သုခကမ္ဘာက ရှီဟောင် - Chapter - 219 တိုက်ခိုက်သတ်ဖြတ်ခြင်း
Chapter – 219 တိုက်ခိုက်သတ်ဖြတ်ခြင်း
ဟူးလား …
ထိုလူပုံစံသားရဲကြီးက အရမ်းကို ကြမ်းပါတယ်။ သူ့ရဲ့ ခြေထောက်တစ်ဖက်ကို ဆောင့်ချလိုက်တာနဲ့ ချောက်ကမ်းပါးအစွန်းဟာ ပြိုကျသွားတယ်။ ထိုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲသံတွေဟာ ဆူညံစွာ ထွက်ပေါ်လာပြီး ကျောက်သားတွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးကျသွားပါတယ်။
ထိုအရာအားလုံးက အရမ်းကို ရုတ်တရက်ဆန်သွားခဲ့တာပါ။ နတ်နန်းကျောင်းတော်က တပည့်တွေက ကြောက်လန့်တကြားအော်ဟစ်လိုက်ကြတယ်။ ထို အလေးချိန် ဂျင်ထောင်ပေါင်းများစွာရှိတဲ့ ကျောက်တုံးတွေဟာ တစ်လုံးပြီးတစ်လုံး ပြိုကျလာခဲ့တယ်။
ချောက်ကမ်းပါးပေါ်က လူသားပုံစံသားရဲကြီးဟာ မြေကြီးကို နင်းလိုက်တာနဲ့ တောင်ကမ်းပါးက ချက်ချင်းကို ပြိုကျသွားတယ်။ နတ်နန်းကျောင်းတော်ကြီးရဲ့ စီနီယာအစ်ကိုကြီးဟာ အလေးချိန် ဂျင်သောင်းပေါင်းများစွာရှိတဲ့ ကျောက်တုံးတွေကြား နှစ်မြုပ်သွားခဲ့တယ်။
“ အစ်ကိုကြီး .. !”
ချောက်ကမ်းပါးအောက်က လူအားလုံးက အံ့အားသင့်စွာ အော်ဟစ်လိုက်တယ်။ ထိုအဖြစ်အပျက်က အရမ်းကို ရုတ်တရတ်ဆန်လွန်းပါတယ်။ လူတိုင်းမှာ ဟောင့်လိုမျိုး အံ့သြစရာကောင်းတဲ့ အပြင်ခွန်အားတွေ မပိုင်ဆိုင်ထားကြပါဘူး။ အလေးချိန် ဂျင်တစ်သောင်းလောက် ကျောက်တုံးကြီး တွေ အဆက်မပြတ်ကျရောက်လာပြီး အပိခံလိုက်ရတဲ့ သာမန်လူတစ်ယောက်ဟာဆိုရင် ချက်ချင်းပဲ အသားပြား ဖြစ်သွားနိုင်တယ်။
ချောက်ကမ်းပါးစွန်းက ပြိုကျသွားပြီး ကျောက်တုံးတွေ ပုံထပ်ကာ ကျဆင်းလာတယ်။ လူပုံစံသားရဲကြီးရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာကောင်းနေတယ်။
စီနီယာအစ်ကိုကြီးရဲ့ စွမ်းအားသင်္ကေတတွေဟာ သူ့ရဲ့ကိုယ်တစ်ဝိုက်မှာ အရောင်တလက်လက် တောက်နေတယ်။ သို့သော် သူဟာ ကျောက်တုံးတွေကြားမှာ နှစ်မြုပ်ကာ ပြုတ်ကျလာနေဆဲပါပဲ။
ဟူးလား ..
ဟောင်က ချက်ချင်းပဲ လှုပ်ရှားသွားခဲ့ပြီး ကျောက်တုံးပုံကြီးထဲ ပြေးဝင် ခုန်တက်သွားခဲ့တယ်။
သူ့ရဲ့ လက်တွေဟာ ညင်သာစွာ လှုပ်ရှားသွားခဲ့ပြီး စီနီယာအစ်ကိုကြီးလက်ကို ဖမ်းဆွဲလိုက်ကာ အပြင်ကို ဆွဲထုတ်ပစ်လိုက်တယ်။ သို့သော် သူကတော့ ကျောက်တုံးပုံတွေကြားထဲ ကျရောက်သွားခဲ့ပါတော့တယ်။
တောင်ချောက်ကမ်းပါးထိပ်က လူပုံစံသားရဲကြီးဟာ အောက်ဘက်မှာရှိနေတဲ့ လူတွေဆီကို မျက်နှာမူလိုက်ပြီး စာလိပ်ပန်းချီကားတစ်ချပ်ကို ဖွင့်လိုက်တယ်။ သူ့ရဲ့ ငွေရောင်တောက်နေတဲ့ မျက်လုံးတွေက ချက်ချင်းပဲ လင်းလက်လာခဲ့တယ်။
သားရဲကြီးရဲ့ ခြေတစ်ချက်ဆောင့်လိုက်တာက ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေတယ်။ သူဟာ အဆင့်လေး စိတ်ဝိညာဉ်ဆေးပင်ကို ပင်စည်ကနေ နှုတ်လိုက်ပြီး တောင်ကမ်းပါးစွန်းကို ဖြိုချပစ်လို်က်တယ်။ ဟောင်ကတော့ ကျောက်တုံးတွေကြားကို ရောက်သွားခဲ့ပါပြီ။
သူ့ရဲ့တစ်ကိုယ်လုံးက စွမ်းအားသင်္ကေတတွေ လင်းလက်နေပြီး ပတ်ဝန်းကျင်တစ်ခွင် ထစ်ချုန်းသံတွေ ပေါ်ထွက်နေတယ်။ ထိုဟာ ကျောက်တုံးတွေကို အစိတ်စိတ်အမွာမွာ ကွဲထွက်စေကုန်တယ်။ နောက်ဆုံးမှာ သူဟာ ကျောက်တုံးတွေကြားကနေ ရုန်းထွက်လာနိင်ခဲ့ပြီး သင်္ဂြုဟ်ခံရခြင်းကနေ လွတ်မြောက်သွားပါတယ်။
” မင်းက လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက် မလား ..”
လူပုံစံသားရဲကြီးက ဟောင့်ကို ကြည့်ပြီး မေးလိုက်တယ်။ သူ့ရဲ့ငွေရောင်မျက်လုံးတွေထဲမှာကတော့ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်လာကာ ကြောက်စရာကောင်းလာတယ်။
” နင်က ဘယ်သူလဲ .. ဘာဖြစ်လို့ ငါတို့တွေကို တိုက်ခိုက်ရတာလဲ ..”
နတ်နန်းကျောင်းတော်ကြီးရဲ့ စီနီယာအစ်မကြီးက အော်ဟစ်မေးမြန်းလိုက်တယ်။
” ခေါင်းကိုးလုံး ရွှေခြင်္သေ့က မင်းကို ခေါ်ခိုင်းလိုက်တာ .. သူလိုချင်တာဆို မရခဲ့တာ မရှိဘူး .. ငါနဲ့ လိုက်ခဲ့ပြီး တိုက်ပွဲတွေအတွက် အစေခံလုပ်တော့ .. အနာဂတ်ရဲ့ နေ့တစ်နေ့မှာတော့ မင်းကို လူုသားမျိုးနွယ်တွေဆီကို ပြန်ခွင့်ပေးလိမ့်မယ် .. အဲ့ဒီအချိန်ရောက်ရင် မင်းက လူသားမျိုးနွယ်ရဲ့ အင်ပါယာပြည့်ရှင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ် …”
လူပုံစံသားရဲကြီးက ကျောက်တုံးကြီးတစ်တုံးပေါ်မှာ ရပ်လိုက်ပြီး ဝင့်ကြွားစွာ ပြောဆိုလိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ငွေရောင်တလက်လက် တောက်ပနေပြီး ဘယ်သူ့ကိုမှ ကြည့်မနေခဲ့ဘူး။
သူဟာ နတ်ဘုရားတစ်ပါးလို တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ အော်ရာလှိုင်းတွေကို ထုတ်လွတ်နေတယ်။
” မင်းက ဘယ်လိုကောင်မလို့လဲ …”
ဟောင်က မေးလိုက်တယ်။
” ငါက မင်းတို့ရဲ့ ရှင်ဘုရင်ပဲ .. အနာဂတ်မှာ မင်းသာ ငါတို့ဆီ လိမ္မာစွာလိုက်ပါနေရင် အင်မော်တယ်တစ်ယောက်အဖြစ်ကို ရရှိနိုင်မှာပဲ .. ဒါဆိုရင် မင်းက အနာဂတ်လူသားမျိုးနွယ်ရဲ့ ရွှေမင်းသားလေးတစ်ပါး ဖြစ်သွားမှာ ..”
လူပုံစံ ငွေရောင်သားရဲကြီးက သူ့ရဲ့ ပါးစပ်ကိုဖွင့်လိုက်တိုင်း ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အော်ရာလှိုင်းတွေက ရေတံခွန်တစ်ခုအလား ထွက်ပေါ်လာတယ်။
ဟောင့်ရဲ့ မျက်နှာဟာ ချက်ချင်းပဲ မှေးမှိန်သွားခဲ့တယ်။ သူဟာ ရှေ့ကို အနည်းငယ်လျှောက်သွားလိုက်ပြီး လူပုံစံ ငွေရောင်သားရဲကြီးကို သေချာစွာလှည့်ပတ်ကြည့်လိုက်တယ်။
” မင်း ဘာတွေစဉ်းစားနေတာလဲ .. ”
လူုပုံစံ ငွေရောင်သားရဲကြီးက မေးလိုက်တယ်။
” မင်းမှာ အသားနည်းနည်းပဲ ရှိတယ်လေ .. ပြောရရင် အရိုးတွေက ပိုတောင် များနေသေးတယ် .. နောက်ပြီး မင်းက လူသားပုံစံဖြစ်နေတာ ခက်တယ် .. ငါ က မင်းကို ဘယ်လိုလုပ်ပြီး စားရမှာလဲ .. သောက်လခွမ်း .. စွပ်ပြုပ်လုပ်သောက်ရင်တောင် ချိုမဲ့ပုံ မဟုတ်ဘူး .. ငါ အော့နှလုံးနာပြီး အစားအသောက် ပျက်မှာတောင် ကြောက်ရတယ် ..”
ဟောင်က မျက်နှာရှုံ့ရှုံ့မဲ့မဲ့နဲ့ စကားပြောနေချိန်မှာပဲ လူုပုံစံ ငွေရောင်သားရဲကြီးက ဒေါသတကြီး အော်ပြောလာပါတယ်။
” စော်ကားလိုက်တာ .. မင်းက ဘာစားထားလို့ ဒီလောက်မောက်မာနေရတာလဲ .. ငါက မင်းတို့နဲ့ ဘယ်လိုမျိုး တူနိုင်ပါ့မလဲ .. ဟွန့် .. မင်းကို ငါက ဘယ်လိုမျိုး သတ်ပစ်စေချင်သလဲ ဆိုတာ မင်းရွေးလိုက်တော့ … ”
ငွေရောင် လူပုံစံ သားရဲကြီးဟာ ကျောက်တုံးကြီးပေါ်မှာ ရပ်လိုက်ပြီး သူ့ရဲ့မျက်နှာကလည်း အံ့အားသင့်မှုတို့ စွန်းထင်းနေတယ်။ သူက ဟောင်ကို စူးစိုက်ကြည့်နေပါတယ်။
ထိုကောင်လေးက လူသားတစ်ယောက်ဆိုတာရော သေချာရဲ့လား .. သူက သူ့လို လူပုံစံသားရဲတစ်ကောင်ကိုတောင် စားသောက်ချင်နေခဲ့တယ်လေ ..ဒါက ဘယ်လိုတွေတောင် ဆိုးရွားလိုက်သလဲ ..
” ကြောက်နေပြီလား .. ဒါဆိုရင်လည်း မင်း မြန်မြန်ဆန်ဆန် ကိုယ်လက်သန့်စင်ပြီး ဟင်းအိုးထဲဝင်လိုက်တော့ … ငါက ရွံတတ်တယ်ကွ ..”
ဟောင်က မျက်လုံးပြူးပြလိုက်ပြီး ပြောလိုက်တယ်။
ဘာတွေဖြစ်ကုန်တာလဲဟ .. ရှေးဟောင်းသားရဲမျိုးဆက်အစစ်အမှန်က ဘယ်သူလဲ ..
ငွေရောင် လူပုံစံသားရဲကြီးက သူ့ရဲ့စိတ်တွေ တဖြည်းဖြည်းလေးလံလာသလို ခံစားလာရတယ်။ သူတို့နှစ်ယောက်က မတိုက်ခိုက်ရသေးပေမဲ့ ဘာကြောင့်များ သူက ပြီးဆုံးသွားပြီလို့ ခံစားနေရတာလဲ။
” မင်း … ငါ့ ကို ပြောနေတာ သေချာလား ..”
ထို့ကြောင့်လည်း သားရဲကြီးဟာ သေချာအောင် ပြန်မေးလိုက်ပါတယ်။
” မင်းကလွဲရင် ဒီနေရာမှာ ဘယ်သူကများ ချက်စားလို့ ရဦးမှာတဲ့လဲ ..”
ဟောင်က ယုံကြည်မှုရှိရှိပဲ ရဲဝင့်စွာ ပြန်ဖြေလိုက်တယ်။
အူး .. ဟူး .. ငွေရောင် လူပုံစံသားရဲကြီးက ဟိန်းဟောက်လိုက်တဲ့အခါမှာတော့ တောင်တစ်ခုလုံးက တုန်ခါသွားပါတယ်။
ပြီးတော့ ငွေရောင်အလင်းတန်းတွေဟာ စုစည်းလာခဲ့ပြီး သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ဟာ ပေါ်ထွက်လာတယ်။
သူဟာ အမှန်တကယ်ကို ဒေါသထွက်နေပါတယ်။ သူက ဟောင်လိုမျိုး လူသားတစ်ယောက်ကိုတော့ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ထိုကောင်လေးက ရူးသွပ်သွားတာများလား။
ငွေရောင် လူပုံစံသားရဲကြီးက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ရှိပေမဲ့လည်း ပါးလွာတဲ့ အကြေးခွံတွေ ဖုံးလွှမ်းနေခဲ့တယ်။ သူ့ရဲ့မျက်နှာကတော့ လူတစ်ယောက်အတိုင်းပါပဲ။ ထို့အပြင် သူဟာ အရမ်းကို ချောမောလှတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ်။ သူ့ဆီမှာအတော်လေးကို ထူးခြားတဲ့အရာကတော့ ငွေရောင်မျက်လုံးတွေပဲ ဖြစ်ပြီး ခြိမ်းချောက်နိုင်စွမ်းအပြည့်ကို ရှိနေတယ်။
သူ့ရဲ့ငွေရောင်ဆံပင်တွေက လေအဝေ့မှာ တဖျပ်ဖျပ်လွင့်နေကြတယ်။
လက်ရှိအချိန်ထိတိုင်အောင် သူကသာ အခြားတစ်ပါးသော သူတွေကို တိုက်ခိုက်စားသောက်လာခဲ့တယ်။ တခြားသူတွေကလည်း သူ့ကို မြင်တွေ့လိုက်တာနဲ့ အသက်လုထွက်ပြေးကြရစမြဲဖြစ်တယ်။
သို့သော် ယခုအချိန်မှာတော့ သူ့ကို စားချင်နေတဲ့ လူသားတစ်ယောက်ဟာ တကယ်ပဲ ပေါ်ထွက်လာခဲ့တယ်။
ထို့ကြောင့် သူဟာ မကျေမနပ်ဖြစ်သွားပြီး စိတ်ရှုပ်သွားခဲ့တယ်။ သူက ချက်ချင်းပဲ ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။
” အနာဂတ်ရဲ့ ရှင်ဘုရင်တစ်ပါးကို ဘယ်လိုရိုသေလေးစားရမလဲဆိုတာ မင်းကို ငါ သင်ပြပေးမယ် … ”
ငွေရောင်အလင်းတန်းတွေဟာ လှိုင်းတွေလိုအပေါ်ကနေ ကျဆင်းလာကာ ဆောက်တည်ရာမရအောင် အလွန်အံ့အားသင့်စေသည်။ သားရဲကြီးဟာ လျှပ်တပြက်အလင်းတစ်ခုလိုမျိုး ဟောင့်ရဲ့ခေါင်းကို လက်သီးနဲ့ထိုးလိုက်သည်။ အဲဒီအရာဟာ လေပြင်းမုန်တိုင်းတစ်ခုကိုသယ်ဆောင်လာပြီး အနီးပတ်ဝန်းကျင်ရှိဂျင်တစ်ရာအလေးချိန်ရှိတဲ့ ကျောက်တုံးဆယ်တုံးကို ကောင်းကင်ပေါ်လွင့်သွားစေတယ်။
နတ်နန်းကျောင်းတော်ကြီးရဲ့ တပည့်တွေအကုန် အလွန်အံ့အားသင့်ကုန်တယ်။ အဲ့ပုံစံဟာ အလွန်စွမ်းအားပြည့်တာပဲ။ လေမုန်တိုင်းကဲ့သို့ ကျောက်တုံးအများကြီးကို လေပေါ်ပျံအောင်လုပ်နိုင်တာက သူကဘယ်လိုတောင် စွမ်းအားကြီးတာလဲ။
ကောင်လေးဟာ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး မထင်မှတ်ပဲ တိုက်ခိုက်မှုကိုတွေ့လိုက်တယ်။ သူဟာတိုက်ခိုက်မှုကို သူကိုယ်တိုင်ကြိုဆိုဖို့ပြင်ဆင်ခဲ့ပြီး သူ့ရဲ့အနက်ရောင်ဆံပင်တွေက သူ့နောက်မှာ ဝဲပျံသွားခဲ့ကြတယ်။ သူဟာနုနယ်ပြီး သူရဲကောင်းဆန်နေတယ်။
ဟူးလား ..
သူတို့နှစ်ဦး၏လက်သီးများသည် ကမ္ဘာကြီးကိုတုန်လှုပ်စေသောအသံတစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးခွင်းသံထွက်လာသည်နှင့်တူကာ ငွေရောင်သားရဲသည် ရုတ်တရက်သူ့မျက်လုံးများကိုကျယ်ကျယ်ဖွင့်လိုက်တာက အရမ်းထိတ်လန့်သွားစေတယ်။ ထို့နောက် သူ၏လက်ဝါးကို စွမ်အားသင်္ကေတများသည် ထူထပ်စွာဖုံးအုပ်ထားပြီး မရိုက်ထုတ်မီ လျင်မြန်စွာ အချင်းချင်းကွေ့ပတ်သွားလာနေသည်။
အဲဒီလိုပဲ နှစ်ဦးစလုံးအနောက်သို့ လွှင့်ထွက်သွားခဲ့သည်။ ကောင်လေးရဲ့မျက်လုံးက အလင်းတွေထုတ်လွှင့်ပြီး သူ့ကိုစိုက်ကြည့်နေသည်။ အခြားနည်းဖြင့်ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေသည်။ သူ့ကို ထပ်တိုက်ခိုက်ဖို့အတွက် စောင့်ကြည့်နေပြီး နောက်တစ်ကြိမ်အတွက် အားတွေကိုစုစည်းနေသည်။
ငွေရောင်သားရဲရဲ့လက်ဝါးဟာ ပေါ့ပါးစွာတုန်ခါနေသည်။ သူဟာ လေအေးတွေကိုရှူရှိုက်မိကာ သူ့ရဲ့သန့်စင်တဲ့ခန္ဓာကိုယ်ခွန်အားနဲ့ ယှဉ်ပြိုင်ခြင်းတော့မရှိကြဘူး။ အလွန်အရေးကြီးသောအခြေအနေမှာ စွမ်းအားသင်္ကေတတွေကိုအသုံးမပြုခဲ့လျှင် သူ ဒီအတွက်နာကြည်းနေရလိမ့်မည်။
သူ့လက်ကို ဆက်ခနဲထုတ်လိုက်ပြီး စိတ်ဝိညာဉ်ဆေးရဲ့အညှာလေးခုကို ဘေးဖက်သို့ပစ်လိုက်သည်။ တောင်ရဲ့အပေါ်ကို ကျသွားပြီး သူတို့ရဲ့တိုက်ပွဲအတွင်း ပျက်စီးစေမှုများကို တားဆီးသွားခဲ့သည်။
သူက နောက်တဖန် ထပ်လှုပ်ရှားလိုက်သည်။သူရဲ့ငွေရောင်မျက်လုံးများက ရုတ်ခြည်းလျှပ်တပြက်အလင်းကိုထုတ်လွှင့်ပြီး ငွေရောင်အလင်းတန်းနှစ်ခုပုံပေါ်သည်။ သူတို့ဟာ မီတာအမျာကြီးရှည်ကြာပြီး နတ်ဘုရားမြှားတို့ထက် စွမ်းအားတွေကိုလျင်မြန်စွာ ပစ်လွှတ်လိုက်ကာ ကြောက်လန့်စေသည်။
ဟောင်ရဲ့မျက်နှာထားဟာ သည်အတိုင်းပဲရှိကာ သူက လျင်မြန်စွာတိုက်ခိုက်လိုက်သည်။ သူလက်ဝါးဟာ ကြည်လင်လာပြီး ရွှေရောင်တောက်လာသည်။ အားမာန်ပါသောလျှပ်စီးအလင်းတန်းဟာ အက်ကွဲလာပြီး တဂျစ်ဂျစ်မြည်နေကာ အရာအားလုံးကိုချက်ချင်းလွှမ်းခြုံလိုက်သည်။
ဧရိယာတစ်ခုလုံးဟာ အံ့ချီးဖွယ်ကောင်းအောင် စတင်တောက်လောင်လာခဲ့သည်။ ရွှေရောင်လျှပ်စီးတန်းနှင့် ငွေရောင်အလင်းတန်းတို့ဟာ ကခုန်နေကြသည်။
ဟောင်ဟာ အလျားလိုက်ရွေ့လျားလိုက်ပြီး အနက်ရောင်ဆံပင်တွေရှိတဲ့နဖူးစပ်ဟာ အခုတ်ခံလိုက်ရသည်။ အဲ့ဒီဖြစ်စဉ်မှာ ငွေရောင်အလင်းတန်းက ဟက်တက်ကွဲဒဏ်ရာရစေတာဖြစ်သည်။အဲဒီဒဏ်ရာမှ သွေးတွေဟာကျဆင်းလာပြီး သူ့ကိုဖျော့တော့သွားစေသည်။
ဒါဟာ အန္တရာယ်ထက်ကို ပိုကျော်လွန်တာပဲ။ သူ ဒီထက်ပိုမှီခိုမယ်ဆိုရင် အဲဒီငွေရောင်အလင်းတန်းဟာ သူ့လည်ပင်းကို ထိုးဖောက်သွားလိမ့်မည်။ အဲဒီကြောက်လန့်စေတဲ့တိုက်ခိုက်မှုဟာ သူ့ကိုဖြတ်သန်းသွားပြီး သူ့ဦးခေါင်းကိုမြေသို့ကျဆင်းသွားစေမှာ ဖြစ်သည်။
ဤအတောအတွင်း ငွေရောင်သတ္တဝါရဲ့ခန္ဓာကိုယ်က မီးလောင်အမာရွတ်တွေဟာ ပျောက်ကွယ်လာသည်။ သူကနောက်သို့ဒယီးဒယိုင်ဆုတ်သွားကာ လည်ကုတ်နှင့်နံကြားက အကြေးခွံတွေကျသွားခဲ့သည်။ သူက အလွန်အံ့ဩသွားပြီး ရှန်းနီရဲ့ အဖိုးတန်တာအိုပညာရပ်လား လို့မေးလိုက်သည်။
စစ်မှန်တဲ့ စွမ်းအားအပြည့်ပဲ …
ဟောင်ဟာ လည်ပင်းက ဒဏ်ရာကိုကိုင်ထားပြီး အလွန်အံ့ဩသင့်ဖွယ်ကောင်းသော မျက်နှာထားဖြင့်ပြောလိုက်သည်။
” အရမ်းစွမ်းအားကြီးတာပဲ .. ခေါင်းကိုးလုံးခြင်္သေ့က မင်းကို သူ့အမှုထမ်းအနေနဲ့ လိုချင်နေတာအံ့ဩစရာမရှိဘူးပဲ။ ငါ မင်းကို သူရဲ့အဝေးကို ဖယ်ပစ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ..”
ငွေရောင်သားရဲကြီးက စကားပြောရင်း အလင်းတန်းက သူ့စွမ်းအားတွေကို ပြင်းပြင်းထန်ထန်လောင်ကျွမ်းသွားစေသည်။ အဲ့အချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးကို အလင်းတန်းတွေဟာ ပြည့်နှက်သွားပြီး ပြင်းထန်စွာလောင်ကျွမ်းစေသည်။ သူ့ခန္ဓာကိုယ်ဟာ အလယ်မှာရှိနေပြီး သူ့စွမ်းအားတွေက လျစ်လျူရှုထားသော ဘုရင်တစ်ပါးနှင့်တူသည်။သူ့အရှိန်အဝါတွေဟာ အရပ်ဆယ်မျက်နှာတိုင် ပြင်းထန်စွာ ဖြာထွက်လာသည်။
နတ်နန်းကျောင်းတော်ကြီးရဲ့ တပည့်တစ်ဦးချင်းစီဟာ လေအေးတွေကို ရှုရှိုက်မိကြသည်။ ဒီရှေးဦးမျိုးဆက်မှဆင်းသက်လာသူက အလွန်ခွန်အားကြီးပြီး စိတ်ကူးလို့မယှဉ်နိုင်အောင်ဖြစ်သည်။ သို့သော်လည်း သူက အပြည့်အဝအရွယ်မရောက်သေးပေမဲ့ ဘုရင်တစ်ပါး၏အရှိန်အဝါရှိနေပြီးဖြစ်သည်။
***