သုခကမ္ဘာက ရှီဟောင် - Chapter - 491
“ မြန်မြန် .. ”
ထိုအနီးအနားတွင် တောင်ကြားရှိနေရာ ထိုတောင်ကြားပေါ်က ပုဂ္ဂိုလ်တွေအားလုံးက ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။ သူတို့အားလုံးချက်ချင်းပင် ထွက်ပြေးဖို့ပြင်ကြ၏။
သို့သော် နောက်ကျသွားခဲ့ပြီ။ မြေပြင်က အက်ကွဲထွက်ကာ ထိုသတ္တဝါတွေအားလုံး မီးပင်လယ်ထဲသို့ ကျဆင်းရတော့သည်။ မြေအောက်ချော်ရည်တွေအားလုံးက ထိုးထွက်လာခဲ့ကာကောင်းကင်ကိုပါ တက်လိုက်လာခဲ့သည်။ နီရဲကြမ်းတမ်းလှတဲ့အရာတွေအားလုံးက ကာကွယ်ထားခဲ့ပြီး သေခြင်းတရားရဲ့ အရိပ်ပေါင်းများစွာက ထိုဘိုးဘွားပိုင်နယ်မြေကို လွှမ်းခြုံထားခဲ့လေသည်။
ရှီဟောင့့်ရဲ့ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူဟာ ချက်ချင်းပင် အန္တရာယ်ကို အာရုံခံမိလိုက်ကာ လှုပ်ရှားလိုက်သည်။ ထိုသွေးနီရောင်ချော်ရည်တွေက အလွန့်အလွန်ကို ပူပြင်းလွန်းလှကာ တစ်ခါထွက်ပေါ်လာတာနဲ့ သေခြင်းကိုသာ ဆောင်ယူမည်ဖြစ်သည်။ သူ့မှာ လူတွေကို ကယ်ဖို့အချိန်လည်း မရှိပေ။
အကြောင်းကတော့ အဖြစ်အပျက်တွေက အလွန်ကို မြန်ဆန်လွန်းသောကြောင့်သာဖြစ်သည်။ ကောင်းကင်က အပျက်အစီးပုံဖြစ်နေရတဲ့အချိန်မှာ ထိုနေရာမှ ဆယ်လီတာအကွာတွင်လည်း တကယ်ကို ရုန်းရင်းဆန်ခတ်ဖြစ်နေပြီဖြစ်သည်။
ထိုသွေးနီရောင်ချော်ရည်တွေ အားလုံးက ကောင်းကင်ကို ထိုးထွက်ပြီး လိုက်ပါနေ၏။ ကြီးမားလှတဲ့ ဝံပုလွေကြီးကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ့ရဲ့မျက်လုံးတွေကတော့ ကြောက်လန့်မှုကြောင့် ပြူးကျယ်နေခဲ့သည်။ အဆုံးတွင်တော့ သူက ချော်ရည်ထဲ နစ်မြုပ်သွားခဲ့ကာ အရိုးတွေပါ လောင်ကျွမ်းခံရသည်။
ရှီဟောင် သက်ပြင်းချလိုက်ရ၏။ သူက အဖိုးတန်လက်နက်တစ်ခုအပေါ်ရပ်နေပြီး ကောင်းကင်ထဲသို့ ထိုးတက်သွားခဲ့သည်။ သူက အောက်ဘက်မှဖြစ်ပျက်သမျှအရာအားလုံးကို မြင်ရပါ၏။ ဒီလူတွေအားလုံးက တကယ်ကို ကံဆိုးရှာပဲလို့ သူတွေးမိလေသည်။
ထိုချော်ရည်ရှိသည့်နေရာနှင့် ဆယ်လီတာအကွာအဝေးဝန်းကျင် ရှိသမျှအရာအားလုံးက လောင်ကျွမ်းသွားခဲ့သည်။ ထို့အပြင် အလွန်တောက်ပတဲ့ မီးတောက်တွေနဲ့ သင်္ကေတတွေကလည်း ထိုးထွက်နေခဲ့ကာ အလင်းတန်းတစ်မျှင်ပြီးတစ်မျှင် ထိုးထွက်နေခဲ့ပြန်သည်။ မည်မျှသော ကျွမ်းကျင်ပညာရှင်တို့ ထိုထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားပြီဆိုတာကို မည်သူမှ မသိနိုင်ပါချေ။ ထိတွေ့မိတာနဲ့ပြာအဖြစ်ပြောင်းရမည်သာဖြစ်၏။
“မီးကလန်ရဲ့ ဘိုးဘွားပိုင်နယ်မြေလို့ တကယ်ပဲ ခေါ်ဆိုထိုက်ပါပေတယ် … ”
ရှီဟောင့်အနေနဲ့ လေးစားအားကျစွာ ပထမဆုံးအကြိမ် သက်ပြင်းချမိခြင်းဖြစ်သည်။ အရာအားလုံးက တည်ငြိမ်ငြိမ်သက်သွားတဲ့အခါမှာတော့ ထိုကြီးမားလှတဲ့ ရွာလိုလိုအရာကြီးက မရှိတော့ပေ။ အရာအားလုံးက ချော်ရည်တွေနဲ့ တူနေပြီး မီးရေကန်လိုလို အရာလေးတွေသာ ကျန်နေရစ်တော့သည်။
ထိုအရာက အေးလည်းမအေးသလို ခြောက်လည်းခြောက်သွားမည့်ပုံ မရပေ။ သို့သော် အနီရဲရဲသာ တောက်ပနေပြီး ငြိမ်သက်နေခဲ့ပြီဖြစ်သည်။ ဒီလို ပင်ကိုယ်သဘာဝ ကပ်ဆိုးကို ထုတ်ဖော်နိုင်စွမ်းရှိတဲ့ အရာတွေက တကယ်ကို လေးစားဖွယ်ကောင်းလွန်းလှသည်။ ရေကန်အတွင်းတွင်တော့ အပြာရောင်ကြာပန်းလေးက မြုပ်ချည်ပေါ်ချည်ဖြစ်နေခဲ့သည်။ သူ့ရဲ့ အမြစ်ကတော့ ချော်ရည်တွေရဲ့အတွင်းမှာနစ်မြုပ်နေတဲ့ ကျောက်တုံးပေါ်စိုက်နေခဲ့လေသည်။
ဒီတစ်ခါမှာတော့ ပုံပန်းသွင်ပြင်ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ ငွေရောင်လက်နေခဲ့သည်။
“ ဒါက နတ်ဆေးပင်တစ်ခုပဲ .. ကြည့်ရတာတော့ ဒီနေရာရဲ့ နတ်ဘုရားဆန်တဲ့ အချို့အခြေအနေတွေကြောင့် မတိုင်မီက ဝါးမြိုခဲ့တဲ့လူတွေရဲ့စွမ်းအင်တွေကို စုပ်ယူလိုက်ပုံရတယ် .. ငါသာ ဒါကိုရမယ်ဆိုရင် ငါ့ရဲ့ ကျင့့်ကြံခြင်းအဆင့်က လပေါင်းများစွာ ကျင့်ကြံရတာနဲ့ညီမျှတဲ့အဆင့်အထိ ထိုးတက်သွားမှာပဲ .. ”
တစ်စုံတစ်ယောက်က နူးညံ့စွာပြောသည်။ ထိုသူကတော့ ဆယ့်ခြောက်နှစ်ဆယ့်ခုနစ်နှစ်အရွယ်သာ ရှိတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ကာ သူ့ရဲ့ နောက်ဘက်တွင် တောင်ပံတစ်စုံရှိနေကာ လျှပ်စီးက တဖျတ်ဖျတ်လက်နေခဲ့သည်။ သူက ရှီဟောင်ထက် သုံးလေးနှစ်လောက်ကြီးကာ ထိုနတ်ဆေးပင်ကို အလွန်အမင်း စိတ်ဝင်စားနေပုံလည်း ရသည်။ သူ့ရဲ့မျက်လုံးတွေက လိုချင်မှုကြောင့်လက်နေ၏။ သို့ရာတွင် နှစ်ခါပင် တွေးစရာမလိုလောက်အောင် မယူရဲပါချေ။
ထို့ကြောင့် တောင်ပံကိုသာ တဖျတ်ဖျတ်ခတ်နေလေရင်း ရွှားခနဲမြည်သံနဲ့အတူ ရှီဟောင်ရဲ့ သိပ်မဝေးတဲ့နေရာမှာ ပြန်ပေါ်လာသည်။ သူကပြော၏။
“ ညီငယ်လေး .. ငါ့ကို ကူညီပြီး အပြင်ကို ထုတ်ခေါ်ပေးပါလား .. ပြီးတော့ အဲ့ဒီနတ်ဆေးပင်ကို ငါအတွက်နှုတ်ယူပေးနိုင်မလား .. ”
“ ဘာလို့ ငါက သွားပေးရမှာလဲ .. ”
ရှီဟောင်မေးလိုက်သည်။
“ ဘာလို့လဲဆိုတာ မရှိဘူး .. ငါ မင်းကို သွားလို့ပြောနေတာပဲ .. ဒီတော သွားတော့ .. ”
ထိုတောင်ပံနဲ့လူငယ်က ချက်ချင်းပင် ပြုံးနေရာက သဘောမကျတဲ့ပုံစံပြောင်းသွားပြန်သည်။
ရှီဟောင် ချက်ချင်းပင် နားလည်လိုက်ပါ၏။
သူ့ကို အစေခံတစ်ယောက်လို့ သတ်မှတ်ပြီးစေခိုင်းနေသည်ကိုသာ ဒါက အရမ်းကို မောက်မာလွန်းနေတာ မဟုတ်ဘူးလား။
“ မင်းက အပြင်ဘက်နယ်မြေက လာတာမဟုတ်လား .. ”
“ မှန်တယ် .. ”
ထိုလူငယ်က ပြုံးရင်းခေါင်းငြိမ့်သည်။ သူ့ရဲ့မျက်လုံးတွေက တဖျတ်ဖျတ်လက်လေကာ အရမ်းကိုမောက်မာတဲ့အမူအရာကို ပုံဖော်နေခဲ့သည်။
“ ဒါဆိုရင် မင်းလာတဲ့နေရာကကော မင်းကိုယ်မင်း အရမ်းအစွမ်းထက်တယ်လို့ သိကြတာလား .. ” ရှီဟောင်မေးလိုက်သည်။
“မင်း ဘာပြောဖို့ကြိုးစားနေတာလဲ .. ”
ထိုလူငယ်လေး မကျေနပ်တော့ပေ။ သူ့ရဲ့တိုက်ခိုက်ခြင်းအရှိန်အဝါတွေက ထိုးတက်လာလေ၏။ ကြည့်ရတာတော့ ဒီမီးတောင် ချော်ရည်တွေက စတင်ပြီး အားကောင်းအောင်လို့ ဒီကောင်လေးက စွမ်းအားတွေ ထပ်ပေးချင်နေပုံရသည်။
“ ဘာရယ် မဟုတ်ပါဘူး .. မြန်မြန်သွားပြီးတော့ အဲ့ဒီအပြာရောင်ကြာပန်းကို ငါ့အတွက်သာ သွားနှုတ်ပေးစမ်းပါ .. ”
ရှီဟောင်က တည်ငြိမ်စွာပြောလိုက်သည်။ သူ့ပုံစံလေးကတော့ ပင်ကိုယ်အတိုင်း မပြောင်းမလဲပါပေ။ သူက တစ်ဖက်သူကို သိပ်သတိမထားမိတဲ့ပုံစံလေးနဲ့သာ ပြောလိုက်ခြင်းဖြစ်သည်။
“ မင်း .. ”
ထိုလူငယ်လေးရဲ့မျက်နှာက အလွန်အမင်းကိုအရုပ်ဆိုးသွားခဲ့ကာ စတင်တိုက်ခိုက်ဖို့ပြင်ဆင်သည်။ သေချာသည်ကတော့ ထိုတိုက်ပွဲက ရှောင်ရှား၍ မရနိုင်တော့ပေ။ ရှီဟောင်ကလည်း ကြိုးစားကြည့်ချင်လာသည်။ အပြင်ဘက်နယ်မြေက လာတဲ့ပုဂ္ဂိုလ်တစ်ယောက်က သူနဲ့တိုက်ခိုက်ခဲ့မယ်ဆိုရင် အပြင်ဘက်နယ်မြေမှာရှိတဲ့ လူတွေရဲ့စွမ်းအားအတိမ်အနက်ကို တီးခေါက်မိနိုင်လောက်ပေသည်။
ရှီဟောင် အံ့အားသင့်ရတာကတော့ ထိုလူငယ်က အလွန်အမင်းစွမ်းအားကြီးနေသောကြောင့်ဖြစ်ကာ ပုံမှန်လူတစ်ယောက် လုံးဝ ယှဉ်တိုက်နိုင်စွမ်းမရှိလောက်သည့်အဆင့်ဖြစ်သည်။ တစ်ဖက်သူရဲ့လေစွမ်းအင်တွေက တဖျတ်ဖျတ်လက်နေကာ မိုးကြိုးတောင်ပံကိုလည်းပိုင်ဆိုင်ထားခဲ့ပြီး သမုဒ္ဒရာလောက်များပြားလှတဲ့ လျှပ်စီးစွမ်းအင်တို့က ထိုးထွက်လျက်ရှိနေခဲ့သည်။
ထိုဟာက တစ်ဖက်သူကို တိုက်ခိုက်ဖို့ ခက်ခဲပါစေ၏။ သို့ရာတွင် သူ ရင်ဆိုင်နေရတာက ရှီဟောင်ဖြစ်ကာ ကောင်းကင်တွင်းနက်ဆယ်ခုကိုတောင်ဖွင့်လှစ်ထားနိုင်ခဲ့တဲ့ အလွန်အစွမ်းထက်လွန်းလှတဲ့ လူငယ်တစ်ယောက်ဖြစ်သည်။
တိုက်ကွက် နှစ်ဆယ်လောက်ထုတ်ဖော်ပြီးတဲ့နောက်မှာတော့ လက်ဝါးတစ်ချက်နဲ့ ထိုလူငယ်လွင့်ပျံထွက်ရသည်။ ထိုဆယ်ကျော်သက်လေးက သွေးတွေအန်ထုတ်လိုက်ရလေရင်း ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ရှုံးနိမ့်တာကို ငြင်းဆန်ဖို့ ကြိုးစားနေသည်။ သို့သော် ခြေတစ်လှမ်းပင် မရပ်နိုင်တော့ဘဲ ရှီဟောင်ရဲ့ဖိနှိမ့်မှုကို ခံလိုက်ရပြီဖြစ်သည်။
“ ငါ့အတွက် အဲ့ကြာပန်းကို သွားယူခဲ့ .. လုံးဝ မပျက်စီးစေနဲ့နော် .. ”
ရှီဟောင်ကလည်း ချက်ချင်းပင် အောက်သို့လွင့်ပစ်လိုက်လေသည်။
“ မင်း .. ငါ့မိသားစုရဲ့သခင်လေးက မင်းကို သတ်လိမ့်မယ် .. ”
ထိုလူငယ်က သူမှားတာကို ဝန်ခံဖို့ ငြင်းဆိုကာ သူ့ရဲ့မောက်မာမှုက အခုလိုဖြစ်ခဲ့ကြောင်းကို ဝန်ခံချင်ပုံ မရချေ။
ရှီဟောင် မှင်သက်သွားရ၏။ ဒီလူငယ်လေးက ပုံမှန်မဟုတ်တာတောင်မှ သူက အစေခံအဆင့်လောက်ဖြစ်နေလောက်ပေသည်။ ဒီတော့ အပြင်ဘက်နယ်မြေက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို ရှီဟောင်ခံစားမိလာရ၏။
သို့ရာတွင် သူက အကြောက်အလန့်မဲ့နေဆဲပါပေ။ သူတို့က ဘယ်လောက်ပဲ အံ့အားသင့်ဖွယ်ကောင်းကောင်း ဒါတွေက သူ စွမ်းအားကြီးလာဖို့ နင်းတက်ရမယ့်ခြေလှမ်းတွေ၊ ခြေနင်းခုံတွေ ဖြစ်လာနိုင်သည်မဟုတ်လား။
“ မင်း .. ဒီအတိုင်းသာ မြန်မြန်သွားပြီးတော့ ဆေးပင်ကို ခူးလာစမ်းပါ .. ”
ရှီဟောင်ကလည်း ပြောလိုက်သည်။ သူ့ထက်အဆင့်နိမ့်တဲ့အစေခံကို ဆက်ဆံသလိုမျိုး သူ ဆက်ဆံလိုက်ခြင်းဖြစ်ပါ၏။ သို့ပေမယ့် သူ့ရဲ့လေသံကတော့ ပင်ကိုယ်ဆန်နေလွန်းပြန်သည်။ ထိုလူငယ်ရဲ့မျက်နှာက ပြာနှမ်းသွားခဲ့ကာ ချက်ချင်းပင် ရေကန်နားသို့ သူ ခုန်ဆင်းလိုက်ရတော့သည်။ သူက ကြာပန်းကို ချက်ချင်း ကောက်ယူလိုက်သည်။ သို့သော် ရှီဟောင့်ကို မပေးချင်ပေ။ သူက ချက်ချင်းပင် ဝါးစားချင်ကာ ဒါမှမဟုတ် ဖျက်ဆီးဖို့ပင် ပြင်တော့သည်။
သို့ရာတွင် သူဟာ ထိုချော်ရည်ရဲ့မျက်နှာပြင်နဲ့ ထိတွေ့မိလိုက်တယ်ဆိုတာနဲ့ လေဝဲလေးက ထွက်ပေါ်လာခဲ့ကာ ထိုမီးတောက်ရေကန်ထဲသို့ သူ့ကို ဝါးမြိုသွားခဲ့သည်။ သူက အံ့အားသင့်စွာ အော်ဟစ်နေလေပြီး နီရဲလှတဲ့ သွေးရေကန်ထဲ နစ်မြုပ်မတတ်ဖြစ်ရတော့သည်။
ထိုရေကန်ရဲ့ အောက်ခြေတွင် စံအိမ်ကြီးတစ်ခုရှိကာ လက်ရှိမှာတော့ ကျယ်ပြောစွာ ပွင့်နေခဲ့သည်။ သင်္ကေတတွေအားလုံးက တဖျတ်ဖျတ်လက်နေလေ၏။
* ဒါက ရေကန်လား ဒါမှမဟုတ် ချော်ရည်လား .. ဒီအရာတွေနဲ့ဖွဲ့စည်းထားခဲ့သလားဆိုတာကို မသိနိုင်ပါချေ။ *
“ နတ်စံအိမ် .. ” အလန့်တကြားတစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး အထဲသို့ ပြေးဝင်သွားခဲ့သည်။
“ နတ်စံအိမ်က ရှေးခေတ်က လူတွေချန်ရစ်ခဲ့တဲ့အရာတွေပဲ .. အထဲမှာ နန်းတော်အခန်းတွေအများကြီးရှိလိမ့်မယ် .. ပြီးတော့ တာအိုကို ထိတွေ့ဆက်စပ်ဖို့နဲ့ ကျင့်ကြံဖို့အရမ်းကို သင့်တော်တဲ့နေရာပေါ့ .. ဒီမှာ ရက်အနည်းငယ်ကျင့်ကြံတာက အပြင်ဘက်နယ်မြေမှာ လပေါင်းများစွာ ကျင့့်ကြံတာနဲ့ညီမျှတယ် .. ”
တစ်စုံတစ်ယောက်က ထိုရေလှိုင်းတွေကြား ဟက်တက်ကွဲသွားခဲ့သည့် နေရာမှ စံအိမ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် အံ့အားတကြီးပြောလိုက်လေသည်။ ထိုဟာက မီးကလန်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်ကာ နန်းတော်အခန်းတွေကလည်း အခုလိုမျိုး ဘယ်နေရာမှာ မသိပဲ အချိန်တိုင်းအချိန်တိုင်းထွက်ပေါ်နေတတ်ပေသည်။ ပေါ်ထွက်လာတဲ့အချိန်တိုင်းမှာလည်း ကြီးမားလှတဲ့တိုက်ပွဲကြီးတွေ ဖြစ်ပျက်တတ်၏။
နတ်စံအိမ်တိုင်းစံအိမ်တိုင်းက အချိန်ပမာဏတစ်ခုအထိ ကျင့်ကြံဖို့အတွက်လုံလောက်ပေသည်။ သို့သော် ထိုအချိန်ပြည့်သွားတဲ့အခါမှာတော့ အလိုလိုပျောက်ကွယ်သွားကာ လျှပ်စီးပုံထဲနစ်မြုပ်သွားလျက် ရှိသည်။
သို့ရာတွင် ဒီနေရာကိုမြင်လိုက်ကတည်းက လူတိုင်းကို ရူးသွပ်သွားလောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိပေသည်။ ဒီရက်ပေါင်းများစွာစွမ်းအင်က အပြင်ဘက်တွင် ခါးသက်စွာ လပေါင်းများစွာကျင့်ကြံတာနဲ့ တူညီနေပေလေရာ ဘယ်သူကမှ ဒီလို အခွင့်အရေးကို မဆုံးရှုံးချင်ကြပေ။
တစ်စုံတစ်ယောက်သာ ကံကောင်းမယ်ဆိုပါက အချို့သော မမျှော်လင့်ထားတဲ့အရာတွေကို ပိုင်ဆိုင်ရမှာဖြစ်ပြီး ဒီနတ်စံအိမ်က သူ့တို့ဘဝကိုကြီးကြီးမားမားပြောင်းလဲပေးနိုင်လောက်ပေသည်။ ရှေးခေတ်ကတည်းက ဖန်တီးထားတဲ့အရာအားလုံးဖြစ်နေတာကြောင့် လျှို့ဝှက်ဆန်းကြယ်လွန်းကာ စွမ်းအားကြီးလှပေသည်။
လူသားတွေရဲ့ ပုံရိပ်က တဖျတ်ဖျတ်လက်နေခဲ့ကာ ဆယ်ယောက်ကျော်သော လူတို့က ချက်ချင်းပင်ပြေးလွှားပြီး အဖိုးတန်လက်နက်တွေကိုအသုံးပြုကာ အရပ်မျက်နှာတိုင်းက ဝင်ရောက်လာသည်။ တိုက်ပွဲက စတင်လေကာ သူတို့အားလုံးက ဒီနတ်စံအိမ်ကို လိုချင်တပ်မက်မှုတွေအပြည့်နဲ့ ကြည့်နေကြလေသည်။
ရှီဟောင်လည်း အမှန်ပင် လှုပ်ရှားလိုက်လေသည်။ သူဟာ ဒီလိုမျိုး ပြီးပြည့်စုံတဲ့နယ်မြေတစ်ခုကို လိုအပ်နေသည်ပဲ။