သုခကမ္ဘာက ရှီဟောင် - Chapter - 253
Chapter – 253
ဒီစုတ်ပြတ်နေတဲ့ ကလေးက ဘယ်ကပေါ်လာတာလဲ။
ဒီကောင်စုတ်က ဘယ်လိုပေါ်လာတာလဲ။
မိုးကလန်လူတွေအဖို့ ရူးသွပ်တော့မလိုဖြစ်နေကြလေပြီ။ မိုးကောင်ကင်ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအောက်မှာ ဒီလိုအရာတွေ ဖြစ်ပျက်လာနိုင်လို့လား။ဒီအဖြစ်အပျက်က ကောင်းကင်ကိုတောင်ပြိုကျလာနိုင်တဲ့ကပ်ဘေးတစ်ခုအလား ထင်ရစေသည်။
အာရုံငါးပါးကတောင် ခံစားမိတာမျိုးမ၇ှိဘဲနဲ့ ဘယ်လိုဖြစ်ပြီး ကောင်းကင်ပေါ်က ပြုတ်ကျလာရတာလဲ။ ဘယ်လောက်ကြာသေးလို့ ချက်ချင်းပြုတ်ကျလာရတာလဲ။
နတ်ဘုရားရေကန်တောင် လန့်ပြီး ထွက်ပြေးသွားပြီ။
မိုးကလန်သားတွေကတော့ အော်ငိုချင်နေကြသည်။
နတ်ဘုရားရေဆိုတာ သောက်ဖို့မဟုတ်ပေ။ ဒီရေက ကျင့်ကြံခြင်းအတွက် အကျိုးရှိပြီဒ အရမ်းအဖိုးတန်တဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ပြုလုပ်နိုင်ပေသည်။ သူတို့တွေ နောက်ကို ခြေလှမ်းထောင်ကျော်ပြန်ဆုတ်လိုက်ရရင်တောင်မှ ထိုသူက ဒီရေကိုသောက်လိုက်တယ်ဆိုတဲ့အကြောင်းကို မေ့သွားလိမ့်မည်မဟုတ်ပေ။ မင် းဘယ်လိုတောင် ဖျက်ဆီးပစ်လိုက်တာလဲကွ။
နတ်ဘုရားရေတွေနဲ့ ထိုသူ့ရဲ့မျက်နှာက အညစ်အကြေးတွေကို ဆေးကြောပစ်လိုက်တဲ့အခါမှာတော့ ထိုသူ့မျက်နှာကို သေချာမြင်လိုက်ကြရသည်။
ထိုသူ့ကိုမြင်တာနဲ့ မိုးကလန်သားတွေဆီက ခါးသီးတဲ့ခံစားချက်တွေနဲ့ အဆုတ်ထဲမှာ ဒေါသတွေပြည့်နှက်ပြီး ပေါက်ကွဲထွက်တော့မလိုဖြစ်လာကြသည်။
“ မင်းပဲ”
“ မေ- -ိုး”
မိုးကလန်သားတွေမှာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မတတ် ဖြစ်လာကြသည်။
သူတို့တွေ အ၇မ်းကိုကြိုးစားခဲ့ပြီး အသေးစိတ်ကအစ ဂရုတစိုက်နေခဲ့ရသည်။ မိုးကလန်ရဲ့နတ်ဘုရားကတောင်မှ အရမ်းကိုအပင်ပန်းခံထားခဲ့သည်။
အခုဒါက အထင်မှားအမြင်မှားဖြစ်နေတာဆိုရင် လက်ခံနိုင်သေးသည်။ သို့ပေမယ့် အခုတော့ ထိုယုတ်မာတဲ့အကောင်က ရေထဲမှာပဲရှိနေသေးပြီး ရေတွေကို အငမ်းမရမြိုချနေခဲ့သည်ပေ။
မိုးကလန်သားတွေ ရူးသွပ်စွာအော်ဟစ်တော့သည်။ အခုတော့ အားလုံးပြီးဆုံးသွားပြီကိုသိလိုက်သည်၊ အခုမှ တစ်ခုခုလုပ်ရင်တောင် အဆင်မပြေနိုင်တော့ပေ။ သူတို့တွေ နတ်ဘုရားရေကို မယူသွားနိုင်တော့။
“ သူ့ကိုသတ်”
“ မဟုတ်ဘူး စစ်မှန်တဲ့ရေကိုယူ၊ ထွက်မပြေးသွားစေနဲ့”
အသံနှစ်ခုလုံးက မိုးကလန်တွင်းကပဲ ထွက်ပေါ်လာခဲ့ခြင်းပင်။ တချို့က ဒေါသအထွက်လွန်ပြီး ထိုသူကို သတ်ချင်ကြပေမယ့် အကြီးအကဲတွေကတော့ လာရင်းရည်ရွယ်ချက်ကိုသိကြပေသည်။ တကယ်လို့ နတ်ဘုရားတွေသာ ကန္တာရကနေ ထွက်ပြေးသွားခဲ့၇င် သူတို့ဘာမှမရပဲ ပြန်ရပေလိမ့်မည်။
အကြံပြုချက်က နှစ်မျိုးဖြစ်ပေမယ့် မိုးကလန်သားတွေကတော့ တစ်ပြိုင်နက်ထဲ လှုပ်၇ှားလိုက်ကြသည်။ တချို့က ထိုငနဲရဲ့ခေါင်းကိုဖြတ်ခုတ်ဖို့ တိုး၀င်သွားပြီး တချို့ကတော့ မီးဖိုချောင်သုံးပစ္စည်းတွေထုတ်ကာ ရေထည့်ဖို့ ကြိုးစားလေသည်။
ကောင်းကင်တွင် များပြားသော သင်္ကေတတွေ လူးလွန့်ကာ ကခုန်နေကြသည်။
နတ်ဘုရားရေကလည်း ဒယ်စောက်အိုးထဲကနေ ထွက်ပြေးဖို့ အသည်းအသန်ကြိုးစားကာ ရုန်းကန်နေလေသည်။
“ ငြိမ်ငြိမ်နေစမ်း”
ကောင်ကလေးက အော်လိုက်ပြီးတဲ့နောက် အဖိုးတန်ပုတီးစေ့ကို ထုတ်လိုက်သည်။ ထိုပုတီးစေ့မှ တောက်ပလွန်းတဲ့အလင်းရောင်တွေထွက်လာကာ တိုက်ခိုက်လာတဲ့ သင်္ကေတပေါင်းများစွာကို အလင်းလွှာအဖြစ် ကာရံထားလိုက်သည်။
မိုးကလန်လူတွေကတော့ ဒေါသတကြီးဖြစ်ကုန်သည်။ ဒါဘယ်လိုပစ္စည်းမို့လို့ သူတို့ရဲ့တိုက်ခိုက်မှုတိုင်းကို ကျေပျက်စေနိုင်တာလဲ။
သူတို့ရဲ့တိုက်ခိုက်မှုတွေအကုန် ပျက်ဆီးကုန်ရပြီ။
“ အဲ့ဒါ ချိတ်ပိတ်ခြင်း အလင်းပုတီးစေ့ပဲ”
ယု၀မ်ချန်း ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့နှဖူးက သွေးကြောတွေထောင်ထနေသည်မှာ ပေါက်ထွက်တော့မလိုဖြစ်နေသည်။ ဒီလိုအေ၇းကြီးတဲ့အချိန်မှာ ထိုအကောင်က အဖိုးတန်ပစ္စည်းကို ယူဆောင်လာနိုင်သေးသည်။ သူတို့ဘယ်လိုများ တိုက်ခိုက်ရတော့မှာလဲ။ သူ့ကိုယ်က ဒေါသတွေပေါက်ကွဲထွက်တော့မလိုဖြစ်နေသလို စိုးရိမ်နေပုံလည်း ပေါက်နေသေးသည်။
“ ဒါရှေးဟောင်းချိတ်ပိတ်ခြင်း အလင်းပုတီးစေ့ကို ပြုပြင်ထားတဲ့ဟာပဲ။ မြန်မြန် ငါတို့ပေါင်းပြီး ချေဖျက်ပစ်ရအောင်”
အားလုံးအော်ဟစ်လိုက်ကြသည်။
အားလုံးဟာ တစ်ပြိုင်နက်ထဲ စုပေါင်းပြီး စွမ်းအားတွေထုတ်ဖော်လိုက်သည်။ အမျိုးစုံသော သင်္ကေတွေက အတူတကွပေါင်းစည်းကာ အလင်းကာကို ရိုက်ခတ်ကြသည်။
“ ခန္ဓာကိုယ်စွမ်းအားကိုသုံး။ ကိုယ်စွမ်းအားနဲ့ လက်နက်တွေပေါင်းပြီးတိုက်ခိုက်မှရမယ် မဟုတ်ရင် သင်္ကေတတွေက မူလစွမ်းအားတွေ တားဆီးခံရလိမ့်မယ်”
ယုကွန်က လှမ်းအော်ပြီး ထိုပါရမီရှင်တွေကို အကြံဥာဏ်ပေးလိုက်သည်။
ဒယ်စောက်အိုးထဲတွင်တော့ ပြင်ပကနေ တစ်ပြိုင်နက်ထဲညီညီညာညာ ရိုက်ခတ်လာတဲ့ လက်နက်တွေကြောင့် ‘ ကချွင် ကချွင်’ ဆိုတဲ့ သံသံချင်းရိုက်မိသံတွေသာ ပြည့်နှက်လာသည်။ ထိုအသံတွေက နားအူစေပြီး ၀မ်၀မ်မြည်သံကိုသာ ကြားရတော့မတတ် စိုးရွားလှသည်။
ရှီဟောင်က လက်တစ်ဖက်မှာ ချိတ်ပိတ်ခြင်းအလင်းပုတီးစေ့ကိုကိုင်ထားရင်း ပြင်ပက ကိစ္စတွေကို လုံး၀လျစ်လျူရှုလျက်ရှိသည်။ ဒီပစ္စည်းကို ရှောင်ထျန်းဆီက ရရှိခဲ့တာဖြစ်သည်။ ဒီပစ္စည်းက နတ်ဘုရားရေကို ချုပ်နှောင်နိုင်သည်။ထို့ကြောင့် နတ်ဘုရားရေ ထွက်မပြေးနိုင်ခြင်းပင်။ သို့ပေမယ့် အလေအလွင့်အပျက်အဆီးများကာအားလုံးကိုတော့ ချုပ်နှောင်ထားနိုင်စွမ်းမ၇ှိပေ။
ဘာပဲဖြစ်ဖြစ် သူသောက်လိုက်ပြီးပြီမို့ နတ်ဘုရားရေတွေက နောက်ဆုတ်သွားကြကာ တတ်နိုင်သမျှ ထွက်ပြေးဖို့ကြိုးစားကြတော့သည်။ အဆုံးသတ်မှာတော့ သူ့နားတွေ၊မ ျက်လုံးတွေကနေ အလင်းရောင်တွေ တောက်ပလာသည်။နတဘုရားရေက အဆီအနှစ်အဖြစ် ပြောင်းလဲသွားခြင်းပင်။ နတ်ဘုရားရေက အညံ့ခံလိုက်တာတော့မဟုတ်ချေ။ ရှီဟောင်ရဲ့မွှေးညှင်းပေါက်တွေကအစ နတ်ဘုရားရေရဲ့အမျိုးစုံသော အလင်းရောင်တွေ တောက်ပလာခြင်းဖြစ်သည်။
“ အဆီအနှစ်အဖြစ် ပြောင်းသွားပြီ”
ကောင်ငယ်လေး ခေါင်းကိုက်ရပေပြီ။ သူ သိထားတဲ့ အဆင့်အမြင့်ဆုံးနဲ့ လျှို့ဝှက်မှော်ဆန်လွန်းတဲ့ ရှေးဟောင်းမှတ်တမ်းတွေက သန့်စင်ခြင်းနည်းစနစ်တွေကို ပြန်စဉ်းစားလိုက်သည်။ သူ မျက်လုံးမှိတ်ပြီး သူ့ကိုယ်က ခုနှစ်ခုသော အလင်း၀င်ပေါက်တွေကို ပိတ်ထားလိုက်သည်။ ကောင်ငယ်လေးက နတ်ဘုရားရေတွေကို အလုပ်ကြီးကြီးသောက်ကာ မြိုချနေလိုက်သည်။
ကုတုံ ကုတုံ
နတ်ဘုရားရေက အသည်းအသန်ရုန်းပြီး လွတ်မြောက်ဖို့ကြိုးစားရှာသည်။ သူတို့နှစ်ခုရဲ့ စွမ်းအားတွေပြိုင်ဆိုင်ကြရာက နောက်ဆုံးတော့ တော်တော်များများကို ရှီဟောင်မြိုချလိုက်နိုင်ပေသည်။
မိုးကလန်သားတွေမှာ ရူးသွပ်ကုန်ကြပေပြီ။ ဒီကောင်က တော်တော်ကို ရွံရှာဖို့ကောင်းလွန်းတာပဲ။
အဲ့ဒါကို ကျင့်ကြံဖို့နဲ့ လက်နက်တွေသွန်းလုပ်ဖို့သုံးတာကွ။ မင်းကသောက်လိုက်ပြီးတော့ အပြစ်ကင်းသလို လုပ်နေရတာလဲ။ မှားလားမှန်လားဆိုတာကိုတောင် မစဉ်းစားတော့ဘူးလားကွဟမ်။
“ မြန်မြန်ဖျက်ဆီးပြီး ငါ့အတွက်အဲ့ကောင်ကိုသတ်ပေးကြစမ်း။”
“ မြန်မြန်ပွင့်အောင် ချိုးဖျက်ကြကွာ”
အားလုံးက ဒေါသတကြီးဖြစ်ကာ အော်ဟစ်ကုန်ကြသည်။
မိုးကလန်သားတွေက စွမ်းအားတွေအကုန်စုစည်းပြီး သင်္ကေတအမျိုးမျိုးဖော်ကာ လျှို့ဝှက်ကျင့်စဉ်တွေနဲ့ တိုက်ခိုက်ကြသည်။ သို့သော် မည်သို့ပင် တိုက်ခိုက်ပါစေ ထူးခြားစွာ ပြောင်းလဲလာခြင်းမျိုး မရှိပါစေ။
“ အားယိုး ဗိုက်နာလာသလိုပဲ”
သူ့ကိုယ်မှာ ရေစက်တွေရှိနေသေးပြီး မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေသည်။
“ အေးဆက်သောက်နေလိုက် သောက်ကောင်။ မကြာခင် နင့်ကိုယ်ပေါက်ကွဲလိမ့်မယ်”
ယုကွန် ဒေါသတကြီးနဲ့ ခြေဆောင့်ရင်း ဆဲရေးနေလေသည်။
“ ဆက်မသောက်ပါနဲ့တော့ ။ မင်းသောက်ထားတာတွေကို အရင်သန့်စင်ဖို့လိုတယ် ဆက်မသောက်သင့်တော့ဘူး”
မိုးကလန်က အကြီးအကဲတွေကို ငိုတော့မတတ်ဖြစ်နေကြလေပြီ။ အဲ့ဒါတွေကို ဆေးဖော်ဖို့ထားတာကွ .. ဘယ်လောက်တောင်ဖြုန်းတီးလိုက်လဲ။
ဆေးဖော်ဖို့သုံးမှာပဲကို ငါတစ်ခါထဲ မြိုချလိုက်လို့မရဘူးလား။
ရှီဟောင် ဂရုစိုက်မနေတော့ဘဲနဲ့ မျက်လုံးနဲ့နားတွေပိတ်၊ ကိုယ်က အလင်းခုနှစ်ပေါက်ကိုလည်း ပိတ်ပြီး တတ်နိုင်သမျှ ရေကိုမြိုချနိုင်ဖို့သာ ကြိုးစားနေတော့သည်။ သူ့ဗိုက်သေးသေးလေးပင် ဖောင်းကားလာလေသည်။
ချိတ်ပိတ်ခြင်းအလင်းပုတီးစေ့က အရောင်ဖျော့လာကာ စွမ်းအားကုန်ဆုံးသလိုဖြစ်လာသည်။
အထဲက ကောင်လေးကလည်း အချိန်ပြည့်ပြီဆိုတာ သိလိုက်တာမို့ သောက်လက်စကိုရပ်ပြီး ကျောက်စိမ်းခွက်တစ်ခုကိုထုတ်လိုက်သည်။ ထိုထဲကို နတ်ဘုရားရေတွေဖြည့်ပြီးနောက် အလင်းပုတီးစေ့နဲ့ ပိတ်လိုက်သည်။ နောက် ရွှေရောင်ညှပ်ကိုထုတ်လိုက်တယ်ဆိုရင်ပဲ အသံတစ်ခုနဲ့အတူ ဒယ်စောက်အိုးက ပျက်ဆီးကျေကွဲသွားသည်။
မိုးကလန်သားတွေ ရူးသွပ်သွားကာ နတ်ဘုရားရေကို ကမန်းကတမ်း စုဆောင်းကြတော့သည်။
သို့သော်လည်း အချုပ်အနှောင်မရှိတော့တဲ့ နတ်ဘုရားရေက အရိပ်အသွင်ပြောင်းကာ မိုးကလန်သားတွေရဲ့ ခန္ဓာကိုယ်တွေကိုဖြတ်ပြီး အသည်းအသန်ထွက်ပြေးတော့သည်။
“ လိုက်ဖမ်းကြစမ်း”
ဗရမ်းပတာဖြစ်နေတဲ့ အခြေအနေကိုအခွင့်ကောင်းယူပြီး ကောင်ငယ်ကလေးက လက်နက်တစ်ခုကိုထုတ်ကာ လူအုပ်ထဲက ထွက်သည်။ နောက် မြေပြင်ကို ခြေဆောင့်နင်းပြီးကောင်းကင်သို့ပျံဝဲတက်တော့သည်။
“ သူ့ကို မလွတ်စေနဲ့”
မိုးကလန်သားတွေ ဒေါသတကြီးဖြစ်ရုံမျှမက မျက်လုံးတွေပါ နီရဲတက်လာကြသည်။
ဒီကောင်က မိုးပေါ်ကကျလာပြီး သူတို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးခဲ့တဲ့အပြင် ကောင်းကင်ဘုံကိုးဆင့်က အိပ်မက်ကို ငရဲကြီးရှစ်ထပ်ကို ရောက်စေတဲ့အထိ ဆိုးဆိုးရွားရွား ဖျက်ဆီးခြင်းပင်။
“ မင်း ပြေးလို့လွတ်မယ်ထင်နေလားဟမ်”
ရှိသမျှသော အဖိုးတန်ပစ္စည်းတွေကို ထုတ်ပြီး လွှင့်ပစ်ကာဘက်ပေါင်းစုံကနေ ပိတ်ဆို့လိုက်ကြသည်။ရပ်ကြည့်နေရုံသာရှိသေးတဲ့ ကလန်သားတွေကလည်း လက်နက်တွေထုတ်ကာလိုက်လံဖမ်းဆီးကြသည်။
“ ပျံနေတယ်၊ မေ- -ိုး ဒီကောင်ပျံပြေးပြီ”
မိုးကလန်ထဲက ပုံရိပ်ကြီးက အော်ဟစ်လေသည်။ ကြီးမားပြီး ကြောက်မက်ဖွယ်အော်ရာနဲ့ ဌက်ကြီးတစ်ကောင်ရောက်လာသည်။ သူ့ရဲ့ ကြီးမားပြီး လှပတဲ့တောင်ပံတစ်စုံကိုခတ်ရင်း ကောင်ငယ်လေးကို ဖမ်းလိုက်သည်။
နောက်ဆုံးတော့ အပြုံးတစ်ခုနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားလေပြီ။
ယု၀မ်ချန်းနဲ့ယုကွန်တို့ ဒေါသကြောင့် သူတို့မျက်နှာက နီရာကနေ ခရမ်းေ၇ာင်ပင် ပြောင်းနေလေပြီ။ ဒီတစ်ကြိမ်လည်း ဒီဌက်စုတ်ပဲ။
မတိုင်မီက ကိစ္စကို ကလန်ကိုမပြောရသေးတာမို့လို့ ဒီဌက်အကြောင်းကို မသိကြသေးချေ။
“ သတ်မယ် ငါသူ့ကိုရအောင်သတ်မယ်”
မိုးကလန်သားတွေရဲ့မျက်နှာမှာ ခါးသီးတဲ့မျက်ရည်တွေပင်ကျမတတ်ဖြစ်နေကြလေသည်။ သူတို့ကြိုးစားထားသမျှအားလုံး အဖတ်မတင်လိုက်ပေ။ နတ်ဘုရားရေကလည်း မြေအောက်ထဲ၀င်သွားပြီမို့ ပြန်ထွက်လာဖို့၊ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
ဒါက သူတို့အတွက်တော့ သေတာထက်ပင်ဆိုးရွားပေသည်။ ကလန်အဆင့်မြင့်တက်လာဖို့ဆိုတဲ့ မျှော်မှန်းချက်တွေအားလုံးက ယုတ်မာတဲ့ကောင်တစ်ကောင်ကြောင့်ပျက်ဆီးခဲ့ရပေသည်။ သူတို့ကလန်နတ်ဘုရားရဲ့စွမ်းအားကို ဌားယမ်းသုံးစွဲခဲ့တာတောင်မှ သဲထဲရေသွန်သလိုဖြစ်ခဲ့ရသည်။ ဘာလဲတူလဲဆိုရင် အခြားသူရဲ့မင်္ဂလာဆောင်အတွက် ၀တ်စုံချုပ်ပေးရသလိုပင်။
“ မုန်းလိုက်တာ”
ယု၀မ်ချန်းနဲ့ယုကွန်တို့ရဲ့နှာခေါင်းက အဖြူရောင်မီးခိုးတွေထွက်မတတ်ဖြစ်ကာ နားတွေကတော့မီးပွင့်မတတ်ဖြစ်နေလေသည်။ မျက်လုံးတွေကလည်း ကြယ်တွေလိုတောက်ပလွန်းနေပြီး ရှေးခေတ်က နွားရိုင်းတွေနဲ့တောင်တူလာကာ သူတို့က ကိုယ်ကို လွှဲယိမ်းရင်း ကောင်းကင်သို့ ထိုးတက်သွားလေသည်။
မျိုးစုံသောလျှို့ဝှက်လက်နက်တွေကို သုံးပြီး ကောင်စုတ်ကလေးကို လိုက်ရှာကြတော့သည်။
***