သုခကမ္ဘာက ရှီဟောင် - Chapter - 231 နတ်ဘုရားငယ်လေး
Chapter – 231 နတ်ဘုရားငယ်လေး
မထင်မရှားဖြစ်တည်နေတဲ့ အလင်းတန်းတွေဟာ ရစ်ဝဲနေပါတယ်။ ထို အခိုးအငွေ့များကအုပ်ဆိုင်းပိတ်ဆို့နေပြီး အလွန့်အလွန်ထူးဆန်းနေသည်ဟုထင်ရတဲ့ သတ္တဝါငယ်လေးကို ဝန်းရံထားနေခဲ့တယ်။
လူအားလုံးက သဘာဝကျစွာပဲ အော်ဟစ်လိုက်ကြတယ်။
” ဒါဟာ ရှေးဦးနတ်ဘုရားမျိုးဆက်သွေးပဲ ..”
သူတို့တွေဟာ အပြေးအလွှားပဲ နတ်ဘုရားသားပေါက်လေးဆီကို ဦးတည်သွားလိုက်ကြပါတယ်။
” ရပ်လိုက် .. ”
ရှီဟောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ရာထောင်ချီတဲ့ ရွှေဝါရောင် လျှပ်စီးတန်းများကို ထုတ်လွှင့်လိုက်တယ်။ ထိုဟာက သူ့ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ထားပြီး လူအုပ်ကြီးရဲ့ ဝန်းရံထားမှုကို ချိုးဖျက်ဖို့ ရည်ရွယ်ချက်ဖြင့် သူက ရုတ်တရက် ထွက်ပြေးသွားခဲ့တယ်။
” အဲ့ဒီ နတ်ဘုရားငယ်ကို နောက်မှာ ထားခဲ့လိုက် ..”
ငွေရောင်သွေးဘီလူးက အော်ဟစ်လိုက်တယ်။ သူဟာ ထိုလူသားငယ်လေးကို လက်ရာည်တူ မတိုက်ခိုင်နိုင်ကြောင်း သိထားသော်လည်း ဟောင့်ကို ကြောက်နေဖို့ အခုအချိန်မှာ စိုးရိမ်နေဖို့ အချိန်မရှိတော့ပါဘူး။
*** လူအားလုံး အတူတူ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင်တောင် သူ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူးလို့ ငါ့ကိုမပြောနဲ့ … ***
သူဟာ ကြီးမားသောလက်ကြီးကို ဆန့်ထုတ်လိုက်ပြီး စွမ်းအားသင်္ကေတတွေကို တဖျပ်ဖျပ်လှုပ်ခါလာစေကာ ပတ်၀န်းကျင်တစ်ခုလုံးကို ခံ့ညားစွာ လင်းလက်တောက်ပလာစေတယ်။
သူက ထိုကောင်လေးကို အသားနှစ်အဖြစ်ပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ ချက်ချင်းပဲ ရိုက်ချလာခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ငှက်မွှေးဘုရင်ဟာ နောက်ကွယ်ကနေ မတိုက်ခိုက်ချင်ခဲ့ပါဘူး။ ဟောင်ရဲ့ လက်မောင်းနှစ်ဖက်ဆီကို ရှေ့တူရှု ဦးတည်ပြီး အပြင်ကို တွန်းထိုးတိုက်ခိုက်တယ်။ ထို့နောက်မှာ သူ့ရဲ့ ခြေကုန်လက်ပန်းကျနေပြီဖြစ်တဲ့ အတောင်ပံများက နတ်ဘုရားအလင်းတန်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။
“နတ်ဘုရားသွေးမျိုးဆက်သားရဲကို နောက်မှာထားခဲ့လိုက် .. ”
တခြားသူတွေအားလုံးကလည်း ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး အတူတကွ တိုက်ခိုက်ခဲ့ကြတယ်။ သူတို့တွေရဲ့ အမျိုးမျိုးသောတာအို အဖိုးတန်နည်းစနစ်များဟာ ပျံသန်းသွားပြီး လေထုထဲမှာ အလင်းတန်းမိုးတွေ အဖြစ်ကခုန်သွားစေတယ်။ ပြီးတော့ တောင်တန်းတွေကြားမှာ ရှိတဲ့ ဧရိယာကို ချက်ချင်းပဲ ပြိုင်ဖက်ကင်းလောက်အောင် တောက်ပလာစေခဲ့တယ်။
ယိ …”
“ဘာဖြစ် သွားတာလဲ ..”
တစ်ချိန်တည်းမှာပင် လူအားလုံးဟာ တစ်ခုခုမှားယွင်းနေသလို ခံစားခဲ့ရတယ်။ သူတို့ရဲ့ တာအို အဖိုးတန်နည်းစနစ်တွေက ထိရောက်မှု လျော့နည်းသွားပြီး အလင်းမိုးက စုပ်ယူသွားခဲ့တာကို မြင်လိုက်ကြရတယ်။ ထိုလျှပ်စီးတန်းများဟာ ချက်ချင်းပဲ ပျောက်ကွယ်သွားပြီး နို့ဗူးကောင်ရင်ခွင်ထဲကို အားလုံး၀င်ရောက်လာတယ်။ ထိုအရာအားလုံးကို သူဟာ သိပ်သည်းသောအလင်းခဲများအဖြစ် စုပ်ယူမျိုချလိုက်ပုံရတယ်။
” သူက ပြီးပြည်စုံတဲ့စွမ်းအားကို အသုံးပြုလိုက်တာပဲ .. အာ့ဒါက နတ်ဘုရားငယ်လေးပဲ။”
လူအားလုံးဟာ အံ့ဩတုန်လှုပ်သွားခဲ့ကြတယ်။ နတ်ဘုရားငယ်လေးဟာ မွေးကင်းစသာဖြစ်ပေမဲ့ အံအားသင့်ဖွယ်ကောင်းတဲ့ အလားအလာကို ပြသခဲ့တယ်။ သူသာ အရွယ်ရောက်ခဲ့ရင် ဘယ်လိုစွမ်းအားမျိုးရှိနိုင်မလဲ။
ရုတ်တရက်ဆိုသလိုပဲ ရှီဟောင်ဟာ ထွက်ပြေးတိမ်းရှောင်သွားပြီး သူ့လက်ထဲမှာအမွေးထူထူ တစ်ခု ရှိနေတာကိုခံစားခဲ့ရတယ်။ ရောင်စုံ အခိုးအငွေ့တွေ လျော့ပါးသွားပြီးနောက်မှာ တစ်မီတာရဲ့ သုံးပုံတစ်ပုံခန့်ရှည်သောသတ္တဝါတစ်ကောင်ဟာ သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကိုဖော်ထုတ်ကာ ရွှေရောင်ဥခွံအတွင်းမှ
တွန့်လိမ်ထွက်လာတယ်။
ထိုဟာက ညစ်ပတ်ရှုပ်ပွနေတဲ့ကောင်ငယ်လေးပါပဲ။ သူ့ရဲ့အမွှေးတွေဟာ နူးညံ့ကာ အလွန်ငယ်ရွယ်ပြီး နူးညံ့တဲ့ပုံပေါ်တယ်။ သူဟာ ကလေးလေးတစ်ယောက်လို အသားအရေတွေက ပျော့ပျောင်းပြီး နူးညံ့သိမ်မွေ့ပါတယ်။ သူ့ရဲ့ သေးငယ်သောနားရွက်တစ်စုံဟာ ထောင်မတ်နေပြီး နဖူးမှာတော့ ဦးချိုတွေ ထွက်လာမည့်အလား သေးငယ်တဲ့ အဖုနှစ်ခုရှိနေခဲ့တယ်။
သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးခိုးပြာရောင်သန်းနေကာ အမွေးထူပါတယ်။ ပြီးတော့ မျက်လုံးကြီးတွေက ကျယ်ပြန့်ပြီး ရိုးရှင်းမှု မရှိတဲ့ အနက်ရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေတယ်။ သူဟာ အပေါ်အောက်ကြည့်လိုက် ဘေးဘီ ဝဲယာကို ကြည့်လိုက်လုပ်နေတယ်။ သူက ရှီဟောင်ရဲ့ လက်မောင်းပေါ်မှာ တွန့်လိမ်နေကောက်ကွေးကော အနည်းငယ်လည်း ကြောက်လန့်နေပုံပေါ်ပါတယ်။
“ဒါဟာ တကယ်တော့ .. နောက်ဆုံးသောဝံပုလွေနတ်ဘုရားရဲ့သွေးမျိုးဆက်ပဲ .. !”
လူအုပ်ကြီးက ကြောက်လန့်တကြားအော်ဟစ်လိုက်ကြပြန်တယ်။
*** ထိုဟာက ဝံပုလွေငယ်လေးတစ်ကောင်ပဲမဟုတ်ဘူးလား။ တစ်ခုတည်းသောအကြောင်းပြချက်က သူတို့ဟာ မှော်ဆန်တာဖြစ်မယ်ထင်သော်လည်း မဟုတ်ခဲ့ပါဘူး ။ သူ့ရဲ့ အနားမှာ အတိတ်နမိတ်ကောင်းတဲ့ ရောင်စုံအော်ရာတွေ မထွက်ပေါ်လာခဲ့ပဲ သူ့ခန္ဓာကိုယ်အနီးတစ်ဝိုက်မှာလည်း နတ်ဘုရားအလင်းတန်းတွေ မရှိခဲ့ဘူးလေ။ သူ့ဆီမှာ ကြီးမားတဲ့ နတ်ဘုရားတစ်ပါးလို ကျောက်စိမ်းမျက်ဝန်းတစ်စုံသာ ရှိပါတယ်။ ***
” ယိ .. သူ့ဆီမှာ တောင်ပံတစ်စုံလည်းရှိနေတယ်ဟ ..။”
နတ်နန်းကျောင်းတော်က စီနီယာအစ်ကိုက အရမ်းကို အံ့အားသင့်နေတယ်။ သူတို့ဟာအတူတကွကို တွန့်လိမ်နေပြီး သေးငယ်တဲ့တောင်ပံတစ်စုံဟာလည်း စိုစွတ်နေတုန်းပါပဲ။ကောင်ငယ်လေးရဲ့ နောက်ကျောမှာ တောင်ပံတွေက ကပ်နေပြီး တစ်ယောက်ယောက်က အနီးကပ်မကြည့်ခဲ့ရင်တော့ အလွယ်တကူမမြင်နိုင်ပါဘူး။
ထို့အပြင် သူ့ရဲ့ ဦးခေါင်းပေါ်ရှိ ဦးချိုနှစ်ခုကလည်း သံသယဖြစ်ဖွယ် ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှီဟောင်က သူ့ရဲ့အမွေးတွေကို ဖယ်ထားလိုက်တဲ့အခါမှာ ထိုဟာက တောက်ပပြီးထွန်းလင်းနေတာကို သူ သတိပြုမိလိုက်လို့ပါ။ သူတို့ဟာ ကျိန်းသေပေါက် ဦးချိုတွေပါပဲ။
“ဝံပုလွေတွေက တကယ်ကြီး ဥဥနိုင်တာလား ..။ ”
ဟောင်ဟာ သူ့ရင်ဘတ်ထဲက ဝံပုလွေငယ်လေးကို ကြည့်ပြီး ကျေနပ်စွာ မှတ်ချက်ပြုလိုက်တယ်။
ထြီ ..
ဟောင်ဟာ သားရဲပေါက်လေးကို တံတွေးနဲ့ထွေးလိုက်တာ လူများမြင်တဲ့အခါမှာ သူတို့အားလုံးဟာ ခုန်ပေါက်လိုက်ကြပြီး ရင်ထဲမှာ အမာရွတ်တွေ ထင်ကျန်လို့သွားခဲ့တယ်။
*** သူတို့ဟာ နတ်ဘုရားကလေးကို စားဖို့ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ ထိုဟာက နတ်ဘုရားများကို မလေးမစားပြုတာဖြစ်တယ်။ အကယ်၍ ဝံပုလွေနတ်ဘုရားမှာ ဝိညာဉ်တစ်ခုရှိနေမယ်ဆိုရင် ကောင်းကင်ရဲ့ အမျက်ဒေါသ သင့်ခြင်း ခံရမှာပါ .. ။ ***
“ နင် အာ့ဒါကို စားဖို့ ခွင့်မပြုပေးနိုင်ဘူး ..”
ဟော့လင်းအာဟာ ရှေ့ကို တိုးလိုက်ပြီး ဟောင့်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေတယ်။ သူမရဲ့ နှင်းပွင့်လိုဖြူဖွေးကာ ကျောက်စိမ်းလိုကြည်လင်တဲ့လက်မောင်းများကို ဆန့်တန်းပြီး ဟောင့်ကို ပိတ်ဆို့တားဆီးခဲ့လိုက်တယ်။
“ဒါက နတ်ဘုရားငယ်လေးပဲ … သူ့ကို မင်း မရိုမသေပြုခွင့်မရှိတဲ့အပြင် စားလို့လည်းမရဘူး ..”
အဝေးဆီကနေ ခေါင်းကိုးလုံးခြင်္သေ့ဟာလည်း ရောက်လာခဲ့တယ်။ သူဟာ အနီးကို ကပ်မလာပဲ ရွှေရောင်အလင်းတန်းတွေ တလိပ်လိပ်တက်လာသည်နှင့်အမျှ အော်ဟစ်လေသည်။
ဟောင်က အနည်းငယ်စိတ်ရှုပ်ထွေးနေပုံရပြီး လူအုပ်ကြီးကို ကြည့်ပြီးနောက်မှာ စိတ်တိုစွာ ပြောလိုက်တယ်။
” မင်းတို့ကောင်တွေက အရမ်းကြမ်းကြုတ်တာပဲ။ ရှားပါးတဲ့နတ်ဘုရားကလေးကို ဘယ်လိုများ စားချင်နေရတာလဲ။ အစားပုတ်အုပ်စုပဲ .. ”
*** လူအားလုံးဟာ ထိုစကားကိုကြားသည့်အခါမှာ သူတို့အားလုံးက ရူးသွားတော့မလိုပါပဲ။ ဘယ်သူက ကြမ်းကြုတ်တာလဲ။ ဘယ်သူကအစားပုတ်တာလဲ။ အဲဒါ မင်းပဲမလား။ မင်းက တခြားသူတွေကို ဘာလို့ အပြစ်ရှာနေတာပဲ၊ နို့ဗူးကောင် မင်းက သေချာပေါက် အရိုက်ခံရဖို့လိုအပ်နေတာပဲ။ ***
“ဒီနတ်ဘုရားအမှိုက်သရိုက်လေးကလည်း သဘာ၀အတိုင်း ကြီးထွားလာဖို့ လိုအ
ပ်နေသေးတာပဲ။ ဒီလိုမှမဟုတ်ရင် ကောင်းကင်လျှပ်စီးက ငါ့ကို တိုက်ခိုက်လာနိုင်တယ်”
ဟောင်က ပြောပြီး နတ်ဘုရားငယ်လေးကို တံတွေးနဲ့ ထပ်ထွေးလိုက်တယ်။ သူ့ရဲ့ မျက်နှာထားဟာ သချာပေါက် လူတိုင်းကို အသည်းအသန် စိုးရိမ်စေခဲ့တယ်။
ထို့အတွက် သူတို့ဟာ ဒီကိစ္စကိုစဉ်းစားခဲ့ကြတယ်ဆိုတာ သိသာခဲ့ပါတယ်။ ဟောင်က ပုံမှန်အားဖြင့်တော့ နတ်ဘုရားသတ္တဝါကို မစားလိုခဲ့ဘူး။ သူက ထိုဟာကို တကယ်မြှင့်တင်ချင်ခဲ့တယ်။ ပြီးတော့ ပြိုင်ဘက်ကင်းတဲ့စွမ်းရည်ကိုရရှိဖို့ သူ့ကိုယ်ခန္ဓာအတွင်းက နက်နဲသောအရာများကို စူးစမ်းလေ့လာလိုနေခဲ့တယ်။
“ဟုတ်ပြီ၊ မင်းတို့က မင်းတို့ရဲ့ တာအိုအဖိုးတန်နည်းစနစ်အားလုံးကို သုံးပြီး ငါ့ကို တိုက်ခိုက်ဖို့ကြံစည်ခဲ့တယ်။ ပြီးတော့ နတ်ဘုရားငယ်လေးရဲ့အလင်းက အားလုံးကိုစုပ်ယူသွားခဲ့တာ။ ဒါက သူ့ရဲ့ ကြီးထွားမှုအတွက် အကျိုးဖြစ်ထွန်းစေနိုင်သလိုရှိတာကြောင့် သူ့ကို အကြိမ်အနည်းငယ် ပြုလုပ်ပေးကြပါဦး ..”
ဟောင်က ပြောလိုက်တယ်။
ထို့အပြင် သူဟာ လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ သူပြောသည့်အတိုင်း ရွှေရောင်လျှပ်စီးကိုထုတ်ယူခဲ့တယ်။ သူက ဝံပုလွေနတ်ဘုရားသွေးမျိုးဆက်ထံ ဦးတည်ပြီး ဆင်းသက်လာစေဖို့ လက်ဝေ့ရမ်း ပြလိုက်တယ်။ ကလစ်ဆိုသော အသံနှင့်အတူပဲ သားပေါက်လေး ခန္ဓာကိုယ်ပေါ် ဆင်းသက်လာခဲ့တယ်။
အိုး… ”
စူးရှသော အသံတစ်ချက် ထွက်ပေါ်လာကာ ဝံပုလွေငယ်လေးရဲ့ ဖုန်မီးခိုးရောင်အမွှေတွေဟာ ထောင်လာကြတယ်။ သူ့ရဲ့ မျက်နှာထားဟာ အသက်မဲ့သလိုဖြစ်လာနေပြီး ခြေလက်လေးချောင်းစလုံးကလည်း တုန်ခါနေပါတယ်။ ဝံပုလွေငယ်လေးဟာ လျှပ်စီးများကြောင့်အသတ်ခံရတော့မည်ကို ရှင်းလင်းစွာ သိနေသော လက္ခဏာဖြစ်တယ်။
” ရပ်လိုက်မှပဲ … ”
ရှီဟောင်က အသံတိုးတိုးနဲ့ ရေရွတ်လိုက်ပြီး သူ့ကိုယ်သူ ချက်ချင်းပဲ ရပ်လိုက်တယ်။ သူက ကိုယ့်ပါး ကိုယ်ပြန် ပုတ်လိုက်ပြီး သူ့ရဲ့ မျက်လုံးကိုကျယ်လာစေတယ်။ သူဟာ ဝံပုလွေကလေးကို ငေးကြည့်နေမိပြီး ရှုပ်ထွေးနေတဲ့ မျက်နှာထားဖြစ်နေတယ်။ သူ ဘာမှားသွားတာလဲ။ လက်ရှိမှာ ထိုကောင်ငယ်လေးက သူတို့ရဲ့ သင်္ကေတစွမ်းအင် အားလုံးကို မျိုချလိုက်ပြီး သူတို့အားလုံးကို မခံနိုင်ခဲ့ပါဘူး။
” အမ် … သန္ဓေယုတ်တဲ့ ကောင်လေး .. နင် .. ဘာလုပ်နေတာလဲ။ အဲ့ဒီ နတ်ဘုရားငယ်လေးက လျှပ်စီးကြောင့် အသတ်ခံရတော့မယ် ..
ဟောင်က မီးလျှံတိုင်းပြည်မင်းသမီးလေးရဲ့ ပြစ်တင်ဆုံးမခြင်းကိုခံလိုက်ရတယ်။ ပြီးတော့ သူမသည် သတိပေးကာ အ်ာငိုနေပြီး သူမရဲဘ မျက်နှာလေးကလည်း သနားဖွယ်ရာ ကောင်းနေတယ်။
***