တယ်။
ပြောရရင် သူဟာ အတားအဆီး အစီအရင်တိုင်းကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိင်ပါတယ်။
သို့သော် သူပြန်ထွက်လာပြီးနောက်မှာ အံ့သြစရာအဖြစ်အပျက်တွေကို ကြုံလိုက်ရတယ်။ ထိုနေရာမှာ လူအနည်းငယ် ရှိနေတာပဲဖြစ်တယ်။ တကယ်လို့ သူသာ ထိုအဖွဲ့နဲ့ ပူးပေါင်းလိုက်ဖို့ ကြိုးစားရင် နောက်ဆုံးမှာ ကျောင်းတော်က အကြီးအကဲတစ်ယောက်ယောက်ရဲ့ သတိထားမိသွားခြင်းကို ခံရနိုင်တယ်။
ဟောင်က နဖူးကျောတွေ တွန့်ကွေးလာတဲ့အထိ အပြင်းအထန်စဉ်းစားလိုက်တယ်။
” နယ်မြေရှစ်ခုလုံးက ဘာလို့ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေရတာလဲ ..။”
ဟောင်က အသံထွက်ပြီး ပြောလိုက်တယ်။
လူအုပ်ကြီးက အဆင့်ဆင့် ပူးပေါင်းလာကြပြီး တဖြည်းဖြည်းနဲ့ လူပင်လယ်ကြီး ဖြစ်လာနေခဲ့တယ်။ သူ တတိယနယ်မြေထဲမှာ မြင်ခဲ့ရသလိုပဲ လူတွေဟာ ထပ်ခါထပ်ခါ ပေါင်းစည်းလာခဲ့တယ်။
” နယ်မြေရှစ်ခုလုံးက လူတွေလည်း အရမ်းကို ဒေါသထွက်နေကြပြီလေ .. နတ်ဆိုးလေးက ထူးဆန်းတဲ့ ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာမှာတောင် တက်ပြီး သောင်းကျန်းခဲ့သေးတာပဲ .. အခုဆို ကျောင်းတော်အကြီးအကဲတွေက လူတွေ လိုက်စုနေပြီ .. သူတို့တွေက ၀င်ခွင့်စမ်းသပ်မှုထဲက လူ ၃၀၀၀ကို စစ်ထုတ်မယ်တဲ့ ..။”
လူငယ်တစ်ယောက်က စိတ်မထိန်းနိုင်တော့ပဲ စိတ်ပျက်လက်ပျက်ပြောလိုက်တယ်။ သူက ဆက်ပြောမလို့ ပြင်လိုက်ပေမဲ့ သူ့ကို မေးလိုက်တဲ့စကားသံဟာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလ်ို ပျောက်ကွယ်သွားတယ်။ ထိုအခါမှ သူ့ကို တစ္ဆေတစ်ကောင်က စနောက်သွားသလို ခံစားလိုက်ရပြီး ကျောချမ်းသွားခဲ့တယ်။
ပြောရရင် ဟောင်ဟာ မီးခိုးငွေ့တန်းတွေလိုပဲ တတိယမြောက်နယ်မြေထဲကို ပြန်လည်ပြေး၀င်ပျောက်ကွယ်သွားပြန်တယ်။ ထို့နောက်သူဟာ ဒုတိယအဆင့်နယ်မြေထဲကိုပါ ၀င်ရောက်သွားခဲ့တယ်။
” ဒီတစ်ခါတော့ သေချာလေး လုပ်ရမယ် ..။”
ဟောင်က ပျော်ရွှင်စွာ ပြောလိုက်တယ်။
သူဟာ လူပင်လယ်ကြီးနဲ့ ရောနှောပြီး ဒုတိယအဆင့် စမ်းသပ်မှုကနေ အသာအယာထွက်သွားဖို့ စီစဉ်ထားတယ်။ ထို့နောက်မှာ သူဟာ သင်းကွဲတစ်ကောင်မဟုတ်ပဲ အပေါင်းအဖော်တွေနဲ့ နေသူအဖြစ် လူတွေကို မြင်တွေ့စေမှာပါ။ ထိုနည်းလမ်းတွေနဲ့ သူဟာ လုံး၀ကို အပြစ်ကင်းစင်သူတစ်ယောက်ဖြစ်လာပြီး လူပေါင်း ၃၀၀၀ထဲမှ သူ့ကို ဘယ်သူကမှ သတိထားမိတော့မှာ မဟုတ်ပါဘူး။
” အယ် .. ပါရမီရှင်တွေ နည်းလှချည်လား ..။”
ဟောင် ၀င်ရောက်လာတဲ့ နယ်မြေအပိုင်းအခြားဟာ လူအရမ်းနည်းပါးနေပါတယ်။ ထိုနေရာမှာ ပါရမီရှင်လူငယ်တွေဟာ ၁၀၀ကျော်လောက်ပဲ ရှိနေခဲ့တယ်။
” ငါ .. အရမ်းအထင်ကြီးမိသွားတာနေမှာ ..။”
ဟောင်က အကြီးအကျယ်ကို သက်ပြင်းချလိုက်တယ်။
” တကယ့်ကို ကြီးမားလွန်းတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာတာနေမယ် ..ဒါက စိတ်မကောင်းစရာကောင်းလွန်းတယ် .. ငါ့ဆီမှာ နတ်နန်းကျောက်တုံး ၂၀လောက်ရဖို့ ခေါင်းစားလိုက်ရတာဆိုတာ .. အစကတော့ ငါ ထပ်ဆုံးက ရပ်ပြီး နံပါတ်တစ် ပါရမီရှင်ဆိုပြီး စင်ပေါ်တက်ချင်ခဲ့တာ .. ကောင်းကင်ဥပဒေသတွေက တရားမျှတမှု မရှိပဲ ရွဲ့စောင်းကုန်တာနေမယ် .. ငါသာ လက်မထောင်လိုက်ရင် နို့ဗူးကောင်ဆိုပြီး သိကုန်တော့မှာ .. ငါ့ ကံပါပဲလေ ..။”
ဟောင်ရဲ့ အမူအယာဟာ ခါးသက်လို့နေတယ်။
” ယား ..။”
သူက သက်တမ်းရင့် သစ်ပင်ကြီးတစ်ပင်ကို ပြေးကန်လိုက်တယ်။
” ဘယ်ကောင်က နတ်နန်းကျောက်တုံး ၂၀ အကြောင်းကို ပြောလိုက်တာလဲကွ .. မတရားခံလိုက်ရတဲ့ အကြောင်းပြောရရင် ငါ ပြောရမှာ ..။”
ဟောင်က ရုတ်တရက် အသံကြားလိုက်ရတာကြောင့် ချက်ချင်းပဲ ပုန်းအောင်းလိုက်တယ်။ ပြီးတော့ သူဟာ သစ်ပင်ကြီးဆီကို ပြန်ကြည့်ချိန်မှာ သစ်ရွက်သစ်ခက်တွေကြားမှာ ပုန်းအောင်းနေတဲ့ ငွေရောင်၀တ်စုံ၀တ်လူငယ်လေးကို ပြန်တွေ့လိုက်တယ်။
” အယ် .. ဒီတစ်ခါလည်း သူ ဖြစ်နေပြန်ပြီလား ..။”
ဟောင်က သူ့ရဲ့ မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်တယ်။ နတ်နန်းကျောက်တုံးတွေဟာ သူ့လက်ထဲမှာ ဘာမှ အသုံးမ၀င်တော့ပါဘူး။ ထို့ကြောင့် သူ့အနေနဲ့ ငွေရောင်၀တ် လူငယ်လေးကို ပြန်ပေးလိုက်သင့်ရဲ့လား။
ထိုအချိန်မှာ ဟောင်ရဲ့ စိတ်နှလုံးထဲမှာ မိုင်တစ်ထောင်ပြေးလိုက်ရသလို မောပန်းသွားတယ်။ သူ့ရဲ့ နာကျင်မှုဟာ အဆုံးမသတ်တော့သလိုပါပဲ။ သူဟာ ကံမကောင်းသည့်အလား ခံစားလိုက်ရတယ်။
ဟောင်က စိတ်ပျက်နေပေမဲ့လည်း အမှန်တကယ် စိတ်ပျက်နေတဲ့ သူတွေကတော့ နတ်နန်းကျောက်တုံးတွေ တစ်တုံးမှ မရှိတဲ့လူငယ်တွေဖြစ်ပြီး သူတို့ဟာ ၀င်ခွင့်ဆုံးရှုံးရမှာ ဖြစ်တယ်။ တစ်ယောက်ယောက်က သူတို့တွေ ဘယ်လောက်အထိ စိတ်ဓာတ်ကျနေမလဲဆိုတာကို စိတ်ကူးကြည့်လို့ရတယ်။
” ကောင်းပြီလေ .. ငါက ဘာကြောင့် မကြင်နာတတ်ရမှာလဲ .. ငါ မင်းကို ကျောက်တုံးတွေ ပြန်ပေးမယ် . ဒါပေမဲ့ နောင်အနာဂတ်မှာ မင်းအကျိုးအမြတ်ရရင်တော့ ငါ့ကို ပြန်ပေးရလိမ့်မယ် ..။”
ဟောင်က ဆုံးဖြတ်ချက် ချလိုက်တယ်။
ရှောင်ထန်ရဲ့ နှလုံးသားဟာ မီးတွေ တောက်လောင်နေပါပြီ။ သူဟာ အရမ်းကို ခါးသီးနေရတဲ့အတွက် ဘာမှ မပြောနိုင်တော့ပါဘူး။ သူဟာ အရင်က နံပါတ်တစ် ပါရမီရှင်ဖြစ်ပေမဲ့ လက်ရှ်ိမှာ သူက ဖယ်ရှားခံရတော့မှာပါ။ နောက်ပြီး လက်ရှိအချိန်မှာ နတ်နန်းကျောက်တုံးက်ို လိုက်လုစရာ လူလည်း ရှာရခက်နေတယ်။ လူတွေအားလုံးဟာ ပုန်းအောင်းနေခဲ့ကြပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း သူတို့တွေဟာ အစွမ်းထက်တဲ့ အဖွဲ့တွေ ဖွဲ့စည်းလိုက်ကြပြီဖြစ်တယ်။
” ဒီကောင့်အတွက် တော်တော့်ကို စိုးရိမ်စရာကောင်းနေပြီ ..။”
ဟောင်က သူ့ကိုယ်သူ ပြန်ပြောလိုက်တယ်။
သို့သော် အမှန်တကယ် စိတ်ပူနေတဲ့ လူငယ်တွေလည်း အများကြီးကို ရှ်ိနေပြီး အချိန်မပြည့်မချင်း သူတို့တွေဟာ တောထဲမှာ လှည့်လည်သွားနေရတယ်။
ရှောင်ထန်ဟာ သစ်ပင်ပေါ်က ဆင်းလိုက်ပြီး အသက်မဲ့သူတစ်ယောက်လို လျှောက်လှမ်းသွားတယ်။ ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို သူ့ရဲ့ ဆံပင်တွေ ထောင်ထကုန်တယ်။ သူ့ရဲ့ အရေပြားတွေလည်း မကောင်းတဲ့ အငွေ့အသက်တွေ ခံစားလိုက်ရတယ်။ သူက မြတ်ဆန်စွာပဲ တုန့်ပြန်ဖို့ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားခဲ့ပြန်တယ်။
” ဟူး ..”
သူ့ရဲ့ နောက်စေ့ဟာ အပြင်းအထန် နာကျင်သွားခဲ့ပြီး မျက်လုံးတွေထဲ မီးပွင့်သွားခဲ့တယ်။ ထိုအရာက သူ နောက်ဆုံးအကြိမ်တုန်းက ကြုံခဲ့ရတာနဲ့ တထပ်တည်းပါပဲ။
“F * CK … သောက်လခွမ်း .. သူ ပြန်လာပြန်ပြီဟ .. !”
ရှောင်ထန်ဟာ ကျိန်ဆဲလိုက်ပြီး အော်ဟစ်အကူအညီတောင်းချင်စိတ်တွေ ဖြစ်လာတယ်။ သူက မျက်လုံးကို အစွမ်းကုန်ပြူ းကျယ်ပြီး သတိရှင်ရှင်ထားကာ ခေါင်းကို ကာကွယ်ထားလိုက်ပါတယ်။ ယခုတစ်ခါ ထပ်ပြီး သူ့ရဲ့ နဖူးမှာ ဘုကြီးထပ်ထွက်လာရင် နွားဖြစ်ရကိန်း ဆိုက်ပါပြီ။
သို့သော် သူ သတိကြီးကြီးထားပြီး ကြောက်ကြောက်လန့်လန့်နဲ့ တစ်ပတ်လှည့်လို့ မပြီးသေးခင်မှာပဲ အဖြူ ရောင် အရိုးက ထပ်မံထွက်ပေါ်လာတယ်။ ထို အရိုးဖြူ က အစောပိုင်းတည်းက ကြီးမားလွန်းတဲ့ သူ့ရဲ့ နဖူးပေါ်က အရည်ဖုကြီးထဲကို တည့်တည့်မတ်မတ် ၀င်ရောက်သွားပါတယ်။
ရှောင်ထန်ရဲ့ မျက်လုံးတွေထဲ မီးပွင့်သွားရုံ သာမကတော့ပဲ မိုးကောင်းကင်တစ်ခုလုံး မီးလောင်သွားသလို ခံစားလိုက်ရတယ်။
” အား .. မတတ်နိုင်ဘူးလေ .. ဒါလည်း ငါ့ကံပါပဲလေ ..”
ဟောင်က စိတ်ဓာတ်ကျနေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။ သူက ရှောင်ထန်ရဲ့ အရှေ့မှာ ကြီးမြတ်တဲ့ သူရဲကောင်းတစ်ယောက်လ်ို ရပ်လိုက်ပြီး သူ မလုပ်ခဲ့တဲ့အလား ၀မ်းနည်းနေတယ်။
ဟောင်ကြောင့် ငွေရောင်၀တ်စုံ၀တ်လူငယ်လေး ရှောင်ထန်ဟာ သတိလစ်မေ့မျောသွားခဲ့တယ်။ သူဟာ မျက်လုံးဖွင့်လို့ရရင် သေချာပေါက် အရူးတစ်ယောက်လ်ို သုံးရက်သုံးည ဒေါသတကြီး အော်ဟစ်နေမိမှာပါ။
” ထားလိုက်တော့ .. မင်း နောင်အနာဂတ်မှာ အကျိုးအမြတ်တွေ ရသွားရင် ငါ့ကို အကြွေးပြန်ပေးရမယ်ဆိုတာ သတိရပေါ့ကွာ ..။”
တစ်ချိန်တည်းမှာပဲ ဟောင်က ရှောင်ထန်ရဲ့ ငွေရောင်၀တ်စုံဟာ စျေးကြီးပုံရမှန်း သတိထားလိုက်မိတယ်။ ထိုဟာက်ို အရင်တစ်ကြိမ်တုန်းက အမှုမဲ့အမှတ်မဲ့ဖြစ်သွားပေမဲ့ လက်ရှိမှာတော့ စေ့စေ့စပ်စပ် ရှာဖွေလိုက်တယ်။
” ဘာမှလည်း မရှိဘူး .. ဆင်းရဲလွန်းလိုက်တာ .. ငါ ကံပါပဲလေ ..။”
ဟောင်က အထီးကျန်လွန်းလှတဲ့ ကြီးမြတ်သော သူရဲကောင်းတစ်ယောက်လို လက်နှစ်ဖက်နောက်ပစ်ပြီး ထွက်သွားခဲ့တယ်။
***