သုခကမ္ဘာက ရှီဟောင် - Chapter - 34 စိတ်ရှုပ်ထွေးခြင်း
Chapter – 34 စိတ်ရှုပ်ထွေးခြင်း
တောင်တန်းတစ်ခုလုံး တုန်ခါလာပါတယ်။ သူတို့ဆီကို သတ်ဖြတ်ခြင်းငှာလာကြတဲ့မှော်သားရဲတွေဟာ ဆင်နဂါးမှော်သားရဲ၊ မီးတိမ်တိုက်ကြံ့ နဲ့ ကျားပေါက်များပါပဲ။ မှော်သားရဲတော်တော်များများကတော့ မြင့်မားလှတဲ့သစ်ပင်တွေပေါ်ကနေ မှောင်မိုက်နေတဲ့ လွင်ပြင်ထဲကို စိုက်ကြည့်နေကြပါတယ်။
လေဟုန်းခွင်းပြီး ဧရာမကျောက်တုံးကြီးတစ်တုံးဟာ တလိမ့်လိမ့်ထွက်ပေါ်လာပါတယ်။ တောင်တန်းဒေသရဲ့ မြေပြင်တစ်ခုလုံးတုန်ခါနေပြီး တောင်တန်းတွေပါ တုန်လှုပ်နေတာကြောင့် ဒါကိုကြည့်ရတာဟာ ကြောက်စရာမြင်ကွင်းတစ်ခုပါပဲ။
အူး …
၀ံပုလွေရွာသားတွေကတော့ သူတို့ရဲ့ ဂါးဒီးယန်းဝိညာဉ်တော်ကို ဒီတစ်ခါပထမဆုံးအနီးကပ်မြင်ဖူးကြတာပါပဲ။ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပဲ လူဆယ်ယောက်ကျော်ဟာ မှော်သားရဲတွေကြောင့် လေထဲမှာ ပလူပျံသွားပါတယ်။ သူတို့ရဲ့ အရိုးတွေကျိုးကြေကုန်ပြီး အသားပြားတွေတောင် ဖြစ်သွားကြပါတယ်။
၀ံပုလွေကြီးတွေဟာ စနစ်တကျဝိုင်းရံပိတ်ဆို့လာကြပါတယ်။ သူတို့ရဲ့ ကျောပေါ်မှာထိုင်နေတဲ့ ၀ံပုလွေရွာသားတွေရဲ့ မျက်နှာကလည်း တင်းမာခက်ထန်နေလို့ပါ။
“အဆင်သင့် ပြင်ထားကြ..။”
ရှီယွီဖန်းက အော်ဟစ်လို့ပြောဆိုလိုက်ပါတယ်။
မှော်သားရဲကြီးတွေဟာ သစ်ပင်အိုကြီးတွေနားကနေ ထွက်လာပြီး ရှီယွီဖန်းတို့ ကျောက်ခေတ်ရွာသားတွေဆီကို ဦးတည်လိုက်ပါတယ်။ သူတို့တွေရဲ့ ရက်စက်တတ်တဲ့ မျက်လုံးစိမ်းတွေက အရောင်ထွက်နေပါတယ်။
“သတ်ကြ..။!”
ရှီလင်းဟူက အော်ဟစ်လိုက်ပါတယ်။ သူက ညို့မှိုင်နေတဲ့ သားရဲတစ်ကောင်ရဲ့အရိုးကို ထုတ်ယူလိုက်ပါတယ်။ ရှေးဟောင်းအော်ရာတွေဖြာထွက်နေတဲ့ အရိုးလက်နက်ဟာ သူ့နဲ့ တသားတည်းဖြစ်သွားပါပြီ။ သားရဲအရိုးလက်နက်ဟာ သူ့ရဲ့ အသားတွေ အရိုးတွေနဲ့ပါ ခွဲခြားလို့မရနိုင်အောင် ပေါင်းစည်းသွားကြပါတယ်။
သည်လို ရှေးဟောင်းသွေးမျိုးဆက်ရဲ့ စွမ်းအားတွေနိုးထလာတာနဲ့ ကျယ်လောင်စူးရှတဲ့ အသံကျယ်ကြီးဟာ တောင်တန်းတွေတစ်လျှောက်ထွက်ပေါ်လာပါတယ်။ ဒါက မိုးကောင်းကင်ကို တုန်လှုပ်စေပြီး တောင်တန်းဒေသကို ပျက်သုံးခြင်းအော်ရာတွေ ဖုံးလွှမ်းသွားစေပါတယ်။
လူတွေအားလုံးဟာ မှော်သားရဲကြီးတွေကြောင့် ကြောက်ရွံ့လို့နေကြတာပါ။ သူတို့တွေဟာ မှော်သားရဲတစ်သောင်းတို့ရဲ့ ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်ရရင် သေချာပေါက်စိတ်ဝိညာဉ်တွေပါ ကြွေလွှင့်မတတ်ဖြစ်သွားကြမှာပါ။ ဒါ့ကြောင့်ပဲ သူတို့မြန်မြန်ဆန်ဆန်ကို ပုန်းအောင်းနိုင်ဖို့ကြိုးစားလိုက်ပါတယ်။
” အူး…။”
လေထုထဲမှာတော့ , အဲဒီဝံပုလွေအိုကြီးရဲ့ သေခြင်းတရားဝိညာဉ်ခေါ်သံနဲ့ အချက်ပြမှုဟာ ကျယ်လောင်စွာထွက်ပေါ်လာပါတယ်။ ဒီလိုမျိုး အောင်းအူလိုက်တဲ့ အသံကြီးဟာ လူတိုင်းကို ခြောက်ခြားသွားစေပါတယ်။ ဒါက လက်ရှိမှာ မှော်သားရဲကြီးကို တန်ပြန်တိုက်စစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ကျောက်ခေတ်ရွာသားတွေရဲ့ စိတ်ဓာတ်ကို အကြီးအကျယ်ပျင်ယွင်းသွားစေပါတယ်။
“တိုက်ကြ..။!”
ရှီလင်းဟူက ပြောဆိုလိုက်ပါတယ်။
နောက်ဆုံးမှာတော့ သူ့ရဲ့ ဘယ်ဘက်လက်မောင်းပေါ်က စွမ်းအားတွေက သိပ့်သည်းလာပြီး ရှေးဟောင်းသားရဲဘုရင်ရဲ့ စွမ်းရည်တွေပေါ်ထွက်လာပါတယ်။ ကြည့်ရတာတော့ စိတ်ဝိညာဉ်တံခါးကို ဖွင့်လိုက်တာကြောင့် ဆိုးသွမ်းပြီး ကြီးမားတဲ့သားရဲတစ်ကောင်ပေါ်လာတာဖြစ်ပါလိမ့်မယ်။
“၀ုန်း..။!”
ပေါက်ကွဲသံလိုအသံကြီးတစ်ခုဟာ တောင်တန်းဒေသကို တုန်ခါသွားစေပြန်ပါတယ်။ ရုတ်တရက်ဆိုသလို ရှီလင်းဟူရဲ့ ခန္ဓာကိုယ်ဟာ လျှင်မြန်စွာကြီးထွားလာပြီး သူ့ရဲ့အ၀တ်တွေဟာ ပေါက်ပြဲထွက်လာပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဆယ့်လေးပေလောက်ရှည်ထွက်လာပြီး ကြေးဝါရောင်တဖိတ်ဖိတ်တောက်ပနေတဲ့ ကြေးဝါလူသားကြီးဖြစ်သွားပါတယ်။
ကြေးဝါလူသားကြီးဖြစ်သွားတဲ့ ရှီလင်းဟူဟာ သူ့ရဲ့လက်ဆစ်တွေကို ချိုးလိုက်ပြီး အော်ဟစ်မာန်သွင်းလို့ မှော်သားရဲကြီးတွေကို စတင်တိုက်ခိုက်လိုက်ပါတယ်။
မှော်သားရဲတစ်ချို့နဲ့ ၀ံပုလွှေရွာသားလေးယောက်ဟာ ကြေးဝါလူသားကြီးရှီလင်းဟူရဲ့ လက်နဲ့ ဆုတ်ဖြဲခံလိုက်ကြရပါတယ်။ ရေကာတာကျိုးပြတ်သွားသလို သွေးစက်တွေဟာ နေရာအနှံ့ပြန့်ကျဲသွားခဲ့ပါတယ်။
တိုက်ပွဲစတင်ရာ နေရာဟာ သွေးညှီနံ့တို့ ဖုံးလွှမ်းသွားခဲ့ပြန်ပါတယ်။ ကြေးဝါလူသားကြီးအသွင်ပြောင်းလဲထားတဲ့ ရှီလင်းဟူဟာ မှော်သားရဲကြီးတွေကို ဖိနှိပ့်ထားနိုင်သလိုကောင်းနဲ့ မြေကြီးကိုပါ လွှမ်းမိုးထားသလိုပါ။ သည်အဖြစ်အပျက်ဟာ မှော်သားရဲကြီးတွေကို တုန်လှုပ်စေပြီး ခြေတလှမ်းမှ မတိုးဝံ့ကြတော့ပါဘူး။
” အူး …။”
၀ံပုလွေအိုကြီးရဲ့ အေးစက်သွားတဲ့ မျက်လုံးတွေကြောင့် လေထုတောင် မတည်မငြိမ်ဖြစ်သွားပါတယ်။ ဒါက ရတနာပစ္စည်းတွေကို တက်မက်မောပြီး ကောက်ကျစ်တဲ့အတွေးကြောင့် စိတ်လှုပ်ရှားလာခဲ့သလိုမျိုးပါပဲ။ အရိုးလက်နက်ရတနာကြောင့်ပဲ ကျောက်ခေတ်ရွာသားတွေ ယုံကြည်မှုရှိနေကြတာလေ။ သည်အချက်ကြောင့်ပဲ ၀ံပုလွေအိုကြီးဟာ အရိုးလက်နက်ကို ရှိန်သွားပေမယ့် ဒါက သူကျိန်းသေပေါက်ရှုံးနိပ့်ရမယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ ရှန်းနီရဲ့ အဖိုးတန်ခန္ဓာကိုယ်ဟာ အရမ်းကို အရေးကြီးပါတယ်။ ဒါက သူ့ကို နောက်ထပ်တဖန် ပြန်လည်မွေးဖွားခံရသလို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။
၀ံပုလွေအိုကြီးဟာ စတင်တိုက်ခိုက်လိုက်ပေမယ့် ရှီလင်းဟူကိုတော့ ဦးတည်မတိုက်ခိုက်ခဲ့ပါဘူး။ သူဟာ တခြားသော ကျောက်ခေတ်ရွာသားတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်လိုက်ပါတယ်။ ဒါဟာ ကောက်ကျစ်စဉ်းလဲပြီး သူ့ရဲ့ ရည်ရွယ်ချက်က အဖိုးတန်ရှေးဟောင်းရတနာကို ကိုင်ဆွဲထားတဲ့ ရှီလင်းဟူရဲ့ ရန်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။
“ယား..။!”
ရှီလင်းဟူရဲ့ ဆယ့်လေးပေရှည်လျားတဲ့ အသွင်ပြောင်းခန္ဓာကိုယ်ကြီးဟာ စွမ်းအားတွေပေါက်ကွဲလို့နေပါတယ်။ သူ့ရဲ့ လက်ကြီးကို တစ်ချက်လွဲလိုက်တိုင်း အရောင်အဝါတွေ ထွက်ပေါ်လို့လာပါတယ်။ ဘုန်း ဆိုတဲ့ အသံကြီးဟာ ကောင်းကင်ပြာဆီအထိ ပေါက်ကွဲသွားပြီး အရိပ်မည်းကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။ ဒါက တောင်တန်းဒေသတစ်ခုလုံးကို ဖျက်စီးခြင်းငှာ စွမ်းနိုင်တဲ့ ဟာရီကိန်းမုန်တိုင်းကြီးတ်ခုလိုပါပဲ။
၀ံပုလွေအိုကြီးဟာ အရမ်းကို အံ့အားသင့်သွားပြီး လျှင်မြန်စွာပဲ ၀ပ်ချလိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ပါးစပ်ထဲကနေ အနီရောင်အလင်းတန်းတစ်ခုဟာ ရုတ်တရက်ထွက်ပေါ်လာပါတယ်။
” ၀ုန်း..။”
၀ံပုလွေအိုကြီး နဲ့ ကြေးဝါလူသားအသွင်ပြောင်း ရှီလင်းဟူတို့ဟာ ထိပ်တိုက်ရင်ဆိုင်မိသွားကြပါတယ်။
ရှီလင်းဟူဟာ ပြင်းထန်စွာသွေးတစ်လုတ်အန်ထုတ်လိုက်ပါတယ်။ ဘိုးဘွားပိုင်အမွှေအနှစ်ဟာ မယုံနိုင်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းပါတယ်။ ဒါပေမဲ့ သူက ဘိုးဘွားပိုင်အမွှေအနှစ်အရိုးလက်နက်ရဲ့ စွမ်းအားအစိတ်အပိုင်းတစ်ခုကိုသာ ထုတ်ဖော်နိုင်ပါတယ်။ အရိုးစာသားတစ်ခုကိုပဲ နားလည်ထားတာကလည်း ရန်သူကို အနိုင်ယူဖို့ ခက်ခဲနေပါတယ်။
သို့သော် ဒီလိုခွန်အားမျိုးက ဘယ်သူ့ကိုမဆို အံ့သြမိန်းမောစေဖို့ လုံလောက်ခဲ့ပါတယ်။ ၀ံပုလွေအိုကြီးရဲ့ ခန္ဓာကိုယ်ဟာ ရှုပ်ထွေးလှတဲ့ အနီရောင်အလင်းတန်းတွေက ပိတ်ဆို့ကာကွယ်ထားပါတယ်။ ဒါဟာ သူ့ရဲ့တုန်လှုပ်စရာစွမ်းအားတွေဟာ ပိုပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ အခုက ရှန်းနီ နဲ့ နွားမိစ္ဆာဦးချိုအပြင် တခြားအဖိုးတန်သားရဲအစိတ်အပိုင်းတွေကလည်း ဆွဲဆောင်အားကောင်းလှပါတယ်။ ဘိုးဘွားတွေရဲ့ ရှေးဟောင်းအမွှေအနှစ်အရိုးလက်နက်ဟာ ထူးခြားမှုတွေ ဖြစ်ပေါ်လာပါတယ်။ ၀ံပုလွေအိုကြီးရဲ့ မျက်လုံးတွေဟာ ပိုပိုအေးစက်လာပြီး အရောင်တွေထွက်လာပါတယ်။ ပထမဆုံးအကြိမ်အပြင်းအထန်တိုက်ခိုက်ပြီးနောက်မှာ နောက်ထပ်တစ်ကြိမ် တိုက်ပွဲခေါ်သံရောက်ရှိလာပြန်ပါတယ်။
အခြေအနေတွေက စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ၀ံပုလွေအိုကြီးဟာ သတိအနေအထားနဲ့ ချည်းကပ်လာပြီး လှည့်ပတ်ချောင်းမြောင်းနေပါတယ်။ ဒါဟာ သူ့ရဲ့ သတိကြီးတဲ့ ဗီဇကို ပေါ်လွင်စေပြီး သတ်ဖြတ်လိုတဲ့ အော်ရာတွေဟာ လေထုထဲမှာ ပြည့်နှက်နေပါတယ်။
” ၀ံပုလွေအိုထော့ကျိုးကြီး…။ မင်း ခံနိုင်ရည်ရှိသေးရဲ့လား..။”
ရှီလင်းဟူက စိတ်ဓာတ်စစ်ဆင်ရေးစတင်လိုက်ပါတယ်။
၀ံပုလွေအိုကြီးဟာ တောင်တန်းဒေသထဲက ကလန်လေးတွေ တော်တော်များများပိုင်ဆိုင်ထားတဲ့ ဂါးဒီးယန်းဝိညာဉ်တော်တွေကို အနည်းနဲ့အများ ကြောက်ရွံ့မှုရှိပါတယ်။ ဒါပေမယ့် သူဟာ လက်ရှိမှာတော့ အတော်လေးကို ဒေါသထွက်လာပါတယ်။ သူဟာ အသွင်ပြောင်း ကြေးဝါလူသားကြီးရှီလင်းဟူကို လှည့်ပတ်ချောင်းမြောင်းရင်း စိတ်မရှည်နိုင်အောင်ဖြ၀်လာပါတယ်။
တကယ်တော့ ရွာတစ်ရွာရဲ့ အစွမ်းထက်ဆုံးသူကို သတ်ဖြတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူဘဲ သူတို့တွေက မယုံကြည်နိုင်လောက်အောင် သန်မာနေလေ့ရှိပါတယ်။ လက်ရှိအနေအထားရ ရန်သူတွေကို အကူအညီမဲ့သလိုခံစားရအောင်သာ ကြိုးစားလိုက်ရပါတယ်။
၀ံပုလွေကြီးတွေရဲ့ အုပ်စုဖွဲ့အောင်းအူသံကြီးထပ်မံပေါ်ထွက်လာပြီး သူတို့ရဲ့ လျှို့ဝှက်တိုက်ခိုက်မှုဆက်သွယ်ခြင်းပါပဲ။ ကျောက်ခေတ်ရွာသားတွေဟာ ဒုတိယတစ်ကြိမ် စိုးရိမ်စိတ်တွေကြီးထွားလာပြီး အတိုင်းအဆမဲ့ အန္တရာယ်ရနံ့ကို ရလိုက်ကြပါတယ်။
အူး…။!
၀ံပုလွေအိုကြီးဟာ သူ့ရဲ့ စွမ်းအားတွေကို ထုတ်ဖော်လိုက်ပါပြီ။ သူဟာ ရှေ့ကို အနည်းငယ်တိုးလိုက်ချိန်မှာ သူ့ရဲ့ခြေသည်းတွေကြားကနေ မှော်ဆန်တဲ့စွမ်းအားတွေဖြာထွက်လာပါတယ်။ ဒါက ဘိုးဘွားတွေဆီက ဆင်းသက်လာတဲ့ အမွှေခံစွမ်းအားလိုမျိုး သိပ့်သည်းလှပြီး အံ့သြဖွယ်ရာကောင်းပါတယ်။ ဘယ်သူမဆို တဖြေးဖြေးအရောင်တောက်ပလာတဲ့ ခြေသည်းလက်သည်းတွေကို မြန်မြန်ဆန်ဆန်ကြည့်လိုက်ကြပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ ကြောက်လန့်သွားခဲ့ပါတယ်။ ဒါက ရွှေလက်သည်းခြေသည်းတွေအဖြစ် အမွှေခံစွမ်းအားတွေက ဖြစ်ပေါ်စေတာပါ။ ၀ံပုလွေအိုကြီးဟာ ကျောက်ခေတ်ရွာသားတွေကို သတ်ဖြတ်ဖို့ အားထုတ်တဲ့အနေနဲ့ တဟုန်ထိုးပြေးထွက်လာပါတယ်။
” မင်းအမောဆို့လာရင်တော့ သေရမှာပဲ..။ ၀ံပုလွေအိုကြီး…။”
ရှီလင်းဟူက ပြောလိုက်ပါတယ်။
သူက နောက်တစ်ကြိမ်အရိုးစာသားရဲ့ ခွန်အားတွေကို သုံးနိုင်ဖို့ ကိုယ့်ကိုကိုယ် ဖိအားပေးလိုက်ပါတယ်။ သူရဲ့ ဘယ်ဘက်လက်မောင်းကို ချီစွမ်းအားတွေ စီးဆင်းစေလိုက်ပြီး မှော်ဆန်တဲ့ သားရဲတစ်ကောင်လိုဖြစ်စေလိုက်ပါတယ်။ သူက မှော်ဆန်တဲ့ သားရဲတစ်ကောင်ရဲ့ စွမ်းအားတွေကို ဘယ်ဘက်ခြမ်းမှာ သိပ့်သည်းစေလိုက်ပြီး ကြမ်းကြုတ်တဲ့အော်ရာတွေက မိုးကောင်းကင်ထိထိုးတက်သွားပါတယ်။
” ဝေါင်း…။”
မြေကမ္ဘာကို တုန်လှုပ်စေတဲ့ ဟိန်းဟောက်သံကြီးပေါ်ထွက်လာပါတယ်။ အသွင်ပြောင်းကြေးဝါလူသားရှီလင်းဟူနဲ့ ရွှေရောင်စုံခြေသည်းလက်သည်းတို့နဲ့ ၀ံပုလွေအိုကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်မိကြပြန်ပါတယ်။ မှောင်မိုက်နေတဲ့ ကောင်းကင်ယံမှာ မိုးချုန်းပြီး လျှပ်စီးလျှပ်သွားတဲ့အလင်းရောင်ကြောင့် သည်အဖြစ်အပျက်ကို ကောင်းကောင်းမြင်လိုက်ကြရပါတယ်။
၀ံပုလွေအိုကြီးရဲ့ ရွှေရောင်လက်သည်းတွေဟာ ထပ်ပြီးထွက်ပေါ်လာခြင်း မရှိတော့ပါဘူး။ သူ့ရဲ့ ခြေသည်းလက်သည်းတွေဟာ ကျောက်ဆောင်ကျောက်သားတွေကြားမှာ နစ်ဝင်လို့သွားခဲ့တာကြောင့်ပါပဲ။
လူတိုင်းက စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြပါတယ်။ ဒီဝံပုလွေအိုကြီးတွေဟာ အရမ်းကိုကြောက်စရာကောင်းနေခဲ့ပါတယ်။
ရှီလင်းက အော်ဟစ်လိုက်ပါတယ်။ သူရဲ့ ဆယ့်လေးပေရှည်တဲ့ အရပ်ကြီးနဲ့ ကြေးဝါလူသားအဖြစ်အသွင်ပြောင်းထားတဲ့ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းထားဖို့ အခက်အခဲဖြစ်လာနေပါတယ်။ ဘိုးဘေးတွေရဲ့ ရှေးဟောင်းရတနာက အစွမ်းထက်ပေမဲ့ သူ ထိန်းချုပ်နိုင်ဖို့တော့ ခက်ခက်ခဲခဲ ဖြစ်လာပါတယ်။
ဝူး …။
၀ံပုလွေအိုကြီးဟာ အောင်းအူလိုက်ပြီး သူ့တို့ရဲ့ စွမ်းအားတွေကို အသက်သွင်းဖို့ စေခိုင်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မှော်သားရဲကြီးတွေဟာ လှုပ်ရှားမှုအနည်းငယ်ပြုလိုက်ကြပါတယ်။ အားနည်းချက်တွေဖြစ်ပေါ်လာတဲ့ အနေအထားကိုသိနေတဲ့ ရှီလင်းဟူဟာ ၀ံပုလွေအိုကြီးကို မျက်ခြေမပြတ်စူးစိုက်ကြည့်နေပါတယ်။
အခြေအနေကအရမ်းကို အရေးကြီးနေပါတယ်။ ကျောက်ခေတ်ရွာကလူတွေ ရဲ့ အသက်ဟာ ဓားသွားပေါ်အတင်ခံထားသလိုဖြစ်နေပြီး အချိန်မရွေးသုတ်သင်ဖယ်ရှားခံရနိုင်ပါတယ်။
အခုဆိုရင် ၀ံပုလွေအိုကြီးဟာ ကျောက်ခေတ်ရွာရဲ့အစွမ်းသတ္တိကို ခန့်မှန်းမိသွားတာကြောင့် အလျှင်စလိုမလုပ်ရဲတော့ပါဘူး။ ဒါဟာ သူ့ရဲ့ မိန်းမောတွေဝေခြင်းမရှိဘဲ အထိန်းမကွက်မဲ့တိုက်ခိုက်မှုကို ရပ်တန့်သွားစေပါတယ်။
ရှစ်..။
ရှီဟောင်ဟာ သူ့ရဲ့သားရဲလက်ပတ်ကို အသက်သွင်းလိုက်ပါတယ်။ သားရဲလက်ပတ်ဟာ အလင်းတန်းတွေဖြာထွက်လာပြီး ၀ံပုလွေအိုကြီးရဲ့ ကိုယ်ကို ထိုးဖောက်ဖို့ မိုးကောင်းကင်ကို ထောင်တက်သွားပါတယ်။ ဒါကိုကြည့်ရတာ ကြယ်တစ်ပွင့်ထွန်းလင်းနေသလိုပါပဲ။
၀ံပုလွေအိုကြီးဟာ ပထမဆုံးအကြိမ်အနေနဲ့ ဒေါသမထွက်စဖူး ထွက်လာပါတယ်။ သူဟာ ချက်ချင်းကို ပစ်လဲသွားချင်စိတ်ပေါက်သွားပါတယ်။ ဒီသားရဲလက်ပတ်ဆိုတာ သူပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းအမွှေအနှစ်တစ်ခုဖြစ်ပေမယ့် အခုတော့ ကလေးတစ်ယောက်ရဲ့ လက်ထဲရောက်နေပါတယ်။
ဒါက အရမ်းကိုရှက်စရာကောင်းလှပြီး ရှီဟောင်ရဲ့လက်ထဲက ဆီးနှင်းခဲတွေလိုဖြူ ဖွေးနေတဲ့ သားရဲလက်ပတ်အရှိန်အဝါတွေက သူတို့ကို လှောင်ပြောင်နေသလိုပါပဲ။
ရုတ်တရက် ရှီဟောင်ရဲ့ ကိုယ်ထဲကနေ စွမ်းအားအလင်းတွေထွက်ပေါ်လာပါတယ်။ အရိုးစာသားတွေဟာ သူ့ရဲ့ တစ်ကိုယ်လုံးကို ပင့်ကူအိမ်တွေလို လိမ့်ယှက်လာပါတယ်။ သူက လျှင်မြန်စွာပဲ လှုပ်ရှားလိုက်တာကြောင့် မှော်သားရဲတွေရဲ့ သွေးစက်တွေ စွန်းထင်းသွားပါတယ်။
အဲ့ဒါဟာ ကောင်းကင်ဆန်တဲ့အဖြစ်အပျက်ပါပဲ။ မှော်သားရဲတွေရဲ့ အသွေးအသားတွေဟာ သူ့ရင်ဘတ်ပေါ်ကနေတဆင့် သူ့ရဲ့ ကိုယ်ထဲကို စုပ်ယူလိုက်ပါတယ်။ ကြောက်စရာကောင်းတဲ့ အော်ရာတွေဟာ မိုးကောင်းကင်နဲ့ မြေကြီးကြားက ဟာရီကိန်းမုန်တိုင်းလို ဝါးမျို သွားခဲ့ပါတယ်။
ရှည်ကြာလှတဲ့ ညည်းတွားအော်ဟစ်သံကြီးတစ်ခုက လူတိုင်းရဲ့ နားထဲကို ခါးသီးစွာဝင်ရောက်လာပါတယ်။ မှော်သားရဲကြီးတော်တော်များများက အပြင်းအထန်တုန်လှုပ်သွားကြပြီးနောက်မှာ အညံ့ခံလိုစိတ်တွေဖြစ်ပေါ်သွားကြပါတယ်။
မှော်သားရဲရဲ့အရိုးတစ်ခုက ရှေးဟောင်းသင်္ကေတပုံစံတစ်ခုဖြစ်လာပါတယ်။ ပြီးတော့ ရှီဟောင်ရဲ့ ပကတိခန္ဓာကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ သူ့ရဲ့ ကိုယ်လုံးသေးသေးလေးကလည်း မီးတောင်တစ်ခုက မီးလျှံတွေလို မီးပွားစတွေထွက်ပေါ်လာပါပြီ။ ကောင်းကင်ကို လွှမ်းမိုးနိုင်တဲ့စွမ်းအားတွေနဲ့ တိုင်းတာနိုင်ပြီး လေထုကိုတောင် ကြောက်ရွံ့ခြင်းတွေပြည့်နှက်သွားစေပါတယ်။
ဤသည်က ကျောက်ခေတ်ရွာရဲ့ ဒုတိယမြောက်ဘိုးဘွားပိုင်ရှေးဟောင်းပစ္စည်းဖြစ်ခဲ့ပါသည်။ ဒါကို အရင်တုန်းက ရှီဖန်ကျင်းက အသုံးပြုခဲ့ပေမယ့် အရိုးစာသားကို နက်နက်နဲနဲနားလည်နေပြီဖြစ်တဲ့ ရှီဟောင်အတွက် လျှို့ဝှက်လက်နက်အဖြစ်ပေးလိုက်ကြတာပါ။
ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲတွေရဲ့ ဟိန်းဟောက်သံက တောင်တန်းဒေသကို လှိုင်းထသွားစေပြန်ပါတယ်။ ရှီဟောင်ရဲ့ ရင်ဘတ်ဟာလည်း မှော်စာလုံးအစီအရင်တံခါးပေါက်အဖြစ် ပြောင်းလဲသွားပါတယ်။ သည်အရာက သာမန်မဟုတ်ဘဲ ကြောက်စရာကောင်းတဲ့ သားရဲဆိုးတစ်ကောင်နဲ့ တူလာပါတယ်။
ပြီးတော့ ရှီဟောင်ဟာ ၀ံပုလွေအိုကြီးဆီကို တဟုန်ထိုးပြေးဝင်သွားပြီလေ။
*****