သုခကမ္ဘာက ရှီဟောင် - Chapter - 261
Chapter – 261
လမ်းတစ်လျှောက်က သတ္တဝါတွေက ဒေါသထွက်ကာ စိတ်ရှုပ်သွားကြ၏။
သို့သော် ဒီလူသားကား သိပ်ကိုစွမ်းအားကြီးနေသည်။
ဟောင့်ကို တားဆီးဖို့ကြိုးစားကြတဲ့ သတ္တဝါတွေဟာ ဘေးကို တွန်းဖယ်ခံရပြီး သူကတော့ သာသာယာယာပင် ရှေ့ဆက်သွားလေ၏။
“ လူသား မင်း၀င်မလာသင့်တဲ့နေရာကို ခြေကိုလာမချသင့်ဘူး”
ရှီဟောင်၀င်လာတဲ့နေရာကား တဖြေးဖြေးနဲ့ ေ၇ှးဟောင်းသားရဲတွေချည်းရှိနေတဲ့ဘက်ကို ရောက်လာလေသည်။ ဒီရှေးဟောင်းသားရဲတွေကား သိပ်ကိုကြောက်မက်ဖွယ်ကောင်းလွန်းကာ စွမ်းအားကြီးလွန်းလှပေသည်။
“ ငါ့ကို စိတ်တိုအောင်မလုပ်နဲ့”
ရှီဟောင်လည်း ပြန်ဟောက်လိုက်ကာ ရှေ့ဆက်သွားသည်။
ကြောက်မက်ဖွယ်ရှေးဟောင်းသားရဲကြီးက စိတ်တိုသွားကာ ဟိန်းဟောက်ပြီး သူ့ကိုယ်ကသတ်ဖြတ်ချင်စိတ်တွေလည်း ပျံ့လွင့်လို့လာလေသည်။ ရောင်စုံအလင်းတွေလည်း ထွက်လာကာ ဒေါသတကြီးဖြစ်လာသည်။
“ ငါပြောနေတယ် မင်းအစွယ်ကိုလာဖြဲပြမနေနဲ့ ချက်စားပစ်လိုက်မယ်”
ကြောက်မက်ဖွယ်သားရဲကိုမြင်တာတောင် ရှီဟောင်က တုန်လှုပ်တာမျိုးမ၇ှိတဲ့အပြင် ခြိမ်းခြောက်လိုက်သေးပေသည်။
အားလုံး မှင်တက်သွားကြပေသည်။
ဘာ..ဘာကြီး.. သူတို့နားကြားများမှားသွားတာလား.. ဘယ်သူက ဘယ်သူ့ကိုစားမှာ..
ကြောက်စရာရှေးဟောင်းသားရဲတွေက လူသားတွေကိုစားသောက်တယ်ဆိုတာကိုပဲ ကြားဖူးကြတာမဟုတ်ဘူးလား.. အခုဒီလူသားက သားရဲတွေကို ပြန်စားမယ်ပြောနေတာလား…
ကြောက်စရာသားရဲတွေလည်း ဒေါသတကြီးဖြစ်သွားကာ
“ လူသား မင်းသေချင်နေပြီထင်တယ်” လို့အော်ဟစ်ပြီး ရှေ့ကိုတက်လာကြလေသည်။
သို့ပေသိ ရှီဟောင်ကတော့ ကြောက်ဖို့နေနေသာသာ သင်္ကေတချို့ကိုပဲ ထိုသားရဲတွေဆီ ကန်လွှတ်လိုက်လေသည်။ အားလှိုင်းခြင်းချေပျက်ပြီးတဲ့နောက် ခြေဗလာသက်သက်နဲ့ ရှေးဟောင်းသားရဲအုပ်ကို ကန်ထုတ်လိုက်သည်။
အားလုံးကတော့ ဒီကလေးရဲ့ခြေထောက်တွေ အစားခံရပြီလို့ တွေးလိုက်တဲ့အချိန်မှာပဲ ရှေးဟောင်းသားရဲတွေဆီက ငိုသံတွေလိုအသံတွေ ထွက်လာကာ သွားတွေနဲ့အတူ သွေးတွေ ထွေးထုတ်လိုက်ရပြီးနောက် နောက်ဘက်ကို လွင့်စင်ကုန်သည်အား မြင်လိုက်ရလေသည်။
ထိုနေရာကသားရဲတွေလည်း ဘေးသို့အမြန်ဖယ်ပေးလိုက်ရသည်။ မြေပေါ်ကျသွားပြီးတဲ့ သားရဲတွေက ပြန်မထလာနိုင်တော့ချေ။ သူတို့ရဲ့ဘ၀မှာ ဒီလိုကြောက်စရာကောင်းတဲ့ လူသားမျိုးကိုမမြင်ဖူးပါချေ။
ဒါက သာမန်ကန်ချက်လေးပဲမဟုတ်ဘူးလား….
သူတို့ရဲ့ပါးစပ်တွေစုတ်ပြတ်သက်ကုန်ကာ အားလုံးက ပူဆွေးစွာနဲ့ အော်မြည်နေကြတော့သည်။
“ ငါ့ကို ရန်လာမစမိစေနဲ့”
ဟောင်ကတော့ ဂရုမစိုက်ဘဲ လေပူတွေသာ မှုတ်ထုတ်လိုက်ဖြစ်သည်။ လဲကျနေတဲ့သားရဲတွေကို တစ်ချက်ကြည့်ပြီးနောက် ရှေ့သို့ဆက်သွားသည်။ တားဆီးလာသမျှကို ဘေးဖယ်ထုတ်ပစ်လိုက်သည့်မြင်ကွင်းကား အလွန်ရဲရင့်ကာ ခမ်းနားလွန်းပေသည်။
သတ္တဝါတွေအကုန် ဆွံ့အကုန်၏။
ဘာလဲ ဒီကောင်ကလည်း ရှေးဟောင်းသားရဲပဲမလားဟမ်
ငါတို့နယ်မြေထဲလည်း ၀င်လာသေးတယ်၊ ရိုင်းရိုင်းစိုင်းစိုင်းလည်း ဆက်ဆံနေသေးတယ်
အဝေးကကြည့်နေတဲ့ လူသားကျင့်ကြံသူတွေလည်း ကျက်သေသေနေကြပေသည်။ သူတို့ကလည်း စွမ်းအားကြီးပြီး သတ္တဝါတွေကို ဂရုစိုက်စရာမလိုပေမယ့် ဒီလိုမျိုး နယ်မြေချဲ့၀င်ပြီးတော့ မရမ်းကားရဲပါချေ။
ဒီကောင်ကတော့ သိပ်ကိုရိုင်းစိုင်းလွန်းတယ်။
ကောင်စုတ်လေးက တော်တော်ရိုင်းစိုင်းတာပဲ
ဌက်နီကြီးကတော့ တင်ပါးကိုခါပြီး သွေးလေဟပ်နေတဲ့မျက်နှာနဲ့ရှီဟောင့်နောက်က ၀င့်ကြွားစွာလိုက်လေသည်။
“ ဘေးဖယ်ကြ၊ဘေးဖယ်ကြ မင်းတို့ကိုငါသတိပေးမယ်နော် မင်းတို့ဘေးဖယ်ထားလိုက်ကြ ဒီအရိုင်းအစိုင်းကောင်လေးကိုမမြင်ဖူးဘူးမလား မင်းတို့ဘေးမဖယ်ရင် ဒီကောင်စုတ်လေး စိတ်ကုန်ပြီး ချက်စားပစ်လိမ့်မယ်”
သတ္တဝါအုပ်စုလည်း ကြောင်အသွားကြသည်။ သူတို့တွေ နားကြားများမှားတာလား ဒီကောင်စုတ်လေးက သူတို့ကိုတကယ်ပဲ စားချင်နေတာလား…
ဌက်နီကြီးက ေ၇ှးဟောင်းသားရဲကြီးဖြစ်ကာ အရှိန်အဝါလည်းကြီးမားပြီး စွမ်းအားကြီးလေတာမို့ အစပထမက ဒေါသထွက်နေတဲ့သားရဲတချို့ဟာ ဘေးကိုဖယ်ခွာသွားကြလေသည်။
ဆေဘယ်သားရဲလည်း ကြောက်ရွံ့နေသည့်တိုင် ဌက်နီကြီးနောက်ကနေ လိုက်ခဲ့လိုက်လေသည်။ သားရဲအုပ်က အမှန်တကယ်ကြောက်စရာကောင်းပေသည်၊ ဟောင့်နောက်ကလိုက်တာက အန္တာရယ်ကင်းမှန်းသိပေမယ့်လည်း သူ့ကိုယ်ကတော့ တုန်တုန်ယင်ယင်ဖြစ်နေလေသည်။
ရှီဟောင်နောက်ဆုံးတော့ သူသွားမယ့်နေရာကိုရောက်သွားလေသည်။
“ ညီငယ်လေး”
ခေါင်းကိုးလုံးခြင်္သေ့ကတော့ ဒီမကောင်းဆိုးဝါးလေးနဲ့ဘယ်သောအခါမှ မတွေ့ချင်ပေ။
သို့ပေမယ့် သူခေါင်းလှည့်ပြီး
“ မင်း မသေဘူးပေါ့”
ခေါင်းကိုးလုံးခြေင်္သေ့က ဟောင်တစ်ယောက် သေသွားပြီလို့ပဲထင်နေတာဖြစ်သည်။ ဒီလိုစွမ်းအားကြီးတဲ့ပြိုင်ဘက်လေးယောက်နဲ့တောင် တွေ့နေတဲ့အချိန်မှာ လွတ်အောင်ပြေးဖို့တောင် ခက်ခဲလွန်းသည်မဟုတ်လား။
“ သေစရာလား ။ အဲ့ကောင်စုတ်လေးကောင်ကတော့ ဟမ့် နှစ်ကောင်ကိုတော့ သေချာရှင်းလိုက်နိုင်တယ်လေ”
ရှီဟောင် စိုးရိမ်မှုမ၇ှိတဲ့ဟန်နဲ့ ခပ်အေးအေးပြောလိုက်သည်။
ခေါင်းကိုးလုံးခြင်္သေ့မှာ ဆွံ့အသွားလေသည်။
ဒီလိုစွမ်းအားကြီးလူသားတွေကို အရိုင်းအစိုင်းကောင်က ပြန်တောင်တိုက်ခိုက်နိုင်သေးတာလား။
သို့ပေမယ့် ဒီလိုသားရဲအုပ်ထဲကိုတောင် အကြောက်အလန့်မ၇ှိဘဲ ၀င်လာနိုင်သေးတယ်ဆိုတော့ သူပြောတာဖြစ်နိုင်လောက်သည်ပေ။
လမ်းဖယ်ပေးခဲ့ရတဲ့သားရဲအုပ်ကတော့ ဆွံ့အသွားလေသည်။
ဘယ်လိုဘယ်လို ခေါင်းကိုးလုံးခြင်္သေ့ကို ဘယ်လိုခေါ်လိုက်တာ..
ဒါေ၇ှးဟောင်းနတ်ဘုရားသားရဲဘုရင်ရဲ့ မျိုးဆက်ကိုလေ….
ရှေးဟောင်းသားရဲမျိုးဆက်ရဲ့ သွေးမျိုးဆက်က စစ်မှန်ပြီး အလွန်အမင်းစွမ်းအားကြီးလေသည်။ သာမန်သတ္တဝါတွေတောင် အနားမသီရဲကြပေ။
ခေါင်းကိုးလုံးခြင်္သေ့ကလည်း ဒေါသထွက်သွားသည်။ သူ့ကိုယ်က ရွှေ၇ာင်အလင်းတွေထွက်လာကာ ဒေါသတထောင်းထောင်းထနေလေသည်။
ဒီအရိုင်းအစိုင်းကောင်က ငါ့ကိုအခြားသားရဲတွေရှေ့မှာ အရှက်ခွဲရတယ်လား…
“ ညီငယ်လေးက ငါ့ကိုရန်ပြုချင်နေတာလား”
ရှီဟောင်က ခြင်္သေ့ကိုယ်က အလင်းရောင်တွေကိုကြည့်ပြီး ေ၇ှ့တိုးလာသည်။ ခြင်္သေ့ကလည်း မျက်လုံးပြူးပြီး ပြန်စိုက်ကြည့်နေ၏။
မျက်လုံးချင်းဆုံတဲ့အခိုက် အရိုင်းအစိုင်အကောင်ရဲ့ပုံစံကို ပြန်မြင်ယောင်ပြီး ကြောက်ရွံ့လာလေသည်။
ဒီအကောင် စိတ်ရူးပေါက်သွားရင် ဒုက္ခရောက်လိမ့်မယ်..
ဒါကြောင့် အသံတိုးတိုးနဲ့
“ ငါတို့က မိတ်ိဆွေတွေပဲ ရင်းရင်းနီးနှီးဆက်ဆံသင့်တာပေါ့။ ဒါပေမယ့် အများကြားမှာတော့ ဒီလိုမခေါ်ပါနဲ့လား”
“ ဘာဖြစ်လို့လဲ။မင်းက ငါ့ညီငယ်လေးလေ မင်းကိုဘယ်သူက လှောင်ရယ်ရဲမှာလဲ”
ပြောပြောဆိုဆို ရှီဟောင်က သူ့အကြည့်တွေက အခြားသားရဲတွေထံ ပို့လိုက်သည်။
သူတို့ကိုတိုးတိုးတိုးတိုးပြောကာ နေသည့်သားရဲတွေမှာ အခုတော့ တစ်ကိုယ်လုံးအေးစက်သွားကြလေသည်။
သို့ပေမယ့် တချို့ကတော့ ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့သည်။
“ ရွှေခြင်္သေ့ မင်းတကယ်ပဲ လူသားတစ်ယောက်ကို အကိုတော်ထားတာလား။ ရှက်စရာပဲကွာ”
“ အေးလေး ေ၇ှးဟောင်းမျိုးဆက်ဖြစ်ပြီးတော့ မျက်နှာပျက်စရာပဲ”
ပြောလိုက်သူတွေကား ညီအကိုနှစ်ယောက်ဖြစ်ကာ လူကိုယ်တွေရှိပြီး ခေါင်းကြီးကာ မျက်လုံးသုံးလုံးပါသည့် ေ၇ှးဟောင်းသားရဲတွေဖြစ်သည်။ သူတို့က နိုင်လိုမင်းထက်ပြုမူနိုင်လွန်းတဲ့ သားရဲတွေဖြစ်ကာ ကြေကွဲတောင်တန်းတစ်ရာကို အတူတကွ၀င်လာကြတာဖြစ်သည်။
“ ရွှေခြင်္သေ့က မင်းတကယ်ပဲ လူသားတစ်ယောက်ကို စီနီယာအကိုတော်ထားတာလား။ မင်းကို ဒီကောင် အနိုင်ကျင့်တာလား။ ငါမင်းကိုကူပြီး သူ့ကိုစားဖို့လုပ်ပေးရမလား”
ပြောလိုက်သူကား လုအန်းဌက်ဖြစ်သည်။ သူကလည်း ကောင်းကင်ကိုပါ တုန်လှုပ်စေနိုင်တဲ့ စွမ်းအားတွေပိုင်ဆိုင်သည့် ရှေးဟောင်းသားရဲတစ်ကောင်ပင်ဖြစ်သည်။
သူက အတောင်ပံတွေကို ခတ်လိုက်တော့ သက်တံ့ရောင်အလင်းတွေက ဖြာထွက်သည်။
“ မင်းတို့နှစ်ယောက် ဘေးဖယ်နေ”
ရှီဟောင် စိတ်ပျက်သွားကာ ချက်ချင်းပင် ရှေ့တိုးလာတော့သည်။. သူက မျက်လုံးသုံးလုံးပါတဲ့အကောင်တွေကို လက်ညိုးထိုးပြီး ဆက်ပြော၏။
“ မင်းတို့ကံကောင်းသွားတယ်။ ငါက လူသားပုံစံရှိတဲ့သတ္တဝါတွေကို မစားဘူး။ ။ဒီတော့ ဘေးထွက်နေ”
သူကား အမှန်တကယ်ကိုပင် မောက်မာကာ ရိုင်းစိုင်းပေသည်။ ထိုနှစ်ကောင်ကို လုံး၀မျက်စိထဲမထည့်ပုံပင်။
သူက ဌက်ကို လက်ညိုးထိုးပြီး
“ မင်း .. မင်းကတော့ ဘယ်လိုသေချင်လဲ။ ကင်ရမလား ပြုတ်ရမလား။ ကြိုက်ရာရွေးလိုက်၊ မင်းဆန္ဒအတိုင်း ငါလုပ်ပေးမယ်”
သူ့စကားဆုံးတာနဲ့ ပတ်၀န်းကျင်က အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။
လူသားတွေရော၊ သတ္တဝါတွေရော ရှီဟောင့်ကို ပါးစပ်အဟောင်းသားနဲ့ကြည့်ကြကာ အချင်းချင်း ဆွေးနွေးကုန်ကြတော့သည်။
***