သုခကမ္ဘာက ရှီဟောင် - Chapter - 287
Chapter – 287
ကျူးကျန်းတစ်ကောင်မှာလည်း ဟောင့်ကိုချက်ချင်းပင် သတ်ဖြတ်တော့မလိုပုံစံနဲ့ကြည့်နေသည်။
* ဒီကောင့်ဆီ သူ့အသားတွေပါသွားတဲ့အပြင် အဲ့ကောင်က ရွာပြန်ရောက်ရင် အသားကင်လုပ်စားမယ်လို့ ပြောသွားသေးသည်။ သူဒေါသထွက်လွန်းလို့ သေမတတ်ပင် .. ။ *
ခရမ်းရောင်မိန်းမပျိုးလည်း ဟောင့်ကို သတ်ပစ်ချင်လောက်အောင်၊ ဆွဲဖြဲပစ်ချင်လောက်အောင် ဒေါသထွက်နေသည်။
* ဒီကောင်က သူ့ကိုကျောက်တုံးနဲ့သုံးခါတောင် ပစ်ထားခဲ့သည်မဟုတ်လား .. *
* ဒေါသအထွက်ရဆုံးကတော့ ဒီကောင်က သူ့ကျောပေါ်တက်ပြီး လည်ပင်းကိုညှစ်ရင်း တစ်ဖက်က ဂုတ်ပိုးကို ကုန်းကိုက်နေတာကိုပဲ .. ။ *
* ဒီကောင်က လူသားရော .. ဟုတ်ရဲ့လား .. *
သူမလို လှပလွန်းတဲ့ ကောင်မလေးက အခုတော့ အ၀တ်တွေလည်ိး ဖရိုဖရဲဖြစ်၊ ဆံပင်တွေလည်း ရှုပ်ပွကုန်တဲ့အပြင် မြေကြီးပေါ်ပစ်လဲပြီးတော့တောင် နပန်းလုံးဖို့လုပ်သေးတယ်။
* ဒီကောင့်မှာ လူသားချင်းညှာတာတတ်တဲ့စိတ်မရှိဘူးလား .. *
ပိဖန်ဌက်သည်လည်း ဒေါသချောင်းချောင်းထနေလေပြီ။
* ဒီကောင်က သူ့ကိုရွာကိုခေါ်သွားပြီး အစောင့်လုပ်ခိုင်းမယ်ပြောနေတယ်… အစုတ်ပလုပ်ရွာငယ်လေးကို သူ့ကိုစောင့်ခိုင်းမလို့တဲ့.. သူ့ကိုအစောင့်ခွေးလုပ်ခိုင်းမလို့တဲ့ .. *
ဒါ့အပြင် ဒီကောင်က သူနဲ့နပန်းလုံးပြီး အမွှေးတွေဆွဲနုတ်နေသေးတယ်။
တဖြေးဖြေးနဲ့ သူ့ကိုယ်က အမွှေးတွေပင်ပါးလာ၏။
ပိုဆိုးသည်က ထိုအရိုင်းအစိုင်းကောင်က ဘယ်နတ်ဆေးပင်ကိုလိုချင်တာ၊ ဘယ်ပစ္စည်းကိုလိုချင်တာ ဖန်းဌက်ကိုကင်စားဖို့အတွက် ဘယ်ဆေးပင်ကို ဟင်းခတ်ဖို့လိုတာစသဖြင့် အော်ဟစ်နေလေသည်။
နောက်တော့ ဘယ်သူ့ကိုမှ သူမသတ်နိုင်တာနဲ့ပဲ နဂါးကိုယ်၇ှိတဲ့သတ္တဝါတစ်ကောင်ကို ကြေးခွံတွေနုတ်ပြီး ထွက်ပြေးသွားလေသည်။
ပြေးရင်းလွှားရင်း ဟောင်မျက်နှာအတော်ပျက်နေသည်။ ဒီကောင်တွေက အတော်ကိုင်တွယ်ရမလွယ်တာမို့ သူတော်တော်လေးကို စိတ်ညစ်နေလေပြီ။
ပထမပိုင်းမှာတော့ ရှီဟောင်က နတ်ဆေးခင်းထဲမှာပဲ စက်ဝိုင်းပုံပတ်ပြေးနေဆာဖြစ်သည်။ သို့ပေမယ့် ဒီနေရာက ကြီးလွန်းကာ ပုန်းစရာနေရာလည်းမ၇ှိတာကို ဟောင်နောက်မှ သတိထားမိလိုက်သည်။ သူ့နောက်လိုက်နေတဲ့သတ္တဝါတိုင်းက စွမ်းအားကြီးမားလွန်းတာမို့လို့ ဘယ်လိုမှပြေးမလွတ်နိုင်ဘဲရှိသည်။
“ မင်းတို့ တော်တော်အကျင့်မကောင်းတဲ့ကောင်တွေ .. ။ ငါ့ကို ဝိုင်းအနိုင်ကျင့်ရဲတယ် .. ။ မကောင်းတဲ့ကောင်တွေ .. “
ဟောင်က အော်ပြီးပတ်ပြေးနေတော့ သန့်စင်တဲ့ရှေးဟောင်းသားရဲတွေမှာ မျက်နှာတွေ ပုတ်သိုးကုန်ကြသည်။
* ဟေ့ကောင် .. မင်းက ဘယ်လောက်တောင်ဖြောင့်မှန်နေလို့လဲ .. မင်းကဘယ်လောက် ကောင်းတဲ့ကောင်မို့လို့လဲ .. *
ကျူးကျန်းက မျက်လုံးတွေနီရဲကာ ဟောင့်နောက်ပြေးလိုက်နေသည်။ သူ့စိတ်ထဲမှာတော့ ဟောင်ပြောခဲ့တဲ့စကားတွေကသာ ထပ်တလဲလဲကြားယောင်နေလေသည်။ အသားနှစ်ပိုင်းပါသွားတာမှာ တစ်ပိုင်းကို စွပ်ပြုတ်လုပ်သောက်ပြီးနောက်တစ်ပိုင်းကို ကင်စားမယ်ဆိုတာချည်းပဲ ကြားယောင်နေတော့ သူ့မျက်လုံးတွေက နီရဲတွတ်နေလေပြီ။ နှာခေါင်းကလည်း မီးခိုးငွေ့တွေပင် တရှူးရှူးထွက်နေ၏။
ခရမ်းရောင်မိန်းမပျိုလည်း အလားတူပင် ဒေါသတွေထွက်ကာ ပြင်းထန်တဲ့ ကြောက်မက်ဖွယ် စွမ်းအားအလင်းတွေ ၀န်းရံပြီး ဟောင့်နောက်ပြေးလိုက်နေလေသည်။
“ ငါ့နောက်မလိုက်နဲ့တော့.. ငါမင်းနဲ့ နပန်းမလုံးချင်ဘူးနော် ..”
ဟောင်က ခရမ်းရောင်မိန်းမပျိုကို တစ်ချက်လှည့်ကြည့်ပြီး အော်လိုက်သည်။
ခရမ်းရောင်မိန်းမပျိုရဲ့ကိယုယ်က တုန်ယင်သွားသည်။ နပန်းလုံးမယ်ဆိုတဲ့စကားက သူမအတွက် အထိမခံနိုင်တဲ့စကားဖြစ်နေသည်။
သူမလို ကောင်းကင်ရဲ့သမီးတော်.. တစ်မိုးအောက်မှာ အစွမ်းထက်ဆုံး အချောဆုံး၊အလှဆုံးနတ်သမီးမတစ်ပါးကို ဒီလိုအရိုင်းအစိုင်းလူသားကောင်က နပန်းလုံးမယ်လို့ပြောရဲသေးသည်..
သူမကိုယ်က အလင်းရောင်တွေပိုထွက်လာကာ နီးကပ်လာတော့မတတ်ဖြစ်လာတော့ ဟောင် အရှိန်မြင့်ကာပြေးတော့သည်။
သူ့စိတ်ထဲ နာကျင်နေ၏။ သူ့မှာ ဘယ်လောက်ပဲစွမ်းအားရှိရှိ ဒီလိုသန့်စင်တဲ့သွေးမျိုးဆက်တွေအားလုံးနဲ့တော့ တစ်ပြိုင်ထဲ တိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်ပေ။
သူ့အသက်ကလည်း တော်တော်ငယ်သေးသလို စွမ်းအားအဆင့်ကလည်း တော်တော်နိမ့်နေသေးသည်မဟုတ်လား။
ဟောင် ပြေးလွှားနေရင်း ကောင်းကင်ကိုတစ်ချက်မော့ကြည့်ကာ ကျိန်ဆဲလိုက်သည်။
* ငါ့ကို အသက်လေး သုံးနှစ်လောက်ချေးပေးရင် ကောင်းကောင်းမွန်မွန်ပြန်ဆပ်မယ်လေ … *
နောက်ဆုံးတော့ နတ်ဆေးခင်းအပြင်ဘက်ကို သူရောက်သွားလေပြီ။ အဲ့ဒိတော့မှ ဖိအားမရှိတော့တာမို့ ပျံသန်းနေသလိုတောင်ခံစားရကာ သူ့ကိုယ်တွင်းက သင်္ကေတစွမ်းအားတွေကိုလည်း နှိုးဆွပြီး အသားကုန်ပြေးတော့သည်။
တော်တော်ဝေးဝေးကိုပြေးပြီးနောက် ဟောင်နည်းနည်းစိတ်ချလာကာ နောက်ကိုလည့်ကြည့်လိုက်ပြီးမှ မျက်လုံးပြူးသွားသည်။
* သေစမ်း … ဒီဟာတွေက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းရတာလဲ .. *
သန့်စင်တဲ့ရှေးဟောင်းသားရဲတစ်အုပ် ပြေးလာနေပုံက မီးတောင်ကြီးပဲ ပေါက်ကွဲထွက်ပြီး မီးတောက်မီးလျှံတွေ လိမ့်ထွက်လာသလို ထင်ရပေသည်။
အားလုံးရဲ့ကိုယ်တွင်းစွမ်းအားတွေက သင်္ကေတစွမ်းအားတွေကလည်း ပေါက်ကွဲထွက်တော့မတတ် အလင်းရောင်တွေ ထင်းထွက်နေလေသည်။
ဒီသန့်စင်တဲ့ရှေးဟောင်းကြောက်မက်ဖွယ်သတ္တဝါတွေက ကိုးခုမြောက်ကောင်းကင်တွင်းနက်တွေ ဖွင့်ထားဖူးမှန်း ဟောင်သိသည်။ ဒါကြောင့်လည်း သူခံပြင်းနေတာပင်။
သူတို့ကိုတိုက်ခိုက်ဖို့ဓားကျိုးကိုထုတ်လိုက်ပြီးမှ ဦးချိုပါသားရဲက ပိုက်ကွန်တစ်ခုကို မှုတ်ထုတ်လိုက်တာကိုတွေ့လိုက်ရတော့ ဟောင့်မျက်လုံးတွေ၀င့်သွားသည်။
ထိုပိုက်ကွန်က ကျောက်မြက်တွေနဲ့ပုံဖော်ထားကာ အလင်းရောင်တွေလည်း တောက်ပနေပေသည်။
သူသေချာကြည့်လိုက်တော့မှ ထိုကျောက်မြက်တွေက ကျောက်မြက်တွေမဟုတ်ဘဲ နဂါးကြေးခွံတွေဖြစ်နေခြင်းပင်။
“ ဒီကြေးခွံတွေက သန့်စင်တဲ့နဂါးသွေးတွေပါနေတာပဲ .. ”
ဟောင် မျက်လုံးပြူးသွားသည်။
* အဖိုးတန်လက်နက်တွေကပါ သွေးတွေသန့်နေတာလား … *
ကျူးကျန်းရဲ့ခေါင်းပေါ်တွင်လည်း ကြာပွတ်တစ်ချောင်းပေါ်လာကာ ရွှေရောင်အလင်းတွေနဲ့တောက်ပနေပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မလို ထင်ရလေသည်။
ပိဖန်ဌက်ရဲ့ နောက်ကျောဘက်တွင်လည်း အမွှေးတစ်ရာ့ရှစ်ခုက ဓါးကြီးတစ်ချောင်းအသွင်ပြောင်းပြီး ကြောက်မက်ဖွယ်အလင်းရောင်တွေ တောက်ပနေလေသည်။
ခရမ်းရောင်မိန်းမပျိုလေးကိုလည်း ခရမ်းရောင်အလင်းလုံးတစ်ခုက ပတ်ဝိုင်းထားကာ သူမကို ကောင်းကင်ကဆင်းသက်လာတဲ့ နတ်ဘုရားမတစ်ပါးသဖွယ်ထင်ရလေသည်။
တခြားနတ်ဘုရားဌက်နဲ့ လူသားပုံစံသတ္တဝါတွေကလည်း အခုလိုပဲ မယုံနိုင်စရာအဖိုးတန်လက်နက်တွေနဲ့ ကောင်းကင်ကိုတောင် တုန်လှုပ်နိုင်စွမ်းရှိကြောင်း သက်သေပြရင်း ပြေးလာနေကြသည်ပေ။
အားလုံးရဲ့စွမ်းအားကြောင် မြေကြီးကတုန်ခါနေကာ ကျောက်တုံးအက်ကွဲသံတွေကလည်း ထွက်နေလေသည်။
ဟောင်က ဓားကျိုးကိုကိုင်မြောက်ထားပေမယ့် တစ်ဖက်က သတ္တဝါတွေနဲ့အသေတိုက်ခိုက်ဖို့တော့ စိတ်ကူးမ၇ှိချေ။ အားလုံးက ရှေးဟောင်းနတ်ဘုရားတောင်တန်းက လာခဲ့ကြတာမို့လို့ အဖိုးတန်လက်နက်တွေ ပစ္စည်းတွေရှားပါးမယ်လို့တော့ မထင်ပေ။
“ သေစမ်း … ဆေးစိုက်ခင်းထဲက ထွက်လာတော့ ဒီကောင်တွေက ပိုပြီးတော့တောင် အံ့သြဖို့ကောင်းလာသေးတယ် .. ။ သင်္ကေတတွေသာအကုန်ထုတ်သုံးနိုင်သွားရင် ငါတော့ ကပ်စိုက်ပြီပဲ .. ”
ဟောင်လည်း အခုမှသာ ဒီအချက်ကိုစဉ်းစားမိတာဖြစ်သည်။
ဒါကြောင့် တောအုပ်တောင်တန်းတွေဘက်ကိုပဲ ဦးတည်ပြေးတော့သည်။
သူ့နောက်ကနေ မြစ်ရေကြီးနေသလိုမျိုး ရေလှိုင်းတွေ လိုက်ပါလာသလို ရှေးဟောင်းသားရဲတစ်သိုက်က တစ်သီးတစ်တန်းကြီးလိုက်လာနေလေသည်။
ဟောင်လည်း တစ်ချက်တစ်ချက်နောက်ပြန်လှည့်ကြည့်ရင်း မျက်လုံးပြူးပြူးလာရသည်ပေ။
သန့်စင်တဲ့သားရဲတွေဟာ မျက်စိေ၇ှ့က အရာရာတိုင်းကိုဖျက်ဆီးပစ်နေခြင်းပင်။ သူတို့လမ်းမှာပိတ်နေတဲ့တောင်တွေကိုလည်း ဖျက်ဆီးပစ်သည်။ သူတို့သွားရာလမ်းမှာရှိသမျှအရာရာတိုင်းကို ထောပတ်ကိုဓားနဲ့လှီးနေသလိုကို ဖျက်ဆီးပစ်နေခဲ့ခြင်းပင်။
သို့ပေမယ့် တောအုပ်တောင်တန်းကိုရောက်လာတော့ ဟောင် ပုန်းကွယ်ဖို့နေရာတွေများလာသည်။ ကံဆိုးတာကတော့ နတ်ဘုရားဌက်က သူ့နောက်မှာပါလာသည်။ အတောင်ပံတွေကိုဖြန့်ကားကာ ကောင်းကင်ကိုစုတ်ဖြဲပြီး လိုက်လာတဲ့ဌက်ကြီးကြောင့် ကောင်းကင်ကတုန်ယင်လာလေသည်။ သူ့အရှိန်က အရမ်းမြန်သည်။ ဟောင့်မှာ လွတ်အောင်ပြေးဖို့ခက်လာပြန်သည်။
“ ငါတို့တွေ နတ်ဆေးခင်းထဲကို ပြန်ပြေးကြရင်ရော .. ။ ဒီအရူးသတ္တဝါတွေက စိတ်ရူးပေါက်နေပြီ .. ငါတို့ကို အလောင်းဖြစ်အောင်လုပ်ကြလိမ့်မယ် .. ”
အရူးကျောက်တုံးသည်လည်း ယုံကြည်ချက်မရှိတာ့ပေ။
“ ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကိုတော့ ငါလိုချင်သေးတယ် .. ”
ဟောင်လည်း စိုးရိမ်နေပေပြီ။ သူအားလုံးနဲ့သွားတိုက်ရအောင်လည်း တစ်ဖက်မှာ အဖိုးတန်လက်နက်တွေက အများသားမဟုတ်လား။ အကုန်လုံးကလည်း တကယ့်ထိပ်တန်းလက်နက်တွေကြီးပဲ။
လူသားအင်ပါယာတောင်မှ ဒီလက်နက်တွေကိုမြင်ရင် သားရည်ယိုလာမှာသေချာသည်ပေ။
ဟောင့်မှာ တောင်တန်းတွေထဲ ၀င်ပြေးပေမယ့် သန့်စင်တဲ့ေ၇ှးဟောင်းသားရဲတွေကလည်း ရအောင်ခြေယာခံနိုင်ကာ လိုက်လာစမြဲပင်။
အထူးသဖြင့် ပိဖန်ဌက်နဲ့နတ်ဘုရားဌက်တု့ပင်ဖြစ်သည်။ သူတို့က ခြေသည်းကြီးတွေနဲ့ ဟောင့်ကိုသုတ်ချည်ဖို့ ကြိုးစားကြရာ ဟောင်စိတ်တိုလာရသည်။
ဖူး ..
ဟောင်က ပြေးလွှားနေရတာမို့ သေချာလွတ်အောင်မေ၇ှာင်နိုင်တဲ့အခါ သူ့ကျောကုန်းကို အကုတ်ခံရပြီး ဒဏ်ရာရကာ သွေးတွေအန်လိုက်ရလေသည်။
“ သေစမ်း .. ဒါကိုသုံးရတော့မယ် .. ။ ဒါကိုအခုသုံးလိုက်ရင် အနာဂတ်မှာ ပြန်အစားထိုးနိုင်မှာမဟုတ်ဘူး .. ”
ဟောင် စည်းတံဆိပ်တစ်ခုကို ယူထုတ်ကာသုံးလိုက်တာနဲ့ ချက်ချင်းပင် သူ့ကိုယ်က အငွေ့ဖြစ်ကာပျောက်ကွယ်သွားလေသည်။
ဒီအမြန်နှုန်းကို ပိဖန်တောင်မယှဉ်နိုင်ပေ။
“ အဲ့ဒါဘာလဲ .. ငါတောင်လိုက်မမှီဘူး .. ။ တော်တော်မြန်တာပဲ .. ”
ပိဖန်က ဒေါသတကြီးပြောတော့ ဦးချိုပါနဂါးက
“ အဲ့ဒါ မြေကမ္ဘာဆုတ်ခွာခြင်းသင်္ကေတအဆောင်ပဲ .. ဒီကောင် ဒါမျိုး ထုတ်သုံးမယ်လို့မထင်ထားဘူး .. ”
“ဟုတ်တယ် .. ဒါ အဲ့လိုအဆောင်ပဲ ..”
ခရမ်းရောင်၀တ်မိန်းမပျိုလည်း ခေါင်းငြိမ့်လိုက်သည်။ သူမရဲ့ကိုယ်က အလင်းရောင်တွေပျောက်သွားပြီမို့လို့ နဂိုပုံစံပေါ်လာသည်။ လေထဲတွင်ရပ်ပြီး အ၀တ်က လေထဲလွင့်နေတဲ့ဟန်က သူမကို နတ်ဘုရားမတစ်ပါးလို့ထင်ရစေသည်။ သူမရဲ့မျက်နှာကတော့မကျေနပ်မှုတွေအပြည့်ပင်။
“ ဟေ့ကောင် … မင်းမှာ ဒီလိုပစ္စည်းတောင်ရှိနေတာကို စောစောထဲက ဘာလို့ထုတ်မသုံးလဲ ..”
အရူးကျောက်တုံးက သူ့ကိုငေါက်သည်။ ဟောင်ကတော့ ရင်ထဲနာကျင်နေလေပြီ။
အလကားသက်သက်အဆောင်တစ်ခု ဖျက်ဆီးပစ်လိုက်ရတယ်လို့ သူတော့ခံစားနေရသည်။
ဒီအဆောင်ကို သူသတ်ခဲ့တဲ့အစိမ်းရောင်၀တ်လူဆီကနေ ရခဲ့တာဖြစ်သည်။ အခုလို သုံးလိုက်ရတဲ့အတွက် ဟောင်၇င်နာလို့မဆုံးတော့။
သူစိတ်ပျက်လက်ပျက်နဲ့ အရူးကျောက်တုံးကို မြေကြီးပေါ်ပစ်ချပြီး တက်ထိုင်လိုက်သည်။
“ ဟေးဟေး .. ဘာလုပ်တာလဲ .. လေးတယ်ကွလေးတယ် .. ။ မင်းခန္ဓကိုယ်က လေးတယ်..”
အရူးကျောက်တုံးကလည်း အော်ဟစ်သည်။
“ ငါတစ်လမ်းလုံး မင်းကို သယ်ပြေးလာတာလေ .. ငါခဏလေးထိုင်တာကို မင်းက ပြောစရာလား ..”
“ အပိုတွေ .. မင်းက ဂျင်တစ်သောင်းကျော်တောင် သယ်ပြေးနိုင်တဲ့ဟာ .. ငါက အဲ့လောက်မလေးဘူးကွ .. ။ မင်းငါ့ကို မကျေနပ်ရင် ကောင်းကင်နဲ့မြေကြီးအိတ်ထဲ ထည့်ထားလိုက်လေ ..”
ဟောင် မျက်နှာမဲ့လိုက်သည်။
ဒီကျောက်တုံး၀က်ကိုသာ အိတ်ထဲထည့်လိုက်ရင် အဲ့ထဲက အဖိုးတန်ပစ္စည်းတွေက ဒီကောင်စားလို့ကုန်မှာပင်။
“ နေပါဦး .. သူတို့ဆီက ကြားခဲ့ရသလောက်တော့ မင်းက နတ်ဘုရားပစ်ချက်ကျောက်တုံးဆို အရမ်းရှားတယ်တဲ့ .. မင်းကိုသာ သန့်စင်လိုက်ရင် အဆင့်မြင့်အဖိုးတန်လက်နက်တစ်ခုရမှာတဲ့ .. ။ ငါမင်းကို အလေးခံသယ်နေမယ့်အစား လက်နက်လုပ်လိုက်ရမလား .. ”
“ ဟမ့် .. မင်းကိုယ်မင်း သန့်စင်တဲ့ သွေးမျိုးဆက်သားရဲများ ထင်နေလား .. ။ဆက်ပြီးသာ ကျင့်ကြံနေစမ်းပါ .. မင်းငါ့ကိုသန့်စင်နိုင်တဲ့အဆင့်ရောက်ဖို့ အဝေးကြီးလိုသေးတယ် ..”
အရူးကျောက်တုံးက ဟောင့်ကိုဂရုမစိုက်သလိုလှောင်လိုက်သည်။
ဟောင်က ထပြီး ကျောက်တုံးကိုကန်ကျောက်တော့မှ အော်ငိုသည်။
“ အမလေး .. နာလိုက်တာ .. မရိုက်ပါနဲ့တော့နာတယ် .. ။ နာတယ်လို့ ငါ့ကိုယ်ငါ သေးအောင်ပြောင်းလိုက်ပါ့မယ် .. တော်ပါတော့ ..”
ကျောက်တုံးက အော်ဟစ်ပြီး အရွယ်အစားကိုသေးလိုက်ရာ လက်မအရွယ်သာရှိတော့သည်။
ထိုကျောက်တုံးလေးက ကျောက်စိမ်းတုံးလေးနဲ့တူကာ အဖိုးတန်ရတနာတစ်ခုလိုပင်ထင်ရသည်။
ဟောင်လည်း စိတ်ကျေနပ်သွားပြီး ကျောက်တုံးကိုဆံပင်ထဲ ထိုးထည့်ထားလိုက်သည်။ အရိုးစေတီလေးနားထည့်ထားလိုက်တော့
“ ဒါဘာကြီးလဲ .. ငါ့ကို အဲ့နားမထားနဲ့ ..”
အရူးကျောက်တုံးက သေချာမသိပေမယ့် အရိုးစေတီကိုတော့ လန့်ပုံရကာ ဟောင့်ဆံပင်တစ်ဖက်ကို ပြေးကပ်လိုက်သည်။
ဟောင်က မေးလိုက်သည်။
“ အဲ့ဒါ . ဘာမှန်း .. မင်းသိလား .. ”
“ မသိဘူး .. ”
ဟောင်လည်း ဆက်မမေးတော့။
***