သုခကမ္ဘာက ရှီဟောင် - Chapter - 290
Chapter – 290
တောအုပ်တောင်တန်းက အလွန်မက်စောက်ကာ မြင့်မားလွန်းပေသည်။ ဝိဥာဉ်စွမ်းအင်တွေကလည်း ပေါကြွယ်၀လွန်းလို့ ရေတံခွန်ကနေ ဝိဥာဉ်စွမ်းအင်တွေ လောင်းချနေသလိုထင်ရသည်။
လမ်းတစ်လျှောက်မှာ ဟောင်က ဝိဥာဉ်ဆေးပင်တော်တော်များများကို တွေ့ခဲ့ကာ ခူးပြီး ကောင်းကင်နဲ့မြေကြီး ပိုက်ကွန်အိတ်ထဲ ပစ်ထည့်ခဲ့သည်။
“ရောက်တော့မယ် ထင်တယ် .. ”
ဒီနေရာကား ထူးဆန်းသည်။ ဘာသက်ရှိမှကို မတွေ့ရပေ။ ပုရွက်ဆိတ်တွေ၊ အင်းစက်တွေတောင်မှ မတွေ့ရပေ။ ဝိဥာဉ်စွမ်းအားက ပေါကြွယ်၀လှသော်လည်း ဒီနေရာကိုမလာရဲကြာတာဖြစ်နိုင်ပေသည်။
သူတို့က တောင်ပေါ်ကို ကျောက်တောင်တွေဘက်က တက်နေကြတာဖြစ်သည်။ အတွင်းဘက်က တောင်တက်လမ်းတွင်တော့ သားရဲများစွာကို တစ်ခါတစ်ရံတွေ့ရသည်။ အကြောင်းမှာ ဝိဥာဉ်စွမ်းအားက ပေါများလွန်းတာကြောင့်ဖြစ်နိုင်သည်။ ဟောင်တို့တက်နေတဲ့ တောင်ဘက်မှာတောင်မှ အပေါ်ရောက်လလေ အဆင့်မြင့်ပြီး အပြင်ဘက်မှာတောင် တွေ့ရခဲတဲ့ ဆေးပင်တွေကိုတွေ့လာရသည်။
သို့ပေမယ့် အကာအရံစည်းလည်းချထားသေးကာ သာမန်လူသားတွေသို့မဟုတ်သားရဲတွေသာဆို ဖြတ်ဖို့ လချည်ကြာနိုင်ပေမယ့် ထိုခရမ်းရောင်မိန်းကလေးကတော့ အေးအေးဆေးဆေးပဲ ဖြတ်ကျော်သွားနိုင်လေသည်။
တောင်ထိပ်ရောက်တော့ အေးစိမ့်နေတဲ့ လေတွေတိုက်ခတ်စေတဲ့ ရေအိုင်တစ်ခုကိုတွေ့ရသည်။ အတွင်းဘက်ကရေတွေကတော့မင်ရည်ကဲ့သို့ မည်းမှောင်နေ၏။
ဒီလိုရေအေးအိုင်တွေက ရေနဂါးသားရဲတွေနေဖို့အတွက်အလွန်သင့်တော်သည်။ ရေကန်ဘေးတွင်တော့ ဝိဥာဉ်ဆေးပင်လေးပင်ကို တွေ့ရကာ ပွင့်ဖတ်တွေက တောက်ပနေကာ ချိုမြိန်တဲ့ရနံ့က ထွက်ပေါ်နေလေသည်။
ဟောင်က ကျောက်တုံးကြီးတစ်ခုနောက်တွင်ပုန်းကာ အခြေအနေကိုကြည့်နေလေသည်။
ဒီတောင်ထိပ်တွင် ရေအိုင်အပြင် ကျောက်တုံးတွေအများကြိးရှိတဲ့ ကျောက်တုံးတောအုပ်တစ်ခုရှိသည်။
ခရမ်းရောင်၀တ်စုံနဲ့မိန်းကလေးက ကျောက်တုံးတောထဲ၀င်သွားသည်။
“ ဒီမှာ ရေနဂါးအရိုးတွေများလှချည်လား ..”
ဟောင် အံ့သြသွားသည်။ သူမျက်လုံးအပြူးသားနဲ့ တောထဲဆက်၀င်လာရာ တဖြေးဖြေး ရေနဂါးအရိုးတွေကို အများကြီးတွေ့လာရသည်။ နောက်ဆုံးမှာတော့ အားလုံးပေါင်း အကောင်နှစ်ဆယ်စာလောက်၇ှိမည်ကိုတွေ့ရသည်။
ဟောင် ကြက်သီးပင်ထလာ၏။ ရေနဂါးတွေကလည်း အားနည်းတဲ့သတ္တဝါတွေမဟုတ်ကြပေ ။ သို့တိုင်အောင်တစ်ဖက်လူက ရေနဂါးကိုစားစရာအဖြစ် စားထားပုံထောက် တော်တော်အင်အားကြီးမှာသေချာပေသည်။
“ ဘာလဲ .. အစားပုတ် .. မင်း ပြိုင်ဘက်တွေ့ပြီလား ..”
ဟောင့်ခေါင်းပေါ်က ကျောက်တုံးက မေးသည်။
ဟောင် ခေါင်းခါပြလိုက်သည်။
* ဘယ်လိုပဲဖြစ်ဖြစ် ဒီထဲက သတ္တဝါက တော်တော်စွမ်းအားကြီးရမယ်။ သူသာဖမ်းမိရင် ပြီးပြီ .. *
အရှေ့တွင် ေ၇ှးဟောင်းဂူတစ်ဂူရှိကာ ရောင်စုံအလင်းတွေနဲ့ ပိတ်နေ၏။ ဂူပေါက်တွင် မြက်ပင်ရှည်တွေပေါ်နေကာ ထိုမြက်ပင်တွေကား ငွေရောင်ဖြစ်သည်။ မြက်ပင်တွေကနေ အဖိုးတန်မယ်ထင်ရလောက်တဲ့အလင်းတွေ ထွက်ပေါ်နေကာ ငွေရောင်မီးတောက်ကလည်း တောက်လောင်နေသည်။ ပိုပြီးထူးခြားသည်က မြက်ပင်ကအရွက်လေးတွေမှာ ဌက်မွှေးတွေနဲ့တူနေခြင်းပင်။
“ ငွေရောင်သားမွှေးမြက် .. ”
ဟောင့်မျက်လုံးတွေ တောက်ပသွားသည်။ ဒါက အကောင်းတကာ့ အကောင်းဆုံး ဝိဥာဉ်ဆေးပင်ပဲ။ ငွေရောင်သားမွှေးမြက်တွင် သားမွှေးငါးခုသာပါသည်။
ဒီအပင်က တော်ရုံနေရာမှာပေါက်တာမဟုတ်ဘူး။ ဒါပေမယ့် ဒီနေရာမှာရှိနေတယ်ဆိုတော့ အထဲမှာဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့သတ္တဝါများ ရှိနေမလဲ
ဟောင်ပြန်လှည့်ရမလားလို့ တွေးလိုက်သည်
သို့ပေမယ့် သူက ရေအိုင်ဘေးက အနက်ရောင်ရေနဂါးမြက်လေးပင်ကို ဆွဲနုတ်လိုက်သည်။ နောက် ဂူရှေ့က ဝိဥာဉ်ဆေးပင်ငါးပင်ကိုလည်း နုတ်ကာ ကောင်းကင်နဲ့မြေကြီးအိတ်ထဲ ထည့်လိုက်သည်။
* အထဲမှာ အန္တရာယ်ရှိတော့ရော .. ဘာဖြစ်လဲ ..
ဒီလိုအဖိုးတန်ဆုံးဆေးပင်ကို တွေ့ရလွယ်တယ်များထင်လို့လား .. *
ဟောင်တောင် အပြင်ဘက်ကမ္ဘာမှာ ဘယ်လောက်ပဲကြိုးစားပြီးရှာဖွေရှာဖွေ ဆေးပင်လေး နည်းနည်းပါးပါးပဲ တွေ့ခဲ့တာမဟုတ်လား။
ဂူထဲကနေ ပေါက်ကွဲသံတွေထွက်လာကာ ခရမ်းရောင်၀တ်စုံနဲ့မိန်းကလေး နောက်သို့ လွင့်ပျံလာသည်။ သူမက သွေးတွေအန်ထုတ်ုလိုက်ရပေမယ့် သူမကိုယ်ကို အလင်းရောင်သင်္ကေတတွေ ဖုံးလွှမ်းလာကာ ပြန်တည်ငြိမ်သွားသည်။
နောက်ကနေ ပုန်းကွယ်ကာလိုက်လာတဲ့ဟောင်ကတော့ မျက်လုံးပြူးသွားသည်။
* အဲ့ဒါဘာကောင်ကြီးလဲ .. ဘာကောင်ကြီးလဲ .. ဂူထဲက ဘာလို့ ဌက်သိုက်နဲ့တူနေရတာလဲ .. *
ဌက်သိုက်ထဲတွင်တော့ အဖိုးတန်ဆေးပင်ပေါင်းများစွာကို တွေ့ရသည်။
ခရမ်းရောင်မိန်းမပျိုလွင့်ပျံထွက်လာရသည်မှာ ဌက်သိုက်ကို အဖိုးတန်အရိုးတွေနဲ့ အကာအကွယ်လုပ်ထားခဲ့လို့ပင်ဖြစ်သည်။
ခရမ်းရောင်မိန်းမပျိုက အဖိုးတန်ဦးချိုတစ်ခုကိုထုတ်ကာ လက်တစ်ဖက်ကိုင်ပြီး သူမကိုယ်ကို နတ်ဘုရားအလင်းတွေ၀န်းရံရင်း အကာအကွယ်စည်းကိုရိုက်ချလိုက်သည်။
ပေါက်ကွဲသံဖြစ်ကာ ဖုန်တွေ၊ သံတွေက ဂူတွင်း ပြည့်ထွက်သွားသည်။ စည်းလည်း ပျက်ပျယ်သွား၏။
“ သူများ အိမ်ကို လာဖျက်ဆီးတဲ မကောင်းဆိုးဝါးလေးပဲ ..”
ဟောင် အတင်းပြောလိုက်သည်။
“ ဘာလို့ ဘာမှမ၇ှိတာလဲ .. ”
ခရမ်းေ၇ာင်မိန်းကလေး စိတ်ပျက်စွာ မျက်နှာမဲ့သည်။ အကာအကွယ် ကျိုးပျက်သွားတဲ့အခါ အဖိုးတန်ပစ္စည်းဘာကိုမှ မရပေ။
ဟောင်သည်လည်း စိတ်ပျက်ရသည်၊ ဒါဆို သူဘာမှမရတော့ဘူးပေါ့။
“ ဟိုကောင်စုတ်ကို ဖမ်းဖို့လုပ်ရဦးမယ် ..”
ခရမ်းရောင်မိန်းကလေးက ဂူထဲ ရပ်ရင်း သူ့ဘာသာ ခပ်တိုးတိုးရေရွတ်သည်။ ကြည့်၇သည်မှာ ဟောင့်ကို ဖမ်းဖို့အတွက် အစီအစဉ်ချနေဟန်ပင်။
မိန်းကလေးရဲ့ကိုယ်ကို စွမ်းအားစက်ကွင်းလေးတွေက ၀န်းရံကာလည်နေပုံက သူမကိုကြီးမြတ်တယ်လို့ထင်ရစေသည်။
ဟောင်ပြုံးလိုက်သည်။
“ ငါ လိုက်ရှာနေတဲ့ အရိုင်းအစိုင်းနဲ့ စွမ်းအားကြီးတဲ့ မျိုးဆက်သားရဲက မင်းပဲ .. ”
ရှီဟောင် ချက်ချင်းပင် ခရမ်းရောင်မိန်းကလေးရဲ့ကျောပေါ်ကို ခုန်တက်ပြီး လည်ပင်းကိုလက်တစ်ဖက်နဲ့ သိုင်းဖက်ကာ ကျန်တစ်ဖက်ကတော့ ကောင်းကင်နဲ့မြေကြီးအိတ်ကို ဖွင့်ကာ သူမကိုစုပ်ယူဖို့ကြံလိုက်သည်။
မိန်းကလေးမှာတော့ သွေးအန်မတတ်ဒေါသထွက်သွားသည်။
* သူမ အခုလေးတင် ဒီအကောင်အကြောင်းပြောနေသေးသည်၊ အခုချက်ချင်းပေါ်လာပြီး သူမကိုယ်ပေါ် ခုန်တက်သည်တဲ့ .. *
သူမဟာ ဘယ်သွားသွား ဘယ်လာလာ အလေးပေးခံရသူဖြစ်သည်။ သူမက ကောင်းကင်ရဲ့သမီးတော်၊ ခမ်းနားကြီးကျယ်မြင့်မြတ်ခြင်းတွေနဲ့ မွေးဖွားလာတဲ့သူဖြစ်သည်။
ဘယ်မျိုးဆက်မဆို ဘယ်မျိုးစိတ်မဆို သူမကိုနှစ်သက်ကြကာ အလိုလိုက်ကြသည်။ သို့ပေမယ် ဒီအကောင်ကတော့ သူမကို တခြားတောရိုင်းကောင်တွေနဲ့ တိုက်ခိုက်သလို တိုက်ခိုက်ဖို့ကြိုးစားနေလေသည်။
ဟောင့်လက်တစ်ဖက်က ခရမ်းရောင်၀တ်မိန်းကလေးရဲ့ သွယ်လျ လှပတဲ့ကျောက်စိမ်းသဖွယ်လည်ပင်းလေးကို ဖက်ထားပြီး ကောင်းကင်နဲ့မြေကြီးအိတ်ထဲ စုပ်ယူဖို့လုပ်နေသည်။
သူမ ကိုယ်ကနေ သင်္ကေတအလင်းတွေ ထင်းထွက်လာကာ အိတ်ထဲမရောက်အောင်ကာကွယ်သည်။ ဒါ့အပြင် ထိုသင်္ကေတတွေက သူ့ဆီလည်းရောက်လာကာ သူ့ကိုအ၇ှင်လတ်လတ် သန့်စင်ဖို့လိုသည်။
ဟောင်ဘယ်လောက်ပဲကြိုးစားပါစေ သူ့အရိုးတွေအထိ နာကျင်လာရသည်။
ဒီသားရိုင်းမကတော့ သူ့ကို အရှင်လတ်လတ် သန့်စင်နေလေပြီ။
ရုတ်တရက် ထိုကောင်မလေးရဲ့နားကပ်ကနေ အလင်းတွေထွက်လာမှသာ အဖိုးတန်ရတနာတစ်ခုဖြစ်မှန်း သိရသည်။ ဟောင် ခေါင်းကိုအမြန်ရှောင်လိုက်တော့ အလင်းတန်းက အရိုးစေတီလေးကို ထိသွားသည်။ အရိုးစေတီက တုန်ခါလာကာ အလင်းတန်းတွေ ပြန်ထုတ်လာတော့ ထိုအဖိုးတန်ရတနာက ပျက်စီးမလိုဖြစ်သွားသည်။
“ ငါ့ဟာ .. ”
ဟောင် အော်ပြီး ခရမ်းရောင်၀တ်မိန်းကလေးရဲ့ နားသီးလေးကို ကိုက်လိုက်သည်။
မိန်းကလေးမျက်နှာက ချက်ချင်းပန်းရောင်ပြောင်းသွား၏။
* ဒီေ-ာက်ကောင် ဘာလုပ်လိုက်တာလဲ .. *
သူမကိုယ်က အနည်းငယ်တုန်ယင်ချင်လာကာ နီရဲလာလေသည်။
ဟောင်က နားကပ်ကို လိုချင်နေတာမို့လို့ နားကိုအသေကိုက်ကာ သွားနဲ့ကြိတ်ပြီး နားကပ်ကိုဆွဲချွတ်နေသည်။
ခရမ်းရောင်မိန်းကလေးမှာ ဒေါသထွက်လွန်းလို့ ရူးမတတ်ဖြစ်လာ၏။ သူမှာ နာရတဲ့အထဲ သိက္ခာကလည်းကျသေးသည်။ ထိုနားကပ်ကိုအသက်သွင်းဖို့လုပ်တော့ အရိုးစေတီကြောင့် ဘာမှဖြစ်မလာပေ။
ဟောင်ကလည်း အသားကုန်ကိုက်ထားသည်။
အ၇ိုးစေတီကြောင့် သူမကိုယ်က အလင်းသင်္ကေတတွေပင် မှေးမှိန်လာလေပြီ။ သူမကို နတ်ဘုရားမတစ်ပါးလို့ အားလုံးက သတ်မှတ်ကြသည်။ အခုတော့ သူမရဲ့နတ်ဘုရားမပုံစံပျောက်ဆုံးပြီး အ၀တ်ဖရိုဖရဲနဲ့ဖြစ်နေတဲ့အပြင် ကျောပေါ်တက်ပြီး နားကိုလည်းကိုက်နေသေးသည်မဟုတ်လား။
နှစ်ယောက်သား ရုန်းကန်ကာ ဂူထဲတွင် နပန်းလုံးမတတ်ဖြစ်နေသည်။ ခရမ်းရောင်မိန်းကလေးမျက်နှာကလည်း မှောင်မည်းလာကာ ဟောင့်ကို နည်းလမ်းပေ့ါင်းစုံသုံးပြီးခါထုတ်နေသလို ဟောင်ကလည်း အတင်းဖက်ထားကာ နားကိုပဲ ကိုက်နေလေသည်။
ပါးစပ်ကလည်း “ ငါ့ဟာ ငါ့ဟာ” လို့ ရွတ်နေသေးသည်။
ခရမ်းရောင်မိန်းကလေးက ဒေါသအရမ်းထွက်လာလေကာ ညာဘက်လက်နဲ့လှမ်းရိုက်တော့သည်။ ထိုလက်တွင် အဖိုးတန်လက်နက်တစ်ခုကို လက်ကောက်သဖွယ်၀တ်ထားလေသည်။
သို့သော် ရလဒ်အနေနဲ့ အရိုးစေတီနဲ့တွေ့သွားပြီး ထိုလက်နက်ဆီက ဘာအလင်းရောင်မှ ထွက်မလာတော့ပေ။
ခရမ်းရောင်၀တ်စုံနဲ့မိန်းကလေးရဲ့လက်ကိုလည်း အကိုက်ခံလိုက်ရတာမို့ သူမမှာ ပိုပိုပြီး ဒေါသတကြီးဖြစ်လာသည်။
“ ေ-ာက်ကောင် နင့်မှာ ပါးစပ်ပေါက်ဘယ်နှစ်ပေါက်တောင်ပါနေတာလဲ .. ဟမ် .. ”
သူမစိတ်တိုပြီး အဲ့လက်နဲ့ပဲထပ်ရိုက်လိုက်ရာ ထူးခြားမှုကို ခံစားလိုက်မိလို့ ခေါင်းစောင်းပြီးလှည့်ကြည့်လိုက်သည်။
အရိုင်းအစိုင်းကောင်ခေါင်းပေါ်က ကျောက်တုံးလေးက တဖြေးဖြေးကြီးလာကာ ကျောက်တုံးကြီးဖြစ်သွားသည်။ ထိုကျောက်တုံးက ပါးစပ်ဖြဲကာ သူမလက်ကောက်၀တ်ကို လှမ်းကိုက်လေသည်။
ပါးစပ်ကလည်း “ ငါ့ဟာ ငါ့ဟာ” လို့အော်နေသေး၏။
သူမမှာ သွေးတက်ချင်သလိုပင်ဖြစ်လာသည်။
* ဘယ်လိုဟာတွေနဲ့ လာတွေ့နေရာတာလဲ .. နှစ်ခုလုံး ငါ့ဟာတွေ ဟုတ်ပြီလား .. နင်တို့ကသာ အတင်းခိုးနေကြတာ .. *
ဟောင်ကိုက်ထားတဲ့နားကပ်ချိတ်က အဆုံးမှာတော့ ပြုတ်သွားသည်။
နားသီးကို ကိုက်မိခဲ့တာမို့ သွေးတွေပင် တလဟောထွက်လာ၏။
“ မင်း သွေးကချိုလိုက်တာ .. ”
ဟောင် နှုတ်ခမ်းသပ်ရင်းပြောလိုက်သည်။
နောက်တော့ နားနားထပ်ကပ်ပြီး သွေးတွေကိုလျက်လိုက်သည်။
“ နင်…”
ခရမ်းရောင်မိန်းကလေးဆီက ဒေါသတွေပေါက်ကွဲထွက်ပြီး ခါးကနေ အဖိုးတန်လက်နက်ဆီက အလင်းရောင်တွေထွက်လာကာ ဟောင် နောက်ကိုလွင့်ထွက်သွားသည်။
ထိုအချိန်ကျမှ ဌက်သိုက်ထဲတွင် ပိုးမျှင်အိမ်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
ဟောင်ပြေးပြီး ထိုပိုးအိမ်ကိုယူတော့ ခရမ်းရောင်မိန်းကလေးက ဒေါသတကြီးအော်ဟစ်သည်။
“ဟဲ့ .. လူသားကောင် .. နင် ဘယ်ပြေးမလို့လဲ”
***