သုခကမ္ဘာက ရှီဟောင် - Chapter - 220
Chapter – 220
အာဝူး …
သားရဲကြီးဆီက ငွေရောင်အလင်းတန်း ပေါ်ထွက်လာပြီး သူ့လမ်းစဉ်ဟာသတ်ဖြတ်ခြင်းဖြစ်သည်။ ၎င်းသည် ကျယ်ပြန့်သောခန္ဓာကိုယ်တစ်ခုလုံးကရေသည် သူ့လမ်းစဉ်ကို ဖြတ်ကျော်သွားသကဲ့သို့ ဖြစ်သည်။ကောင်လေးဟာ တည်ကြည်သောမျက်နှာထားကို ဖော်ပြပြီး ငွေရောင်အလင်းတန်းကိုထုတ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းဟာ ကောင်းကင်သို့အလျင်အမြန်ရောက်ရှိသွားပြီး သူ့ကိုလျှပ်စီးနတ်ဘုရားကဲ့သို့ဖြစ်စေသည်။ သူ့လက်ကိုမလိုက်ပြီး ရွှေရောင်လျှပ်စီးတန်းကို ဘယ်မှညာသို့လှုပ်ရှားစေသောအခါ ဤဧရိယာတစ်ခုလုံးကို ပျက်စီးသွားစေသည်။
ဘန်း
ဂျင်အလေးချိန် နှစ်သောင်း၊ နှစ်သောင်းထက်များသော ကျောက်တုံးတွေဟာ အလင်းတန်းအောက်မှာ အမှုန့်တွေဖြစ်သွားသည်။ ရွှေရောင်အလင်းတန်းဟာကောင်းကင်ကို ဖုံးလွှမ်းပြီး လူတိုင်း၏စိတ်ဝိညာဉ်ကို လှုပ်ခါသွားစေသည်။
ဟူး …
ငွေရောင်အလင်းတန်းက ကောင်းကင်ကိုဖုံးအုပ်သွားရုံသာမက ကမ္ဘာမြေပြင်ကိုပါ ဖုံးအုပ်ပစ်လိုက်သည်။ ပိုင်းခြားထားတဲ့တောအုပ်တစ်ခုလုံးကို အမှုန့်ဖြစ်စေပြီး အမှိုက်တွေချည်းသာ ကျန်ရှိခဲ့သည်။
ဟောင်က အသက်နှင့်ခြေလက်များကိုစွန့်စားပြီး ငွေရောင်သတ္တဝါကို ကြမ်းတမ်းစွာတိုက်ခိုက်ခဲ့သည်။သူ့ခန္ဓာကိုယ်ကိုလျင်မြန်စွာ သူဟာရွေ့လျားလိုက်တဲ့အခါ ထူးချွန်ပြောင်မြောက်သောမြင်ကွင်းတစ်ခုဟာ သူတို့နှစ်ဦးကြားပေါ်ပေါက်လာသည်။ အဲဒီအရာဟာစူးရှတောက်ပလွန်းသောကြောင့် ပွဲကြည့်ပရိသတ်တွေဟာ သူတို့ရဲ့မျက်လုံးကိုမဖွင့်နိုင်ကြဘူး။ အဖိုးတန်သင်္ကေတတွေနှင့် နည်းစနစ်တွေဟာ နေရာတိုင်းကိုဖုံးအုပ်ထားကြသည်။
ငွေရောင်သားရဲကြီး၏မျိုးဆက်က ဟောင်ထက်သာလွန်သော်လည်း သူ့အဆင့်ဟာမြင့်မားသည်။ သူဟာ ထိုလူသားပါရမီရှင်ကိုဖိနှိပ်ချုပ်ကိုင်ပြီး စွမ်းအားတွေလျော့ကျစေချင်သည်။ ဒါပေမယ့် ဟောင်ဟာ ပြဿနာကောင်ဖြစ်ပြီး သူ့အနီးကသူတွေကို သေစေလောက်အောင်တိုက်ခိုက်ခဲ့ပြီး သူ့ကိုအံ့အားသင့်စေခဲ့သည်။
ဟောင်ဟာ တက်ကြွနေပြီးတော့ အကုန်လုံးကိုကြောက်ရွံမနေခဲ့ပါဘူး။ သူဟာ တိုက်ခိုက်တာကြာလာလေ ရဲရင့်လာလေပါပဲ။
ငွေရောင်သားရဲကြီးဟာ ဟောင်ကိုတိုက်ခိုက်နေစဉ်မှာပဲ စွမ်းအားသင်္ကေတတွေကို ဆက်တိုက်ဖယ်ထုတ်နေရတယ်။ ကျယ်ပြန့်သောငွေရောင်ဟာ အောက်သို့ကျဆင်းလာပြီး အဲဒီအချိန်မှာတွင် သူ့ရဲ့ ကိုယ်ပေါ်ကိုကျဆင်းပျံ့နှံ့သွားစေသည်။ သူတို့နှစ်ဦး၏တိုက်ခိုက်မှုအပြင်ဖက်ကနေ လျှို့ဝှက်နည်းစနစ်ကသူတို့နှစ်ဦးကို အတူဆက်သွယ်ထားသည်။
ရုတ်တရတ် ဟောင်၏လက်မှပေါ်ထွက်လာသောသင်္ကေတများကို ခမ်းနားသောအလင်းတန်းများဖြာထွက်လာသည်ကတားဆီးလိုက်သည်။ တလက်လက်တောက်ပနေပြီး ထိုးဖောက်မြင်နိုင်သောကျောက်စိမ်းကဲ့သို့ဖြစ်နေသည့်အရိုးမှန်က သားရဲကြီးဆီမှ ထုတ်လွှင့်လိုက်သော အလင်းတန်းများကိုတားဆီးထားပြီး အဲဒီအရာကိုနောက်သို့အလင်းပြန်စေသည်။
ဖူး …
ငွေရောင်သားရဲက သဲသဲကွဲကွဲ ကြားရသောအသံကို ထုတ်လွှတ်ပြီး နောက်သို့ပြန်လှည့်လိုက်သည်။ သူ့ရဲ့ပုခုံးပေါ်မှာ သွေးယိုစီးနေတဲ့အပေါက်နှစ်ပေါက်ပေါ်လာပြီး သူရဲ့တုန်လှုပ်နေတဲ့ပုံကိုဖော်ပြလိုက်သောအခါ သွေးထွက်လာသည်။
” မင်း ရှန်းနီရဲ့အဖိုးတန်အရိုးကို တကယ်ရပြီး အမြင့်ဆုံး ရတနာအဖြစ်သန့်စင်ခဲ့တာပဲ …”
အင်အားကြီးသောလူမျိုးစုများသည် သူတို့၏အဖိုးတန်နည်းစနစ်များပေါက်ကြားခြင်းကို အလွန်မုန်းတီးကြပြီး သူတို့မသေခင် သူတို့၏အဖိုးတန်အရိုးအကုန်လုံးကို ဖျက်ဆီးခဲ့ကြသည်။ ၎င်းသည် ရှေးဦးအရိုးကို ပြန်ဖျက်ဆီးပစ်သည့် အလွန်ထူးဆန်းသောအဖြစ် ဖြစ်သည်။
” အဲဒီအတွက် တောင်းပန်ပါတယ် .. ကြေးမှုံက ချောကျပြီး ငါ့ရင်ခွင်ထဲရောက်လာတာပဲ ..”
ဟောင်ဟာ သူ့ရဲ့ သဘောထားအမှန်ကို ဖော်ပြပြီး တောင်းပန်လိုက်တဲ့အခါ ငွေရောင်သားရဲရဲ့မျက်လုံးတွေဟာ အေးစိမ့်မှုကို ခံစားသွားရစေသည်။
သူဟာ သူ့ပြိုင်ဘက်ထက် အချိန်အကြာကြီးကျင့်ကြံခဲ့ပြီး သူ့ပြိုင်ဘက်၏အဆင့်ထက်ပိုမိုမြင့်မားခဲ့သည်။ သူက သူရဲ့ပြိုင်ဘက်ကိုနှိမ်နင်းဖို့ အသုံးပြုခဲ့သော်လည်း ကောင်လေးကသူ့အဖိုးတန်နည်းစနစ်ကိုသုံးလိုက်ပြီး သူ့ကိုဘာမှပြန်မပြောနိုင်စေခဲ့ပါဘူး။
ဟူးလား ..
ငွေရောင်သားရဲဟာ သူ့၏ပါးစပ်ကိုဖွင့်လိုက်ပြီး ငွေရောင်အလင်းခဲများကို ထွေးထုတ်လိုက်သည်။ လေပြင်းတိုက်ခိုက်မှုကြောင့် ငွေရောင်ပန်ကာအဖြစ်သို့ပြောင်းသွားသည်။ ဟောင်နဲ့မျက်နှာချင်းဆိုင်တွေ့ပြီး အဖြူရောင်လှိုင်းလုံးတွေဟာ အကန့်အသတ်မဲ့ကာ ကောင်းကင်သို့လျှံတက်သွားသည်။
ဟောင်ဟာ အရိုးမှန်ကိုအသုံးပြုပြီးတော့ သူကိုယ်တိုင် ခုခံကာကွယ်ပြီး အဲ့ပုံသဏ္ဌာန်ကိုရပ်တန့်သွားစေသည်။ သို့သော်လည်း သူ့နောက်ရှိတောင်ကတော့ ကျောက်တုံးတွေနဲ့သဲများအဖြစ် ပေါက်ကွဲထွက်ကုန်သည်။ ရှေးဟောင်းသစ်ပင်များအားလုံးကိုလည်း အမြစ်ကကျွတ်ထွက်ကုန်စေပြီး ကောင်းကင်ကိုအစိတ်စိတ်အမြွာမြွာခွဲထွက်စေသည်။
ထို့အပြင်တောင်တစ်လုံးသည်ပြိုကွဲသွားပြီး လှပ်စီးနတ်ဘုရားတစ်ပါးနှင့် တွေ့ကြုံနေရသလိုဖြစ်ကာ ကျောက်တုံးများအုန်းအုန်းမြည်ပြီး လိမ့်ကျလာကြသည်။
ထိုမြင်ကွင်းဟာ အရမ်းကြောက်လန့်စရာကောင်းတယ်။ အဖိုးတန်နည်းစနစ်ဟာ မယုံဖွယ်ကောင်းပြီး ဗဟိုချက်ကိုလှုပ်ခါသွားစေသည်။ အဲဒီအဖြစ်ဟာ အဝေးမှစောင့်ကြည့်နေသော နတ်နန်းကျောင်းတော်မှပါရမီရှင်များက ဤဘေးအန္တရာယ်နှင့်ရင်ဆိုင်ရသောအခါ ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ်ခြင်းများကိုခံစားနေရသည်။ ဒီငွေရောင်သားရဲဟာ တွေးကြည့်လို့မရတဲ့ အင်အားကြီးမားသော သားရဲဘုရင်များ၏မျိုးဆက်ဖြစ်သည်။
ဒီလိုမှမဟုတ်ရင် ငယ်ရွယ်တဲ့သူ့အသက်အရွယ်နဲ့ ဒီလိုစွမ်းအားပြည့်ဝတဲ့ပန်ကာမျိုးကို ပိုင်ဆိုင်ထားခြင်းဟာ ငယ်ရွယ်တဲ့မျိုးဆက်၏လက်ထဲမှာပေါ်ပေါက်လာမှာ မဟုတ်ဘူး။
မှန်ပါတယ်။ သူတို့ဟာ ဟောင့်ကိုလည်းထိတ်လန့်တုန်လှုပ်သွားသည်။ ဒီဂျူနီယာတပည့်ငယ်လေးရဲ့နောက်ခံက အလွန်ရက်ရောတာပဲဟုတ်တယ်မလား။ ရှန်းနီ၏အရိုးကိုတွေ့ရှိပြီး အရိုးမှန်အဖြစ်သန့်စင်ထားယ်ဆိုတာက သူတို့ကိုယုံဖို့ခက်စေတယ်။
အသက်၀င်စမ်း ..
ဟောင်က ကျယ်လောင်စွာအော်ပြီးတော့ မိုးကြိုးပစ်သံလို လက်ခုပ်တီးလိုက်သည်။ သူဟာ အရိုးမှန်ကိုလက်ကိုင်ထားပြီး ငွေရောင်သားရဲရှိရာဖက်ကို ဦးတည်ကာ ဖြောင့်နေအောင်ပစ်လိုက်သည်။ တလက်လက်နဲ့ဖောက်ထွင်းမြင်နိုင်သောအရိုးမှာ အမှတ်အသားတစ်ခုရှိပြီး ၎င်းသည်လျှပ်စီးအလင်းတန်းလိုတလက်လက်တောက်ပနေသည်။
ဟူးလား …
ဟိန်းဟောက်သံနှင့်အတူ ကြီးမားသောလျှပ်စီးတန်းက ထွက်လာသည်။ ၎င်းသည်ရှေးဦးမျိုးဆက် ရှန်နီ၏ လျှို့ဝှက်နက်နဲသောအရာဖြစ်ခဲ့ရာ ၎င်းသည် မှန်နှင့် သဟဇာတဖြစ်နေသည်။ ထို အရာကို အသက်သွင်းလိုက်ပြီးနောက်မှာတော့ နတ်ဘုရားလို အံ့အားသင့်စရာဖြစ်ခဲ့သည်။
ငွေရောင်သားရဲ၏မျက်နှာအရောင်ပြောင်းလဲသွားပြီး သူ့လက်မှ ပန်ကာက ဝေ့ထွက်လာသည်။ ငွေရောင်အလင်းတန်းဟာ ကောင်းကင်ကိုဖုံးကွယ်ထားပြီး ကမ္ဘာမြေပြင်ကိုလည်း ဖုံးအုပ်စေကာ ကြီးမားသောရွှေရောင်လျှပ်စီးတန်းနှင့် တိုက်မိလိုက်သည်။ ရလဒ်အနေဖြင့် တောက်ပပြီးခန့်ညားထည်ဝါသောအရောင်စုံများကို ထုတ်လွှင့်ခဲ့သည်။
နောက်ဆုံး၌ သူတို့နှစ်ဦးသည် ခြေလှမ်းအနည်းငယ်ဆုတ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးဟာ အလွန်အံ့အားသင့်ခဲ့ပြီး သူတို့ ပြိုင်ဘက်ရဲ့ အဖိုးတန်နည်းစနစ်များကို လေးစားနေကာ ပင့်သက်ရှိုက်မိကြသည်။
” မင်းက ငါ့ကိုတကယ်အံ့အားသင့်စေတာပဲ။ မင်းဟာလူသားတစ်ယောက်ဖြစ်ပြီး အသက်ငယ်ပေမယ့်လည်း မင်းရဲ့ခွန်အားကတကယ်ကြီးတာပဲ။ ငါ ဒီလိုမျိုးမြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ ”
ငွေရောင်သားရဲ၏အသက်ဟာ သိပ်မကြီးပေမယ့် သူ၏ကျင့်ကြံမှုကာလသည် ဟောင်ထက်ပိုရှည်နေဆဲဖြစ်သည်။ သူသည် သူ၏ပြိုင်ဘက်ကိုကိုင်တွယ်ဖြေရှင်းရန်မစွမ်းနိုင်သေးဘဲ မယုံနိုင်လောက်စရာအရုပ်ဆိုးသောပုံစံဖြင့် ကြုံခဲ့သည်။
“အခုအစွမ်းရှိတယ်ဆိုတာမင်းသိပြီလား။ ဒါဆိုမင်းကိုငါမစားဘူး .. မင်းဟာငါ့အစေခံဖြစ်လာသင့်တယ် ”
ဟောင်က လှောင်လိုက်တယ်။
ငွေရောင်သားရဲ့၏ခေါင်းပေါ်ရှိ သွေးကြောတွေထောင်နေပြီး သူကချက်ချင်းပဲ တုန့်ပြန်ပြောဆိုလိုက်တယ်။
“ မင်းရဲ့အိမ်မွေးတိရိစ္ဆာန်ဖြစ်ဖို့ ငါငြင်းတယ်။ ခေါင်းကိုးလုံးခြင်္သေ့နှင့်အခြားသူများ၏အောင်မြင်မှုကို မေ့လျော့နေတာလား။ မင်းကို ဒီနေ့ငါ ဝါးမျိုပြစ်မယ်။ ဘယ်သူမှအားကြီးတဲ့အစေခံတစ်ယောက်ရဖို့ မစဉ်းစားစေရဘူး။ ”
ထိုစကားလေးကို ဟောင်ကြားပြီးတဲ့အခါ သူ့မျက်နှာက မှောင်မည်းသွားသည်။ သူကဒေါသထွက်လာပါသည်။
“အခြားရှေးဦးမျိုးဆက် ဘယ်နှစ်ယောက်ရှိလဲလို့တွေးဖူးလား .. မင်းရှင်သန်နေရတာငြီးငွေ့လာပြီလို့ ငါထင်တယ်။ အခု ငါ့ရဲ့ မီနူးမှာ ကြော်လှော်ထားတဲ့ ခြင်္သေ့သားနှင့် အရသာရှိတဲ့ ကျားသားဟင်းချို သာမကဘူး။ အထူးဟင်းပွဲအနည်းငယ်ထပ်ထည့်ဖို့ လိုမဲ့ပုံပဲ။ မင်းတစ်ယောက်တည်းက သိပ်အသုံးမဝင်ဘူး။ မင်းအသတ်ခံရပြီးနောက်မှာတေ့ာ ရတနာတွေနဲ့ လဲလှယ်နိုင်လိမ့်မယ်ထင်တယ် ..”
သူ၏အစွမ်းကိုစတင်ပြသခဲ့ပြီး သူ့လက်ထဲမှာရှိတဲ့အဖိုးတန်ကြေးမုံဟာတောက်ပလာသည်။ သူဟာစဉ်ဆက်မပြတ်ရွေ့လျားလိုက်ကာ ပြင်းထန်စွာတိုက်ခိုက်ကြ၏။
“ငါရဲ့အချိန်ကို ထပ်မဖြုန်းပဲ သေလိုက်စမ်း”
ငွေရောင်သားရဲသည် အေးစက်စွာအော်လိုက်ကာ ဓားမြှောင်ကိုထုတ်လိုက်သည်။ ငွေရောင်အလင်းတန်းသည်တောက်ပလာပြီး ချက်ချင်းပျံသန်းသွားခဲ့သည်။
ဤအရာများဖြစ်ပျက်နေစဉ် သူ၏ငွေရောင်ပန်ကာကိုအားဖြည့်ရန် သူ၏အစွမ်းအားလုံးကိုအသုံးပြုခဲ့သည်။ သူကဓားမြှောင်ကိုပိတ်ဆို့ရန် လိုအပ်သည့်စွမ်းအားကို ဆွဲထုတ်ရန်အတွက် ဟောင်က သူ၏လက်ထဲရှိ အရိုးမှန်မှတဆင့် ကန့်သတ်ထားသည်။
ငွေရောင်ဓားမြှောင်သည် ရှေးဦးအရိုးများမှထုတ်ယူလိုက်ခြင်းခံရပြီး အဲဒီအရာ၏စွမ်းအားသည်အဖိုးတန်ပန်ကာနှင့်မယှဉ်နိုင်သော်လည်း ၎င်းသည်အထင်သေးလို့တော့ မရပါဘူး။
ဟူး ..
ကောင်လေး၏ဦးခေါင်းထိပ်တွင် ရုတ်တရက်မီးတောင်တစ်လုံးပေါ်ထွက်လာပြီး ကျောက်ရည်ပူ ပူဖောင်းများတွေ့ရသည်။ နဂါး၏အော်သံလှိုင်းများထွက်ပေါ်လာပြီးနောက် ကြောက်ရွံဖွယ်ကောင်းပြီးထူးဆန်းသောရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။
ကလစ်အသံနှင့်အတူ ထိုဓားမြှောင်ကိုပတ်၍ ရိုက်ချခဲ့သည်။ မြေကြီးပေါ်သို့ကျသွားပြီး အပိုင်းနှစ်ပိုင်းအဖြစ် ကျိုးသွားခဲ့သည်။
ဟောင်ရဲ့အဖိုးတန်လက်နက်ဟာ အတူတူချိတ်ဆက်နေသောရွှေရောင်အရိုးနှစ်ချောင်းဖြစ်သည်။ အလင်းရောင်ခြည်တန်းများသည် အလွန်အံ့အားသင့်စရာကောင်းပြီး နေကိုပင်အရိပ်လွှမ်းမိုးနေသည်။ နဂါး၏အော်သံလှိုင်းများနှင့် ရေကိုဆင့်ခေါ်နိုင်သော နဂါးက ရှူးခနဲအသံပြုကြသည်။
“ဘယ်လို ငရဲလဲဟ ..!”
ငွေရောင်သားရဲသည် အလွန်အံ့အားသင့်သွားသည်။ သူ့ရဲ့ ပြိုင်ဘက်လူသားဟာ အခြားအဖိုးတန်ပစ္စည်းများကိုထုတ်ယူခဲ့ပြီး ဤသည်က ရိုးရှင်းစွာအရမ်းအံ့သြစရာဖြစ်ခဲ့သည်။
ချွီ အသံဖြင့် ရွှေရောင်အလင်းသည် ပျံသန်းသွားပြီး ဦးချိုပါနဂါးနှစ်ကောင်ဆုံမိသည့်အလား တစ်ခုနှင့်တစ်ခုပျံဖြတ်သွားသည်။ သူတို့ဟာအဖိုးတန်တဲ့ညှပ်ပုံစံကို ဖွဲ့စည်းလိုက်သည်။
“မကောင်းတော့ဘူး!”
ငွေရောင်သားရဲကြီးဟာ လှည့်၍ပြေးသွားလေသည်။ သူဟာ ဟောင်နဲ့တန်းတူယှဉ်ပြိုင်ဖို့အတွက် သူ့ရဲ့မြင့်မားတဲ့ကျင့်ကြံမှုအဆင့်ကို အားကိုးခဲ့သည်။ အခု သူသည် အဖိုးတန်ပစ္စည်းများ၏ ကန့်သတ်မှုများမှာ ရှုံးနိမ့်သွားသောအခါ ထွက်သာ ပြေးနိုင်ခဲ့သည်။
ထို့နောက် ရွှေရောင်အရိုးညှပ်သည် တဟုန်ထိုးပြေးသွားပြီးနောက် အနည်းငယ်နှေးကွေးသွားသည်။ သူ၏ဘယ်ဘက်လက်သည်ကျိုးပဲ့နေပြီး ဖောင်း ဟူသောအသံနှင့် ပြုတ်ကျသွားသည်။ ၎င်းသည် ပြတ်တောက်သွားပြီး နေရာတိုင်းတွင်သွေးများယိုစိမ့်သွားသည်။
“ သောက်လခွမ်း ..!”
သူ၏ပါးစပ်က မကျေနပ်သောအသံကို ပြုလုပ်နေသည်။ သူ၏လက်ထဲရှိအဖိုးတန်ပန်ကာသည်လှည့်နေသည်။ ၎င်းသည် သူကိုယ်တိုင်ကျားကန်ထားပြီး အနှိုင်းမဲ့အလင်းကိုထုတ်လွှတ်သည်။ ထို့နောက်သူသည်မြေပြင်သို့ကပ်၍ အမြန်ဆုံးအဝေးသို့ပြေးသွားသည်။
“မင်း ဘယ်သွားမလို့လဲ?!”
ဟောင်ကပေါ့ပေါ့ပါးပါးပဲ လှမ်းအော်လိုက်သည်။ အရိုးမှန်ကအလင်းကိုထုတ်လွှတ်ပြီး သူ့ခြေထောက်နှစ်ချောင်းကိုထောက်ပံ့ပေးနေသည်။ သူသည် လျှပ်စီးလက်ခြင်းကဲ့သို့မြန်ဆန်စွာ မြေပေါ်သို့ကပ်ပြီး ငွေရောင်သားရဲကို လိုက်ဖမ်းခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဝိညာဉ်စွမ်းအားများစွာကုန်ဆုံးသွားသော်လည်း သူတို့နှစ်ဦးသည် ထိုအရာများနှင့်ပတ်သက်၍ စိုးရိမ်စရာအချိန်မရှိခဲ့ပါ။ တစ်ယောက်က သူ့ဘဝအတွက်ထွက်ပြေးတိမ်းရှောင်နေပြီး နောက်တစ်ယောက်ကတော့လျှပ်စီးကဲ့သို့မြန်သည်။ သူတို့နှစ်ဦးစလုံးဟာ အခြားသူများထက်ကျော်လွန်ကြသည်။
“ ဒီဂျူနီယာညီငယ်လေး ဘယ်ကနေလာတာလဲ။ သူ့မှာ ဘာကြောင့်သည်လိုအစွမ်းထက်သည့်အဖိုးတန်အပစ္စည်းများကိုရှိနေရတာလဲ။ သာမန်လူတစ်ယောက်ကဘယ်လိုပစ္စည်းမျိုးရနိုင်ပါ့မလဲ။ သူတို့ထဲက တစ်ခုချင်းစီကတင် ကလန်ရဲ့အထွဋ်အမြတ်ရတနာလို့ဆုံးဖြတ်နိုင်သည်။ ”
နတ်နန်းကျောင်းတော်ရဲ့တပည့်တွေဟာ နောင်တရပြီး သက်ပြင်းချလိုက်သည်။ ကောင်လေးရဲ့ ဝှက်ဖဲများကြောင့် အလွန်အံ့သြခဲ့ကြသည်။ အလွန်အရေးကြီးသည့်အချက်များအရ သူသည် ဤအစွမ်းထက်သည့်အဖိုးတန်ပစ္စည်းနှစ်ခုကို အမှန်တကယ်ထုတ်ယူနိုင်ခဲ့သည်။
ဟောင်က သူ့အသက်နှင့်စွန့်စားပြီးမှ ဒီအဖိုးတန်ပစ္စည်းတွေကိုရခဲ့တယ်ဆိုတာကို သူတို့မသိခဲ့ကြပဲ ကလန်အကြီးအကဲများက သူ့ကိုပေးအပ်ထားသည်လို့ ထင်ကြသည်။
လူအတော်များများသည် သူတို့နောက်သို့လိုက်ကြပြီးကျိုးပဲ့နေသောလက်မောင်းနှင့် စိတ်ဝိညာဉ် ဆေးပင်ရိုးလေးခုကိုကောက်ယူကြသည်။ ဟောင်ကို ဆုံးရှုံးမှုများခံစားရပြီး မမျှော်လင့်သောအရာတစ်ခုခုဖြစ်လာမည်ကိုသူတို့ စိုးရိမ်ခဲ့ကြသည်။
အချိန်ကြာမြင့်စွာ ကြာပြီးနောက် သူတို့သည်နောက်ဆုံး၌ သူတို့၏တိုက်ပွဲမှာ ကျန်ရှိနေသေးသော အမှတ်အသားများကိုခြေရာခံတွေ့ရှိခဲ့သည်။ ၎င်းသည် ပြီးဆုံးသွားခဲ့ပြီး သွေးများသည် မြေကြီးကိုစွန်းထင်းစေသည်။
ဟောင်က နက်နက်ရှိုင်းရှိုင်းသက်ပြင်းချပြီး သူ့မျက်နှာတွင်အပြုံးမရှိတော့ပါဘူး။ အဲဒီအစား သူဟာမဖော်ပြနိုင်လောက်တဲ့ဝမ်းနည်းပူဆွေးမှုကိုခံစားခဲ့ရပြီး သူတို့ထဲက အတော်များများကို ခဏလောက်ကြောက်ရွံ့နေခဲ့တယ်။ ဒီဂျူနီယာတပည့်က အချို့သောဘေးဥပဒ်နှင့်ကြုံတွေ့ခဲ့ရသလို ခံစားခဲ့ရသည်။
“ဂျူနီယာညီငယ်လေး ဘာဖြစ်တာလဲ ..?”
“ငါ့အဖိုးတန်ရှေးဟောင်းပစ္စည်း … ဝိုးဝိုး .. သွားပြီ .. ဖျက်ဆီးခံလိုက်ရတယ်။ ”
ထိုဟာက သူ့နှလုံးသားတစ်ခုလုံး ကျိုးပဲ့သွားသလိုဖြစ်ခဲ့သည်။
အာ …
လူအများသည် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က သူအားစိတ်မကောင်းဖြစ်မိသည်၊ အကြောင်းမှာ အရိုးမှန် သို့မဟုတ် ရွှေရောင်အရိုးညှပ်နှစ်မျိုးလုံးဟာ တန်ဖိုးမဖြတ်နိုင်သောရတနာများဖြစ်သည်။ ၎င်းတို့သည်မျိုးနွယ်စုများကိုစောင့်ရှောက်ရန်အသုံးပြုနိုင်ပြီး ၎င်းတို့ထဲမှတစ်ခုခုကိုဆုံးရှုံးခြင်းသည် အဖိုးမဖြတ်နိုင်သောဆုံးရှုံးမှုဖြစ်သည်။
“အဖိုးတန်တဲ့ အရိုးညှပ် ဒါမှမဟုတ် ကြေးမှုံလား။ ”
လှပတဲ့ စီနီယာအစ်မတစ်ယောက်က ညင်သာစွာမေးပြီး သူ့ကိုနှစ်သိမ့်ချင်ခဲ့တယ်။
“ မဟုတ်ဘူး”
ဟောင်က ခေါင်းကိုခါလိုက်ပြီး ကျိုးပဲ့နေသော ပန်ကာကိုထုတ်လိုက်တယ်။ ငွေရောင်အရိုးသည် ညိုမှိုင်းနေပြီး အများစုမှာကွဲကြေသွားပြီဖြစ်သည်။
အာ့ .. ဖူး..!
ထိုလူများစွာသည် သွေးအန်သွားကြသည်။ ထို ဂျူနီယာကပ်စေးနှဲလေးဟာ တိုက်ပွဲကြောင့်ပျက်စီးမှုကို စိတ်မချမ်းသာစွာခံစားခဲ့ရသည်။ သူတို့သည် သူ၏ကိုယ်ပိုင်ရတနာများကို ဖျက်ဆီးပစ်လိုက်ပြီဟု သူတို့အမှန်တကယ်ထင်မြင်ခဲ့ကြပေမယ့် သူတို့အကုန်လုံး ဆွံအကုန်သည်။
ငွေရောင်သားရဲသည် သတ်ဖြတ်ခံခဲ့ရပြီး ရွှေအရိုးညှပ်တစ်စုံဖြင့် ခေါင်းဖြတ်သတ်ခဲ့သည်။ သားရဲ၏ ခေါင်းအောက်သို့ပြိုလဲကျနီးဖြစ်သောအခါ ရှန်းနီ၏အရိုးမှန်က ထပ်မံလွင့်စင်သွားပြီး လျှပ်စီးကြောင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။
“ နောက်ဆုံးမှာတော့ ငါ့ရဲ့ကျင့်ကြံမှုဟာ မလုံလောက်သေးဘူး။ ငါတတ်နိုင်သမျှမြန်မြန်ကျော်ဖြတ်ဖို့ လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် ငါရှေးဦးမျိုးဆက်တွေကို ပိုဂရုစိုက်ရလိမ့်မယ် . ဒီအဖိုးတန်ပစ္စည်းလည်း ဖျက်ဆီးခံရမှာ မဟုတ်ဘူး.. ”
ဟောင်က အရမ်းစိတ်ဆိုးနေခဲ့တယ်။
သူ့ပတ်၀န်းကျင်က လူတွေဟာ စကားမပြောနိုင်ကြတော့ပါဘူး။ ဒီတပည့်ငယ်လေးက အသက်ဘယ်လောက်ရှိပြီလဲ။ သူ့ရဲ့ကျင့်ကြံမှုက အလွန်ထိတ်လန့်စရာကောင်းပြီး အခြားမည်သည့်နေရာကိုမဆို ဝင်ရောက်နိုင်လိမ့်မည်။ သူဟာဆယ်နှစ်ပဲမဟုတ်လား, သူဟာ အသက်ကြီးသူများနှင့် အတွေ့အကြုံရှိသူတို့ကိုပါ တိုက်ခိုက်ရန်ကြိုးစားနေရသနည်း။
“ဒီ ရှေးဦးမျိုးဆက်ရဲ့အသားက ကျိန်းသေအဖိုးတန်ဆေးဝါးဖြစ်တယ် ..။ ငါသာ သူ့ရဲ့ သွေးအဆီအနှစ်ကို ကိုယ်ကိုတိုင်အတွက်သန့်စင်မယ်ဆိုရင် ငါက အဆင့်သစ်ကို ကူးပြောင်းနိုင်လိမ့်မယ် .. ဒါပေမဲ့ ငါ လူသားနဲ့တူတဲ့ သားရဲကို မစားချင်ဘူး .. ”
ဟောင်က မျက်မှောင်ကျုံနေသည်။ သူ၏မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေပုံပေါ်ကာ တွန့်ဆုတ်နေခဲ့သည်။
“မင်း အဲဒီအရာကို အခြားအရာတစ်ခုခုနဲ့တော့ လဲလှယ်နိုင်သေးတယ်။ ”
နတ်နန်းကျောင်းတော်မှ စီနီယာတပည့်တစ်ဦးက သူ့ကိုသတိပေးလိုက်သည်။
“ ဟူး .. ဒါက တစ်ခုတည်းသောနည်းလမ်းပဲလေ .. ငါသူ့ကိုစားရင် သူ့အရိပ်က ငါ့နှလုံးသားကို လွှမ်းမိုးနေလိမ့်မယ်.. ”
ဟောင်က စိတ်ဓာတ်ကျနေပြီးတော့ ရုတ်တရက် သူ့ခေါင်းကိုမြှောက်လိုက်သည်။
သူက ဝေးလံသောတောင်များဆီသို့ ကျယ်လောင်စွာ အော်လိုက်သည်။
“ရှေးဦး မျိုးဆက်ကို လဲလှယ်ချင်သူရှိလား .. ”
ထို ကျယ်လောင်သော အသံထွက်လာတဲ့အခါ တောင်အားလုံးဟာ လှုပ်ရမ်းသွားကြတယ်။ များစွာသောသားရဲများသည်လည်း တုန်လှုပ်ချောက်ချားခဲ့ကြသည်။
” မင်းလက်ထဲက ရှေးဦးမျိုးဆက်ဟာ လုံလောက်တဲ့ စွမ်းရည်ရှိမရှိဆိုတဲ့ ပေါ်မူတည်တယ် ..”
လူများကို အလွန်အံ့အားသင့်စေသည့်အရာကတော့ အဝေးမှအသံတစ်ခုသည် လျင်မြန်စွာပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ဟောင်က ချက်ချင်းပဲ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပြီး ခုန်လိုက်တယ်။ သူသည်ငွေရောင်သားရဲကိုမြှောက်ပြီး ရှေ့သို့ခြေလှမ်းကျယ်ကျယ်လှမ်းလိုက်သည်။ သူ၏ခေါင်းပေါ်တွင်မီးတောင်ပေါ်ပေါက်လာပြီး ရွှေရောင်အရိုးညှပ်ကိုမြင်လိုက်ရသည်။ သူဟာ ပေါ့ပေါ့ဆဆမနေပဲ သူ့ကိုယ်သူပြင်ဆင်ထားခဲ့သည်။
တောင်တန်းကိုလှမ်းကြည့်လိုက်တဲ့အခါမှာ သူတို့ဟာကြီးမားတဲ့ပါရမီရှင်အုပ်စုတစ်စုကို သတိပြုမိသွားသည်။ သူ့တို့ဟာ စုစုပေါင်းလူလေးဆယ်ကျော်ရှိသော အုပ်စုတစ်ခုပဲ။ သူတို့က အင်ပါယာရထားလုံးကိုစောင့်ကြပ်နေပြီး ၎င်းသည်အလင်းနှင့်တောက်ပနေကာ ဖျက်ခနဲကြည့်ရုံဖြင့် ရတနာတစ်ပါးဟု သိသာထင်ရှားစေသည်။
” ဒီလူတွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ..”
ဟောင်ရဲ့ မျက်လုံးများအကြား နတ်ဘုရားအလင်းတန်းတွေဟာ မှိတ်တုပ်မှိတ်တုပ်လင်းနေပြီး သူ့ခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။
“ယီ, အင်ပါယာရဲ့သမီးတော်ဖြစ်ပြီးတော့ ငါတို့ရဲ့ဂျူနီယာညီမလေးပဲ။”
အင်ပါယာရထားလုံးကို မှတ်မိသွားကာ နတ်နန်းကျောင်းတော်ကြီးရဲ့ တပည့်တွေဟာ အလွန်ပျော်ရွှင်အံ့ဩသွားစေသည်။
ဟောင်ဟာ ရုတ်တရတ်နားလည်လိုက်တယ်။ အင်ပါယာရထားလုံးက ပထမဆုံးအကြိမ် နတ်နန်းကျောင်းတော်သို့ ဝင်ရောက်လာချိန်နှင့် တူညီနေလေသည်။
နီရဲနေပြီး ကာလာစုံအလင်းတန်းများတောက်ပနေသော အင်ပါယာရထားလုံးသည် လူငယ်ပါရမီရှင်များနှင့်အတူ အနီးပတ်ဝန်းကျင်မှာဝန်းရံထားသည်။ သူတို့ဟာ ရထားလုံးပတ်ဝန်းကျင်ကိုကာကွယ်ထားပြီး အင်ပါယာရဲ့ချစ်လှစွာသောသမီးတော်သာ ဒီလိုဂရုစိုက်ချစ်ခင်မှုကိုရတယ်ဆိုတာ သိသာသည်။
” အရမ်းအံ့ဩဖို့ကောင်းတဲ့ ရှေးဦးသွေးမျိုးဆက်ပဲ .. ငါတို့လဲလှယ်ဖို့အတွက် ဆန္ဒရှိတယ် ..
ဆန့်ကျင်ဖက်အဖွဲ့မှ လူတစ်ယောက်က နှစ်လိုဖွယ်ရှိတဲ့ အံ့ဩစရာကောင်းတဲ့ အရာကိုမြင်လိုက်ရသလို ထုတ်ဖော်ပြောလာခဲ့သည်။
***
အတွဲ – ၁၁ ပြီး၏။