သုခကမ္ဘာက ရှီဟောင် - Chapter - 213 စောင့်ကြည့်ခြင်း
Chapter – 213 စောင့်ကြည့်ခြင်း
ညီလေး .. မင်းရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ကတော့ တိမ်တိုက်တွေထဲ ရောက်ရှိသွားမတတ်ပါပဲ .. အစ်ကိုကတော့ သဘောကျတယ်ကွာ .. အချိန်တန်လို့ မင်းတို့တွေ အကူအညီလိုတယ်ဆိုရင် အစ်ကို့ကိုသာ လာရှာလှည့် …
ဟောင်တို့ရဲ့ အဖြစ်အပျက်ကို စောင့်ကြည့်နေသူတွေထဲက ခရမ်းရောင်၀တ်စုံလူငယ်လေးတစ်ယောက်ဟာ ရယ်ရယ်မောမောနဲ့ ပြောဆိုလိုက်တယ်။
ပြောရရင် လူအားလုံးကလည် ကြင်ကြင်နာနာ ပြန်ပြောလိုက်တယ်။
ခရမ်းရောင် ၀တ်စုံ၀တ်ဆင်ထားသောလူငယ်လေးဟာ ဟောင်ရဲ့ နားကနေ ဖြတ်သွားစဉ်မှာပဲ သူရဲ့ မျက်လုံးများအတွင်းရှိ နတ်ဘုရားအလင်းဟာ တောက်ပနေတယ်။ သူဟာ အသက် ၁၇ နှစ်ကနေ ၁၈ နှစ်အရွယ်လောက်ပဲရှိပါသေးတယ်။ သူက သူတို့နှင့် ပတ်သက်ပြီး အတိုက်အခိုက် မရှိရေး ကမ်းလှမ်းခဲ့ပြီးအချိန်တန်လျှင် သူတို့ဟာ မဟာမိတ်ဖွဲ့ဖြစ်လိမ့်မယ်လို့တောင် ပြောကြားခဲ့ပါတယ်။
“ ကျွန်တော့် နာမည်က ချု ရှမ်း ပါ .. ငါ မီးနိုင်ငံကနေ လာတာလေ ..
အကြီးအကဲ တာအိုရီက ပြောလိုက်ပါတယ်။
မင်းက တကယ်တော့ ရှေးဟောင်း ချူ မိသားစုထဲက မျိုးဆက်လား ..
အကြီးအကဲ .. ကျွန်တော်ပါပဲ ..
ချူ ရှမ်းဟာ ငြင်းပယ်ခဲ့ခြင်း မရှိပါဘူး။
မင်းက တကယ့်ကို သူရဲကောင်းလူငယ်လေး တစ်ယောက်ပဲ ..
အကြီးအကဲ တာအိုရီက ခေါင်းညိတ်လိုက်တယ်။
ကျွီ .. အသံတစ်ချက်ပေါ်ထွက်လာပြီး မနီးမဝေးက ခြံတံခါးဟာ ပွင့်လာခဲ့တယ်။ ပြီးတော့ အစိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်က လမ်းလျှောက်ထွက်လာပါတယ်။ သူက ရယ်ရယ်မောမောနဲ့ပဲ ပြောဆိုလိုက်ပါတယ်။
ချူ ရှမ်း … မင်း မဟာမိတ်အဖွဲ့တွေ ဖွဲ့ဖို့ ကြိုးစားနေတာလား …
ချူ ရှမ်းကလည်း အားကျမခံ ခွန်းတုန့်ပြန်လိုက်တယ်။
လူနည်းနည်းလောက် ပိုသိတာကလည်း အမြဲတမ်းကောင်းတာပဲလေ ..
ုငါတို့ရဲ့ ရှေးဟောင်းခေတ် မိသားစုကြီးတွေက ဘယ်တော့မှ မဟာမိတ်မလိုဘူးကွ …
“သွားကြရအောင် ..”
အကြီးအကဲတာအိုရီက ပြောလိုက်တယ်။
ဟောက်က တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်နေကြဆဲဖြစ်တဲ့ လူငယ်လေးနှဝ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ ပြိုကွဲကောင်းကင်မြို့က အမှန်တကယ် ရှုပ်ထွေးပါတယ်။ သူတို့တွေဟာ အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ ဆယ်ကျော်သက် လူငယ်လေးတွေပါပဲ။ သို့သော် သူတို့တွေဟာ အရမ်းကိုရှုပ်ထွေးလွန်းပြီး အဆင့်အတန်းမြင့်မားမှုကြောင့် ၀င့်ကြွားစွာပဲ သူတို့ရဲ့ လုပ်ရပ်တွေကို အကောင်အထည်ပေါ်နိုင်ဖို့ ကြိုးစားနေကြတယ်။
ဒီနေရာက အရမ်းကို ရှုပ်ထွေးလွန်းတယ် ..
နတ်နန်းကျောင်းတော်ကြီးက ပါရမီရှင်တစ်ယောက်က ငြီးငြူ လိုက်ပါတယ်။ သူတို့တွေဟာ ပြိုကွဲကောင်းကင်မြို့ကို ရောက်ရောက်ချင်းမှာပဲ ရှေးဟောင်းခေတ် မျိုးဆက်က တင်သက်လာသူကို အပြစ်လုပ်မိလိုက်တယ်။ လက်ရှိမှာ ရှေးဟောင်းခေတ် မိသားစုကြီးနှစ်စုရဲ့ လူငယ်တွေ တိုက်ပွဲဖြစ်လုလု အခြေအနေကြားထဲမှာ ပါ၀င်ပတ်သက်မိပြန်တယ်။
ဟောင်တို့က သူတို့နေထိုင်ရမဲ့ ခြံ၀င်းထဲကို ၀င်ရောက်လိုက်ကြတယ်။ တာအိုရီက ထို ပါရမီရှင်ကို တစ်ချက်ကြည့်လိုက်တယ်။
” မင်း တုန်လှုပ်နေတာလား .. ပျက်သုန်ခြင်း တောင်တန်းတစ်ရာထဲကို ၀င်ရောက်သွားတဲ့အခါကျရင် အခုထက်တောင် ပိုပြီး ကြောက်စရာကောင်းနေဦးမယ် .. မင်းရဲ့ ခြေလှမ်းတိုင်းက သေခြင်းတရားဆီ ဦးတည်နေတာလည်း ဖြစ်နိုင်တယ် .. ဒါက ထိပ်တန်းပါရမီရှင်တွေ စုဝေးတဲ့ နေရာတစ်ခုဖြစ်ပြီး ရှေးဟောင်းမျိုးဆက်တွေရဲ့ သားစဉ်မြေးဆက်တွေလည်း ပါ၀င်တယ် .. အဲ့ဒီမှာ အသက်ရှင်ပြီး ကျန်ရစ်နိုင်တာနဲ့ အောင်မြင်မှုက အရမ်းကို ကြီးမားသွားမှာပါ ..
အကြီးအကဲ တာအိုရီပြောတာ အမှန်တရားပါပဲ။ ပျက်သုန်းခြင်း တောင်တန်းတစ်ရာထဲကို ၀င်ရောက်သွားတဲ့ သူတွေဟာ ပြင်းထန်ကြမ်းတမ်းလွန်းတဲ့ လေ့ကျင့်မှုများကို ခံစားကြရကာ နောက်ပိုင်းမှာတော့ သန်မာတဲ့ လူကြီးတွေ ဖြစ်လာပါလိမ့်မယ်။ သူတို့တွေ မသေဆုံးသေးသရွေ သူတို့ရဲ့ အမည်နာမဟာ တိုင်းပြည်အနှံ့ ထိတ်လန့်တုန်လှုပ်စေနိုင်ပါတယ်။
ပြိုကွဲကောင်းကင်မြို့က အတော်လေးကို ကြီးတာပဲ .. လူငယ် သူရဲကောင်းတွေလည်း အများကြီးကို ရောက်လာကြတယ် .. အကြီးအကဲနဲ့ အစ်ကိုအစ်မတို့ .. အပြင်ထွက်ပြီး သူတို့တွေကိုလည်း ကြည့် .. အပန်းလည်း ဖြေကြရအောင် ..
ဟောင်က အကြံပေးလိုက်တယ်။
အစကတော့ အကြီးအကဲတာအိုရီဟာ သူတို့တွေ နှောက်ယှက်ခံရမှာစိုးတာကြောင့် တားဆီးဖို့ ပြင်လိုက်တယ်။ သို့သော် သူဟာ ပျက်သုန်းခြင်း တောင်တန်းတစ်ရာကို ၀င်ရောက်ပြီးသွားတဲ့အခါမှာ ပိုပြီးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကို ရင်ဆိုင်ကြရမယ်ဆိုတာကို သတိရလိုက်ပြီး ခွင့်ပြုလိုက်ပါတယ်။ အကယ်၍ သူတို့ဟာ အရာရာကို ကြောက်ရွံ့နေမယ်ဆိုရင် ဘာအတွက်ကြောင့်များ ဒီနေရာကို ရောက်လာခဲ့ကြတာလဲ။
ကောင်းပြီလေ .. မင်းတို့တွေ သွားနိုင်ပါတယ် ..
နတ်နန်းကျောင်းတော်ကြီးရဲ့ တခြားပါရမီရှင်ငါးယောက်ဟာ အရမ်းကို စွမ်းအားကြီးသူတွေဖြစ်တယ်။ သူတို့တွေ လမ်းမပေါ်မှာ လျှောက်သွားတဲ့အခါ လူတွေအများကြီးရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်။
ဟောင်ကတော့ အရမ်းကို ငယ်လွန်းနေပါသေးတယ်။ သူက သွေးသန့်စင်ခြင်း ခံရပြီး စိတ်စွမ်းအားမြင့်မားနေပေမဲ့လည်း တခြားသူတွေကတော့ သူ့ကို ခြိမ်းချောက်နိုင်စွမ်းရှိသူအဖြစ် မသတ်မှတ်ထားကြပါဘူး။
ထိုအချိန်မှာပဲ သူတို့ရှေ့က စကားသံတွေ ပဲ့တင်ထပ်ကာ ပေါ်ထွက်လာတယ်။ ထိုဟာက ကလန်နှစ်ခုရဲ့ မျိုးဆက်တွေဖြစ်ပုံရပြီး တစ်ဖက်နဲ့တစ်ဖက် ထိုးနှက်ကန်ကျောက်ကာ အရောင်းအ၀ယ် လုပ်နေကြတယ်။ လမ်းမကြီးပေါ်မှာ ချက်ချင်းပဲ တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြတဲ့ ကျင့်ကြံသူ ဆယ်ယောက်ခန့်ဟာ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ သိပ့်သည်းတဲ့ စွမ်းအားသင်္ကေတတွေ ဖြစ်ပေါ်လာတယ်။
ဘာတွေ ဆူဆူညံညံ ဖြစ်နေကြတာလဲ .. တကယ်လို့ မင်းတို့ဆီမှာ တိုက်ခိုက်နိင်တဲ့ စွမ်းရည်ရှိတယ်ဆိုရင် ဘာဖြစ်လို့ ပျက်သုန်းခြင်း တောင်တန်းတစ်ရာထဲရောက်မှ မတိုက်ကြတာလဲ ..
ကလန်နှစ်ခုရဲ့ မျိုးဆက်တွေ ခိုက်ရန်ဖြစ်ပွားနေတဲ့ အနီးအနားက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကနေ အသံတစ်ချက်ထွက်ပေါ်လာပါတယ်။ ထိုသူကတော့ လက်ဖက်ရည်ထိုင်သောက်နေတဲ့ လူငယ်လေးတဝ်ယောက်ဖြစ်ပြီး ဆူညံလွန်းတဲ့ အနှောင့်အယှက်အသံတွေကြောင့် ထိုင်နေရာကနေ အော်ဟစ်ပြောဆိုလိုက်တယ်။
ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ ..
ကလန်နှစ်ခုက လူတွေဟာ ချက်ချင်းပဲ ထိုလူငယ်လေးဆီကို ချဉ်းကပ်သွားပြီး ဒေါသတကြီးအပြစ်တင်လိုက်တယ်။
ကျွီ ….
ငါးရောင်စပ် စာငှက်လေးတစ်ကောင်ဟာ ရှည်လျှားတဲ့ အော်မြည်သံပြုလိုက်ပြီး လူငယ်လေးရဲ့ ပုခုံးထက်ကနေ ပေါ်ထွက်လာတယ်။ ထိုငှက်က သူ့ရဲ့ ပါးစပ်ကို ဖွင့်လိုက်ချိန်မှာ ကြောက်မက်ဖွယ်ရာ ရေဝဲဂယက်ကြီးဖြစ်ပေါ်လာပြီး ကလန်နှစ်ခုက လူတွေအားလုံးကို စုပ်ယူဝါးမြိုသွားပါတယ်။
ဖူး …
ငါးရောင်စပ် စာငှက်ဟာ သူ့ရဲ့ ပါးစပ်ကို ပြန်ပိတ်လိုက်တာကြောင့် လတ်ဆတ်တဲ့ သွေးတွေဟာ ဖြာထွက်လာတယ်။ ကလန်နှစ်ခုက လူတွေကတော့ သူ့ရဲ့ ၀မ်းဗိုက်ထဲကို ရောက်ရှိသွားကြပါတယ်။
ထို့နောက် သူ့ရဲ့ အရှိန်အဝါအော်ရာတွေဟာ ပိုပြီး အားကောင်းလာကာ လက်ဖက်ရည်ဆိုင်ထဲက လူငယ်လေးရဲ့ ပခုံးပေါ်ကို ပြန်သွားလိုက်တယ်။ ပြီးတော့ သူဟာ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး မလှုပ်မယှက်နဲ့ အနားယူနေခဲ့တယ်။
လက်ဖက်ရည်သောက်နေတဲ့ လူငယ်လေးဟာ ခွက်ကို ကိုင်ထားပြီး ခေါင်းတောင် မမောပခဲ့ပါဘူး။ သူ့ဆီကနေ စကားသံတစ်ချက်လေးပဲ ထွက်ပေါ်လာခဲ့တာပါ။
လူအားလုံးရဲ့ ဆံပင်တွေသာမက အရိုးတွေပါ တုန်ခါသွားကြပြီး ချက်ချင်းပဲ လမ်းမတဝ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ထို လူငယ်လေးကိုလည်း အရမ်းကြောက်လန့်သွားတယ်။ သူ့ရဲ့ ငါးရောင်စပ် သားရဲစာငှက်ကလည်း ကြီးပြင်းလာခဲ့ရင် ဘယ်လောက်တောင် သန်မာလိုက်မလဲ။
နတ်နန်းကျောင်းတော်ကြီးရဲ့ တပည့်တွေဟာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။ သူတို့တွေလည်း ဒုက္ခမတွေ့ချင်ကြပါဘူး။ ထို့ကြောင့် ချက်ချင်းပဲ ထွက်ခွာသွားလိုကြပါတယ်။ သို့သော် ဟောင်က ထိုစာငှက်ကို ငေးကြည့်ပြီး နို့ဗူးကိုင်ကာ သောက်နေတာကို တွေ့လိုက်ကြတယ်။
စားချင်လိုက်တာ ..
ထိုအရာက ဘယ်လိုစကားများလဲ။ သူတို့တွေဟာ စိတ်ပျက်သွားကြတယ်။ ထိုကောင်လေးက တကယ်ပဲ ကြောက်စရာကောင်းလှတဲ့ စာငှက်လေးကို စားချင်နေတာလား။ ဒါက ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ ငှက်မိစ္ဆာတစ်ကောင်လေ။
သွားကြရအောင် ..
ဟောင်ရဲ့ စီနီယာ အစ်ကိုအစ်မတွေဟာ သူ့ကို လက်ဆွဲခေါ်သွားကြတယ်။
သူ့ရဲ့ အသွေးအသားအကုန်လုံးက အဖိုးတန်တဲ့ ဆေးဝါးတွေချည်းပဲဗျ ..
ဟောင်က ထွက်မသွားချင်သေးပဲ တံတွေးမြိုချလိုက်ပါတယ်။ သူက လမ်းမလျှောက်ချင် လျှောက်ချင်နဲ့ ငြီးတွားလိုက်ပြန်တယ်။
ကံမကောင်းတာက သောက်ငှက်စုတ်က လူသားစားလိုက်တယ်လေ .. ဒါ့ကြောင့် ကျွန်တော် မစားတော့ပါဘူး .. ထွီ .. ရွံထှာ ..
နတ်နန်းကျောင်းတော်က လူတွေဟာ မျက်လုံးပြူ းကျယ်စွာနဲ့ ဟောင့်ကို လှည့်ကြည့်လာပါတယ်။ သူတို့ရဲ့ ဒီ ဂျူ နီယာလေးက ဘယ်လိုတွေတောင် ထူးဆန်းနေရတာလဲ။
သူတို့တွေဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ဟောင့်ကို ဆွဲခေါ်သွားလိုက်ကြတယ်။ သူတို့တွေ မြို့လယ်ကို ရောက်ရှိသွားချိန်မှာ လူတွေအများကြီးဟာ စုရုံးနေကြပြီး တစ်စုံတစ်ခုကို အသည်းအသန် ဆွေးနွေးနေကြတယ်။
“ အင်း .. ဘာဖြစ်တာလဲ .. ”
ဟောင်က ရှေ့ကလူအုပ်ဆီ တိုးလာပြီး လူတွေကိုမေးလိုက်ပါတယ်။
” ရလာမဲ့ အကျိုးကျေးဇူးကတော့ အလွန်အမင်းကို များပြားတယ်လေ ..”
တစ်ယောက်ယောက်က ပြောလိုက်တယ်။
ဟောင်ရဲ့ မျက်လုံးရွဲကြီးတွေဟာ တလက်လက်တောက်ပလာခဲ့တယ်။
ဘယ်လို အကျိုးကျေးဇူးတွေလဲဟ .. ဘယ် ရတနာမျိုး မလို့လဲ .. ငါ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရမယ် ..
မင်းဘာသာမင်းပဲ ကြည့်လိုက်တော့ .. ကျောက်ပြားကြီးပေါ်မှာ ရှင်းရှင်းလင်းလင်းကို ရေးပေးထားတယ် ..
ဟောင်က ထိုစကားကို ကြားလိုက်တာနဲ့ မြန်ဆန်စွာပဲ ပြေး၀င်သွားလိုက်တယ်။
သို့သော် ခဏအကြာမှပဲ သူဟာ ခေါင်းငိုက်စိုက်ကျကာ စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့တယ်။
နို့ဗူးကောင် နတ်ဆိုးက အစောင့်အရှောက်ကင်းပြီး တစ်ယောက်တည်းပဲ လှုပ်ရှားလေ့ရှိတယ် .. ဒါပေမဲ့ ဒီတစ်ခါတော့ အခြေအနေတွေက အရမ်းကို တင်းကျပ်လွန်းတယ် .. သူ့ကို လက်ရ ဖမ်းမိဖို့လိုတယ် .. ဒါပေမဲ့ သူ့ရဲ့ ခြေတွေ လက်တွေ ပြတ်ကျန်နေခဲ့ရင်လည်း ရတယ် .. ကိစ္စမရှိဘူး .. အသက်ပါလာရင် ရပြီ ..
ထိုအကြောင်းအရာက ကျောက်ပြားကြီးပေါ်မှာ ထွင်းထုထားတဲ့ စာသားအပြည့်အစုံဖြစ်တယ်။
ဟောင်က ထိုနေရာကနေ လှည့်ထွက်လာပြီးတာနဲ့ သူ့ရဲ့ မျက်နှာဟာ နည်းနည်းအရောင်မှိန်သွားတယ်။ လက်ရှိမှာ သူ့ကို ကိုင်တွယ်ဖြေရှင်းလိုတဲ့ စွမ်းအားစုတွေဟာ တစ်ခုထက်မက ရှိနေတယ်။
သူတို့တွေဟာ နို့ဗူးကောင် နတ်ဆိုးလေးလည်း သူ့ရဲ့ ဗီဇအရ ပျက်သုန်းခြင်း တောင်တန်းတစ်ရာက်ို သေချာပေါက်ရောက်လာမယ်လို့ ခန့်မှန်းထားကြတယ်။ ထို့ကြောင့် သူတို့တွေဟာ ထိုနေရာမှာ သူ့ကို ဖမ်းဆီးနိုင်ဖို့ ကျိန်တိုထားကြတယ်။
ငါ့ကို သေစေချင်တဲ့ သူတွေက သွေးနီရောင် အမွေးအတောင်တွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုထဲက ဖြစ်လိမ့်မယ် .. ဒါက သူတို့ရဲ့ ရှေးဟောင်းအဖိုးတန် လက်နက်ဖြစ်မှာ သေချာတယ် .. တခြားသူတွေရောပဲ .. ငါ .. ဂရုစိုက်ရမဲ့ လူတွေကို တောင်တန်းထဲမှာ တွေ့ရဖို့ များနေပြီ …
ဟောင်က သူ့ကိုသူ သတိပေးလိုက်တယ်။
ပျက်သုန်းခြင်း တောင်တန်းတစ်ရာထဲကို ၀င်ရောက်ပြီးနောက်မှာ သူ့နောက်ကို အန္တရာယ်တွေက လှိုင်းလုံးကြီးတွေလို ဆင့်ပြီးလိုက်လာတော့မှာကို သိလိုက်တယ်။ သူဟာ သေခြင်းရှင်ခြင်း တိုက်ပွဲတွေလို အန္တရာယ်များတဲ့ အသက်လုတိုက်ပွဲကြားထဲ ကျရောက်သွားနိုင်တယ်။ သို့သော် သူ့အတွက် အဆုံးမဲ့တဲ့ အခွင့်အရေးတွေလည်း ရရှိနိုင်ပါတယ်။
နောက်ဆုံးမှာတော့ ထိုနေရာက နတ်ဘုရားတွေရဲ့ သွေးနဲ့ မျက်ရည်တွေတောင် စီးကျခဲ့ရတဲ့ နေရာတစ်ခုဖြစ်တယ်။ အရမ်းကို များပြားလှတဲ့ ထာ၀ရရှင်သန်ခြင်း နွယ်ပင်တွေ၊ စစ်သူရဲကောင်းတို့ရဲ့ အမွေအနှစ်တွေ၊ ကောင်းကင်အရိုးတွေနဲ့ သန့်စင်တဲ့ ဆေးဝါးတွေလည်း ရှိနေပါလိမ့်မယ်။
ထိုအချိန်မှာပဲ ကောင်းကင်နဲ့ မြေကြီးဟာ ရုတ်တထက်ဆိုသလို အမှောင်ထုကြီး ဖုံးလွှမ်းသွားပါတယ်။ ထို့အပြင် ထိုဟာက မိစ္ဆာဆန်တဲ့ အငွေ့အသက်တွေလည်း ရောယှက်ပါ၀င်လာတယ်။ လူအားလုံးဟာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်သွားတယ်။
ကောင်းကင်ပေါ်မှာ ကြီးမားလွန်းတဲ့ သားရဲကြီးတစ်ကောင်က ဖြတ်သန်းသွားပါတယ်။ ထို သားရဲကြီးက နေလုံးကြီးကို အပြည့်အ၀ ကွယ်သွားတဲ့အချိန်မှာတော့ လောကတစ်ခွင်ဟာ မှောင်မိုက်သွားတယ်။
ရှေးဟောင်းမျိုးနွယ်တွေက အရမ်းကို ကြောက်စရာကောင်းတာပဲ ..
လူတွေအားလုံးရဲ့ နှလုံးသားတွေဟာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် တထိပ်ထိပ်ခုန်သွားတယ်။ ထို ရှေးဟောင်းသားရဲကြီးက ရက်စက်ကြမ်းကြုတ်သလို လုပ်ပိုင်ခွင့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒီလိုမှမဟုတ်တော့ရင်တော့ ဘယ်လိုမျိုးကြောက်စရာကောင်းနေတော့မှာလဲ။
ဒါက သူ့ကို အမွေဆက်ခံသူအဖြစ် ဒီနေရာကို လွတ်လိုက်တာပဲ .. ပျက်သုန်းခြင်းတောင်တန်းကို အခု၀င်သွားရင်တော့ ပြောမပြတတ်အောင် ကြောက်စရာကောင်းတဲ့ တိုက်ပွဲတွေကို ကြုံရလိမ့်မယ် .. တော်တော်များများက မောက်မာထောင်လွှားနေကြတဲ့ အထက်တန်းလွှာက သူတွေချည်းပဲလေ .. အင်အားအကြီးမားဆုံးသူတွေပဲ အသက်ရှင်နိုင်လိမ့်မယ် ..
လူတွေအားလုံးဟာ ထိုအကြောင်းကို ပြောလိုက်တာနဲ့ ဒူးတုန်အောင် ကြောက်သွားကြတယ်။ သူတို့တွေဟာ သူတို့ရဲ့ ကလန်က မျိုးဆက်သစ်တွေကို ပျက်သုန်းခြင်းတောင်တန်းတစ်ရာကို ၀င်ခွင့်ပြုလိုက်ရမလားဆိုတာတောင် တွန့်ဆုတ်သွားကြတယ်။
***