သုခကမ္ဘာက ရှီဟောင် - Chapter - 207 အမှန်အတိုင်း ထုတ်ဖော်ပြောဆိုခြင်း
Chapter – 207 အမှန်အတိုင်း ထုတ်ဖော်ပြောဆိုခြင်း
ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ ..
လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတည်းက ရှေးဟောင်းမိသားစုကြီးတွေကနေ ဆင်းသက်လာတဲ့ ဆက်ခံသူကို ပျက်သုန်းခြင်းတောင်တန်းတစ်ရာဆီကို စေလွတ်ခဲ့ကြတယ်။ သူတို့တွေထဲက တစ်ချို့သော သူတွေက သန့်စင်တဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်တယ်။ သူတို့တွေက လက်ရှိကမ္ဘာကြီးကိုတောင် ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ကြတယ်။
သူတို့က ဘာလို့ အဲ့ဒီကို သွားကြရတာလဲ ..
ဟောင်က နားမရှင်းသေးပါဘူး။
ဘာတွေများ ကောင်းတာတွေ ရှိနေလို့ ခွဲတမ်းနဲ့တောင် ဝင်ကြရတာလဲ ..
စီနီယာ အကြီးအကဲတစ်ယောက်က ဝင်ရောက်ပြောဆိုလာတယ်။
ဘာလို့ သွားကြတာလဲဆိုတော့ အဲ့ဒီမှာ အခွင့်အရေးအကြီးကြီးတစ်ခု ရှိနေလို့လေ .. လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက အဲ့ဒီကို သွားခဲ့တဲ့လူတွေဟာ အခုဆိုရင် ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်နေပြီ .. သူတို့ရဲ့စွမ်းအားတွေကို နယ်မြေတွေအများကြီးကို လွမ်းမိုးထားနိုင်ခဲ့တယ် .. ကျောက်ခေတ်နိုင်ငံတော်ရဲ့ အင်ပါယာပြည့်ရှင်၊ ကျုးလုအကယ်ဒမီကြီးရဲ့ ကျောင်းအုပ်ကြီးနဲ့ တခြားလူတော်တော်များများက သူတို့မျိုးဆက်မှာတော့ တကယ့်သူရဲကောင်းကြီးတွေအဖြစ် ရပ်တည်နိင်ခဲ့ကြတယ် .. သူတို့ရဲ့လက်အောက်မှာ မိုးအောင်မြေပြင်တစ်ခွင်ကို ပိုင်စိုးထားနိင်ခဲ့ကြပြီး သန်းနဲ့ချီတဲ့ တောင်တန်းနဲ့ မြစ်ချောင်းတွေကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ကြတယ် .. ရှေးဟောင်းခေတ်မိသားစုကြီးတွေရဲ့ ဘိုးဘေးတွေဆိုရင်တော့ ပြောနေစရာကို မလိုတော့ဘူး … သူတို့တွေရဲ့ အောင်မြင်မှုတွေဟာ ကောင်းကင်က ကောင်းချီးပေးထားတာထက်ကို သာလွန်နေပြီ …
နတ်နန်းကျောင်းတော်ကြီးရဲ့ စီနီယာအကြီးအကဲပြောတာ မှန်ကန်ပါတယ်။ ပျက်သုန်းခြင်းတောင်တန်းတစ်ရာထဲမှာ အခွင့်အရေးကောင်းတွေ အများကြီးကို ရှိနေပါတယ်။ စိန့်သူတော်စင်တွေရဲ့ အမွေအနှစ်တွေကို ရရှိနိင်သလို ကောင်းကင်အဆင့် အရိုးစာသားတွေကိုလည်း ရှာတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး သန့်စင်ခြင်း ဆေးဝါးတွေကို ရှာတွေ့နိုင်တဲ့ အခွင့်အလမ်းတစ်ချို့ ရှိနေတယ်။
ထိုဟာက တကယ့်ကို နတ်ဘုရားနယ်မြေတစ်ခုဖြစ်ပါတယ်။
ဟောင်က အမှန်တကယ်ကို ခါးသက်သက်ဖြစ်သွားခဲ့တယ်။ သူက သောက်ရူးလေးတစ်ယောက်မဟုတ်ပါဘူး။ စိန့်သူတော်စင်တွေကိုတောင် ရက်စက်တဲ့သတ်ဖြတ်ခြင်းတွေ ကြုံတွေ့စေနိုင်ပြီး မျက်ရည်ကျစေလောက်တဲ့ နေရာဖြစ်တာကြောင့် အဆုံးမရှိတဲ့ အန္တရာယ်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရမှာပါ။ သူ့အတွက် အမှားသေးသေးလေး တစ်ခုကတောင် သေသွားစေနိင်ပါတယ်။
နတ်နန်းကျောင်းတော်ကြီးရဲ့အကြီးအကဲအုပ်စုက ဟောင်ကို သူတို့ရဲ့အကြံဥာဏ်တွေကို ပြောပြပြီး ဆက်လက် အားပေးအားမြောက်လုပ်နေခဲ့တယ်။ သူတို့တွေက အကောင်းဆုံးဖြစ်မဲ့ အကြောင်းအရာပိုင်းတွေကိုသာ ပြောဆိုမိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေခဲ့တယ်။ ပြောရရင် သူတို့တွေရဲ့ ကိုယ်ပိုင်ဆန္ဒတွေအရဆိုရင် ချက်ချင်းကို တွန်းပို့တော့မဲ့အတိုင်းပါပဲ။
ဟောင်က ရုတ်တရတ်ဆိုသလိုပဲ မေးလိုက်ပါတယ်။
ကျွန်တော် အဲ့ဒီကို သွားရင် ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်မှာလဲ ..
လူအားလုံးက ချောက်ခြားသွားပါတယ်။ ထိုကောင်လေးက တကယ်ကို ထူးဆန်းနေခဲ့တယ်။ တခြားသူတွေက ဒီလိုအခွင့်အရေးမျိုးကို ကြားလိုက်ရတာနဲ့ နှစ်ပေါင်းများစွာကြာအောင် ကျေးဇူးနေကြမှာပါ။ သို့သော် သူကတော့ သူအတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို တောင်းဆိုနေပါတယ်။
ဒါက ကျွန်တော့်ရဲ့ အသက်ကို စွန့်လွတ်ချင်လည်း စွန့်ရမှာ .. အကျိုးကျေးဇူး ကြီးကြီးမားမား မရှိပဲနဲ့တော့ ကျွန်တော် သွားမှာ မဟုတ်ဘူး ..
ဟောင်က အကြီးအကဲရှောင်ဖိန်းရဲ့လည်ပင်းကို သိုင်းဖက်ထားရင်း ပြောလိုက်တယ်။
လူအုပ်ကြီးရဲ့ အမူအယာတွေက တမျိုးတမည် ဖြစ်သွားကြတယ်။
ထိုကောင်လေးက သူတို့ကို ဘယ်လိုတွေတောင် မြင်နေပြီး ကိုယ်ကျိုးပဲကြည့်တတ်တဲ့ ကောင်လဲ။ အရင်တုန်းက နတ်နန်းကျောင်းတော်ကြီးမှာ သူ့လိုတပည့်မျိုး တစ်ခါမှကို မမြင်ဖူးကြပါဘူး။
မင်း မသွားဘူးဆိုရင်တော့ သူက သေချာပေါက်ကို ကျေနပ်နိုင်မယ်လို့ ငါ မထင်ဘူး .. အဲ့ဒါဆိုရင် မင်း အနှေးနဲ့အမြန် သေရမှာပဲ ..
အကြီးအကဲ တာအိုရီက ပြောလိုက်တယ်။
ဟူး …
ဟောင်က စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာပြီး သက်ပြင်းချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုအရာကို သူအနေနဲ့ အတုအယောင်တွေလို့ မထင်ပါဘူး။ သူ့ရဲ့အနားမှာ ဆန်းကြယ်သော တစ္ဆေကြီးက ရှိနေဆဲဖြစ်တာကြောင့်ပါ။
အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်ဆိုရင် ခင်ဗျားတို့ကရော ဘာဖြစ်လို့ မသွားကြရတာလဲ ..
ဟောင်က ဒေါသတကြီး မေးလိုက်ပါတယ်။
ငါတို့တွေက တကယ်ကို ဝင်ချင်ကြတာပေါ့ .. ကံဆိုးစွာနဲ့ ငါတို့ရဲ့ အသက်အရွယ်တွေကြောင့် အဲ့ဒီကို သွားလို့မရတော့ဘူး .. ပျက်သုန်းခြင်းတောင်တန်းတစ်ရာက နှစ်ပေါင်းတစ်ရာကြာမှ တစ်ကြိမ်ပွင့်လာသလို အသက်ဆယ့်ရှစ်နှစ်အောင် လူငယ်လေးတွေပဲ ဝင်ခွင့်ရကြတယ် .. အဲ့ဒါကလည်း ရှေးခေတ်ဟောင်း ကာလတည်းကပဲ ..
အကြီးအကဲတွေနဲ့ တစ်ချို့လူတွေက အမှန်တကယ်ကို ရွေးချယ်ခွင့်မရှိတာကြောင့် သက်ပြင်းချလိုက်ကြတယ်။
ကောင်းပြီလေ ..
ဟောင်က ခေါင်းညိတ်ကာ သဘောတူလိုက်တယ်။ သူက ဘာပြောပြော ဘာလုပ်လုပ် ထိုဟာကို ရှောင်လွဲလို့ မရတော့ဘူးဆိုတာကို သိလိုက်ပါတယ်။
အဲ့ဒီအချိန်မှာ လူအများကြီးက ဝင်ကြမှာပဲ .. ရှေးခေတ်ဟောင်း မိသားစုကြီးတွေရဲ့ ပါရမီရှင်တွေ၊ ရှေးခေတ်ဟောင်း နိုင်ငံတွေရဲ့ မင်းသားတွေ၊ ရှေးခေတ်ဟောင်းမျိုးဆက်တွေကနေ ဆင်းသက်လာတဲ့ အမွေခံတွေနဲ့ ရွှေတောင်ပံသားရဲကြီးရဲ့ သွေးမျိုးဆက်ကို အမွေဆက်ခံသူတွေတောင် ပါဝင်ကြတယ် .. မင်း အဲ့ဒီကို ရောက်ရင်တော့ သတိထားမှကို ဖြစ်မယ် .. ဒီလိုမှ မဟုတ်ပဲ မင်းတစ်ချက်လေး သတိလစ်ဟင်းသွားတာနဲ့ အသက်ပျောက်ပြီပဲ ..
အကြီးအကဲတစ်ယောက်က ဟောင်ကို သတိပေးလိုက်ပါတယ်။ ပြီးတော့ သူက ဖြစ်နိင်ချေရှိတဲ့အရာတွေကိုလည်း တစ်လက်စတည်း ပြောဆိုသွားခဲ့တယ်။
ဟောင်က စိုးရိမ်ပူပန်မှုတွေ များပြားနေတဲ့မျက်နှာနဲ့ မျက်မှောင်ကြုတ်နေခဲ့တယ်။ သူက အရမ်းကို အန္တရာယ်များလွန်းတဲ့အခြေအနေတွေမှာ မစွန့်စားချင်သေးပါဘူး။ လက်ရှိမှာတော့ သူက တခြားသူတွေရဲ့လှည့်စားခံနေရသလို ခံစားနေရပါတယ်။
အမှန်တကယ်လည်း ထိုနေရာက အရမ်းကို အန္တရာယ်များတယ်။ ပျက်သုန်းခြင်းတောင်တန်းတစ်ရာထဲကို ဝင်ရောက်သွားတဲ့ ပါရမီရှင်တွေဟာ လေးယောက်လောက် ပြန်လည်ထွက်လာနိုင်ရင်ပဲ တော်တော်လေးကို ကောင်းမွန်တဲ့အခြေအနေတစ်ခုလို့ ပြောနိုင်ပါတယ်။ ထိုနေရာရဲ့သေဆုံးမှုနှုန်းက အရမ်းကို မြင့်မားပါတယ်။
ဟောင်ကို ဆွဲဆောင်နိုင်တဲ့တစ်ခုတည်းသောအရာက ရှေးဟောင်းသားရဲမျိုးဆက်တစ်ချို့ရဲ့ သန့်စင်သောသွေးတွေပါ။
ထိုသားရဲငယ်လေးတွေသာ ရှိနေရင်တော့ သူ့အတွက် အမှန်တကယ်ကို စဉ်းစားသင့်တဲ့အချက်တဝ်ချက်ပါပဲ။ ကျောက်ခေတ်ကျေးရွာက သူ့ရဲ့ ဦးလေးတွေ အားပြည့်အင်ပြည့်ရှိနေချိန်တုန်းမှာ ရှေးဟောင်းသားရဲမျိုးဆက်တစ်ကောင်ကို ဖမ်းဆီးနိုင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ထို့ကြောင့် သူက ကြီးပြင်းလာခြင်း မရှိသေးသလို မိုးအောက်မြေပြင်တစ်ခွင်က အရာအားလုံးဟာ အထင်သေးစရာကောင်းတဲ့အရာတွေဖြစ်တယ်ဆိုတာကို ပြသလို့ မရသေးပါဘူး။ သို့သော် သူက မိဘတွေနဲ့ သင်းကွဲလာမဲ့ သားရဲမျိုးဆက်လေးတစ်ကောင်ကောင်နဲ့ တွေ့ဆုံခွင့်ရခဲ့ရင်တော့ သေချာပေါက် ဖမ်းဆီးရမိနိုင်မှာပါ။
ဘာဖြစ်လို့လဲဆိုတော့ သူက သားရဲမျိုးဆက်တွေနဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်တာကြောင့်ပါပဲ။
ဟောင်က ထိုအကြောင်းအရာတွေကို တွေးတောစဉ်းစားနေချိန်မှာပဲ တဟီးဟီး တဟားဟား ရယ်မောသံတွေကြောင့် သတိ၀င်လာပါတယ်။
အကြီးအကဲတစ်ယောက်က “ ဟေး .. မင်းဘာတွေတွေးနေတာလဲ .. ငါပြောခဲ့တာကို မင်း မကြားဖူးလား ..” လို့ပြောလိုက်တယ်။
အခုတော့ ဟောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အတွက် အရာအားလုံးက ရုတ်တရက်ကြီး ဖြစ်လာခဲ့ပါတယ်။ သူက တကယ်ဆိုရင် ကလေးတစ်ယောက်ပဲ ရှိသေးတာလေ။
ဟောင် သူစိတ်ကူးယဉ်နေတာတွေကို ရပ်လိုက်ပြီး တံတွေးမြိုချလိုက်တယ်။
“ ရွှေတောင်ပံ သားရဲကြီးရဲ့ ကလေးတစ်ယောက်ကို ကျွန်တော်ဖမ်းချင်တယ် ..။ ”
လူအုပ်ကြီးရဲ့ အမူအယာတွေဟာ ထပ်မံပြောင်းလဲသွားခဲ့ပြီး ဟောင့်ကို လျစ်လျူ ရှုလိုက်ကြတယ်။
အဟွတ် .. ရှောင်ဖိန်း .. သူ့ကို အရင်ဆုံး ခေါ်သွားလိုက်ဦး .. ငါတို့တွေ ဆွေးနွေးစရာ နည်းနည်းရှိသေးတယ် ..
အကြီးအကဲ တာအိုရီက ပြောလိုက်တယ်။
တစ်နာရီခန့်ကြာပြီးနောက်မှာတော့ ဟောင်က နန်းတော်ထဲကို ပြန်ရောက်လာခဲ့ပါတယ်။ သူက ကျောင်းသားသစ်တွေ အားလုံး ထွက်သွားခဲ့ပြီဆိုတာကို သိလိုက်တယ်။
အကြီးအကဲလေးယောက်ဟာ ဟောင့်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
ဟောင်က တစ်ခုခုမှားယွင်းသလို ခံစားလိုက်ရပြီး မျက်လုံးပြူ းကာ အော်ဟစ်လိုက်တယ်။
ခင်ဗျားတို့တွေ ကျွန်တော့်ကို ဘာလုပ်ချင်နေကြတာလဲ ..
ဘာမှ မလုပ်ချင်ပါဘူး .. ငါတို့က မင်းကို နည်းနည်းလောက် ရိုက်နှက်ချင်ရုံလေးပဲ ..
အကြီးအကဲလေးယောက်က ထိုင်ခုံကနေ အသီးသီးထလာကြပြီး ရှေ့ကို ထွက်လာပါတယ်။ ဟောင်က တစ်ခုခုမှားနေပြီဆိုတာကို သိသွားခဲ့တယ်။ သူက ထိုမြေခွေးအိုကြီးတွေကို အနားကပ်ခံလို့ မဖြစ်ပါဘူး။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ အကြောင်းတွေ ပေါ်သွားနိုင်ပါတယ်။
တကယ်လို့ ခင်ဗျားတို့တွေ ကျွန်တော့်ကို မညာမတာ ဆက်ဆံရင်တော့ ကျူ းလုအကယ်ဒမီကျောင်းတော်ကို ချက်ချင်း ထွက်သွားရလိမ့်မယ် …
ဟောင်က အဆုပ်ထဲထိ လေတွေ ရှုသွင်းလိုက်ပြီး အော်ဟစ်လိုက်တယ်။
ဟားဟား ..
အကြီးအကဲတွေက ရယ်မောလိုက်ကြပြီး သူတို့ရဲ့ မျက်လုံးတွေကတော့ တောက်ပလို့နေတယ်။
အားယိုး .. ငါ့ကို တကယ်ရိုက်ကြတာလား .. ဒါက အရမ်းနာတယ်ဟ ..
ဟောင်က အကြီးအကဲတစ်ယောက်က သူ့ကို ရိုက်နှက်လိုက်တာကြောင့် နာကျင်စွာ အော်ဟစ်လိုက်တယ်။
ဟူးလား ..
သူဟာ ဒီအတိုင်းဆက်ပြီး ရိုက်နှက်ခံနေလို့ မရတော့ပါဘူး။ ထို့ကြောင့် ချက်ချင်းပဲ အကြီးအကဲရဲ့ လက်ဝါးရိုက်ချက်ကနေ ရှောင်ထွက်လိုက်ပြီး လက်ဝေ့ရမ်းလိုက်တယ်။
ဟောင်ရဲ့ လက်က ရုတ်တရက် ကြည့်ရင် ညင်သာစွာ လှုပ်ရှားသွားတယ်ဆိုပေမဲ့ နန်းတော်ခန်းမဆောင်တစ်ခုလုံးဟာ အသံတချက်မထွက်ပဲ တုန်ခါသွားပါတယ်။
ကောင်းလိုက်တာ .. မင်းက အမှန်တကယ်ကို အစွမ်းထက်တာပဲ .. ဒီလိုခွန်အားမျိူ းက ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တယ်လို့ ပြောလို့ရတယ် ..
အကြီးအကဲတွေဟာ ၀မ်းသာသွားကြတယ်။
လုံလောက်ပြီ .. သူ့ကို ဆက်ပြီး မတိုက်နဲ့တော့ ..
အကြီးအကဲ တာအိုရီက ပြုံးရွှင်စွာ ပြောလိုက်တယ်။
အကြီးအကဲဟာ ဟောင်ကို တိုက်ခိုက်နေရာကနေ ရပ်တန့်လိုက်တယ်။ သူတို့က အမှန်တကယ် တိုက်ခိုက်လိုက်တာမဟုတ်ပဲ ဟောင်ကို စမ်းသပ်လိုက်တာပါ။
ထိုအချိန်မှာပဲ အကြီးအကဲ ရှောင်ဖိန်းက သတိ၀င်လာခဲ့တယ်။ သူက ဟောင်ကို လက်ညိုးထိုးလိုက်ပြီး အော်ဟစ်လိုက်တယ်။
မင်း .. မင်း က နို့ဗူးကောင် နတ်ဆိုးပဲ …
သူက အံကိုတင်းတင်းကြိတ်လိုက်ပြီး ဟောင်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်။
ထိုနတ်ဆိုးလေးက နတ်နန်းကျောင်းတော်ကြီးကို ၀င်ရောက်လာတည်းက ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးသွားပါတော့တယ်။ သူက ပြဿ နာတွေ တစ်ခုပြီး တစ်ခု အဆက်မပြတ် ဖန်တီးနေခဲ့တာပါ။
ထို့အတွက်ကြောင့် အကြီးအကဲရှောင်ဖိန်းနဲ့ကျောင်းရန်က လဲပြိုကျလုနီးပါး စိတ်ဖိစီးခဲ့ကြရတယ်။ သူတို့တွေဟာ ဖြစ်နိုင်ရင် နို့ဗူးကောင် နတ်ဆိုးလေးကို စိစိညက်ညက်ကျေအောင် ထုထောင်းချင်နေကြတယ်လေ။
သို့သော် အခုတော့ သူဟာ လမ်းတစ်လျှောက်လုံး အမုန်းကြီးမုန်းရတဲ့ နို့ဗူးကောင် နတ်ဆိုးလေးကို သယ်လာခဲ့ရတယ်။ ပြီးတော့ ဆန်းကြယ်သော တစ္ဆေကြီးရဲ့ မရဏစက်ကွက်လည်း ကူးစက်သွားတယ်။ ထို့ကဲ့သို့သော အရာကိုမှ ဒေါသမထွက်ရရင် လောကမှာ အရာရာကို သည်းခံနိုင်သွားပါလိမ့်မယ်။
တော်လိုက်ပြီ .. ဒါက အဆင်ပြေနေတာပဲ .. ရှောင်ဖိန်း .. မင်း .. အရင် ထွက်သွားလိုက်တော့ ..
အကြီးအကဲရှောင်ဖိန်းဟာ ရင်ထဲမှာ ပေါက်ကွဲမတတ် ဒေါသတွေနဲ့ပြည့်နှက်နေပေမဲ့လည်း လူအိုကြီးတွေရဲ့ အမိန့်ကို မနာခံပဲ မနေရဲပါဘူး။ သူဟာ ဟောင်ကို မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ပြီး ထွက်ခွာသွားဖို့ ပြင်လိုက်တယ်။
အကြီးအကဲ လေးယောက် .. အခုဆိုရင် ကျွန်တော် နတ်နန်းကျောင်းတော်ကြီးမှာ ဆက်နေဖို့တောင် ကြောက်နေပြီ .. ကျွန်တော် ပြန်ရောက်လာရင် အကြီးအကဲရှောင်ဖိန်းက သေချာပေါက် လက်စားချေလိမ့်မယ် ..
ရှောင်ဖိန်းရဲ့ သည်းခံနိုင်စွမ်းတွေ လုံး၀ကို မရှိတော့ပါဘူး။ သူက ဘာမှ မလုပ်ရသေးဘူးလေ .. အဲ့ဒါကိုတောင် နို့ဗူကောင်က စပြီး စွပ်စွဲနေပြီတဲ့လား ..
သူဟာ ချက်ချင်းကို ဒေါသထွက်လာပါတယ်။
ရှောင်ဖိန်း .. သူ့ကို အနှောက်အယှက် မပေးနဲ့ .. ဘာပဲပြောပြော သူက ကလေးပဲရှိသေးတယ .. သူဆိုးတာကို နားလည်ပေးရမယ် ..
အကြီးအကဲတာအိုရီက ၀င်ရောက်ပြောဆိုလာခဲ့တယ်။
အကြီးအကဲရှောင်ဖိန်းဟာ အော်ဟစ်ငိုယိုချင်စိတ်တွေ ပေါက်သွားပေမဲ့ မျက်ရည်တော့ ကျမလာခဲ့ပါဘူး။ နတ်ဆိုးကောင်ဟာ တကယ်ပဲ လူပေါင်းများစွာကို နှိပ့်စက်နိုင်စွမ်း ရှိနေတယ်။ နို့ဗူးကောင်လေးကို အရေခွံဆုပ်ပစ်ချင်နေတာ အကြီးအကဲ ရှောင်ဖိန်းသာမက ဟင်းလင်းပြင် နတ်ဘုရားနယ်မြေထဲက လုယက်ခံရသူတွေလည်း ပါ၀င်ပါတယ်။
” ရှောင်ဖိန်း .. သွားလိုက်တော့ ..။”
စီနီယာ အကြီးအကဲလေးယောက်က သူ့ကို နည်းနည်းလေးမှ မျက်နှာသာမပေးပဲ မောင်းထုတ်လိုက်ပါတယ်။ ထိုအရာက အကြီးအကဲ ရှောင်ဖိန်းကို အကြီးအကျယ် ဒေါသထွက်သွားစေပါတယ်။
ကောင်လေး .. ငါတို့ နတ်နန်းကျောင်းတော်ကြီးက အမြဲလိုလို ပွင့်လင်းမှု ရှိပါတယ် .. အမှားနည်းနည်းလောက် လုပ်မိတာလောက်တော့ ဗွေမယူပါဘူး .. ဒါပေမဲ့ ဘယ်သောအခါမှ အမှားမလုပ်မိရင်တော့ ပိုကောင်းတာပေါ့ ..
အကြီးအကဲတစ်ယောက်က ရယ်မောကာ ပြောဆိုလိုက်တယ်။
ဒီတစ်ခေါက် ပျက်သုန်းခြင်း တောင်တန်းတစ်ရာထဲကို ၀င်တဲ့အချိန်ကျရင် မင်း သတိထားရမယ်နော် .. တကယ်လို့ မင်း အဆုံးမဲ့နုပျိုခြင်းနွယ်ပင်ကို ပြန်ယူလာနိုင်ရင်တော့ အကောင်းဆုံးပဲ .. ဒါဆိုရင် ငါတို့က မင်းရဲ့ နာမည်ကို နတ်နန်းကျောင်တော်ကြီးရဲ့ အင်မော်တယ် မှတ်တမ်းမှာ ရေးမှတ်ပေးထားမယ် ..။
တခြား အကြီးအကဲတစ်ယောက်ကလည်း ပြောလာခဲ့တယ်။
ဟောင်က ချက်ချင်းပဲ ပါးစပ်ပိတ်သွားပါတယ်။ ထိုဟာက အံ့သြစရာမဟုတ်တော့ပါဘူး။ ဒါကို ဘယ်သူမှ တော်ရုံတန်ရုံမလုပ်နိုင်တာကြောင့် လူအိုကြီးတွေက သူ့ကို အကြောင်းပြချက်ကောင်းကောင်းပေးပြီး အသုံးချချင်နေတာပါပဲ။
နတ်ဆိုးလေး .. မင်းမျက်လုံးတွေကို ကြည့်ရတာ ဝေခွဲမရဖြစ်သွားပုံပဲ .. ငါတို့ နတ်နန်းကျောင်းတော်ကြီးထဲကို ၀င်လာတဲ့အခါမှာ ကျောင်းတော်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့ထားလို့မရဘူး .. မင်း အဲ့ဒါကို လုပ်ဖို့ အခက်အခဲ ရှိလို့လား ..
အကြီးအကဲတစ်ယောက်ရဲ့ စကားက ဟောင့်ကို မျက်လုံးပြူ းသွားစေခဲ့တယ်။
တကယ်လို့ မင်း သူ့ကို ဒီအကြောင်းတွေကို ပြောပြမယ်ဆိုရင်လည်း အကုန်လုံးပြောပြလိုက်တာ ပိုကောင်းလိမ့်မယ် .. အဲ့ဒါဆိုရင် သူ အောင်မြင်တဲ့ အခါကျရင် မြင့်မြတ်သော တော်၀င်ရတနာခန်းမထဲက တာအိုအဖိုးတန် နည်းစနစ်တစ်ခုကို ရွေးချယ်ခွင့် ပေးမယ်ဆိုတာရောပေါ့ ..
အကြီးအကဲတာအိုရီ က ပြောလာခဲ့ပါတယ်။
အား .. အကြီးအကဲတို့က ကျွန်တော့ကို ဘယ်လိုတွေတောင် ထင်မြင်ယူဆနေကြတာလဲ .. တကယ်တော့ ကျွန်တော်က ကျောင်းတော်ကြီးအတွက် အကောင်းဆုံး လုပ်ပေးချင်နေတာပါ ..။”
တကယ်လို့ ကျွန်တော့်လုပ်ရပ်တွေ အောင်မြင်ခဲ့ရင် မြင့်မြတ်သော တော်၀င်ရတနာခန်းမကို ၀င်ခွင့်ရမယ်ပေါ့ .. ဒါပေမဲ့ တာအိုအဖိုးတန် နည်းစနစ်တစ်ခုပဲ ရမယ်ဆိုတာကတော့ နည်းများနေမလားပဲ ..။
အစပိုုင်းမှာတော့ အကြီးအကဲလေးယောက်ဟာ ဟောင့်ရဲ့ စကားတွေကို ကျေနပ်အားရစွာ နားထောင်နေခဲ့တယ်။ သို့သော် ဟောင့်ရဲ့ နောက်ဆုံးသော စကားတွေက သူတို့ရဲ့ မျက်နှာတွေကို ချက်ချင်း မည်းမှောင်သွားစေခဲ့တယ်။
အဆုံးမဲ့နုပျိုခြင်းနွယ်ပင်က ပျက်သုန်းခြင်းတောင်တန်းတစ်ရာရဲ့ လျှို့ဝှက်ဆုံးနေရာမှာ တည်ရှိတယ်။ ထိုနေရာက အရမ်းကို ဆိုးရွားတဲ့ ဖြစ်တည်မှုတွေ ရှိနေတယ်လို့ ကောလာဟလတွေ ပြန့်နေခဲ့တယ်။ အလွန်အမင်းကို အစွမ်းထက်လွန်းတဲ့ ဝိညာဉ်သားရဲတွေဟာ အတားအဆီးတစ်ခုကို တည်ဆောက်ထားကြပါတယ်။ ထိုအတားအဆီးတွေကို ရှေးဟောင်း စိန့်သူတော်စင်တွေတောင် ဖျက်စီးဖို့ခက်ခဲတာကြောင့် အနားကို သွားဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။
***