သုခကမ္ဘာက ရှီဟောင် - Chapter - 483 ရိုင်းစိုင်းတဲ့ လူငယ် ( ၂ )
ကြီးမားလှသည့် ရွှေရောင်ပင့်ကူကြီးက ထိုရွှေရောင်ပင့်ကူရဲ့နောက်ဘက်တွင် ပေါ်လာခဲ့သည်။ လက်ရှိတွင်တိုက်ခိုက်နေသည့် ရွှေရောင်ပင့့်ကူက လူသားသဏ္ဍာန်ဖြစ်ပေမယ့် သူ့နောက်ဘက်တွင်ပေါ်လာသည်ကတော့ အစစ်အမှန်ရွှေရောင်ပင့်ကူပုံစံဖြစ်သည်။
ထိုပုံရိပ်က အလွန်ကြောက်မက်ဖွယ်ကောင်းကာ မယုံနိုင်စရာပင်ကောင်းလှလေ၏။ ထိုပင့်ကူတွင် အမျိုးမျိုးသော နတ်သံကြိုးကြီးများပါဝင်ကာ ဝန်းရံထားရင်း လှုပ်ရှားလိုက်တိုင်းမှာ အသံတွေ ကျယ်လောင်စွာမြည်နေခဲ့သည်။
” တန်း .. ”
ရှီဟောင်က လက်ချောင်းတွေကို တဖျတ်ဖျတ်လှုပ်လိုက်သည်။ ထိုအခါ ထိုနတ်သံကြိုးတွေကို ရင်ဆိုင်ဖို့ ရိုက်ခတ်လိုက်သလိုဖြစ်သွားပါ၏။ သတ္တုချင်းထိခတ်သံတို့က နားကွဲမတတ် ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာကာ ကြည့်ရှုနေသူတို့ရဲ့ စိတ်ဝိဥာဉ်ကိုပင် တုန်ခါစေသည်။ ရှီဟောင်ကလည်း သူ့ဘာသာသူ အံ့အားသင့်နေရပေ၏။ တစ်ဖက်သူရဲ့ စွမ်းအင်က ထိုမျှလောက်အထိ သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ မထင်ထားပေ။
အမိန့်ပေးနတ်သံကြိုးတွေလိုမျိုး ထိုအရာက မြောက်မြားလှသော အဖိုးတန်လက်နက်တို့ကို ထိုးဖောက်နိုင်စွမ်းရှိသည်။ နောက်ပြီး ရပ်တန့်လိုရနိုင်မည့်ဟန်လည်း မရှိပါပေ။ ရွှေရောင်ပင့်ကူက ထိုနတ်ပုံရိပ်နဲ့ပေါင်းစပ်သွားကာ မရေမတွက်နိုင်တဲ့ ခမ်းနားလွန်းလှသည့် ရွှေရောင်အလင်းတို့ကို ထုတ်ဖော်သည်။ ရွှေရောင်အမိန့်ပေးသံကြိုးတွေဆိုတာကလည်း သူ့တစ်ကိုယ်လုံးကို ဝန်းရံနေလေ၏။
ထို့နောက် တဟုန်းဟုန်းမြည်သံတွေကို ထွက်ပေါ်နေစေတော့သည်။ ရွှေရောင်ပင့်ကူက လက်ရှိတွင်တော့ ရွှေရောင်အလင်းတို့ဖြင့် ဝန်းရံနေသည့် နတ်ဘုရားတစ်ပါးလို့ ထင်ရစေသည်။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့အရှိန်အဝါက ထိုးထွက်နေလေပြီး ဒီရေလှိုင်းတွေလိုမျိုး နတ်အလင်းလှိုင်းတို့က ရှီဟောင့်ဆီသို့ ဦးတည်လာနေခဲ့သည်။
ရှီဟောင်က လျှို့ဝှက်စွာဖြင့် ခွန်ပန်သိုင်းကို အသက်သွင်းလိုက်သည်။ သူ့ရဲ့ လက်ချောင်တွေက တဖျတ်ဖျတ်လက်လာကာ အနက်ရောင်အလင်းတို့ကလည်း ရွှေရောင်အလင်းတွေနဲ့ပေါင်းစပ်ရင်း ထိုးထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် သူက နတ်သံကြိုး သူ့ဆီပျံသန်းလာနေတာကို မြင်တော့ လက်ချောင်းလေးနဲ့တောက်ရင်း ကန်ထုတ်လိုက်၏။ သတ္တုချင်းထိခတ်သံတို့ ထွက်ပေါ်လာကာ ထိုသံကြိုးတွေက ချက်ချင်းပင် အပိုင်းအစစဖြစ်သွားရသည်။
ရွှေရောင်ပင့်ကူက အလွန်အမင်းအံ့အားသင့်သွား၏။ ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် ခွန်အားမျိုးက ထိုလက်ချောင်းတွင် ရှိနေသည်လဲ။ သူ့ရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ အမိန့်ပေးနတ်သံကြိုးတွေတောင်မှ ယခုကဲ့သို့သော ဖျက်ဆီးခံရသည်။ တစ်ဖက်သူရဲ့လက်ချောင်းတွေမှ ထုတ်ဖော်လိုက်သည့်စွမ်းအားက အလွန်ကြောက်မယ်ဖွယ်ကောင်းနေပုံရ၏။ ခွန်ပန်သိုင်းကို အတွေ့အကြုံများစွာရှိအောင်အထိ အသုံးပြုပြီးသည့်နောက်မှာတော့ ရှီဟောင်ဟာ သူ့ရဲ့ကောင်းကင်တွင်းနက်ဆယ်ခုကိုဖွင့်ဖို့အတွက် ထိုသိုင်းကိုပြန်သိမ်းလိုက်ခဲ့သည်။
သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေရော သင်္ကေတတွေအဖြစ်ပေါင်းစပ်ကာ အသက်သွင်းထားပြီးဖြစ်သည်။ သူ့ရဲ့အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှအောင် ဆန်းကြယ်လှကာ အကန့်အသတ်မဲ့လာပုံရသည်။ ချက်ချင်းပင် စစ်မှန်သည့်နဂါးကြီးတစ်ကောင်က နက်ရှိုင်းသော ချောက်နက်ထဲမှ နိုးထကာ ထွက်ပေါ်လာသလိုထင်လာရပြီး ကောင်းကင်ကပါ အသင့်အနေအထားဖြစ်သွားပုံရ၏။
ရှီဟောင်က ရွှေရောင်နတ်သံကြိုးအချို့ကို ဖမ်းဆုပ်လိုက်ကာ လက်နဲ့နှစ်ပိုင်းဆွဲဖြဲလိုက်သောကြောင့် တချွင်ချွင်အသံက ထွက်ပေါ်နေတော့သည်။ သူ့ရဲ့ ကြီးမားလှသည့်စွမ်းအင်ကို ထုတ်သုံးပြီးသည့်နောက် ထိုနတ်သံကြိုးတွေကို ဒီနည်းနဲ့ရင်ဆိုင်လို့မရမှန်း သိလိုက်သည်။
“ မဟုတ်တော့ဘူး .. ”
ရွှေရောင်ပင့်ကူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ဖိအားတို့က သူ့ထံသို့ ချက်ချင်းပင် ဝင်ရောက်လွှမ်းခြုံလာခဲ့သည်။ ထိုလူငယ်က လက်ရှိတွင်တော့ သူ့ရဲ့ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ တိုက်ခိုက်မှုနဲ့ သူ့ကို ရင်ဆိုင်လာပြီဖြစ်သည်။
ရှီဟောင်က ကောင်းကင်တွင်းနက်ဆယ်ခုကို အသုံးပြုပြီး ထိုပင့်ကူကို မချိတ်ပိတ်ထားပေ။ အဲ့ဒီအစား သူ့ရဲ့လက်သီးနှင့်သာ ထုရိုက်လိုက်ခြင်းဖြစ်သည်။ သူက အခြေခံသင်္ကေတတွေကိုသာ အသုံးပြုထားခြင်းဖြစ်ကာ ထိုအခြေခံသင်္ကေတတို့က စစ်မှန်တဲ့ ရှေးဟောင်းမှတ်တမ်းမှ သင်္ကေတတွေဖြစ်သည်။ ထိုအရာက သာမန်အသုံးများတဲ့ သင်္ကေတတွေလည်းဖြစ်ပါ၏။
“ ကြီးမားလှသည့် ဖန်းငှက်ရဲ့ နတ်လက်သီး .. ”
တော်ဝင်အစောင့့်က ချက်ချင်းပင် အံ့အားသင့်စွာ ရေရွတ်သည်။ ရွှေတောင်ပံဖမ်းငှက်ကို ကြည့်လိုက်သည့် သူ့ရဲ့ အကြည့်တို့က ရွှေတောင်ပံဖမ်းငှက်ရဲ့အကြည့်တွေအလား ထင်ရစေသည်။ ရှီဟောင်က မူလအကျဆုံး သာမန်သင်္ကေတတွေကို အသုံးပြုလိုက်ခြင်းဖြစ်ကာ သူက ထိူအရာများကို ခွန်ပန်ရဲ့ အဖိုးတန်သိုင်းမှ နားလည်သဘောပေါက်ထားခြင်းလည်းဖြစ်သည်။
ထိုထဲတွင် သူ စိတ်ကျေနပ်သလို အသုံးပြုနိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်းရှိပေသည်။ နောက်ပိုင်းတွင်တော့ သူ့ရဲ့ တိုက်ခိုက်ခြင်းသိုင်းပညာကို ပြောင်းလဲလိုက်လေရင်း လက်ရှိတွင်တော့ ရှန်းနီက တစ်ဖန်ဟိန်းဟောက်လာပြန်သည်။
ရှီဟောင်က နတ်လကို ကောင်းကင်ဘုံတွင် အေးဆေးနစေချင်ပုံမရပဲ ချက်ချင်းပင် ဆွဲချကာတုန်ခါစေတော့သည်။
” ဖန်း .. ”
ရွှေရောင်ပင့်ကူက လက်သီးတစ်ချက်နဲ့အဝေးကို လွင့်ထွက်သွားကာ အက်ကြေတော့မတတ်ဖြစ်ရသည်။ သွေးတို့က သူ့ပါးစပ်မှ ပန်းထွက်လာကာ သူ့က ပြင်းထန်စွာ တုန်ယင်နေ၏။ နောက်ထပ် ရိုက်ချက် တစ်ချက်ထွက်လာသည့်အခါ တဖောင်းဖောင်းမြည်သံတွေနဲ့အတူ အက်ကွဲသွားပြီး တစ်ဆယ်ကျော်သောအရိုးတို့ ကျိုးသွားရပါပြီ။
လူအုပ်က ချက်ချင်းပင် ကြောက်လန့်တကြားဖြစ်သွားပါ၏။ သူတို့က ရှီဟောင့့်လက်သီးတွေက ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းမှန်း အခုမှ သိသွားရတော့သည်။ သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတစ်ကောင်တောင်မှ နောက်ပြီး ထိုသတ္တဝါဆိုတာကလည်း အဆင့်အတန်းမြင့် ဘုရင်တစ်ပါးရဲ့ အဆင့့်ရှိသူတစ်ယောက်ဖြစ်တာတောင်မှ ထိုလက်သီးတွေမှ ခံနိုင်ခြင်းမရှိပဲ သနားစရာကောင်းလောက်အောင် အော်ဟစ်ငိုယိုရသည်။ သူတို့တွေဟာ ထိုအဖြစ်အပျက်အပြောင်းအလဲမှ မှင်သက်နေတဲ့အချိန်မှာ ရွှေရောင်ပင့်ကူက သူရဲ့ မူလပုံသဏ္ဍာန်သို့ ပြောင်းလဲသွားလိုက်ရသည်။
လူသားပုံသဏ္ဍာန်ဖြင့့်ဆို ထိုသို့သောတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိတော့ချေ။ ကြီးမားလှသည့် ရွှေရောင်ပင့်ကူကြီးက ဆယ်ကျန်းလောက်ရှည်ကာ ချက်ချင်းပေါ်ထွက်လာခဲ့သည်။
” ဟုန်း .. ”
ရှီဟောင်က နောက်ထပ်လက်သီးနဲ့ရိုက်ခတ်လိုက်သည်။ ရွှေရောင်ပင့့်ကူက သူ့ရဲ့ခွန်အားလုံးကို အသုံးပြုကာ ခုခံတော့၏။ သို့ရာတွင်ခြေထောက်တွေထဲက တစ်ချောင်းကတော့ ထိုတိုက်ခိုက်မှုကို တိုက်ရိုက်ခံလိုက်ရကာ ချက်ချင်းပင် ကျိုးပျက် ပျက်စီးသွားရလေပြီး သွေးအိုင်ဖြစ်သွားရသည်။
ရှီဟောင်က ကောင်းကင်ပြောင်းလဲခြင်းအိုးလေးကို ဆင့်ခေါ်လိုက်သည်။ မီးခိုးရောင်သန်းနေတဲ့အိုးလေးက လိမ်တွန့်နေရင်း သူ့လက်ထဲတွင် တဖျတ်ဖျတ်လက်နေသည်။ ခမ်းနားလှတဲ့ရောင်စုံအလင်းတိမ်တိုက်တို့က အိုးထဲမှ မြင့်တက်ထွက်ပေါ်လာကာ ရွှေရောင်ပင့်ကူကို ယူဆောင်လိုက်တော့သည်။
ထိုအရာက ခြေထောက်များဖြင့် ရုန်းကန်ကာနေလေပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာလည်းသွေးတွေ တစ်စက်စက်ကျနေလေသည်။ ထိုသို့ဖြင့် အိုးအောက်ခြေသို့ ဆွဲယူခံရလေသည်။
“ ဖိနှိမ့်ခံလိုက်ရတာလား .. ”
လူအုပ်က သံသယဝင်သွားသည်။
တကယ်တမ်း သံသယဝင်ကာ အတုန်လှုပ်ဆုံးကတော့ ရွှေရောင်ပင့်ကူနဲ့လာကြတဲ့ လူငယ်တွေဖြစ်သည်။ တိုက်ပွဲက အလွန်မြန်ကာ မြန်မြန်ဆန်ဆန်အဆုံးသတ်သွားသည်။ အဆင့့်အတန်းမြင့် ဘုရင်တစ်ပါးအဆင့်ရှိတဲ့ သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါက သေးငယ်လှသေးတဲ့ လူငယ်တစ်ယောက်ရဲ့ လက်ထဲမှာ ထိုကဲ့သို့ အဆုံးသတ်ခံရ၏။
“ ပင့်ကူနဲ့တစ်ခါမှတော့ .. ငါ မယှဉ်ဖူးဘူး .. ဒါပေမယ့် သူ့အရသာက ဘယ်လိုရှိမလဲ မသေချာဘူးပေ့ါ .. ”
ရှီဟောင်က ပင့့်ကူခြေထောက်တစ်ချောင်းကို သူ့ပုခုံးပေါ်ကောက်တင်လိုက်သည်။ ထိုခြေထောက်က ကျန်းပေါင်းများစွာရှည်သည်။ သူကပါးစပ်ထဲက သင်္ကေတအချို့ကို ထုတ်လိုက်လေပြီး မီးတောက်တွေ အဖြစ်ပြောင်းစေကာ ချက်ချင်းပင် ထိုခြေထောက်ကိုကင်တော့သည်။ သူက ထိုခြေထောက်ကို စင်မြင့်ပေါ်ကနေ ယူဆောင်လာကာ စားသောက်တည်ခင်းထားသည့် ဧည့်ခံပွဲနေရာသို့ပြန်သွားသည်။ ထို့နောက် မီးတောက်တွေကို လမ်းတစ်လျှောက်လုံးတွင် ကင်သွား၏။
လူတိုင်းလူတိုင်းက သူနဲ့တတ်နိုင်သမျှဝေးဝေးနေကြသည်။ ဒီကောင်က အလွန်ရိုင်းစိုင်းကြမ်းတမ်းလွန်းလှ၏။ သူက ဒီအတိုင်းကင်လိုက်တာလား။ ဒါက မွေးနေ့ပွဲလေ။သိပ်မကြာခင်အချိန်မှာပင် မွှေးပျံ့လွန်းတဲ့အသားရနံ့က ရှီဟောင့်ကို ဆွဲဆောင်တော့သည်။ သူက ပင့်ကူခြေထောက်အပေါ်တွင်ရှိသည့် ရွှေရောင်အရေပြားအလွှာကို ဆွဲခွာလိုက်သည်။ ထိုအရာက အလွန်မာကြောသည့် အခွံမာဖြစ်၏။ ထို့နောက်အထဲတွင်တော့ အလွန်ကြည်လင်လှသည့် အသားကို တွေ့ရသည်။ ထိုအဖြူရောင်အသားက ဖောက်ထွင်းမြင်ရမတတ်ကြည်လင်နေရင်း တဖျတ်ဖျတ်လက်နေသေးသည်။
“ ဒါက တကယ်ထူးခြားတာပဲ .. သာမန်ပင့်ကူတွေနဲ့ မတူဘူး .. ”
ရှီဟောင်က ထိုသို့အော်လိုက်ပြီး ချက်ချင်းပင် အလုတ်ကြီးကြီး ကိုက်လိုက်သည်။ သူကိုက်လိုက်တာနဲ့ အရသာက တန်းဝင်ရောက်လာပါ၏။ သူက ဝိုင်ကိုလည်း တစ်ငုံသောက်လိုက်သေးသည်။ ဒီနည်းနဲ့ဝိုင်သောက်လိုက် ရွှေရောင်ပင့်ကူရဲ့ခြေထောက်သားကို စားလိုက်ဖြင့့် ကျေနပ်နေတော့သည်။
“ အရမ်းအရသာရှိတာပဲ … ဒီအသားက လတ်ဆတ်ပြီးနူးညံ့တယ် .. ရွှေရောင်လုအန်းရဲ့အသားထက်တောင် ကောင်းသေးတယ် .. ”
များစွာသောလူတို့က ထိုစကားတွေကြောင့့် ချွေးပြန်သွားသလို ခံစားလိုက်ရသည်။ ထိုဟာက အလွန်မယုံကြည်နိုင်စရာကောင်းလွန်းလှ၏။ ရွှေရောင်ပင့်ကူတစ်ကောင်က မျက်တောင်တစ်ခတ်အချိန်အတွင်းမှာပင် သူ့ရဲ့အစာဖြစ်သွားရပြီ။
သူက လူသားပါဆိုတာကို အားလုံးမနည်းယုံကြည်အောင် ကြိုးစားနေရလေ၏။ သူကလူသားအစစ်အမှန်မှန်းသာမသိရင် သူတို့တကယ်ကို ဒီရှီဟောင်ဆိုတာက သန့်စင်တဲ့သွေးမျိုးဆက်တစ်ကောင်လို့ တွေးလိုက်မိကြမှာဖြစ်သည်။
“ လူသား .. မင်းက မိစ္ဆာပင့်ကူရေကန်က တစ်စုံတစ်ယောက်ကို ထပ်ပြီးအနိုင်ကျင့်လိုက်ပြန်ပြီပေါ့ .. နတ်ဘုရားတောင်မှ မင်းကို မကယ်နိုင်တော့ဘူး .. ”
ကျယ်လောင်တဲ့ ဟိန်းဟောက်သံကကောင်းကင်မှ ထွက်လာပြန်သည်။ ထိုဟာက ရှေးဟောင်းမိစ္ဆာပင့့်ကူ၏ အသံဖြစ်၏။
ထိုသူက လူသားအင်ပါယာပွဲမှာ တက်ဖို့ရှောင်ကြဉ်ရင်း ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဒီပြိုင်ပွဲရဲ့အဆုံးသတ်ကိုသာ မြင်လိုက်ရပေ၏။ သူချစ်မြတ်နိုးရတဲ့သူက ထိုသို့ကျဆုံးသွားရတာကို မြင်တော့ အလွန်ခံစားသွားရပုံပေါ်သည်။
“ စစ်သိုင်းကွင်းကို သွားရအောင် .. အဲ့ဒီမှာ တိုက်ခိုက်ကြမယ် … ”
ထိုအခိုက်ရွှေရောင်အလင်းတွေ တဖျတ်ဖျတ်မြင့်တက်လာပြီး ထိုအလင်းတို့က ကောင်းကင်ဂူဘုရားကျောင်းမှာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအရာက အလွန်ခမ်းနားကာ ကြည်လင်နေကာ ကောင်းကင်ကပင် အပူရှိန်ကြောင့် လောင်ကျွမ်းသွားမတတ်ဖြစ်ရလေသည်။
လူသားအင်ပါယာကိုယ်တိုင် ထွက်ပေါ်လာခြင်းဖြစ်ပါ၏။ စစ်သိုင်းမြေပြင်က လက်ရှိနေရာတွင် မဟုတ်ပေ။ သို့သော် မြို့တော်နဲ့ဝေးကွာသည့်နေရာတွင် တည်ရှိပေ၏။
ထိုနေရာတွင် ကြီးမားသည့်စွမ်းအင်တို့ တည်ရှိကာ စစ်တပ်ကို လေ့ကျင့်သင်ကြားပေးသည့် နေရာလည်းဖြစ်သည်။ လူအုပ်က ချက်ချင်းပင် မျှော်လင့်စောင်းစားသလို ဖြစ်သွားကြသည်။
* ဒီလူငယ်မှာ တကယ်ပဲ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ .. ။ သူက ဘယ်လိုနောက်ခံမျိုးရှိနေလို့ ရှေးဟောင်းနတ်တောင်တွေက အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်ကိုတောင်မှ ရင်ဆိုင်စိန်ခေါ်ဖို့လုံလောက်နေတာလဲ .. ။ *
ရုတ်တရက်ကောင်းကင်နတ်တောင်ရဲ့ အလယ်ဗဟိုဟာ မြေပြင်မှ မြောက်တက်သွားလေသည်။ ထို့နောက် လူအများရှိနေကြသည့် စတုရန်းမြေပြင်ကလည်း အတူတကွ မြောက်တက်ပါ၏။ အားလုံးက မြို့တော်နဲ့ ချိတ်ဆက်တွဲဆက်ထားသလို ထင်ရပြီး ချက်ချင်းပင် ကြီးမားလှသည့် တစ်စုံတစ်ရာကြောင့် ပျံသန်းသွားသလို ထင်ရလေသည်။
လူတိုင်း အံ့အားသင့်သွား၏။ သူတို့ မြင်နေရတာကိုပင် မယုံနိုင်လေပဲ မြေပြင်နဲ့အတူ ကောင်းကင်မှ ပျံသန်းထွက်ခွာနေကာ မြို့တော်ကို ချန်ထားရစ်ခဲ့လေသည်။ သူတို့က အလွန်ကျယ်ပြောလှသည့် စစ်သိုင်းမြေပြင်သို့ သိပ်မကြာခင်အချိန်မှာပင် ရောက်သွားကြတော့၏။
သူတို့ဟာ ချက်ချင်းပဲ ထိုနေရာသို့့ရောက်သွားတာကို မယုံနိုင်သလိုဖြစ်နေချိန် အချိန်မှာပင် ဒီကျယ်ပြောလှသည့် စစ်သိုင်းမြေပြင်ကြီးက အစွမ်းထက်ကျွမ်းကျင်ပညာရှင်တို့ တိုက်ခိုက်ရန် လုံလောက်တယ်ဆိုတာကို သိလိုက်ကြရသည်။