သုခကမ္ဘာက ရှီဟောင် - Chapter - 482 ရိုင်းစိုင်းတဲ့လူငယ်
ရွှေရောင်ပင့်ကူမှာ ဒေါသတို့ဖြင့် လောင်ကျွမ်းသွားပုံရသည်။ မရင့့်ကျက်သေးတဲ့ကောင်စုတ်လေးတစ်ကောင်က သူ့လိုလူမျိုးကို ဒီလိုအပြုအမူမျိုးဖြင့် ဆက်ဆံရဲသည်က သေချာပေါက် သင်ခန်းစာပေးဖို့လိုအပ်နေသည်လို့ ဆိုလိုနေသလားပင် ထင်ရစေသည်။
ထိုအရာက မေ့မရနိုင်သော ဆိုးရွားတဲ့ အရှက်ရမှုဖြစ်သည်။ ဒီကလေးက သူ့ပုခုံးကိုတောင်ပုတ်ပြီး အလွန်လွတ်လပ်သည့် အမူအရာဖြင့် ပြောလိုက်သေး၏။ ဒီကလေး ပြုမူသွားသည့် အပြုအမူတစ်လျှောက်ဟာ သူ့အတွက်တော့ ပုံမှန်ဖြစ်နေသလိုပင် ထင်ရစေသည်။ မိုးခြိမ်းသံတွေက အက်ကွဲထွက်လာကာ ရွှေရောင်လျှပ်စီးတို့က ကွေ့ကောက်လာလေကာ နဂါးတစ်ကောင်ရစ်ပတ်နေသည့်အလား ထင်ရလေပြီး ကောင်းကင်တွင် ရစ်ပတ်လျက်ရှိသည်။
ရွှေရောင်ပင့်ကူက ဒေါသတို့ဖြင့့် ပေါက်ကွဲထွက်ကာ သူက ကြီးမားလှသည့်ရွှေရောင်လက်ကြီးကို ထုတ်လိုက်ကာ ရှီဟောင်ကို ဖိအားပေးဖို့ ကြိုးစားသည်။ ထို့နောက် ရှီဟောင့်ကို ချက်ချင်းပင် လောကမှ ပျောက်ကွယ်သွားအောင်လုပ်ချင်နေသလားပင် ထင်ရစေသည်။ တော်ဝင်အစောင့့်တွေ အားလုံးက မီးခိုးရောင်ဝတ်ဆင်ထားကြကာ ချက်ချင်းပင် ပေါ်လာကြကာ အနည်းငယ်ချောင်းဟန့်လိုက်သည်။
လေထုက ချက်ချင်းပင် တည်ငြိမ်သွားလေကာ ရွှေရောင်ပင့်ကူကြီးရဲ့ ကြီးမားလှတဲ့ လက်ကြီးက အေးခဲသွားတော့သည်။ လူအုပ်က ချက်ချင်းပင် အံ့သြသွားရ၏။ တော်ဝင်အစောင့်တွေလှုပ်ရှားသည်ကို သူတို့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ချောင်းဟန့်သည့် တစ်ချက်ကလေးကပင် စွမ်းအားကြီးလှတဲ့ ရွှေရောင်ပင့်ကူတစ်ကောင်ကို ချက်ချင်းပင် ဖမ်းချုပ်ထားနိုင်စွမ်း ရှိပေသည်။
“ ဒါ လူသားအင်ပါယာရဲ့ မွေးနေ့ပွဲပါခင်ဗျာ .. ဘယ်သူကမှ ဒီနေရာမှာ ကြမ်းတမ်းတဲ့တိုက်ခိုက်ပွဲတွေကို ပြုလုပ်မှာကို ခွင့်မပြုပါဘူး .. မင်းတို့ ယှဉ်ပြိုင်ချင်တယ်ဆိုရင် စင်မြင့့်ပေါ်ကို သွားနိုင်ပါတယ် .. ”
တော်ဝင်အစောင့်တစ်ယောက်က ပြောလိုက်သည်။ ရှီဟောင့်အနားတွင်ရှိသည့် ဝံပုလွေလေးက ဟိန်းဟောက်ကာ ခုန်ချသည်။
သူ့ရဲ့အစွယ်လေးတွေက ရွှေရောင်ပင့်ကူရဲ့ခြေထောက်ကို ကိုက်ခဲလေတော့သည်။ စက္ကန့်ပိုင်းအတွင်းတွင်ပင် ရွှေရောင်သားမွှေးဝတ်စုံတွေမှ သားမွှေးပျံတို့က လေထဲတွင် လွင့်ထွက်သွားရသည်။
ကြီးမားလှသည့် သူ့ခြေထောက်မှ အပိုင်းအစတစ်ခုဟာလည်း အဝတ်ကိုပင် ဖောက်ထွင်းရင်း ပဲ့ထွက်လာတာကို မြင်လိုက်ရလေသည်။ လူအုပ်က ချက်ချင်းပင် နှလုံးခုန်သံမြန်သွားသလားပင် ထင်လိုက်ရ၏။
ထိုမျှ သေးငယ်လွန်းလှသည့် ဝံပုလွေပေါက်လေးဟာ စွမ်းအားကြီးမားလှသော ခြေထောက်ကြီးကို ကိုက်ဖဲ့နိုင်မယ်လို့ မထင်ထားပေ။ ထို့အပြင် ထိုသည်က အဖိုးတန်ဝတ်စုံဖြစ်ကာ သွားဖြင့် ကိုက်ဖြတ်လို့ရနိုင်ဖို့ အသာထား အဖိုးတန်လက်နက် တော်ရုံလက်နက်လောက်ပင် ထိခိုက်ပျက်စီးအောင် လုပ်နိုင်စွမ်းမရှိသည့် ဝတ်ရုံဖြစ်သည်။
ထိုဝံပုလွေလေးရဲ့ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ သွားစွယ်များက ထိုအဝတ်ကိုပင် ဖောက်ဖျက်ရင်း ခြေထောက်ကိုပင် ကိုက်ဖြတ်နိုင်စွမ်းရှိလေသည်။
သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါလို့ ပြောဆိုကြမယ်ဆိုရင် အသားက အလွန်ကြမ်းတမ်းကာ သံမဏိလိုပင် သန့်စင်မာကြောကာ သာမန်လက်နက်တို့ဖြင့် ဖျက်စီးနိုင်လို့ မဖြစ်နိုင်ပေ။ ဝံပုလွေလေးက လက်ဗလာလေးနဲ့သာ သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို သုံးပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။
ရှီဟောင်က ဟိုဟိုဒီဒီ လျှောက်သွားနေတာကြောင့် သူ့ရဲ့ လက်ထဲတွင် ပိုက်ထားသည့် ထိုဝံပုလွေလေးကို လူတိုင်းမြင်ဖူးကြပြီးပြီဖြစ်ပေမယ့်လည်း သိပ်အာရုံမထားခဲ့ပေ။ သို့သော် အခုလောက်ထိ သန့်စင်တဲ့ သွေးမျိုးဆက်သတ္တဝါကို အန္တရာယ်ပေးနိုင်စွမ်းရှိမယ်လို့ မထင်ထားမိကြတာပါပဲ။
နတ်အလင်းတို့က တော်ဝင်အစောင့်တွေရဲ့ မျက်လုံးထဲ လက်လာသည်။ အံ့သြသင့်မှုက သူတို့ရဲ့ အမူအရာအရ ထင်သာမြင်သာရှိပေ၏။ သူက ထိုနေရာတစ်ခုလုံးပင် အေးခဲအောင်လုပ်ထားပေမယ့် ဒီဝံပုလွေလေးကတော့ ထိုချိတ်ပိတ်ထားမှုကို ထိုးဖောက်ဖျက်စီးနိုင်စွမ်းရှိကာ သက်ရောက်ခံရပုံလည်း မရချေ။
ထိုဝံပုလွေလေးရဲ့ လက်သည်းတွေနဲ့ သွားတွေက ရွှေရောင်ပင့်ကူကိုတောင်မှ သတိမထားမိစေပဲ ကိုက်ခဲဖျက်ဆီးနိုင်ခဲ့သည်။ သူက သူထုတ်သုံးခဲ့တဲ့ နတ်စွမ်းအင်တွေကိုပြန်သိမ်းလိုက်ကာ ထိုရွှေရောင်ပင့်ကူက ခြေထောက်တစ်ချောင်းလုံးဟာ ဝံပုလွေလေး၏ စားခံရတော့မလိုဖြစ်သွားတာကို တွေ့လိုက်ရ၏။ ထိုခြေထောက်တစ်ချောင်းလုံး သွေးတို့ရွှဲစိုနေ၏။
“ ပြန်လာခဲ့ .. မီးခိုးရောင်ကောင်စုတ်လေး .. အဲ့ဒီခြေထောက်က အဆိပ်ရှိတယ် .. ပြီးတော့ မာလည်းမာတယ် .. သွား မစားနဲ့ .. ”
ရှီဟောင်က ဝံပုလွေလေးကို လှမ်းခေါ်ရင်း ပြောလိုက်သည်။ ထိုဝံပုလွေလေးနာကျင်သွားမှာကို စိုးရိမ်နေပုံရ၏။ ထိုအခိုက်ရွှေရောင်ပင့်ကူက လွတ်လပ်စွာ လှုပ်ရှားနိုင်သွားပြီဖြစ်ကာ ဒေါသတကြီးဖြစ်သွားတော့သည်။ သူက တော်ဝင်အစောင့်တွေကို အရင်ဆုံး မကြေနပ်သလို ကြည့်လိုက်ရင်း ဝံပုလွေလေးကို ထိုလက်ကြီးနဲ့ရိုက်ချဖို့ ကြိုးစားလိုက်သည်။
ရွှေရောင်အလင်းလေပြင်းတို့က ချက်ချင်းပင် အုတ်အော်သောင်းနင်း တရှိန်ထိုး တိုက်ခတ်လာပါ၏။ ဝံပုလွေလေးက အနည်းငယ်အော်မြည်လိုက်ကာ ဆယ်ကျန်းလောက်အဝေးကို ချက်ချင်းခုန်ရှောင်လိုက်သည်။
ထိုအခါ ရွှား အသံပင် မြည်သွားခဲ့သေးသည်။ သူ့ရဲ့အမြှီးလေးကိုပင် တစ်ချက်ခါရမ်းလိုက်ပြီး ရှီဟောင့်ဆီသို့ ပြန်ခုန်လာကာ သူ့ရဲ့ခေါင်းသေးသေးလေးကို ရှီဟောင့်ရဲ့ခြေထောက်လေးနဲ့ ချစ်စဖွယ်ပွတ်သပ်နေခဲ့သည်။
“ သိုင်းစင်မြင့်က ဒီဘက်လမ်းမှာပါခင်ဗျာ .. ”
တော်ဝင်အစောင့်က ရိုသေစွာဖြင့် ပြောလိုက်ပြီး ထိုသူများကို မျက်နှာသေနဲ့ကြည့်သည်။ သူ့ရဲ့ အတော်အတန်ကြီးနေပြီဖြစ်တဲ့ အသက်ကို ဖယ်ထားလိုက်ရင်တောင်မှ သူ့ရဲ့စကားတွေက အထွတ်အမြတ် ဓားတစ်စင်းလို ထင်ရကာ လူတိုင်းရဲ့စိတ်နှလုံးကို တုန်ခါစေနိုင်စွမ်းရှိသည်။
“ မင်းခေါင်းက ငါ့အပိုင်ပဲ .. ”
ရွှေရောင်ပင့်ကူက နှာခေါင်းရှုံ့သည်။
ဒီလူငယ်လေးနဲ့ ဖြစ်ပျက်တာကို သူ ဘယ်တော့မှ မေ့လိုက်မည်မဟုတ်ပေ။
“ ငါ ဘယ်ကို သွားသင့်တယ် .. မသွားသင့်ဘူးဆိုတာကို မင်းပြောတဲ့အတိုင်းလုပ်မယ်လို့ ထင်နေလို့လား .. မင်းမှာ အဲ့လိုလုပ်နိုင်စွမ်းလည်းမရှိသလို မင်းက အရမ်းလှတဲ့ဖက်တီးတစ်ကောင်လည်း ဟုတ်မနေဘူး .. နောက်ပြီး မင်းက အရမ်းမောက်မာနေသေးတယ် .. ဘာ့ကြောင့် ငါက မင်းပြောတာကို နားထောင်ရမှာလဲ .. ”
ရှီဟောင်ကလည်း သူနဲ့မသွားချင်သလို အသာလေး ပြောလိုက်သည်။
“ ရှေးဟောင်း ရွှေရောင်ပင့်ကူက အထွတ်အမြတ်ဆန်ပြီး စွမ်းအင်တွေနဲ့လိုက်လျောညီထွေရှိလွန်းတယ် .. သူ့ရဲ့အသားက ရွှေရောင်တိမ်တွေနဲ့ ဝန်းရံထားပြီး အဆိပ်မရှိဘူး .. ပြီးတော့ သာမန်မိစ္ဆာပင့်ကူတွေထဲမှာ တွေ့ရတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး .. ”
တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ ပြောလာသည်။
“ တကယ်ကြီးလား .. ” ရှီဟောင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရပါပြီ။
အချို့သူတွေကလည်း အတည်ပြုသလိုခေါင်းငြိမ့်ပြကြသည်။ ရွှေရောင်ပင့်ကူတွေက ရှားပါးလှသည့် အထွတ်အမြတ်သန့်စင်တဲ့ သွေးမျိုးဆက်သတ္တဝါတွေဖြစ်ကြကာ သူတို့ရဲ့ ဖွဲ့စည်းပုံတွင် မည်သည် အဆိပ်မှ မရှိချေ။ ဒဏ္ဏာရီအရ ရှေးဟောင်းခေတ်ကတည်းက ထိုရွှေရောင်ပင့်ကူတွေဆိုတာဟာ ကောင်းကင်နတ်ဘုရားတွေအလား ဖြစ်ကြကာ လောကတစ်ခုလုံးကို အပေါ်စီးမှ ငုံ့မိုးကြည့်ရှုနိုင်စွမ်းရှိကြသူတွေဖြစ်သည်။
“ ကောင်းပြီလေ .. ငါ မင်းနဲ့ပြိုင်မယ် .. ငါ ပင့်ကူကို တစ်ခါမှ မစားဖူးဘူးဆိုတော့ ဒီတစ်ခါ အခွင့်အရေးကောင်းပဲ .. ”
နတ်ဆိုးကောင်လေးက ဟိန်းဟောက်သလို ပြောလိုက်ကာ အရင်ဆုံး စင်မြင့်ပေါ်ကို ပြေးသွားသည်။ ရွှေရောင်ပင့်ကူက ဒေါသတကြီးဖြစ်သွားပြန်လေရာ သူ့ရဲ့မျက်နှာကတော့ အရောင်အဆင်းကင်းမဲ့လောက်အောင်အထိ ဆိုးရွားနေခဲ့ပြီဖြစ်သည်။
ဒီကောင်စုတ်က သူ့ကို ဒီလို ဆိုးရွားတဲ့အကြောင်းပြချက်ကြောင့် ယှဉ်ပြိုင်ရဲတယ်။ ဒါကြောင့် သူတတ်နိုင်သမျှ အမြန်ဆုံးဒီကောင်စုတ်ကိုသာ သတ်ချင်နေတော့တယ်။ သူ့ရဲ့အဆုတ်အတွင်းမှတောင်မှ ဒေါသတို့ကြောင့်ပေါက်ကွဲထွက်မတတ် ဖြစ်နေခဲ့ပါပြီ။
ရွှေရောင်ပင့်ကူက လျင်မြန်စွာဖြင့် ထိုသိုင်းစင်မြင့်ရှိရာသို့ သွားလိုက်ကာ ဆက်လက်ပြီး ဒီကောင့်ကို သတ်ဖို့ရာအတွက် စိတ်မရှည်နိုင်တော့ချေ။ သူ ဒီလူသားကို ချက်ချင်းသတ်ဖို့ လိုအပ်နေသည်။
ထိုသို့မဟုတ်ပါက ဒီရှီဟောင်ဆိုသူ တည်ရှိနေသမျှကာလပတ်လုံး သူက ရွှေရောင်ပင့့်ကူကို အချိန်တိုင်း စကားတို့နှင့် နှိပ်စက်နေလောက်ပေသည်။ သန့်စင်သော သွေးမျိုးဆက်သတ္တဝါတွေကလည်း သူတို့နောက်မှ လိုက်လာကြကာ ထင်ရှားကျော်ကြားလှသည့် ပုဂ္ဂိုလ်လူငယ်အချို့ပင် လိုက်လာကြလေသည်။ သူတို့အားလုံးက ရွှေရောင်ပင့်ကူနဲ့အတူ ဒီကိုရောက်လာကြလေရာ ဒီတိုက်ခိုက်ပွဲက်ို လက်လွတ်လို့ မဖြစ်ချေ။
ချက်ချင်းပင် ကောင်းကင်နတ်ဘုရားကျောင်း ရှေ့တွင်ရှိနေကြသည့် လူအုပ်က အံ့သြသွားကြသည်။ များစွာသောလူများက မတ်တပ်ရပ်လျက်ရှိနေကြရာမှ ချက်ချင်းပင် ထိုစင်မြင့်ဆီသို့ သွားလိုက်ကြသည်။ ထို့နောက် သူတို့က ထိုပြိုင်ပွဲကို ကြည့်ရှုကြမည်ဖြစ်သည်။ ပြောဖို့ရာပင် မလိုပါချေ။ ထိုပါဝင်ယှဉ်ပြိုင်သူတွေက စွမ်းအားကြီးသူတွေ ဖြစ်ကြ၏။
ရွှေရောင်ပင့်ကူက ရှီဟောင်ကို သတ်ဖို့ ရှုံးနိမ့်ခဲ့ရင်တောင်မှ အစွမ်းထက်လွန်းတဲ့ ကျွမ်းကျင်ပညာရှင်က ရှီဟောင်ရဲ့ နောက်ပြိုင်ဘက်ဖြစ်လာမှာပင်ဖြစ်သည်။ တစ်စုံတစ်ရာက ကြမ်းတမ်းရိုင်းစိုင်းကာ ရှေးကျသည့် ကျယ်ပြောလှတဲ့ သိုင်းစင်မြင့့်ပေါ်သို့ရောက်သွားကြသည်။
ဒဏ္ဏာရီအရဆိုရင် ထိုစင်မြင့်မှ ကျောက်တုံးများဟာ မြေပြင်တွင် ထွင်းထုထားခြင်းဖြစ်ကာ ရှေးတိုက်ပွဲနယ်မြေကတည်းက တည်ရှိ်ခဲ့သည်ဟု ဆိုကြသည်။ ကြီးမားလှသည့် ချိတ်ပိတ်ထားသည့်ဝင်္ကပါတစ်ခုဟာလည်း ထိုနေရာတွင် ခင်းကျင်းထားလေ၏။ သိုင်းစင်မြင့်နေရာဟာ အဆုံးမရှိကျယ်ပြောသည်ဟု ထင်ရသလို အဆုံးအသတ်ကိုလည်း မြင်နိုင်စွမ်းမရှိကြပါချေ။ ရွှေရောင်ပင့်ကူက ရွှေရောင်လျှပ်စီးတို့နဲ့ ဝန်းရံနေလေပြီး ချက်ချင်းပင် ရှေ့တက်ကာ သူ့ပတ်ဝန်းကျင်ရှိ အာကာပြင်ကို တုန်ယင်စေခဲ့သည်။
“ဒီကောင့်ကို လက်မောင်းကာနဲ့ … တိုက်ခိုက်ဖို့ သုံးလိုက်ရင် ငါ သူ့ကို စားဖို့ ကျန်ပါတော့မလား .. ”
ရှီဟောင်ကလည်း ခပ်တိုးတိုး မကျေမနပ်ပြောလိုက်ကာ ထိုလက်မောင်းကာကို သိမ်းလိုက်သည်။ ထို့အစား သူက မပျောက်ပျက်နိုင်တဲ့ ရွှေသားခန္ဓာကိုယ်အဖြစ် ပေါင်းစပ်လိုက်လေသည်။
တစ်ချိန်တည်းတွင်ပင် ရွှေနက်ရောင်သံချပ်ကာက သူ့ကို ဝန်းရံလာခဲ့သည်။
” ဝေါင်း .. ”
တောင်တန်းဆယ်လုံးတမျှကြီးမားသည့် ရှန်းနီက မြင့်မားကာ တိုက်ပွဲနယ်မြေသို့ဆင်းသက်လာခဲ့သည်။ ကံအားလျော်စွာပင် တိုက်ပွဲစင်မြင့်ဟာ အလွန်အမင်းကြီးမားကျယ်ပြောလှတာကြောင့် ထိုမျှကြီးမားလှသည့် ရှန်းနီကို ဆန့်လေသည်။ သူတို့က ဟိန်းဟောက်လိုက်ပြီး လျှပ်စီးတို့ကို ဝါးမြိုစားသောက်ကာ ချက်ချင်းပင် ခရမ်းရောက်လျှပ်စီးတန်းဆယ်ခုကိုထုတ်သည်။
ထိုလျှပ်စီးတန်းတို့က ရွှေရောင်ပင့်ကူကို ရိုက်ချလိုက်ပြန်၏။
” ဘုန်း .. ”
ပြိုင်ပွဲစတင်ကတည်းက လျှပ်စီးတွေကြားမှ စကာ ချက်ချင်းပင် မျက်စိကျိန်းမတတ်တောက်ပနေတဲ့အလင်းတို့ဖြင့် ပေါက်ကွဲတော့သည်။ အဆုံးတွင်တော့ အနက်ရောင်မီးခိုးများက မြင့်တက်လာကာ လျှပ်စီးတို့က ပျောက်ကွယ်သွားလေသည်။ လူတိုင်း လူတိုင်းရွှေရောင်ပင့်ကူက သေချာပေါက် စွမ်းအားကြီးသူဟု ဝန်ခံကြရသည်။ သူ့ရဲ့ ငယ်ရွယ်တဲ့ အသက်ကို ဖယ်လိုက်လျှင်ဖြင့် သူက လက်ရှိတွင် အဆင့်အတန်းမြင့်အရှင်တစ်ပါးဖြစ်နေပြီဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် သန့်စင်သော သွေးမျိုးဆက်သတ္တဝါစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
သူတို့တွေကြီးပြင်းလာသည့်အခါ စွမ်းရည်က သေချာပေါက်အဆင့်မြင့်မားလွန်းသွားမှာဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်သော တည်ရှိမှုတွေ ဖြစ်လာကြမှာဖြစ်သည်။ သူက ချက်ချင်းလက်သီးကိုသုံးပြီး ရှေ့တက်လိုက်သည်။ သို့သော် ရှီဟောင်က နှာခေါင်းသာ ရှုံ့လိုက်ပြီး သူ့နေရာမှ ရွေ့လျားခြင်းမပြုပေ။
ရှီဟောင်က သူ့ကိုယ်ပိုင်လက်သီးနဲ့သာ ရင်ဆိုင်လိုက်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့အပူလှိုင်းတွေနဲ့ အလင်းတို့ကို ထွက်ပေါ်လာစေသည်။ ကျယ်ပြောလွန်းတဲ့ ပေါက်ကွဲသံက ထွက်ပေါ်လာကာ မိုးခြိမ်းသံထက်ပင် ကျယ်နေသေးသည်။ ထိုအသံက နားကွဲမတတ် ကျယ်လောင်စူးရှပါ၏။ သူတို့နှစ်ယောက်က မလှုပ်ရှားသလို သူတို့ရဲ့လက်သီးတွေကလည်း သွေးတွေဖြင့် ဖြာထွက်နေကာ ထိဆက်နေဆဲဖြစ်သည်။
“ ဒါ .. ဒါက .. ”
ပင့်ကူက မှင်သက်သွားသည်။ ရှီဟောင်၏ လက်သီးက အလွန်တောင့်တင်းသန်မာကာကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ခွန်အားတွေ ပါဝင်ကြောင်း သူ သိလိုက်ရသည်။ ရွှေရောင်ပင့်ကူမျှင်တွေကို တားဆီးဖို့ သူက ကြိုးစားတဲ့အခါမှာ ထိုအချိန်လေးမှာပင် သူ့လက်ထဲက အရိုးတွေကပါ ဒဏ်ရာရသွားတာကို ခံစားလိုက်ရသည်။ ကျိုးသွားခြင်းလည်း ဖြစ်ပါ၏။
* သူ့အသားက ဒီလောက်မာတာလား .. ။ *
သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတစ်ကောင်ဖြစ်တဲ့ ရွှေရောင်ပင့်ကူကတောင်မှ လူသားမျိုးနွယ်လူငယ်လေးတစ်ယောက်ရဲ့ ခွန်အားအရာကို ယှဉ်နိုင်ခြင်းမရှိသည်ကတော့ ဖြစ်နိုင်ခြင်းမရှိပေ။ သူက သံမဏိပြားကို သွားထိုးလိုက်ရသလို ခံစားလိုက်ရခြင်းလည်းဖြစ်၏။
ရှီဟောင်က ကောင်းကင်တွင်းနက်ဆယ်ခုဖွင့်ထားသည်ဆိုသည့်အချက်ကို သူသတိရလိုက်သည်။ ထို့ကြောင့် ထိုသူမှာ အားနည်းချက်ဟူ၍ မရှိနိုင်ပေ။ သူ ချက်ချင်းပင် အသင့်အနေအထားဖြစ်သွား၏။ သူက ဒီလူငယ်ပါရမီရှင်ကို ဖြစ်နိုင်သမျှ မြန်မြန်သတ်နိုင်ဖို့လိုအပ်ကြောင်း သိလာရသည်။ မဟုတ်ရင် အနာဂတ်မှာ သူ ပြဿနာတက်နိုင်၏။
ရှီဟောင်က နတ်လက်မောင်းကာကို အသုံးမပြုထားချေ။ ဒီတော့ ယခုသုံးသမျှက သူ့ကိုယ်ပိုင်စွမ်းအားတွေ ဖြစ်နေ၏။ ထို့အပြင် သူက တစ်ပါးသူအပေါ် မှီခိုတတ်သည့်အကျင့်လည်း မရှိပေ။ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့သာ တိုက်ခိုက်နေခြင်းဖြစ်၏။ နောက်ပြီး လက်နက်ကိုပင် အသုံးမပြုထားခဲ့ပေ။ ထို့အပြင် သူက ရွှေရောင်ပင့်ကူလိုမျိုး အဖိုးတန်သိုင်းတွေကိုလည်း ထုတ်မသုံးထားပါချေ။