သုခကမ္ဘာက ရှီဟောင် - Chapter - 484 မိစ္ဆာပင့်ကူကို ဖျက်စီးခြင်း
လူတိုင်းဟာ အစပိုင်းမှာတော့ စိတ်ရှုပ်ထွေးသွားကြသည်။ မြို့တော်ကြီးရဲ့ကောင်းကင်ဂူဘုရားကျောင်းက ကောင်းကင်သို့မြောက်တက်သွားကာ လူအများတည်ရှိနေတဲ့ ဟင်းလင်းပြင် မြက်ခင်းပြင်ကျယ်ပါ တွဲပါထားတာကတော့ အတော်လေးကိုမင်သက်စရာပါပဲ။
ကြီးမားလှတဲ့ ထိုအရာကြီးတစ်ခုလုံးက တဂျိမ်းဂျိမ်းမြည်ဟီ်းနေခဲ့ရာ ကောင်းကင်ကိုဖြတ်သန်းသွားပြီးမှသာ မြို့ပြင်တွင်ရှိသည့် စစ်သိုင်းလေ့ကျင့်ကွင်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ဘယ်လောက်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ သိုင်းမှော်လို လုပ်နိုင်စွမ်းရှိရသည်လည်း။
ဒါတွေအားလုံးက ကျောက်တုံးအင်ပါယာကိုယ်တိုင် ထူးခြားဆန်းကြယ်တဲ့ နတ်မှော်လက်နက်တစ်ခုခုကိုအသုံးပြုပြီးတော့ ပြုလုပ်လိုက်တာဖြစ်နိုင်ပေသည်။ ကြီးမားလှတဲ့အလံတွေက တဖျက်ဖျက်လွင့်နေရင်း ပြင်းထန်တဲ့စွမ်းအင်က စစ်လေ့ကျင့်ရေးကွင်းမှ ဖြာထွက်နေခဲ့သည်။ စစ်သားတွေအားလုံးက ဖိနှိပ်စွမ်းအားပြင်းထန်လွန်းကာ ရုပ်ရင်းကြမ်းတမ်းတဲ့အရှိန်အဝါတွေကို ထုတ်ဖော်ထားကြပြီး ကျားတွေနဲ့ဝံပုလွေအလား ထင်စရာရှိနေသည်။
ခရင်းခွတွေနဲ့ ထက်ရှတဲ့ဓားတွေဆိုတာကလည်း သူတို့လက်ထဲတွင်နေရာယူထားကြကာ သူတို့အားလုံးက လူတိုင်းကို မယုံနိုင်စရာကောင်းလွန်းတဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတို့ဖြင့် ကြည့်နေခဲ့လေသည်။
“ အရှင်မင်းကြီး လူသားအင်ပါယာ .. ဒီကိုရောက်လာပြီပဲ .. ”
တစ်စုံတစ်ယောက်က ချက်ချင်းပင် ကျယ်လောင်စွာအော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့အရှိန်အဝါက လေထုထဲမှ ချက်ချင်းပင်ပျောက်ကွယ်သွားလေ၏။
ဗိုလ်ချုပ်က လမ်းလျှောက်ထွက်လာကာ သူတို့ဆီသို့ တရိုတသေလာသည်။ ထို့နောက်စစ်သားတွေအားလုံးက သူ့အမိန့်အနောက်မှလိုက်ပါလာပြီး အရာအားလုံးက ပြီးပြည့်စုံတဲ့အစီအစဉ်အတိုင်း တပြေးညီလှုပ်ရှားနေကြသည်။
စစ်လေ့ကျင့်ကွင်းက အလွန်အမင်းကြယ်ပြောလှကာ တော်၀င်နန်းတော်မှာရှိတဲ့ သိုင်းလေ့ကျင့်ရေးကွင်းထက် အဆပေါင်းများစွာသာသည်။ ထို့ကြောင့်အဆုံးသတ်ကိုပင် မြင်ရဖို့ရာ မရှိပေ။ မြေပြင်က ဘယ်မှာအဆုံးသတ်တယ်ဆိုတာကိုလည်း မသိနိုင်သလို ကြယ်ပြောလှလွန်းတဲ့ စစ်မြေပြင်ပေါ်သို့ အမှန်တကယ်ရောက်ရှိလာသလိုပင် သူတို့ ခံစားလိုက်ရပေသည်။
အသံနိမ့်နိမ့်နဲ့တစ်စုံတစ်ယောက်က ထိုနေရာက ရှေးဟောင်းတိုက်ပွဲမြေကတည်းက မိစ္ဆာနတ်ဘုရားတွေရဲ့ သွေးတွေနဲ့ဆေးကျောခြင်းခံခဲ့ရကြောင်းပြောဆိုလေသည်။ မြက်ဓားတွေပင် ဒီနေရာတွင်ရှိနေသည်မဟုတ်ပဲ သူတို့ရဲ့အသိ သတိကြောင့် များစွာသောအသက်တို့ကိုဆေးကြောခဲ့ရခြင်းဖြစ်သည်။
သို့ရာတွင် အလွန်ခမ်းနားကြီးကြယ်လှတဲ့ ဒီနေရာက စစ်သားတွေကိုလေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်ကြရာ သူတို့ရဲ့မြှုတ်နှံထားသည့် ခက်ထန်တဲ့စိတ်တွေအားလုံးကို ဒီနေရာတွင်သာ တိုးပွားစေကာ သတ်ဖြတ်ခြင်းအရှိန်အဝါတို့က ပြင်းထန်နေစေတော့သည်။
လေထဲမှာ ရပ်တန့်နေတဲ့ မိစ္ဆာပင့်ကူက တောင်တစ်တောင်လောက် ကြီးမားနေခဲ့ပြီဖြစ်သည်။ သူ့ရဲ့ခန္ဓာကိုယ်က အနက်ရောင်သန်းနေပြီဖြစ်သည့် အစိမ်းရောင်အလင်းတွေနဲ့တောက်ပနေခဲ့ကာ မြောက်များလှစွာသော သူ့ရဲ့ပင့်ကူအမွှေးတွေဆိုတာကလည်း အေးစက်တဲ့လှံတံတွေအလား တဖြတ်ဖြတ်လက်နေခဲ့သည်။
ထိုအရာက လက်ရှိတွင် မတည်မငြိမ်ဖြစ်ပြီး ခံစားနေရသလို ထင်ရ၏။ လက်ရှိတွင်သူက ကောင်းကင်ဂူဘုရားကျောင်းကြီးတစ်ခုလုံး နောက်ပြီး လူတွေတည်ရှိနေသည့် မြက်ခင်းပြင်ကျယ်ကြီးတစ်ခုလုံးမှာ တွဲလျက်လေထဲတွင်မြောက်တက်လာပြီး ယူဆောင်ခံရကာ သိုင်းလေ့ကျင့်ရေးကွင်းသို့ ချက်ချင်းဆွဲယူခံရတာကို သူသိခဲ့ရသည်။ ထိုဟာက အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းလွန်းလှ၏။
“ လူသားလူငယ်လေး .. ငါ မင်းကို မသေခင်မှာရွေးချယ်မှုပေးမယ် .. ”
မိစ္ဆာပင့်ကူကပြောလိုက်သည်။ သူ့ရဲ့အသံက သိပ်မကျယ်ပေ။ သို့ပေမဲ့ ခမ်းနားသလိုထင်ရစေသည်။ ထိုစကားတွေက လေထဲမှာ ပဲ့တင်သံထပ်နေခဲ့ကာ သိုင်းလေ့ကျင့်ရေးကွင်းတစ်ခုလုံးပဲ့တင်ထပ်နေစေခဲ့သည်။ လူအုပ်က ချက်ချင်းပင် ရှီဟောင့်ကိုကြည့်လိုက်ကြသည်။
အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်တစ်ယောက်က ဒီနည်းနဲ့လှုပ်ရှားလိုက်ဖို့ ပြင်နေတဲ့အချိန်မှာ ရှီဟောင်က ဘယ်ရောက်နေသည်လဲ။ အလွန်အမင်းတိတ်ဆိတ်နေတဲ့ အခြေအနေတစ်ခုအဖြစ် ရှိနေသည်။ လူတိုင်းလူတိုင်းက စိတ်မရှည်သလိုကြည့်လိုက်ကြ၏။ ထိုဟာကပဲ လူတိုင်းလူတိုင်းရဲ့ အာရုံတွေကို ဆွဲယူသွားခဲ့ကာ နောက်ဆုံးတွင်တော့ သူတို့စိတ်၀င်တစားရှိနေတဲ့လူကို ရှာတွေ့လိုက်သည်။ သို့သော် ထိုသူကိုမြင်တာနဲ့ သူတို့ အံ့အားတကြီးဖြစ်သွားရ၏။
“ သူ အခုထိ စားသောက်နေတုန်းပဲလား .. ”
“ဘာလို့ သူ စားနေပြန်တာလဲ .. ”
တစ်စုံတစ်ယောက်က အံ့အားတကြီးအော်လိုက်သည်။ ဒီကောင်စုတ်လေးက အရမ်းကိုတည်ငြိမ်လွန်မနေဘူးလား။ မြေပြင်မှာ တပျဉ်ခွေထိုင်နေပြီး သူ့ရဲ့ရှေ့မှာတော့ ကျောက်စိမ်းစားပွဲတစ်ခု ရှိနေသည်။ ရှီဟောင်က ရွှေရောင်ပင့်ကူခြေထောက်တစ်ချောင်းကို သူ့ရှေ့တွင်ခင်းကျင်းထားပြီး နူးညံ့ကာ မွှေးပျံ့ကာ ဖောက်ထွင်းမြင်ရမတတ်ကြည်လင်နေတဲ့အသားတွေရှိနေသည်။ သူက ရှီဟောင် အခွံမာကိုဖယ်လိုက်တဲ့အခါ ထိုအသားတွေကထွက်ပေါ်လာကာ သူ့ကိုယ်သူ အေးဆေးစွာ တည်ခင်းစားသောက်နေခဲ့သည်။
အရသာရှိလွန်းတဲ့အစားအစာက သူ့ပါးစပ်ထဲကို အရည်ရွှမ်းရွှမ်းနဲ့ရောက်သွားတဲ့အခါမှာတော့ မွှေးပျံ့လွန်းတဲ့ဝိုင်ကို သူ အချိန်တိုင်း အချိန်တိုင်း သောက်ယူနေခဲ့တော့သည်။
“ ကျုပ်ကို ကျွေးမွေးနေသလိုပါပဲ .. ။ အားလုံးပဲ ယဉ်ကျေးဖို့ မလိုပါဘူး .. ”
သူက စားနေရင်းနဲ့တင် အနားမှာရှိနေတဲ့သူတွေကို လှမ်းခေါ်နေသေးသည်။ ထိုသို့ဖြင့် မိုးကလန်သားတွေ ရွှီကျီထန်းနဲ့ တုံးပါးမိသားစုတို့အပြင် ရှေးဟောင်းနတ်တောင်က လူငယ်တွေလည်း ပါ၀င်သည်။ ထိုလူအုပ်က သူ့ရဲ့အပြုအမူကြောင့် ချက်ချင်းပင် တိုက်ပွဲ ရင်ဆိုင်ချင်လာသည်။
သို့သော် သူတို့က ထိုအသားကိုပင် ထိဖိုဘပင်မတွေးရဲပါချေ။ ထိုဟာက ကိုယ့်ကိုယ်ကိုသတ်သေသလိုပင် ဖြစ်စေနိုင်၏။ မိစ္ဆာပင့်ကူက ဘယ်တော့မှ ဒီအပြုအမူကိုခွင့်ပြုလိမ့်မည်မဟုတ်ချေ။ သွေးတွေက ရွှီကျီထန်းနဲ့မိုးကလန်သားတွေရဲ့မျက်နှာမှာဖြူဖျော့နေခဲ့ပြီဖြစ်ကာ ဒီကလေးက အလွန်မောက်မာနေကြောင်း သူတို့အသိအမှတ်ပြုမိရသည်။
“ သေခြင်းတရားက မင်းအတွက်အရမ်းကိုလွယ်ကူလွန်းနေတယ် .. ။ ငါသာဆို မင်းကိုနာကျင်အောင်နှိပ်စက်နေလောက်ပြီး အသက်ရှင်ခွင့်ပေးထားမှာ .. ”
မိစ္ဆာပင့်ကူကအသံက မိုးခြိမ်းသလိုပင် ထင်ရစေသည်။ ထိုအရာက အာကာသပြင်ကိုပင်တုန်ခါစေ၏။ သိသိသာသာပင် သူဟာ အလွန်အမင်းဒေါသထွက်နေခဲ့ပါပြီ။ တစ်ခါတစ်ရံမှာ သေဖို့ ဆုတောင်းရတာက အတော်လေးကိုဆိုးရွားတဲ့ နှိပ်စက်မှုမျိုးကိုခံရသည့်အချိန်တွင်သာဖြစ်ပေါ်တတ်သည်။
ရှီဟောင့်ကိုသာ အရက်စက်ဆုံးနည်းလမ်းတွေနဲ့ကို တတ်နိုင်သမျှသုံးပြီး သူ့ကိုငရဲ ရောက်တဲ့အထိ လုပ်ပစ်မယ်လို့ သူတွေးလိုက်သည်။ ရှေးဟောင်းမိစ္ဆာပင့်ကူက ရှီဟောင့်ကို အေးစက်တဲ့ မျက်လုံးတွေဖြင့်ကြည့်နေသည်။
ထိုမျက်လုံးများတွင် မျက်ရည်တွေကိုပင် မြင်နေရသည်။
ဘယ်လိုဖြစ်ပြီး လူတွေအားလုံးက အခုလိုမျိုးရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနိုင်ရတာလဲ။ နောက်ပြီးဒါက တကြိမ်တစ်ခါထဲ မဟုတ်ဘူး။ အကြိမ်တိုင်းအကြိမ်တိုင်း ဒီကောင်နဲ့ယှဉ်တိုင်းယှဉ်တိုင်းအားလုံးက နှိက်စက်ညှင်းပန်းသလိုပင် ခံစားခဲ့ရတာဖြစ်သည်။ သူ့အရှိန်အဝါတွေက ချက်ချင်းပင် သိုင်းစင်မြင့်အတွင်းပြည့်သွားလေ၏။
များစွာသောလူတို့က ထိုဖိအားကိုတောင့်ခံမနိုင်ကြတော့ပဲ ချက်ချင်းပင်ဖြူဖျောသွားကြသည်။ တစ်ချို့ကတော့ မြေပြင်တွင် လဲကျသွားကြ၏။ ကံအားသင့်စွာပင် ရွှေရောင်မီးတောက်တို့က ခမ်းနားလှသည့်ကောင်းကင်ဂူဘုရားကျောင်းမှထိုးထွက်လာခဲ့ကာ ထိုအေးစက်မှုတွေကိုလွင့်ပြယ်သွားစေခဲ့သည်။
နွေးထွေးမှုက မြေပြင်သို့ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ လူအုပ်က ထပ်မံပြီးသက်ရောက်မခံရတော့ပေ။ ထိုအရာက အစွမ်းထက်လွန်းလှတဲ့ကျွမ်းကျင်ပညာရှင်တွေမှ ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ သူတို့ရဲ့ပျော်ရွှင်မှုတွေ ဒေါသထွက်မှုတွေ အားလုံးက အခြားသုတွေကို သက်ရောက်နိုင်စွမ်းရှိပေသည်။
“အားလုံးပဲ .. ကောင်းကင်စိမ်းနတ်တောင်က ငှက်ကော မလာသေးဘူးလား .. ။ မိစ္ဆာပင့်ကူတစ်ကောင်တည်းဆိုရင်တော့ မလုံလောက်သေးဘူးလေ .. ။ ခင်ဗျားတို့ အတူပူးပေါင်းမှပဲ ပိုအဆင်ပြေမှာ .. ”
ရှီဟောင်က ချက်ချင်းပင် လူမြင်ကွင်းမှာတင် စိန်ခေါ်လိုက်သည်။ သူက သူ့ရဲ့ရန်သူတွေအားလုံးကို တစ်ခါထဲ ရင်ဆိုင်ဖြေရှင်းလိုက်ချင်သည်။ ထိုသို့မဟုတ်ပါက သူ့ အချိန်တွေထပ်ကုန်မှာဖြစ်၏။
စေတီလေးဆီက ရရှိမဲ့ တစ်ခါအကူအညီတောင်းခွင့်ကို အသုံးပြုပြီး သူက ဒီသက်ရောက်မှုတွေကို တစ်ခါထဲ ရှင်းပစ်ချင်တာဖြစ်သည်။ အစိမ်းရောင်လူအန်းက အလွန်းအမင်းအစွမ်းထက်လှတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ကာ နန်းတော်ထဲတွင်တောင့်နေခဲ့ပြီ။ ချက်ချင်းပင် သူ့မျက်နှာက ချမ်းစိမ့်စိမ့်အမူအရာပြောင်းသွား၏။ ထိုစကားတွေကိုကြားလိုက်တဲ့အခါမှာတော့ သူက ကျောက်စိမ်းစားပွဲကိုတွန်းလိုက်ပြီး လေထဲသို့ လမ်းလျှောက်ထွက်လာခဲ့သည်။
ထို့နောက် ရှီဟောင့်ကိုစကားတစ်ခွန်းမှမပြောပဲ ငုံ့ကြည့်လိုက်၏။ သူ့ဆီတွင်သတ်ဖြတ်ခြင်းအရှိန်အဝါတို့ ဆက်မရှိတော့ပေ။ ထိုလူငယ်က သူ့လက်ထဲတွင် မကြာခင်သေတော့မလိုတွေးထင်နေ၏။
“အားလုံးပဲ .. ဘယ်သူကများ ကျွန်တော်နဲ့တိုက်ခိုက်ရဲကြတာလဲ .. ”
နတ်ဆိုးကောင်လေးက အလွန်လွှမ်းမိုးနိုင်စွမ်းပြင်းလွန်းတဲ့ ကြီးမားလွန်းသောအသံနဲ့ အော်ဟစ်လိုက်ပြီး လောကကြီးထဲမှာ သူနဲ့ယှဉ်ပြိုင်နိုင်တဲ့သူရဲကောင်းမရှီတော့သလို တွေးထင်နေလေသည်။ သူက မြောက်ပင်လယ်တွင် ကျွမ်းကျင်ပညာရှင်တို့ရဲ့ခန္ဓာကိုယ်တွေကို တစ်ခုထပ်မနည်းသတ်ဖြတ်ပစ်ခဲ့သည်။
” ဘာပဲဖြစ်ဖြစ် ကျုပ်တို့တွေက သူ့ကို ဒီမှာသတ်ကြမှာပဲလေ .. ။ လူတစ်ယောက်ရဲ့အသက်ကို ထိုးဖောက်ရတာက လွယ်ပါတယ် .. ”
ရှေးဟောင်းမိစ္ဆာပင့်ကူက အသံခြောက်ကပ်စွာပြောသည်။ တစ်ခါတစ်ရံမှာတော့ အသက်ရှင်ရတာထက် သေရတာဟာ ပိုကောင်းတယ်လို့တွေးထင်မိအောင် သူတို့ နှိပ်စက်ပြဖို့ လိုနေသည်။ လူတစ်ယောက်ကို သတ်ရတာကလွယ်သည်။ သို့သော် ထိုလူကို သနားစရာကောင်းလွန်းလှအောင်နှိပ်စက်ရတာကတော့ ခက်ခဲလွန်းပေသည်။
ရှေးဟောင်းမိစ္ဆာပင့်ကူက ဒီအခွင့်အရေးကို ဘယ်တော့မှ လက်လွတ်ခံလိမ့်မည် မဟုတ်ချေ။ ရှီဟောင်ကလည်း စစ်သိုင်းလေ့ကျင့်ကွင်းထဲမှာရှိနေရင်း အေးအေးဆေးဆေးပင် ရပ်နေသည်။
” ကျုပ်တို့မစခင် ကျုပ် တစ်ခုလောက်မေးပါရစေဦး။ ကျုပ်ကိုဖြေပေးကြမယ် မဟုတ်လား .. ”
“ပြော .. ”
မိစ္ဆာပင့်ကူက ကျယ်လောင်စွာပြောလိုက်သည်။
“ကျုပ်အဘိုးဘယ်မှာလဲ .. ။ ဘာလို့ ခင်ဗျားရဲ့ပုံစံအစစ်အမှန်နဲ့ သူ့ကို ဖိအားပေးခဲ့တာလဲ .. ”
ရှီဟောင်မေးလိုက်သည်။
“ သူကသေပြီ .. ။ မင်းသူ့ကို ဘယ်တော့မှမြင်တော့မှာ မဟုတ်ဘူး .. ”
မိစ္ဆာရှေးဟောင်းပင့်ကူက အေးစက်တဲ့မျက်နှာနဲ့ပြောသည်။ မိစ္ဆာနတ်ဘုရားကိုမြို့တော်မှထွက်သွားအောင်ဖိအားပေးခံခဲ့ရတယ်လို့ ပြောဆိုနေကြသည်။
“ခမ်းနားကြီးကျယ်တဲ့မိစ္ဆာနတ်ဘုရားက မိစ္ဆာပင့်ကူလို အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်တစ်ယောက်ဆီကနေ လွတ်မြောက်သွားပြီးတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ် .. ။ သူ အသက်ရှင်နေတုန်းပါပဲ .. ။ ဒါပေမဲ့ ပျက်သုန်းခြင်းနယ်မြေရဲ့ နက်ရှိုင်းတဲ့အပိုင်းထဲမှာ ရှီကျီလင်းကို ရှာနေတယ် .. ”
တော်၀င်နန်းတော်အစောင့်တစ်ယောက်က ရှင်းပြသည်။ ရှီဟောင် အံ့အားသင့်သွားရ၏။ သူ့အဘိုးကို နောက်ဆုံးတော့ သူရှာတွေ့လေပြီ။ မိစ္ဆာပင့်ကူက သူ့ကို အဝေးကိုထွက်ပြေးရအောင် ဖိအားပေးခဲ့ပေမဲ့ ကံကောင်းစွာပင် ရှင်သန်ခဲ့သည်။
” အဲ့ဒီနေ့က ကောင်လေးက မင်းလား .. ”
မိစ္ဆာပင့်ကူက မီးခိုးရောင်၀တ်စုံ၀တ်ထားတဲ့အဘိုးကြီးကို အေးစက်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်သည်။ ရှီဟောင်က ရုတ်တရက်အံ့အားသင့်သွားပြီး သူ မြို့တော်ကို ထွက်ခွာလာတဲ့အချိန်ကို သတိရလိုက်သည်။ မိုးမခနတ်ဘုရားက သူ့အတွက်လမ်းကြောင်းဖွင့်ပေးခဲ့ခြင်းဖြစ်၏။ ထိုအချိန်တွင် တောင်တစ်လုံးအရွယ်ပင့်ကူကြီးတစ်ကောင်က လူသားတစ်ယောက်နဲ့တိုက်ခိုက်နေတာကို သူတွေ့ခဲ့ရသည်။
ဆိုလိုတာက ဒီခေါင်းဆောင်က သူ့အဖိုးအလိုက်ခံရတဲ့အချိန်မှာ သွားကယ်ခဲ့တာပေါ့။ ဒါကြောင့်မိစ္ဆာပင့်ကူဆီက အသံဟာ ခေါင်းဆောင်ကို အခုမှ မှတ်မိသွားတဲ့ ပုံပေါက်နေတာပါပဲ။
“ ခမ်းနားကြီးကြယ်လှတဲ့ ရွှေတောင်ပံဖန်းငှက်က တော်၀င်နန်းတော်ထဲမှာ ပုန်းအောင်းရှင်သန်ပြီးတော့ တော်၀င်အစောင့်ဖြစ်ချင်နေတာကိုး .. ။ ဘယ်လောက်တောင် သိက္ခာကျလိုက်လဲ .. ”
ရှေးဟောင်းမိစ္ဆာပင့်ကူကပြောလိုက်သည်။ လူအုပ်က ချက်ချင်းပင် ထိုစကားတွေကြောင့် အော့အော့သောင်းနင်းဖြစ်သွားကာ အံ့အားသင့်သွားကြသည်။ သူတို့အားလုံးက ထိုခေါင်းဆောင်ကို မယုံနိုင်သလို ကြည့်ကြသည်။
ထိုမျှလွမ်းမိုးနိုင်စွမ်းမဲ့လွန်းတဲ့ လူတစ်ယောက်က ဒီလောက်အစွမ်းထက်တဲ့သူဖြစ်နေမယ်လို့ မထင်ထားကြပေ။ ခေါင်းဆောင်က ဘေးတစ်ဖက်ကို ဆုတ်ရင်း စကားတစ်ခွန်းမှမဆိုပေ။ သူ့ရဲ့တာ၀န်အတိုင်းပြန်လည်ထမ်းဆောင်နေလေ၏။
မိစ္ဆာပင့်ကူက ချက်ချင်းပင်ဒေါသတကြီးဖြစ်သွားခဲ့သည်။ သူ့ရဲ့ဝိဥာဉ်ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားကို ဖျက်ဆီးခံခဲ့ရသည်။ ဒါကလည်း မြို့တော်ကိုလာတဲ့လမ်းမှာ မတော်တဆဖြစ်ရပ်ဖြစ်ပျက်ခဲ့သေးတာကြောင့်ဖြစ်၏။ သို့ပေမဲ့ ဒီအကြောင်းအရာကို ထပ်မံထည့်ပြောခံနေရတဲ့အခါမှာတေ့ာ သူ့ကို တကယ်သိက္ခာချနေသလို ခံစားနေရသည်။
“ ကောင်းပြီ .. သူနဲ့ အရင်ရင်ဆိုင်ကြတာပေါ့ ..။ ဒါက ပုရွက်ဆိတ်တစ်ကောင်လေးပါဘဲ .. ။ မင်းရဲ့ အသက်ရှူသံတွေကိုမဖြုန်းနဲ့ .. ။ ငါ့အမြင်အရဆိုရင် သူ့ကိုမြန်မြန်သတ်လိုက်တာကောင်းတယ် .. ”
အစိမ်းရောင်လုအန်းကျွမ်းကျင်ပညာရှင်က ပါးစပ်ဖွင့်ရင်းပြောလိုက်သည်။
” ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့ .. ”
ရှီဟောင်က စစ်သိုင်းလေ့ကျင့်ရေးကွင်းထဲသို့ခပ်အေးအေး လမ်းလျှောက်လာသည်။ သူကပါးစပ်ဖွင့်ကာ တစ်စုံတစ်ရာကို မန်းမှုတ်ရွတ်ဆိုကြသည်။
“ စစ်ဝိဥာဉ်က ကြီးကြယ်ခမ်းနားလှတဲ့ကွက်လပ်နယ်မြေအတွင်းမှာဖြတ်သန်းသွားလာနေတယ် .. ။ ငါ့ရဲ့ ခေါ်ဆိုသံကိုကြားပါစေ .. ။ မရေမတွက်နိုင်တဲ့လောကတွေကိုဖြတ်သန်းလာခဲ့ပြီး ဒီနေရာမှာတိုက်ခိုက်ကြရအောင် .. ”
လူတိုင်းကြောက်လန့်တကြားဖြစ်သွားကြသည်။
* ဒီကောင်စုတ် ဘာတွေ လုပ်နေတာလဲ .. ။*
“ သူက အခုလိုမျိုးဂါထာတွေရွတ်ပြီးတိုက်ခိုက်လို့ ရလို့လား .. ”
“ အဲ့လိုတော့ မထင်ဘူး .. ။ သူရွတ်နေတာက ရှေးဟောင်းဆင့်ခေါ်ခြင်းဂါထာတစ်ခုပဲ .. ။ အဲဒါက ကောင်းကင်အထက်မှာ ရှိတဲ့ကြယ်တွေထဲကနေ ဆင်းသက်လာစေဖို့ တစ်စုံတစ်ရာကို ဆင့်ခေါ်နေတာ .. ။ သူခေါ်နေတာက နတ်ဘုရား ဒါမှမဟုတ် နတ်ဆိုးဖြစ်လောက်တယ် .. ”
” မဖြစ်နိုင်လောက်ဘူး .. ။ ဒီကလေးမှာ ဘာလို့ ဒီလောက်စွမ်းအားကြီးတာမျိုးရှိမှာလဲ .. ”
သူတို့က ချက်ချင်းပင် ကြောက်လန့်တကြီးဖြစ်သွားကြသည်။ ရှေးဟောင်းမိစ္ဆာပင့်ကူတောင်မှ တစ်ချက်မတွေးပဲနဲ့ ထိုသို့လုပ်နိုင်စွမ်းမရှိပေ။ သူက ဘေးတွင် ငြိမ်ငြိမ်လေးနေကာ လေ့လာနေလေ၏။ အကြောင်းကတော့ တစ်စုံတစ်ရာက မဟုတ်တော့သလို ခံစားနေရသောကြောင့် ဖြစ်သည်။
ဒီကောင်စုတ်က တကယ်ကိုရင်ဆိုင်ရမလွယ်သလို သူ့မှာရှိတဲ့အရာတော်တော်များများကလည်း သူ့ကိုအန္တရာယ်ပေးနိုင်လောက်တာတွေ ရှိနေနိုင်ပေသည်။ တစ်ဖက်သူက ဘာကိုမှီခိုပြီး သူ့ကို ရင်ဆိုင်မလဲဆိုတာကို သူတကယ်ကို သိချင်နေပါ၏။
တကယ့်အမှန်တော့ ရှီဟောင်က သူဂါထာရွတ်ဆိုပြီးတော့ ဆင့်ခေါ်နေတာ မဟုတ်ပေ။ ဒီတိုင်းစေတီလေးရဲ့ အကူအညီကို ရယူဖို့ မေးနေတာဖြစ်၏။ သို့သော် ထိုလက်နက်က ထိုသို့အစွမ်းရှိကြောင်းပေါ်သွားမည်ဆိုလျှင် ပြသနာတွေတက်လာနိုင်သည်မို့ ထိုကဲ့သို့အသုံးချလိုက်ခြင်းဖြစ်သည်။
“ အစွမ်းထက်ဆုံးတော်၀င်နန်းတော်က ဝိဥာဉ်မင်း ရောက်ရှိလာဖို့ ငါဆင့်ခေါ်ပါတယ် .. ။မရေမတွက်နိုင်အောင်ကျယ်ပြောလှတဲ့ ကောင်းကင်၀င်ပေါက်တွေကို ဖြတ်သန်းပြီး ပျက်သုံးခြင်းနယ်မြေကိုဆင်းသက်လာလိုက်ပါ
. ။ ငါ့ရှေ့မှာ နတ်ဆိုးတစ်ကောင်လို ဦးဆောင်ပြီး ဒီရှေ့မှာရှိတဲ့ အဆိပ်ရှိတဲ့ပင့်ကူကို သတ်ဖြတ်သုတ်သင်ပေးပါ .. ”
သူက ဆက်လက်ဆင့်ခေါ်၍ ဆိုသည်။ သို့သော်အဆုံးတွင်တော့ ဘာမှထွက်ပေါ်လာခြင်းမရှိပေ။ လူတိုင်းက ထူးထူးဆန်းဆန်းအမူအရာဖြစ်သွားကြပြီး ဒီကောင်စုတ်က ဟန်ဆောင်နေတယ်လို့ ထင်သွားကြလေသည်။
* ဒါ ဘယ်လိုအရာမျိုးမလို့လဲ .. ။ သူ့မှာ နတ်စွမ်းအင်လည်းမရှိဘဲနဲ့ ဘာလို့အခုလိုမျိုးဟန်ဆောင်နေရတာလဲ .. *
“ဘာတွေဖြစ်လာမလဲဆိုတာကို ငါတကယ်ကိုသိချင်နေပြီနော် .. ။ ဒီကောင်စုတ်လေးက အလကားနေရင်းတော့ ဆင့်ခေါ်မှာမဟုတ်ဘူး .. ။ သူက ငါ့ရှေ့မှာ အခုလိုမျိုးကြိုးစားပြီးကြောက်အောင်များလုပ်နေတာများလား .. ။ ”
မိစ္ဆာပင့်ကူက ခပ်တိုးတိုးရယ်လေရင်း တွေးနေသည်။ ထို့နောက် ကောင်းကင်မှ ဆင်းသက်လိုက်၏။ မရေမတွက်နိုင်အောင်များပြားလါန်းလှတဲ့ငှက်အလင်းတွေ အားလုံးက အက်ကွဲဆင်းလာခဲ့ကာ သူက နတ်ဆိုးကောင်လေးခြေထောက်ကို ထိုးခွဲချင်ပုံရသည်။ ပြီးတော့ သူ့ရှေ့မှာ ဒူးထောက်စေချင်ပုံရ၏။
သို့ရာတွင် ရှီဟောင့်ရဲ့ဆင့်ခေါ်မှုက ရုတ်တရက်သက်ရောက်သွားပုံရသည်။ ဘယ်ကမှန်းမသိတဲ့လေပြင်းတွေက ရုတ်တရက်ဟိန်းဟောက်သလိုမျိုး တိုက်ခိုက်လာကာ ဒေါသတကြီးဒီနေရာကိုရောက်လာသလိုထင်ရပြီး နတ်စင်မြင့်ကိုလည်း မမြင်နိုင်အောင်ဖုံးအုပ်သွားခဲ့သည်။
ရှေးဟောင်းကြောက်မက်ဖွယ်သားရဲတွေ ဟိန်းဟောက်သလို ကောင်းကင်နယ်မြေကြီးက တုန်ခါလာလေ၏။ လောကကြီးတစ်ခုလုံးက သက်ရောက်ခံလိုက်ရသည်။ ကြီးမားလွန်းလှသည့် မိုးပြာရောင်ဘဲထီးကြီးတစ်ကောင်က ကောင်းကင်ပေါ်မှပေါ်လာတာကို အားလုံးမြင်လိုက်ကြရသည်။ ထိုဘဲထီးဆိုတဲ့အကောင်ကြီးရဲ့ဟိန်းဟောက်သံနဲ့တင် ကောင်းကင်က တုန်ခါလာရသည်။ ထို့နောက်တွင်တော့ တောက်ပလွန်းလှသည့်ငှက်ကြီးတွေက နတ်မီးတောက်တွေတဖျက်ဖျက်ခက်ရင်း ကောင်းကင်ကိုးဘုံမှ ခုန်ဆင်းလာခဲ့သည်။
အနက်ရောင်လေလေးက တဝှေ့ဝှေ့ဖြစ်ရင်း သိုင်းလေ့ကျင်းရေးကွင်းတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့စွမ်းအင်က လေထုတွင်ပျံ့နှံ့နေခဲ့သည်။ ထိုမုန်းတိုင်းကို မျက်လုံးဖြင့်မြင်နိုင်စွမ်းရှိကာ အရာအားလုံးက ကြီးမားလွန်းလှတဲ့သတ္တဝါကြီးတွေ အလွန်မြင့်မားလှတဲ့သတ္တဝါကြီးတွေက တစ်ကောင်ပြီးတစ်ကောင်ရပ်နေကာ အောက်က မိစ္ဆာငှက်နဲ့ပင့်ကူကြီးကို အထင်တသေးကြည့်နေတာကိုမြင်ရသည်။ ဟင်းလင်းပြင် ကွက်လပ်နယ်မြေထဲမှ ရုတ်တရက်ထွက်ပေါ်လာတဲ့ ထိုသတ္တဝါတွေက လူတိုင်းလူတိုင်းကိုအံ့အားသင့်စေသည်။
“ ဘာတွေဖြစ်ကုန်တာလဲ .. ”
လေဆင်နှာမောင်းက အနီရဲရဲဆံပင်တွေလိုမျိုး နီရဲသွားသလို ထင်ရစေပြန်သည်။ ထိုအရာက စစ်မှန်တဲ့ ရှေးဟောင်းကြောက်မက်ဖွယ်သားရဲတွေရဲ့ ဆက်ခံသူတွေဖြစ်လေသည်။ သူတို့အားလုံးက လေပြင်းထန်ကြောင့် အရာအားလုံး၏ ခန္ဓာကိုယ်မှ အမွှေးတွေမှ သတ်ဖြတ်ခြင်းအရှိန်အဝါတွေထိုးထွက်လာစေလေရင်း သူတို့က ထိုအမွှေးတွေ လွင့်ထွက်ရာတို့အပြိုင် ကောင်းကင်တွင် မြင့်ထွက်နေခဲ့သည်။
“ အား .. မဟုတ်ဘူး .. ”
ရှေးဟောင်းမိစ္ဆာပင့်ကူက ကျယ်လောင်စွာ ငိုကျွေးလိုက်သည်။ သူ့အသံက လောကကိုပင် တုန်ယင်ဖွယ်ကောင်းလောက်အောင် ခြောက်ခြားဖွယ်ရာဖြစ်နေခဲ့သည်။
ထို့နောက် တခဏတွင်တော့ လူတိုင်းလူတိုင်းက ဘာတွေဖြစ်ပျက်နေတာကိုမမြင်ရတော့ပေ။ အကြောင်းကတော့ ပြင်းထန်လှတဲ့လေပွေက အားလုံးကို သိမ်းပိုက်ဝါးမြိုသွားသောကြောင့်ဖြစ်သည်။