သုခကမ္ဘာက ရှီဟောင် - Chapter - 226 နတ်ဘုရား လိုဏ်ဂူ
Chapter – 226 နတ်ဘုရား လိုဏ်ဂူ
ခေါင်းကိုးလုံးခြင်္သေ့သည် အလွန်ဒေါသထွက်လာခဲ့ပါတယ်။ သူဟာ အရမ်းကို အစွမ်းထက်တဲ့မျိုးနွယ်ကနေ ဆင်းသက်လာသောကြောင့် သူ့ရဲ့ မျိုးဆက်သွေးဟာ ကြီးကျယ်မြင့်မြတ်တယ်လို့ ပြောလို့ရပါတယ်။ ရှေးခေတ်ဦးနတ်ဘုရားတစ်ပါး ပြန်လည်ဝင်စားခြင်းမှလွဲ၍ ဘယ်လိုသူက သူ့ရဲ့လမ်းကြောင်းမှာ ရဲရင့်စွာရပ်နေရဲမှာတဲ့လဲ။
ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာခဲ့ချိန်မှာတော့ မြက်ပင်များဟာ ချက်ချင်းပဲ သေဆုံးသွားကြပါတယ်။ စွမ်းအားသင်္ကေတတွေက ရွှေခြင်္သေ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထူထပ်စွာ ချုပ်နှောင်ထားသောကြောင့် သူဟာ ခေါင်းယမ်းပြီး အမြီးကို ခါလိုက်သည်။ သူ့အနေနဲ့ ထိုလူငယ်လေးကို သေချာပေါက်သတ်ချင်နေပါပြီ။
သို့သော် ဟောင်ဟာ မလှုပ်မယှက်ပဲ ကျောက်တုံးကြီးကဲ့သို့ သူ့ရဲ့ လည်ဆံမွှေးကို ဆွဲထားပြီး ဖြောင့်မတ်စွာ ရပ်နေခဲ့တယ်။ သူဟာ ရွှေခြင်္သေ့နှင့် တသားတည်းပေါင်းစည်းသွားခဲ့သလို ထိပ်ဆုံးထိတိုင် ကြီးထွားလာခဲ့သည်။
” မင်း ပိုပြီးရုန်းကန်ရင် .. ငါတကယ်စားရလိမ့်မယ်..!”
ဟောင်က ခပ်ကြမ်းကြမ်းလေး သတိပေးလိုက်တယ်။
” သတ် …”
ခေါင်းကိုးလုံးခြင်္သေ့သည် ၄၏ဘဝတစ်ခုလုံးတိုက်ပွဲဝင်ခဲ့သည့်အတွက် သဘာဝကျစွာပဲ အရှုံးမပေးချင်ခဲ့ပါဘူး။ သူဟာ အတိုင်းအဆမဲ့တဲ့ သတ်ဖြတ်လိုစိတ်တွေနဲ့အတူ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားသင်္ကေတများကို အပြင်သို့ ထွက်သွားစေခြင်းဖြင့် ဟောင်၏ နောက်ကျောကို ဖိအားပေးချင်ခဲ့သည်။
အသံတစ်ချက်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိဘဲ ဆုတောင်းပုတီးက ပြန်ပေါ်လာပါသည်။ ဟောင်ကို နှိပ့်ကွပ်ဖို့အတွက် ပုတီးတစ်ခုလုံးသည် မြူဆိုင်းနေသော အခိုးအငွေ့များနှင့်ပြည့်နေသောကမ္ဘာသေးသေးလေးတစ်ခုကဲ့သို့တောက်ပနေသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်အစွယ်ကိုးချောင်းသည် ပျံသန်းနေသောဓားများအဖြစ်အသွင်ပြောင်းပြီး ဟောင်၏ခေါင်းကို တည့်တည့်မတ်မတ် ထိုးစိုက်လာခဲ့သည်။
” ချွမ် … ”
ရွှေရောင်အရိုးညှပ်သည် အသံတိမ်တိမ်လေး ထွက်ပေါ်လာခဲ့ပြီး ရှန်းနီ၏ အဖိုးတန်မှန်ကိုလည်း တောက်ပလာစေခဲ့သည်။ သူတို့သည် ပြင်းထန်သောတိုက်ပွဲဖြစ်ပွားချိန်တွင် အဖိုးတန်ပစ္စည်းနှစ်ခုကို ပိတ်ဆို့ခဲ့သည်။
ဟောင်က စိတ်ဆိုးလာခဲ့ပြီး သူသည်ကြာရှည်စွာအလျော့မပေးနိုင်တော့ပါဘူး။ သူ ခေါင်းကိုးလုံး ခြင်္သေ့ရဲ့ ရွှေလည်ဆံမွှေးကိုလက်တစ်ဖက်နဲ့ကိုင်ပြီး နောက်တစ်ဖက်ကတော့ ခေါင်းကိုလက်သီးနဲ့ ထိုးလိုက်သည်။ ရွှေရောင်အလင်းသည် အပြင်ဘက်တွင်ပေါက်ကွဲလွယ်သည့်မီးတောင်တစ်လုံးကဲ့သို့ ပြန့်နှံ့သွားသဖြင့် ဧရိယာအတွင်းရှိ လေထုတစ်ခုလုံး တဟုန်ထိုး
မြင့်တက်သွားသည်။
အာဝူး…
ရွှေရောင်ခြင်္သေ့သည် တ ရှူး ရှူး မြည်သံနှင့်အတူ နာကျင်စွာအော်ဟစ်လိုက်သည်။ သူ၏ ခေါင်းတစ်လုံးသည် အရိုက်ခံရပြီးနောက် သွေးစသွေးနများနှင့် အစိတ်စိတ်အမြွှာမြွှာကွဲသွားခဲ့သည်။
” လူသားငယ်လေး မင်းက ငါ့ကိုဒေါသထွက်စေတာပဲ .. ”
ခေါင်းကိုးလုံးခြင်္သေ့သည် ဟုန်းဟုန်းထအောင် ဟိန်းလိုက်လေသည်။ သူသည် တော်သင့်စွာ ခြိမ်းခြောက်ပြီးနောက် ၄၏ခန္ဓာကိုယ်အပေါ်ရွှေရောင်အမွေးတစ်ပင်စီတိုင်းသည် ထောင်နေလေသည်။
သူ၏ခေါင်းတစ်လုံးသည် လျင်မြန်စွာကြီးထွားလာသည်နှင့်တပြိုင်နက် ၄သည်ယခင်ကထက်အဆပေါင်းများစွာပိုကြီးလာခဲ့သည်။ ထိုအရာသည် တောက်ပနေသောရွှေရောင်အလင်းရောင်များဖြင့် ကြိတ်ဆုံကျောက်တစ်လုံးနှင့်ဆင်တူနေသည်။
“ဂျူနီယာလေး .. သတိထား!”
ရှီဟောင်ရဲ့ နောက်တွင် သူ၏နတ်နန်းကျောင်းတော်မှ စီနီယာအစ်ကိုများထဲမှတစ်ဦးကခေါင်းကိုးလုံးခြင်္သေ့သည် သူ့ကို ဖျက်ဆီးပစ်လိမ့်မည်ဟု သတိပေးလိုက်သည်။
ရှီဟောင်ဟာ ပေါ့ပေါ့ပါးပါးပဲ ပင့်သက်ရှိုက်ပြီးနောက် ရွှေခြင်္သေ့ရဲ့နောက်ကျောကို လေထဲမှ ပစ်ကန်လိုက်သည်။ သူဟာသူ့ပြိုင်ဘက်နှင့်အတူ အပြန်အလှန်သေဆုံးမှုကို တကယ်မကြုံတွေ့ခဲ့ပါဘူး။
သို့ရာတွင် လူတို့အားထိတ်လန့်တုန်လှုပ်စေတာက ခြင်္သေ့ခေါင်းသည် မူလအခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထို့အပြင် ခေါင်းကိုးလုံးခြင်္သေ့သည် လေထုထဲတွင်ရှိနေသော ရှီဟောင်အားသတ်ရန်အတွက် ၄၏အဖိုးတန်နည်းစနစ်ကိုစတင်အသက်သွင်းလိုက်သည်။
” ဒီမနာလိုစိတ်များတဲ့ ခြင်္သေ့ကတော့ ..!”
ဟောင်က သူ့ပါးစပ်ကနေ အေးအေးလူလူပဲ ခပ်အုပ်အုပ်ပြောလိုက်သည်။ လေထဲ၌ ရွှေရောင်လျှပ်စီးများ ကနေသကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးပစ်ခွင်းနေသလို လျှပ်စီးပင်လယ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ဆံပင်များဟာ ရွှေရောင်ပြောင်းသွားပြီး နိုဗာကြယ်ကဲ့သို့ပြောင်းလဲသွားသည်။
“ထွက်သွားစမ်း ..!”
ခေါင်းကိုးလုံးခြင်္သေ့သည် ရှီဟောင်ကို တိုက်ခိုက်ဖို့ အသုံးပြုတဲ့ ဆုတောင်းပုတီးစေ့များကို တုပခဲ့ပြီး သူဟာ အရိုးညှပ်ကိုထုတ်ယူခဲ့သည်။
တစ်ချိန်တည်းတွင် သူသည်ဆုတောင်းပုတီးကြိုးကို ခုခံတွန်းလှန်ဖို့ လျှပ်စီးကို ထိန်းချုပ်ခဲ့ပြီး သူ၏ အမြင့်မြတ်ဆုံးအဖိုးတန်နည်းစနစ်ကို အသုံးပြုခဲ့လိုက်သည်။
” ဟူးလား …”
ရှီဟောင်က သူ့ကိုယ်သူခုခံကာကွယ်ရန် သူ၏အဖိုးတန်နည်းစနစ်ကို အသုံးပြုလိုက်ချိန်မှာ တောက်ပပြီးကြည်လင်နေသည်။ မယုံနိုင်စရာအံ့သြဖွယ်ကောင်းတဲ့ ထိုပုတီးစေ့ကိုးခုကိုခုခံတွန်းလှန်ရတာဟာ ကမ္ဘာတစ်ခုလုံးကို ခုခံကာကွယ်ဖို့ကြိုးစားတာနဲ့ ဆင်တူနေသည်။ သူဟာ အလွန်တုန်လှုပ်သွားပြီးနောက် သူ၏ ပါးစပ်ထောင့်တွင် သွေးများ အန်ကျလာသည်။
လူတိုင်းဟာ မယုံနိုင်လောက်အောင် ထိတ်လန့်အံ့သြသွားခဲ့ပါတယ်။ ထိုလူသားငယ်၏ ခန္ဓာကိုယ်သည် မည်မျှအစွမ်းထက်နေသနည်း။ သူသည်မမျှော်လင့်ဘဲ ရှေးဦးမျိုးဆက်တွေနဲ့ တန်းတူညီမျြှဖစ်ခဲ့ပြီး သူ၏အဖိုးတန်နည်းစနစ်ကိုသုံးသောအခါ ထိုဆုတောင်းပုတီးများနှင့် ရင်ဆိုင်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အရိုးညှပ်များဟာ အလွန်ထိရောက်ခဲ့သည်။ သူတို့ဟာ ရေလွှမ်းမိုးသောနဂါးကြီးနှစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားပြီး အောက်သို့လျင်မြန်စွာ ထိုးဆင်းသွားပါသည်။
သူတို့သည် တ ရှူး ရှူး အသံများကိုထုတ်လွှတ်လိုက်တဲ့အချိန်မှာ သူတို့၏အမြီးနှစ်ခုက စုစည်းသွားခဲ့တယ်။ ပြီးတော့ အမြီးနှစ်ချောင်းဟာ လေကိုဖြတ်၍ လျင်မြန်စွာ ခုတ်ပိုင်းချလာသည်။
ရွှေခြင်္သေ့သည်တုန်လှုပ်ချောက်ချားစွာ အလျင်အမြန်ရှောင်လိုက်သော်လည်း အလွန်နောက်ကျသွားလေသည်။ လက်ဝဲဘက်ရှိ သူ၏ခေါင်းနှစ်လုံးကိုဖြတ်လိုက်သောအခါ ဖူး ဖူး အသံနှစ်ခုသည် လေထဲမှာ ပဲ့တင်ရိုက်နေသည်။ သူတို့ဟာ မြေပြင်ပေါ်သို့ကျဆင်းသွားသည်နှင့်အမျှ သွေးအသစ်များဟာ ပြင်းထန်စွာပန်းထွက်သွားသည်။
“ အား…”
ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားသည်။ ပြီးတော့ လူအုပ်ကြီးဟာ ပြောမပြတတ်အောင်လည်း ကြောက်ရွံ့မှုတို့နဲ့ ပြည့်နှက်နေခဲ့သည်။ ရှီဟောင်က သူ၏အဖိုးတန်ပစ္စည်းများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး လျှင်မြန်စွာပြန်လည်ဆုတ်ခွာခဲ့သည်။
” ဖူး .. ဖူး .. ”
ညင်သာသောအသံတစ်ခုက သွေးတွေကိုလေထဲသို့ ၁၀ ပေအထိ ဖြာထွက်သွားစေလိုက်သောကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
နောက်ထပ်ရွှေခြင်္သေ့ခေါင်းနှစ်လုံးဟာ မြေပြင်သို့ ကျသွားပြီး ရွှေခြင်္သေ့ဟာ ၀မ်းနည်းစွာငိုကြွေးမြည်တမ်းလိုက်သည်။ သူ့ရဲ့ လက်ယာဘက် အစွန်အဖျားဆုံးရှိ ခေါင်းနှစ်လုံးသည် အရိုးညှပ်ကြောင့် ပြတ်တောက်သွားခဲ့သည်။
ထိုဟာက ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်သော ကောင်လေး မဟုတ်ပေဘူးလား။
သူသည် ကိုယ်ပိုင်အဖိုးတန်နည်းစနစ်ဖြင့် ရေလွှမ်းမိုးသောနဂါး၏ အရိုးညှပ်ဒဏ်ကို ဆန့်ကျင်ဖို့ မတတ်နိုင်ခဲ့ပါ။
အကြောင်းအရင်းကတော့ ရွှေညှပ်များ သို့မဟုတ် ရွှေပုတီးစေ့များဟာ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် ရှီဟောင်ရဲ့ အဆင့်ထက်သာလွန်နေသောကြောင့်ဖြစ်သည်။ သာမန်လူတစ်ဦးက သူတို့ကို မည်သို့ခုခံကာကွယ်နိုင်မည်နည်း။
ဤအချိန်တွင် ပျံသန်းနေသောအစွယ်ကိုးချောင်းသည်ရွှေခြင်္သေ့၏ ကိုယ်အတွင်းသို့ ပြန်လည်၍ ပျံသန်းလာခဲ့သည်။ ဆုတောင်းပုတီးကိုးခုသည် ၄၏ခြေရင်းအောက်တွင် ထွန်းလင်းတောက်ပနေခဲ့သည်။ ထို့နောက် သူတို့ဟာ လောင်ကျွမ်းသွားခဲ့ပြီးလျှင် ရွှေခြင်္သေ့ကို သူတို့သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲစေပြီး မြေပြင်နှင့်နီးကပ်စွာ ကပ်နေစဉ်အတွင်း လျင်မြန်စွာပြန်လည်ဆုတ်ခွာနိုင်ရန် ကူညီခဲ့သည်။
“အဲ့ဒါက ဘယ်ကိုသွားနေတာလဲ။ ငါ့အဖိုးတန်ရှေးဟောင်းပစ္စည်းကို ချန်ထားခဲ့လိုက်စမ်း .. ။ ငါ့ခြင်္သေ့နှလုံးသွေးစက်ဆေးကို ပြန်ပေး.. ။”
ရှီဟောင်က ကျယ်လောင်စွာအော်လိုက်တယ်။ သူဟာ ရိပ်ခနဲ လှုပ်ရှားနေသည့် ရောင်စုံအလင်းများနှင့် စင်ကြယ်စွာဖြူ စင်တောက်ပနေသာ အရိုးမှန်အပေါ်တွင် ရပ်နေခဲ့ပြီး မြေပြင်မှ လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။ သူဟာ ရွှေရောင်ညှပ်တစ်ခုကို လက်တွင်ကိုင်ထားပြီးမဆုတ်မနစ်သော ဇွဲနပဲဖြင့် ရွှေခြင်္သေ့ကို လိုက်ဖမ်းနေလိုက်သည်။
လူအများစုက အံသြသွားခဲ့ကြသည်။ နတ်နန်းကျောင်းတော်မှ တပည့်အနည်းငယ်သာ ရှီဟောင်က အဖိုးတန်ရှေးဦးပစ္စည်းဟုခေါ်သောအရာသည် ရွှေခြင်္သေ့အား ဆိုလိုမှန်းကို သိကြသည်။ ရှီဟောင်ရဲ့ စိတ်တွင် သူ့နှင့် တိုက်ခိုက်သမျှ အရာတိုင်းကို သူ၏ ပိုင်ဆိုင်မှုများဖြစ် သတ်မှတ်ထားသည်။
တိုက်ပွဲသည် ထိုကဲ့သို့သော နိဂုံးချုပ်မျိုး ဖြစ်၍ လူတိုင်းအံ့အားသင့်ခဲ့ကြသည်။ ခေါင်းကိုးလုံးခြင်္သေ့က ပိုးစိုးပက်စက်ရှုံးနိမ့်သွားပြီးတော့ ကောင်လေးကအရမ်းအင်အားကြီးနေတယ်။
ဟော့လင်းအာ အပြင် အခြားပါရမီရှင်ဆယ်ဦးသည်လည်း မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ငွေရောင်သွေးဘီလူး၊ ငှက်မွှေးဘုရင်နှင့် အခြားသတ္တဝါများသည်လည်း ကြောက်ရွံ့နေခဲ့ကြသည်။
ဒီလူငယ်ဟာ အရမ်းရက်စက်တာပဲ။ သူဟာ ခါင်းကိုးလုံးခြင်္သေ့ကိုပင်အနိုင်ယူခဲ့ပြီး သူ့ကိုစားတော့မှာလေ ..။ ထိုဟာက သူတို့ကို အလွန်ထိတ်လန့်တုန်လှုပ်စေသည်။
သူတို့က ထိုလူသားငယ်လေးကို စစ်မြေပြင်ကျွန်အဖြစ်ယူဖို့ဆန္ဒရှိပုံကို ပြန်တွေးမိလိုက်တဲ့အခါ ဒီသတ္တဝါတွေကမတုန်လှုပ်ပဲ မနေနိုင်ကြတော့ပါဘူး။ ထိုသို့သော နတ်ဆိုးဘုရင်ငယ်လေးကိုနှိုးဆွရန် အစပြုလုပ်ဆောင်ခဲ့ခြင်းကြောင့် သူဟာ သေခြင်းတရားကိုအမှန်ပင် ဆွဲဆောင်နိုင်ခဲ့သည်။
နောက်ဆုံးရလဒ်ကို သိချင်လိုသောကြောင့် လူအားလုံးဟာ လိုက်လာခဲ့ကြလေသည်။
ရွှေခြင်္သေ့သည် ကောင်းကင်နှင့်မြေကြီးသို့မသွားနိုင်သည့်အထိ လိုက်လံဖမ်းဆီးခဲ့သည်။သူသည် ဒီရက်စက်လှတဲ့ လူငယ်လေးကို မလှန်နိုင်ပါဘူး။ သူ၏မျက်နှာလေးသည် နူးညံ့သိမ်မွေ့ပြီး ချောမောသည်ဟု ထင်ရသော်လည်း ရွှေခြင်္သေ့အပေါ်မှာတော့ ကောင်လေးသည် နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ် စားသောက်လိုစိတ် ရည်ရွယ်ချက်ဖြင့် ဆင်းသက်လာသည့် ရန်လိုသည့် ကောင်းကင်သားရဲ နှင့် တူနေသည်။
နောက်ဆုံးအနေဖြင့် ရွှေခြင်္သေ့ဟာ အခြားရွေးချယ်စရာလမ်းမရှိပဲ အတင်းအကျပ် ဖိအားပေးခံရသည်။ သူဟာ ခန့်ညားထည်ဝါပြီးမြင့်မြတ်သောတောင်ပေါ်သို့ထွက်ပြေးလွတ်မြောက်ခဲ့သည်။ မည်သည့်ရွေးချယ်မှုမှမရှိဘဲ ၄သည်တောင်ထိပ်တစ်လျှောက်ရှိ အနက်ရောင်ဥမင်ထဲသို့ ၀င်ရောက်သွားသည်။
“ခေါင်းကိုးလုံးခြင်္သေ့က နတ်ဘုရားဂူထဲကို ဝင်သွားပြီ ..။ ”
လူအုပ်ကြီးက အံ့အားသင့်စွာအော်ဟစ်လိုက်သည်။
“မကောင်းတော့ဘူး .. ၊ ငါတို့လည်း အထဲကိုမြန်မြန်သွားကြရမယ် .. ။ ဒီလိုမှမဟုတ်ရင် သူက နတ်ဘုရားတွေရဲ့အမွေအနှစ် အခွင့်အလမ်းတွေ ရရှိသွားနိုင်တယ် .. ဒါဆိုရင် နောင်တရဖို့ နောက်ကျလွန်းသွားလိမ့်မယ် .. ”
မီးလျှံတိုင်းပြည်ရဲ့ မင်းသမီးလေးက ကြွေးကြော်လိုက်သည်။
ငွေရောင်သွေးဘီလူး၊ ငှက်မွှေးဘုရင် နှင့်အခြားသတ္တဝါများသည်လည်း ချီတုံချတုံဖြစ်နေသည်။ သူတို့ဝင်သင့်လား မဝင်သင့်ဘူးလားဆိုတာ မသိတော့ပါဘူး။
“လူတိုင်းပဲ .. ငါတို့ အတူတူအလုပ်လုပ်ရအောင် ..” ဟု ဟော့လင်းအာက ပြောလိုက်သည်။ သူမရဲ့ တောက်ပနေပြီး ဖြူ ဖွေးနေတဲ့ မျက်နှာလေးဟာ စိတ်လှုပ်ရှားဖွယ် အရိပ်အခြေကို ကျော်လွှားသွားနိုင်သည့်အတွက် သူမ၏ မြေညိုရောင်မျက်ခုံးလေးကိုပင့်ထားလေသည်။ ဒီအရာဟာ နတ်ဘုရားရဲ့ ဂူသင်္ချိုင်းဆိုတာကို သူမ ကောင်းကောင်းကြီးကို သိလို့နေတယ်။
ရှီဟောင်သည် နတ်ဘုရားဂူရှေ့မှာ ရပ်လျက် အမှန်တကယ် အထဲကို မဝင်သွားခဲ့ပါဘူး။ ဂူ အတွင်းထဲမှာတော့ လုံးဝမှောင်မိုက်နေပြီး မယုံနိုင်လောက်အောင်နက်ရှိုင်းလွန်းနေသည်။ အဲ့ဒီမှာ ဝိညာဉ်တွေက ငိုနေသလိုမျိုး အပြင်ဘက်ကနေ ပဲ့တင်ထပ်နေတဲ့ လှိုင်းတံပိုးတွေလည်း ရှိနေခဲ့တယ်။
ထို့အပြင် ယခုအချိန်တွင် ကောင်းကင်၌ကြယ်များပြည့်နှက်နေပြီး လစန္ဒာသည် ကောင်းကင်၌ အမြင့်ဆုံးထိ ရောက်နေခဲ့သည်။ ဒီလိုညဉ့်အခါမှာတော့ ဒီနတ်ဘုရားဂူဟာ လူတွေကိုကြောက်ရွံ့စေတဲ့ နတ်ဆိုးဂူလိုမျိုးဖြစ်နေသည်။
” အကျင့်ပုတ်တဲ့ ကောင်လေး .. နင် .. ငါတို့နဲ့အတူ အထဲကိုလိုက်ခဲ့မလား ..”
ဟော့လင်းအာက သူ့ကို သူမ၏မျက်ဝန်းတစ်ဖက်ဖြင့် ဖျက်ခနဲကြည့်ပြီး မေးလိုက်သည်။
” ငါအထဲကိုဝင်သွားရင် ခေါင်းကိုးလုံးခြင်္သေ့ကို သတ်ဖြတ်နိုင်ပြီး ငါ့ရဲ့တောင်ဖြစ်လာစေလိမ့်မည် .. မင်းတို့သွားပြီး ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ ..”
ရှီဟောင်က ရိုးသားစွာပြောလိုက်သည်။
ဟော့လင်းအာဟာ ပြတ်ပြတ်သားသားပဲ ချေပပြောဆိုလာပါသည်။
” မဟုတ်ဘူး.. ။ ငါတို့အထဲကိုဝင်တဲ့အခါကျရင် နင်တိုက်ခိုက်လို့ မရဘူး .. ။ ငါတို့ရဲ့ စွမ်းအားတွေကိုပေါင်းပြီး အတူတကွလေ့လာရအောင် .. ။ အဲဒါက နတ်ဘုရားတွေအနားယူတဲ့နေရာလေ .. အဲ့ဒီမှာ ကျန်ရစ်ခဲ့တဲ့အဖိုးတန်ရတနာတွေလည်း အများကြီးကို ရှိနေလိမ့်မယ် .. ။ ”
***