သုခကမ္ဘာက ရှီဟောင် - Chapter - 239
Chapter – 239
သူမရဲ့ နာမည်က ယုဇီဖြစ်တယ်။ အနက်ရောင်ဝတ်စုံက သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချပချပ်ရပ်ရပ်ရှိနေပြီး လေပြည်တွေလို ပျော့ပျောင်းနေတယ်။ သူမရဲ့ အသားအရေတွေဟာလည်း တောက်ပနေပြီး မျက်တောင်ရှည်တွေကတော့ ကော့ပျံနေတယ်။
သူမရဲ့ မျက်လုံးတွေက ပန်းချီကားထဲက ထွက်ပေါ်လာတဲ့အလား ရူးမိုက်သွားလောက်ရအောင် နက်ရှိုင်းမှုတွေ ဖြစ်ပေါ်နေတယ်လေ။ ပြီးတော့ သူမသည်အလွန်လှပပြီး ရှားပါးသောဝိညာဉ်ချီ စွမ်းအားတွေကို သယ်ဆောင်ထားလို့ပါ။
မိုးကလန်ရဲ့လူတွေအားလုံးဟာ ထိုင်နေရာကနေ ထလာခဲ့တဲ့ မ်ိန်းမလှလေးကို ငေးကြည့်လိုက်ကြတယ်။
ယုဇီမိုဟာ သူမမှာ ဘယ်လောက်အထိအောင် ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားတွေရှိနေလဲဆိုတာကို သူတို့အားလုံးက ကောင်းကောင်းကြီးကို သိထားကြပါတယ်။
သူမဟာ ထူးခြားတဲ့ စိတ်စွမ်းအားတွေ ရှိနေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်ရံမှာ ထူးခြားဆန်းကြယ်လွန်းတဲ့ ဖြစ်ရပ်တွေကိုလည်း ထူးဆန်းစွာပဲ နားလည်တတ်ကျွမ်းပါတယ်။
လူအားလုံးဟာ ယုဇီမိုရဲ့ နတ်ဘုရားစွမ်းအားဟာ ဘယ်လိုမျိုးလဲဆိုတာကို တိကျသေချာစွာ မသိကြပါဘူး။ မိုးကလန်ကြီးအတွင်းက မျိုးဆက်သစ်တွေအားလုံးဟာ သူမကို လေးစားအားကျရပါတယ်။
သူမတို့ သူရဲကောင်းနှစ်ယောက်ရဲ့ အထက်မှာ ရီရှီရဲ့ဖြစ်တည်မှုကြီးသာ ရှိမနေခဲ့ဘူးဆိုရင် သူမဟာ အရမ်းကို ထူးချွန်ပြောင်မြောက်တဲ့ သူဖြစ်သွားမှာ ဖြစ်တယ်။
ရှီဟောင်က ထိုအရာတွေကို တကယ်ပဲ သိမထားခဲ့ပါဘူး။ အကယ်၍ သူသိနေခဲ့ရင်လည်း ဂရုစိုက်နေမှာတော့ မဟုတ်ဘူးလေ။ သူက အေးဆေးတည်ငြိမ်စွာပဲ ခေါင်းကိုးလုံးခြင်္သေ့ရဲ့ ကျောပေါ်မှာ ခါးမတ်မတ်ထိုင်နေပြီး အေးအေးလူလူ ရှိနေပါတယ်။
သူက ထိုမောက်မာလွန်းတဲ့ မိုးကလန်သားတွေကို အေးစက်စက်ကြည့်လိုက်ပြီး တိုက်ပွဲကြီးတစ်ခုဖြစ်လာဖို့ မြင်လိုက်ပါတယ်။
“သူက ရှီရီနဲ့ အဆင့်အတူတူပဲ .. ငါ သူ့ကို သေချာကြည့်တာတောင် သူ့ကို ထိုးဖောက်မမြင်ရဘူး .. သူ့ကို မြူတွေ ဖုံးလွှမ်းနေတယ် .. ”
ယုဇီမိုရဲ့ နှုတ်ခမ်းပါးလေးတွေက ပွင့်လင်းလာခဲ့ပြီး ချိုသာတဲ့ အသံလေး ထွက်ပေါ်လာခဲ့တယ်။ သူမရဲ့ အသံဟာ ကြည်လင်အေးမြလှတဲ့ စိမ့်စမ်းရေထဲကို ပုလဲနဲ့ ကျောက်စိမ်းလိုမျိုး ကျောက်မျက်ရတနာ ပြုတ်ကျသွားခဲ့သလိုပါပဲ။
” သူက ငါတို့မိုးကလန်ရဲ့ ကျင့်ကြံသူ ဆယ့်ရှစ်ယောက်ကို သတ်ပစ်ခဲ့တယ် .. ဇီမို .. မင်းသူ့ကို သေချာပေါက် ဖမ်းမှရမယ်နော် .. ”
ရေကန်အနားက လူငယ်လေးတွေက တစ်ပြိုင်နက်တည်း ကျယ်လောင်စွာပြောဆိုလိုက်ကြတယ်။ သူတို့တွေက ဇီမိုကို အကူအညီပေးနိုင်ဖို့ အတွက်လည်း မြန်ဆန်စွာ ပြေးလွားခဲ့ပါပြီ။
သူတို့ဟာ ဒီအသက် ၁၅ နှစ် ၁၆ နှစ်အရွယ်မိန်းကလေးငယ်အပေါ်များစွာ ယုံကြည်မှုရှိပြီး သူမဟာ အင်မတန်သန်မာတယ်ဆိုတာကို သိထားကြတယ်။ သူမရဲ့ အမှတ်မထင်လှုပ်ရှားမှု ဒါမှမဟုတ် မျက်နှာထားပြောင်းလဲမှုဟာ နတ်ဘုရားစွမ်းအားကို ဖြစ်ပေါ်လာစေနိင်ပါတယ်။
ထိုဟာက ဝိညာဉ်စွမ်းရည်ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ဖြစ်တယ်။
” စိတ်ချပါ .. ငါ သေချာပေါက် လှုပ်ရှားမှာပါ .. ငါ ဝင်ပေါက်မှာ ပိတ်ပြီး ထိုင်နေရတဲ့ အကြောင်းကလည်း သူ ရောက်လာတာကို စောင့်နေဖို့ပဲလေ ..”
ယုဇီက ပြောလိုက်တယ်။ သူမဟာ မိုးကလန်သားတစ်ယောက်ဖြစ်တယ်။ သူမက ဒီတစ်ခေါက် ပျက်သုန်းခြင်းတောင်တန်းတစ်ရာကမ္ဘာငယ်လေးကို ဝင်ရောက်လာတာဟာ ကလန်အကြီးအကဲတွေရဲ့ အမိန့်ကြောင့် ဖြစ်တယ်။
ပြီးတော့ သူမရဲ့ စွမ်းအားတွေကို အသုံးချပြီး တစ်ယောက်ယောက်ကို သတ်ပေးဖို့ပဲ ဖြစ်တယ်။
စက္ကန့်ပိုင်းအတွင်းမှာကိုပဲ ယုဇီရဲ့ စိတ်တွေက လုံးဝကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူမရဲ့ နောက်ကျောကနေ စိမ်းပြာရောင် စွမ်းအားသင်္ကေတတွေက ပေါ်ထွက်လာတယ်။ ထိုအရာက ပန်းချီစာလိပ်ဟောင်းတစ်ခုကို ဖွင့်လိုက်တာကြောင့် ရှေးဟောင်းဆန်တဲ့ ခံစားချက်ကို ဖြစ်ပေါ်လာစေတယ်လေ။
ထိုအရာက ဝိညာဉ်စွမ်းအားတွေရဲ့ စကားလုံးတွေပဲ ဖြစ်တယ်။ ထိုဟာက မြူခိုးတွေဝေနေတဲ့အလင်းတွေကို ဖြစ်ပေါ်စေပြီး လူအားလုံးကို 3D တစ်ခုအလား မြင်စေပါတယ်။ ပြီးတော့ စကားလုံးတွေက အသက်စွမ်းအားတွေ ပါဝင်နေဟန်ရကာ ခက်ခဲလွန်းတဲ့ စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေဟန်ရတယ်။
” ကောင်းတယ် .. ဇီမို .. မင်း မြန်မြန်လေး .. လှုပ်ရှားပြီး သူ့ကို ဖမ်းလိုက်တော့ … ”
လူအားလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ပါပြီ။ သူတို့မိုးကလန်ရဲ့ ဂျူနီယာညီမလေးက အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းအားအသုံးအဆောင်တွေကို အသုံးပြုမယ်ဆိုတာ သိထားကြပါတယ်။ ပုံမှန်အားဖြင့်တော့ သူမက ထိုဝိညာဉ်စွမ်းအားတွေကို ထုတ်ဖော်ဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။
ထိုအရာကို တစ်နှစ်မှ တစ်ကြိမ်ခန့်သာ ထုတ်ဖော်အသုံးပြုနိုင်တာကြောင့် ဖြစ်တယ်။
ရှီဟောင်ကတော့ ခေါင်းကိုးလုံးခြင်္သေ့ရဲ့ အပေါ်မှာပဲ လှုပ်ရှားခြင်းကင်းမဲ့စွာ ထိုင်လို့နေတယ်။
သူက အရာရာတိုင်းကို အေးဆေးတည်ငြိမ်စွာပဲ စောင့်ကြည့်လို့နေတယ်။ သူ့ရဲ့စိတ်ဝိညာဉ်အတွင်းမှာ တစ်စုံတစ်ယောက်က ရန်သူအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ကာလတစ်လျှောက်လုံး ထိုသူက ဘယ်လိုနောက်ခံမျိုးပဲ ရှိသည်ဖြစ်ပါစေ အရေးစိုက်နေမှာတော့ မဟုတ်ပါဘူး။
” ချုပ်နှောင်လိုက်စမ်း ..”
ယုဇီမိုဟာ အထင်အမြင်သေးစွာပဲ ပြောလိုက်တယ်။ သူမရဲ့ အသံဟာ ကောင်းကင်ဘုံကိုးဆင့်ကနေ ထွက်ပေါ်လာသလိုမျိုး ခံစားရစေပါတယ်။ သူမဆီက နူးညံ့သိမ်မွေ့လှတဲ့ အသံလေးဟာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေပြီး ရေခဲပြင်တစ်ခုအလား အေးစက်နေလို့ပါ။
စွမ်းအားသင်္ကေတတွေအားလုံးက တောက်ပတဲ့ စတုဂံပုံစံဖြစ်ပြီး အေးခဲနေပုံရပါတယ်။ သူတို့တွေဆီကနေ တောက်ပလွန်းတဲ့ သတ္တုရောင်အလင်းတန်းတွေဟာ ရှေးဟောင်းဆန်တဲ့ အော်ရာတွေကို သယ်ဆောင်ထားလို့ပါ။ ထို့ကြောင့် သူတို့ရဲ့စွမ်းအားတွေက အံ့ဖွယ်ဘနန်းပါပဲ။
” ဟူး ..”
ဟောင်က စတင်ပြီး လှုပ်ရှားလာခဲ့ပါပြီ။ ယုဇီမိုအနေနဲ့ သူ့ကို စတင်တိုက်ခိုက်လာတာကြောင့် သူအနေနဲ့ တိုက်ခိုက်မှုတွေရောက်လာတဲ့အထိ ထိုင်စောင့်နေတော့မှာ မဟုတ်ပါဘူး။ သူဟာ သူ့ရဲ့လက်ချောင်းဆယ်ချောင်းစလုံးကို တစ်ပြိုင်နက်တည်း ဆန့်တန်းထုတ်လိုက်ပါတယ်။
ထိုအခါမှာတော့ မိုးကြိုးတာအိုနည်းစနစ်ဟာ ချက်ချင်းပဲ အသက်ဝင်လာခဲ့ပြီး ထွက်ပေါ်လာပါတယ်။ ထိုမိုးကြိုးသင်္ကေတတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို တရွှီးရွှီး အသံတွေ အဆက်မပြတ်ဖြစ်ပေါ်လာစေတယ်။ ပြီးတော့ ပေါက်ကွဲသံတွေကို တရစပ်ထုတ်လွှတ်နေတယ်။
ထိုမိုးကြိုးလျှပ်စီးတန်း ဆယ်ခုကြောင့် ယုဇီမိုရဲ့ စွမ်းအားသင်္ကေတတွေက ပေါက်ကွဲကုန်ကြပြီး လေထုထဲမှာ မီးရှူးမီးပန်းတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ထိုကဲ့သို့ ခမ်းနားထည်ဝါလွန်းလှတဲ့ စွမ်းအားတွေ ပေါက်ကွဲသွားတာကြောင့် လူတွေအားလုံးကို ထ်ိတ်လန့်တုန်လှုပ်သွားစေပါတယ်။
ဘာပဲပြောပြော ယုဇီမိုဆီက စာလ်ိပ်ဟာ မပြည့်စုံတော့တဲ့ ရှေးဟောင်းစာလိပ်တစ်ခုဖြစ်တယ်။ သူ့ကို နှစ်ပေါင်းများစွာကြာအောင် အသုံးပြုခဲ့ပြီဲး ဖြစ်တာကြောင့် သူ့ရဲ့စွမ်းအားတွေက အတော်လေးကို အားနည်းလို့ နေခဲ့ပါပြီ။ သို့သော်လည်းပဲ အဆုံးမဲ့တဲ့ စွမ်းအားတွေကို ထုတ်လွှတ်နေနိုင်ပဲ ဖြစ်တယ်။
ထိုသို့မဟုတ်ပဲ ရှေးဟောင်းစာလိပ်ရဲ့စွမ်းအားအပြည့်အဝကိုသာ အသုံးချနိုင်ရင် သေချာပေါက် ကြောက်မက်ဖွယ်ရာကောင်းနေတော့မှာ ဖြစ်တယ်။
လက်ရှိမှာတော့ သူ့ရဲ့စွမ်းအားသင်္ကေတတွေက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပါပြီ။ ထို့ကြောင့်နောက်ထပ်တစ်ကြိမ်အသုံးပြုနိုင်ဖို့အတွက်တော့ အချိန်တစ်နှစ်ခန့် ထပ်မံစောင့်ဆိုင်းရတော့မှာပဲ ဖြစ်တယ်။
နီးကပ်စွာ ထွက်ပေါ်လာခဲ့တဲ့ စွမ်းအားသင်္ကေတအမြောက်အများဟာ ထိုပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလို့နေတယ်။ ထိုဟာက ရှေးဟောင်းစာလိပ်ကို ဖြန့်ကျက်ထားတာကြောင့် ကောင်းကင်နဲ့မိုးတိမ်ဟာ ချိတ်ပိတ်ခံထားရပြီဲး နတ်ဘုရားကျိန်စာ လိုပါပဲ။
ထို့အတွက် ကြောက်မက်ဖွယ်ရာ စွမ်းအားအတက်အကျတွေကို ဖြစ်ပေါ်လာစေတယ်။ ထိုဟာက ရက်စက်ကြမ်းကြုတ်လွန်းတဲ့အဆင့်အထိ မရောက်သေးပေမဲ့လည်း သမုဒ္ဒရာရေလှိုင်းတွေအလား တဖြည်းဖြည်းအထက်အောက် ရွေ့လျားလို့နေတယ်။
ထို အင်အားကြီးမားတဲ့လှိုင်းလုံးတွေက ဘယ်လိုအချိန်မျိုးမှာမဆို ကောင်းကင်ကို ပျံတက်သွားနိုင်ပြီး တိမ်စိုင်မည်းကြီးတွေကို ထက်ခြမ်းကွဲသွားစေနိုင်ပါတယ်။
ရှီဟောင်က သူ့ရဲ့နှလုံးသားတစ်ခုလုံး တုန်ခါနေသလို ခံစားနေရတယ်။ သူဟာ သူ့ရဲ့လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်ပြီး အပြင်းအထန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါပြီ။
ထိုအချိန်မှာတော့ သူ့ရဲ့ရှေ့မှာ ငွေရောင်စက်ဝိုင်းပြားတစ်စုံ ပေါ်ထွက်လာတယ်။ ငွေရောင်စက်ဝိုင်းပြားတွေက ညင်သာစွာ လှည့်ပတ်နေပြီး အတူတကွပဲ ပေါင်းစည်းသွားခဲ့ပါတယ်။
ကလစ် .. ကလစ် .. ဆိုတဲ့ အသံတွေက မရပ်မနားကို ထွက်ပေါ်လာခဲ့တယ်။ ငွေရောင်စက်ဝိုင်းပြားတွေက ကြိတ်ဆုံတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းစာလိပ်က ထွက်ပေါ်လာတဲ့ သိပ့်သည်းလှတဲ့ စွမ်းအားသင်္ကေတတွေကို အပြတ်အသတ် ချေမှုန်းလိုက်ကြတယ်။
” ကမ္ဘာဦး ရှေးဟောင်း စာလိပ် ..”
ယုဇီမိုဟာ ညင်သာစွာပဲ အော်ဟစ်လိုက်ပါတယ်။ ထိုအချိန်မှာပဲ သူမရဲ့အသံဟာ ကောင်းကင်နဲ့မြေပြင်ကြားမှာ ကြည်လင်တောက်ပစွာ ဟိန်းထွက်လို့နေတယ်။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အလင်းတန်းတွေ ပေါ်ထွက်နေပြီးခမ်းနားထည်ဝါစွာ တောက်ပနေပါတယ်။ ထို့နောက်မှာတော့ ခပ်အုပ်အုပ် မြည်သံထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ အော်ရာတွေက ချက်ချင်းပဲ တုန်ခါသွားကြတယ်။
ကောင်းကင်ဟင်းလင်းပြင်ထဲမှာ ရှေးဟောင်းစာလုံးတွေ ပေါ်လာခဲ့ပြန်ပါပြီ။ ထို ရှေးဟောင်းစာလိပ်ထွက်ပေါ်လာချိန်မှာ သူ့ရဲ့စွမ်းအားကွန်ရက်ဟာ တဖြည်ဖြည်း ပိုပြီးကျယ်ပြန်လာတယ်။ ထိုဟာက ဟောင်တို့ကို ချုပ်နှောင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကောင်းကင်နတ်ဆိုးချုပ်နှောင်ခြင်း စာလိပ်တစ်ခုလိုပါပဲ။
ခေါင်းကိုးလုံးခြင်္သေ့ရဲ့ မျက်နှာအမူအယာဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ထိုမိန်းကလေးရဲ့ တာအိုနည်းစနစ်တွေက ထူးခြားပြီးစွမ်းအားပြည့်ဝကာ အံံ့သြစရာကောင်းတယ်။ ထို့ကြောင့်ပဲ သူဟာ သူကိုယ်သူ ခုခံကာကွယ်ဖို့အတွက် ခေါင်းအစ အမြီးအဆုံး အကာအကွယ် တာအိုနည်းစနစ်ကို အသက်သွင်းထားလိုက်ပါတယ်။
ရှီဟောင်ကလည်း ထိုအလင်းတန်းတွေကို ကြည့်လိုက်ပြီး ဂရုမစိုက်ပဲ မနေရဲခဲ့ပါဘူး။ သူလည်းပဲ သူ့ရဲ့တစ်ကိုယ်လုံးကို ငွေရောင်အလင်းတန်းတွေနဲ့ ခမ်းနားစွာပဲ လခြမ်းပုံစံစက်ဝိုင်းပြားတွေနဲ့ ဝိုင်းရံထားလိုက်တယ်။ ထို့နောက်မှာတော့ သူ့ရဲ့လက်နှစ်ဖက်က ငွေရောင်ကြိတ်ဆုံကြီးဟာ ယုဇီမိုရဲ့ ရှေးဟောင်းစာလိပ်အတွင်းက အံ့မခန်းစွမ်းအားတွေကို ဖျက်စီးလို့နေတယ်။
” ဟူးလား ..”
ငွေရောင်ကြိတ်ဆုံကြီးဟာ ကောင်းကင်ကို ပျံတက်သွားပြီး ရှေးဟောင်းစာလိပ်ကို တိုက်ခိုက်ပြန်တယ်။ သူ့ရဲ့ ဆန်းကြယ်လှတဲ့ စွမ်းအားသင်္ကေတတွေက ကောင်းကင်က ကြယ်ပွင့်တွေလိုပဲ လင်းလက်တောက်ပနေခဲ့တယ်။
” ချုပ်နှောင်စမ်း .. ချုပ်နှောင်စမ်း .. ချုပ်နှောင်လိုက်တော့ …”
ယုဇီမိုဟာ သူမရဲ့ပါးစပ်ကနေ တတွတ်တွတ် ရေရွတ်နေတယ်။ သူမရဲ့ တစ်ကိုယ်လုံးက တောက်ပနေပြီး ရှေးဟောင်းစကားလုံးပေါင်းများစွာက ဝိုင်းရံလို့နေတယ်။ သူမဟာ မြေပြင်ကနေ တဖြည်းဖြည်းနဲ့ ကောင်းကင်ကို ပျံတက်တော့မတတ် ဖြစ်လာပါတယ်။
“ပွင့်ထွက်သွားစမ်း … ”
ဟောင်ကလည်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူရဲ့ အော်ရာတွေက မိုးကောင်းကင်ထဲမှာ ပေါက်ကွဲလာပြီး သူ့မျက်လုံးများက ရွှေရောင်အလင်းတန်းတွေ ဖြစ်ပေါ်လာခဲ့တယ်။ သူ့ရဲ့ ဆံပင်တွေက ထောင်နေပြီး အမူအယာတွေကလည်း ကြီးမားစွာပြောင်းလဲသွားကာ အစွန်းရောက်တဲ့အထိ စွမ်းအားများပြင်းထန်လာပါတယ်။
ထိုဟာက သမုဒ္ဒရာထဲသို့ကျရောက်သော ကြယ်တံခွန်တစ်ခုနှင့်ဆင်တူပါတယ်။ ထိုနေရာတစ်ခုလုံးဟာ လျှံတက်နေသော လှိုင်းတံပိုးများနှင့်ပေါက်ကွဲသွားခဲ့ပြီး ကွဲပြားခြားနားတဲ့ အချက်ကတော့ ထိုလှိုင်းများဟာ စွမ်းအား သင်္ကေတတွေ ချုံ့ထားခြင်းကြောင့်ဖြစ်ပေါ်လာတာပါ။ ထို့အတွက် သူတို့က ပို၍ကြောက်စရာကောင်းပြီး အရပ်မျက်နှာအားလုံးကိုပါ ဝါးမျိုသွားပါတော့တယ်။
မိုးကလန်ကြီးရဲ့ အခြားသောပါရမီရှင်များစွာက ထွက်ပြေးခဲ့ပါတယ်။ သူတို့တွေက စာလိပ်ရဲ့ လွှမ်းမိုးမှုအောက်ကို ကျရောက်မည်စိုးသောကြောင့် ထိုပတ်ဝန်းကျင်အတွင်းကနေ အဝေးကို ရှောင်ရှားသွားခဲ့တာဖြစ်တယ်။
မိုးကောင်းကင်အတွင်းမှာတော့ အလင်းတိုင်များက နေရာအနှံ့ကခုန်နေကြသလိုပါပဲ။ စွမ်းအားသင်္ကေတများစွာဟာလည်း လှုပ်ခါသွားကြပြီး လျှပ်စီးလျပ်သံက မမျှော်လင့်ပဲထွက်ပေါ်လာပြန်တယ်။
ပြီးတော့ ရှေးဟောင်းစာလိပ်က ထပ်မံထွက်ပေါ်လာပြီး နဂါးငွေ့တန်းကဲ့သို့ တောက်ပစွာကြီးထွားဖွံ့ဖြိုးသွားခဲ့ပါတယ်။
***