သုခကမ္ဘာက ရှီဟောင် - Chapter - 205 သေဖို့သာ ပြင်ထားပေတော့
Chapter – 205 သေဖို့သာ ပြင်ထားပေတော့
ကျောင်းသားသစ်တွေနေထိုင်တဲ့ တောင်တန်းက လုံးဝကို မငြိမ်မသက်ဖြစ်သွားပါတယ်။ သူတို့တွေ နေထိုင်တဲ့ အိမ်တိုင်းက မီးတွေလင်းလာခဲ့ကြပြီး ကျောင်းသားသစ် သုံးထောင်လုံးက တစ်ယောက်နဲ့ တစ်ယောက် သတိပေးချက်တွေ ဖြစ်ပေါ်လာပါတယ်။ လူသတင်း လူချင်းဆောင်ဆိုတဲ့ အတိုင်း သိပ့်မကြာခင်မှာပဲ လူတွေအားလုံးက အခြေအနေကို သတိထားမိလိုက်ကြတယ်။
ထိုအချိန်မှာတော့ ဟောင်ရဲ့ အနားတဝိုက်ကတော့ လုံးဝကို တိတ်ဆိတ်သွားခဲ့တယ်။ သူ့ဘေးနားမှာ ရှိနေတဲ့ လူအားလုံးက ထွက်ပြေးပျောက်ကွယ်သွားကြပါတယ်။
အကြီးအကဲတွေဆီကို ချက်ချင်း သတင်းပို့ပါ …
အခုရက်ပိုင်းတွေအတွင်းမှာ အကြီးအကဲ ရှောင်ဖိန်းနဲ့ ကျောင်းရန်တို့ဟာ အရမ်းကို စိတ်ပန်းလူပန်း ဖြစ်နေခဲ့တယ်။ သူတို့နှစ်ယောက်က များစွာသော အဖြစ်အပျက်တွေ ဖြစ်ပျက်သွားခဲ့ပြီးနောက်မှာ ကြောက်စရာကောင်းတဲ့ ပုံစံတွေအဖြစ် ပြောင်းလဲသွားတယ်။ သူတို့တွေဟာ အိပ့်ချိန်တွေမှာတောင် ကောင်းကောင်းအနားမယူနိုင်ကြပါဘူး။
သူတို့တွေက ရက်အနည်းငယ် ကြာလာတဲ့အထိ ကျောင်းသားသစ်တွေက တိတ်တိတ်ဆိတ်ဆိတ်ပဲ ရှိနေကြတာကြောင့် နောက်တစ်ခါတော့ ပြဿနာတွေ ထပ်မဖြစ်တော့ဘူးလို့ တွေးလိုက်ကြတယ်။
သို့သော် …
ထို သို့သော်သည် လွန်စွာတာသွားလှပြီး ကျောင်းသားသစ်အုပ်စုတစ်စုက ညသန်းခေါင်အချိန်မှာ သူတို့ရဲ့ ဝိညာဉ်တောင်အောက်ကို ရောက်လာကြပြီး အော်ဟစ်ခေါ်နေကြတယ်။
အခု ဘာဖြစ်ပြန်တာလဲ …
အကြီးအကဲတို့ … သရဲ ရှိနေပါတယ် …သူက နဖူးကို ဓါးနဲ့ ထိုးဖောက်ခံထားရပြီး သွေးမည်းတွေလည်း ထွက်နေတဲ့ အကြီးအကဲအိုကြီးပါ ..
ကောင်လေးတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်တယ်။
ဘာ .. ဘာပြောလိုက်တယ် ..
အကြီးအကဲ ရှောင်ဖိန်းနဲ့ ကျောင်းရန်တို့ရဲ့ အမူအယာတွေ ပြောင်းလဲသွားခဲ့တယ်။ သူတို့တွေက ချက်ချင်းပဲ ဝိညာဉ်တောင်တွေပေါ်ကနေ ပြေးဆင်းလာခဲ့ပါတယ်။ အကြီးအကဲတွေက ကောင်လေးတွေရဲ့ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ြ့ပီး အလိုစလို မေးမြန်းလိုက်ပါတယ်။
ကောင်လေးတွေကလည်း သူတို့တွေ့ကြုံခဲ့ရတာတွေကို လျှင်မြန်စွာ ပြောပြလိုက်တယ်။
အကြီးအကဲရှောင်ဖိန်းနဲ့ကျောင်းရန်တို့ရဲ့ မျက်နှာတွေက ဖျော့တော့သွားခဲ့ပြီး နှုတ်ခမ်းများလည်း တဆတ်ဆတ် တုန်တက်သွားကြတယ်။ သူတို့တွေက ချက်ချင်းကို ထွက်ပြေးတော့မဲ့ အရိပ်အယောင်တွေ ဖြစ်ပေါ်သွားကြတယ်။
အကြီးအကဲတို့ .. ခင်ဗျားတို့တွေ လိုက်ပြီး ကြည့်သင့်တယ်နော် …
ရှေးဟောင်းအတိတ်ကာလတွေတည်းက သူက နှစ်တစ်ရာကြာတိုင်း သူက တစ်ကြိမ်ပေါ်လာတတ်တယ် .. သူ ပေါ်လာတာနဲ့ လူတွေအများကြီးကို သေကြေပျက်စီးကြရတယ် …
အကြီးအကဲ ကျောင်းရန်က တုန်လှုပ်နေတဲ့ အသံနဲ့ ပြောဆိုလိုက်တယ်။
ကောင်လေးတွေက ထိုအကြောင်းအရာကို ကြားလိုက်ရတဲ့အခါမှာ အရမ်းကို ကြောက်ရွံ့တုန်လှုပ်သွားကြတယ်။ သူတို့တွေက ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားကြတယ်။ သူတို့ရဲ့ တစ်ကိုယ်လုံးက တုန်ခါနေကြပြီး ဦးရေပြားလည်း ထုံသွားကြတယ်။
ထို့အပြင် သူတို့တွေ လုံးဝကို မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်လာခဲ့တယ်။ အကြီးအကဲရှောင်ဖိန်းနဲ့ ကျောင်းရန်တို့က သူတို့ကို ဂရုမစိုက်တော့ပဲ လျှင်မြန်စွာ ထွက်ပြေးသွားကြပါတော့တယ်။
သောက်ကျိုးနည်း … ဘယ်လိုတွေတောင် တာဝန်ယူမှု ကင်းမဲ့တဲ့ အကြီးအကဲတွေလဲ .. သူတို့က အရင်ဆုံး ထွက်ပြေးကြတာလား ..
ကံကောင်းတာကတော့ အကြီးအကဲနှစ်ယောက်ရဲ့ အသံက လေထဲကနေ ပျံ့လွှင့်လာခဲ့တယ်။
မင်းတို့တွေ ဒီကနေပဲ စောင့်နေကြ .. ငါတို့ထက် အဆင့်မြင့်တဲ့ အကြီးအကဲတွေကို သွားရှာလိုက်အူးမယ် ..
တောင်တစ်ခုလုံးက ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်နေခဲ့တယ်။ ထိုအရာက ရှေးယခင်တည်းက တည်ရှိခဲ့တဲ့ သဘာဝလွန်အဖြစ်အပျက်ဖြစ်တယ်လေ။ လက်ရှိအချိန်မှာတော့ သူတို့တွေက နည်းနည်းလေးလောက်တော့ ရှင်းပြသွားသင့်တယ်မလား။
ဘာတွေဖြစ်ကုန်တာလဲ … သူတို့တွေက ဒီလိုပဲ ထွက်သွားကြတာလား …
လူငယ်လေးတွေက ကြောက်ရွံ့တုန်လှုပ်နေကြပြီး ကံဆိုးလှတဲ့ ကောင်လေးအတွက်လည်း စာနာသွားကြတယ်။ ထိုကဲ့သို့ အံ့သြစရာကောင်းတဲ့ ဖြစ်တည်မှုက သူတို့တွေကိုတောင် ကျောက်ရုပ်တွေအလား ဖြစ်ပျက်သွားစေတာ သိသာပါတယ်။
သူတို့တွေထဲက တော်တော်များများကတော့ ကိုယ်ကိုကိုယ်ရဲဆေးတင်ပြီး ကျောင်းသားသစ်တွေကို နေရာချထားပေးတဲ့ ခြံဝင်းဆီကို ပြန်လာကြတယ်။
အမ် .. သူ ဘာလုပ်နေတာလဲဟ …ဒါကတော့ သတ္တ်ိကောင်းလွန်းသွားပြီ …
ဟောင်က သူ့အနားမှာ ကျောင်းသားတွေ တစ်ယောက်မှ မရှိတော့တာကို မြင်လိုက်ရတဲ့အခါ တဖြည်းဖြည်း ပြန်တည်ငြိမ်သွားတယ်။ ထိုအခါမှာ သူက ကြောက်ရွံ့ခြင်းကင်းမဲ့စွာပဲ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ကာ လူအိုကြီးပေါ် ခုန်တက်လိုက်ပြီး လည်ပင်းကို ခွစီးလိုက်ပါတယ်။
သူ့ရဲ့လက်နှစ်ဖက်ဟာ စွမ်းအားတွေ လှည့်ပတ်စီးဆင်းသွားကာ ကျောက်တောင်တစ်ခုလား သန်မာလာပါတယ်။ ပြီးတော့ သူဟာ လူအိုကြီးရဲ့ ခေါင်းကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လိုက်တယ်။ သူ့ရဲ့ပါးစပ်ကလည်း ကျယ်လောင်စွာ အော်ဟစ်နေခဲ့တယ်။
ခင်ဗျား ဓါးကို ပြန်ပေးမယ် .. အခု ကျွန်တော် နှုတ်ပေးနေတယ် .. ပြီးရင် ကျွန်တော့် အနောက်ကို ဆက်လိုက်မလာနဲ့တော့ …
တစ်ချိန်တည်းမှာပဲ စီနီယာ အကြီးအကဲတစ်ယောက်က အဝေးကနေပေါ် ထွက်လာတယ်။ ပြီးတော့ သူ့ရဲ့ လက်ထဲက အဝါရောင်တောက်ပနေတဲ့ အရာက စက္ကန့်နဲ့ မလပ် ပဲ့တင်သံတွေ ဖြစ်ပေါ်နေပြီး ပျက်သုန်းခြင်း အော်ရာတွေ ဖုံးလွမ်းသွားတယ်။
ထို့အပြင် တောင်တန်းအမြင့်ပိုင်းတွေဆီက ကျင့်ကြံနေတဲ့ သူတွေအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေတဲ့ ငိုကြွေးသံအရှည်ကြီးက ဝေးလံလွန်းတဲ့ ကျောင်းသားသစ်တွေ နေရာဆီကနေ ဆက်တိုက်ထွက်ပေါ်လာခဲ့တယ်။
နတ်နန်းကျောင်းတော်ကြီးရဲ့ အဆင့်မြင့်ကျင့်ကြံသူတွေအားလုံးက ရင်ထိတ်သွားကြပြီး ထိုနေရာကို ဦးတည်ထွက်သွားကြတယ်။
ဒေါင် … ဒေါင် …
ဟောင်က သူ့ရဲ့ ခွန်အားအပြည့် ထုတ်ဖော်ပြီး ထုရိုက်နေခဲ့တယ်။ သို့သော် သူ့ရဲ့ လက်တွေသာ နာကျင်လာတယ်။ ထို့အတွက် လူအိုကြီးက သူ့လက်နှစ်ဖက်လုံးမှာ ၁၀၀,၀၀၀ ဂျင် ပါဝင်တဲ့ ခွန်အားတွေကို နည်းနည်းလေးမှ မဖြုံတဲ့အတွက် မယုံနိင်လောက်အောင် ဖြစ်သွားပါတယ်။
မြေပြင်ပေါ်မှာတော့ ကျောက်တုံးကြီးဆီကနေ ပြုတ်ကျလာတဲ့အပိုင်းအစတွေက ပြန့်ကျဲသွားခဲ့တယ်။
ဟောင်က လူအိုကြီးရဲ့ ခေါင်းပေါ်ကနေ ပြန်လည်ခုန်ဆင်းလိုက်ပြီး ခြံဝင်းထဲက ကြေးနီအိုးကြီးတစ်လုံးကို သွားသယ်လာခဲ့တယ်။ ထို့နောက်မှာ သူက လူအိုကြီးရဲ့ နောက်ပိုင်းကို ထိုးနှက်တိုက်ခိုက်ဖို့ စွမ်းအားစုစည်းလိုက်ပြန်တယ်။
ထိုနေရာဟာ သံသံ ချင်း ထိခိုက်မိသလို အသံတွေ အဆက်မပြတ် ပေါ်ထွက်လာပြီး မီးပွားတွေလည်း နေရာအနှံ့လွင့်စင်ထွက်သွားတယ်။
သောက်လခွမ်း .. ဒါက လူခေါင်းမှ ဟုတ်ရဲ့လား .. ရှေးဟောင်းဓါးကရော ဘာထူးလို့လဲ … သူတို့တွေက နည်းနည်းလေးမှတောင် မရွေ့သွားဘူးလေ ..
သူတို့တွေက လုံးဝကို ပျက်စီးနိုင်ခြင်း မရှိတာကြောင့် အရမ်းကို ကြောက်စရာကောင်းနေခဲ့တယ်။
ဟောင်က ခေါင်းရှုပ်သွားပါတယ်။ ထိုဟာက ရိုးရှင်းစွာပဲ အရမ်းကို မာကျောနေခဲ့တယ်။ သူ့ရဲ့လက်နှစ်ဖက်လုံးက ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားလှိုင်းတွေကို ထုတ်ဖော်နိင်ပေမဲ့ ခြစ်ရာလေးတွေတောင် ဖြစ်ပေါ်မလာခဲ့ပါဘူး။
ထိုအစား တ ဒေါင် ဒေါင် အသံတွေသာ ပေါ်ထွက်လာပြီး မီးပွားတွေသာ အပြင်ကိုလွင့်စင်သွားတယ်။ ဒါတောင်မှ ရှေးဟောင်းဓါးကြီးက နည်းနည်းလေးမှ မလှုပ်လာပါဘူး။
ဦးလေး .. ခင်ဗျား ခေါင်းပေါ်မှာ ထိုးစိုက်ထားတာက ရှေးဟောင်း အဖိုးတန်လက်နက်တစ်ခုခု ဖြစ်ရမယ် .. ဒါက အရမ်းကို မာကျောလွန်းတယ် .. ဒါကို ကျွန်တော် ဆွဲထုတ်လိုက်ရင် ခင်ဗျား ဆက်မလိုက်တော့မှာ သေချာလား ..
ဟောင်က တံတွေးမြိုချလိုက်တယ်။
မလှမ်းမကမ်းက အခြေအနေကို စောင့်ကြည့်နေတဲ့ လူငယ်လေးတွေက ဟောင်ရဲ့ ကိုယ်အနေအထားကို မြင်တွေ့နေရတယ်။ သူတို့တွေက လူအိုကြီးကို မတွေ့ရပေမဲ့လည်း သူ ဘာလုပ်နေလဲဆိုတာကို နားလည်လိုက်ပါတယ်။
ဒီ အကောင်လေးက .. သတ္တိတော့ တကယ်ကောင်းတာပဲကွ ..
ထို့အပြင် သူဟာ လူအိုကြီးဆီက ရှေးဟောင်းဓါးကြီးကို ဆွဲနှုတ်ချင်နေတာပါ။ လူတစ်ယောက်က ဘယ်တုန်းကများ ကိုယ့်အသက်ကို ကိုယ် ဂရုမစိုက်ပဲ နေနိုင်သွားကြတာလဲ။ သူက ဒီလောက်ခက်ခဲနေတဲ့ အချိန်မှာတောင် ရှေးဟောင်း ဓါးကြီးကို အဖိုးတန် လက်နက်တစ်ခု ဟုတ် မဟုတ် ခွဲခြားစိတ်ဖြာနေသေးတာက တစိတ် မလွန်လွန်းဘူးလား။
ဒီကောင်လေးက ကောလာဟလတွေကို မကြားဖူးသေးတာနေမယ် .. သူက အဲ့ဒီ ထူးဆန်းတဲ့ကိစ္စကို လုံးဝ မသိသေးတာနေမယ် .. ရှေးဟောင်းဓါးကြီးကို နှုတ်လို့ရအောင်တောင် အစွမ်းကုန်ကြိုးစားနေသေးတယ် .. သူမို့လို့ ဓါးကို မကြောက်မရွံ့ ဆွဲနှုတ်ဖို့ ကြိုးစားရဲတယ် ..
အိုင်းယား .. အကြီးအကဲ တွေ အားလုံး လာနေကြပြီး .. ငါ တကယ်ကို ကံမကောင်းပါလား ..
ဟောင်က ခေါင်းလှည့်ပြီး ကြည့်လိုက်ပါတယ်။ အကြီးအကဲအုပ်စုတစ်စုက ပျံသန်းလာနေကြပြီး ရောင်စုံအလင်းတန်းများနဲ့ တောက်ပနေပါတယ်။
အကြီးအကဲတွေအားလုံးရဲ့ ထိပ်ဆုံးက လူကတော့ တာအို ရီလို့ လူသိများတဲ့ အကြီးအကဲတစ်ယောက်ပါ။ သူ့ရဲ့ လက်ထဲမှာတော့ အဝါရောင်တောက်နေတဲ့ အခွံလေးတစ်ခုရှိနေတယ်။ ထိုအရာက အစစ်အမှန် ပျက်သုန်းခြင်းအော်ရာများ ဖုံးလွှမ်းနေပြီး ကောင်းကင်ကိုတောင် လွမ်းမိုးနိုင်ပုံရတယ်။
ဟောင်က သူ့ကိုယ်သူ မဖော်ထုတ်မိအောင် နေဖို့ ကြိုးစားလိုက်ပါတယ်။ သူ တစ်ခုခု လုပ်မိလိုက်တာနဲ့ ဘယ်သူဘယ်ဝါဆိုတာ ပေါ်သွားနိုင်ပြီး သိုသိုသိပ်သိပ် နေလို့ရတော့မှာ မဟုတ်ပါဘူး။
သို့သော် သူ့အနေနဲ့လည်း လူအိုကြီးရဲ့ ခေါင်းခွံကို ထိုးဖောက်ပြီး ရှေးဟောင်း ဓါးကြီးကို မဖယ်ပေးနိုင်သေးပါ။
သေဖို့သာ ပြင်ထားပေတော့

လူအုပ်ကြီးဟာ နီးကပ်လာတာနဲ့ သူတို့တွေက မကျေမချမ်း ဖြစ်သွားကြတယ်။ယ
ဒီကောင်လေးက ဘယ်သူလဲဟ .. သူ ဘာတွေလုပ်နေတာလဲ ..
ဘာလဲ .. သူက အပေါ်မှာ တွဲလွဲနေပြီး လည်ပင်းကို ထိုးဖောက်ဖို့ ကြိုးစားနေတာလား ..
လူအုပ်ကြီးရဲ့ မျက်လုံးတွေက လင်းကွင်းတွေလို ပြူးကျယ်လာတဲ့အထိ အံ့သြသွားကြပါတယ်။ ထိုဟာက သူတို့တွေအတွက် ဆွံ့အဖွယ်ရာကောင်းပြီး ရှေးဟောင်းနတ်ဘုရားတွေကို ဆန့်ကျင်နေသလိုပါပဲ။
ငါ့ မျက်လုံးတွေများ တစ်ခုခုဖြစ်နေတာလားဟ … နေရာမှားပြီးရောက်လာတာလား .. အဲ့ဒီ ကောင်လေးက ဘယ်သူလဲ .. တော်တော်ရဲတင်းလွန်းတယ် ..
ရှေးဟောင်းခေတ်တည်းကနေ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကုန်လွန်လာခဲ့ပေမဲ့လည်း သူတို့တွေဟာ ဆန်းကြယ်သော တစ္ဆေကြီးကို မလေးမစားပြုမူကြတာကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ သေချာတာကတော့ ထိုကောင်လေးက တစ္ဆေကြီးကို ပထမဆုံးတွေ့ဆုံခဲ့ဖူးတာဖြစ်ပါလိမ့်မယ်။
သိပ်မကြာခင်မှာ ရောက်ရှိလာကြတဲ့ အုပ်စုတစ်ခုကလည်း ခြံဝင်းအတွင်းကို ဆင်းလာကြတယ်။
လူအုပ်ကြီးက ဟောင့်ကို မယုံကြည်နိုင်ဟန်နဲ့ ကြည့်လိုက်ကြပြီး ပြောလိုက်တယ်။
ကောင်လေး .. မင်းအဲ့ဒါ ဘာလုပ်နေတာလဲ ..
ဟောင်ကတော့ လူအိုကြီးရဲ့ နောက်ကျောကို တက်ခွထားပြီး ရှေးဟောင်းဓါးကြီးကို ဆုပ်ကိုင်ကာ ဆင်းလာဖို့ မရှိသေးပါဘူး။
လူအုပ်ကြီးလည်း ချက်ချင်းကို အံ့အားသင့်သွားကြပါတယ်။
ငါတို့က မင်းကို ကယ်တင်ပေးဖို့ရောက်လာကြတာလေကွာ .. မင်းက ငါတို့တွေကိုတောင် လူဆိုးတွေကို ကြည့်တဲ့အကြည့်နဲ့ ပြန်ကြည့်နေသေးတယ် ..
ထို့အပြင် ဟောင်က သူတို့ကို စကားတောင် ပြန်မပြောပဲ ရှေးဟောင်းဓါးကြီးကို ဆုပ်ကိုင်ထားခဲ့တယ်။ ဘယ်လိုပင် ကြည့်ကြည့် သူက ထိုအရာကို အကြောက်အကန် ကာကွယ်နေတဲ့ ပုံပေါ်နေတယ်။
ဘာလဲ .. သူက အဲ့ဒါကို လိုချင်နေတယ်လို့တော့ ငါ့ကို မပြောကြနဲ့နော် ..
မင်းက ဘာလို့ ဖက်တွယ်ထားတာလဲ ..
အကြီးအကဲတစ်ယောက်က မေးလိုက်ပါတယ်။
ဒီဥစ္စာက ကျွန်တော့်ဟာ ဖြစ်သွားပြီ … ကျွန်တော် ပထမဆုံး ရရမှာပဲ …
ဟောင်က ရှေးဟောင်းဓါးကြီးကို သူ့ရဲ့ကိုယ်ပိုင်လက်နက်တစ်ခုအလား သဘောထားလိုက်ပုံရပါတယ်။
လူအုပ်ကြီးဟာ ရယ်ရမလို ငိုရမလို ဖြစ်သွားကြတယ်။ ထိုကောင်လေးဟာ အမှန်တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေပါတယ်။ သူက တစ္ဆေတစ်ကောင်ဆီက ပစ္စည်းကိုတောင် ရရှိနိုင်ဖို့ ကြိုးစားနေခဲ့တယ်။ ထိုအရာက လူအုပ်ကြီးကို ပြောစရာစကားတွေ တကယ်ပဲဆုံးရှုံးသွားစေတယ်။
ချွစ် ..
လက်ထဲမှာ ထူးဆန်းတဲ့အရာတစ်ခုကို ကိုင်ဆောင်ထားတဲ့ အသက်ကြီးကြီး အကြီးအကဲတစ်ယောက်က ပြောလိုက်ပါတယ်။
ကောင်လေး .. မင်းနားလည်မှု လွဲနေပြီလို့ထင်တယ် … ငါတို့တွေက အဲ့ဒီ ဓါးကြီးကို မလိုချင်ပါဘူး .. မင်းကို ကယ်တင်ဖို့ပဲ ရောက်လာကြတာ ..
အဲ့ဒါဆိုလည်း ခင်ဗျားတို့ပဲ စကားဆက်ပြောကြတော့ …
ဟောင်က ရှေးဟောင်းဓါးကြီးကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်ထားလိုက်ပြီး ကြေးနီအ်ိုးကြီးကို မကာ သူ့ရဲ့လုပ်ငန်းစဉ်ကို ပြန်လည်စတင်လိုက်တယ်။ သူက အဆက်မပြတ်ကို ထုရိုက်နေခဲ့ပြီး အတတ်နိုင်ဆုံး သူ့ရဲ့အလုပ်ကို မြန်မြန်ဆန်ဆန် လက်စသတ်ဖို့ ကြိုးစားနေပုံရပါတယ်။
နတ်နန်းကျောင်းတော်ကြီးရဲ့ လူအုပ်ကြီးဟာ လုံးဝကို မိန်းမောတွေဝေသွားခဲ့ကြတယ်။ သူတို့တွေဟာ ဒီလိုမျိုး စိတ်အားထက်သန်တဲ့ ကောင်လေးမျိုးကို တွေ့ရခဲပါတယ်။
ဘာကြောင့်များ ထိုဟာက တစ်ယောက်ယောက်ရဲ့ အပြုအမူနဲ့ သွားဆင်နေရတာလဲ။
အာ … ရပ်လိုက်တော့ .. မင်းက ဘာလို့သူများပစ္စည်းကို ပေါ်တင်ကြီး လုချင်နေရတာတုန်း ..
အကြီးအကဲရှောင်ဖိန်းက လျင်မြန်စွာပဲ ရှေ့ထွက်လာခဲ့ပြီး သူ့ကို တားဆီးလိုက်ပါတယ်။
သို့သော် ဟောင်ကတော့ သူ့ရဲ့စကားကို လုံးဝကို အရေးမစိုက်ပဲ အစွမ်းရှိသလောက် အားကုန်ကြိုးစားနေတယ်။ သူ့ကြောင့် အထက်ဘဝဂ် အောက်အဝီစိတိုင်အောင် ဆူညံသံတွေသာ ပေါ်ထွက်လာတယ်။ ထိုနေရာမှာရောက်ရှိနေတဲ့ လူအုပ်ကြီးရဲ့ ခန္ဓာကိုယ်တွေဟာ တုန်ခါသွားကြပြီး စိတ်ဝိညာဉ်တွေပါ လှုပ်ရမ်းလာခဲ့ကြတယ်။
လခွမ်း .. ဒီလောက်သေးသေးလေးကောင်က ဘယ်လိုတွေတောင် ကြမ်းရတာလဲ .. သူ့ရဲ့စွမ်းအားတွေက အံ့မခန်းပဲဟေ့ …
အကြီးအကဲကျောင်းရန်က သွေးဆုပ်ဖြူရော်နေတဲ့မျက်နှာကြီးနဲ့ ရှေးဟောင်းခေတ်က ထူးဆန်းလှတဲ့အဖြစ်အပျက်ကို ဟောင်ကို မြန်မြန်ဆန်ဆန်ပဲ ရှင်းပြလိုက်တယ်။ သူက ထိုအရာဟာ ဖြေရှင်းဖို့အရမ်းခက်ခဲပြီး နက်နဲသောဖြစ်ရပ်ဆန်းဖြစ်တယ်။ ပြီးတော့ ထိုအရိပ်ဆိုးကြီးက လက်ရှိအချိန်တိုင်အောင် လွမ်းမိုးမှုရှိနေဆဲဆိုတာကို ပြောလိုက်တယ်။
ဘာ … ဘာပြောလိုက်တယ် .. သူ ပေါ်လာတာနဲ့ လူတွေအများကြီးကို သေကြရတယ်ပေါ့ .. အဓိကကတော့ ပါရမီရှင်တွေက ပိုပြီးသေကြရတာလား ..
ဒေါင် .. ခလွမ် …
ဟောင်က မယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ပြီး သူ့ရဲ့လက်ထဲက ကြေးနီအိုးကြီးကလည်း မြေပြင်ပေါ်ကို ပြုတ်ကျသွားပါတယ်။ ထို့နောက်မှာတော့ သူဟာ ချက်ချင်းပဲ ခုန်ဆင်းလာခဲ့ပြီး အကြီးအကဲတွေဆီကို ဦးတည်ပြေးဝင်သွားပါတယ်။
ဘုန်း …
အကြီးအကဲကျောင်းရန်ရဲ့ ကိုယ်ပေါ်ကို ဟောင်က လျပ်တပြတ်အတွင်းရောက်ရှိသွားကာ သေသွားရင်တောင် လွတ်မပေးနိင်ဘူးဆိုတဲ့ ဟန်ပန်နဲ့ အတင်းကို ဖက်တွယ်ထားလိုက်တယ်။
ဟာ .. ဟာ .. ဟေ့ ကောင်လေး ..မင်း ဘာလို့ ငါ့ကို အတင်းကြီးလာဖက်နေရတာလဲ ..
အကြီးအကဲကျောင်းရန်ရဲ့ မျက်နှာဟာ မူလကထက်ပိုပြီး ဖြူဖျော့သွားခဲ့တယ်။ ဒဏ္ဍာရီတွေရဲ့ အဆိုအရတော့ တားမြစ်ချက်နယ်မြေနဲ့ အဆက်အဆံပြုလုပ်ခဲ့ရင် အကြီးအကဲတွေတောင် သေဆုံးနိုင်ပါတယ်။
မရဘူး .. ဖက်ထားမှာပဲ .. အကြီးအကဲ ကျွန်တော့်ရဲ့ သနားစရာကောင်းတဲ့ အသက်လေးကို ကယ်တင်ပေးပါဦးဗျာ ..
သွား .. ငါ မယူချင်ဘူး ..
အကြီးအကဲကျောင်းရန်က ဟောင်ကို တွန်းချလိုက်တယ်။ သူ့ရဲ့ မျက်နှာက လုံးဝကို သွေးရောင်မရှိတော့ပါဘူး။ သူက ဒီနေရာမှာ ဆက်လုပ်ရမှန်းမသိဖြစ်သွားပါတယ်။
လူအုပ်ကြီးရဲ့ရှေ့မှာ သူကြောက်နေတယ်ဆိုတာကိုလည်း ပြောလို့မရပါဘူး။ အထူးသဖြင့် ကျောင်းသားသစ် သုံးထောင်ကျော်ရဲ့ အရှေ့မှာ ဖြစ်တယ်။
*****