သုခကမ္ဘာက ရှီဟောင် - Chapter - 247
Chapter – 247
တောင်အလယ်ရှိ ချောက်ကမ်းပါး တစ်ခု။
အလွန် ကြီးမားလှသည့် ငှက်သိုက်ကြီးတစ်ခုက ချောက်ကမ်းပါးထိပ်တွင်ရှိနေ၏။ ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင်လည်း အရိုးများက တောင်ပုံရာပုံ ပြန့်ကျဲလျက်။
ယင်း အရိုးများထဲမှ အများစုမှာ လူသား အရိုးများ ဖြစ်သည်ကို တစ်ချက်မျှ ကြည့်ရုံနှင့်ပင် အလွယ်တစ်ကူ သိရှိနိုင်လေသည်။ မည်သူမဆို တစ်ချက်မျှ ကြည့်ရုံမျှနှင့်ပင် ဤနေရာသည် အန္တရာယ်ရှိသည့် သတ္တဝါ တစ်ကောင် နေထိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိနိုင်ပေသည်။
ဟောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ ယင်းသတ္တဝါသည် ထင်ထားသလောက် မရိုးရှင်းနိုင်းပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းအရိုးစုများထဲတွင် လူ ၇ ယောက် ၈ ယောက်ခန့်၏ အရိုးစု အကြွင်းအကျန်များကို တွေ့လိုက်မိသောကြောင့် ဖြစ်သည်။ ယင်း အရိုးစုများမှာ သွေးစသွေးန များပင် မခြောက်သေးပေ။
၎င်းမှာ ယင်းအရိုးစုများမှာ အစားခံထားရသည်မှာ မကြာသေးဟူသည့် အဓိပ္ပါယ်ပင်။
“ အင်း ဒီလူတွေက လူသားမျိုးဆက်ရဲ့ ပါရမီရှင်တွေပဲ…….ဒါပေမယ့်လည်း အခုလိုမျိုး သတ္တဝါတစ်ကောင် ရဲ့ အစားအစာ အဖြစ်နဲ့ပဲ ဘဝကို အဆုံးသတ်သွားကြရှာတာပါလား…..”
ယင်းငှက်သိုက်သည် သေဆုံးခြင်းသစ်ပင်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ နောက်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များကလည်း အသိုက်တစ်ခုလုံးအား လွှမ်းခြုံ
ထားလေ၏။
ချောက်ကမ်းပါးတစ်ခုလုံးမှာလည်း သွေးညှီနံ့များဖြင့်သာ ဖုံးလွှမ်းနေ၏။ အဆိုပါ သွေးညှီနံ့များသည်ကား အန္တရာယ်ရှိ ငှက်ကြီး၏ စားကြွင်းစားကျန်များမှ လာဟန်ရလေသည်။
အနီရောင်ငှက်ကြီးက ယင်းအသိုက်အား လှည့်ပတ်ပျံသန်းရင်း စိတ်ရှုပ်ထွေးလာဟန်ဖြင့် ပြောသည်။
“ ငှက်ကြီးက အသိုက်ထဲမှာ မရှိဘူး…”
ပြောရင်းဆိုရင်းပင် အနီရောင်ငှက်ကြီးက ယင်း အသိုက် အတွင်းသို့ ဆင်းသက်လိုက်သည်။
သေဆုံးခြင်း သစ်ပင်များက အသိုက်ကို ထူထဲစွာ ရစ်ပတ်ထားပြီး အလွန်ပင် မာကျောကျစ်လစ် လှသည်။ သို့သော် အတွင်းပိုင်းတွင် နူးညံ့လှသည့် ငွေရောင်မြက်များဖြင့် ခင်းကျင်းရက်လုပ်ထားသည်ကိုလည်း တွေ့ရ၏။
“ ဝါး……….၊ ငှက်ဥတွေပဲ….”
ယန်ကျူ းမီးငှက်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ငှက်ဥများရှိရာနေရာသို့ ပြေးသွားလိုက်သည်။ ထို့နောက် ငွေရောင်မြက်များအား ဖယ်ထုတ်လိုက်ပြီး အထဲ
မှ အလွန်ကြီးများလှသည့် ငှက်ဥကြီး သုံးလုံးအား ထုတ်ယူလိုက်၏။
ငှက်ဥကြီးများမှာ အရွယ်အစားအားဖြင့် ကြီးမားလှသည့် ကျောက်တုံးကြီးများသဖွယ်ပင်။ အရောင်အားဖြင့်လည်း နက်မှောင် တောက်ပနေပြီး မသိလျှင် ကျောက်စိမ်းနက်
များဖြင့် ပြုလုပ်ထားသယောင် ထင်ရလေသည်။ ထိုစဉ် အနီရောင်ငှက်ကြီးက ခွက်ထိုးခွက်လှန်စတင်ရယ်မောလိုက်ရင်းပြောသည်။
“ ဟီး……..ဟီး……..ဟီး………၊ ဒီဟာက ဒီတောင်ပေါ်က အသားစားငှက်ကြီးတွေရဲ့ ငှက်ဥပဲ ၊ အင်အား တိုးတက်အောင်ပြုလုပ်တဲ့နေရာမှာ အသုံးဝင်တယ်…”
“ အာ .. ငါ့ရဲ့ ဒယ်အိုး ပျောက်သွားတာ နာတာပဲ…..”
ဟောင်က စိတ်ဓါတ်ကျစွာ သက်ပြင်းတစ်ချက်ချသည်။ ဟုတ်လည်းဟုတ်ပေသည်။ သူ၏ အိုးများ ၊ ပန်းကန်များနှင့် ဇွန်းများအားလုံးတို့မှာ ထွက်ပြေးနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ယခုအချိန်တွင် သူ့ထံ၌ အရသာရှိသည့် ဟင်းတစ်ခွက်ချက်ပြုတ်ရန် ဘာဆိုဘာမှ မရှိတော့ပေ။
“ ဘာ ဒယ်အိုးတွေ ပန်းကန်တွေ ပြောနေတာလဲ….၊ ငါ့ ကို ကြည့်ပြီး ပညာယူစမ်းပါ..၊ ငါက ဥစားခြင်း အနုပညာ မှာ ဆရာတစ်ဆူပဲ…ဟား…ဟား…”
အနီရောင် ငှက်ကြီးက မျက်နှာထက်တွင် ဂုဏ်ယူဝံ့ကြွားဟန်အပြည့်ဖြင့်ပြော၏။
၎င်းက ပြောပြောဆိုဆိုပင် အတောင်ပံများအား ဖြန့်လိုက်ပြီး ငှက်ဥကြီးများ ရှိရာသို့ ပြေးဝင်သွားလိုက်ပြီး ငှက်ဥကြီးအား ခွဲလေတော့သည်။ အက်ကွဲသံ တစ်ခုနှင့်အတူ ဓါးနှင့် ပိုင်းဖြတ်ထားသကဲ့သို့ ညီညာလှပသည့် အက်ကွဲကြောင်းတစ်ခုက ဥကြီး ထက်တွင် အထင်းသား။ ထို့အပြင် ယင်း အနီရောင်ငှက်ကြီး ပိုင်းဖြတ်လိုက်သည့် ငှက်ဥကြီးသည် အလယ်မှ ထက်ခြမ်းကွဲသွားပြီး အဆိုပါ ထက်ခြမ်းကွဲသွားသည့် ဥ နှစ်ခြမ်းတို့မှာ အောက်သို့ တစ်ခုတစ်လေမျှပင် ဖိတ်စင်ခြင်းမရှိပဲ ကျလေသည်။
ဥခွံများက ပန်းကန်များသဖွယ် ဖြစ်နေလေသည်။ အထဲတွင်လည်း ဥအနှစ်များနှင့် ပြည့်နေပြီး အဖြူရောင် အနည်းငယ်သန်းနေကာ အရောင်မျိုးစုံပေါင်းစပ်ထားသည့် အရောင်များလည်း ရှိနေလေသည်။ ဥအနှစ်အတွင်းရှိ အရည်ကြည်များမှာ အလင်းရောင်များ တောက်ပနေပြီး ထွင်းဖောက်၍ မြင်နေရမတတ်ပင်။ အနံ့များမှာလည်း လွန်စွာမှပင် မွှေးပျံ့လှသည်ဖြစ်ရာ လူသားများအား ဆွဲဆောင်နိုင်မှုအားလည်း အလွန်ကောင်းလှပေသည်။
အနီရောင်ငှက်ကြီးသည် ဥနှစ်ခြမ်းကို တွေ့လျှင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏ ပါးစပ်ကြီးကို ဟကာ မီးတောက်များကို မှုတ်ထုတ်၍ အပူပေးလေတော့သည်။ ဥနှစ်ခြမ်းလုံးမှ မွှေးပျံ့သည့် ရနံ့များထွက်ပေါ်လာကြပြီး အထဲရှိ ဥအနှစ်များမှာ လည်း တဖြည်းဖြည်းနှင့် ကျက်ခါနီးတွင် ရွှေရောင်များပင် တောက်ပလာကြသည်။
ဟောင်က ထိုအချင်းအရာကိုမြင်လျှင် စိတ်ဓါတ်ကျမိသွားသည်။ ဤ သောက်ရူးငှက်သည် အမှန်တစ်ကယ်ပင် အစားကောင်း အသောက်ကောင်း ကြိုက်တတ်သူဖြစ်နေသည်။ ကြည့်ရသည်မှာ ဤ သောက်ရူးငှက်မှာ ယခင်ကလည်း ယခုကဲ့သို့နည်းလမ်းများအား အကြိမ်ရေ များစွာ အသုံးပြုခဲ့ဟန်ရလေသည်။
“ ရပ်စမ်း….မင်းက ဥသူခိုးကောင်ပဲကွ…”
“ ဖွီ…..၊ ဒီက ဘဘကြီးက ဒါမျိုးကို တော်ရုံနဲ့လုပ်တာမဟုတ်ဘူးကွ….၊ မင်းရဲ့ ခန္ဓာကိုယ်က ခုမှ ကြီးထွားတုန်းပဲ ရှိနေသေးတယ် ဒီတော့ အာဟာရရှိတာတွေ များများ စား
ပေးဖို့လိုအပ်တယ်လေ….၊ ဒါမှ အရပ်တွေရှည်လာမယ်…လှုပ်ရှားမှုတွေမှာ ပိုပြီးမြန်ဆန်လာမယ်….၊ ပိုပြီးတော့ စွမ်းအားကြီးလာမယ် ဟုတ်တယ်မလား……”
အနီရောင် ငှက်ကြီးက သူ့ကိုယ်သူ တရားမျှတသည့် ဟန်ဖြင့် အားကြိုးမာန်တက် ပြောနေတော့သည်။
ဟောင်က အနီရောင်ငှက်ကြီးပြောပြနေသည်များကို ဂရုပင် မစိုက်ပါချေ။ ယခုလက်ရှိတွင် သူ၏ အခြေအနေမှာ ကြီးမားသည့် ဒဏ်ရာများ ရရှိထားသည်မဟုတ်လား။ သူ့အနေဖြင့် ဤမျှ အရသာရှိပြီး အာဟာရဓါတ်ကြွယ်ဝသည့် စားစရာအား ငြင်းဆန်ရန် အင်အားမရှိပေ။
ထို့ကြောင့် သူ၏ ဦးခေါင်းအား ချက်ချင်းပင် ဥ နှစ်ခြမ်းရှိရာဖက်သို့လှည့်လိုက်ပြီး အားပါးတရ ထိုင်စားလေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်တုံးကြီးတစ်ခု အရွယ်အစားရှိသည့် ငှက်ဥကြီးမှာ အစအနပင် ရှာမရ
တော့အောင် ပြောင်သလင်းခါသွားတော့၏။
“ ငါတောင် မစားရသေးဘူးလေ…”
အနီရောင်ငှက်ကြီးက ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ နောက်ထပ် နှစ်လုံးတောင် ရှိသေးတာကိုကွာ…မင်းကလည်း…ဆက်ပြီး ချက်ပြုတ်လိုက်လေ…..”
ဟောင်က သူ၏ ပါးစပ်ကို သုတ်ရင်းပြောသည်။ ထို့နောက်သူ၏ ပါးစပ်ကို ဟလိုက်ရာ စွမ်းအင် အဆီအနှစ်များက ပါးစပ်အတွင်းမှ ထွက်လာကြလေသည်။ ထွက်ပေါ်နေသည့် စွမ်းအင် အဆီအနှစ်များမှာ အရောင်စုံဖြစ်နေပြီး ၎င်းကို ကြည့်လိုက်သည်နှင့်ပင် ငှက်ဥထဲတွင် နတ်ဘုရား စွမ်းအင် အဆီအနှစ် မည်မျှ ပေါများကြွယ်ဝသည်ကို သိရှိနိုင်လေသည်။
နောက်ဆုံးတွင် ဟောင်က ငှက်ဥ နှစ်လုံးကို စားခဲ့ပြီး ယင်း ငှက်ဥများမှာ တစ်လုံးချင်းစီကပင် သူ့ခန္ဓာကိုယ်ထက် အလေးချိန်ပိုများ၏။ ဥနှစ်လုံးအား စားပြီးနောက်တွင် ဥထဲရှိ အနှစ်များက စွမ်းအင် အဆီအနှစ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်ငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရောင်စုံအလင်းတန်းများပင် ထွက်ပေါ်လာကြတော့သည်။ ဟောင်ကလည်း ယင်းနေရာ၌ပင် ထိုင်ချလိုက်ပြီး လှည့်ပတ်ခြင်းသင်္ကေတများအား ပြုလုပ်လိုက်ပြီး ပြန်လည်ကုသခြင်းကို စတင်လိုက်၏။
အနီရောင်ငှက်ကြီးမှာလည်း ဥတစ်လုံးစားပြီးနောက် အကျေနပ်ကြီးကျေနပ်တော့သည်။ နောက်ဆုံးတွင် ကြို့များပင် ထိုးသည်အထိ ဖြစ်လာပြီး မြေပြင်ပေါ်သို့သာ ခြေပစ်
လက်ပစ် လှဲချကာ သစ်ကိုင်းတစ်ခုနှင့် သွားကြားထိုးနေတော့လေသည်။
“ မင်းမှာ သွားရှိလို့လားဟ…”
ဟောင်က မျက်စောင်းတစ်ချက်ထိုးရင်းပြောသည်။
“ ဒီက ဘဘကြီးက ပျော်လွန်းလို့ပါကွာ…၊ ခုလောက်ကြီး တစ်ခါမှ မပျော်ခဲ့ဖူးဘူး….အမလေး…စိတ်ထဲမှာ တစ်သိမ့်သိမ့်နဲ့ ကြည်နူးလိုက်တာ….”
ဟောင်က ငှက်နီကြီး၏ အပြုအမူများအား နားမလည်သဖြင့် ခေါင်းကိုသာ ယမ်းနေ၏။
ဟောင်က ငှက်နီကြီး၏ အပြုအမူများအား ဆက်လက် အာရုံစိုက်ခြင်းမရှိတော့ပဲ ပြန်လည်ကုသရေး ကိုသာ အာရုံစိုက်လိုက်တော့သည်။
မကြာမီပင် ဟောင်၏ ခန္ဓာကိုယ်ပေါ်မှ သွေးများထွက်နေသည့် ဒဏ်ရာများမှာ လျှင်မြန်စွာပင် ပြန်လည်ကောင်းမွန်လာကြသည်။ ပြန်လည်ကောင်းမွန်သည့် အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် သာမာန်မျက်စိဖြင့်ပင် မြင်နိုင်လေသည်။ ထိုသို့ လျှင်မြန်စွာ ပျောက်ကင်းနိုင်ခြင်းမှာ ဥများထံမှ ရသည့် စွမ်းအင်အမွေအနှစ်များမှ ထွက်လာသည့်ရောင်စုံအလင်း
တန်းများကြောင့်ပင် ဖြစ်သည်။
“ ဝိုး…….သောက်ဆန်းကြီးပါလား….၊ မင်း….မင်းက ရှေးဟောင်းသွေးဆက် သားရဲတစ်ကောင်တော့ မဟုတ်…မဟုတ်ပါဘူးနော်…”
ငှက်နီကြီး၏ စိတ်ထဲတွင် သံသယများနှင့် ပြည့်နှက်သွားသည်။ ၎င်းက ကောင်ငယ်လေးအား အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေ၏။ ကောင်ငယ်လေးထံမှ မည်
သည့် လှုပ်ရှားမှု တစ်စုံတစ်ရာမှ မတွေ့လျှင် ရုတ်တရက် ထရပ်လိုက်ပြီးချောက်ကမ်းပါးထက်မှ ခုန်ချကာ ထွက်ပြေးရန်ကြီုးစားလိုက်သည်။
“ ဝုန်း…….”
ကျယ်လောင်သည့် အသံတစ်ခုနှင့်အတူ ကောင်ငယ်လေးကလည်း ရုတ်တရက် ခုန်လိုက်ရာ ငှက်နီကြီး၏ ကျောထက်တွင် ထိုင်ရက်သား ရောက်ရှိသွားတော့၏။
“ အား…….”
ငှက်နီကြီးက စိတ်ဓါတ်ကျစွာ အော်ဟစ်ငိုကြွေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်းသွေးဆက် မွန်းစတား တစ်ကောင်က သူ၏ကျောထက်တွင် ရောက်ရှိနေ
ပြီမဟုတ်လား။ သူ၏ အမြင်အာရုံတစ်ခုလုံး ပင် မှောင်မိုက်သွားကာ မြေပြင်ပေါ်သို့ပင် ပြုတ်ကျ လုမတတ် ဖြစ်သွားရသည်။
“ ငါ ဗိုက်ဝသေးတာ မဟုတ်ဘူးနော်……၊ ဘာလဲ မင်းက ဟို ငှက်ဥခွံထဲထည့်ပြီး အချက်ခံချင်လို့လား…”
ဟောင်က ငှက်နီကြီး၏ ကျောထက်တွင် ထိုင်လျက် ပြန်လည်ကုစားခြင်းကို ဆက်လက် လုပ်ဆောင်နေလေသည်။
“ အောင်မယ်လေးဗျ….ဘဘကြီးရဲ့ ခါးသေးသေးလေးတော့ သွားပါပြီ…..”
ငှက်နီကြီးက တောင်ပံများကိုခတ်လိုက်သည်တွင် အတောင်မွှေးများက အောက်သို့ ပြုတ်ကျသွား၏။ ယင်းအတွေ့အကြုံကိုယခင်ကလည်း ကြုံတွေ့ခဲ့ဖူးသည်ဖြစ်ရာ ငှက်နီကြီးခမျာ နောက်နောင်တွင် ထွက်ပြေးမည်ဆိုလျှင်တောင် အနည်းဆုံး နှစ်ကြိမ်မျှ ပြန်စဉ်းစားရန်လိုအပ်ပေလိမ့်မည်။
ထိုစဉ်မှာပင် ရုတ်တရက်ဆိုသလိုပင် အလွန်ကျယ်လောင်သည့် အော်သံကြီးတစ်ခုနှင့်အတူ ကြီးမားလှသည့် ငှက်ကြီးတစ်ကောင်က ၎င်းတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
၎င်းငှက်ကြီး၏ အသံမှာ မိုးချုန်းသံတစ်ခုအလား နားစည်ကိုပင် ထိုးဖောက်သွားမတတ်ပင် ကျယ်လောင်လှသည်။ ၎င်းငှက်ကြီးနှင့်
ငှက်နီကြီးတို့၏ အကွာအဝေးမှာ မီတာ နှစ်ဆယ် သုံးဆယ် ခန့် ဝေးကွာနေသည့်တိုင်အောင် ၎င်းငှက်ကြီး၏ အရွယ်အစားမှာ လွန်စွာမှပင် ကြီးမားသည်ကို တွေ့နေရလေသည်။
“ ဟာ .. ငှက်အမေကြီး .. လိုက်လာပြီ .. သောက်ကလေးရ .. မြန်မြန် ပြန်တိုက်လေကွာ…’
ငှက်နီကြီးက ထိတ်လန့်တကြား အော်ဟစ်သည်။
“ ငါက ဥကို ခိုးပြီး ချက်ခဲ့တဲ့ကောင်မှ မဟုတ်တာ ငါနဲ့ ဘာဆိုင်လို့လဲ…အဲ့တာတွေ အကုန်လုံးကို မင်းလက်နဲ့ မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာလေ…မင်းဖာသာမင်းပဲ
မြန်မြန်သွားချ.”
ဟောင်က ပြောပြောဆိုဆိုပင် ငှက်ဥခွံကြီးတစ်ခုကို ငှက်နီကြီး၏ ခေါင်းထက်တွင် ချည်နှောင်ပေးလိုက်သည်။ ယင်းကို ကြည့်ရသည်မှာ သံမဏိ ဦးထုပ်တစ်လုံးကို ဆောင်းထားသည့်နှယ်။ ထို့အပြင် ယင်း ဦးထုပ်မှ အနက်ရောင် အလင်းတန်းများကလည်း ဖြာထွက်လျက်ရှိနေ၏။
“ ဟမ်….ဘာလဲဟ မင်းက ငါ့ကို အပြစ်တွေအားလုံး ပုံချဖို့ လုပ်နေတာလား….၊ အဲ့လိုပြောကြေးဆိုရင် မင်းက နှစ်လုံးတောင်မှ စားခဲ့တာပါကွ…၊ ငါစားတာကမှ တစ်လုံး
တည်းရယ်…”
ငှက်နီကြီးက စိတ်ဓါတ်ကျစွာ အော်ဟစ်ပြောဆိုသည်။
သို့သော် သိပ်မကြာခင်မှာပင် တောင်ငှက်မိစ္ဆာသည် ဟောင်နှင့် ငှက်နီကြီးတို့အား တွေ့သွားလေသည်။ မတွေ့ခံနိုင်ရိုးလား။ ခေါင်းထက်တွင် အနက်ရောင် အလင်းတန်းများဖြာထွက်နေသည့် အနက်ရောင် ဦးထုပ်ကြီး တစ်လုံးဆောင်းထားသည့် ငှက်တစ်ကောင်နှင့်လူတစ်ယောက်က သူ၏ မြင်ကွင်းထဲတွင် ရှင်းရှင်းလင်းလင်းကြီး မြင်နေရသည် မဟုတ်ပါလား။
ယင်း အနက်ရောင်ဦးထုပ်အား မြင်သည်တွင် တောင်ငှက်မိစ္ဆာ၏ မျက်လုံးများထဲတွင် မီးများပင်တောက်လောင်လာကာ ဒေါသတကြီး
လိုက်လံ တိုက်ခိုက်တော့၏။
အမှန်တစ်ကယ်အားဖြင့် ငှက်နီကြီးသည် ရှီဟောင်လောက် သန်မာခြင်းမရှိသော်လည်း ယင်းကား အားနည်းသည်ဟုလည်း ဆိုလိုခြင်းမဟုတ်ပါချေ။ ဆန့်ကျင်ဘက်အားဖြင့်ဆိုရလျှင် ရှေးဟောင်းမျိုးစိတ်သတ္တဝါတစ်ကောင် အနေဖြင့် ငှက်နီကြီးကလည်း အလွန်သန်မာလေသည်။ ငှက်နီကြီးက ချက်ချင်းပင် ပြန်လည်တိုက်ခိုက်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ထက်တွင် ငှက်တောင်မွှေးများဖြင့် ပြန့်ကျဲသွားလေသည်။ ကြီးမားလှသည့်မီးတောက်များက ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွားပြီး အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာကာ နေရာအနှံ့တွင် ပေါက်ကွဲသွားတော့၏။
နောက်ဆုံးတွင်တော့ တောင်ငှက်မိစ္ဆာ ရှုံးနိမ့်သွားလေသည်။ ငှက်နီကြီးမှာလည်း လွတ်မြောက်သွားလေတော့သည်။
“ ငါနဲ့ လာချစမ်းပါကွ….ဟား…ဟား…၊ ဒီက ဘဘကြိးကို မချရဲတော့ဘူးလားကွ….”
ငှက်နီကြီးက မြောက်ကြွမြောက်ကြွဖြင့် ကြွားဝါ အော်ဟစ်နေလေသည်။
“ အောင်မယ်လေး….ငါ့ခါးသေးသေးလေး….ငါ့ခါးလေးတွေ ၊ လက်ချောင်းသွယ်သွယ်လေးတွေ နဲ့လှတပတ တောင်ပံလေးတွေကတော့ သွားပါပြီ…”
ပြောဆိုရင်းပင် ငှက်နီကြီးက ကောင်းကင်ထက်တွင် ပျံသန်းနေရင်း လှည့်ပတ် ယိမ်းထိုးလှုပ်ရှားနေလေရာ မျက်ရည်များ နှပ်ချေးဖတ်များလည်း ကောင်းကင်ထက်တွင် ပျံဝဲလျက်သာ ရှိနေတော့၏။
ရက်အတန်ငယ်အကြာတွင် ရှီဟောင်၏ ဒဏ်ရာမှာလည်း ကုန်စင်အောင် ပျောက်ကင်းသွားသည့်အပြင် ယခင်ကထက်ပို၍လည်း သန်မာလာလေသည်။
“ ကဲ…..၊ အခုချိန်မှာ မိုးရေစက် ကလန်က ဘာတွေလုပ်နေလဲဆိုတာ သွားကြည့်ကြတာပေါ့…”
ဤဒေသတစ်ခုလုံးသည် ရေကန်များနှင့် ပြည့်နှက်လျက်ရှိနေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က မိုးရေစက် ကလန်မှ လူများက ဤဒေသသို့ ရောက်လာကြပြီး ဒဏ္ဍာရီထဲမှ စစ်မှန်သည့် ရေစင်တော်မြတ် ၏ အငွေ့အသက်များကို ခံစားမိခဲ့ကြသည်။
ယင်း စစ်မှန်သည့်ရေစင်တော်မြတ်အား နတ်ဘုရား ဆေးရည် အဖြစ် သတ်မှတ်နိုင်လေသည်။ ၎င်းရေစင်တော်မြတ်တွင် ထူးဆန်းသည့် အသုံးဝင်မှုများစွာ ပိုင်ဆိုင်ထား
သည်။
ဥပမာ အနေဖြင့် ၎င်းကို ဆေးဝါးအနေဖြင့် အသုံးပြုနိုင်သည်။ ထို့အပြင် အလွန်တန်ဖိုးရှိသည့်အသားအရည် ထိန်းသိမ်းခြင်း ဆေးလုံးအဖြစ်လည်း အသုံးပြုနိုင်သေး၏။
၎င်းမှာ ရေဓါတ်၏ ဥပဒေသများအား ငှားယူ အသုံးပြုခြင်းလည်းဖြစ်သည်။ ၎င်း ရေစင်တော်မြတ်အားလည်း မိုးရေစက်ကလန်ကသာ လက်ဝါးကြီးအုပ်ထား၏။
အကယ်၍သာ တစ်စုံတစ်ယောက်က ယင်း ရေစင်တော်မြတ်အား အသုံးပြု၍ ကျင့်ကြံမည်ဆိုပါက တစ်ဝက်လောက်သာ ကြိုးစားအားထုတ်ရုံမျှဖြင့် နှစ်ဆမျှအထိ အကျိုး
ကျေးဇူး ရရှိနိုင်လေသည်။
ယင်းအချက်များကြောင့်လည်း မိုးရေစက်ကလန်က လူအင်အား မြောက်မြားစွာ အသုံးပြုကာ အဆိုပါ စစ်မှန်သည့် ရေစင်တော်မြတ် ရှိရာနေရာကို အပြင်းအထန်ရှာဖွေခဲ့
ခြင်းဖြစ်သည်။ ရက်ပေါင်းများစွာ အကြာတွင် အောင်မြင်မှုတစ်ချို့ ရရှိခဲ့လေသည်။ အမှန်တစ်ကယ်အားဖြင့် စစ်မှန်သည့် ရေစင်တော်မြတ်ရှိရာနေရာသည် ကြီးမားသည့် ရေကန်ကြီးများ၏ ရှေ့တွင်မဟုတ်ပေ။
၎င်းကား ဤဒေသရှိ ကန္တာရ ကုန်းမြေတစ်ခုအတွင်းရှိ အတန်ငယ်ဝေးကွာသည့် ရေကန်ငယ်လေးတစ်ခုဆီမှဖြစ်သည်။ ယင်းရေကန်
မှာ မီတာ အနည်းငယ်ခန့်သာ ကျယ်ဝန်းပြီး ရေကန်အတွင်းတွင်လည်း နတ်ဘုရားဆေးရည်များက အမြှုပ်များပင် ထနေကာ နှင်းဆီရောင် အခိုးအငွေ့များလည်း ထွက်ပေါ်နေလေ၏။
သို့သော် နှစ်ရက်ကြာမျှ လမ်းလျှောက်ကာ ရှာဖွေပြီးသည့်တိုင်အောင် မိုးရေစက်ကလန်မှ လူများက အဆိုပါ နတ်ဘုရားရေကန်အား ရှာမတွေ့နိုင်ခဲ့ကြပေ။
“ လခွမ်းပဲ … ခုနက တွေ့လိုက်တာ စစ်မှန်သော ရေစင်တော်မြတ် တွေရှိတဲ့ ရေကန်ကြီးလို့ ထင်လိုက်တာ…လက်စသတ်တော့ သောက်တံလျှပ်ကြီးဖြစ်နေတာကိုး…၊ငါတို့ကို ခဏခဏ မျက်စိလည်အောင် လုပ်နေတယ်…၊ ဒါ ပေမယ့်လည်း ဒါကိုက ငါတို့တွေ တဖြည်းဖြည်းနဲ့ စစ်မှန်သော ရေစင်တော်မြတ်ရှိတဲ့နေရာနဲ့ နီးလာပြီဆိုတဲ့အဓိပ္ပါယ်ပဲ မဟုတ်ဘူးလား….”
ယုခွန်း တစ်ယောက် စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတော့ လူပေါင်းများစွာကို သတ်ဖြတ်ပြီး အချိန်အကြာကြီး ရှာဖွေခဲ့ရသည်များမှာ မကြာမီပင် အကျိုးအမြတ်များ ခံစားရတော့မည် မဟုတ်ပါလား။
ဒဏ္ဍာရီ မှတ်တမ်းများအရဆိုလျှင် စစ်မှန်သော ရေစင်တော်မြတ်များမှာ နတ်ဘုရားများပင် လိုချင်သည့် ရတနာမျိုးဖြစ်လေသည်။ စစ်မှန်သော ရေစင်တော်မြတ် တစ်စက်မျှသော ပမာဏနှင့်ပင် ဝိဉာဉ်စွမ်းအားကြွယ်ဝသည့် အလွန်တန်ဖိုးကြီးမားလှသည့် အသုံးအဆောင်များကို ပြုလုပ်နိုင်လေသည်။
အမှန်တစ်ကယ်အားဖြင့် စစ်မှန်သော ရေစင်
တော်မြတ် ရှိသည့် ရေကန်မှာ ဤနေရာတွင်ပင် ဖြစ်၏။ သို့သော် အပြင်ကမ္ဘာမှ လူများက ၎င်းအား လာရောက်ရှာဖွေမည်ဆိုပါက ၎င်း၏ ပုံစံမှာလည်း ပြောင်းလဲသွားခြင်း ဖြစ်လေသည်။
ဤအကြောင်းကို ဂရုမစိုက်သည့် အသက်ကြီးကြီး အရူးအဖိုးကြီးများက လူပေါင်းများစွာကို ဤနေရာသို့ စေလွှတ်ကာ စစ်မှန်သော ရေစင်တော်မြတ်အား ရသည့်နည်းနှင့် ရှာဖွေကာ ပြန်လည်ယူဆောင်ခဲ့ရန် တာဝန်ပေးခဲ့ကြသည်။
***