သုခကမ္ဘာက ရှီဟောင် - Chapter - 210 မောက်မာဝံ့ကြွားစွာ အနိုင်ယူခြင်း
Chapter – 210 မောက်မာဝံ့ကြွားစွာ အနိုင်ယူခြင်း
ဟောင်ရဲ့ ပြိုင်ဘက်အဖြစ် ဒုတိယအကြိမ်မြောက် ထပ်မံပေါ်ထွက်လာတဲ့ သူကလည်း မိန်းမလှလေးတစ်ယောက်ဖြစ်တယ်။ သူမဟာ သားရဲအရေခွံကို ၀တ်ဆင်ထားသူလည်းဖြစ်တယ်။ သူမဟာ ပါရမီ စုဝေးရာနယ်မြေကို ရောက်ရှိလာတာအတော်လေးကို ကြာမြင့်နေခဲ့ပြီး နာမည်ကတော့ ပေါင်ရှုပါ။
မိနစ်လေးအတွင်းမှာပဲ ပတ်၀န်းကျင် တစ်ခုလုံးဟာ ရောင်စုံအလင်းတန်းတွေ လင်းထိန်လာခဲ့တယ်။ ထိုအလင်းတန်းတွေဟာ ဖြည်းညင်းစွာ စုစည်းလာခဲ့ပြီး လှံတံတွေအဖြစ် အသွင်ပြောင်းလဲသွားပါတယ်။ ပြီးတော့ ပေါင်ရှုရဲ့ ရှေ့မှာ လှည့်ပတ်ပျံသန်းနေခဲ့ပြီး ဟောင်ဆီကို တဟုန်ထိုး ပြေး၀င်သွားခဲ့တယ်။
ပေါင်ရှုဟာ သူမရဲ့ ခွန်အားတွေကို အပြည့်အ၀အသုံးချပြီး တိုက်ခိုက်လိုက်တာပါ။ သူမက ရန်ရှင်းရဲ့ ရှုံးနိပ့်မှုကို မြင်တွေ့ထားခဲ့ကြောင့် လက်ဦးမှု ရယူပြီး လူသတ်တိုက်ကွက်ကို ချက်ချင်းပဲ ထုတ်သုံးလာခဲ့တယ်။ လှံတံတွေဟာ ကောင်းကင်လေဟာပြင်ကို ထိုးခွဲကာ လေတိုးသံတဝူးဝူး ပေါ်ထွက်နေတာကြောင့် အရမ်းကို အံ့အားသင့်စရာကောင်းနေပါတယ်။
ဟောင်က အနည်းငယ်တော့ အံ့သြသွားပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေက လျှင်မြန်လွန်းပါတယ်။ ထိုအချိန်ခဏလေးအတွင်းမှာ သူဟာ ဘေးကို ရှောင်ထွက်သွားနိုင်တယ်။ ထို့နောက် သူ့ရဲ့ လက်နှစ်ဖက်ကို ပြိုင်တူဝေ့ရမ်းလိုက်တဲ့အခါမှာ ငွေရောင်ကြိတ်ဆုံကြီး ပေါ်ထွက်လာခဲ့ပါပြီ။ ကလစ် ကလစ် အသံတွေနဲ့ အတူ လှံတံတွေဟာ ကြိတ်ချေခြင်း ခံလိုက်ရတယ်။
ထိုရလာဒ်ဟာ လူအားလုံးကို တုန်ခါသွားစေတယ်။ ဟောင်က ပထမဆုံးတိုက်ပွဲမှာတုန်းက ကံကောင်းပြီး အနိုင်ရရှိလိုက်တယ်ဆိုရင် ယခုတိုက်ပွဲကရော .. သူဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိနေခဲ့တယ်။
ရွှီ ဆိုတဲ့ အသံနဲ့ ဟောင်က ပြေးထွက်လာပါတယ်။ ပေါင်ရှုဟာ ချက်ချင်းပဲ ဓာတ်လိုက်သလို ခံစားလိုက်ရပါတယ်။ ဟောင်ရဲ့ လက်ချောင်းလေးတွေဟာ သူမရဲ့ သေးသွယ်လှတဲ့ ခါးလေးပေါ်မှာ ကျရောက်နေပြီး ဖမ်းကုတ်ထားပါတယ်။ ထို့နောက်မှာ သူဟာ ပေါင်ရှုရဲ့ ဆံပင်တစ်ချို့ကို လျှင်မြန်စွာ ပြတ်တောက်သွားစေခဲ့ပြီး နောက်ပြန်ဆုတ်သွားခဲ့တယ်။
ထိုဟာက သေချာပေါက်ကို ပြီးပြည့်စုံတဲ့ အောင်ပွဲတစ်ခုဖြစ်တယ်။ အကယ်၍ သူဟာ ရန်သူတွေနဲ့သာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုရင် ထို ရွေ့လျားမှုနှစ်ခုလုံးက သတ်ဖြတ်နိုင်ဖို့ လုံလောက်တဲ့ သန်မာမှုမျိုး ရှိနေတယ်။
လူအားလုံးဟာ စိတ်လှုပ်ရှားတဲ့ အမူအယာတွေ ဖြစ်လာကြတယ်။ ထိုကောင်လေးက ငယ်ရွယ်သေးပေမဲ့ အရမ်းကို အစွမ်းထက်နေခဲ့တယ်။ သူဟာ ရိုင်းစိုင်းတဲ့ သားရိုင်းကောင်တစ်ကောင်လိုလည်း ရဲရင့်နေခဲ့တယ်။
ငါ့ရဲ့ အလှဆုံးလေး .. မင်းနဲ့ ပညာချင်း ဖလှယ်ပြီး တိုက်ပွဲ နည်းဗျူ ဟာတွေ ရရှိလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် …
ဟောင်က ပျော်ရွှင်စွာပဲ ရယ်မောလိုက်တယ်။
လူအားလုံးဟာ မလှုပ်မရှက် ကျောက်ရုပ်တွေအလား ဖြစ်သွားကြတယ်။ သူတို့တွေဟာ အချိန်အတော်ကြာ စကားပြောဖြစ်သွားကြတယ်။ ထိုကောင်လေးရဲ့ တိုက်ခိုက်နိုင်မှု စွမ်းအားတွေအရ သေချာပေါက် ပါရမီရှင်စုဝေးရာ နယ်မြေကို သက်သောက်သက်ရာ ၀င်ရောက်နိုင်စွမ်း ရှိနေတယ်။ သူက ဘာ့ကြောင့်များ အပြင်စည်းတပည့်များ ဖြစ်နေခဲ့ရတာလဲ။
တခြားသူ ရှိသေးလား .. မြန်မြန်တက်လာခဲ့ … တိုက်ပွဲအတွက် လက်နက်တွေ အများကြီး ရှိနေတယ် .. အားလုံးကလည်း ငါ့အတွက်ပဲ ဖြစ်မှာပါ ..
ဟောင်က ပြောလိုက်တယ်။ သူဟာ ပါရမီရှင် လူငယ်လေးတွေ အလောင်းအစား တင်ထားတဲ့ ဆေးဝါးတွေ၊ အဖိုးတန် ဆေးပြားတွေ၊ အရိုးစာအုပ်တွေကို ဝေ့ကြည့်လိုက်တယ်။ ပြီးတာ့ သူ့ရဲ့ အကြည့်တွေက တစ်နေရာကို ရောက်ရှိသွားတယ်။
လူအုပ်ကြီးဟာ အံ့အားသင့်နေတာကြောင့် တတိယမြောက်ပြိုင်ပွဲ၀င်ဟာလည်း စင်ပေါ်ကို မတက်နိုင်တော့ပါဘူး။ သို့သော် သူတို့တွေ ခေါင်းပြန်လှည့်ပြီး ကြည့်လိုက်မိချိန်မှာ လူငယ်လေးတစ်ယောက် ထွက်ပေါ်လာတယ်။ ထိုလူငယ်လေးက ဒဏ်ရာရရှိထားတဲ့ ကျိုးယုဟိုဖြစ်တယ်ဆိုတာကို သတိထားမိတယ်။
ကျိုးယုဟိုက အရမ်းကို ရှက်နေတယ်။ ဟောင်က သူတို့ရဲ့ ပါရမီစုဝေးရာ နယ်မြေက လူတွေက စော်ကားနေချိန်မှာပဲ သူလည်း လူအုပ်ကြားထဲမှာ ရှိနေခဲ့တယ်။ ထို့ကြောင့် သူ့အနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ဆယ်ယူဖို့ကလွဲပြီး တခြား ရွေးချယ်စရာမရှိတော့ပါဘူး။
ကျောင်းသားသစ် စုဝေးရာ နယ်မြေမှာ အပြင်စည်း အတွင်းစည်း တပည့်တွေ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်ပွားချိန်မှာ သူက ရာနဲ့ချီတဲ့ ကျောင်းသားတွေကြောင့် သေလုမျောပါး ဖြစ်ခဲ့ရတယ်။ အကယ်၍ သူတို့ကလန်ရဲ့ အဖိုးတန် ဆေးဝါးတွေသာ ပေးပို့ခြင်း မရှိခဲ့ရင် သူဟာ အနည်းဆုံး တစ်လလောက်တော့ အိပ့်ယာထဲမှာ လဲနေရပါလိမ့်မယ်။
ဝေ့ .. မင်းရဲ့ အလှည့်ပဲ …
ဒီတစ်ကြိမ်မှာတော့ ဟောင်က ချက်ချင်းပဲ ရှေ့က်ို တိုးထွက်လာပြီး စတင်တိုက်ခိုက်လာပါတယ်။
ကျိုးယုဟိုရဲ့ ခြေလှမ်းတွေ အနည်းငယ် ရွေ့လျားသွားတယ်။ လောလောဆယ် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို အားနည်းနေတယ်။ သို့သော် နောက်ကျသွားခဲ့ပါတယ်။
ဟောင်က ကျိုးယုဟိုရဲ့ လမ်းကို ပိတ်ထားလိုက်ပြီး မျက်နှာကို အားအပြည့်နဲ့ ပိတ်ထိုးချလိုက်တယ်။
အား …
ကျိုးယုဟိုရဲ့ ပါးစပ်တွေ နှုတ်ခမ်းတွေကနေ သွေးတွေ ထွက်လာတယ်။ ထိုအချိန်မှာပဲ သူ့ခေါင်းထဲမှာ အတွေးတစ်ချက်ဟာ ရုတ်ချည်း၀င်ျရာက်လာပါတယ်။
ဒီလို ခံစားချက်ကို ဘာဖြစ်လို့ ရင်းနှီးနေရတာလဲဟ … ဒါက အဲ့ဒီအချိန်တုန်းက နို့ဗူးကောင် နတ်ဆိုးရဲ့ လက်သံနဲ့ ဘာလို့ အရမ်းတူနေရတာတုန်း ..
အမှန်ပဲ .. သူက ချင်ဖန်းရဲ့ အစ်ကိုလား .. ဒါဆိုရင် အဓိပ္ပါယ်ရှိသွားပြီ …
ကျိုးယုဟိုက သတိလစ်သွားခြင်း မရှိသေးပေမဲ့ ပါးစပ်က သွေးတွေကို လက်ခုံနဲ့ သုတ်လိုက်တယ်။ သူက နောက်ထပ်အကြောင်းအရာတ်ချို့ကို ရှာတွေ့သွားတယ်။
နောက်တစ်ယောက် …
ဟောင်က သူ့ရဲ့ လက်သီးကို ထောင်လိုက်ပြီး ချင်ဖန်းကို ပြောလိုက်တယ်။ အနာဂတ်မှာ ငါ လုပ်သလိုပဲ လုပ်လိုက်ချေ ။ မင်းက သူ့ကို တစ်ချက်တည်းနဲ့ ပွဲသိမ်းဖို့ လုပ်ပေးရုံပဲ။
ချင်ဖန်းရဲ့ မျက်လုံးရွဲကြီးတွေဟာ တောက်ပနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။ သူက အရမ်းကို စိတ်လှုပ်ရှားနေပြီး နှလုံးသားထဲကနေ အံ့သြစရာကောင်းတဲ့ စွမ်းအားတွေလည်း လှုပ်ရှားလာခဲ့တယ်။ သူဟာ ရှေ့ထွက်လာပြီး တိုက်ခိုက်ချင်နေတယ်။
နောက်တစ်ယောက် ..
ဟောင်က သူ့ရဲ့ စိန်ခေါ်ချက်ကို ထပ်မံပြောဆိုလိုက်တယ်။
နောက်ဆုံးမှာတော့ ဟောင်က ရှစ်ပွဲမြောက် ပြိုင်ပွဲကိုလည်း အနိုင်ရသွားပါတယ်။ ပါရမီရှင် စုဝေးရာ နယ်မြေက ဘယ်သူမှ ဟောင်ရဲ့ ပြိုင်ဘက်ကောင်းမဖြစ်လာတာကြောင့် ပါရမရှင်တွေကို ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်သွားစေတယ်။ လူတွေဟာလည်း ထိုနေရာကို ပိုပိုပြီး ရောက်ရှိလာကြတယ်။
မောက်မာထောင်လွှားပြီး ရန်လိုနေတဲ့ ကောင်လေးက ဘယ်သူလဲဟ .. သူ တမင်တကာများ ပြဿ နာ လာလုပ်နေတာလား .. ဘယ်သူက သူ့ကို သွားနှိမ်နှင်းမှာလဲ ..
ပြောရရင် ထိုအဖြစ်အပျက်ကို မယုံကြည်နိုင်သေးတဲ့ သူတွေလည်း ရှိနေသေးတယ်။ ဟောင်က နောက်ထပ် နှစ်ပွဲဆက် အနိုင်ယူနိုင်ခဲ့ပြီး စုစုပေါင်း ဆယ်ပွဲအထိ ရှုံးပွဲမရှိအနိုင်ယူနိုင်ခဲ့တယ်။ ဟောင်က ပျော်ရွှင်မှုကြောင့် ရူးသွပ်သွားတော့မတတ်ပါပဲ။ ပါရမီရှင် စုဝေးရာ နယ်မြေမှာ သူ့ကို ဘယ်သူကမှ ဖိအားပေးနိုင်မရှိကြပါဘူး။
ငါ ဒီနေရာမှာ တစ်ခုတော့ ကြေငြာလိုတယ် .. ချင်ဖန်းဆိုတာ ငါ့ရဲ့ ညီလေးပဲ .. ဒါကြောင့် သူ့ကို အနိုင်ကျင့်တာက ငါ့ကို အနိုင်ကျင့်တာနဲ့ အတူတူလို့ သတ်မှတ်တယ် .. ဒီလိုဖြစ်တာကြားရင်တော့ မင်းတို့ဆီက်ို ငါ မကြာခဏလာပြီး ထောက်ပြပေးရလိမ့်မယ် …
ဟောင်က သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်ပြောဆိုလိုက်တယ်။
အကယ်၍ သူဟာ ထိုစကားတွေကို ရောက်ရောက်ခြင်း ပြောလိုက်မယ်ဆိုရင်တော့ လူအားလုံးက ရယ်ကြပါလိမ့်မယ်။ တစ်ယောက်ယောက်ကတောင် သူ့ကို လက်သီးနဲ့ ပစ်ထိုးနိုင်တယ်။ လက်ရှိမှာတော့ လူအုပ်ကြီးက စိတ်ဝိညာဉ်တွေပါ တုန်ခါသလို ခံစားနေကြရတယ်။
အစ်ကို ယုဖန်း .. ခင်ဗျား သွားသင့်တဲ့ အလှည့်ပဲ ထင်တယ် .. ဒီလိုမှ မဟုတ်ရင် ဘယ်သူမှ ဒီအခြေအနေကို ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး ..
လူငယ်လေးတစ်ယောက်က ပြောလာခဲ့တယ်။
အဖြူ ရောင်၀တ်စုံကို ၀တ်ဆင်ထားတဲ့ ယုဖန်းက ခေါင်းခါလိုက်တယ်။ သူဟာ အချိန်အကြာကြီးကို မလှုပ်မယှက်ရပ်တန့်နေပြီး လက်ကို နောက်ပစ်ထားတယ်။ သို့သော် သူ့ရဲ့ မျက်လုံးထဲမှာတော့ ဘယ်လိုအရိပ်အယောင်တွေမှ ထွက်ပေါ်လာခြင်း မရှိပါဘူး။
ဟောင်ရဲ့ မောက်မာလွန်းတဲ့ စိန်ခေါ်တိုက်ပွဲဟာ ပါရမီရှင် စုဝေးရာနယ်မြေကို ရက်ပေါင်းအတော်ကြာ လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့တယ်။ ထို့အပြင် သူက နောက်ထပ်ရက်အနည်းငယ်အကြာမှာ ပါရမီရှင် စုဝေးရာ နယ်မြေကို ထပ်မံရောက်ရှိလာပြီး လူငယ်တစ်ချို့ကို ရိုက်နှက်ပြန်ပါတယ်။
ဟောင်ရဲ့ ထိုကဲ့သို့ သောင်းကျန်းမှုတွေဟာ အပြင်းစည်း ကျောင်းသားသစ်တွေအထိ သတင်းပြန့်သွားတယ်။ ရုတ်တရက်ဆိုသလိုပဲ ထိုနေရာတစ်ခုလုံးကိုလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားစေတယ်။
ဟောင်က ချင်ဖန်းကို ရက်အနည်းငယ်အကြာမှာပဲ သူထွက်သွားရတော့မဲ့အကြောင်းကို အသိပေးလိုက်တယ်။ သူက အချိန်အကြာကြီးကြာမှပဲ ပြန်ရောက်လာနိုင်တယ်။ သို့သော် သူဟာ ပါရမီရှင် စုဝေးရာနယ်မြေက လူငယ်တွေကို သူ့ရဲ့ ဆန္ဒတွေကို ကြေငြာထားခဲ့ပြီးဖြစ်တာကြောင့် စိုးရိမ်မှုတွေ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲတော့ ပါရမီရှင် စုဝေးရာနယ်မြေက ဘယ်သူမှ ဟောင်ရဲ့ စကားကို မဖယ်ရှားရဲတာကြောင့်ပါ။
ချင်ဖန်း အမှန်တကယ်လိုအပ်နေတာ အချိန်ပါပဲ။ သူဟာ လက်ရှိပါရမီရှင် စုဝေးရာ နယ်မြေမှာ တခြားသူတွေထက် အများကြီး အသက်ငယ်ပါတယ်။ သူဟာ အေးအေးသက်သာနဲ့ ကျင့်ကြံနိုင်သရွေ့ ဟောင်ကို တောင် အမီလိုက်နိုင်ပါလိမ့်မယ်။
နောက်ရက်အနည်းငယ်အတွင်းမှာလည်း ဟောင်က ပါရမီရှင် စုဝေးရာနယ်မြေကို အမြဲတမ်း သွားရောက်ပါတယ်။ ထို့ကြောင့် သူဟာ တခြားသူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်။ သူဟာ အခြေခံခိုင်မာတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီဖြစ်တာကြောင့် တခြားသူတွေက သူ့ကို လေးစားနေကြပြီး အလွယ်တကူပဲ မိတ်ဖွဲ့နိုင်ပါတယ်။
***