သုခကမ္ဘာက ရှီဟောင် - Chapter - 196 ပါရမီရှင်များ စုဝေးရာနယ်မြေ
Chapter – 196 ပါရမီရှင်များ စုဝေးရာနယ်မြေ
ကျုရန်မျောက်လေးဟာ သန်းခေါင်ကျော်လွန်သွားချိန်မှာ ပြန်လည်ရောက်ရှိလာပါတယ်။
ဟောင်က ဘာတွေဖြစ်ပျက်နေတာလဲဆိုတာကို သိသွားတဲ့အခါမှာတော့ သူ့ရဲ့အခန်းကို လှည့်ပတ်ကြည့်ရင်း မျက်နှာည်ိုးသွားပါတယ်။
ယု လို့ခေါ်တဲ့ ပါရမီရှင်တစ်ယောက်က ကြမ်းကြုတ်ပြီး ဆိုးသွမ်းတဲ့လူငယ်လေးတွေရဲ့အကူအညီနဲ့ချင်ဖန်းကို အနိုင်ကျင့်ခဲ့ကြတယ်။ သူက ကျောက်ခေတ်အင်ပါယာ မိုးကလန်ကြီးက ကလန်သားတစ်ယောက်ဖြစ်နိင်ပါတယ်။ ထိုအရာက ဟောင်ကို အလေးအနက် တွေးတောသွားစေခဲ့တယ်။
( ဖျင်းယင်းမှာ ယု ဆိုတဲ့ အသံက မိုး လို့ အဓိပ္ပါယ်ထွက်ပါတယ် )
ဒီကိစ္စကို ငါ အကိုင်အတွယ်မတတ်ရင် မိုးကလန်ကြီးကို စော်ကားမိသလို ဖြစ်သွားလိမ့်မယ် .. နောက်ဆုံးမှာ ရှီရီတောင် ပါလာနိင်တယ် …
ကျုရန်မျောက်လေးဟာ ဟောင်ရဲ့ဘေးနားမှာ နေရင်း သူ့ရဲ့ ခြေချောင်းတွေကို ဟိုဘက်ဒီဘက် လွဲရမ်းနေပါတယ်။ သူက အရမ်းကို တိုက်ခိုက်လိုစိတ်တွေ ပြည့်နှက်နေတဲ့ အမူအယာတွေ ပြလိုက်တယ်။
ဟောင်က ရယ်မောလိုက်ပါတယ်။
ဘောလုံးစုတ်ဖွားလေး … မင်း ထစ်ခနဲရှိ လူတွေကို ရိုက်ပုတ်တာ .. သတ်ဖြတ်တာမျိုးတွေကို အရမ်းကာရော လုပ်လို့မရဘူးဆိုတာ သတိရဖို့ လိုတယ် … အဲ့လိုတွေက လူ့အရိုင်းအစိုင်းတွေပဲ လုပ်တတ်ကြတာ..
ကျွိ …. ကျွိ ….
ကျုရန်မျောက်လေးဟာ ချက်ချင်းပဲ အဆက်မပြတ်အော်ဟစ်ပြီး ခုန်ပေါက်သွားတယ်။ သူက လက်သည်းတွေကို ဆန့်ထုတ်လိုက်ပြီး အမူအယာတစ်ချို့ကို လုပ်ပြလိုက်ပါတယ်။
မင်းက တခါမှ အဲ့ဒီလို မလုပ်ဖူးပေါ့ .. မင်းက ဘယ်တုန်းကမှ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း မရှိဘူးပေါ့ ..
ဟောင်က အဆင်မပြေသလို ခံစားလိုက်ရတယ်။ ထို့နောက်မှာ သူဟာ ခေါင်းကုတ်လိုက်ပြီး ပြောလိုက်တယ်။
ဒါကတော့ အခြေအနေပေါ် မူတည်တယ်လေကွာ .. တောထဲတောင်ထဲမှာတော့ မင်းကလည်း ရက်စက်သင့်ရင် ရက်စက်ရမှာပဲလေ ..
ကျုးရန်မျောက်လေးဟာ နှုတ်ခမ်းထော်လိုက်ပြီး တဖက်လှည့်ကာ အထင်သေးတဲ့ အမူအယာပြလိုက်တယ်။
အား .. ငါ နည်းနည်းလောက် စဉ်းစားပါရစေဦးကွာ .. နှစ်ရက်အတွင်းမှာ ပါရမီရှင် စုဝေးရာနယ်မြေကကောင်တွေ ငါတို့ကို လှုံ့ဆော်ပေးဖို့ သူတို့ရဲ့ စွမ်းရည်တွေကို ပြဖို့ ဒီကို ရောက်လာကြလိမ့်မယ် .. အဲ့ဒီ အချိန်ကျရင် ငါ သူတို့ကို သေချာပေါက် ကိုင်တွယ်လိုက်မယ် .. ဟုတ်ပြီလား ..
ဟောင်က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ကျောင်းသားသစ်တွေကို အရိုးစာသားကျင့်ကြံခြင်းတွေ သင်ကြားပေဖို့ ဘယ်ဆရာမှ ရောက်မလာကြပါဘူး။ သူတို့ကလည်း ဒီအတွက် ဘာမှလုပ်လို့ မရကြပါ။ သူတို့တွေအတွက် တစ်ခုတည်းသော အခွင့်အရေးဟာ ပါရမီရှင် စုဝေးရာနယ်မြေက လူတွေဟာ ကျောင်းသားသစ်တွေကို လာရောက်တိုက်ခိုက်တာကို စောင့်နေကြရုံ ရှိပါတယ်။
ပြောရရင် ထိုကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ကျောင်းသားသစ်တွေ အများကြီး ရှိတယ်။ သူတို့တွေက အချိန်နဲ့အမျှ သူတို့ရဲ့ ကျင့်ကြံမှုနဲ့ ပတ်သတ်ပြီး လှုံ့ဆော်မှုတွေ လိုအပ်တယ်လို့ ခံစားကြရတယ်။ ထိုအရာက နားလည်ဖို့လည်း ခက်ခဲပါတယ်။
ကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေ ပြောစကားကလည်း အရမ်းကို ရိုးရှင်းပါတယ်။
မင်းက လုံလောက်အောင် သန်မာနေမယ် ကောင်းကင်ကို ဆန့်ကျင်နိင်တဲ့ စွမ်းအားတွေ ရှိနေမယ်ဆိုရင် ဒီနေရာကို နောက်တစ်ခေါက် ပြန်လာနေစရာ မလိုပဲ ပါရမီရှင်တွေ စုဝေးရာ နယ်မြေကို တိုက်ရိုက်ရောက်သွားနိင်ပါတယ် ..
ထိုအရာက ပါရမီရှင်တွေကို စစ်ထုတ်ပြီးသားဖြစ်စေသလို သူတို့တွေကြားက ခြားနားချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း သိသွားစေမှာဖြစ်တယ်။
နှစ်ရက်ဆိုသော အချိန်ကာလဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်တွေကြားကနေ ရူးလောက်စရာကောင်းတဲ့ ကျင့်ကြံသူအုပ်စုတစ်စု ပေါ်ထွက်လာတယ်။
ထိုကျင့်ကြံသူအုပ်စုဟာ ကြံ့ခိုင်သန်မာကြပါတယ်။ သူတို့အားလုံးက ထူးလည်းထူးခြားကြတယ်။ သူတို့တွေက အင်အားကြီး ကလန်တွေထဲကမှ တကယ့်ကို ထိပ်ထိပ်ကျဲ မိသားစုက လူတွေဖြစ်ကြပြီး အထက်တန်းလွှာက သခင်လေးတွေဖြစ်ကြတယ်။ ထို့ကြောင့် နတ်နန်းကျောင်းတော်ကြီးကတောင် သူတို့တွေကို တလေးတစား ဖိတ်ခေါ်ထားတာပါ။
နတ်နန်းကျောင်းတော်ကြီးရဲ့ ဖိတ်ခေါ်ခံထားရတဲ့ပါရမီရှင်တွေက အရမ်းကို ထူးခြားသူတွေ ဖြစ်ကြတယ်။ နောက်ပြီး သူတို့တွေက အမှန်တကယ်လည်း အစွမ်းထက်ကြပါတယ်။
သစ်တောတွေဟာ စိမ်းလန်းစိုပြည်လှပြီး စိတ်ဝိညာဉ်ချီတွေလည်း သိပ့်သည်းလှတယ်။ ရှေးခေတ်ဟောင်း ဆေးပင်တွေဟာ ကျောက်ဆောင်အက်ကွဲကြောင်းတွေကြားမှာ အမြစ်တွယ်နေတာကြောင့် ထိုနေရာက တကယ့်ကို သုခဘုံတစ်ခုလိုပါပဲ။
တကယ်တော့ ထိုနေရာက ကျောင်းသားသစ်တွေဆီကို ၀င်ရောက်နိုင်တဲ့ တံခါးပေါက်ပဲ ဖြစ်တယ်။
သို့သော် ကျောင်းသားသစ်တွေဆီကို ရောက်ရှိလာတဲ့ ပါရမီရှင် နယ်မြေက လူငယ်တွေဟာ မျက်မှောင်ကြုတ်သွားတယ်။ သူတို့ရဲ့ နယ်မြေက စိတ်ဝိညာဉ်ချီတွေထက်စာရင် ဒီနေရာက အနည်းကို နည်းပါးလွန်းနေတာကြောင့် နှာခေါင်းရှုံ့သွားကြတယ်။ ဒီနေရာက စိတ်ဝိညာဉ်ချီတွေက သူတို့ဆီကနဲ့ လုံး၀ကို နှိုင်းယှဉ်နိုင်စရာ အကြောင်းကို မရှိပါဘူး။
ပြောရရင် နတ်နန်းကျောင်းတော်ကြီးရဲ့ နယ်မြေအပိုင်းအခြားတွေက တစ်နေရာနဲ့ တစ်နေရာကွဲပြားခြားနားမှု ရှိပါတယ်။
ထို့ကြောင့် ကျောင်သားသစ်တွေ နေထိုင်ရာနယ်မြေဟာ စိတ်ဝိညာဉ်ချီတွေ သိပ့်သည်းပေမဲ့ သက်တမ်းရင့်သစ်ပင်ကြီးတွေအားလုံးကို လုံးတူထောင့်တူ ကြီးပြင်းလာစေဖို့ မစွမ်းဆောင်နိုင်ပါဘူး။ ပါရမီရှင် နယ်မြေကတော့ ဒီနေရာထက် ဆယ်ဆလောက် စိတ်ဝိညာဉ်ချီတွေ သိပ့်သည်းလွန်းပါတယ်။ ထို့ကြောင့် သူတို့ရဲ့ ကျင့်ကြံမှုနှုန်းကလည်း အရမ်းကို မြန်ဆန်ပါတယ်။
ထိုအချိန်မှာ ကျောင်းသားသစ်တွေက တွေဝေသွားကြပြီး အပြင်ဘက်က ရောက်ရှိလာတဲ့ ပါရမီရှင် လူငယ်လေးတွေကို ကြည့်လိုက်ကြတယ်။
သူတို့တွေက တကယ်ကို ရင်ဆိုင်ဖို့ ခက်ခဲတဲ့ ပါရမီရှင်တွေ ဖြစ်လိမ့်မယ် .. ငါတို့တွေထက် နှိုင်းယှဉ်လိုက်ရင် ကျောင်းတော်ကြီးက ပါရမီရှင်တွေကို ပိုပြီး အလေးထားတာ သေချာတယ် ..
ကျောင်းသားသစ်တွေက ငြင်းငြူလိုက်ကြတယ်။
ငါတို့တွေက တစ်ကျောင်းတည်းသား အချင်းချင်းပဲလေ .. အခုအချိန်ကလည်း ပညာဖလှယ်ဖို့အတွက်ပဲ ရောက်လာကြတာပါ .. ကျေးဇူးပြုပြီးတော့ မင်းတို့တွေ စိတ်မဆိုးစေချင်ဘူး ..
ပါရမီရှင် လူငယ်လေးတစ်ယောက်က ပြုံးပြီး ပြောလိုက်ပါတယ်။ သူ့ရဲ့ စကားသံဟာ နေရောင်ခြည်တွေလိုပဲ လူတိုင်းကို နွေးထွေးသွားစေခဲ့ပါတယ်။
လူအားလုံးက ခေါင်းညိတ်လိုက်တယ်။
ထိုလူငယ်လေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ သူက ခန့်မှန်းချေအားဖြင့် အသက် ၁၄ နှစ် ၁၅ နှစ်ခန့်သာ ရှိသေးပေမဲ့လည်း ထူးထူးခြားခြားကို မြင့်မြတ်တဲ့စိတ်ထားရှိနေတယ်။ သူက ဆွဲဆောင်မှုအားကောင်းတဲ့ နတ်ဘုရားတစ်ပါးအလား ဆက်ပြောလိုက်ပါတယ်။
တိုက်ပွဲဆိုတာကတော့ အနိုင်အရှုံး ရှိစမြဲပဲလေ .. ဒါပေမဲ့ မင်းတို့ကို အဆင့်နိမ့်တဲ့ သူတွေအဖြစ်တော့ ခွဲခြားထားမှာ မဟုတ်ဘူး .. ငါတို့တွေက တစ်ကျောင်းတည်းသားချင်းတွေဆိုမှတော့ တစ်ယောက်ယောက်ကို ကူညီရမှာပေါ့ ..
လူငယ်လေးက အရမ်းကို နှိမ့်ချပါတယ်။ ပြီးတော့ သူက တွေ့သမျှလူအားလုံးနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံတတ်ပုံရပါတယ်။ ထိုကြောင့်လည်း သူဟာ ပါရမီရှင်တွေကြားထဲမှာမှ အရမ်းကို လူသိများတဲ့ သူတစ်ယောက်ဖြစ်နေတာပါ။
ကျောင်းသားသစ်တစ်ယောက်က မေးလိုက်ပါတယ်။
စီနီယာ အစ်ကိုကြီး .. ဘာပြောချင်တာလဲ ..
အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ စီနီယာအစ်ကိုကြီးက တကယ်ကို ချောတာပဲ ..
မိန်းမပျိုလေးတွေဟာ ရှေ့ကို ငေးကြည့်လိုက်ပြီး သူတို့ရဲ့ မျက်လုံးတွေက ကြယ်ပွင့်လေးတွေအလား အရောင်တလက်လက် တောက်ပနေတယ်။
ငါ့ နာမည်က ယုဖိန်းလို့ခေါ်ပါတယ် .. မင်းတို့ ဒီကိုမရောက် နှစ်အနည်းငယ်လောက်တည်းက ငါ ကျောင်းတော်ကို ဝင်ရောက်လာခဲ့တာ .. ငါတို့တွေ အားလုံးက ကျောင်းတော်သားချည်းပါပဲ .. ဒါကြောင့် အနာဂတ်ကာလမှာ မင်းတို့ တစ်ခုခုလိုအပ်ရင် ငါ့ကို လာရှာကြပေါ့ ..
အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးရဲ့ ဆံပင်နက်တွေဟာ လေအဝေ့မှာ ကခုန်သွားကြပြီး သူ့ရဲ့ အပြုံးတွေကလည်း အသက်ဝင်လှပါတယ်။ ပြီးတော့ သူ့ရဲ့ အကြည့်တွေက သောက်ရှူးကြယ်အလား တောက်ပပါတယ်။ သူရဲ့ သွားဖြူဖြူလေးတွေလိုပဲ သူ့စိတ်ထားတွေက ဖြူ စင်ရှင်းသန့်နေမှာ ထင်ရှားပါတယ်။
သူက ယုဖိန်း လား ..
ကျောင်းသားတစ်ချို့ က အံ့အားသင့်စွာအော်ဟစ်လိုက်ကြတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကပဲ ကျောင်းသားသစ်တွေက အကြောင်းအရာတော်တော်များများကို နားလည်သဘောပေါက်သွားကြတယ်။ ကျောင်းသားသစ်လေးတွေ အနေနဲ့ သူတို့ထက် ကျောင်းပါးဝနေတဲ့ စီနီယာတွေကို ရင်းနှီးအောင် လုပ်ထားကြရမယ်ဆိုတာပါပဲ။
ယုဖိန်းက အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နာမည်ကြီးကျောင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက တခြားသူတွေနဲ့ အကြိမ်အနည်းလောက်ပဲ တိုက်ခိုက်ခဲ့ပေမဲ့ အားလုံးကို အနိုင်ယူနိုင်ခဲ့တယ်။ သူ့ကို ရှုံးနိပ့်သွားတဲ့ သူတွေကလည်း ပါရမီရှင်အဆင့် ကျင့်ကြံသူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက အရမ်းကို စွမ်းအားကောင်းသူတွေ ဖြစ်ကြပါတယ်။
ကျောင်းသားသစ်တွေထဲမှာတော့ သူ့ကို အနိုင်ယူနိုင်သူ များများစားစား မရှိကြပါဘူး။ ထို့အပြင် သူ့မှာ ညီမတစ်ယောက်ရှိပြီး သူမရဲ့ နာမည်ကတော့ ယုလင်းဖြစ်ပါတယ်။ သူမက အရမ်းကို လှပပြီး နူးညံံံံ့တဲ့ ပန်းလေးတစ်ပွင့်နဲ့ တူပါတယ်။ သူမမှာ မွေးရာပါ သဘာဝအမွေခံစွမ်းအားတွေရှိတာကြောင့်လည်း နာမည်ကျော်ကြား လူသိများပါတယ်။
သဘာဝတရားရဲ့ အမွေခံစွမ်းအားတွေနဲ့ မွေးဖွားလာတဲ့ ယုဖိန်းရဲ့ တိုက်ခိုက်မှုတွေက မိုးရာသီတစ်ခုလို ပြင်းထန်တယ်လေ .. သူတိုက်ခိုက်တာကို ခုခံကာကွယ်နိုင်တဲ့ ရန်သူဆိုတာ မရှိသေးဘူး .. သူက ရန်သူတွေကို ကောင်းကင်အလင်းတန်းတွေနဲ့ ပစ်လွတ်တိုက်ခိုက်ပြီး သူ့ရဲ့ ရွှေရောင်စွမ်းအားအော်ရာတွေကလည်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းပစ်လိုက်နိင်တယ် ..
ကျောင်းသားသစ်တစ်ယောက်က ယုဖိန်းရဲ့ အောင်မြင်မှု တစ်ချို့ကို ပြန်လည်ပြောပြလိုက်ပါတယ်။
ဟောင်က ယုဖိန်းကို ကြည့်လိုက်ပြီး ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်တယ်။ ယုဖိန်းက သူ့အတွက် အဓိကကျတဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်လာနိုင်ပါတယ်။ သိပ်မကြာသေးခင်က ဖြစ်ပွားသွားတဲ့ အကြောင်းအရာတွေကို စဉ်းစားမိလေလေ ဟောင်အတွက် အစာမကျေ ဖြစ်လေလေပါပဲ။ သူတို့တွေက ချင်ဖန်းကို အနိုင်ကျင့်ရဲကြတဲ့ အလိုတူအလိုပါ အုပ်စုဝင်တွေဆိုတာ ဟောင် သိလိုက်ပါပြီ။
ဒီမှာရှိတဲ့ ကျောင်းသားတွေထဲက ငါတို့ကို စိန်ခေါ်ချင်တဲ့ သူတွေများ ရှိကြလား …
ထိုအချိန်မှာပဲ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်က ပြောလိုက်တယ်။ သူလည်း အသက် ၁၄ နှစ် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်တယ်။ ဒီတစ်ခေါက် သူက ကျောင်းသားသစ်တွေဆီကို ရောက်ရှိလာတဲ့ရည်ရွယ်ချက်က သူတို့ရဲ့ အစွမ်းအစတွေကို ကျောင်းသားသစ်တွေကို ပြသဖို့ဖြစ်တယ်။ ပြီးတော့ ကျောင်းတော်အကြီးအကဲတွေရဲ့ အမိန့်အရ ကျောင်းသားသစ်တွေနဲ့ သူတို့တွေကြားက ကွာဟချက်က ဘယ်လောက်အထိ ကြီးမားနေသလဲဆိုတာကို ကြည့်ဖို့ပါပဲ။
ကျွန်တော် ကြိုးစားကြည့်မယ် ..
လူငယ်လေးတစ်ယောက်က အော်ဟစ်လိုက်ပြီး လူအုပ်ထဲကနေ ထွက်လာပါတယ်။ သူက မီးခိုးရောင်ဝတ်စုံဝတ် လူငယ်လေးကို တိုက်ရိုက်ပဲ စိန်ခေါ်လိုက်ပါတယ်။
***