သုခကမ္ဘာက ရှီဟောင် - Chapter - 514 မီးနိုင်ငံ၊ ဘိုးဘွားပိုင်နယ်မြေ
လေထုအပူချိန်ကအလွန်အမင်း မြင့်မားနေခဲ့ကာ အပူအားလှိုင်းတွေကလည်းဖြာကျဆင်းနေခဲ့သည်။ ကြီးမားလှတဲ့ ကန္တရကျယ်ကြီးဟာ မီးလျှံတွေနဲ့ ပြည့်နှက်ကာ ပေါက်ကွဲထွက်တော့မလိုဖြစ်လာလေသည်။
ထိုဟာက ဖုန်းဆိုးမြေဖြစ်ပြီး ဘာမှ မရှိသည်တော့ မဟုတ်ပါချေ။ ဒီရက်တွေအတွင်းတွင် များပြားလှတဲ့ ပုံရိပ်တွေကို တွေ့ရှိကြရသည်။ ကျွမ်းကျင်ပညာရှင်တွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ အခြားနယ်မြေတွေက သတ္တဝါတွေကို အသီးသီး အမဲလိုက်နေကြသည်။
ကန္တရရဲ့ အဆုံးတစ်ဖက်တွင် ကြီးမားလှတဲ့ တောင်တန်းကြီးတစ်ခုရှိ၏။ အခြားတစ်ဖက်တွင်တော့ ရွှေရောင်သဲသောင်ပြင်တွေရှိသည်။ နယ်မြေတွေက အလွန်ရှုပ်ထွေးပြီး မူလအားဖြင့် ထိုသီးခြားခွဲထားသည့်နေရာတစ်ခုလို ဖြစ်နေလေသော်ငြား ယခုအချိန်တွင်တော့ လူပေါင်းများစွာရှိနေကြသည်။ ကိုယ့်ကိုယ်ကို တိုးတက်အောင် လေ့ကျင့်ခြင်းတို့ဖြင့် ပြည့်နှက်နေကြတော့သည်။
ရှီဟောင်က တိုက်ပွဲပြီးတာနဲ့ ချက်ချင်းပြန်ရောက်လာခဲ့သည်။ တိုက်ပွဲအဆုံးသတ်သွားပြီးနောက် သူသွေးတွေအန်ကာ ဆုတ်ခွာခဲ့ရသည်။ သူ့ရဲ့ ဝိဥာဉ်က ခန္ဓာကိုယ်ကို ပြန်ရောက်တဲ့အခါ သူ ချက်ချင်းမျက်လုံးတွေဖွင့်ကြည့်လိုက်သည်။ သူ့ရဲ့အမူအရာက ဖြူဖျော့နေ၏။ တိုက်ပွဲက အောင်နိုင်သည်လည်းမဟုတ်၊ ရှုံးနိမ့်သည်လည်းမဟုတ်သလို ဘယ်သူကမှ မသေခဲ့ကြပေ။
ကွက်လပ်နတ်ဘုရားနယ်မြေတွင် ဒဏ်ရာရရှိတာက တကယ့်ခန္ဓာကိုယ်ကိုပါ သက်ရောက်မှု ရှိသည်။
ရှီရီက ဘယ်လောက်စွမ်းအားကြီးလည်းဆိုတာကို သူဟာ လက်ရှိအချိန်တွင်တော့ နားလည်လိုက်ပြီဖြစ်သည်။ ထိုသူက အမှန် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သူ့ရဲ့ နတ်ဘုရားတစ်ပါး ပြန်လည်ဝင်စားလာခြင်းဂုဏ်ပုဒ်က ဟန်ပြသက်သက်တော့ မဟုတ်လောက်ပါချေ။
သူတို့ရဲ့ ကြီးမားလှတဲ့ တားမြစ်စွမ်းအင်တွေကို အသုံးပြုပြီး တိုက်ပွဲကို ဆက်တိုက်မယ်ဆိုပါကသေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်လောက်ပေသည်။ သို့ပေမယ့် တိုက်ပွဲက အမှန်ကို ကြောက်မက်ဖွယ်သွားလောက်၏။
ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာထက် တစ်ဖက်ကို အဆုံးသတ်နိုင်ဖို့အတွက် တစ်ဖက်က ကြီးမားလှတဲ့ တန်ဖိုးကို ပေးဆပ်ရမှာတော့ သေချာနေသည်။ နှစ်ဖက်လုံးက စွမ်းအားကြီးမားတဲ့ ပြိုင်ဘက်တွေဖြစ်နေသည်မဟုတ်လား။
အမှန်အတိုင်းဆိုရပါလျှင် ရှီဟောင့်အတွက် ပထမဆုံးအကြိမ် တကယ့်အစစ်အမှန်ရန်သူကို တွေ့ဆုံရခြင်းလည်းဖြစ်ပေသည်။
“နင် ဒဏ်ရာရလာတာလား .. ” မျက်လုံးပြူးပြူးနဲ့အလှလေးနဲ့ အခြားလူတွေက စိုးရိမ်တဲ့အမူအရာတွေနဲ့ မေးလာကြသည်။ သူတို့ရဲ့မျက်နှာတွင်တော အမူအရာတွေက ရှုပ်ထွေးနေပုံရသည်။ လူတိုင်းက ထိုတိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသည်ကြောင့် အမှန်တကယ် တုန်လှုပ်ခဲ့ကြရသည်။
ရှီဟောင့်ရဲ့ ကွက်လပ်နတ်ဘုရားနယ်မြေတွင် လုပ်ဆောင်နိုင်မှုတွေက တကယ်ကိုထူးခြားလွန်းတယ်ဆိုတာကို သူတို့သိပေမယ့်လည်း ယခုအချိန်မှာတော့ ရှီဟောင်ဆိုတာဟာ မျက်စိကျိန်းမတတ် တောက်ပနေခဲ့ပြီဖြစ်သည်။ သူဟာ မိုးကလန်လိုမျိုး ရှေးဟောင်းကလန်တွေကို တိုက်ခိုက်နိုင်ခဲ့သည်။
မိစ္ဆာဝိဥာဉ်ရေကန်နဲ့ သန့်စင်တဲ့ သွေးမျိုးဆက်သတ္တဝါတွေကိုတောင်မှ သတ်ဖြတ်နိုင်ခဲ့သည်။ သူလုပ်ခဲ့သမျှ အရာအားလုံးက ဒဏ္ဏာရီထဲတွင် ပုံပြင်အဖြစ်ကျန်ရစ်စေလောက်ပေသည်။
ဒီလူငယ်ဟာ ဘယ်နေရာကို သွားသွား ထိုနေရာတွင် ပြိုင်ဘက်ကင်းဖြစ်လောက်သည်အထိ စွမ်းအားကြီးမားသည်။ ထိုသူက အခြားသူတွေ လုံးဝမတားဆီးနိုင်တဲ့ လှံတစ်ချောင်းနဲ့တူလေသည်။
နတ်မျက်လုံးနှစ်သွယ်ဆိုတဲ့ ပုဂ္ဂိုလ်ကသာ ရှီဟောင်နဲ့အဆင့်တူတယ်လို့ ပြောလို့ရခြင်းဖြစ်သည်။
ထိုနတ်မျက်လုံးနှစ်သွယ်နဲ့ပုဂ္ဂိုလ်က လောကကိုတောင် တုန်လှုပ်နိုင်စွမ်းရှိတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားသည်။ ဒီနှစ်တွေအတောအတွင်းတွင် ကျောက်တုံးမြို့တော်က ဘယ်သူကမှ ထိုသူရဲ့ စွမ်းအင်ကို မသိကြသလို မီးကလန်က လူတွေတောင်မှ ထိုသူရဲ့စွမ်းအင်က အလွန်အမင်းကြီးမားနေတယ်ဆိုတာလောက်သာ သိထားပေသည်။
ထိုဟာက တကယ်ကို ကြီးမားတဲ့ ရန်သူကြီးဖြစ်သည်။ ရှေးဟောင်းမိသားစုတွေနဲ့ အထက်တန်းလွှာအရှင်သခင်တွေတောင်မှ မှတ်မှတ်ရရဖြစ်လောက်သည့် တိုက်ခိုက်ပွဲဖြစ်ခဲ့ပေသည်။
လက်ရှိအချိန်တွင် နတ်ဘုရားအရိုးကို ဆုံးရှုံးခဲ့ရတဲ့လူငယ်တစ်ယောက်ဟာ အလွန်အမင်းမျက်စိကျိန်းမတတ်တောက်ပနေဆဲဖြစ်သလို သူ့ရဲ့ကံကောင်းမှုတွေကို ခိုးယူသွားခဲ့တဲ့သူနဲ့ ယှဉ်နိုင်နေခဲ့သည်။ ဒီအဖြစ်မှန်က ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ…။
ဟောင်လင်းအာက ရှီဟောင့်ကိုဆေးတစ်လုံးလှမ်းပေးသည်။ မွှေးပျံ့တဲ့ ဆေးရနံ့က လေထဲမှာ ပျံ့နှံ့သွားခဲ့ပြီး သင်္ကေတအလင်းရောင်တွေလည်း တဖျတ်ဖျတ်လက်နေခဲ့သည်။
ရှီဟောင်က တုံ့ဆိုင်းမနေပဲ ချက်ချင်းပင် ဝါးမြို့သောက်လိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်က ကျိုးပဲ့နေတဲ့ အရိုးတွေဟာ နဂါးတစ်ကောင်ရဲ့ ဟိန်းသံကို မြည်ဟိန်းစေရုံမက ကျားရဲ့ ဟိန်းသံတွေကိုပါဖြစ်ပေါ်လာခဲ့သည်။
သိပ်မကြာခင်အချိန်မှာပင် သူ့ရဲ့မျက်နှာမှ အလင်းရောင် ပြန်ထွက်လာပြီဖြစ်၏။ တကယ့်တကယ်တမ်းတော့ ထိုကဲ့သို့သောဒဏ်ရာတွေက သူ့ကိုသက်ရောက်မှုရှိဖို့ ခက်ခဲပေသည်။ မည်သည့်ဆေးမှ မကူရင်တောင်မှ သူ့ရဲ့ ကိုယ်ပိုင်ကုသနိုင်စွမ်းအားကို မှီခိုရုံနဲ့ အချိန်တစ်ခဏအတွင်း ပြန်ကောင်းသွားမည်မှာဖြစ်သည်။
“ ရှီရီက တကယ်ကြောက်ဖို့ကောင်းတဲ့ကောင်ပဲ .. တစ်လကြာရင် နင် သူနဲ့ တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိရဲ့လား .. ” ဟောင်လင်းအာမေးလိုက်သည်။
“ သူက တကယ်အံ့သြဖို့ကောင်းပါတယ် .. ပြီးတော့ သူ့ရဲ့ နတ်မျက်လုံးနှစ်သွယ်ကို ဖွင့်လှစ်လိုက်ရင် ကောင်းကင်နဲ့မြေကြီးရဲ့အရာအားလုံးကို မြင်နိုင်စွမ်းရှိပုံရတယ် .. အဲ့ဒီစွမ်းအင်ကို ငါသေချာသိချင်သေးတယ် .. ” ရှီဟောင်က ပြောလိုက်သည်။
“နင် ဘာလုပ်ဖို့ အစီအစဉ်ချထားလဲ .. ” ဟောင်လင်းအာ မေးလိုက်ပြန်သည်။
“ကျင့်ကြံနေရမှာပေါ့ .. ” ရှီဟောင်ရဲ့ အမူအရာက အလွန်အမင်းကို လေးနက်တည်ငြိမ်နေခဲ့သည်။
ကျင့်ကြံခြင်းဆိုတာက ယခုအချိန်အထိ သူ့ရဲ့ စွမ်းအားကို အမြင့်ဆုံးတိုးတက်နိုင်တဲ့ နည်းလမ်းဖြစ်သည်။ သို့ရာတွင် ဒီတိုက်ပွဲမှ အတွေ့အကြုံရရှိပြီးသည့်နောက် သူနဲ့ ရှီရီနှစ်ယောက်လုံးက တစ်ယောက်စွမ်းရည်ကို တစ်ယောက်သိရှိသွားကြပြီဖြစ်သည်။ လက်ရှိတွင် သူတို့နှစ်ယောက်လုံးက သူတို့တက်နိုင်သမျှမြန်မြန် စွမ်းအားတိုးပွားလာအောင် လုပ်ဆောင်ရတော့မည်ဖြစ်သည်။
တကယ်တမ်းတော့ နှစ်ဖက်လုံးက ကြီးမားတဲ့ဖိအားကို ခံစားနေရခြင်းပဲ ဖြစ်သည်။
ရှီဟောင်က တစ်ဖက်သူရဲ့ အခြေအနေကိုနားလည်သည်။ တစ်ဖက်သူ ဆူထရာကို မန်းမှုတ်နိုင်စွမ်းနဲ့ စွမ်းရည်တွေ ထုတ်သုံးနိုင်သောကြောင့် ရှီရီဟာ စိတ်အာရုံထွင်းထုခြင်းအဆင့်တွင် အလွန်အမင်းအကန့်အသတ်ကိုတောင် ကျော်လွန်နိုင်နေခဲ့ပြီမှန်း ရှီဟောင်သိသည်။ ထို့အပြင် ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိဖို့ ရည်ရွယ်နေပုံ ရ၏။
ထိုဟာက သတင်းကောင်းတော့မဟုတ်ပေ။ သူ့ရဲ့ပြိုင်ဘက်က သူ့ထက် နှစ်ပေါင်းများစွာစောပြီးကျင့်ကြံခဲ့သည်။ သူက ယခုအချိန်မှာ တစ်ဖက်သူထက် အဆင့်နိမ့်နေခဲ့သည်။ တစ်ဖက်သူက သူ့ထက် ခြေတစ်လှမ်းသာနေခဲ့ပြီဖြစ်သည်။ သူက ပြီးပြည့်စုံတဲ့အဆင့်ကို အရင်ရောက်ဖို့ အသားကုန်ကြိုးစားရတော့မှာပဲဖြစ်သည်။ သူ့ရဲ့ ဝိဥာဉ်စွမ်းအင်တွေက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိပြီးသားဖြစ်သည်။ မည်သည့်အားနည်းချက်မှမရှိအောင် သူ ထပ်မံမွန်းမံဖို့သာ လိုအပ်တော့သည်။ ထိုအချိန်တွင်တော့ သူ ပိုပြီးယုံကြည်ချက် ရှိလာနိုင်လောက်၏။
အပြင်ဘက်လောကတွင်တော့ တကယ်ကို အုတ်အော်သောင်းနင်းဖြစ်နေခဲ့သည်။
ကျောက်တုံးနိုင်ငံတွင်ဖြစ်ဖြစ်၊ မီးနိုင်ငံတွင်ဖြစ်ဖြစ် အားလုံးက ထိုသတင်းကြောင့် အံ့သြနေကြသည်။ ပျက်သုဉ်းခြင်းနယ်မြေရဲ့ ရှေးဟောင်းတိုင်းပြည်တွေတောင်မှ ကွက်လပ်နတ်ဘုရားနယ်မြေက ထိုကိစ္စကို သိနေကြပြီး ဆွေးနွေးငြင်းခုန်မှုတွေဖြစ်ပျက်နေကြသည်။
ရှေးဟောင်းနတ်တောင်ကလည်း တည်ငြိမ်ဖို့ ခက်ခဲနေတော့သည်။ သန့်စင်တဲ့သွေးမျိုးဆက်သတ္တဝါတွေအားလုံးကလည်း ဒီအစွမ်းထက်ဆုံးလူငယ်နှစ်ယောက်ကြားက တိုက်ပွဲကို ဆွေးနွေးနေကြတော့သည်။
ထိုနှစ်ယောက်လုံးက မျိုးစိတ်တိုင်းကို အထင်တသေးကြည့်ရှု့နိုင်လောက်သည်အထိ စွမ်းအားကြီးမားနေပြီဖြစ်၏။သူတို့ကြားက တိုက်ပွဲက တကယ်ကို အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်တို့ရဲ့ တိုက်ပွဲလို့တောင် ခေါ်ဆိုရမလိုဖြစ်နေခဲ့ပြီမဟုတ်လား။
ဘယ်ဘက်ကပဲကြည့်ကြည့် နှစ်ဖက်လုံးက အခြားတစ်ဖက်ကို ဖိအားပေးနိုင်စွမ်းရှိသည်။ ရှေးဟောင်းနတ်တောင်နဲ့ အခြားအထွတ်အမြတ်နယ်မြေတွေတောင်မှ ဖိအားကို ခံစားကြရသည်။ ထိုနှစ်ယောက်ကြားက ဘယ်လိုအောင်မြင်မှုကို ဆောင်ကြဉ်းနိုင်မလဲဆိုတာကတော့ ခန့်မှန်းရခက်ပေသည်။ နယ်မြေတိုင်းနယ်မြေတိုင်းက သက်ရောက်မှုရှိကြကာ အချိန်ကြာသည်အထိ မငြိမ်းချမ်းနိုင်ကြတော့ချေ။ ကလန်တိုင်းကလန်တိုင်းက ထိုအကြောင်းအရာကို ဆွေးနွေးနေကြပြီး ထိုကိစ္စက ကြီးကြီးမားမားသက်ရောက်မှုရှိကြောင်း သိသာနေပါ၏။
အပြင်ဘက်နယ်မြေက ကျွမ်းကျင်ပညာရှင်တွေတောင်မှ အနည်းငယ်တော့ စိတ်မသက်မသာဖြစ်ကြရသည်။ နတ်နန်းကလန်နဲ့ ကောင်းကင်ခစားကလန်တို့လည်း အလားတူပင်ဖြစ်သည်။ သူတို့က ပျက်သုဉ်းခြင်းနယ်မြေကို ဝင်ရောက်လာခဲ့ကြပြီး ဒီအဖြစ်အပျက်ကို တကယ်ကို အာရုံစိုက်ထားကြသည်။
နတ်နန်းကလန်က ပိုပြီးအာရုံစိုက်ထားနေခဲ့သည်။ ထိုထဲက ကျွမ်းကျင်ပညာရှင်တွေက ရှီရီပဲဖြစ်ဖြစ်၊ ရှီဟောင်ပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုတော့ ဆွဲဆောင်ဖို့ ကြိုးစားရမည်ဖြစ်သည်။ သူတို့ယုံကြည်ထားတာကတော့ ဒီနှစ်ယောက်လုံးက သူတို့ရဲ့ကလန်ကို အာဏာပိုကြီးအောင် လုပ်နိုင်စွမ်းရှိတယ်လို့ တွေးထင်နေကြသည်။
ရလဒ်အနေနဲ့ သူတို့က ထိုနှစ်ယောက်လုံးနဲ့ ပူးပေါင်းချင်နေကြပေသည်။
နတ်နန်းကလန်၊ ကောင်းကင်ခစားကလန်နဲ့ ၊ အနောက်ပိုင်းကောင်းကင်ဘုံကလန်တို့ဟာ အခြားကလန်တွေကို ဖိနှိမ့်နိုင်လောက်အောင် စွမ်းအားကြီးမားလှတဲ့ ကလန်ကြီးတွေဖြစ်ကြသည်။ ထိုကဲ့သို့သော ကလန်တွေတောင်မှ ဒီကိစ္စကို အာရုံစိုက်နေကြပြီး အချိန်မရွေး လှုပ်ရှားဖို့ အသင့်ပြင်ထားကြလေသည်။
သို့ရာတွင် သူတို့က ချက်ချင်းမလှုပ်ရှားကြသေးပေ။ တကယ့်တကယ်တမ်း အခြေအနေကို နားလည်သဘောပေါက်အောင် လုပ်ဆောင်ပြီး အနိုင်ရမယ့်သူကို လောင်းကြေးထပ်ဖို့ ကြိုးစားကြရအုံးမှာဖြစ်သည်။
အပြင်ဘက်နယ်မြေတွင်တော့ အခြေအနေက အနားမရနိုင်ပဲ ရှိနေသည်။ တိုင်းပြည် တော်တော်များများ ရှုပ်ထွေးနေကြပေ၏။ ထိုချိန်တွင် အစွမ်းထက်ဆုံး ကျွမ်းကျင်ပညာရှင်နှစ်ယောက် ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေကြပြီး ဘယ်သူမှ စိတ်မတည်ငြိမ်ကြတော့ပေ။ ထိုအဖြစ်အပျက်ပြီးသည့်နောက် ထိုနှစ်ယောက်က သူတို့မရှိခဲ့သလိုမျိုး လောကက ပျောက်ကွယ်သွားပေ၏။
ရှီရီက သိုင်းအင်ပါယာစံအိမ်မှ ပျောက်ကွယ်သွားခဲ့သည်။ သူက တောင်တွေ၊ မြစ်တွေတစ်လျှောက် လမ်းလျှောက်သွားခဲ့ပြီး ကြီးမားလှတဲ့ ရေတံခွန်းကြီးတွေဆီသို့ ဆက်သွားခဲ့လေသည်။ ထို့နောက် မိုးကုတ်စက်ဝိုင်းက အနီးကပ်ဆုံးတည်ရှိနေသလိုမျိုး ခံစားရတဲ့အချိန်အထိ နေမင်းနဲ့ ကပ်လျက်အနေအထားထိ လျှောက်သွားခဲ့ပြီး စိတ်အေးသက်သာစွာဖြင့် အနားယူနေခဲ့သည်။
ထိုဟာကလည်း ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ သူက တစ်ယောက်တည်းဖြစ်ရာ သူ့ရဲ့အတွေးတွေနဲ့ ဉာဏ်အလင်းပွင့်မှုတွေအားလုံးထဲမှာ နစ်မြုပ်နေတော့လေသည်။
သူက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်တွင် တိကျသေချာတဲ့အဆင့်တစ်ခုအထိ ရောက်ရှိခဲ့ပြီးဖြစ်၏။ လက်ရှိတွင် သူက သူ့ရဲ့ စိတ်ကိုသာ ထက်ရှအောင် လုပ်ဖို့လိုအပ်တော့သည်။ သူက အချိန်တိုင်းအချိန်တိုင်း ကျင့်ကြံဖို့ကိုသာ စိတ်ထဲရှိခဲ့လေပေမယ့် အချိန်တိုင်းကျင့်ကြံနေတာက တိုးတက်ဖို့အတွက်အကောင်းဆုံးနည်းလမ်းမဟုတ်ဘူးဆိုတာကို သူသိသည်။ စိတ်ကိုကျင့်ကြံတာက ပိုပြီး အကျိုးဖြစ်ထွန်းစေ၏။
တာအိုနဲ့ကောင်းကင်ရဲ့ဥပဒေသတွေကို ထိတွေ့ဆုပ်ကိုင်နိုင်ဖို့ဆိုရင် အရာအားလုံးက ပိုပိုပြီးရှုပ်ထွေးစွာနဲ့ ကျင့်ကြံရတော့မှာဖြစ်သည်။ တာအ်ိုကို သေဆုံးခြင်းနယ်မြေတစ်လျှောက် ခရီးလှည့်လည်သွားလာရင်းနဲ့ နားလည်သဘောပေါက်ဖို့ ကြိုးစားတာက ပိုကောင်းတဲ့ ရလဒ်ထွက်လာနိုင်ပေသည်။
ရှီရီက ထိုသို့ ခရီးထွက်နေစဉ်တွင် မီးနိုင်ငံရဲ့ ဘိုးဘွားပိုင်မြေတွင်တော့ ဟောင်လင်းအာရဲ့ အစေခံအိုကြီးတွေက မေးခွန်းတစ်ခုကို ယူဆောင်လာခဲ့သည်။ ရှီရီရဲ့ လက်ရှိအခြေအနေကို လေ့လာဆန်းစစ်ပြီးသည့်နောက် သူက အံ့အားသင့်ဖွယ်ကောင်းတဲ့ အခြေအနေမျိုးလုပ်ဆောင်နေတယ်ဆိုတာကို သိလိုက်ရတော့သည်။
“သူက ဒီလိုအဆင့်တောင်ရောက်နေပြီလား .. ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်လဲ .. နူးညံ့ညင်သာတဲ့ နှလုံးသားနဲ့ ပြတ်သားတဲ့ စိတ်ဓါတ်ရှိတယ် .. သူ့ရဲ့ အတွေ့အကြုံတွေကိုပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ တကယ်ကြောက်ဖို့ကောင်းသွားပြီ .. ”
ထိုအစေခံအိုကြီးက အံ့အားသင့်ဖွယ်ကောင်းလွန်းတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ သို့သော် ဟောင်လင်းအာရဲ့အစေခံဖြစ်ဖို့ ဆန္ဒရှိခဲ့၏။ သူက ဆက်ပြောသည်။
“ဆူထရာကို ဆင့်ခေါ်မန်းမှုတ်နိုင်တာနဲ့ တာအိုကို သဘောပေါက်ဖို့ တစ်ယောက်တည်း လမ်းလျှောက်ထွက်တာက တကယ်ကို အံ့အားသင့်ဖို့ကောင်းလွန်းနေပြီ .. မင်းသမီး .. မစိုးရိမ်ဘူးလား .. ဒါကိုမြင်တော့ မင်းသမီးပုံမှန်အတိုင်း ကျင့်ကြံချင်သေးလား .. ”
ထိုအစေခံအိုပြောနေတာကို ကြားပြီး ရှီဟောင်က ရယ်လိုက်သည်။ သူ့ရဲ့ အသံက ညင်သာ၏။
“ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး ကျင့်ကြံတာက ကျင့်ကြံတာပဲလေ .. လောကမှာ လျှောက်သွားပြီးမှ တာအိုကို နားလည်ဆင်ခြင်နိုင်တဲ့ ဉာဏ်အလင်းပွင့်မှုကို ရဖို့ မဆိုလိုဘူး .. တစ်ယောက်နဲ့တစ်ယောက်က ဘယ်လိုနည်းနဲ့မှ မတူနိုင်ဘူးလေ .. လူတိုင်းမှာ ကိုယ်ပိုင်ပန်းတိုင်တွေရှိကြတာပဲ .. ထူးခြားတယ်လို့ထင်ရတဲ့အကြောင်းက သူလျှောက်တဲ့လမ်းက အရမ်းတောက်ပနေလို့ပဲ .. ဒါပေမယ့် သူ ဒီလိုလျှောက်တိုင်း ကျွန်တော်ကတော့ လိုက်လုပ်ဖို့လိုတယ်လို့ မထင်ဘူး .. ”
အစေခံအိုကြီးက မှင်သက်သွားသည်။ ဒီလူငယ်ရဲ့ မပြောင်းလဲပဲနဲ့ နားလည်သဘောပေါက်အောင် ရှင်းပြနိုင်မှုက တကယ်ကို များလွန်းသည်။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ယုံကြည်ရာကို ရှင်းလင်းစွာ နားလည်သဘောပေါက်ထားတာက ပိုကောင်းလေသည်။ ဒီကလေးက အလျင်လည်း မလိုသလို ပျင်းရိလေးတွဲတာလည်း မရှိပေ။ သူ့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ နည်းလမ်းအတိုင်းလျှောက်လှမ်းခြင်းဖြစ်ပေသည်။
“ ကောင်းတယ် .. ဆူထရာကို ဆင့်ခေါ်နိုင်တာနဲ့ စာလိပ်တွေကို ထုတ်သုံးနိုင်တာ .. ဒါတွေက နင့်ကို ဖိအားပေးနိုင်တဲ့အကြောင်းအရာတွေပဲ .. ” ဟောင်လင်းအာပြောလိုက်သည်။
ရှီဟောင် ဘာမှ မပြောပေ။ ဒီလိုကိစ္စတွေကို စကားနဲ့ထောက်ပြလို့ကလည်း အဆင်မပြေနိုင်ချေ။ နောက်ပြီး ရှီရီက သူ့ကို အမှန်တကယ်ဖိအားပေးနိုင်သည် မဟုတ်လား။ ထို့ကြောင့် သူအကောင်းဆုံးကြိုးစားတာက ရလဒ်ကောင်းထွက်မယ်လို့ သူမျှော်လင့်သည်။
ထိုရက်တွေတွင် ရှီဟောင်က သူ့စကားအတိုင်းနေသည်။ သူက အလျင်လည်းမလိုသလို စိုးရိမ်တာမျိုးလည်း မလုပ်ပေ။ အဲ့ဒီအစားသူ့ရဲ့ ကိုယ်ပိုင်စည်းချက်အတိုင်းသာ အေးအေးဆေးဆေးကျင့််ကြံသည်။
မျက်လုံးကြီးကြီးကောင်မလေးနဲ့ အခြားသူတွေကတော့ ရှီဟောင်ကို လမ်းကြောင်းရှာဖို့အတွက် ကူညီချင်နေကြသည်။ သူတို့အားလုံးက နေရာတစ်ခု ရှာပေးသည်။ ထိုနေရာကတော့ မီးတောက်ချော်ရည်ကြီးရှိတဲ့ ရေကန်ကြီးတစ်ခုဖြစ်သည်။ စွမ်းအားကြီးမားလှတဲ့ သားရဲတွေလည်း ထိုနေရာတွင် ရှိသလို သူ့ကို လေ့ကျင့်ဖို့အတွက် ပိုမိုအဆင်ပြေစေနိုင်သည်။
သူက လက်ရှိတွင် လိုအပ်တာကတော့ အဆင့်ချိုးဖျက်တက်ရောက်ဖို့အတွက် နတ်စွမ်းအင်တွေသာဖြစ်သည်။
ထိုရက်တွေတွင် ရှီဟောင်က ယန်ငါးရာကျော်ကို ထပ်ဖမ်းမိခဲ့သည်။ သူတို့ရဲ့ရွှေရောင်သန်းတဲ့စွမ်းရည်တွေကို သန့်စင်ပြီးသည့်နောက် စွမ်းရည်တွေကို ကောင်းကင်ပြောင်းလဲခြင်းအိုးထဲထည့်ကာ သန့်စင်သည်။ ထို့နောက် သူက ခေါင်းမော့ပြီး တစ်လုပ်ထဲသောက်ပစ်လိုက်ရာ တာအိုကို နားလည်သဘောပေါက်ဖို့ ဆက်လက်ကြိုးစားသည်။
သူက တစ်လပြည့်ရင် တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ရမယ်ဆိုတာတောင် မေ့လုနီးပါးဖြစ်နေခဲ့လေပြီ။ သူက အရမ်းလေ့ကျင့်တာမျိုးလည်း မလုပ်သလို အတွေးများတာမျိုးလည်းမဖြစ်ပဲ သူ့ရဲ့ ပုံမှန်လမ်းကြောင်းအတိုင်းသာ ခွန်အားကို တိုးမြှင့်နေခဲ့၏။
“ ကောင်းကင်တိုက်ပွဲနယ်မြေက ဝိဥာဉ်ဆင့်ကဲပြောင်းလဲခြင်းနယ်ရဲ့ ကောင်းကင်ပေါ်မှာဖြစ်လိမ့်မယ် .. နင် သူ့ကို ဘယ်လိုရင်ဆိုင်မယ်ဆိုတာကို အရင်ဆုံးတွေးထားသင့်တယ်လို့ ငါထင်တယ် .. ” ဟောင်လင်းအာက မနေနိုင်ပဲ သတိပေးရသေးသည်။
“ နယ်မြေတွေ အားလုံးက ချိတ်ဆက်နေတာပဲ .. စိတ်အာရုံထွင်းထုခြင်းနယ်မြေရဲ့ စိတ်အာရုံထွင်းထုခြင်းသဘောပေါက်မှုတွေကလည်း အခြားနယ်မြေတွေနဲ့ ဆင်တူမှာပဲလေ .. ” ရှီဟောင်က ဖြေလိုက်သည်။
လွန်ခဲ့တဲ့ရက်တွေတွင် သူ့ရဲ့တိုးတက်မှုတွေက အလွန်အမင်းကို မြန်ဆန်ခဲ့သည်။ စိတ်အာရုံထွင်းထုခြင်းအဆင့်ကို အလယ်အလတ်အဆင့်ကို ရောက်ရှိခဲ့သည်မှာလည်း ကြာမြှင့်နေခဲ့ပြီဖြစ်သည်။ သူ့ရဲ့ နားလည်သဘောပေါက်မှုတွေကလည်း နက်ရှိုင်းလာခဲ့ပြီး သူ့ကို မတူကွဲပြားတဲ့အတွေ့အကြုံတွေရရှိစေတော့သည်။
ရှီဟောင်က ထပ်မံပြီး တံခါးပိတ်ကျင့်ကြံပြန်သည်။ သူက မျက်လုံးတွေ မှိတ်ထားပြီး သူ့ရဲ့အသား၊ အရိုးတွေကို စတင်ပြီး ပုံသဏ္ဍာန်တွေ ထွင်းထုတော့သည်။ သို့ရာတွင် သူ အတိတ်တွင်လုပ်ခဲ့တဲ့နည်းလမ်းဟောင်းကို အသုံးမပြုတော့ချေ။ ဒီတစ်ကြိမ်တွင်တော့ သူ့ရဲ့အမူအရာက မယုံနိုင်စရာကောင်းလောက်အောင် လေးနက်တည်ကြည်နေခဲ့ပြီး အာရုံစိုက်ထားနေခဲ့သည်။
သူ့ရဲ့ ခန္ဓာကိုယ်အတွင်းတွင် နတ်အလင်းတွေက ရေလိုမျိုး စတင်စီးဆင်းလာခဲ့သည်။ ထိုတစ်ခဏတွင် သူတို့က ကောင်းကင်ဓါးသွားတွေအလား ဖြစ်တည်လာခဲ့သည်။ ထိုနောက် နတ်မီးပြင်းဖိုတွေအဖြစ် ပြောင်းသွားပြန်သည်။ ထို့နောက် ဒယ်စောက်အိုးတွေအဖြစ် ပြောင်းပြန်၏။ ထိုသို့ဖြင့် နတ်အလင်းတွေ တောက်ပနေပြေီး မဆုံးနိုင်တဲ့ပြောင်းလဲမှုတွေကို ထုတ်ဖော်နေလေတော့သည်။
ထိုပြောင်းလဲမှုတိုင်း ပြောင်းလဲမှုတိုင်းမှာ မတူကွဲပြားတဲ့ နတ်စွမ်းအင်တွေကို မွေးဖွားပေးနေခဲ့သည်။ ထို့နောက် သူက ခွန်ပန်ရဲ့အဖိုးတန်သိုင်းကို အသုံးပြုကာ မဆုံးနိုင်တဲ့ ခွန်ပန်ရဲ့ပြောင်းလဲခြင်းတွေကို လုပ်ဆောင်တော့သည်။ ထိုသို့ဖြင့် မယုံနိုင်စရာကောင်းလောက်အောင် သူ့ရဲ့ တိုးတက်မှုတွေက မြင့်တက်လာလေတော့သည်။
ထိုကဲ့သို့သော စွမ်းအားတွေက သူ့ရဲ့ အခြေခံခန္ဓာကိုယ်ကိုတောင်မှ ကြီးကြီးမားမားပြောင်းလဲမှုတွေ ဖြစ်စေခဲ့သည်။ ပေါက်ကွဲမတတ်ပြည့်နှက်လာခဲ့တဲ့ စွမ်းအင်တွေအားလုံး ထွက်ပေါ်လာတဲ့အခါ နေနဲ့လက တောက်ပမှုတွေကို ဆုံးရှုံးသွားသလို တစ္ဆေ၊သရဲတွေရဲ့ ငိုကြွေးသံတွေနဲ့ နတ်ဘုရားတို့ရဲ့ ဟိန်းဟောက်သံတွေက ပဲ့တင်ထပ်နေသည်။
ရှီဟောင့်ရဲ့ တတ်စွမ်းအားသမျှ အကုန်ထုတ်ဖော်ပြီး တိုက်ခိုက်မယ်ဆိုပါက သူ့ရဲ့စွမ်းအားက မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားသွားတော့မှာဖြစ်ပေသည်။ ခွန်ပန်ရဲ့ အဖိုးတန်သိုင်းက သင်္ကေတတွေကို ဖွဲ့စည်းနေတဲ့အချိန်တွင် ကြယ်မြစ်လိုမျိုး မဆုံးနိုင်တဲ့ ပြောင်းလဲမှုတွေကိုဖြစ်ပေါ်နေစေလေတော့သည်။
သင်္ကေတတစ်ခုချင်းစီမှာတင် စွမ်းအားပေါင်းများစွာ၊ နက်နဲမှုများစွာ ပါဝင်နေလေသည်။ ရလဒ်အနေနဲ့ မဆုံးနိုင်တဲ့ ပြောင်းလဲမှုတွေက ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်နေတော့သည်။ ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။
* ဒီလမ်းက အရမ်းခက်ခဲတာပဲ …။ *
သူက ကြမ်းတမ်းခက်ခဲတဲ့လမ်းကို သွားနိုင်ခဲ့ရာ ရိုးရှင်းပြီး ရိုင်းစိုင်းတဲ့ ခွန်ပန်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်ထွင်းထုနေခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် မိုးကုတ်စက်ဝိုင်းအတွင်းတွင် ပုံရိပ်တစ်ခုက ထွက်လာခဲ့သည်။ ထိုအရာက ခြေသံတွေအလား နီးကပ်သထက်နီးကပ်လာသည်။ လောကကြီးတစ်ခုလုံးက ထိုသူရဲ့ တည်ရှိမှုကြောင့် တုန်ယင်သွားခဲ့ရသည်။ လူတိုင်းလူတိုင်းက အကာအကွယ်နယ်မြေလုပ်ဆောင်လိုက်ကြရပြီး ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ခံစားချက်ကို ကာကွယ်လိုက်ကြရသည်။
* ဒီလောက်စွမ်းအားကြီးတဲ့လူက ဘယ်လိုဖြစ်ပြီး ဘိုးဘွားပိုင်နယ်မြေမှာပေါ်လာရတာလဲ …။ *
ရှီဟောင် မျက်လုံးပြူးကာ တွေးတောနေလိုက်သည်။
“ ဖခမည်းတော်အင်ပါယာ .. ” မိုးကုတ်စက်ဝိုင်းအတွင်းက တစ်စုံတစ်ယောက်ကို ကြည့်လိုက်ပြီး ဟောင်လင်းအာက ပျော်ရွှင်စွာနဲ့ပြေးဖြတ်ထွက်သွားလို့ ရေရွတ်လိုက်သည်။