သုခကမ္ဘာက ရှီဟောင် - Chapter - 215 ပျက်သုန်းခြင်း တောင်တန်းတစ်ရာ
Chapter – 215 ပျက်သုန်းခြင်း တောင်တန်းတစ်ရာ
ရွှေရောင်ခြင်္သေ့က စွမ်းအားကြီးမားလှချည်လား .. သူဟာ ငယ်ရွယ်သေးပေမဲ့လည်း ခေါင်းကိုးလုံး ပေါက်လာသည်အထိ ကျင့်ကြံနိုင်ခဲ့တယ်… ဒါက သူဟာ သန့်စင်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး သွေးနှောခြင်းမရှိတဲ့ အဖြစ်ကို သက်သေခံနေတယ်။ သူက အနာဂတ်ကာလမှာ အောင်မြင်မှုတွေအများကြီးကို ရရှိလိမ့်မယ် …
အကြီးအကဲအိုကြီးတစ်ယောက်က တအံ့တသြပြောဆိုလိုက်ပြီး သူက ရှေးခေတ်မိသားစုကြီးတစ်စုရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပုံရတယ်။
ဝေါင်း …
ထိုအချိန်မှာပဲ ခေါင်းကိုးလုံးရှိတဲ့ ရွှေခြင်္သေ့က ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့တစ်ကိုယ်လုံးက ရွှေရောင်တလက်လက်တောက်ပသွားတယ်။ သူဟာ အနီးအနားမှာ ရှိတဲ့ လူတွေအားလုံးကို ဖိနှိပ်န်ိင်တဲ့ သူ့ရဲ့စွမ်းအားတွေကို ထုတ်ဖော်ပြလိုက်တယ်။ ပြီးတော့ သူက ပြောဆိုလာခဲ့ပါတယ်။
မင်းတို့က သူ့ကို မကောင်းတဲ့ လူသားတစ်ယောက်လို့ ပြောနေကြတာပဲ .. အဲ့ဒါကြောင့် ငါဘက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတော့မယ် .. မင်းတို့ကောင်တွေ သူ့ကို ငါနဲ့ ယှဉ်ပြီး လုဖို့ မစဉ်းစားကြနဲ့ .. သူသာ ငါ့ရဲ့နောက်လိုက်ဖြစ်လာရင် စွမ်းအားကြီးမားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်လာပြီး အနာဂတ်ကာလမှာ အကန့်အသတ်မဲ့တဲ့ စွမ်းအားတွေနဲ့ ကမ္ဘာကြီးကိုတောက် လှုပ်ခါလာနိုင်လိမ့်မယ် ..
ခေါင်းကိုးလုံးခြင်္သေ့က ဟိန်းဟောက်လိုက်ချိန်မှာ သူ့ရဲ့အသံက မိုးကြိုးပစ်ခွင်းလိုက်သလိုပါပဲ။ ထိုနေရာမှာ ရှိတဲ့အရာအားလုံးက လှုပ်ခါသွားကြပြီး ရှေးဟောင်းခေတ် ယဇ်ပလ္လင်တောင် ယိမ်းထိုးသွားခဲ့တယ်။ လူအားလုံးက သူတို့ရဲ့စိတ်ဝိညာဉ်တွေ တုန်ခါသလိုကို ခံစားနေရတယ်။ သူတို့တွေဟာ တစ်ခွန်းမှ ပြန်လှန်မပြောရဲခဲ့ပါဘူး။
ထိုကဲ့သို့သော အခြေအနေမျိုးဟာ ရှေးဟောင်းခေတ်တုန်းတည်းက တစ်ခါမှမကြုံခဲ့ပါဘူး။ ရှေးဟောင်းခေတ်သားရဲကြီးတွေရဲ့ နောက်လိုက်တွေအဖြစ် လုပ်ဖို့ ဆုံးဖြတ်လိုက်တာက လူသားအဆင့်မြင့်ကျင့်ကြံသူတွေ ဖြစ်တယ်။
သူတို့တွေက ထိုသားရဲကြီးတွေရဲ့နောက်လိုက်အဖြစ်ကနေ ပြန်လာနိုင်တာနဲ့ တပြိုင်နက် လူသားကျင့်ကြံသူတွေဟာ ကမ္ဘာကို ခွဲခြမ်းနိင်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်လာကြတယ်။ ပြီးတော့ သိန်းသန်းချီတဲ့ မြစ်ချောင်းတွေနဲ့ တောင်တန်းတွေကို ထိန်းချုပ်နိုင်တဲ့ အရှင်သခင်တွေဖြစ်လာခဲ့တယ်။
ရွှေခြင်္သေ့တွေက သောက်ရမ်းအရသာရှိဖို့တော့ လိုတယ် … ကြက်သားစားရတာထက် အမဲသားမွေးမွေးလေးစားရတာကို ငါပိုကြိုက်တယ် ..
မနီးမဝေးမှာ စောင့်ကြည့်နေတဲ့ ဟောင်က သရေတွေကို လျှာနဲ့ပြန်သိမ်းလိုက်တယ်။ သူ့ရဲ့ မည်းမှောင်နေခဲ့တဲ့ မျက်နှာလေးကလည်း အမဲနံ့ရတဲ့ ခွေးတစ်ကောင်လို ကြည်ကြည်လင်လင်ဖြစ်လာတယ်။
အဓိပ္ပါယ်မရှိတာတွေကို ပြောမနေနဲ့တော့ … ခေါင်းကိုးလုံးခြင်္သေ့က သွေးဖြူကောင်သားရဲကြီးနဲ့ သိပ့်ကွာတာ မဟုတ်ဘူး .. မင်း သူ့ကို လုံးဝကို နောက်ယှက်လို့မရနိုင်ဘူး .. ရှီရီနဲ့ တခြားသူနည်းနည်းလောက်ကလွဲရင် သူတို့ကို ပြန်တိုက်ခိုက်နိုင်မဲ့သူ များများစားစားမရှိမှာကို ငါ စိုးရိမ်နေမိတယ် ..
နတ်နန်းကျောင်းတော်ကြီးရဲ့ မိန်းမလှလေးဟာ သူ့ကို ဆွဲထားလိုက်ပြီးပြောဆိုလိုက်တယ်။
ဟင်းကောင်းတွေကို ဖြည်းဖြည်းချင်းတော့ ချက်ပြုပ်စားသောက်ရမှာပဲ .. ဒါ့ကြောင့် ငါ ပျက်သုန်းခြင်း တောင်တန်းထဲကို ရောက်တဲ့အထိတော့ စောင့်ရဦးမှာပါလေ ..
ဟောင်က သူရဲ့တံတွေးတွေကို ပြန်သုတ်လိုက်ပြီး ပြောလိုက်တယ်။
နတ်နန်းကျောင်းတော်ကြီးရဲ့ ပါရမီရှင် ငါးယောက်လုံးဟာ လုံးဝကို ပါးစပ်ပိတ်ထားလိုက်ကြတယ်။
….
လီပေါင်း ရှစ်ရာအကွာ ကျောက်ခေတ်အင်ပါယာမြို့တော်အတွင်းက မိုးကလန်ကြီးထဲမှာတော့ ..
ထိုဟာက အရမ်းကို ကြီးကျယ်ခမ်းနားလွန်းတဲ့ တည်ဆောက်ထားမှုကြီးဖြစ်ပြီး နန်းတော်ခန်းမဆောင်ကြီးဟာ ထိုဧရိယာတစ်ခုကို ဖုံးလွမ်းသွားမတတ်ပါပဲ။ နန်းတော်ကြီးဟာ သစ်တောကြီးတစ်တောအရွယ်အစားလောက်ရှိပြီး သူ့ဆီကနေ ပေါ်ထွက်လာတဲ့ ဖိနှိပ့်နိုင်တဲ့ စွမ်းအားအော်ရာတွေဟာ သူမတူအောင် မြင့်မားနေတယ်။
ဧကရာဇ်နန်းတော်အတွင်းမှာ စွမ်းအားသင်္ကေတတွေဟာ တောက်ပနေပြီး လေထုထဲမှာ ပျံ့လွင့်နေခဲ့တယ်။ မိုးကလန်ကြီးရဲ့ အစွမ်းထက်ကျင့်ကြံသူအနည်းငယ်ဟာ နန်းဆောင်ထဲမှာ ထိုင်နေကြပြီး စာတစ်စောင်ကို လက်ခံရရှိထားကြတယ်။
နတ်နန်းကျောင်းတော်ကြီးမှာရှိတဲ့ ဖန်းအာဆီကနေ သတင်းအချက်အလက်တွေ ပေးပို့လိုက်တယ် .. သူပြောတာက ဟင်းလင်းပြင်နတ်ဘုရားကမ္ဘာထဲက နတ်ဆိုးလေးက ဘယ်သူလဲဆိုတာကို အတည်ပြုပြီးပြီတဲ့ .. သူု့ရဲ့နာမည်က ဟောင်တန်ပဲ .. သူလည်း ပြိုကွဲကောင်းကင်မြို့ကို ရောက်နေခဲ့ပြီ .. သူ သေချာပေါက် ပျက်သုန်းခြင်းတောင်တန်းတစ်ရာထဲကို ဝင်ရောက်လိမ့်မယ် ..
သူ့နာမည်မှာ ဟောင်ပါတာလား .. အဲ့ဒီနှစ်တွေတုန်းက ကလေးနဲ့ သွားဆင်မနေဘူးလား .. အဲ့ဒါအပြင် သူ့ရဲ့ ခုနှစ်သက္ကရာဇ်ကို သေချာလေး ဂရုတစိုက် လေ့လာကြည့်ရင် ရှီကျိလောင် နယ်စွန်နယ်ဖျားကို ထွက်ပြေးသွားတဲ့ နှစ်နဲ့ တူနေတယ်.. မင်းတို့တွေ ဘယ်လိုထင်ကြလဲ .. ဒီတိုက်ဆိုင်မှုက နည်းနည်းလေးများ ပိုလွန်းမနေဘူးလား ..
ထိုစကားတွေ ထွက်ပေါ်လာချိန်မှာတော့ နန်းတော်တစ်ခုလုံးရဲ့ လေထုဟာ အေးစက်သွားခဲ့တယ်။
အဲ့ဒီကလေးက မသန်မစွမ်းဖြစ်ပြီး အသက်ရှင်နေဖို့တောင် မလွယ်တော့ပါဘူး .. နတ်နန်းကျောင်းတော်က ဟောင်တန်ရဲ့ ခန္ဓာကိုယ်ကတော့ ကောင်းကင်ကို ဆန့်ကျင်လို့ ရလောက်အောင်ကို သန်မာနေတယ်လေ .. ပိုပြီး အံံ့သြစရာကောင်းတာက သူက ငါတို့ရီအာလေးထင် နည်းနည်းလောက်ပဲ အားနည်းမယ်ဆိုတာကို သတိထားသင့်တယ် ..
ဟူး … ရှေးဟောင်းခေတ်စာပေတွေထဲမှာ ဖတ်ဖူးထားတာတစ်ခုရှိတယ် .. သဘာဝစွမ်းအားတွေနဲ့ မွေးဖွားပြီး ထွတ်မြတ်ခြင်းအဆင့် အရိုးတွေကို ဆုံးရှုံးသွားရင်တောင် အဲ့ဒီလူက အသက်ရှင်ကျန်ရစ်နေသေးတယ်ဆိုရင် သူက အဲ့ဒီအရိုးစွမ်းအားကို အသစ်ထပ်ပြီး မွေးဖွားနိုင်စွမ်းရှိတယ်တဲ့ .. ပြီးတော့ အစွမ်းထက်လာမှာဖြစ်သလို ထိတ်လန့်စရာတွေလည်း ဖြစ်လာမှာ .. အဲ့ဒီကောင်လေးဟောင်တန်ကို မင်းတို့တွေ ဘယ်လိုမြင်ကြလဲ ..
ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ထင်မြင်သုံးသပ်ချက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါမှာ လူအားလုံးက အေးစက်တဲ့ လေထုကို ရှုရှိုက်မိလိုက်ကြတယ်။
တခြားသူတွေ ဘာတွေပဲပြောပြော .. အဲ့ဒီကလေးက အရမ်းကို အစွမ်းထက်လွန်းနေတယ် .. ငါတို့ကလန်ရဲ့ မွေးစားထားတဲ့ ပါရမီရှင်တွေကို အမိန့်ပေးပြီးသား . ပျက်သုန်းခြင်းတောင်တန်းတစ်ရာထဲမှာ သူ့ကို သေသေချာချာ စောင့်ကြည့်ခိုင်းထားတယ် .. သူတို့က အခွင့်အရေးရလာခဲ့ရင်လည်း သနားနေစရာမလိုဘူးလို့လည်း တစ်ခါတည်း မှာထားခဲ့တယ် ..
TL / နာမည်နဲ့တွဲပြီး အာတို့အော်တို့ ထည့်သုံးတာက ချစ်စနိုးနဲ့ ခေါ်ကြတာဖြစ်ပါတယ်။ ရီအာဆိုတာက ရှီရီကို ပြောချင်တာပါ။
တစ်လခန့်အကြာမှာတော့ ပြိုကွဲကောင်းကင်မြို့နဲ့အတော်လေးဝေးကွာတဲ့ နေရာကနေ အခိုးအငွေ့တွေ စတင်ဖြစ်ပေါ်လာတယ်။
ထိုနေရာက မြူတွေရစ်သိုင်းနေပြီး အတွင်းပိုင်းထဲကနေ အသံကျယ်ကြီးတွေလည်း ပေါ်ထွက်လာခဲ့တယ်။ ထိုဟာက ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေပြီး ရောင်စုံအလင်းတန်းတွေ ထုတ်လွတ်နေတယ်။
ပြိုကွဲကောင်းကင်မြို့ကို ရောက်ရှိနေတဲ့ လူတွေအားလုံးဟာ ရှေးဟောင်းခေတ်နတ်ဘုရားတစ်ပါးဟာ အိပ့်စက်နေရာကနေ နိုးထလာသလိုမျိုး ထိတ်လန့်ကြောက်ရွံ့မှုတွေကို ခံစားလိုက်ရတယ်။
မြူခိုးငွေ့တွေကြားကနေ ဧရာမမျက်လုံးကြီး နှစ်လုံးပေါ်ထွက်လာတယ်။ ပြီးတော့ သူ့ရဲ့မျက်လုံးတွေကြားကနေ လျပ်စီးကြိုးမျှင်တွေ ဖြစ်တည်လာခဲ့တယ်။
မြေကမ္ဘာကြီးရဲ့ ကန့်သတ်ထားသလိုထိုနေရာကြီးဟာ တဖြည်းဖြည်းချင်းပေါ်ထွက်လာပြီး ပရမ်းပတာနိုင်စွာ တောက်ပနေတဲ့ လျပ်စီးတွေလည်း ဖြစ်ပေါ်လာတယ်။ မိုးကြိုးပစ်သံတွေကလည်း နားကွဲမတတ် ဆူညံနေပြီး မိုးတွေလည်း သည်းထန်စွာရွာသွန်းလာခဲ့ကာ ကမ္ဘာလောကရဲ့နောက်ဆုံးသော တရားစီရင်မဲ့နေ့ရက်ဟာ ကျရောက်လာခဲ့သလို ပါပဲ။
ပျက်သုန်းခြင်းတောင်တန်းတစ်ရာပေါ်ထွက်လာတော့မယ် .. သူ့ရဲ့လမ်းကြောင်းပွင့်လာပြီး ကမ္ဘာနဲ့ချိတ်ဆက်မိတော့မယ် ..
မျိုးဆက်သစ်လူငယ်ပါရမီရှင်လေးတွေဟာ ထိုဆန်းကြယ်လှတဲ့ အဖြစ်အပျက်ကြီးကို မျက်လုံးအပြူးသားနဲ့ ဂရုတစိုက်ကြည့်နေပါတယ်။
ထိုနေရာက ပုံမှန်အားဖြင့်တော့ အတော်လေးကို ကွဲပြားခြားနားမှုတွေ ရှိတယ်။ သို့သော် လက်ရှိမှာတော့ မထင်မရှားတဲ့ အရိပ်တွေပါ ဖြစ်ပေါ်နေတယ်။
အကယ်၍ ထိုအရိပ်တွေကို ဂရုတစိုက်နဲ့ လေ့လာကြည့်ရင် မူလကမ္ဘာမြေကြီးနဲ့ ခြားနားမှုရှိတာကို သိနိုင်တယ်။ ထိုအရိပ်တွေဟာ မတူညီတဲ့ နယ်ပယ်ကနေ ဖြစ်ပေါ်လာတာဖြစ်တယ်။
ရောက်လာပြီး … အခုဖြစ်နေတာတွေ ပြီးသွားရင် နောက်ထပ်ကမ္ဘာငယ်လေးတစ်ခုဖြစ်ပေါ်လာမှာ .. မင်းတို့တွေ အဲ့ဒီမှာ အခွင့်အရေးကြီးကြီးမားမားကို ရကြလိမ့်မယ် .. အဲ့ဒါကို အမိအရဆုပ်ကိုင်နိုင်ဖို့ မင်းတို့တွေ သဘောပေါက်ထားကြမှ ဖြစ်လိမ့်မယ် …
ပြိုကွဲကောင်းကင်မြို့တစ်ခုလုံးက တုန်ခါနေချိန်မှာပဲ အကြီးအကဲတစ်ယောက်ဟာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပါတယ်။
မင်းတို့အားလုံးမှာ အချိန်နည်းနည်းပဲ ရှိသေးတယ် .. သွား .. သွားပြီး ပြင်ဆင်စရာတွေကို မြန်မြန်ပြင်ဆင်ပြီး ဝင်ဖို့လုပ်ကြတော့ ..
သြဇာအာဏာကြီးမားဟန်ရတဲ့ အကြီးအကဲတစ်ယောက်က အမိန့်ပေးလိုက်တယ်။
………………………………