သုခကမ္ဘာက ရှီဟောင် - Chapter - 209 ငါ့လက်သီး ဘယ်လောက်ပြင်းလဲ 2
Chapter – 209 ငါ့လက်သီး ဘယ်လောက်ပြင်းလဲ 2
လူငယ်လေးတွေဟာ ဟောင့်ကို ဝိုင်းရံထားလိုက်ကြတယ်။ ပိုပြီးတော့ အံ့သြစရာကောင်းတာကတော့ မိန်းမလှလေးတွေပါ ပါ၀င်လာခဲ့တာပါပဲ။ သူတို့တွေဟာ ဟောင့်ကို ဝြဖို းနေတဲ့ သိုးငယ်လေးတစ်ကောင်ကို ဆာလောင်နေတဲ့ ဝံပုလွေအုပ်ကြီး တစ်အုပ်က ဝိုင်း၀န်းကြည့်ရှုနေကြတဲ့အတိုင်း ဖြစ်တယ်။
မင်းတို့ကောင်တွေ ဘာလုပ်နေတာလဲ .. ဘာလဲ .. ငါ့ကို အုပ်စုနဲ့ ဝိုင်းတိုက်ချင်နေကြတာလား ..
ဟောင်က လူငယ်အုပ်စုကို တောက်ပစွာ လှည့်ပတ်ကြည့်လိုက်ရင်း ပြောလိုက်တယ်။
ငါတို့တွေက မင်းကို ရိုက်နှက်ဖို့ စုစည်းနေတာလေ .. မင်းကိုမင်း ရှေးခေတ်ဟောင်းက စိန့်သူတော်စင်တစ်ပါးပါးများ ပြန်လည် မွေးဖွားလာတယ်လို့ ထင်နေတာလား ..
လူငယ်လေးတွေက ဟောင်ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး တုန့်ပြန်လိုက်တယ်။
ငါ ထင်ပါတယ် .. နောက်ဆုံးတော့လည်း ခက်ခဲတဲ့ တိုက်ပွဲတစ်ခုဖြစ်လာပြီလေ .. ပညာရှင်ကြီးတစ်ယောက်က ပါရမီရှင် စုဝေးရာ နယ်မြေကို ရောက်လာပြီး သူရှေ့က အရာရာတိုင်းကို သိမ်းပိုက်ခဲ့တယ်ဆိုပြီးပေါ့ .. ဒါက အစစ်အမှန် ဇာတ်လမ်းတစ်ခုဖြစ်လာတော့မှာပါ ..
ဟောင်က သူ့ရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး အနာဂတ်ကို မှန်းမျှော်ကြည့်နေခဲ့တယ်။ သူ့ရဲ့ အကြံအစဉ်တွေဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ ရှိနေဆဲဖြစ်တာကြောင့် သူ့ရဲ့ မျက်လုံးတွေဟာ ကြယ်ပွင့်တွေလို တောက်ပနေခဲ့တယ်။
တိုက်ကြ ..
ပါရမီရှင်တွေဟာ အထင်မြင် အသေးခံနေရတယ်။ ထို ကောင်လေးဟာ တကယ်ကို ရိုက်ပုတ်ခံရဖို့ လိုနေပါပြီ။ သူဟာ အရမ်းကို ဆိုးသွမ်းမောက်မာနေပုံရပြီး ပါရမီရှင် စုဝေးရာ နယ်မြေက လူတွေကို မုန်ညင်းစေ့တွေလို မျက်လုံးထဲ မြင်ဟန် မရှိပါဘူး။
ဟောင်က အူလှိုက်သည်းလိုက်ကို ရယ်မောလိုက်တယ်။
ကောင်းတယ် .. ငါက အခုလိုမျိူ းဆိုရင် ပိုပြီးတော့တောင် လုပ်ပစ်လိုက်ချင်သေးတယ် .. ဒါပေမဲ့ ငါ့အနေနဲ့ မင်းတို့ရဲ့ အားနည်းလွန်းတဲ့ စိတ်ဝိညာဉ်တွေ ထိခိုက်မိသွားမှာကိုတော့ ကြောက်မိပါတယ်ကွာ .. အဲ့ဒါကို စဉ်းစားလိုက်မိတဲ့အခါကျရော မလုပ်ရက်တော့သလိုပါပဲ ..
ချီးတဲ့မှပဲ .. ငလူးမ .. F* cking ..
လူငယ်လေးတွေရဲ့ ဒေါသဟာ တားမရဆီးမရအောင် ပေါက်ကွဲလာခဲ့တယ်။ သူတို့တွေဟာ ဟောင်ကို မြေကြီးနဲ့ အခါခါ ကိုင်ရိုက်ပစ်ချင်နေကြတယ်။
ငါ့ နာမည်က ရန်ရှင်းပဲ .. ကောင်စုတ်လေး .. ငါ နင့်ကို ရိုက်တဲ့အခါမှ မျက်ရည်တစမ်းစမ်းတော့ မဖြစ်သွားစေနဲ့ပေါ့ …
မိန်းမလှလေးဟာ သူမရဲ့ နှင်းပွင့်တွေလို ဖြူ ဖွေးနေတဲ့ လက်ကလေးကို ဝေ့ရမ်းလိုက်ပြီး ဟောင့်ကို တောက်ပစွာ ပြုံးကြည့်လိုက်တယ်။
ရတာပေါ့ .. ငါက အလှပဂေးလေးနဲ့ တိုက်ခိုက်ရမှာကို မကြိုက်ပဲ နေပါ့မလား …
ဟောင်က တံတွေးမြိုချလိုက်ပြီး ပြောလိုက်တယ်။ သူဟာ စီနီယာတစ်ယောက်မဟုတ်ပေမဲ့ မိန်းမလှလေးပေါ်မှာ တရားမျှတမှုရှိတဲ့ အစ်ကိုကြီးတစ်ယောက်ဟန်ပန်နဲ့ပါ။
ထိုဟာက ပါရမီရှင် လူငယ်လေးတွေကို အံတကြိတ်ကြိတ် ဖြစ်သွားစေတယ်။ ရင့်ကျက်ဖို့ လိုအပ်နေပြီး မောက်မာရိုင်းစိုင်းနေတဲ့ ကောင်လေးကို ကောင်းကောင်းကြီး ရိုက်နှက်ဆုံးမချင်နေပါပြီ။
ရန်ရှင်းရဲ့ လှပလွန်းတဲ့မျက်နှာလေးဟာ အေးဆေးတည်ငြိမ်နေပေမဲ့ ခြေထောက်အောက်ကနေ လေပြင်းတဝ်ချက်တိုက်ခိုက်သွားတယ်။ သူဟာ ချက်ချင်းပဲ အရှေ့ကို မီတာများစွာ ရောက်ရှိသွားပြီး လျှင်မြန်စွာပဲ စွမ်းအားသင်္ကေတတွေကို ထုတ်ဖော်တိုက်ခိုက်လိုက်ပါတယ်။
နှေးကွေးလိုက်တာ .. မင်း ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တတ်ပုံမျိုးနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး ..
ဟောင်က ကျယ်လောင်စွာအော်ဟစ်ပြောလိုက်ပြီး တခြားကောင်လေးတစ်ယောက်ရဲ့ နောက်ကျောမှာ ၀င်ပုန်းလိုက်တယ်။
ရန်ရှင်းဟာ ဒေါသထွက်လာခဲ့တယ်။
နင် .. တိုက်မှာလား .. မတိုက်ဘူးလား …
တိုက်မှာပါ .. ငါ တိုက်မှာပေါ့ .. တကယ်ကို မင်းအနေနဲ့ ဒီတိုက်ပွဲမှာ ငါ့ကို လက်ဆောင်ပေးချင်နေတာလေ .. ငါ ဘာဖြစ်လို့ မလိုချင်ရမှာလဲ ..
ဟောင်က သူမကို ပမာမခန့်ပြောဆိုလိုက်တယ်။ ထို့နောက် သူဟာ တခြားသူတွေကို ဦးတည်ပြီး ပြောလိုက်တယ်။
” တကယ်ပဲ တိုက်ပွဲထဲ ပါချင်တဲ့ သူတွေကတော့ အကျိုးအမြတ်ကောင်းကောင်း ရနိုင်ပါလိမ့်မယ် .. အဲ .. အရမ်းနည်းနေရင်တော့ ငါ သဘောတူမှာ မဟုတ်ဘူးနော် .. ပြီးရင် မြေပေါ်မှာ မျဉ်းတစ်ချောင်းခြစ်ထားလိုက်မယ် ..
ကောင်လေး .. မင်းက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာပဲ .. ဘာဖြစ်လို့ ဒီသောက်အသုံးမ၀င်တာတွေကို လေရှည်နေတာလဲ ..
ပါရမီရှင်လူငယ်လေးတွေဟာ စိတ်မရှည်ကြတော့ပါဘူး။
ငါ တကယ်ပြောနေတာ .. ဒီအလှလေးကို ငါ ရိုက်ပုတ်ပြီးတဲ့ အချိန်ကျရင် မင်းတို့ကောင်တွေ ကြောက်လန့်ပြီး ထွက်ပြေးသွားမှာကို ငါ စိုးရိမ်နေတာကွ .. ဒါဆိုရင် ငါ နောက်ထပ်တိုက်ပွဲတွေ တိုက်ချင်သေးတယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး တိုက်လို့ရပါတော့မလဲ ..
ဟောင် က ပြောလိုက်တယ်။
ရန်ရှင်းဟာ သူမရဲ့ သွားဖြူ ဖြူ လေးတွေကို တကျိကျိမြည်အောင် အံကြိတ်လိုက်တယ်။ ထို ကောင်စုတ်လေးက အရွယ်နဲ့မလိုက်အောင် စက်ဆုပ်ရွံရှာစရာကောင်းနေတယ်။ သူဟာ ပါရမီရှင် လူငယ်လေးတွေကို အထက်စီးကနေ မောက်မာစွာ ဆက်ဆံနေတယ်။ ရန်ရှင်းရဲ့ မျက်နှာပေါ်က အပြုံးတွေက လုံး၀ကို ပျောက်ကွယ်နေပြီး ဟောင် အော်ဟစ်ငိုကြွေးရသည်အထိ ရိုက်ပုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဟောင်နဲ့ လူငယ်တွေကြားမှာ အနက်ရောင် မျဉ်းတစ်ကြောင်း ပေါ်ထွက်လာခဲ့တယ်။ သူတို့ဟာ ဟောင်ကို ချက်ချင်းပဲ အပြစ်ပေးနေချင်ကြပါပြီ။
နောက်ဆုံးမှာတော့ သူတို့တွေဟာ တိုက်ပွဲအတွက် အလောင်းအစားပစ္စည်းတွေကို မကျေမနပ်နဲ့ ချထားလိုက်တယ်။ ထိုဟာက သူတို့ကို ဒေါသထွက်စေတဲ့ ဟောင်ကို လက်စားချေပြီး သင်ခန်းစာပေးချင်နေတာပါ။
ကောင်းပြီလေ … ဒီပစ္စည်းတွေ ဘယ်သူတွေပိုင်ဆိုင်သလဲဆိုတာကို ငါ မှတ်ထားပါတယ် .. သေချာတာတော့ မင်းတို့ပစ္စည်းတွေကို ပြန်မရတော့ဘူး .. သိပ်မကြာခင်မှာ ငါ ဘယ်လောက်အားကောင်းလဲဆိုတာကို မင်းတို့ မြင်ရတော့မှာဆိုတော့ ပြန်ယူသွားချင်ရင် ရသေးတယ် ..။
ဟောင်က အေးစက်စွာပြောလိုက်တယ်။
ကြည့်ရတာတော့ ပါရမီရှင် လူငယ်လေးတွေဟာ တာအိုနည်းစနစ်တစ်ခုခုနဲ့ နှိုင်းယှဉ်နိင်တဲ့ ရတနာတွေကို မထုတ်ထားကြပါဘူး။ သို့သော် လူအားလုံးက ပျော်ရွှင်စွာ ပါ၀င်လိုက်ကြတယ်။
ကောင်းတယ် .. ကောင်လေး .. မင်း ဘယ်လောက်ထိ ကြာကြာပြေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ .. အခုရော အဆင်ပြေသွားပြီလား ..။”
ပါရမီရှင် လူငယ်လေးတွေက ဝိုင်းအော်မေးလိုက်ကြတယ်။
ရန်ရှင်းရဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်းစွမ်းအားသင်္ကေတတွေ ပေါက်ကွဲထွက်လာပြီး ဖက်ဖူးစိမ်းရောင် ၀တ်စုံလေးက တိမ်တိုက်တစအလား လေထဲတလွှင့်လွှင့် ဖြစ်သွားခဲ့တယ်။ ထို့နောက် သူမရဲ့ နောက်ကျောကနေ ဥဒေါင်းငှက်ကြီးတစ်ကောင်က ဖြစ်ပေါ်လာကာ တောင်ပံတွေကို ဖြန့်ပြီး ဟောင့်ဆီကို ပျံသန်းသွားပါတယ်။
ဟောင်က ပြုံးလို့နေပါတယ်။ ပြီးတော့ သူ့ရဲ့ ညာဘက်လက်ဟာ ငွေရောင်စွမ်းအားတစ်ခုဖြစ်ပေါ်လာကာ တူတစ်တစ်လက်အဖြစ် အသွင်ပြောင်းလဲသွားတယ်။ ဟောင်ဟာ သူ့လက်ထဲကို ငွေရောင် တူကြီးရောက်ရှိလာတာနဲ့ ဥဒေါင်းငှက်ကြီးက်ို ပယ်ပယ်နှယ်နှယ် ထူချလိူက်တယ်။
ငွေရောင် အလင်းတန်းတွေဟာ ပိုပိုပြီး တောက်ပလာကာ ကောင်းကင်ကို မိုးကြိုးပစ်ခွင်းသံလို အသံထွက်ပေါ်လာတယ်။ ထိုနေရာတစ်ခုလုံးဟာ ငွေရောင် မြူအော်ရာတွေနဲ့ လွှမ်းခြုံသးတယ်။ ဟောင်တို့ကို စောင့်ကြည့်နေတဲ့ လူငယ်လေးတွေလည်း ထိန်းချုပ်မရအောင် တုန်လှုပ်ချောက်ခြားသွားကြတယ်။
ဟူးလား …
ဟောင်က လူအားလုံးဟာ သူ့ကို မနာလိုအားကျစေလောက်တဲ့ လက်နက်ကြကို မာန်ပါပါ ကိုင်ဆောင်ထားတယ်။ ဥဒေါင်းငှက်ကြီးဟာ ငွေရောင်တူကြီးနဲ့ ရင်ဆိုင်မိကာ သူ့ရဲ့တောက်ပမှုအော်ရာက ချက်ချင်းပဲ မှေးမှိန်ပျောက်ကွယ်သွားတယ်။
ကဲ .. ဒါဆိုရင်ရော .. အခုကြောက်သင့်ပြီလား ..
ဟောင်က ပါရမီရှင် လူငယ်လေးတွေကို မောက်မာစွာ ကဲ့ရဲ့လိုက်တယ်။
လက်ရှိမှာ လူငယ်အားလုံးဟာ အကြီးအကျယ်ကို တုန်လှုပ်သွားကြတယ်။ ဟောင်က အပြင်စည်းတပည့်ပဲ ဖြစ်သေးတယ်ဆိုပေမဲ့ မထင်မှတ်ထားတဲ့ စွမ်းအားနဲ့ မထင်မှတ်ထားသလို ပေါ်ထွက်လာခဲ့တယ်။
သူ့ရဲ့ ငွေရောင်တူက ထုချက်တစ်ချက်တည်းနဲ့ကို ရန်ရှင်းရဲ့ ပုံရိပ်ယောင်ဖန်တီးတိုက်ခိုက်မှုကို ချေဖျက်ပစ်လိုက်နိုင်တယ်။ ထိုဟာက လုံး၀ကို ထိတ်လန့်စရာကောင်းနေခဲ့တယ်။