သုခကမ္ဘာက ရှီဟောင် - Chapter - 487 ကောင်းကင်ပျက်သုဉ်းခြင်းအရှင်
လူအုပ်ဟာ အလွန်အမင်းမနာလိုဖြစ်သွားကြရသည်။ ဒီကောင်က နတ်သမီးနှစ်ပါး ဝန်းရံခံနေရတာက သူတို့ကို အမှန်တကယ်ကို မနာလိုဖြစ်စေပေသည်။ များစွာသောလူငယ်တို့ရဲ့သွေးက ဆူပွတ်လာကြကာ ရှီဟောင့်နေရာတွင် အားလုံံးက အစားဝင်ချင်နေကြသည်။
သို့ရာတွင် အမှန်တကယ်ရှိနေတဲ့ရှီဟောင်ကတော့ စိတ်ထဲရှိပုံပင် မရချေ။ အကြောင်းကတော့ ဒီနတ်သမီး နှစ်ပါးလုံးလို့ အများခေါ်ဆိုနေကြတဲ့သူနှစ်ယောက်က အရမ်းအန္တရာယ်များမှန်း သူသိနေပြီးလို့ ဖြစ်ပေသည်။ သူတို့က အမြဲတမ်း အချင်းချင်းဆုံလိုက်တာနဲ့ ဓါးချင်းထုတ်ပြီး ယှဉ်ချင်နေကြသည်မဟုတ်လား။ ကျောက်စိမ်းပန်းကန်လုံးလေးက သလင်းကျောက်လိုမျိုး ရှင်းသန့်ကြည်လင်နေသည်။ နဂါးကိုးကောင်က ထိုခွက်ရဲ့ထိပ်တွင်သန့်စင်ခံထားရင်း ထွင်းထုထားပေသည်။ လက်ရာက အလွန်ကို လှပလွန်းလှ၏။
ထိုအရာက သတ္တုနဲ့ကျောက်သားကို ပေါင်းစပ်ထုထားခြင်းဖြစ်ကာ အခြားအရာတွေမပါရှိပေ။ အလင်းရောင်ကိုးခုက ရောင်စုံအလင်းတန်းတွေအဖြစ် စီးဝင်နေလျက်ရှိသည်။ အထဲတွင်ရှိသည့်ဝိုင်ကတော့ အစိမ်းရင့်ရောင်ဖြစ်ကာ မွှေးပျံ့တဲ့ ရနံ့လှိုင်းတို့က လေထဲမှာ ပျံ့နှံ့နေခဲ့သည်။ ရှီဟောင်က ကျေးဇူးတင်လိုက်ပြီး ထိုနဂါးကိုးကောင်ခွက်ကို ယူလိုက်ကာ မြှောက်သောက်လိုက်သည်။ ချက်ချင်းပင် အပူချိန်တစ်ခုက သူ့ကိုယ်ထဲ ထိုးဝင်လာခဲ့ကာ ရေနဂါးတစ်ကောင်က သူ့ရဲ့ ရိုးတွင်းချဉ်ဆီထဲ တိုးဝင်သွားသလားပင် ထင်ရစေသည်။ သူ မသက်သာပဲ ခပ်တိုးတိုး ငြီးညူလိုက်မိသည်။ ထိုဟာက သူ့ကို အမှန်တကယ်အံ့အားသင့်စေပါ၏။
ဒီဝိုင်ခွက်က နတ်ဆိုးဝိုင်လေးကိုတောင်မှ ဖိနှိမ့်နိုင်စွမ်းရှိသည်။ အထဲမှာ ဝိဥာဉ်ဆေးပင်တွေအပြင် နတ်ဆေးဝါးတွေပါ ပါဝင်နေသေးသည်။ ထိုအရာက စစ်မှန်တဲ့ နတ်စားတော်ဆက်ဝိုင်တစ်ခုအလား ထင်ရစေကာ အလွန်အမင်းကို အဖိုးတန်လွန်းလှပေသည်။
နောက်တစ်ခဏတွင်တော့ မိုးခြိမ်းသံလိုမျိုး အသံတစ်ခုက ရှီဟောင့်ရဲ့ခန္ဓာကိုယ်ထဲမှ မြည်ဟီးလာခဲ့သည်။ အစိမ်းရောင်ရောင်စုံအလင်းတွေက သက်ဝင်ကာ တောက်ပလာကာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရောင်ပြန်ဟပ်နေသည်။ ထို့ကြောင့် သူဟာ ချက်ချင်းပင် ထူးခြားသည့်အဆင့်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်သွားတော့သည်။ သူရဲ့ မျက်နှာက ချက်ချင်းပင်ပြောင်းလဲသွားကာ သူ့ကိုယ်သူ ရပ်တန့်ထိန်းချုပ်ဖို့ကြိုးစားသည်။ သူဟာ နောက်တစ်ဆင့်သို့မတက်ချင်သေးပါချေ။ သူက ဝိဥာဉ်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ရဲ့ အထွတ်အထိပ်အဆင့်မှာရှိနေကာ ဒီအဆင့်ကို သူ ထပ်မံမွန်းမံပြင်ဆင်ကာ အကျိုးကျေးဇူးရရှိသမျှ ရရှိအောင် လုပ်ချင်နေသေးပေသည်။
သူက ရှေးဟောင်းလူသားတွေရဲ့ အကန့်အသတ်ဆိုတာကိုတောင်မှ ကျော်ဖြတ်ဖို့မျှော်လင့်နေခြင်းဖြစ်သည်။ သို့ရာတွင် ဝိုင်တစ်ခွက်ရဲ့ ဆေးအာနိသင်က အလွန်အမင်းစွမ်းအားကြီးလွန်းလို့ သူ့ရဲ့ကျင့့်ကြံခြင်းအဆင့်တတ်နိုင်တာထက် ကျော်လွန်သွားခဲ့သည်။ ထို့ကြောင့် အဆင့့်တက်ဖို့ ဖိအားပေးနေကာ ရှီဟောင် ချက်ချင်းပင် ထိုင်ချလိုက်ပြီး သင်္ကေတတွေကို ဝန်းရံလှည့်ပတ်ကာဖိနှိမ့်ဖို့ ကြိုးစားရတော့သည်။
နောက်ဆုံးတွင်တော့ အစိမ်းရောင်အလင်းတွေက သူ့ရဲ့ဖိနှိမ့်ခြင်းကိုခံရလေပြီး အားလုံးက ချက်ချင်းပင် ပေါင်းဆုံသွားခဲ့ကာ သူ့ရဲ့အသွေးအသားတွေထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်နစ်မြုပ်သွားခဲ့၏။ အဆင့်တက်ခြင်းကို ရပ်တန့်စေလိုက်မှုကြောင့် လူတိုင်းရဲ့အမူအရာက ပြောင်းလဲသွားကြ၏။
များစွာသောသူတို့က သူက ဝိဥာဉ်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ ရှိနေပြီဖြစ်ကာ ဒဏ္ဏာရီထဲက အဆင့်ကိုပင် ရောက်တော့မှာဖြစ်ကြောင်းသိလိုက်ရလေသည်။ သူက ရှေးဟောင်းခေတ်က လေးစားရတဲ့ အကြီးအကဲတွေထက်တောင် ပုခုံးချင်းယှဉ်နိုင်စွမ်းရှိသည်။ ဒါတောင်မှ သူက အဆင့်တက်ဖို့ကို တားဆီးထားသေးသည်။
ရှေးဟောင်းနတ်တောင်က သတ္တဝါတွေကလည်း အံ့အားသင့်သွားကြသည်။ သူတို့ထဲက လူအများစုက အကြောင်းပြချက်တို့ကို ခန့်မှန်းမိကြသည်။ အကြောင်းကတော့ သူတို့့က အလွန်ကို အစွမ်းထက်လွန်းတာမို့လို့ ဒီအခြေအနေကိုနားလည်သောကြောင့်ဖြစ်သည်။
ဥပမာအနေနဲ့ သူတို့ရဲ့ များစွာသော ဘိုးဘေးတို့က အခုလိုမျိုး တူညီတဲ့အရာမျိုးကို လုပ်ခဲ့ကြသည်။ အဆုံးမှာတော့ သူတို့က နတ်ဘုရားတွေဖြစ်ခဲ့ကြရ၏။ ယွီချန်းက ကောင်းကင်မြေခွေးနတ်သမီးတို့နဲ့အတူ သူမသည်လည်း မှင်သက်နေခဲ့သည်။ သူတို့နှစ်ယောက်စလုံး အလေးအနက်ဖြစ်တာကို ပထမဆုံးအကြိမ် မြင်ကြရခြင်းဖြစ်သည်။ သူတို့အားလုံးက ရှီဟောင်ရဲ့ အမူအရာ လုပ်ဆောင်ချက်တွေကို အံ့အားမသင့်ပဲ မနေနိုင်ကြတော့ချေ။
အကြောင်းကတော့သူက ဒဏ္ဏာရီထဲက တကယ့်လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်နေခဲ့သောကြောင့်ပါပဲ။ သူက အလွန်အမင်းကို စွမ်းအားကြီးမားလှသလို ပျက်သုဉ်းခြင်းနယ်မြေက ဘယ်သူကမှ ယှဉ်နိုင်စွမ်းမရှိလောက်ချေ။ သူနဲ့ ယှဉ်နိုင်စွမ်းရှိတဲ့ပါရမီရှင်တွေဆိုတာကလည်း ရှေးဟောင်းကလန်ကြီးတွေလောက်သာဖြစ်လောက်သည်။
သို့သော် ထိုကလန်ကြီးတွေဆိုတာက သူတို့ရဲ့ ကြွယ်ဝချမ်းသာလှတဲ့ အရင်းအမြစ်တွေနဲ့ ပုံဖော်သွန်းလောင်းကာ မြေတောင်မြှောက်ပေးထားသောကြောင့် ထိုကဲ့သို့ ပါရမီရှင်အလားအလာကောင်းရှိသူတို့ ထွက်လာခြင်းလည်းဖြစ်နေသည်။
“ အစ်မကြီး .. အစ်မကြီးက မိစ္ဆာဘုရင်ကို အလုပ်အကျွေးပြုနေပြီမလား .. အနာဂါတ်မှာ ညီမ အပိုင်းအစတစ်ခုလောက်တော့ မြင်နိုင်စွမ်းရှိမယ်ထင်တယ်နော် .. ဟီး .. ဟီး … ”
ကောင်းကင်မြေခွေးမက ညင်သာစွာရယ်နေလေရင်း နှုတ်ခမ်းတွေ ကော့ညွှန့်နေခဲ့သည်။ သူမရဲ့အကြည့်တွေက အပ်တွေလိုမျိုး ထိုးဖောက်နိုင်စွမ်းရှိကာ လူတစ်ယောက်ရဲ့နှလုံးသားစိတ်ဝိဥာဉ်ကိုပင် တုန်ခါနိုင်စွမ်းရှိသည်။ သူမရဲ့အပြုံးကတော့ နံရံတွေကိုတောင်မှ ပြိုကျနိုင်စွမ်းရှိပါ၏။ သူမက အလွန်အမင်းကို ချစ်မြတ်နိုးဖွယ်ကောင်းလှသည်။
“ သူနဲ့ ငါ့ရဲ့ကလန်ကြားမှာ ပတ်သက်ဆက်နွယ်မှု နည်းနည်းရှိတယ် .. ဒီတော့ သူက နင့်ရဲ့ကျောင်းကို လမ်းလျှောက်ဖို့ ထွက်လာနိုင်မှာ မဟုတ်ဘူး .. ”
နတ်သမီးယွီချန်းက အလွန်အမင်းလေးနက်တဲ့လေသံနဲ့ပြောလိုက်သည်။ သူမရဲ့ လှပမှုကတော့ အလွန်အမင်းသန့်စင်လွန်းလှ၏။ တစ်ချိန်တည်းတွင်ပင် စစ်လေ့ကျင့်ရေးကွင်းက အုတ်အော်သောင်းနင်းဖြစ်ကာ ဆူပွတ်လာခဲ့သည်။ အစွမ်းထက်လွန်းလှတဲ့ ကျွမ်းကျင်ပညာရှင်နှစ်ယောက်က အသတ်ခံလိုက်ရသည်။ ထိုအရာတွေအားလုံးက လူငယ်လေးတစ်ယောက်ကြောင့်သာဖြစ်သည်။ ယုံကြည်ဖို့ရာခက်ခဲလွန်းလှကာ သူတို့တွေ မချီးကျုးဘဲ မနေနိုင်ကြတော့ပေ။
အဆုံးတွင်တော့ ရှီဟောင် ထရပ်လိုက်သည်။ သူအောင်မြင်စွာနဲ့ ဒီဆေးစွမ်းအင်တွေအားလုံးကို ချိတ်ပိတ်လိုက်နိုင်ပြီဖြစ်ကာ သူနောက်ထပ်အဆင့်တစ်ခုသို့ မတက်ရောက်ဖြစ်သေးပေ။
“ လူသားအင်ပါယာကို ကျွန်တော်ကျေးဇူးတင်ပါတယ် .. ”
သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ လက်ရှိတွင် စစ်လေ့ကျင့်ရေးကွင်းက အတော်လေး တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ သို့သော် လူတိုင်းရဲ့ မျက်လုံးတွေက ရှီဟောင့့်ဆီမှာသာ ရှိနေခဲ့သေးသည်။ သူက အလွန်အမင်းတည်ငြိမ်နေပုံရကာ ဆံပင်တို့က သူ့ရဲ့ ချစ်စဖွယ်မျက်နှာလေးကို ဖုံးအုပ်နေကာ လေနဲ့ တလွင့်လွင့်ဖြစ်နေခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို လိုက်ကြည့်နေရင်း တဖျတ်ဖျတ်ခတ်နေ၏။
ကောင်းကင်ဂူဘုရားကျောင်းအတွင်းတွင်တော့ ရွှေရောင်မီးတောက် အလင်းတွေက မြင့်တက်နေခဲ့သည်။ သူတို့က ကြောက်မက်ဖွယ်ကောင်းလောက်သလို ပတ်ဝန်းကျင်က အာကာသပြင်ကိုတောင်မှ တွန့်လိမ်ရှုံ့တွစေနိုင်စွမ်းရှိကာ ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစားချက်ကို ပေးသည်။
“ ရှီဟောင်ကို ဘွဲ့ထူးတစ်ခုပေးအပ်မယ် .. ”
ရုတ်တရက် အသံကျယ်ကျယ်က ဟိန်းထွက်လာခဲ့သည်။ ထိုအသံက မိုးခြိမ်းသံံလိုပင်မြည်ဟီးနေ၏။
“ကျောက်တုံးအင်ပါယာက မင်းကို အဆင့့်အတန်းမြင့်မားအောင် ဆုချီးမြှင့်ချင်တယ် .. ကျောက်တုံးအင်ပါယာက မင်းကို အရှင်တစ်ပါးအဖြစ် ဘွဲ့ချီးမြှောက်တယ် .. ”
ထိုစကားကို ကြေညာလိုက်တဲ့အခါ ချက်ချင်းပင် အုတ်အော်သောင်းနင်းဖြစ်သွားပြန်သည်။
* သူက အသက် ဘယ်လောက်ရှိသေးလို့လဲ .. ။ အခုမှ ဆယ်သုံးနှစ်လောက်ပဲရှိသေးတာလေ .. ဒါတောင်မှ မြင့်မြတ်လှတဲ့ အရှင်တစ်ပါးဘွဲ့ကို ရပြီလား .. ။ *
“သူ့ကို အခုလိုအဆင့့်သတ်မှတ်ချက်ပေးဖို့က စောလွန်းမနေဘူးလား .. သူရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတယ် … အရှင်တစ်ပါးရဲ့ဘွဲ့က အခုလက်ရှိမှာ မလုံလောက်သေးဘူး .. ရှီဟောင်က သိပ်မကြာခင်အချိန်မှာ အဆင့်မြင့်တဲ့အဆင့်ဝင်နိုင်မယ်ဆိုတော့ ငါသိတယ် … ”
လူတစ်ယောက်က လူသားအင်ပါယာရဲ့ အတွေးတွေကိုနားလည်ပုံရကာ ထိုသို့ပြောသည်။
“အရှင်တစ်ပါးရဲ့ဘွဲ့ကို မင်း လက်ခံနိုင်မလား .. ”
ကျောက်တုံးအင်ပါယာက သာမန်လေသံလေးနဲ့ပြောသည်။ သို့သော် စစ်လေ့ကျင့်ရေးကွင်း တစ်ခုလုံးကိုပင် တုန်ခါစေနိုင်စွမ်းရှိပါ၏။ ဖိနှိမ့်အားပြင်းလွန်းတဲ့ လေသံအရ နတ်ဘုရားတစ်ပါးက လောကကိုဆင်းသက်လာသလားထင်ရစေပြန်သည်။ ထိုဟာက လူတိုင်းကို စိုးရိမ်ထိတ်လန့်စေသည်။ စက္ကန့်ပိုင်းအတွင်းမှာတင် လေ့ကျင့်ရေးကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ထို့နောက် စစ်လေ့ကျင့်ရေးကွင်းထဲမှ လက်ရွေးစင်စစ်တပ်တွေအားလုံးက အတူစုစည်းသွားခဲ့သည်။
“ လူသားအင်ပါယာက ဉာဏ်ပညာရှိပြီးတော့ ဖြောင့့်မတ်မှန်ကန်ပါတယ် .. ”
သူတို့ အားလုံးက သစ္စာရှိကြသည်။ တစ်ချိန်တည်းတွင်ပင် ထိုစစ်တပ်က အနည်းဆုံးသောင်းကျော်ရှိနေသည်။ သူတို့အတူတကွအော်ဟစ်လိုက်တဲ့အခါမှာတော့ ကောင်းကင်နဲ့မြေကြီးကိုပါ လှုပ်ခါသွားစေခဲ့သည်။ သူတို့ရဲ့အသံက ကောင်းကင်ထိတိုင် ပဲ့တင်ထပ်နေလေ၏။
“ ကျောက်တုံးအင်ပါယာက သူ့ကိုဘယ်လိုအရှင်ဘွဲ့ပေးမလဲဆိုတာကို ငါသိချင်မိတယ် .. ”
လူတိုင်းက မေးမြန်းဖြစ်လိုက်သည်။
“ ကောင်းကင်အရှင် .. ” စကားက နှစ်လုံးတည်းဖြစ်သည်။
သို့သော် လူတိုင်းကို တုန်ယင်စေပါ၏။ အသက်ဆယ့်သုံးနှစ်အရွယ်လေးနဲ့ ကောင်းကင်အရှင်ဘွဲ့ကို ရသည်က ဘုရင်တစ်ပါးထက်ပင် အဆင့့်မြင့်မားလွန်းနေခဲ့သည်။
ကျောက်တုံးအင်ပါယာက စိတ်ပိုင်းဆိုင်ရာလှုပ်ရှားသွားပြီး ရှီဟောင့်ကို အောင်မြင်သူတစ်ယောက်အဖြစ် ဖြစ်နိုင်သမျှဖြစ်အောင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်သွားကြသည်။ အခြားသူတွေထက်တောင်မှ ပိုမြင့်မားတဲ့အဆင့်ကို ချီးမြှင့်လိုက်သေး၏။ လူတိုင်းလူတိုင်းက ထိုကဲ့သို့အဆင့်အတန်းကို ပိုင်ဆိုင်ထားမယ်ဆိုပါက များစွာသော အကျိုးကျေးဇူးတွေရရှိလာမည်ဖြစ်ကာ သေချာပေါက် မောက်မာတဲ့ ဟန်ပန်တွေကလည်း သက်ဝင်လာမည်ဖြစ်သလို အတော်လေးလည်း ဝင့်ကြွားလာနိုင်ပေသည်။
ကျောက်တုံးအင်ပါယာရဲ့ အမြင်အာရုံံက သူ့ရဲ့ဆက်ခံသူတွေအပေါ် သေချာပေါက် မသတ်မှတ်ရသေးသည့်ပုံပါပဲ။ စစ်လေ့ကျင့်ရေးကွင်းက အမှန်ပင် တုန်ယင်သွားရသည်။ သောင်းကျော်တဲ့လူတွေအားလုံးအံ့အားသင့်ရပါ၏။
ရှင်းလင်းသည်ကတော့ လူငယ်ကောင်းကင်အရှင်က သူ့ရဲ့ ကြီးကျယ်ခမ်းနားမှုတွေနဲ့အတူ အနာဂါတ်မှာ လူသားအင်ပါယာတစ်ယောက် ဖြစ်လာမယ့်နေ့ကို သူတို့ ကြိုတင်မြင်ယောင်လိုက်မိကြသည်။
ထိုအခိုက် ရှေးဟောင်းကောင်းကင်နတ်တောင်နှင့် အခြားအင်အားကြီးတွေအားလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ သူတို့ရဲ့ အမူအရာတွေက အမျိုးမျိုး ပြောင်းလဲနေပါ၏။ ရှီဟောင်ကသာ တည်ငြိမ်နေခြင်းဖြစ်သည်။
* ကောင်းကင်အရှင်ဆိုတာက ဘယ်လောက်များ ခမ်းနားကြီးကျယ်နေလို့လဲ .. ။ ပျက်သုဉ်းခြင်းနယ်မြေက ပရမ်းပတာဖြစ်ပျက်တော့မှာပဲလေ .. ။ ပြီးတော့ အရာအားလုံးက ထူးခြားမနေပါဘူး .. ။ *
ထိုအခိုက် ဒီနေ့က တော်တော်လေးကို မျက်စိကျိန်းလောက်တဲ့နေ့လို့ သူ ခံစားမိလိုက်သည်။ ဒီလိုအဆင့်အတန်းနဲ့အတူ သူ့အတွက် အလွန်အန္တရာယ်များလွန်းတဲ့ အခြေအနေကို ရိုက်ခတ်လာနိုင်ကြောင်းခံစားမိလိုက်သည်။
“ ရှီဟောင်ကို ပျက်သုဉ်းခြင်းနယ်မြေရဲ့ ကောင်းကင်အရှင်အဖြစ် သတ်မှတ်တယ် .. ”
ထိုဟာကလည်း စကားနည်းနည်းလေးသာဖြစ်ပေမယ့် လောကကို တုန်ခါနိုင်စွမ်းရှိပြန်သည်။ စစ်လေ့ကျင့်ရေးကွင်းတစ်ခုလုံး တုန်ခါသွားကြပြန်ကာ ကောင်းကင်မှ တိမ်စိုင်တွေပင် ရွှေရောင်မီးတောက်တို့ကြောင့် အက်ကွဲထွက်ကုန်ရသည်။ ထိုမြင်ကွင်းက အလွန်ကိုပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
လူတိုင်းလူတိုင်း ထိုစကားကိုလည်း ကြားရော တုန်တုန်ယင်ယင်ဖြစ်သွားကြကာ မှင်သက်သွားကြသည်။ သူတို့နားကြားများ မမှားပါဘူးနော်။ ကောင်းကင်အရှင်ဆိုတာကတင် အတော်လေးကို မြင့်မားလွန်းနေပြီကို ပျက်သုဉ်းခြင်းနယ်မြေဆိုတာပါ ထည့်ပြောလိုက်တဲ့အခါမှာတော့ တော်တော်လေးကိုခမ်းနားကြီးကျယ်သွားခဲ့သည်။ ဆိုလိုတာက သူတို့နေတဲ့ ဒီပျက်သုဉ်းခြင်းနယ်မြေကြီးတစ်ခုလုံးကို ထည့်ပြောလိုက်သည်လား။ များစွာသောလူတို့က တိတ်ဆိတ်သွားကြသည်။
ကျောက်တုံးအင်ပါယာက ဒီကလေးရဲ့ ကောင်းကင်အရှင်ဆိုတဲ့ အဆင့်အတန်းကိုပင် ပိုပြီးတော့ ခမ်းနားကြီးကျယ်အောင် လုပ်ချင်နေပုံရသည်။ အချို့သော ဘုရင်တွေတောင်မှ ထူးခြားတဲ့အမူအရာတွေ ပေါ်လာ၏။
“ ဟား .. ဟား .. ဂုဏ်ယူပါတယ် ညီငယ်ရယ် .. ငါတို့အားလုံးက ကျောက်တုံးကလန်က ဆင်းသက်လာတဲ့ ဆက်ခံသူတွေပဲလေ … အခု ငါတို့အားလုံးက ကောင်းကင်အရှင်တွေဖြစ်သွားကြပြီ .. ငါတို့ ပိုနီးကပ်သွားကြပြီပေါ့ .. ”
အရှင် ဟွန်းထျန်းက ချီးကျူးလာသည်။ သူရဲ့ ကြီးမားကာ မြင့်မားလှတဲ့ သူရဲ့ကောင်းဆန်တဲ့ ပုံပန်းသွင်ပြင်နဲ့အတူ သူက ဟန်ပန်အပြည့်နဲ့ လမ်းလျှောက်လာလေရင်း ဘေးနားတွင်တော့ မိန်းမငယ်လေးတစ်ယောက်ရဲ့ခါးကို ဖက်ထားသေးသည်။ လူသားအင်ပါယာက သူ့ရဲ့လေးစားခံတဲ့ အာဏာအဆင့်အတန်းကို အသုံံးပြုပြီး ထိုကဲ့သို့ ချီးမြှောက်လိုက်သည်ဆိုမှတော့ ဘယ်သူကမှ မတုန်လှုပ်ပဲ မနေနိုင်ကြတော့ပေ။ အားလုံးရဲ့ မျက်လုံးထဲမှာတော့ ထူးဆန်းတဲ့ အကြည့်တွေသာ ရှိနေကြသည်။ သိပ်မကြာခင်အချိန်မှာပင် ထိုနေရာက မငြိမ်သက်နိုင်တော့ချေ။
“လူသားအင်ပါယာက သူ့ကို မုန်တိုင်းထဲကို တွန်းပို့နေတာပဲ .. ဒါက သူ့ကို တမင်အလေးပေးနေတာမှ မဟုတ်တာ .. ”
ကောင်းကင်ဂူဘုရားကျောင်းတွင်တော့ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ သူ့ရဲ့ အဆင့်အတန်းက လူသားအင်ပါယာလက်အောက်တွင်ရှိသည့် စားတော်ကဲတစ်ယောက်ဖြစ်ကာ အဆင့့်အတန်းမြင့်မားတယ်လို့ ဆိုနိုင်နေသေးပေသည်။ ရှင်းလင်းစွာပင် သူက လူသား မဟုတ်ချေ။ သူ့ရဲ့ မျက်လုံးတွေကဖွင့်လိုက် ပိတ်လိုက်ဖြစ်နေကာ ငွေရောင်အမျှင်တန်းတွေက တဖျတ်ဖျတ်လက်နေသည်။
“ သူက နဂါးလား .. ပိုးကောင်လားဆိုတာကို သိနိုင်မယ့် ဒါက အခွင့်အရေးပဲလေ .. သူ့ရဲ့ ကိုယ်ပိုင် ဖျော်ဖြေမှုအပေါ်မူတည်ပြီး သူရှင်မလား .. သေမလားဆိုတာကို ကြည့်ကြရတာပေါ့ .. ”
လူသားအင်ပါယာက ဆိုသည်။ တိုက်ပွဲပြီးတဲ့နောက် ရှီဟောင်ရဲ့ နာမည်က မြို့တော်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ကာ ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်။ လူငယ်တစ်ယောက်က ကြယ်တစ်စင်းထိုးတက်သွားသလိုမျိုး ရုတ်တရက်ကြီး နာမည်ကျော်ကြားလာခြင်းဖြစ်၏။ သူ့ရဲ့ ကျော်ကြားမှုမီးတောက်ကလည်း မရေမတွက်နိုင်တဲ့နယ်မြေတွေအထိ ပျံ့နှံ့သွားခဲ့သည်။
သူက အသက်အငယ်ဆုံး အထက်တန်းလွှာဘုရင်တစ်ပါး ဖြစ်လာခဲ့သလို ကောင်းကင်တွင်းနက်ဆယ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။
သူက အရမ်းအစွမ်းထက်တဲ့ လူငယ်တစ်ယောက်အဖြစ် လူသိများပြီးဖြစ်ကာ ကွက်လပ်နတ်ဘုရားနယ်မြေပင် ပြိုင်ဘက်ကင်းသည်။ သူက အစွမ်းအထက်ဆုံး ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကိုတောင်မှ သတ်ဖြတ်ခဲ့သေးကာ ထိုနှစ်ယောက်ကြောင့် ရှီဟောင်ရဲ့ ဂုဏ်သရေက ပိုပြီး ကျော်ကြားလာခဲ့သည်။
လူတိုင်းလူတိုင်းရဲ့ မျက်လုံးတွေက သူ့ထံမှာသာ စူးစိုက်နေခဲ့ကြသည်။ ဒီအသစ်ဆက်ဆက်အထက်တန်းလွှာ ခမ်းနားလှသည့် စံအိမ်တစ်လုံးက မြို့တော်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထိုအရာက အလွန်ခမ်းနားကာ တော်ဝင်မိသားစုမှ ချီးမြှင့်ထားခြင်းလည်း ဖြစ်သည်။
သို့သော် ရှင်းလင်းပြီးတဲ့နောက်မှာတော့ ရှီဟောင့့်ထံသို့ ပေးအပ်လိုက်လေသည်။ ထိုရက်တွေမှာ ရှီဟောင်ရဲ့ စံအိမ်ထဲမှ ခြေသံတွေက ရှုတ်ရှပ်ခတ်နေခဲ့ကာ မရေမတွက်နိုင်တဲ့လာရောက်လည်ပတ်သူတွေနဲ့ ပြည့်နှက်နေခဲ့သည်။
သို့ရာတွင် ရှီဟောင်ကိုတော့ ဘယ်နေရာမှာမှ မမြင်ရပါချေ။ သူက ဒီနေရာနဲ့ မသက်ဆိုင်သလိုမျိုး အလိုလိုပျောက်ကွယ်နေခဲ့သည်။ သူကဒီအရေးကိစ္စတွေအားလုံးကို သူ့အဖိုးရဲ့ ညီအစ်ကိုဟောင်းတွေဆီကိုသာ တွန်းပို့ထားလိုက်သည်။ သိုင်းအင်ပါယာစံအိမ်က ထိုလူတွေအားလုံးက ရွှေ့ပြောင်းလာခဲ့ကာ ဒီပျက်သုဉ်းခြင်းနယ်မြေရဲ့ ကောင်းကင်အရှင်သခင်စံအိမ်ဆီသို့ ရောက်လာခဲ့ပေသည်။
သူတို့အားလုံးက သိုင်းအင်ပါယာစံအိမ်က ထွက်လိုက်ပြီဖြစ်၏။ လွန်ခဲ့တဲ့ရက်တွေတွင် ရှီဟောင်က ဒီအခြေအနေကို ကိုင်တွယ်ဖို့ တွေးတောဆင်ခြင်ခဲ့သည်။ သို့သော် အခုလို ပြင်းထန်တဲ့ လှိုင်းတစ်ခုအဖြစ် တွန်းပို့ခံရလေကာအခြေအနေက ဆိုးရွားနေခဲ့ပြီဖြစ်သည်။
သူ့ကို ပစ်မှတ်ထားဖို့က လွယ်ကူနေခဲ့ကာ သူချက်ချင်းပင် ထွက်ခွာဖို့ ပြင်ဆင်တော့သည်။ နောက်ပိုင်းရက်များတွင်တော့ သူက အရှင်ဟွန်းထျန်းနဲ့ ဟောင်လင်းအာကဲ့သို့သော လူတို့နှင့်သာ တွေ့ဆုံသည်။
သိပ်မကြာခင်အချိန်တွင် မိုးကြိုးကလန်ကလူတွေက လာရောက်လည်ပတ်ကြ၏။ ပထမဆုံးလည်ပတ်တာကတော့ မိုးကြိုးကလန်ရဲ့ အကြီးဆုံးသမီး ဖြစ်သည်။ ထိုနောက် အစေခံဟောင်းကြီးတစ်ယောက်လည်း ပါကာ သူကအလွန်စွမ်းအားကြီးမားသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ် လှပလွန်းလှတဲ့ အမျိုးသမီးတစ်ယောက်လည်းပါသည်။ အမျိုးသမီးနှစ်ယောက်က မိုးကြိုးကလန်ရဲ့ အကြီးဆုံးသမီးနဲ့ သူ့ရဲ့အမေပဲဖြစ်သည်။ ရှီဟောင်က သူတို့ကို အထဲသို့ ဖိတ်ခေါ်လိုက်လေပြီး အတန်ကြာ စကားပြောလိုက်သည်။
နောက်ဆုံးတွင်တော့ သက်လတ်ပိုင်းအမျိုးသမီးကြီးက အဓိက အကြောင်းအရာကို ထည့်ပြောလာသည်။ ထိုဟာက သူ့ကို အံ့အားသင့်သွားစေ၏။
“ မင်းအမေက ဒီနယ်မြေက မဟုတ်ဘူး .. ”
“ ဘာ .. ”
ရှီဟောင်က ချက်ချင်းပင် အလန့်တကြားဖြစ်သွားသည်။ ပထမဆုံးအကြိမ် သူအမူအရာပြောင်းလဲသွားခြင်းဖြစ်သည်။
မိုးကြိုးကလန်က သူနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့အတွက် ထိုအချက်အလက်တွေ လာပြောပြခြင်းဖြစ်သည်။ ရှီဟောင်ရဲ့အမေက ဒီနယ်မြေပြင်ပမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ အတိတ်တွင် သူမက ဒီသက်လတ်ပိုင်းအရွယ်လှပလွန်းလှတဲ့ အမျိုးသမီးကြီးနဲ့အတူ ကျောက်တုံးတိုင်းပြည်ရဲ့ မြို့တော်သို့ ရောက်လာခဲ့ခြင်းဖြစ်ကာ သူမကတော့ မိုးကြိုးကလန်နဲ့ လက်ထပ်ခဲ့ပေသည်။
သက်လတ်ပိုင်းအမျိုးသမီးကြီးက အသေးစိတ်ကို မပြောချင်ပေမယ့် ရှီဟောင့်ကို သူ့အမေရဲ့နောက်ခံက ပုံမှန်မဟုတ်ဘူးဆိုတာကိုသာ ပြောခဲ့သည်။ သူမက ပျက်သုဉ်းခြင်းနယ်မြေရဲ့ ပြင်ပမှဖြစ်ကာ အတွေ့အကြုံကို ရယူဖို့ ထွက်လာခြင်းဖြစ်ပြီး ကြီးမားသော ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပြောသည်။ သူမရဲ့အသက်ကို ကာကွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့့ရပြီး သူမရဲ့ကျင့့်ကြံခြင်းအဆင့်က ပျက်စီးကာ ဒုက္ခိတဖြစ်ခဲ့ရသည်။ နောက်ပိုင်းမှာတော့ ရှီကျီလင်းနဲ့တွေ့ဆုံကာ ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ ဆိုသည်။
“ မင်းရဲ့အမေက လျှို့ဝှက်ဆန်းကြယ်တဲ့နယ်မြေကို ပြန်သွားလောက်ပြီ .. နတ်ဆေးကို ရှာပြီးတာနဲ့ သူမရဲ့ကလန်ကို ပြန်သွားလောက်တယ် .. ဒါပေမယ့် အခုအခြေအနေအရဆိုရင်တော့ ချောချောမွေ့မွေ့နဲ့ ပြန်ရောက်နေလောက်ပါပြီ .. ”
သက်လတ်ပိုင်းအမျိုးကြီးက ဒီထက်ပိုပြီးမပြောတော့့ချေ။ ရှီဟောင် မျက်မှောင်ကြုတ်လိုက်ပြီး တွေးနေသည်။
“ လျှို့ဝှက်ဆန်းကြယ်တဲ့နယ်မြေ ဟုတ်လား .. ”
“ ဒါပေမယ့် အခုလက်ရှိမှာတော့ မင်းအဲ့ကိုသွားလို့ မရသေးဘူး .. ဒီနယ်မြေက ပရမ်းပတာဖြစ်တော့မှာဆိုတော့ ပတ်ဝန်းကျင်နယ်မြေတွေအားလုံးကို ချိုးဖျက်ဖြတ်သွားဖို့ ခက်ခဲတယ် .. ကလန်ကြီးတစ်ခုခုက လူတစ်ယောက်သာ မဟုတ်ရင်တော့ အခြားနယ်မြေတစ်ခုခုကို သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး .. ”
ရှီဟောင်က သူ မမျှော်လင့်ထားတဲ့အချက်အလက်တွေကြောင့် တုန်ယင်သွားခဲ့သည်။ သူ့ရဲ့အမူအရာကလည်း အနည်းငယ် ဆိုးရွားသွားသလိုပင် ပြီးမှသာ သူ ပြုံးလိုက်၏။
“ ဒေါ်လေးကို ကျေးဇူးတင်ပါတယ် .. ”
သက်လတ်ပိုင်းအမျိုးသမီးကြီးက သူ့အမေနဲ့ ရင်းနှီးကျွမ်းဝင်ပုံရကာ ရှီဟောင့့်ကို အသေးစိတ်မပြောပေမယ့်လည်း သူမကိုတော့ သူ့ အဒေါ်အနေနဲ့သတ်မှတ်လိုက်သည်။ လှပလွန်းတဲ့ အမျိုးသမီးကြီးက ပြုံးရင်း သူမ သိထားတဲ့ အချို့အကြောင်းအရာတွေကို အလေးအနက်အမူအရာနဲ့ထပ်ပြောသည်။ ရှီဟောင် ဘာမှမပြောပဲ အချိန်အတန်ကြာသာ တိတ်ဆိတ်သွားတော့၏။
“ အရာအားလုံးက ငါ့ကြောင့့်ပါပဲ .. အမေက ဒီလိုပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရတာ ငါ့ကြောင့်ပါပဲ … ငါ့ရဲ့ ကလန်သားတွေအားလုံးက ဒေါ်လေးကို ခက်ခဲအောင် လုပ်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် အခြားကိစ္စတစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ .. ”
ရှီဟောင် သူ့ဘာသာသူ တွေးနေသည်။ သူ့ရဲ့အမူအရာက မည်သည့်ခံစားချက်မှ မပေါ်လွင်ပေမယ့်လည်း ရင်ထဲမှာတော့ ဗြောင်းဆန်နေခဲ့သည်။
“ နယ်မြေတွေ ဖြတ်ကျော်သွားဖို့ခက်ခဲတယ်ဆိုကတည်းက ဒီပျက်သုဉ်းခြင်းနယ်မြေမှပဲအကျိုးကျေးဇူးများများရဖို့ ငါရှာဖွေသင့်တယ် .. တစ်ရက်မှာတော့ ငါလုံလုံလောက်လောက်စွမ်းအားကြီးလာခဲ့ရင် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့နယ်မြေတွေကို သွားပြီးတော့ စစ်ချီနိုင်မှာပါ .. ”
“ ငါ့မှာ သမီးနှစ်ယောက်ရှိတယ် .. ငါ ငယ်ငယ်တုန်းက မင်းအမေနဲ့အတူ ကစားနေကြပဲ .. အဲ့ဒီတုန်းက မင်းနဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်ကို လက်ဆတ်ပေးမယ်လို့ ပြောခဲ့သေးတယ် .. ”
သက်လတ်ပိုင်းလှပတဲ့အမျိုးသမီးကြီးက ရယ်နေသည်။
“ အမေ .. ညီမလေးက ပြန်လာဖို့ အခွင့်အရေးရနေပြီလေ .. ဒါပေမယ့် အမေ့ကြောင့်လန့်သွားပါအုံးမယ် .. ”
မိုးကြိုးကလန်ရဲ့ သမီးအကြီးဆုံးက သူမအမေရဲ့လက်မောင်းကို ဆွဲခေါ်ရင်း ကလေးဆန်သလိုပြောသည်။ သူမအမေကို တစ်ချို့ကိစ္စတွေ ဆက်ပြောစေချင်တဲ့ပုံ မရပေ။
“ ဒါက နောက်ပြောင်ခြင်းသက်သက်ပါပဲ .. အရင်က တကယ်အတည်ပြောဆိုခဲ့တာမျိုး မရှိပါဘူး .. သမီးရဲ့ ညီမလေးက ရှေးဟောင်းနတ်တောင်ကနေ ညလယ်လောက်ပြန်လာလိမ့်မယ်ထင်တယ် .. ”
သက်လတ်ပိုင်းအမျိုးသမီးရဲ့ မျက်နှာက ချစ်မြတ်နိုးမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ ရှီဟောင်ရယ်လိုက်လေရင်း နောက်ဆုံးမှာတော့ သူမနေနိုင်ဘဲမေးလိုက်သည်။
“ ဒေါ်လေး .. ဒေါ်လေးက လှပတဲ့ဖက်တီးမနှစ်ယောက်ကို မွေးဖွားပေးနိုင်ခဲ့တာပဲ .. ”
” အာ .. ဖူး .. ”
မိုးကြိုးကလန်ရဲ့ အကြီးဆုံးသမီးက ချက်ချင်းပင် လက္ဘက်ရည်ခွက်ကို မြှောက်ကိုင်ရင်းသောက်နေခြင်းဖြစ်သည်။ ရှီဟောင့်ရဲ့စကားကြားရချိန်မှာတော့ သူမရဲ့ ပါးစပ်ထဲမှ ချက်ချင်းပင် ပန်းထွက်လာတော့၏။
“ ဒါ နင် အခြားသူတွေကို ချီးကျုးတဲ့ ပုံစံလား .. ” ရှီဟောင်လည်း သူမရဲ့အပြုအမူကို မြင်လည်းမြင်ရော သူမှားသွားပြီလားလို့ ပြန်တွေးမိသွားသည်။
သိပ်မကြာခင်အချိန်မှာပင် ရှီဟောင့်ကို အကြီးအကျယ်ချီးကျုးကြကာ လူများစွာလာရောက်လည်ပတ်ပြန်လေသည်။ အများစုကတော့ သူနဲ့ရင်းနှီးချင်လို့ဖြစ်ကာ သူ့ရဲ့ဘေးတွင် နေရင်း သူနဲ့ ပတ်သက်မှုတစ်ခုရယူချင်နေကြခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ သူက ဆယ့်သုံးနှစ်သာ ရှိသေးပေသည်။ ဒါတောင် အလွန်အမင်း စွမ်းအားကြီးနေပြီဖြစ်၏။ ကောင်းကင်ကသာ သူအရွယ်ရောက်လာတဲ့အခါ ဘယ်လိုအောင်မြင်မှုတွေရနိုင်မယ်ဆိုတာကို သိနိုင်ပေသည်။
ကောင်းကင်မြေခွေးမကလည်းလာရောက်လည်ပတ်ကာ အချိန်ကြာ စကားပြောခဲ့သေးသည်။ သိပ်မကြာခင်အချိန်မှာပင် နတ်သမီးယွီချန်းကလည်း သူ့ဆီရောက်လည်ပတ်ပြန်၏။
အဆုံးတွင်တော့ ရှီဟောင်က ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ရသည်။ မြို့တော်က ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နှက်နေကာ အရမ်းကို ဆူညံနေလို့ သူအနားယူနိုင်စွမ်းပင် မရှိတော့ချေ။ ဒီမှာ ကျင့်ကြံလို့လည်း မဖြစ်ပေ။ အားလုံးက သူ့ကို ပစ်မှတ်ထားနေကြသည် မဟုတ်လား။ သူထွက်ခွာဖို့ပြင်တာနဲ့ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ သိပ်မကြာခင်အချိန်မှာပင် သူစစ်ပွဲတစ်ခုကို ရင်ဆိုင်ရနိုင်ပေ၏။
“ ရှီရီက ငါ့ကို တိုက်ခိုက်ရဲလောက်လား .. ”
တစ်ဖက်သူက ကျင့်ကြံဖို့အတွက် မြို့တော်မှ ထွက်ခွာသွားတာကို သူသိသည်။ သို့သော် ရှီရီ မကြာခင် ပြန်ပေါ်လာလိမ့်မယ်လို့ ကောလဟာလတွေထွက်နေသည်။