သုခကမ္ဘာက ရှီဟောင် - Chapter - 192 စမ်းသပ်မှု ပြီးဆုံးခြင်း 2
Chapter – 192 စမ်းသပ်မှု ပြီးဆုံးခြင်း 2
ဟောင်က ထိုနေရာကနေ ခုန်ထွက်သွားချိန်မှာ ကျန်ရစ်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ တွင်းနက်ကြီးကို သူတို့တွေဟာ ချက်ချင်းပဲ ရှာတွေ့သွားကြတယ်။ ထိုနေရာကို တွေ့ရှိလိုက်ချိန်မှာ ဟောင် ခုန်ဆင်းသွားတဲ့ ပတ်၀န်းကျင်မှာ ကျောက်တုံးတွေအပြင် မြေတွေပါ ပြိုကျနေခဲ့ပါတယ်။ ထိုအရာတော်တော်များများဟာ ဟောင် ဟင်းလင်းပြင်နတ်ဘုရားကမ္ဘာမှာ ရှီရီရဲ့ စံချိန်ကို ချိုးဖြတ်ခဲ့တဲ့ ရလာဒ်တွေနဲ့ အတူတူပါပဲ။
” သောက်လခွမ်း … ဒီတစ်ခါတော့ သေချာပြီဟ … နို့ဗူးကောင် အစစ်ပဲ ..။”
လက်ရှိအချိန်မှာတော့ လူတွေအားလုံးဟာ ကြောက်လန့်တကြားအော်ဟစ်လိုက်ကြတယ်။
ထိုအရာက သူတို့တွေရဲ့ ခန့်မှန်းချက်ဟာ မှန်ကန်တယ်ဆိုတာကို နောက်တစ်ခါသက်သေပြလိုက်တာပါပဲ။ ထို ဆိုးသွမ်းလွန်းတဲ့ ကောင်လေးဟာ ကြောက်စရာကောင်းပါတယ်။ သူဟာ နတ်နန်းကျောင်းတော်ကြီးက ပိုင်ဆိုင်တဲ့ အဖိုးတန်ဆေးပင်မှန်းသိလျှက် ပြောင်ကျကျ ခိုးယူသွားရဲပါတယ်။
” အာရုံမပျံ့စေနဲ့ .. ရှောင်တိမ်းဖို့ခက်တဲ့ ထောင်ချောက်တွေကို တတ်နိုင်သလောက် အမြန်ဆုံး ဖြန့်ကျက်ထားလိုက် .. အခုဆိုရင် ငါတို့တွေ အတူတူ သောက်သူခိုးလေးကို ဝိုင်းဖမ်းကြတာပေါ့ …။”
အကြီးအကဲ ကျောင်းရန်ဟာ လားမားဘုန်းတော်ကြီးတစ်ပါးအသွင်ပြောင်းလဲသွားခဲ့တယ်။ သူဟာ တည်ငြိမ်တဲ့ အသွင်အပြင်ရှိပေမဲ့လည်း ရှက်စရာကောင်းတဲ့ အဖြစ်ကို မမေ့သေးပါဘူး။
ဒုတိယအဆင့် တိုက်ပွဲနယ်မြေဟာ ပိတ်ဆို့ခံထားရပါပြီ။ သူတို့တွေဟာ ကောင်လေးက အတောင်ပံတွေပါရင်တောင် လွှတ်မြောက်ဖို့မလွယ်မှန်း ယုံကြည်ထားကြတယ်။ ထို့ကြောင့် သူ ထွက်ပြေးဖို့ခက်ခဲမယ်လို့ ထင်နေတာပါ။ ထို့အတွက် သူတို့တွေဟာ နို့ဗူးကောင်လေးကို အမှန်တကယ် ချောင်ပိတ်ဖမ်းနိုင်မယ်လို့ ယုံကြည်ချက်ပြင်းထန်နေတာဖြစ်တယ်။
သူတို့က ထိုဆိုးသွမ်းတဲ့ ကောင်လေးရဲ့ ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့ပြီး သူသွားခဲ့တဲ့ လမ်းကြောင်းနောက်က်ို လိုက်ပါသွားတယ်။ သူ့ရဲ့ ခြေရာတွေဟာ တောင်တစ်လုံးမှ တစ်လုံးကို ခုန်ပျံကျော်လွှားသွားတာကို မြင်လိုက်ရချိန်မှာတော့ သူတုိ့ကြားက လေထုက အေးစက်သလိုတောင် ခံစားလိုက်ရတယ်။
ထိုသို့သော အနေအထားက ကောင်းကင်ကို ဆန့်ကျင်လို့ နေပါတယ်။ ထို့ကြောင့် လူအားလုံးကို ထိတ်လန့်သွားစေခဲ့တယ်။
” ရှီရီမှာ အခုဆိုရင် ပြိုင်ဘက်ရှိနေပြီ …။”
လူတစ်ချို့ဟာ လျှ်ို့ဝှက်ကာ အသ်ိအမှတ်ပြုလိုက်ကြရပြီး သူတို့က စိတ်လှုပ်ရှားတဲ့ အမူအယာတွေ ဖြစ်လာကြတယ်။
” ငါတို့တွေ ဆက်သွားမယ် .. ဆေးပင်အပိုင်းအစ ၂ခု ၃ခုထက်ပိုပြီး တွေ့ရမှာကိုတောင် ကြောက်လာမိနေပြီ .. နောက်ပြီး ဒီနတ်ဆိုးလေးက ငယ်လွန်းသေးတယ် ..။”
တခြား ကျင့်ကြံသူတစ်ယောက်ကလည်း ပြောလိုက်တယ်။
နတ်နန်းကျောင်းတော်ကြီးက အကြီးအကဲတွေ ဦးဆောင်တဲ့အဖွဲ့ဟာ သေးငယ်တဲ့ ဆေးပင်ရိုးတံလေးတွေကို တွေ့လာကြရတယ်။
သူတို့တွေဟာ စကားတစ်ခွန်းပဲ မပြောကြသေးပေမဲ့ အတော်လေးကို နာကြည်းစိတ်တွေ ဖြစ်လာတယ်။ နတ်ဆိုးကောင်လေးက တကယ်ကိုပဲ ဖြုန်းတီးလွန်းတဲ့ ကောင်လား။
နတ်ဆိုးကြာပန်းနက်က တစ်ခါတည်း စားသောက်ခံလိုက်ရတာလား။ ထို ဆေးပင်ဟာ အနာဂတ်မှာ သန့်စင်တဲ့ အဖိုးတန် ဆေးဝါးဖြစ်လာဖို့ အခွင့်ရေးရှိတယ်ဆိုတဲ့အချက်ကို လျစ်လျှူ ရှုပြီး တိုက်ရိုက်မစားသောက်သင့်ပါဘူး။ သူ့ရဲ့ အဆင့်မြင့်ဆုံး စွမ်းအားကို ရရှိစေဖို့အတွက် ထိုဆေးပင်ကို သန့်စင်ရပါလိမ့်မယ်။
ထို နတ်ဆိုးလေးဟာ နတ်ဆိုးကြာပန်းနက်ကို မုန်လာဥနီလို သဘောထားပြီး ကိုက်ဖြတ်စားသောက်ပစ်လိုက်ပြီလား။ ဒါက ဘယ်လိုတောင် ဖြုန်းတီးပစ်မှုမျိုးလဲ။ ဖြစ်နိုင်တာတော့ ဆေးပင်ရဲ့ ၃၀% အထိပဲ အကျိုးသက်ရောက်မှု ရရှိသွားနိုင်ပါလိမ့်မယ်။
အကြီးအကဲ ရှောင်ဖိန်းဟာ အကြီးအကျယ် ဒေါသထွက်နေဆဲပါပဲ။
” အား … ဖူး …!”
အကြီးအကဲ ကျောင်းရန်လည်း သွေးအန်လုမတတ် ဖြစ်နေပါပြီ။
” ဖြုန်းတီးလွန်းတဲ့ သောက်လခွမ်း နို့ဗူးကောင် .. သူ .. ဘာလို့ဒီလိုမျိုး လုပ်ရက်ရတာလဲ.. သူက အာ့ဒီဆေးပင်ကို နတ်ဆိုး ကြာပန်းနက်ဆိုတာ မသိဘူးလား ..။”
သူဟာ ချက်ချင်းပဲ ကောင်းကင်ကို မျှော်ကြည့်လိုက်တယ်။
” ဟန့် .. အဲ့ဒါက ဒီလောက် သိသာထင်ရှားနေတာကို .. နတ်ဆိုးကြာပန်းနက်ဆိုတာ ငါ .. မသိပဲ နေပါ့မလား .. ဒီအတိုင်းစားလိုက်တာနဲ့ သန့်စင်ပြီးမှ စားတာ .. ဘာများကွာသွားမှာမလို့မလဲ .. ငါ့အစားတောင် လာပြီး စိုးရိမ်ပေးနေသေးတယ် .. ငါ အဲ့ဒါကို သုံးပြီး ကောင်းကင်သွေးကြောခြောက်ခုကို ဖွင့်နိုင်ခဲ့တာလေ ..။”
( PS. ကောင်းကင်သွေးကြော = မီးလျှံတွင်းနက် )
ဟောင်က တိတ်ဆိတ်စွာပဲ ကျိန်ဆဲလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူဟာ ခေါင်းနည်းနည်းပြန်ကုတ်လိုက်တယ်။ ထိုစဉ်တုန်းက သူဟာ အရမ်းကို လျှင်မြန်စွာ ပြေးလွှားနေခဲ့တာကြောင့် ဆေးပင်အပိုင်းအစတချို့ ကျိုးကျေပြီး ကျကျန်နေရစ်ခဲ့တာကို သတိမထားမိလိုက်ပါဘူး။ ထိုဟာက ဖြုန်းတီးမှုကြီးပါပဲ။
အကယ်၍ လူအားလုံးဟာ ဟောင် စဉ်းစားတွေးခေါ်ပုံသိပြီး သူ့ကိုသာ လက်ရဖမ်းဆီးသွားရင် မြေကြီးပဲ ဖိနင်းထားပြီး မင်း ဘာသောက်သုံးကျလဲ .. အလကားဖြုန်းတီးပစ်တယ်ဆိုပြီး ရိုက်နှက်မေးမြန်းခံရနိုင်ပါတယ်။ သူတို့တွေအတွက် အဖိုးတန် ဆေးပင်တစ်ပင်လုံးကို မုန်လာဥစားသလို စားပစ်လိုက်တာက ဖြုန်းတီးမှုကြီးပါပဲ။
နောက်ဆုံးမှာ ဟောင်သွားခဲ့တဲ့ လမ်းကြောင်းပေါ်မှာပဲ နောက်ထပ် ဆေးပင်ရဲ့ အမြစ်တစ်ခုကို တွေ့လိုက်ကြရပါတယ်။ ထိုအချိန်မှာ အကြီးအကဲ ကျောင်းရန်ရဲ့ အသိဥာဏ်တွေဟာ မိုက်ခနဲဖြစ်သွားပြီး လဲကျမတတ် ယိမ်းထိုးသွားခဲ့တယ်။ ထို နတ်ဆ်ိုးလေးက အမြစ်ပါမကျန် စားသွားတာလား ..။
” မင်း .. ဘယ်လိုလုပ်ပြီး အမြစ်တွေကိုပါ စားသွားတာလဲ ..”
အကြီးအကဲ ရှောင်ဖိန်းဟာ ထပ်တလဲလဲ အော်ဟစ်နေပြီး စိုးရိမ်ပူပန်စိတ်တွေဟာ အထွတ်အထိပ်ကို ရောက်ရှိလာတယ်။
နတ်နန်းကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေအားလုံးဟာ စိတ်ပျက်လက်ပျက်ဖြစ်လာကြတယ်။ အကယ်၍ နတ်ဆိုးလေးကသာ အမြစ်ပါမကျန် စားသောက်ပစ်လိုက်မယ်ဆိုရင် နတ်ဆိုး ကြာပန်းနက်ဟာ ဆက်ပြီး ရှင်သန်နိုင်ဖို့ နည်လမ်းရှိတော့မှာ မဟုတ်ပါဘူး။ ထိုအရာက လူအားလုံးရဲ့ နှလုံးသားတွေကို သွေးယိုစေပြီး အဆုပ်တွေကို နာကျင်စေပါတယ်။
” အဲ့ဒါက အဖိုးတန်ဆေးပင်မဟုတ်လား .. သူ့တစ်ပင်လုံးက ရတနာတွေချည်းပဲလေ .. ပြောရရင် ဘယ်သူကမှ ဒါကို ဖြုန်းတီးပစ်ရဲမှာ မဟုတ်ဘူး .. ဒီတော့ ငါ အကုန်စားလိုက်မိတာ အပြစ်လား..။”
ဟောင်က တိတ်တိတ်ဆိတ်ဆိတ်ပဲ ရေရွတ်လိုက်တယ်။ သူတို့တွေက သူ့က်ို ဖြုန်းတီးပစ်တယ်ပဲ ပြောနေတာကို လုံး၀မကျေနပ်နိုင်ပါဘူး။
ငါက အမြစ်တွေကို ဖြုန်းတီးပစ်လိုက်တာ မဟုတ်ဘူး .. အကုန်စားလိုက်တာ .. စားပစ်လိုက်တာကွ .. ဒီလောက် တန်ဖိုးရှိတာကို အရှက်မရှိ ဖြုန်းတီးပစ်စရာလား ..
ကံကောင်းထောက်မစွာပဲ အကြီးအကဲ ကျောင်းရန်နဲ့ ရှောင်ဖိန်းဟာ ဟောင် ဘာတွေးနေလဲဆိုတာကို မကြားနိုင်ပါဘူး။ ဒီလိုမှမဟုတ်ရင် သူတို့တွေဟာ ဒေါသထွက်လွန်းတာကြောင့် မတ်တပ်ကြီး သေသွားနိုင်ပါတယ်။
” ငါတို့ အာ့ဒီသောက်ကလေးကို မဖမ်းမိတာမျိုး မဖြစ်စေရဘူး .. ဒီလိုမှ မဟုတ်ရင် ကောင်းကင်ဘုံကို ဒေါသထွက်အောင် ငါ လုပ်မိတော့မယ် ..။”
အကြီးအကဲ ရှောင်ဖိန်းရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်။ နို့ဗူးကောင်လေးက နတ်နန်းကျောင်းတော်ကြီးရဲ့ စမ်းသပ်နယ်မြေထဲကို ၀င်ရောက်လာတဲ့ နှစ်ရက်အတွင်းမှာပဲ သူတို့တွေကို အကြီးအကျယ်စိတ်ဒုက္ခပေးခဲ့ပါတယ်။ လူအားလုံးကို ရူးသွပ်သွားမတတ်ဖြစ်စေတဲ့အရာတစ်ခုကတော့ ဟင်းလင်းပြင် နတ်နဘုရားနယ်မြေမှာလိုပဲ ပုံစံတူ အတိအကျကို သောင်းကျန်းသွားခဲ့တာပါပဲ။
” ဒီ ဒုတိယအဆင့်နယ်မြေကို ဇောက်ထိုးလုပ်သွားရဲတယ်ပေါ့ .. ဘယ်လိုနည်းလမ်းပဲ သုံးသုံး .. ဖြစ်တဲ့နည်းနဲ့ သူ့ကို ရှာကြမယ် .. ငါတို့ သူ့ကို လွတ်မြောက်ဖို့ ခွင့်မပေးနိုင်ဘူး ..။”
အကြီးအကဲတစ်ယောက်က အမိန့်ပေးလိုက်တယ်။
လက်ရှိအချိန်မှာတော့ ယောကျာ်းလေးတွေနဲ့ မိန်းမပျိုအုပ်စုတွေဟာ တောအုပ်ထဲကို ၀င်ရောက်လာပြီး လမ်းကြောင်းတိုင်းကို ပိုက်စိပ်တိုက် ရှာဖွေနေကြပါပြီ။ သူတို့တွေဟာ နတ်နန်းကျောင်းတော်ကြီး တရား၀င်တပည့်အစစ်တွေ ဖြစ်ကြပါတယ်။ သူတို့တွေက အသက်နှစ်ဆယ်အရွယ်နဲ့ အထက်မှာ ရှ်ိကြပြီး စွမ်းအားကျင့်ကြံမှုအဆင့်အခြေခံနိုင်နေကြပါပြီ။
” လူ မလောက်သေးဘူး .. ဒီနေရာကို ပိတ်ဆို့ထားလိုက်ပြီဆိုပေမဲ့ ဒုတိယအဆင့်နယ်မြေက ကြီးမားလွန်းတယ် .. တကယ်လို့ နို့ဗူးကောင်က တစ်နေရာရာမှာ ပုန်းနေမယ်ဆိုရင် သူ့ကို ရှာရတာ အရမ်းခက်ခဲလိမ့်မယ် .. အဲ့ဒီတော့ လူအင်အားကို ထပ်တိုးဖို့ လုပ်လိုက် ..။”
ထိုနေ့တစ်နေ့လုံးမှာ နတ်နန်းကျောင်းတော်ကြီးရဲ့ အစစ်အမှန်တပည့်များစွာဟာ ဒုတိယအဆင့် နယ်မြေထဲကို ခေါ်ဆောင်လိုက်ကြတယ်။ နောက်ဆုံးမှာတော့ တစ်ကျောင်းလုံးမှာ ရှိနေတဲ့ ကျောင်းသားတွေပါ လာရောက်ဖို့ စေခိုင်းလိုက်ကြတယ်။ ကျောင်းသားအင်အားဟာ အရမ်းကို များပြားလွန်းတာကြောင့် ဒုတိယအဆင့် နယ်မြေထဲမှာ ကျောင်းသားတွေ ခြေချင်းလိမ်သွားပါတော့တယ်။
ပြောရရင် ထိုကိစ္စဟာ ဟင်းလင်းပြင် နတ်ဘုရားနယ်မြေအထိ ချက်ချင်းပဲ သတင်းပျံ့သွားခဲ့ပြီး အငြင်းပွားမှု တစ်ချို့လည်း ဖြစ်လာခဲ့တယ်။ လူတွေအားလုံးဟာ နတ်ဆိုးလေးရဲ့ အန္တရာယ်ရှ်ိလာတဲ့ အနေအထားကြောင့် အံ့အားသင့်သွားခဲ့ကြတယ်။ သူဟာ နတ်နန်းကျောင်းတော်ကြီးရဲ့ စမ်းသပ်နယ်မြေထဲမှာ တစ်လက်မမကျန် ရှာဖွေခံရတဲ့အထိ ဖိအားပေးနိုင်ခဲ့တယ်။ နို့ဗူးကောင်လေးဟာ သူတို့အတွက် အမှန်တကယ်ကို အံ့သြစရာကောင်းသူ တစ်ယောက်ဖြစ်နေပါတယ်။
” နတ်နန်းကျောင်းတော်ကြီးတော့ အရမ်းကံမကောင်းခဲ့ဖူးနဲ့ တူတယ် ..။”
ဟင်းလင်းပြင် နတ်ဘုရားနယ်မြေရဲ့ နေရာတိုင်းမှာ ဆွေးနွေးတိုင်ပင်မှုတွေ ဖြစ်လာခဲ့တယ်။ ထိုအချိန်အတွင်းမှာပဲ နို့ဗူးကောင်လေးဟာ အားလုံးရဲ့ အာရုံစိုက်စရာ ဗဟိုချက်ဖြစ်လာခဲ့တယ်။ သူဟာ လူတ်ိုင်းကို ခန့်မှန်းစေတယ်။ ပြီးတော့ မှတ်ချက်တွေ ပေးစေလိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ နတ်နန်းကျောင်းတော်ကြီးဟာ ကျင့်ကြံသူတွေကြားမှာ လေသေနတ်ပစ်စရာ ပစ်မှတ်တ်ခုဖြစ်သွားပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့ကျင်ကြံသူတွေဟာ အရမ်းကို ဒေါသဖြစ်နေကြပေမဲ့ လှောင်ပြောင်လိုစိတ်တွေလည်း ရှိနေပါတယ်။ သူတို့က နို့ဗူးကောင်လေးကို တွေ့အောင် ရှာဖွေပြီး မြင့်မြတ်သော ကျောက်ခေတ်တိုင်းပြည်ရဲ့ လက်အောက်ကို ခို၀င်ခိုင်းစေဖို့ ကတိပေးလိုက်ကြတယ်။
” သူ့ကို တွေ့ပြီ ..။”
ဒုတိယအဆင့်နယ်မြေထဲကနေ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်ရဲ့ အော်ဟစ်ပြောဆိုသံ ထွက်ပေါ်လာခဲ့တယ်။
“သူ .. ဘယ်မှာလဲ?”
အကြီးအကဲ ကျောင်းရန်ရဲ့ မျက်လုံးတွေဟာ အရောင်တာက်လာခဲ့ပါတယ်။
” ငှက်သိုက်ထဲမှာ အဖိုးတန် အရိုးသုံးခုရှိနေတာကို ပြောတာပါ ..။”
ကျောင်းတော်သားတစ်ယောက်က အရောင်တွေ ရွဲစိုတောက်ပနေတဲ့ အရိုးသုံးချောင်းကို ထုတ်ယူလိုက်တယ်။
“ငါလည်း နောက်ထပ် ရှာတွေ့ထားတယ် .. ရေတံခွန်ကြီးရဲ့ နောက်မှာ အဖိုးတန် အရိုးသုံးခုရှိနေတယ် ..။”
ကျောင်းသူ မိန်းမလှလေးတစ်ယောက်ဟာလည်း ဟောင် ဖွက်ထားခဲ့တဲ့ အရိုးသုံးချောင်းကို ရှာတွေ့သွားပြန်တယ်။
” တစ်နေရာပြီး တစ်နေရာမှာ ဖွက်ထားတာလား .. ဒါဆိုရင် သူက ငါတ်ို့ထဲမှာလည်း ရှ်ိနေန်ိုင်တာပဲ မလား ..။”
လူတစ်ချို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်။ သူတို့တွေဟာ အနီးအနား ပတ်ပတ်လည်လည်ကို မျက်လုံးအပြူ းသားနဲ့ အကဲခပ်လိုက်တယ်။ သူတို့တွေဟာ နို့ဗူးကောင်လေးကို အလွှတ်မပေးချင်ပေမဲ့လည်း သူတို့တွေပါ သံသယအဖြစ်ခံရမှာ စိုးရွံ့တာကြောင့် အသံမထွက်ရဲတော့ပါဘူး။ ထို့အတွက် သူတို့ရဲ့ မှန်းဆချက်အမှန်တွေကို စိတ်ထဲမှာပဲ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နတ်နန်းကျောင်းတော်ကြီးက သူတို့ရဲ့ အဖိုးတန် အရိုးခြောက်ခုကို ပြန်ရှာတွေ့သွားကြတယ်။ ဟောင်က ထိုအရိုးတွေကို ရိတ်သိမ်းစရာမလိုတော့တာကြောင့် သက်ပြင်းကြိတ်ချလိုက်တယ်။ ကံကောင်းတာက သူ့အတွက် အဖိုးတန်အရိုး ၁၂ချောင်းကျန်နေသေးတာက သူ့ရဲ့ စိတ်ကို အေးချမ်းသွားစေပါတယ်။
သိပ့်မကြာခင်မှာပဲ ဟောင်ရဲ့ ရုပ်ရည်ဟာ ပြောင်းလဲစ ပြုလာပါတယ်။ သူရဲ့ သေးငယ်ပြီး ချောမောလှတဲ့ မျက်နှာလေးဟာ အရင်တုန်းကလိုပဲ ပန်းသီးနီကြီးတစ်လုံးလို ကူးပြောင်းလာခဲ့တယ်။ သူက အရမ်းကို ဂရုစိုက်ပြီး သတိကြီးတာကြောင့် ဘယ်လို သဲလွန်စမျိုးမှ ချန်မထားရစ်ခဲ့ချင်ပါဘူး။
ကျောင်းသားသစ် ၃၀၀၀ကြားမှာ ရောနှောနေလိုက်တာကြောင့် သူ့ကို ကျောင်းတော်အကြီးအကဲတွေက သတိထားမိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထို့အပြင် သူဟာ ပရမ်းပတာဖြစ်နေတဲ့ အနေအထားကို အခွင့်ကောင်းယူပြီး ရုပ်ပြောင်းရုပ်လွဲ လုပ်လိုက်တာပါ။ ထို့နောက်မှာ သူဟာ လုံး၀ကို တခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ရှီဟောင်ဆိုတာကို ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။
နတ်နန်းကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေ မျက်နှာဟာ သွေးခုပ်မရအောင် မည်းမှောင်နေကြတယ်။ ဒုတိယအဆင့် နယ်မြေထဲမှာ ရာပေါင်းများစွာ ပါရမီရှင်တွေဟာ သူ့အုပ်စုနဲ့ သူ ရှိနေကြတယ်။ အကြီးအကဲတွေဟာ ထိုပါရမီရှင်တွေထဲက သံသယဖြစ်စရာကောင်းတဲ့ သူကို ကျောင်းသားတဝ်ယောက်ချင်းဆီကို ကြည့်ပြီး ရှာဖွေလိုက်ကြတယ်။
“ စမ်းသပ်စစ်ဆေးမှု ပြီးပြီ ..”
နောက်ဆုံးမှာတော့ အကြီးအကဲ ရှောင်ဖိန်း၊ ကျောင်းရန်နဲ့ တခြားသူတွေဟာ ထိုစကားကို ကြေငြာလိုက်ကြပါတယ်။ သူတို့တွေဟာ ပါရမီရှင်ကျောင်းသားတွေကို စူးရဲလှတဲ့ မျက်လုံးစိမ်းတွေနဲ့ စိုက်ကြည့်နေတုန်းပါပဲ။ ထို နတ်ဆိုးလေး နို့ဗူးကောင်ဟာ ကျောင်းသားအုပ်စုတွေကြားမှာ ပုန်းအောင်းနေမယ်လို့ ယုံကြည်လိုက်ကြတယ်။
” တဖြည်းဖြည်း ရှာကြတာပေါ့ .. သူ နတ်နန်းကျောင်းတော်ထဲမှာ ရှိနေသမျှ ကာလပတ်လုံး သူ့ကို ရှာမတွေ့နိုင်စရာ အကြောင်းမရှိပါဘူး ..။”
ကျောင်းတော်အကြီးအကဲတွေဟာ ထိုအကြံအစဉ်တွေကို ခေါင်းညိတ် သဘောတူလိုက်ကြတယ်။
သို့သော် သူတို့ရဲ့ စိတ်တွေဟာ တည်တည်ငြိမ်ငြိမ်တော့ ပြန်မဖြစ်သေးပါဘူး။ နို့ဗူးကောင်လေးဟာ အရမ်းကို မြန်ဆန်လွန်းတာကြောင့် သူ ဘယ်သူဘယ်ဝါလဲဆိုတာကို အသေအချာမသိကြရပါဘူး။ သူက တကယ်ပဲ ကောင်းကင်ဘုံက ထပ်ပြီး သတ်မှတ်လိုက်တဲ့ ပါရမီရှင်လား။
အကြီးအကဲတော်တော်များများဟာ ဟောင်ကို တခြားသူတွေ ထင်သလ်ိုပဲ ထင်လာကြတယ်။ သူက လူသားအဖြစ်အသွင်ပြောင်းလဲနိုင်တဲ့ ရှေးဟောင်းသားရဲတစ်ကောင်ကောင်ရဲ့ မျိုးဆက်ကလေးတစ်ယောက်အဖြစ်ပါ။ ထိုထူးဆန်းတဲ့ သားရိုင်းကောင်တွေသာ အသွင်ပြောင်းနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆ်ိုင်ထားကြပါတယ်။
ထိုကဲ့သို့မဟုတ်ရင် နို့ဗူးကောင်ဆီမှာ ကြောက်စရာကောင်းတဲ့ ခွန်အားပေါက်ကွဲနိုင်စွမ်းတွေ ရှိနေမှာတဲ့လဲ။ ထို့အပြင် သူဟာ တခြားသူတွေ ခြေရာမကောက်နိုင်လောက်အောင် လှုပ်ရှားနိုင်စွမ်းလည်း ရှိမှာ မဟုတ်ပါဘူး။
” စိတ်ပျက်စရာပဲ …”
ကျောင်းတော်အကြီးအကဲတွေဟာ အကြီးအကျယ်ဒေါသထွက်ကာ ပြောဆိုလိုက်တယ်။
ကျောင်းသားသစ်တွေထဲမှာ ငွေရောင်၀တ်စုံ၀တ် လူငယ်လေးရှောင်ထန်ဟာ သွေးတွေ ဆူပွက်နေတယ်။ သူ့ ရဲ့ ခေါင်းကို အရိုးဖြူ နဲ့ နှစ်ချက်ထုပြီး ဆော်ပလော်တီးသွားတဲ့သူကို ရှာမတွေ့ခဲ့ပါဘူး။ သူဟာ ကောင်းကင်ကို မော့ကြည့်နေပြီး မျက်ရည်တွေ စီးကျလာတယ်။ သူ့ ရဲ့ အမုန်းတရားတွေကလည်း ကြီးသထက်ကြီးထွားလာခဲ့တယ်။
” မင်း ..တွေ့လား .. ကြည့် .. ကြည့် .. အဲ့ဒါမျိုးကိုမှ အလားအလာရှ်ိတဲ့ ငယ်ငယ်ရွယ်ရွယ် သူရဲကောင်းလို့ ခေါ်တယ် .. သူက ဒုက္ခတွေကြားမှာတောင် မျက်နှာကို မော့ထားတုန်းပဲ .. တခြားသူတွေအားလုံး နောင်တကိုယ်ဆီ ဖြစ်နေချိန်မှာ ကောင်းကင်ကို မျှော်ကြည့်ပြီး ဝံ့ကြွားနေနိုင်တယ် ..။”
“ အဖိုး .. တကယ်တော့ ကောင်းကင်ကြီးကို မျှော်ကြည့်နေတဲ့ သူကလေ .. သူရဲ့ ခေါင်းပေါ်မှာ ကြီးမားတဲ့ ချိုနဲ့ တူတဲ့ အဖုရှိနေတဲ့ အစ်ကိုကြီးပဲ .. ”
” ဒီလူငယ်လေးက တကယ်ကို ကြောက်စရာကောင်းတာပဲ … သူ့ရဲ့ စိတ်ထားက တခြားလူတွေထက် အရမ်းကို သာလွန်နေတာပဲ ဖြစ်ရမယ် ..။”
ကလန်အကြီးအကဲတွေဟာ ရှောင်ထန်ကို ကြည့်ပြီး အမျိုးမျိုး မှတ်ချက်ပေးနေခဲ့တယ်။
ရှောင်ထန်ဟာ ထိုစကားတွေကို ကြားနေရတာဟာ သူ့နှလုံးသားကို မြက်ခင်းလွင်ပြင်ပေါ်မှာ မြင်းအကောင်ရာပေါင်းများစွာက နှင်းချေသွားခဲ့သလိုပါပဲ။ သူဟာ တော်လိုက်ကြတော့လို့တောင် အော်ဟစ်ပြောလိုက်ချင်နေပါတယ်။
” စမ်းသပ်မှုတွေ ပြီးသွားပြီ .. ဒီနေရာကနေ ထွက်သွားတာနဲ့ မင်းတို့က မြင့်မြတ်တဲ့ တိုင်းပြည်ရဲ့ အစဉ်အလာအတိုင်း အကျိုအမြတ်တွေ ရမယ် .. နောက်ပြီး နတ်နန်းကျောင်းတော်ကြီးရဲ့ တပည့်တွေလည်း ဖြစ်သွားပြီ .. ကောင်းပြီ .. တောင်ဘက်တံခါးက ၀င်ကြရအောင် …။”
ကျောင်းတော်အကြီးအကဲ တစ်ယောက်က ပြောဆိုလိုက်တယ်။
လူတွေအားလုံးဟာ ဒုတိယအဆင့် တိုက်ပွဲနယ်မြေထဲကနေ ထွက်ခွာလိုက်ပြီး နတ်နန်းကျောင်းတော်ကြီးရဲ့ တောင်ဘက်တံခါးဆီကို ဦးတည်သွားလိုက်ကြတယ်။
ထို တောင်ဘက်တံခါး၀မှာတော့ တခြားသော အဖွဲ့တစ်ဖွဲ့က ကြိုတင်ပြီး စောင့်ဆိုင်းနေကြတယ်။ ထိုအဖွဲ့ထဲမှာ ရှီရီ၊ အင်ပါရီယာ ပြည့်ရှင်ရဲ့ အချစ်ဆုံးသမီးတော်၊ ရှေးဟောင်းတ်ိုင်းပြည်တစ်ခုရဲ့ မင်းသားနဲ့ အစစ်အမှန်အင်အားကြီးကလန်တွေရဲ့ အမွေဆက်ခံသူတွေလည်း ရှိနေကြတယ်။ သူတို့တွေလည်း ကျောင်းသားသစ်တွေဖြစ်တာကြောင့် တောင်ဘက်တံခါးကနေ ၀င်ရမဲ့ သူတွေ ဖြစ်ပါတယ်။
***