သုခကမ္ဘာက ရှီဟောင် - Chapter - 481 သန့်စင်သောသွေးမျိုးဆက်ကို ဖိနှိမ့်ခြင်း
“ဒီနတ်သတ္တဝါရဲ့ လက်မောင်းကာ လက်နက်က ငါ့ကလန်က အဖိုးတန်ဆုံးပစ္စည်းပဲ .. ဒါကို ဆုံးရှုံးလိုက်လို့ မရဘူး .. နင့်ကို ဒီတစ်ကြိမ်တော့ငှားလိုက်မယ် .. ဒါပေမယ့် နင်ဒီနေရာကနေ ခုအချိန်လွတ်မြောက်ပြီးတာနဲ့ ငါ့ကိုသေချာပေါက် ပြန်ပေးရမယ်နော် .. ”
ခရမ်းရောင်မိန်းခလေး ယွန်စီက ပြောလိုက်သည်။
“ မူလ လက်မောင်းကာတစ်ဖက်ကို နင်ပဲ ငါ့ကို လက်ဆောင်ပေးချင်ခဲ့တာ မဟုတ်ဘူးလား .. ဒါမှမဟုတ် ငါ မိစ္ဆာပင့်ကူကို သတ်ဖို့ အသုံးပြုလိုက်တာမျိုးတို့ ကောင်းကင်စိမ်းနတ်တောင်က သတ္တဝါတစ်ကောင်ကောင်ကိုသတ်ဖို့ အသုံးပြုလိုက်တာမျိုးတို့ ဆိုရင်ရော .. ဒါဆိုရင်တော့ စိတ်ပျက်စရာကောင်းတော့မှာပဲ .. ”
ရှီဟောင် ပြန်ပြောလိုက်သည်။
ယွန်စီဟာ ထိုစကားတွေကိုကြားတဲ့အခါမှာ သူမအရိုး အသွေး အသားတွေထဲကအထိ မုန်းတီးမှုတွေ ဖြစ်တည်လာကာ အံတင်းတင်းကြိတ်လိုက်သည်။
* ဘာလို့ ဒီကောင်စုတ်က သူ့ကိုယ်သူ အရမ်းခမ်းနားကြီးကျယ်တဲ့လို့ ထင်နေရတာလဲ .. ။ သူက အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်နှစ်ယောက်တောင်မှ သတ်နိုင်မယ်လို့ တွေးထင်နေသေးတယ် .. ။ ဒီနေရာက မြောက်ပိုင်းခွန်ပန်အသိုက်လို့များ ထင်နေတာလား .. ။ *
ထို့အပြင် သူက လက်မောင်းကာကို အသုံးပြုပြီး အတားအဆီးတွေကို ကျော်ဖြတ်နိုင်ခဲ့သည်။ ဒီတော့ ဘာကြောင့်များ ဒီကောင့်အတွက် နောက်ထပ်လက်မောင်းကာတစ်စုံပေးရတော့မှာလဲ။ ခရမ်းရောင်မိန်းခလေး ယွန်စီက သူက သူမကို မြေပြင်မှာအတူ နပန်းလုံးဖို့ကြိုးစားခဲ့တာတွေ၊ သူမ နားရွက်ကို ကိုက်ခဲ့တာတွေကို ပြန်တွေးမိရင်း သက်တောင့်သက်သာမရှိတော့ပေ။ ဒီကောင်စုတ်က ထိုစဉ်အချိန်က သူမကိုယ်ကို ဖက်တွယ်နေခဲ့သည့် ပိုးကောင်တစ်ကောင်လို ခံစားရစေခဲ့သည်။
“ နင် တော်တော်အရေထူတာပဲ .. ”
ယင်ရွှယ် ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ ငါ့အရေထူတော့ရော .. ဘာဖြစ်လဲ .. နင် ဒါမျိုး တစ်ခါမှ မခံစားဖူးတာကျနေတာပဲ .. ”
ရှီဟောင်ကလည်း သူမကို ပစ်ခတ်တော့မည့်အကြည့်မျိုးနဲ့ ကြည့်လိုက်သည်။ ထို့နောက်သူက ခရမ်းရောင်မိန်းခလေး ယွန်စီရဲ့ တဖျတ်ဖျတ်တောက်ပနေတဲ့ နားတွေကိုကြည့်လိုက်သည်။
“ နင့်ရဲ့ အရေခွံကလည်း တော်တော်ထူတယ် .. ”
ခရမ်းရောင်မိန်းခလေး ယွန်စီက မုန်းတီးစွာဖြင့် ပြောလိုက်လေ၏။
“ ပေါက်ကရတွေ .. နင်သာ မသိရင် ငါတို့ ပေါက်ကရတွေ ထပ်ပြောစရာ မရှိတော့ဘူးလေ .. ငါ့ရဲ့ အရေပြားက အရမ်းကို ပါးလှပ်တာ .. နင့်ရဲ့ အရေပြားကမှ ငါ့ထက်ထူတာ .. နင် မယုံရင် ငါတို့ ယှဉ်ကြည့်လို့ ရတယ်နော် .. ”
အဝေးမှကြည့်နေကြတဲ့ လူအုပ်အဖွဲ့ကလည်း ချက်ချင်းပင် အံ့သြသွားကြသည်။ အထူးသဖြင့် များစွာသော လူငယ်ကောင်လေးတို့ တိတ်ဆိတ်သွားကြခြင်းဖြစ်သည်။ နတ်ဆိုးကောင်လေးက အလွန်ကို အရှက်တရားမဲ့လွန်းလှ၏။
ယွန်စီနဲ့ ယင်ရွှယ်တို့နှစ်ယောက်လုံး သူ့အား စူးစိုက်ကြည့်လိုက်ကြသည်။ ကိုယ့်ကိုယ်ကို ရဲရင့်တယ်လို့ အထင်ရောက်နေတဲ့ ဒီလိုကောင်စုတ်မျိုးကို သူတို့တစ်ခါမှ မတွေ့ဖူးကြပါ။ ထိုစဉ်တွင် ဒီကောင်စုတ်က အလောတကြီးပြေးလာပြီး သူမတို့ကို ထိတွေ့ဖို့ ကြိုးစားမည့်ပုံပြုနေသေးသည်။
“သွားသေလိုက် .. သွားသေလိုက်ပါလား .. နတ်ဆိုးကောင် .. ”
ထိုနှစ်ယောက်လုံးက ချက်ချင်းပင် နောက်ဆုတ်လိုက်ပြီး မျက်နှာက နီရဲလာခဲ့သည်။
“ ဂျူနီယာညီမလေး .. ကြည့်ပါအုံး .. ညီမလေးတို့ရဲ့ အရေပြားက ငါ့ထက် ပိုထူနေတာပဲလေ .. မဟုတ်ဘူးလား .. ဘာလို့ ငါ့ကို မထိခိုင်းရတာလဲ .. ဟွန့် .. နင်တို့ ဘာသာ ယုံကြည်ချက်မရှိနေပဲနဲ့ .. ”
ရှီဟောင်ကလည်း နောက်သို့လှည့်ပြီး ဟုန်လင်းအာကို ကြည့်လိုက်သေးသည်။
အားလုံးဆွံ့အ သွားရ၏။
* ဒီကောင်စုတ်က လူတွေနဲ့နတ်ဘုရားတွေကိုတောင် ဘယ်လိုဒေါသထွက်အောင်လုပ်ရမလဲဆိုတာကို သေချာသိနေတာပဲ .. ။ *
ရှေးဟောင်းနတ်တောင်က လူငယ်တွေအားလုံးက သူတို့တွေ နတ်ဆိုးသွေးကို သောက်လိုက်ရသလို ခံစားမိရင်း ရူးသွပ်တော့မလိုဖြစ်လာကြသည်။ သူတို့ ချက်ချင်းပင်ပြေးတက်ကာ တိုက်ခိုက်ချင်ပါ၏။ သူတို့ရဲ့ နတ်ဘုရားမလေးတွေက ရန်စခံနေရသည် မဟုတ်လား။
သို့သော် ထိုသို့လုပ်နိုင်စွမ်း မရှိကြပါပေ။ မည်သူကမှလည်း အလောတကြီးမပြေးလွှားရဲကြချေ။ တစ်ဖက်သူက အလွန်အမင်းရိုင်းစိုင်းကြမ်းတမ်းကာ ဘာကိုမှ စိတ်ထဲထားတတ်သူ မဟုတ်ပါ။ လက်ရှိတွင်တော့ မီးခိုးရောင်ဆံပင်နဲ့ လူငယ်လေးတို့အဖွဲ့က တင်ပါးကို စောင့်ကန်ခံရရင်း ရွှံ့ထဲနစ်မြုပ်နေကြသည်မှာ သူတို့အတွက်အကောင်းဆုံး ဥပမာဖြစ်လို့ နေသည်။
“ ဒီလက်မောင်းကာ ပြီးရင် ငါ့ကို သေချာပေါက်ပြန်ပေးရမယ် .. ”
ခရမ်းရောင်မိန်းခလေးက ထပ်ပြောလိုက်ပါ၏။
ရှီဟောင်သည် သူမကို တစ်ချက်ကြည့်လိုက်ကာ ပြော၏။
“ ငါသာ ဒီတိုက်ပွဲမှာ အသတ်ခံရရင် အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်တွေက ငါ့ရဲ့လက်မောင်းကာကို ယူသွားခဲ့မယ်ဆိုရင် အဲ့ဒါက နင်တို့ ကောင်းကင်နတ်တောင်ကို ပြန်ရောက်နိုင်လောက်လား .. ဘာပဲဖြစ်ဖြစ် နင်တို့အားလုံးက မိတ်ဆွေတွေပဲလေ .. ဟုတ်တယ်မလား .. အခုလက်ရှိအချိန်မှာ ငါ့အသက်ရှင်မှပဲ နင့်ကို ပြန်ပေးနိုင်တယ်ဆိုပြီး ဂတိတောင်းသင့်တယ်ထင်တယ် .. ကြည့်ရတာ ဒါအကြံဉာဏ်ကောင်းပဲ .. ဘာပဲဖြစ်ဖြစ်ပါ ပြီးရင်တော့ နင်ပြန်ရမှာပေါ့ .. ဒါပေမယ့် ငါဘာလို့ အဲ့လိုလုပ်ရမှာလဲ .. ဒီလက်မောင်းကာက အရမ်းအစွမ်းထက်တာလေ .. ပြီးတော့ နင်တို့ဘက်ကလည်း ဂတိမတည်ခဲ့ဘူး .. ဒီတော့ အခုဒါက ငါ့အပိုင်ပဲ .. အနာဂတ်မှာ နင်တို့အချိန်ရှိတယ်ဆိုရင် ကြိုက်တဲ့အချိန် ငါ့ကို ကျန်တဲ့လက်မောင်းကာ တစ်ဖက်ကို လာပေးလို့ရတယ် .. ”
ယွန်စီ အံကြိတ်လိုက်၏။ ဒီကောင်စုတ်က အခြားသူတွေစကားကို နားမထောင်တတ်သလို ဘယ်တော့မှ နည်းနည်းလေးတောင်မှ အရှုံးခံသူ မဟုတ်ပေ။ သူက တော်တော်လေးကို စိတ်ညစ်ဖို့ကောင်းပေမယ့် သူမတို့မှာ ရွေးချယ်စရာမရှိတော့။ ထိုလက်မောင်းကာဆိုတာက ရှေးဟောင်းနတ်တောင်ရဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်။ ထိုအရာကိုသာ ဆုံးရှုံးဖို့ လုံးဝမသင့်သလို အပြင်လူတွေလက်ထဲလည်း ကျရောက်ဖို့ မသင့်ပါချေ။
“ ငါ့မှာ လှုပ်ရှားနိုင်တဲ့ အဆောင်ရတနာတစ်ခုရှိတယ် .. ငါ နင့်ကို ပေးမယ် .. ငါ့ကို အဲ့ဒီလက်မောင်းကာကို မြန်မြန်ပြန်ပေးပြီးတော့ ထွက်ပြေးတော့ .. နင် အဲ့ဒီအစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်နှစ်ယောက်ရဲ့ ပြိုင်ဘက်လုံးဝမဖြစ်နိုင်ဘူး .. ဒီတော့ နင့်မှာ စစ်မှန်တဲ့ နတ်လက်နက်မရှိသမျှ ဘယ်လိုမှ အသုံးဝင်မှာမဟုတ်ဘူး .. သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က နင့်ထက်အများကြီးသာတယ် .. ”
ခရမ်းရောင်မိန်းခလေးက အကြံဉာဏ်ထပ်ပေးလိုက်သည်။
“ငါ့ကို ကြည့်ရတာက တော်တော်လေးကို အထင်သေးဖို့ ကောင်းနေလို့လား .. ပြေးလွှားတာက ငါ့ပုံစံမှ မဟုတ်တာ .. လက်မောင်းကာ လက်မှာတွဲထားတဲ့အခါ ကောင်းကင်တစ်ခုလုံးက ငါ့အပိုင်ဖြစ်သွားပြီလေ .. စောင့်ကြည့်နေစမ်းပါ .. ငါ အဲ့ဒီကောင်နှစ်ကောင်ကို သူ့တို့ အဖေအမေတွေကို တမ်းတရတဲ့အထိ အော်ငိုအောင် ရိုက်နှက်ပြမယ် .. ”
ရှီဟောင်က အလွန်အမင်းယုံကြည်ချက်ရှိနေသည်။ သိပ်မဝေးသည့်နေရာက ရှေးဟောင်းနတ်တောင်မှ လူတို့ဟာ ထိုစကားတိုင်းကို ကြားလိုက်ကြရသည်။ သူတို့ ချက်ချင်းပင် သံသယဝင်၍ အချင်းချင်းကြည့်လိုက်ကြရ၏။
* ဒီကောင်စုတ်ရဲ့ ယုံကြည်မှုအဆင့်က တော်တော်လေးကို မြင့်မားနေပါလား .. ။ သူဘာတွေပြောလိုက်တယ်ဆိုတာရော သူ့ကိုယ်သူ သိရဲ့လား .. ။ *
“ ကောင်းပြီ .. ငါတို့ လက်မောင်းကာနဲ့ပတ်သက်ပြီး ပြောတဲ့အကြောင်းအရာတွေကို ဒီမှာရပ်ကြရအောင် .. ငါ့နေရာက ငါ့ရွာကို မင်းကာကွယ်ပေးမယ်ဆိုတဲ့ စကားကလည်း အကြုံးမဝင်တော့ဘူး .. ငါ့ကို အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ထပ်မမေးနဲ့တော့ .. ”
ရှီဟောင်က ချက်ချင်းပင် သူမကို လစ်လျူရှု ပယ်ချသလိုပြုမူရင်း ထွက်ခွာသွားတော့သည်။
သူက ဝံပုလွေလေးကိုလည်း ကြည့်သွားသေး၏။ အားလုံးမဲမှောင်တဲ့အမူအရာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်မိလိုက်ကြတော့သည်။
* ဒီကောင်စုတ်က သူတို့ရဲ့ နတ်ဘုရားမလေးကို အနိုင်ကျင့်သွားလား .. ။ ရွာကို ကာကွယ်ဖို့ ဟုတ်လား .. ။ ဘာလို့ ရှေးဟောင်းကြောက်မက်ဖွယ်သားရဲတစ်ကောင်ကို ဆွဲဆောင်နေတဲ့ လေသံနဲ့တူနေရတာလဲ .. ။ *
ယွန်စီနဲ့ ယင်ရွှယ်တို့နှစ်ယောက်လုံး အလွန်အမင်း ဒေါသထွက်ကြရပြန်သည်။ သူတို့က ဒီကောင့်ကို အတူတူ ပူးပေါင်းပြီး ရိုက်နှက်ချင်ပေမယ့် သူတို့မှာ ထိုသို့ လုပ်နိုင်စွမ်းမရှိပေ။
ထိုစဉ်အခမ်းအနားပွဲက စတင်ကာ အရသာရှိလှတဲ့ ဟင်းလျာတွေနဲ့ မွှေးပျံ့လှတဲ့ဝိုင်တို့က ကျောက်စိမ်းစားပွဲတွေပေါ် အစီအရီခင်းကျင်းထားခဲ့သည်။ ဘယ်သူကမှ မသောက်ကြသေးပေမယ့် မွှေးရနံ့နဲ့တင် အားလုံးက မူးဝေရစ်ထွေနေကြပြီဖြစ်သည်။ ဝိုင်က အလွန်အမင်းကို တဖျတ်ဖျတ်လက်ကာ အရသာကောင်းရှိမည့် ပုံပေါ်နေ၏။
ဟောင်လင်းအာရဲ့ နောက်ခံက အလွန်အမင်းကို ထူးခြားသည်မို့ သူမ ထိုင်နိုင်သည့်နေရာကို ကောင်းကင်နန်းတော်ရဲ့ အလယ်ကောင်တွင် ချထားပေးသည်။ အကြောင်းကတော့ သူမက မီးအင်ပါယာကို ကိုယ်စားပြုတာကြောင့် ဖြစ်သည်။
သို့ရာတွင် သူမက ရှီဟောင်ရဲ့ စားပွဲရှိရာအပြင်ဘက်တွင်သာ ထိုင်ဖို့ ရွေးချယ်လေသည်။ အကြောင်းကတော့ သူမက ဒီနတ်ဆိုးကောင်နဲ့ ပိုပြီးရင်းနှီးတာကြောင့် ဖြစ်သည်။
“ ဒီမှာစားဖို့ မလုံလောက်တော့ဘူး .. နောက်ထပ် စားပွဲတွေ သွားယူတော့ .. ”
ရှီဟောင် အော်လိုက်သည်။ သူက အရသာရှိလှတဲ့ ဟင်းလျာတွေ အားလုံးကို တစ်ခုပြီးတစ်ခု စားပွဲပေါ်သို့ တင်နေလေ၏။ ထိုနေရာတွင် မွှေးပျံ့လှတဲ့ ဟင်းလျာကောင်းများစွာ ပျံနှံ့နေတော့ကာ ချက်ချင်းပင် သူက စားသောက်ရင်း ရှင်းလင်းနေလေ၏။ နန်းတော်ရဲ့ အစေခံတွေအားလုံးကလည်း နောက်ထပ်စားစရာတွေနဲ့ သောက်စရာတွေ ယူလာပြီး ပြုံးနေလေသည်။
“နင် ဘာလို့ အများကြီးစားနိုင်ရတာလဲ ..”
ဟောင်လင်းအာက ဒီကောင့်နားမှာထိုင်ရတာကို စတင်နောင်တရသွားသည်။ ဒီကောင်က တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတာပဲ။
“ ကိုယ်တိုင်ယူ ကိုယ်တိုင်စားလို့ရတယ်မလား .. ငါ ကြောက်မက်ဖွယ်သားရဲကင်တွေ စားချင်တာ .. ဒီမှာရှိပါ့မလား .. ဒီနေရာမှာတော့ ငါစားဖို့ လုံလောက်တဲ့ ပမာဏရှိလောက်မှာပါ .. ”
ရှီဟောင်ပြောလိုက်သည်။
“ နင် အသံနိမ့်ပြီးပြောလို့ မရဘူးလား .. ”
ဟောင်လေးအာက ဘယ်နဲ့ညာကိုကြည့်လိုက်ရင်း ရှက်ရွံ့နေပုံရသည်။
“ ဘာ ကြောက်စရာရှိလဲ .. ”
ရှီဟောင် ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကောင်းကင်ပြောင်းလဲခြင်းအိုးလေးကို သူ ထုတ်ယူလိုက်ကာ အထဲမှ မီးတောက်က သူလက်ဝါးပေါ်တွင် တောက်လောင်လာစေခဲ့သည်။ အားနည်းဖျော့တော့တဲ့ ကြောက်လန့်တကြားအော်သံက အထဲမှ ပျံ့ထွက်လာ၏။
“ နင် ပေါက်ကရတွေလုပ်မနေနဲ့ .. အဲ့ဒီပင့်ကူကို နင် ကင်စားမလို့ ကြံနေတာလား .. ”
ဟောင်လင်းအာက ကြောက်လန့်တကြားဖြစ်သွားသည်။ ထိုကဲ့သို့သောမြင်ကွင်းက သူမအတွက်တော်တော်လေးကို ရင်းနှီးနေ၏။
“နင် ဘာသိလို့လဲ .. ဒါက သန့်စင်တဲ့သွေးမျိုးဆက်ဟ .. နတ်ဆေးတွေသန့်စင်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့ ဆေးအမယ်တစ်မျိုးပဲ .. ”
ရှီဟောင်က သဘောမကျသလိုပြန်ပြောလိုက်သည်။
“ သန့်စင်တဲ့သွေးမျိုးဆက် မိစ္ဆာပင့်ကူတစ်ကောင်ရဲ့ အဆိပ်စွမ်းရည်က အရမ်းကြောက်ဖို့ ကောင်းတယ် .. ဒီတော့ နင်အခုလိုမျိုး လွယ်လွယ်ကူကူ စားလိုက်လို့ မရဘူး .. အဲ့ဒီအချိန်ကျရင် ကောင်းကင်နတ်ဘုရားတွေတောင်မှ နင့်ကို လာကယ်နိုင်မှာမဟုတ်ဘူး .. ”
ဟောင်လင်းအာ ပြောလိုက်သည်။
“ ဒါဆိုလည်း မေ့လိုက်တော့ .. ငါ ဒါကိုနောက်မှ ဆေးဝါးသန့်စင်ဖို့ပဲ သုံးတော့မယ် .. ”
နောက်ဆုံးတွင်တော့ နန်းတော်အစေခံတွေအားလုံးက နောက်ထပ်စားပွဲအပြည့် ဟင်းလျာတွေကို ထပ်မံခင်းကျင်းထားကာ ကျေနပ်စွာပြုံးရင်း သူ့ကိုထားခဲ့လေသည်။ ထိုအရာတွေအားလုံးက သာမန်စားစရာတွေ မဟုတ်ပေ။ ထိုထဲတွင် များပြားလှတဲ့ ဝိဥာဉ်အဆီအနှစ်ပေါင်းများစွာ ပါဝင်ပေ၏။ရှီဟောင်က ဝိုင်ကို တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။ ဝိုင်ရနံ့က အလွန်အမင်းပေါကြွယ်ဝကာ သူ့ကို မူးယစ်လာစေသည်။ သူဟာ အရာအားလုံးကို မေ့လျော့သွားပြီဖြစ်၏။
“နင့်မှာ နောက်ထပ်တိုက်မယ့်တိုက်ပွဲ ရှိသေးတယ်မဟုတ်လား .. နင် အရက်သောက်နေရင်းနဲ့ပဲ အဲ့ဒီလူတွေကို မတိုက်ခိုက်နိုင်ဘဲဖြစ်သွားမှာကို ငါစိုးရိမ်မိသေးတယ် .. ”
ဟောင်လင်းအာက ဘေးမှနေရင်း သတိပေးနေရသည်။
“ မစိုးရိမ်ပါနဲ့ .. ငါ အဲ့ဒီလူတွေရဲ့ဖင်တွေကို သေချာပေါက် စောက်ကန်ပစ်အုံးမှာ .. ”
နတ်ဆိုးကောင်လေးက အလွန်အမင်းပျော်ရွှင်နေပုံရကာ ဝိုင်တွေသောက်လိုက် အကင်တွေစားလိုက်နဲ့ကျေနပ်နေပေသည်။ သူ့ဘေးပတ်ဝန်းကျင်တွင်ရှိနေတဲ့ သူတွေကတော့ မိုးကလန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ တုံးပါးကလန်က ကျွမ်းကျင်ပညာရှင်တို့ ဖြစ်ကြသည်။
သူတို့တွေအားလုံးက အတော်လေးကို ကံဆိုးတယ်လို့ တွေးမိကြကာ မျက်နှာတွေကတော့ အရုပ်ဆိုးနေကြသည်။ သူတို့ရဲ့ခေါင်းတွေကိုလိမ်ရင်း အခြားမျက်နှာသို့ကြည့်နေကာ ရှီဟောင့်ကို မကြည့်မိအောင် ထိန်းထားကြလေသည်။
“ ဟုတ်တယ် .. ကောင်းကင်စိမ်းနတ်တောင်ရဲ့ အစွမ်းထက်ဆုံး ကျွမ်းကျင်ပညာရှင်မှာ ဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့ နောက်ခံရှိလဲ .. ငါသူ့ကို အရင်က ရန်မစဖူးပါဘူး .. ဘယ်လိုပုဂ္ဂိုလ်က ပုန်းအောင်းနေတယ်ဆိုတာကို ဘယ်သူက သိမှာလဲ .. ”
ရှီဟောင်က ထပ်ပြောလိုက်ပြန်၏။ ထိုလူအုပ်က ချက်ချင်းပင် မှင်သက်သွားတော့သည်။ ထိုဟာက ခမ်းနားကြီးကျယ်လှတဲ့ ရှေးဟောင်းနတ်တောင်ဖြစ်သည်။ ကောင်းကင်စိမ်းနတ်တောင်မှာ ပုန်းအောင်းနေတဲ့အရာ ဟုတ်လား။ ဒီကောင်က အမြင်ကျဉ်းကျဉ်းနဲ့ကြည့်လိုက်တာပဲ။
ရှီဟောင်က ရှေးဟောင်းနတ်တောင်ကလူတွေအားလုံးကို ရူးသွပ်တော့မလိုဖြစ်စေလေသည်။ ထိုနယ်မြေတွင်ရှိတဲ့ လူတိုင်းက ရှေးဟောင်းနတ်တောင်က လူငယ်တွေဖြစ်ကြကာ ပုံမှန်အတိုင်း သူတို့အားလုံး အလွန် ဒေါသထွက်သွားကြ၏။ ထိုထဲတွင်တော့ မိန်းမငယ်လေးတစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။
“ ငါတို့ နတ်တောင်က အရမ်းအားနည်းတယ် .. အစ်မကြီးက ငါ့ကို လိမ်ခဲ့တာနဲ့ တူတယ် .. သူပြောတော့ ငါတို့ နတ်တောင်က ကောင်းကင်အောက်မှာ အစွမ်းထက်ဆုံးတဲ့ .. ”
သူမလေးက အလွန်ငယ်ရွယ်သေးကာ ငါးနှစ်ခြောက်နှစ်အရွယ်သာ ရှိနေသေးသည်။ ရှီဟောင်က သူတို့ကို အနိုင်ကျင့်နေတာကြောင့် သူတို့က အားနည်းလို့ ထိုသို့ခံရတယ်ဟု ထင်သွားပုံရသည်။
“သူ ပေါက်ကရတွေပြောနေတာကိုနားထောင်မနေနဲ့ .. ငါတို့ ရှေးဟောင်းနတ်တောင်က အားမနည်းဘူး .. အဲ့ဒီ နတ်ဆိုးကောင်ကသာ ကြောက်စရာကောင်းနေတာ .. ”
မိန်းမငယ်လေးတစ်ယောက်ကလည်း ဖျောင်းဖျသည်။
“ ဟေး .. ဖက်တီး .. နင် ဘာတွေပြောနေတာလဲ .. ”
ရှီဟောင်က ထိုကောင်မလေးကိုတစ်ချက်ကြည့်ရင်း မေးလိုက်သည်။
“နင် ဒီနေရာက ဘယ်သူ့ကိုမှ လိုက်အနိုင်ကျင့်လို့ မရဘူးနော် .. ”
ယွန်စီနဲ့ ယင်ရွှယ်တို့က နှစ်ယောက်လုံးမတ်တပ်ထရပ်လိုက်ရင်း ရှီဟောင် ပေါက်ကရတွေပြောမှာကို တားဆီးလိုက်လေသည်။
“ ငါက ပုံမှန်အတိုင်းမေးလိုက်ရုံလေးပါ .. ငါဘယ်သူ့ကိုများ အနိုင်ကျင့်မိလို့လဲ .. ”
ရှီဟောင်က လက်လေးနှစ်ဖက်ကို မြှောက်ရင်း အပြစ်ကင်းသလိုပြောသည်။ လူတိုင်းလူတိုင်းပိုပိုပြီးသာ စိတ်ပျက်လာရ၏။
သူတို့အားလုံးက သန့်စင်တဲ့ သွေးမျိုးဆက်သတ္တဝါတွေဖြစ်ကြကာ ပျက်သုဉ်းခြင်းနယ်မြေတစ်လျှောက်လုံးတွင် အလွန်အစွမ်းထက်လွန်းလှသည့် လူငယ်ပါရမီရှင်တွေဖြစ်ကြသည်။
သို့သော် အဆုံးတွင်တော့ ယခုကဲ့သို့ အနိုင်ကျင့်ခံနေရသည်။ ဒါတောင်မှ တစ်ဖက်သူက အနိုင်မကျင့်ဘူးလို့ အပြစ်ကင်းသလိုပြောနေသေးသည်။ သူတို့ပါးစပ်ထဲမှ အရသာတွေအားလုံးက ခါးသက်သွားသလိုပင် ခံစားလိုက်ရ၏။
“ ကောင်းကင်စိမ်းနတ်တောင်က နတ်ငှက်တွေရှိတဲ့နေရာပဲ .. သူတို့အားလုံးက မြောက်ပင်လယ်မှာ နင်စားခဲ့တဲ့ ချင်ယွန်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဘိုးဘေးပဲ .. ”
အဆုံးတွင်တော့ တစ်စုံတစ်ယောက်က သူ့ကို ပြောပြလာသည်။ သူတို့က ဆက်ပြီးတော့ ဒီနတ်ဆိုးကောင်လေး ဒီမှာအချိန်ဖြုန်းနေတာကို မလိုချင်တော့ပေ။ ထို့ကြောင့်သာ အခုလိုမျိုး ပြောပြလိုက်ခြင်းဖြစ်ပေ၏။
“ အရွယ်ရောက်နေတဲ့ သန့်စင်တဲ့သွေးမျိုးဆက်အစိမ်းရောင်လုအန်းငှက်ကိုး .. ငါ ကြိုက်တယ် .. ငါသေချာပေါက် သူ့ခန္ဓာကိုယ်ကို ကောင်းကောင်းပြင်ဆင်ပြီး တုတ်ထိုးကင်လုပ်စားရမယ် .. ”
ရှီဟောင် သူ့ဘာသာသူ ခပ်တိုးတိုးပြောနေလိုက်သည်။ လူတိုင်းလူတိုင်း အမှန်တကယ်ကို ဒေါသထွက်လာရပြီဖြစ်၏။ ဒီကောင်စုတ်က ပိုပိုပြီးသာ ကျိုးကြောင်းမဆီလျော်တော့ပဲ ပေါက်ကရတွေ လျှောက်ပြောနေခဲ့ပြီဖြစ်သည်။
အားလုံးအားလုံးဟာ ဒေါသထွက်ကာ တစ်ချိန်တည်းမှာပဲ ဝမ်းနည်းမိရင်း တိတ်တိတ်လေးသာ နေကြမိတော့သည်။ ဒီကောင်စုတ်က အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်ကိုတောင်မှ ဟင်းလျာတစ်မျိုးလို သဘောထားနေသည်လား။ ကံကောင်းသည်ကတော့ သူတို့အားလုံး ရလဒ်ကို သိပ်မကြာခင်မှာ မြင်ရတော့မည်ဖြစ်သည်။
လူသားကျင့်ကြံသူတွေအနေနဲ့ကတော့ ကြောက်လန့်လွန်းလို့ တောင့်တင်းနေကြ၏။ ထိုထဲတွင် ငယ်ရွယ်လှတဲ့ မိန်းမငယ်လေးတွေပါဝင်သလို သူတို့ရဲ့ အကြည့်တွေအားလုံးက ရှီဟောင့်ကို ကြည့်သည့်အခါ ချစ်စိတ်ပြင်းပြနေကြသည်။ သူတို့အားလုံးက ထိုနတ်ဆိုးကောင်လေး ထိုသန့်စင်တဲ့သွေးမျိုးဆက်တွေ ဘယ်လိုတောင် အထင်သေးလဲဆိုတာကို မြင်ပြီး အံံ့သြသွားကြပြန်သည်။
ထိုအခိုက် ရယ်သံံတစ်သံက ကျယ်လောင်စွာထွက်လာသည်။ များစွာသောလူတို့က လှည့်ကြည့်လိုက်တဲ့အခါ ကြီးမားလှတဲ့ဂိတ်ဝကြီးက လူအများ ရှေ့တွင်ပေါ်လာကာ ထိုနေရာကတော့ ကောင်းကင်နန်းတော်ရှေ့တွင်ရှိသည့် စတုရန်းမြေကွက်လပ်ကြီးဖြစ်သည်။ အရှိန်အဝါတွေအားလုံးက ထိုသူတွေဆီမှ ထွက်ပေါ်နေသည်မှာ အလွန်အံ့သြဖွယ်ကောင်းကာ ထိတ်လန့်စရာလည်းကောင်းလှသည်။
သိပ်မကြာခင်အချိန်တွင် အချို့သော သန့်စင်တဲ့ သွေးမျိုးဆက်သတ္တဝါတွေက ချက်ချင်း သွားရောက် ကြိုဆိုလိုက်ကြသည်။ သူတို့က အလွန်အမင်းရိုကျိုးနေကြကာ စိတ်အားထက်သန်နေကြသည်။ သူတို့က အလွန်အမင်းအသက်အိုဟောင်းကြီးရင့်နေပြီဖြစ်သည့် သန့်စင်တဲ့ သွေးမျိုးဆက်သတ္တဝါတွေဖြစ်ကြသည်။
ထို့နောက် အသက်နှစ်ဆယ် သုံးဆယ်အရွယ်တွေလည်း ရှိကြပေ၏။ သူတို့အားလုံးက အလွန်အမင်းစွမ်းအားကြီးမားပုံရကာ သူတို့ရဲ့ အသက်စွမ်းအင်တွေကိုက ထိုးထွက်နေပေ၏။
ထိုစွမ်းအင်တို့က လူတိုင်းကို တောင့်တင်းစေတဲ့ ခံစားချက်ကိုပေးသည်။
“ ဘာ .. မင်းက ငါ့ရဲ့ ဘိုးဘေးအဖိုးကိုတောင်မှ အခုလိုမျိုး ပေါက်ကရလျှောက်ပြောရဲတယ်လား .. ဒီကောင်စုတ်က ရှင်ခြင်းနဲ့သေခြင်းကြားက ကွာခြားချက်ကို မသိဘူးပဲ .. ”
ရွှေရောင်ဆံပင်နဲ့လူငယ်တစ်ယောက်က နှာခေါင်းရှုံ့ရင်း ချက်ချင်းပင် လူအုပ်ထဲ ဝင်ရောက်လာသည်။ သူ ရောက်လာတာဟာ နောက်ကျပေမယ့် အချက်အလက်တွေတော်တော်များများကို သိလိုက်ရပြီဖြစ်ကာ သူ့မျက်လုံးတွေကတော့ အေးစက်နေပေ၏။
နောက် ထိုရွှေရောင်တောက်ပနေတဲ့ မျက်ဝန်းတို့က ကြောက်မက်ဖွယ်ကောင်းတဲ့အလင်းတွေကို လွှတ်ထုတ်ကာ သူတို့အားကြည့်လာသည်။ ထို့အပြင် သူ့ရဲ့ အဝတ်အစားတို့ကလည်း ရွှေရောင်အတိ ပြီးပေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တဖျတ်ဖျတ်တောက်နေတဲ့ ရွှေတုံးကြီးအလား ထင်ရကာ လျင်မြန်စွာဖြင့် ရှီဟောင့်ကို စူးစိုက်ကြည့်လာ၏။
“ ဒီကောင်မဟုတ်လား .. သူ့ ကြည့်ရတာတော့ နို့နံ့တောင်မစင်သေးတဲ့ ကောင်စုတ်လေးပါပဲ .. ဒါတောင်မှ အခုလိုမျိုး ပေါက်ကရတွေပြောရဲသေးတယ်ပေါ့ .. ”
သူဟာ တဟူးဟူးမြည်သံတွေနဲ့အတူ ပြေးထွက်လာသည်။ ထို့နောက် မယုံနိုင်စရာကောင်းလောက်အောင်ကြီးမားလှတဲ့ ရွှေရောင်သန်းသော လေပြင်းမုန်တိုင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ထိုအရာက လူတိုင်းရဲ့မျက်နှာကို ဓါးသွားတွေလိုမျိုး ဖြတ်တိုက်သွားကာ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ စွမ်းအင်တို့ထိုးထွက်လာကာ လူတိုင်းရဲ့ စိတ်ဝိဥာဉ်ကိုတုန်ခါစေသည်။ သူက ချက်ချင်းပင် ပြေးလာကာ နှာခေါင်းရှုံ့၏။
“ ပြောစမ်း .. မင်းကို ဒီစကားတွေပြောဖို့ ဘယ်သူက ခွင့်ပြုလို့လဲ .. ငါ့ ဘိုးဘေးအဖိုးရဲ့ ဂုဏ်သရေကို အခုလိုမျိုးညစ်နွမ်းအောင် ပြုမူဖို့ မင်းကို ဘယ်သူကမှ ခွင့်မပြုဘူး .. အဲ့လိုလုပ်တဲ့သူတိုင်း သေချာပေါက် သေရမယ် .. ”
“ မင်းက ဘယ်သူလဲ .. မင်းရဲ့ တစ်နေရာရာကများ နေမကောင်းဖြစ်နေတာလား .. ဘေးကိုထွက်ပြီးတော့ မျက်စိနောက်စရာ မဖြစ်အောင် ဝေးဝေးသွားနေလိုက်စမ်းပါကွာ .. ”
ရှီဟောင်ကလည်း တစ်ချက်လေးသာကြည့်လိုက်လေကာ သိပ်အာရုံမထားတော့ချေ။ ထိုရွှေရောင်ဆံပင် လူငယ်နဲ့ ရွှေရောင်မျက်လုံး လူငယ်တို့က ထိုစကားတွေကို ကြားတဲ့အခါမှာတော့ အမူအရာဟာ ချက်ချင်းပင် အေးစက်သွားခဲ့သည်။ သူတို့ဟာ စိတ်ဝိဥာဉ်ကိုပါ တုန်ခါနိုင်စွမ်းရှိတဲ့ လေသံနဲ့ပြောလာပါ၏။
“ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး .. ငါမင်းကို အပိုင်းတစ်ရာလောက်ဖြစ်အောင် ပိုင်းပြီးတော့ ညှင်းသတ်ပြမယ် .. ”
အနီးအနားမှာရှိတဲ့လူတွေကတော့ ချက်ချင်းပင် တိတ်ဆိတ်သွားကာ အချင်းချင်း တီးတိုးပြောနေကြသည်။
“ အဲ့ဒါ မိစ္ဆာဝိဥာဉ်ရေကန်က ရွှေရောင်ပင့်ကူထင်တယ် .. ”
“ ရွှေရောင်ပင့်ကူတွေက အရမ်းရှားပါးပြီးတော့ သာမန်မိစ္ဆာပင့်ကူတွေကိုတောင်မှ ဖိနှိမ့်နိုင်စွမ်းရှိတယ်တဲ့ .. ဒီကောင်တွေက သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတွေကြားမှာတောင်မှ အရမ်းစွမ်းအားကြီးတဲ့ လူငယ်တွေပဲ .. ”
ရှီဟောင် ထိုစကားတွေလည်းကြားရော ချက်ချင်းပင် အခြေအနေတွေကို နားလည်သွားကာ တစ်ဖက်လူတွေရဲ့ နောက်ခံကိုလည်းသိသွားသည်။ သူက ချက်ချင်းပင် စိတ်ရှုပ်ထွေးတဲ့အမူအရာဖြင့် ကြည့်လိုက်ရင်း မောက်မာစွာ ပြောလိုက်၏။
“ ရွှေရောင်အဆိပ်ရှိတဲ့ ပင့်ကူလေးတွေကိုး .. ကောင်းပြီ .. ငါ မင်းတို့ကို စားလို့ မရမှတော့ ငါ့အတွက်အသုံးမဝင်ဘူး .. သောက်ကလေးတွေ … ဘေးကိုသာ လိမ်လိမ်မာမာနဲ့ ဖယ်နေလိုက် .. ”
“…”
လူတိုင်းလူတိုင်း ထိုစကားတို့ကြောင့် ဆွံ့သွားရပြီဖြစ်သည်။ ရွှေရောင်ပင့်ကူကလည်း အလွန်အမင်းဒေါသကြီးသွားပါ၏။ သူဟာ ျေမွးဖွားလာကတည်းက ထိုကဲ့သို့သော နှိမ်ချဆက်ဆံမှုမျိုးကို တစ်ခါသော်မှ မကြုံရဖူးပါချေ။ ဒေါသလှိုင်းတို့က သူ့သွေးတို့မှတစ်ဆင့် ထိုးထွက်လာလေကာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဒေါသတကြီးဖြစ်လာသည်။ သူဟာ ဒေါသတကြီးဖြစ်လွန်းလို့ ပေါက်ကွဲထွက်မလိုပင် ဖြစ်လာလေ၏။
သူက သန့်စင်သော သွေးမျိုးဆက်တစ်ကောင်ဖြစ်ကာ ရှေးဟောင်း ရွှေရောင်ပင့်ကူတစ်ကောင်လည်းဖြစ်သည်။ အလွန်စွမ်းအားကြီးလှကာ အလွန်ကျော်ကြားလှသော်လည်း ယခုလိုမျိုး နှိမ်ချခံရသည်။ ထိုဟာက အတော်လက်သင့်မခံနိုင်သည့် အကြောင်းအရာဖြစ်၏။
“ ကောင်းပြီ .. ဒေါသထွက်မနေနဲ့တော့ .. ဒီပျော်ပွဲရွှင်ပွဲက ပြီးတော့မယ် .. ဘာလို့ ဘေးမှာ ရပ်ကြည့်မနေတာလဲ .. ခဏနေကြရင် ငါမင်းရဲ့ ဘိုးဘေးအဖိုးကို ဘယ်လိုမျိုး သုတ်သင်ရှင်းလင်းမယ်ဆိုတာကို စောင့်ကြည့်ပေါ့ .. အဲ့ဒီအချိန်ကျရင် မင်းလည်း ဝင်ပြိုင်လို့ ရတယ်နော် .. ”
ရှီဟောင်က ထိုကောင်လေးရဲ့ ပုခုံးကို တစ်ချက်ပုတ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။