သုခကမ္ဘာက ရှီဟောင် - Chapter - 208 ငါ့ လက်သီး ဘယ်လောက်ပြင်းလဲ
Chapter – 208 ငါ့ လက်သီး ဘယ်လောက်ပြင်းလဲ
ရှောင်ဖိန်းဟာ ဟောင်နဲ့ ထပ်ပြီးတွေ့ဆုံတဲ့အခါမှာတော့ တစ်ခုခုဝါးနေတာကို တွေ့လိုက်ရတယ်။ သူက တုန်လှုပ်ခြောက်ချားသွားပြီး မျက်လုံးပွတ်သပ်ကြည့်လိုက်တယ်။ ပြီးတော့ သူဟာ ချက်ချင်းပဲ ခုန်ပေါက်အော်ဟစ်လိုက်ပါတယ်။
မင်းက စိတ်ဝိညာဉ်ဆေးပင်ကို ခိုးရဲတယ်လား .. ဒါ .. ဒါက နန်းခန်းမဆောင်ရှေ့မှာ ရှင်သန်ကြီးထွားနေတဲ့ နှင်းကျောက်စိမ်း ဂျင်ဆင်းပင် မဟုတ်လား ..
ဟောင်က ပြုံးပြီး ပြောလိုက်ပါတယ်။
အကြီးအကဲ တာအိုရီက ကျွန်တော့်ကို ပေးလိုက်တာလေ ..
သောက်လခွမ်း ..
ရှောင်ဖိန်းဟာ ထိုအရာကို မြင်လိုက်ရတာ ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်။
ကျွန်တော် နန်းခန်းမဆောင်ထဲကနေ ထွက်လာတဲ့ အချိန်မှာ နှင်းကျောက်စိမ်း ဂျင်ဆင်းတွေကို စားလို့ရလားဆိုတာ မေးလိုက်တယ်လေ .. ကြည့်ရတာ အကြီးအကဲတာအိုရီက စိတ်မရှည်ဘူးထင်တယ် .. ခေါင်းပဲ ညိတ်ပြလိုက်တယ် ..
ဟောင်က ထပ်ပြောလိုက်တယ်။
ထိုအချိန်မှာပဲ အကြီးအကဲတာအိုရီရဲ့ ကယ်ကူရာမဲ့နေတဲ့ စကားသံဟာ နန်းခန်းမဆောင်ထဲကနေ ပြန့်လွှင့်လာခဲ့တယ်။
” သူ့ကို ဂရုစိုက်ပေးလိုက် .. အနာဂတ်မှာတော့ သူ့ကို ဆေးဥယျာဉ်ဘက်ကို မသွားစေနဲ့ .. သူ ဒီတစ်ခေါက် ခရီးဝေးက ပြန်လာရင် နှင်းကျောက်စိမ်း ဂျင်ဆင်းပင်တွေပါ ထပ်ပေးလိုက်ဦး ..
ထိုနေ့နောက်ပိုင်းက စပြီးနောက်မှာ ဟောင်က အမှန်တကယ်ကို လွတ်လပ်သွားခဲ့တယ်။ သူဟာ ကျင့်ကြံခြင်း ခိုင်မာလာအောင် ကြိုးစားနေတယ်။ ပြီးတော့ သူ့မှာ စိုးရိမ်စရာတွေ လုံး၀မရှိတော့တာကြောင့် နတ်နန်းကျောင်းတော်ကြီးထဲက လျှို့ဝှက်တဲ့နေရာတွေအားလုံးကို လိုက်လံစပ်စုနိုင်ခဲ့တယ်။
ဟောင်က ညနေစောင်းတဲ့ အခါတိုင်း ဆန်းကြယ်သော တစ္ဆေကြီးက ပေါ်ပေါ်လာတတ်တာကို မြင်လိုက်ရတယ်။ အစပိုင်းမှာတော့ သူဟာ အဆင်မပြေသလို ခံစားနေရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ တဖြေးဖြေးနဲ့ အသားကျလာခဲ့တယ်။ တစ်ခါတစ်ရံတော့ ဟောင်က ကျူ းရန်မျောက်လေးကို အမြီးကကိုင်ပြီး ဆန်းကြယ်သော တစ္ဆေကြီးကို ပစ်ပေါက်လိုက်လေ့ရှိတယ်။
ထိုကဲ့သို့ ဟောင်ရဲ့ အပြုအမူတွေကို ခံလိုက်ရတဲ့အခါတိုင်း ကျူ ရန်မျောက်လေးရဲ့ အမွေးတွေ ထောင်ထကုန်ပါတယ်။ ထိုအချိန်မှာ သူဟာ အရမ်းကို ကြောက်ရွံ့ရသလို ဒေါသလည်း ထွက်ရပါတယ်။
အရုဏ်တက်ချိန်ရောက်တဲ့အခါတိုင်းမှာတော့ ဆန်းကြယ်သော တစ္ဆေကြီးဟာ ချက်ချင်းပဲ ပျောက်ကွယ်သွားတယ်။
ရီ .. ဒါက သာမန် တပည့်လေး တစ်ယောက်ပဲ မလား .. သူက ဘယ်လိုဖြစ်ပြီး ငါတို့ ပါရမီရှင် စုဝေးရာနယ်မြေကို ရောက်လာတာလဲ ..
လူငယ်တစ်စုဟာ စိတ်ရှုပ်ထွေးသွားကြတယ်။
ပါရမီရှင် စုဝေးရာနယ်မြေဟာ ဝိုင်း၀န်းတဲ့ပုံစံ ရှိပါတယ်။ ပြီးတော့ လှပလွန်းတဲ့တောင်တန်းတွေနဲ့ ချိုင့်ဝှမ်းတွေပါ ရှိတယ်။ လေပြင်းတွေ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတာနဲ့ ရောင်စုံအလင်းတန်းတွေဟာ ဖြာထွက်လာတယ်။ ထိုနေရာဟာ ကျင့်ကြံဖို့အတွက် အရမ်းကို သင့်တော်လှပြီး သာမန်တပည့်တွေရဲ့ နေရာထက် အဆပေါင်းများစွာ ကောင်းမွန်ပါတယ်။
ရပ်လိုက်စမ်း .. ဒီနေရာက လာချင်တိုင်း လာလို့ရတဲ့နေရာ မဟုတ်ဘူး ..
ဟောင်က ရပ်လိုက်ပြီး ပြောလိုက်တယ်။
ငါ .. ချင်ဖန်းကို ရှာနေတာ ..
လူငယ်လေးတွေဟာ အံ့အားသင့်သွားခဲ့တယ်။
မင်းက ဘာဖြစ်လို့ သူ့ကို ရှာနေတာလဲ ..
သူက ငါ့ရဲ့ ညီလေးပဲ .. သူ့အတွက် ငါ ဆေးတွေ လာပေးတာ ..
သိပ့်မကြာခင်မှာပဲ ချင်ဖန်းဟာ မြန်ဆန်စွာပဲ ဆေးဝါးတွေကို လက်ခံရရှိသွားတယ်။ သူဟာ ချက်ချင်းပဲ ဆေးထုတ်ကို ဖောက်လိုက်ပြီး အ့ံ့သြသွားခဲ့တယ်။ ဟောင့်ဆီက ရရှိလာတဲ့ လက်ဆောင်က အံ့အားသင့်ဖွယ်ရာကောင်းတဲ့ စိတ်ဝိညာဉ်ကို မြင့်တင်ပေးတဲ့ ဆေးတွေ ဖြစ်နေခဲ့တယ်။ ထိုဆေးဟာ အရောင်အဝါတွေ ဖြာထွက်နေပြီး ချိုမြလှတဲ့ အနံ့ကလည်း သူ့ရဲ့ နှာခေါင်းထဲကို တိုး၀င်သွားပါတယ်။
အမ် .. ဒါ ဒါက …
ချင်ဖန်းဟာ ထိန်းချုပ်မရအောင် ထိတ်လန့်တုန်လှုပ်သွားပါတယ်။ သူဟာ ဟောင်ရဲ့ အခြေအနေကိုလည်း နားလည်သွားခဲ့တယ်။
အစ်ကိုလေးက ဆေးဥယျာဉ်နယ်မြေထဲက ဆေးဝါးတွေကို ခိုးယူလာတာတော့ မဟုတ်လောက်ပါဘူးနော် ..
စိတ်ဝိညာဉ်ဆေးဝါးတွေဟာ အရမ်းကို အဖိုးတန်ပြီး ရှားပါးပါတယ်။ ထိုဟာကို တခြားသူတွေသာ သိသွားခဲ့ရင် သေချာပေါက် ရာဇ၀တ်မှုကြီး တစ်ခုဖြစ်တယ်။ ချင်ဖန်းရဲ့ လက်တွေဟာ တဆတ်ဆတ်တုန်ခါသွားခဲ့တယ်။
တခြားသော လူငယ်လေးတွေဟာ စိတ်ဝိညာဉ်ဆေးဝါးတွေကို တွေ့လိုက်ရချိန်မှာ ချက်ချင်းပဲ အော်ဟစ်သံတွေ ဆူညံသွားပါတယ်။ စိတ်ဝိညာဉ်ဆေးဝါးတွေဟာ အတွင်းစည်းတပည့်တွေအတွက်တောင် ရှားပါးပါတယ်။ သူတို့တွေအတွက် စိတ်ဝိညာဉ်ဆေးလုံးတစ်လုံးရဖို့တောင် ခက်ခဲတယ်လေ။
ကောင်လေး .. မင်းလို သာမန်တပည့်တစ်ယောက်က ဒါကို ရဖို့ဆိုတာ လုံး၀ကို မဖြစ်နိုင်ဘူး .. ဆေးဥယျာဉ်နယ်မြေထဲကနေ မင်းခိုးလာခဲ့တာ မဟုတ်လား .. ဒါက ကျောင်းထုတ်ပစ်နိုင်လောက်တဲ့ ရာဇ၀တ်မှုကြီးတစ်ခုနော် ..
ဒါတွေလား … ဒါတွေကို ငါ အလကားရလာတယ်များ ထင်နေကြလား .. ကျောင်းသားသစ်တွေနဲ့ အလောင်းအစားလုပ်ပြီး ငါ နိုင်လာလို့ ရလာခဲ့တာတွေချည်းပဲ ..
ဟောင်က အေးအေးဆေးဆေးပြောလိုက်တယ်။ ကျူ ရန်မျောက်လေးက အစာစားချင်နေတာကြောင့် ဟောင်က ဘေးကို ပစ်ချလိုက်တယ်။
ဟောင်ကို ဘယ်သူကမှ မယုံကြည်ကြပါဘူး။
ဟောင်က သူတို့ရဲ့ အမူအယာတွေက်ို ကြည့်ပြီး ပြောလိုက်တယ်။
မင်းတို့ကောင်တွေ ငါ့ကို မယုံဘူးဆိုရင် ငါတို့ လောင်းနိုင်တယ်နော် .. ဘယ်သူ အရင်စပြီး စိန်ခေါ်ချင်လဲ ..
ပါရမီရှင် လူငယ်လေးတွေဟာ ရယ်ရမလို ငိုရမလို ဖြစ်သွားတယ်။ ထိုကောင်လေးက အရမ်းကို ကြွားဝါလွန်းပါတယ်။ သူက ပါရမီရှင် စုဝေးရာနယ်မြေထဲကို မ၀င်ရသေးတဲ့ အပြင်စည်း တပည့်တစ်ယောက်ဖြစ်တယ်လေ။ ဒါတောင် သူတို့တွေကို စိန်ခေါ်ရဲတယ်တဲ့လား။
နင် ငါတို့ကို စိန်ခေါ်နိုင်ပါတယ် .. ဒါပေမဲ့ ငါနိုင်ရင် နင့်ရဲ့ စိတ်ဝိညာဉ်ဆေးတွေကို ပေးနိုင်မလား ..
ထိုစကားကို ပြောလာသူက ကြော့ရှင်းလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဆယ့်ငါးနှစ်အရွယ် မိန်းမလှလေးတစ်ယောက်ဖြစ်တယ်။ သူမရဲ့ အသားအရေတွေဟာ ဆီးနှင်းပွင့်တွေအလား ဖြူ အုနေပြီး ဆံနွယ်တွေကတော့ ရေတံခွန်တစ်ခုလို ပျော့ပြောင်းလှတယ်။ သူမရဲ့ ဆောင်းဦးလေပြည်လ်ို ကြည်လင်တောက်ပနေတဲ့ မျက်၀န်းတွေ ပြုံးနေပါတယ်။
အားယိုး … ဘယ်လိုတွေတောင် လှလိုက်တဲ့ ညီမလေးလည်းကွာ .. မင်း ဘယ်လ်ို လုပ်ချင်လဲ .. စိတ်ဝိညာဉ်ဆေးလုံးတွေရော မင်းဆီမှာ ရှိရဲ့လား …
ဟောင်ရဲ့ မျက်လုံးရွဲကြီးတွေက အရောင်တွေ တဖျတ်ဖျတ် ထွန်းလင်းလာခဲ့တယ်။
လူငယ်လေးတွေဟာ မိန်းမလှလေးနဲ့ ခေါင်းတစ်လုံးလောက် ပိုနိပ့်နေတဲ့ ဟောင်ကို ကြည့်ပြီး ရယ်လိုက်တယ်။ သူက လက်ရှိရောက်နေတဲ့ ပါရမီရှင်လူငယ်လေးတွေထက် သိသိသာသာ ငယ်ရွယ်နေပါတယ်။ သို့သော် သူက တခြားသူတစ်ယောက်ကို ညီမလေးလို့ ခေါ်ပြီး အစ်ကိုကြီးတစ်ယောက်လို တကယ်ကြီး ပြုမူရဲနေတာလား။
မိန်းမလှလေးကလည်း နူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်။
ဂျူ နီယာ မောင်လေး .. နင် တခြားသူတွေကို ချက်ချင်းကြီး အသားမယူချင်နဲ့လေ .. ဒါဆိုရင် နင် သိပ့်မကြာခင်မှာ ငိုသွားရလိမ့်မယ် .. ငါ့ဆီမှာ စိတ်ဝိညာဉ်ဆေးလုံးတွေ မရှိပေမဲ့ တခြားအစားထိုးလို့ရတဲ့ ဆေးလုံးတွေ ရှိပါတယ် .. အဲ့ဒါတွေကို ပေးရင် လုံလောက်နေပြီလေ ..
အား .. အလှပဂေးလေးတစ်ယောက်နဲ့ စကားပြောရတာ ငါ့ကို တကယ်ပျော်ရွှင်စေတာပဲ .. ငါ .. မင်းတို့ကို ပြိုင်ဘက်တွေလို ထည့်စဉ်းစားထားတာနော် .. ဘယ်သူ လောင်းချင်ကြလဲဟေ့ ..
ဟောင်က မေးလိုက်ပါတယ်။
လူအုပ်ကြီးဟာ ချက်ချင်းပဲ ဒေါသဖြစ်သွားကြတယ်။ ထိုကောင်လေးဟာ အရမ်းကို တင်စီးလွန်းတယ်။ သူဟာ သူ့ရဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေ ဆုံးရှုံးသွားမှာကို မကြောက်ဘူးလား။ သူက တခြားသူတွေနဲ့ စိတ်အားထက်သန်မှု ရှိရှိ အလောင်းအစားလုပ်ချင်နေတယ်။
လူငယ်လေးတွေဟာ အမှန်တကယ်ပြောစရာ စကားကင်းမဲ့သွားတယ်။ သူ့ရဲ့ ညီလေးဆိုတဲ့ ချင်ဖန်းဟာ အရမ်းကို အားနည်းလွန်းပါတယ်။ ပြီးတော့ ပါရမီရှင် စုဝေးရာနယ်မြေကိုတောင် မရောက်လာနိုင်သေးတဲ့ ကောင်လေးတစ်ယောက်ဟာ သူတို့ရှေ့မှာ လေလာကြီးရဲနေခဲ့တယ်။
သူ့ဆီမှာ ယုံကြည်ချက်တစ်ချို့တော့ ရှိနေပုံပဲ .. ငါ့ကိုလည်း နောက်တစ်ယောက်လို့ မှတ်လိုက်ပါ ..
နောက်ထပ် မိန်းမလှလေးတစ်ယောက်က ရှေ့ကို တိုးထွက်လာတယ်။ သူမရဲ့ လက်မောင်းသားလေးတွေက တင်းတင်းရင်းရင်း ရှိလှပြီး သားရဲသားရေ၀တ်စုံကို ချပ်ချပ်ရပ်ရပ် ၀တ်ဆင်ထားပါတယ်။ သူမရဲ့ အသားအရေက ကျန်းမာသန်စွမ်းတဲ့ အခြေအနေကို ဖော်ပြနေတယ်။ သူမဟာ အရမ်းကို ချောမောလှပနေပေမဲ့လည်း မျက်လုံးတွေကတော့ မောက်မာ၀င့်ကြွားမှုတွေ အထင်းသားပေါ်လွှင်နေခဲ့တယ်။
အား … နောက်ထပ် ငယ်ငယ်ချောချော ညီမလေးပါလား .. ငါက အဲ့လို ငယ်ငယ်ရွယ်ရွယ် ညီမလေးတွေနဲ့ ပြောဆိုဆက်ဆံရတာကို အရမ်းတွေ သဘောကျတာ ..
ဟောင်ရဲ့ အမူအယာဟာ အတော်လေးကို အူးယားဖားယားဖြစ်လာတယ်။ သူက မိန်းမလှလေးရဲ့ ရုပ်လုံးကြွလာပြီဖြစ်တဲ့ အဖုအထစ် ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို မလွှတ်စတမ်း စူးစိုက်ကြည့်လိုက်တယ်။
သောက်ကောင်စုတ်လေး .. သိပ်မကြာခင် နင့်မျက်လုံးတွေကို ငါ ဖောက်ထုတ်ပစ်မယ် ..
မိန်းမလှလေးရဲ့ လှပတဲ့ လက်ချောင်းလေးတွေဟာ ညင်သာစွာ လှုပ်ရှားသွားခဲ့ပြီး အံကြိတ်ကာပြောလိုက်တယ်။
ချိ … ညီမလေးရယ် .. ငါ .. အရမ်းတွေကို ကြောက်နေပါပြီနော် .. မကြာခင် မင်းရှုံးသွားတဲ့ အခါကျရင်တော့ မငိုကျေးပေါ့ကွယ် ..
ဟောင်က တစ်ဆက်တည်းပဲ လူအုပ်ကြီးဘက်ကို လှည့်ပြီး အော်ငေါက်လိုက်ပါတယ်။
မင်းတို့ကောင်တွေ ဘယ်လိုတောင် နေနိုင်ရတာလဲ .. ဒီလိုမျိုး လှပလွန်းတဲ့ ညီမလေးတွေကို တိုက်ပွဲထဲ ၀င်ခွင့်ပေးစရာလား .. ဒါက သည်းမခံနိုင်စရာကောင်းလိုက်တာ ..
ထို့နောက်မှာတော့ သူဟာ မိန်းမလှလေးတွေဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။
ကြည့် .. အာ့ဒီကောင်တွေက နည်းနည်းလေးမှ အားကိုးချင်စရာ မကောင်းဘူး ..
လခွမ်း … သောက်ကောင်က ငါတို့ရဲ့ ဒေါသကို ဆွနေတာပဲ …
လူငယ်လေးတွေရဲ့ မျက်နှာဟာ ဒေါသတွေကြောင့် နီမြန်းလာခဲ့တယ်။ ထို အလိုက်ကန်းဆိုး မသိပဲ မိုက်မဲလှတဲ့ ကောင်လေးက သူတို့ရဲ့ ဆုံးမမှုတွေကို အမှန်တကယ်လိုအပ်နေပါပြီ။
ဟူးလား …
ထုိ့နောက်မှာတော့ ပါရမီရှင်လူငယ်တစ်စုဟာ ဒေါသကို မထိန်းနိုင်ကြတော့ပဲ ဟောင်ကို ချက်ချင်းပဲ ဝိုင်းရံလိုက်ပါတယ်။ သူတို့တွေကို ဟောင့်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ချင်ကြပြီလေ။
***