သုခကမ္ဘာက ရှီဟောင် - Chapter - 191 စမ်းသပ်မှု ပြီးဆုံးခြင်း
Chapter – 191 စမ်းသပ်မှု ပြီးဆုံးခြင်း
လူတွေအားလုံးဟာ အကြီးအကဲ ကျောင်းရန်ရဲ့ ကြောက်မက်ဖွယ်ရာကောင်းနေတဲ့ ဒေါသတွေကို ခံစားမိလိုက်ကြတယ်။ သူ့ဆီက ထွက်ပေါ်လာတဲ့ အသံဟာ ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်ခါသွားစေလောက်ပါတယ်။ အရင်တုန်းက တည်ငြိမ်အေးချမ်းလှတဲ့ သူ့ရဲ့ဟန်ပန်နဲ့ နှိုင်းယှဉ်လိုက်ရင် လုံး၀ကို တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သလိုပါပဲ။
ကျင့်ကြံသူတွေဟာ အကြီးအကဲကျောင်းရန်ကို အကူအညီပေးလိုကြပေမဲ့ သူတို့ရဲ့ ခြေလှမ်းတွေကို နည်းနည်းလေးမှ ရှေ့ဆက်မတိုးရဲခဲ့ပါဘူး။ သူတို့တွေဟာ သူ့ရဲ့ ရူးသွပ်မတတ် အခြေအနေကို မရည်ရွယ်ပဲ ပိုပြီး ဆိုးရွားသွားစေမှာ ကြောက်လန့်နေကြတယ်။
အဘိုး … အကြီးအကဲ ကျောင်းရန်က ဘာဖြစ်သွားတာလဲ … သူက ရှေးဟောင်းခေတ် နတ်ဆိုး တာအိုနည်းစနစ်ကို သုံးနေတာလား … ဒါက ကြောက်စရာကောင်းလွန်းတယ် ..
ကလန်တစ်ခုရဲ့ ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့အဘိုး ၀တ်စုံစကို ဆွဲကိုင်လိုက်ပြီး မေးလိုက်တယ်။ သူ့ရဲ့ မျက်နှာလေးဟာ ဖြူဖျော့နေပြီး ကြောက်ရွံ့ဟန်တွေ အထင်သားပေါ်လွှင်နေပါတယ်။
ဒါက အင်း မင်းပြောတာ မှန်လောက်တယ် .. ကလန်အကြီးအကဲကလည်း အနည်းငယ် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
အနက်ရောင် နတ်ဆိုး ကြာပန်း … ဘယ်မှာလဲ …
အကြီးအကဲ ကျောင်းရန်ရဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းလာခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တယ်။ ထို့နောက်မှာ သူဟာ နေရာအနှံ့ ရှာဖွေဖို့အတွက် ဂူအတွင်းပိုင်းထဲကို ၀င်ရောက်သွားတယ်။
တခြားသော ကျောင်းတော်အကြီးအကဲတွေလည်း တင်ပါးမီးလောင်သလို ခံစားလိုက်ရပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလာကြတယ်။ သူတို့တွေဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ ဒေါသစိတ်တွေကို တပြိုင်နက်တည်း ဖြစ်ပေါ်နေကြတယ်။ ထို့ကြောင့် သူတို့ဟာ မြန်ဆန်စွာ ဆေးပင်ကို ကြိုးစားရှာဖွေပါတယ်။ သို့သော် ဟောင်းလောင်းပေါက် တွင်းနက်ကြီးက သူတို့တွေကို မိုက်ခနဲ ဖြစ်ပြီး အမောဆို့သွားစေပါတယ်။
ဒါက နတ်ဆိုးကြာပန်းရဲ့ အညှာတံလေးပဲ ..
ထိုအရာက သာမန်အညှာတံလေးတစ်ခုဖြစ်ခဲ့ရင် အများကြီး အရေးပါနေမှာတော့ မဟုတ်ပါဘူး။ သို့သော် ထိုအညှာတံလေးက ပြောင်းလဲနိုင်ခြေရှိပြီး သန့်စင်တဲ့ဆေးဝါးတစ်ခုဖြစ်လာနိုင်ပေမဲ့ ဒီလိုမျိုး ဘယ်လိုဖြစ်ပြီး ပျောက်ကွယ်သွားရတာလဲ။
အိုး .. မိုးနတ်မင်း… ဘယ်ကောင်က ခိုးသွားရဲတာလဲကွ ..
အကြီးအကဲ ရှောင်ဖိန်းဟာ ရူးသွပ်သွားတဲ့ အသံကြီးနဲ့ အော်ဟစ်လိုက်တယ်။
လူအားလုံးက စကားမပြောနိုင်ကြတော့ပါဘူး။ သူတို့ဟာ အရှင်သခင်အဆင့် ဆေးပင်ဖြစ်လာနိုင်တဲ့ ဆေးပင်ကို ကြည့်ဖို့လာခဲ့ပေမဲ့ သူတို့ရှေ့က မြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး။
အနက်ရောင် နတ်ဆိုးကြာပန်းက ပျောက်ဆုံးသွားခဲ့ပါပြီ။ ထို့ကြောင့် အကြီးအကဲတော်တော်များများဟာ မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရတယ်။
သူတို့တွေဟာ လျှင်မြန်စွာ ရွေ့လျှားသွားကြပြီး ထိုပတ်၀န်းကျင်တစ်ခုလုံးကို ပိုက်စိတ်တိုက် ရှာဖွေလိုက်ကြတယ်။ သူတို့ဟာ သဲလွန်စတစ်ချို့ကို မြင်ချင်နေကြတယ်။
အဟန့် … အဲ့ဒါက တကယ်ရော အဖိုးတန်ဆေးပင် ဟုတ်လို့လား ..
ကလန်ကြီးတစ်ခုကနေ စမ်းသပ်စစ်ဆေးခြင်းကို တက်ရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက်က ပြောလိုက်တယ်။
ပြောရရင် နတ်နန်းကျောင်းတော်ရဲ့ အကြီးအကဲတွေဟာ အရူးတပိုင်းဖြစ်လာကြတာကို လူတစ်ချို့က သတိထားမိလိုက်ကြတယ်။ လက်ရှိအချိန်မှာ သူတို့တွေဟာ အမှန်တကယ်ကို မျက်နှာပျက်သွားရတယ်။ အရင်တုန်းက သူတို့တွေဟာ သူတို့ရဲ့ လျို့ဝှက်ချက်ကို ထုတ်ဖော်ပြသပြီး ဂုဏ်သိက္ခာကို မြင့်တင်ဖို့ ရည်ရွယ်ထားကြတယ်။ သို့သော် နောက်ဆုံးမှာ ထိုအရာဟာ ပြက်လုံးတစ်ခုလို ဖြစ်သွားပါတယ်။
“ ဘယ်သူလုပ်တာလဲ”
သူတို့က ကျူးလွန်သူကို ချက်ချင်းဖော်ထုတ်လိုက်ချင်ပါတယ်။
အကြီးအကဲ ကျောင်းရန်ရဲ့ အော်ဟစ်ဆဲဆိုသံဟာ အရမ်းကျယ်လောင်လွန်းတာကြောင့် တခြားသူတွေရဲ့ နားတွေကို ထိခိုက်သွားစေခဲ့တယ်။ ထိုဟာက အရမ်းကို ရှက်စရာကောင်းတာကြောင့် သူက အရမ်းကို အရူးတစ်ပိုင်းဖြစ်သွားခဲ့တာပါ။
နတ်နန်းကျောင်းတော်အနေနဲ့ ၀င်ခွင့်စစ်ဆေးခြင်းအတွက် ပြင်ပဧည့်တော်တွေကိုပါ ကြည့်ရှုဖို့ ဖိတ်ကြားခဲ့တာကြောင့် ပိုပြီး မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါတယ်။
အနက်ရောင် ကျားကြီးက ဥမင်အတွင်းထဲက ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရှိန်အဝါတွေက လူတွေအားလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ သူဟာ တောင်ကုန်းငယ်တစ်ခုထက်တောင် အနည်းငယ် အရပ်မြင့်နေတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို ကြောက်စရာကောင်းနေပါတယ်။
သူ့ရဲ့ တစ်ကိုယ်လုံးဟာ အနက်ရောင်အမွှေးရှည်များ ဖုံးလွှမ်းနေပါတယ်။ ဥမင်၀င်ပေါက်ရှေ့မှာ ရပ်နေတဲ့ လူတွေအားလုံးရဲ့ စိတ်ဝိညာဉ်ကိုတောင် တုန်ခါသွားစေတယ်။ သူဟာ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေဟာ ရေခဲတမျှ အေးစက်နေပြီး လူတွေကို ကြည့်လိုက်ပါတယ်။
ထို့အပြင် အနက်ရောင်နတ်ဆိုးရဲ့ အော်ရာတွေဟာ လှိုင်းတွေအဖြစ် ဥမင်ထဲကနေ တိုးထွက်လာတယ်။ သူတို့တွေက ငရဲတံခါးပေါက်ရှေ့ကို ရောက်ရှိလာသလိုပါပဲ။ ထိုအရာက အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်ကိုတောင် ကြောက်ရွံ့သွားစေနိုင်တယ်။
အနက်ရောင်ကျားကြီးပေါ်ပေါက်လာချိန်မှာ အကြီးအကဲ တော်တော်များများဟာ မတုန်လှုပ်ပဲ မနေနိုင်ကြပါဘူး။ ထို ကြီးမားလွန်းတဲ့ သားရိုင်းကောင်ကြီးက ရှေးဟောင်းသားရဲမျိုးဆက်တွေက ဆင်းသက်လာတဲ့ သူတွေနဲ့ တန်းတူတိုက်ခိုက်နိုင်တာကြောင့် သူတို့က မထီမဲ့မြင် မလုပ်ရဲခဲ့ပါဘူး။ သူ့ရဲ့ အစစ်အမှန်စွမ်းအားဟာ ရိုးရှင်းစွာပဲ ကြောက်စရာကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြင့်မြတ်သောတိုင်းပြည်ရဲ့ အရှင်သခင်အဆင့် ကျင့်ကြံသူအိုကြီးတစ်ယောက်ဟာ သူ့ရဲ့ တာအိုအဖိုးတန် နည်းစနစ်ကို အစွမ်းကုန်အသုံးချပြီး တိုက်ခိုက်ခဲ့တာကြောင့် အနက်ရောင် ကျားကြီးဟာ အရှုံးပေးလိုက်ရပါတယ်။
ဝေါင်း …
အနက်ရောင် ကျားကြီးရဲ့ ဟိန်းဟောက်သံဟာ ပေပေါင်း ထောင်နဲ့ချီ မြင့်မားတဲ့ တောင်ကြီးကို လှုပ်ခါသွားစေတယ်။ လူတစ်ချို့ဟာ ကြောက်လန့်တကြားဖြစ်သွားကြပြီး မြေကြီးပေါ်ကနေ လဲကျသွားတော့မတတ် ခံစားလိုက်ရတယ်။ ကျင့်ကြံမှုအဆင့် နိမ့်ကျနေသေးတဲ့ ကလေးတွေဟာ အရမ်းကိုကြောက်စရာကောင်းတဲ့ သားရိုင်းကောင်ကြီးတွေကို မကြုံဖူးသေးတာကြောင့် အလေးအနက်ထားတဲ့ အမူအရာတွေ ဖြစ်ပေါ်သွားတယ်။
ရှောင်ဖိန်း၊ ကျောင်းရန် နဲ့ တခြားသူတွေဟာ သတိအနေအထား ပြင်ဆင်ထားလိုက်ကြတယ်။
သူက တကယ်ကို စွမ်းအားပြင်းထန်ပြီး အားကောင်းတာပဲ …
အကြီးအကဲတော်တော်များများဟာ သူတို့့ရဲ့ ကိုယ်တွင်း ကလီစာတွေ နာကျင်သွားသလို ခံစားလိုက်ရတယ်။ ထိုနည်းဗျူဟာ က ကျားတစ်ကောင်ရဲ့ ထောင်ချောက်လို့ အမှန်တကယ် နာမည်ပေးသင့်ပါတယ်။
အနက်ရောင်ကျားကြီးဟာ ဂူထဲကို တဖြည်းဖြည်းချင်း ပြန်လည်၀င်ရောက်သွားခဲ့ပြီး သူတို့ရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ထိုအခါမှသာ လူတွေ အားလုံးဟာ သက်ပြင်းရှည်ကြီးတွေ ချလိုက်နိုင်တယ်။ ထိုကဲ့သို့ ပြင်းထန်လွန်းသော ဖိအားတွေဟာ သူတို့တွေကို အသက်ရှူဖို့တောင် မေ့လျှော့သွားစေပါတယ်။
အောက်ခြေက စပြီး ဂရုစိုက်ပြီး သဲလွန်စတွေကို တတ်နိုင်သမျှ အမြန်ဆုံး ရှာ …
အကြီးအကဲရှောင်ဖိန်းဟာ အော်ပြောလိုက်တယ်။ သူဟာ လုံး၀ကို လဲကျမတတ်ဖြစ်နေပြီး ၂ရက်တာကာလအတွင်း ဖြစ်ပျက်သမျှတွေဟာ ရူးသွပ်သွားစေဖို့ လ ုံလောက်ပါတယ်။
ရှောင်ဖိန်းဟာ သူ့ကိုအကြီးအကျယ် အကျပ်ရိုက်စေပြီး စိတ်ပင်ပန်းစေတဲ့ အရာကို စဉ်းစားလိုက်တိုင်း သူ့ရဲ့ ဦးဏှောက်ထဲမှာ စကားလုံးနှစ်လုံးတည်းသာ ပေါ်ထွက်လာပါတယ်။
နို့ဗူးကောင် …
သူဟာ ချက်ချင်းပဲ ပြာယာခပ်သွားပြီး ဒေါသတကြီး ပြောလိုက်ပြန်တယ်။
မကောင်းဆိုးရွား … အယုတ်တမာကောင်လေး … မင်းကို လွယ်လွယ်လေးနဲ့ အလွှတ်ပေးမယ်တော့ မထင်နဲ့ …
အကြီးအကဲရှောင်ဖိန်းရဲ့ စကားသံဆုံးသွားချိန်မှာပဲ ထိုပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြန်တယ်။
သို့သော် လူတွေဟာ ချက်ချင်းပဲ လှုပ်လှုပ်ယွယွ ပြန်ဖြစ်လာခဲ့တယ်။ သူတို့တွေအားလုံးကလည်း ထိုကဲ့သို့ သူခိုးကျင့် သူခိုးကြံပြီး လုပ်တတ်တဲ့အပြုအမူဟာ နို့ဗူးကောင်လေးရဲ့ မူလဘူတပုံစံဖြစ်တာကြောင့် ဆေးပင်သူခိုးက သူဖြစ်မယ်လို့ ရှစ်ဆယ်ရာခိုင်နှုန်းက ခန့်မှန်းလိုက်ကြတယ်။ နို့ဗူးကောင်က ဟင်းလင်းပြင် နတ်ဘုရားနယ်မြေ မှာတောင် သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့တာလေ။ ထို အရှင်သခင်အဆင့် ဖြစ်လာနိင်တဲ့ ဆေးပင်ကိုလည်း သူပဲ ခိုးယူရဲတဲ့ သတ္တိရှိပါလိမ့်မယ်။
အား … ဒီလောက် ဆိုးရွားလွန်းတဲ့ ကောင်ကို ကောင်းကင်က ဘာကြောင့် အပြစ်မပေးပဲ ဘာကြောင့် လက်ပိုက်ကြည့်နေရတာလဲ ..
ကျောင်းသားသစ်လေးတွေက တွေးလိုက်ကြပါတယ်။
“F * ck … ဒီကောင်စုတ်က တကယ်ကို ပြဿနာအိုးဟ … သူနဲ့ ကြုံရမဲ့ကောင်တွေတော့ ကံဆိုးတာပဲ …
ဟီး .. ဟီး … နတ်နန်းကျောင်းတော်ကို နို့ဗူးကောင် ရောက်လာတယ်ဆိုတာ ကြားလိုက်တည်းက ဒီရှေးဟောင်းနယ်မြေ တော့ ပျက်စီးခြင်းတစ်ခုခု ဖြစ်တော့မယ်ဆိုတာ ငါ သိနေတယ် … မင်းတို့ကောင်တွေ ဒီအကောင်သေးလေးကို ဘယ်လိုမှုကို နားလည်နိုင်မှာ မဟုတ်ဘူး … ဟင်းလင်းပြင်နတ်ဘုရားနယ်မြေတောင် သူ့ဒဏ်ကို မခံတော့လို့ နှင်ထုတ်ပစ်လိုက်ရတယ် .. မဟုတ်လား ..
သေချာတာပေါ့ .. ဒါက သူ့ရဲ့ အစစ်အမှန်စတိုင်နဲ့ တူတယ် … သူက နောက်တစ်ခါ ထပ်ပြီး ကောင်းကင်ကို မီးရှို့လိုက်ပြန်ပြီ … အဟေ့ .. အဟေ့ … ငါ ဘာလို့ အခု အရမ်းကို ရယ်ချင်နေတာလဲ မသ်ိဘူး … ဟား …
နတ်နန်းကျောင်းတော်ကြီးက အကြီးအကဲတွေရဲ့ မျက်နှာဟာ သနားစရာကောင်းအောင် မည်းမှောင်သွားကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ အခိုးအငွေ့တွေ ထွက်လာတဲ့ ဒေါသထွက်လာကြတယ်။ ထိုကိစ္စကို ဘယ်သူလုပ်သွားတယ်ဆိုတာကို ခန့်မှန်းလို့ရပြီးနောက်မှာတော့ ၀င်ခွင့်စစ်ဆေးခြင်းကို တက်ရောက်လာသူတွေ ဟာ စာနာမှု မရှ်ိကြတော့ပါဘူး။ ထိုအစား သူတို့တွေဟာ ကျောင်းတော်အကြီးအကဲတွေ့ရဲ့ ဖြစ်အင်ကို ကြိတ်ပြီး လှောင်ပြောင်နေကြတယ်။
မင်းတော့လား … သိကြသေးတာပေါ့ကွာ .. အကြီးအကဲ ကျောင်းရန်က လုံး၀ကို အရူးတစ်ပိုင်းဖြစ်လာခဲ့တယ်။ သူဟာ သားရိုင်းကောင်တစ်ကောင်အလား လည်ချောင်းကွဲမတတ်အော်ဟစ်လိုက်တယ်။
အမှန်ပဲ .. သူ့နောက်ကို မြန်မြန် လိုက်ကြမယ် …. နတ်ဆိုးကြာပန်းနက်ကို သူက အမြစ်ကနေ တူးထုတ်သွားတာလေ .. သူ့ကို လိုက်ဖမ်းပြီး ဆေးပင်ကို ပြန်ယူကြမယ် … အမြစ်ပါပါတယ်ဆိုတော့ ဆေးပင်က ရှင်နိုင်ဦးမယ်လို့တော့ ငါ ယုံကြည်တယ် ..
တခြား အကြီးအကဲတစ်ယောက်ကလည်း ၀င်ရောက်ပြောဆိုလာပါတယ်။
***